ဒို့လှေ
Open in Telegram
Doh Hlay is a digital movement that inspires conversation about rights and justice in Myanmar through critical thinking and creative forms of expression.
Show moreMyanmar26 473The category is not specified
1 128
Subscribers
-124 hours
-117 days
-2830 days
Posts Archive
1 128
နေ့စဉ်လူမှုဘဝထဲမှာ LGBT+ အသိုက်အဝန်းရဲ့ အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်မှုကို ပံ့ပိုးကူညီပေးနေကြသူတွေအမြောက်အများရှိကြပါတယ်။ ကိုယ်နဲ့တိုက်ရိုက် သက်ဆိုင်တဲ့အခွင့်အရေးမဟုတ်လည်း လူသားအားလုံးရဲ့ အခွင့်အရေးကို ယုံကြည်ပြီး ကြိုးစားပေးတာဟာ တကယ့်ကိုလူသားဆန်တဲ့ အပြုမူပါ။
ချစ်ခြင်းတရား နဲ့ တန်းတူညီမျှမှုအတွက် ရပ်တည်ပေးနေတဲ့ကိုယ့်ဘဝထဲက စံပြပုဂ္ဂိုလ် (သို့မဟုတ်) ဖေးမကူညီပေးသူက ဘယ်သူလဲ။
အဲ့လူက ဘယ်လိုကူညီပေးခဲ့တာလဲ။
အဲ့လူအကြောင်းကို ပြောပြပေးပါဦး။
1 128
ဂျန်ဒါဟာ ဖြာတန်းတဲ့ရောင်စဉ်ထဲက အရောင်တွေလို ရေတွက်လို့ မရနိုင်အောင်များပြားတယ်လို့ဆိုကြပါတယ်။ 🌈 ကိုယ်ဟာ ဘယ်လိင်စိတ်တိမ်းညွတ်သူဖြစ်စေ အရေးကြီးတာက ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုကြောင့် အခြားဘယ်သူကိုမှ နိုင်လိုစီးနင်း မလုပ်မိဖို့နဲ့ ကိုယ်နဲ့ လိင်စိတ်တိမ်းညွှတ်မှုမတူတဲ့လူတွေကို ခွဲခြားနှိမ့်ချတာတွေ မလုပ်မိဖို့ပါပဲ။ ❤️
ကိုယ်ရဲ့ဂျန်ဒါဟာ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ကိစ္စဖြစ်သလို တစ်ဦးချင်းစီရဲ့ လူ့အခွင့်ရေးတစ်ရပ်လည်းဖြစ်ပါတယ်။
အပေါ်မှာ ပထမဆုံးပြောခဲ့တဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ ဖြာတန်းတဲ့ရောင်စဉ်ထဲက အရောင်တွေလိုပဲဆိုတာကို ဘယ်လိုထင်မြင်မိလဲ ဆွေးနွေးပေးပါဦး။
1 128
စကားလေးတစ်ခွန်း၊ စော်ကားတဲ့ အမည်နာမလေးတစ်ခုကလည်း နာကျင်ရစေသလို၊ စကားလေးတစ်ခွန်းကြောင့် ခွန်အားတွေလည်း အများကြီးရစေတာလည်း ဒုနဲ့ဒေးပါပဲ။
LGBT+ တစ်ယောက်အနေနဲ့ အခြားလူတစ်ယောက်ရဲ့ အပြုအမူအပြောအဆိုတစ်ခုကြောင့်ကိုယ့်ရင်ထဲနွေးထွေးခဲ့ရတာ၊ ဒီအသိုင်းအဝိုင်းမှာ ကြိုဆိုခံရတယ်၊ ကိုယ်က အရေးပါတဲ့ လူ တစ်ယောက်လို့ ခံစားမိစေခဲ့ရတဲ့ အဖြစ်ပျက်လေးတွေများရှိရင် comment မှာပြောပြပေးခဲ့ပါဦး။
1 128
တီဗီဖန်သားပြင်ပေါ်တွေ နဲ့ သတင်းစာတွေမှာပါတဲ့ စင်မြင့်ပေါ်ကလူတွေရဲ့ မိန့်ခွန်းစကားတွေကို တွေ့မြင်နားထောင်ဖူးကြမှာပါ။ လှပတဲ့ခန်းမကြီးအထဲ၊ ကြီးကျယ်တဲ့ စင်မြင့်ပေါ်က သူတို့ရဲ့ စကားတွေဟာ အရေးကြီးသလိုပဲ သင့်ရဲ့ ကိုယ်ပိုင်စကားသံဟာလည်း အရေးပါတယ်ဆိုတာရော ယုံကြည်ပါသလား။ LGBT+ တစ်ယောက်အနေနဲ့ မတရားဖိနှိပ်ခံရတာတွေရှိရင် ဖော်ထုတ်ပြောပြတာဟာ အရေးပါတဲ့စကားသံတစ်ခုပါ။ ကိုယ်တိုင်ဖိနှိပ်ခြင်းမခံရရင်တောင် ဖိနှိပ်ခံရတာတွေကိုသိရင်လည်း ပြောပြဖို့ ထပ်တူအရေးကြီးပါတယ်။ ဝမ်းနည်းစရာ အဖြစ်အပျက်ဖြစ်ဖြစ်၊ အားတက်စရာ အဖြစ်အပျက်ဖြစ်ဖြစ် တစ်ဦးချင်းစီရဲ့ အဖြစ်အပျက်၊ စကားသံတွေကို နားထောင်ပေးကြပါစို့။ ကိုယ့်ရဲ့စကားသံနဲ့ အားလုံးကို ပြောပြချင်တာတွေကို comment မှာ ဝေမျှပေးခဲ့ပါဦး။
1 128
ကာယခွန်အားသုံးရတဲ့ လုပ်ငန်းတွေမှာ အကူစက်ပစ္စည်းတွေသုံးခြင်းက အလုပ်သမားတွေကို ပင်ပန်းမှုသက်သာစေသလို ဘေးအန္တရာယ်ကလည်း ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ စက်ကိရိယာတွေကို စနစ်တကျသုံးတတ်ဖို့ လေ့ကျင့်ပေးရန်လိုအပ်သလို၊ ဦးထုပ်ဆောင်းတာနဲ့ ဘေးအကာတပ်တာတို့လို အခြေခံကာကွယ်မှုတွေဟာ အလုပ်သမားတိုင်းရရှိရမယ့် အခွင့်အရေးဖြစ်ပါတယ်။
မိမိတို့ရဲ့ လုပ်ငန်းခွင်မှာရော ဘယ်လိုအန္တရာယ်မျိုးတွေ အများဆုံး ကြုံတွေ့နေရသလဲ၊ ဘယ်လိုအကာအကွယ်တွေ ထပ်မံလိုအပ်နေလဲဆိုတာကိုလည်း အားလုံးသိရှိနိုင်အောင် ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦး။
1 128
အများဆိုင်နေရာတွေ၊ အများဆိုင်ပစ္စည်းတွေကို အားလုံးတကယ် တန်းတူမျှတ သုံးစွဲနိုင်နေရဲ့လားပြန်တွေးကြည့်ကြရအောင်။
1 128
မိခင်တိုင်းပြည်ကို စွန့်ခွာပြီး တစ်ရပ်တစ်ကျေးမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြရတဲ့အခါ အလုပ်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေအပြင် တခြားသော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုပါ ဒွန်တွဲခံစားကြရပါတယ်။ ဘာသာစကား အခက်အခဲနဲ့ အစားအသောက် အသားမကျမှုစတဲ့ နိစ္စဓူဝ ပြဿနာလေးတွေကနေစလို့ ပိုမိုပြင်းထန်တဲ့ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရမှုတွေ၊ လူကုန်ကူးခံရမှုတွေအထိ ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ အကြီးဆုံးစိန်ခေါ်မှုက ဘာဖြစ်မလဲ? မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံပဲဖြစ်ဖြစ်၊ မိမိရဲ့ ထင်မြင်ယူဆချက်ကိုပဲဖြစ်ဖြစ် အားလုံးသိအောင် ကော်မန့်မှာ မျှဝေပေးခဲ့ပါဦး
1 128
လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်ကြပြီဆိုရင် လူတစ်ယောက်ရဲ့ ဂျန်ဒါဟာ သူဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ စံနှုန်းမဟုတ်ပါဘူး။ဘယ်သူ ပဲ ဖြစ်ဖြစ် မိမိရဲ့ အရည်အချင်း၊ လုပ်အားနဲ့ထိုက်တန်တဲ့ မျှတတဲ့ လုပ်အားခနဲ့ လုံခြုံအေးချမ်းတဲ့ လုပ်ငန်းခွင်ကို ရပိုင်ခွင့် ရှိပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်တွေမှာ ဂျန်ဒါအခြေပြု ဘက်လိုက်မှုတွေကင်းစင်ပြီး အပြန်အလှန်လေးစားမှုရှိတဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုထက် သူပေးနိုင်တဲ့ အရည်အသွေးနဲ့ အစွမ်းအစ ကိုပဲ အဓိကထား အသိအမှတ်ပြုတဲ့အခါမှာ ပိုမိုအောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ။
တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ တခြားဘယ်လိုအချက်တွေ လိုအပ်မယ်လို့ သင်ရော ထင်ပါသလဲ? ကော်မန့်မှာ မျှဝေပေးခဲ့ပါဦး။
1 128
တစ်ခါတစ်ရံမှာ လုပ်ငန်းရဲ့ သဘောသဘာဝအရ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ သွားရောက်လုပ်ကိုင်ကြရတာမျိုး ရှိတတ်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ အလုပ်လုပ်ကြရတဲ့အခါ အလုပ်သမားတွေအနေနဲ့ လုပ်အားအလွဲသုံးစားလုပ်ခံရတာ၊ အမြတ်စွန်းအတွက် ခေါင်းပုံဖြတ်ခံရတာတွေအပြင် လူမှုရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိတာမျိုးတွေ ကြုံတွေ့လာရလေ့ရှိပါတယ်။ တကယ်တော့ အလုပ်သမားတိုင်းဟာ ဘယ်လိုနေရာဒေသမှာပဲ အလုပ်လုပ်ရသည်ဖြစ်စေ ဒေသကွဲပြားမှုကြောင့် ခွဲခြားဆက်ဆံခံရတာမျိုး ဒါမှမဟုတ် အခွင့်အရေးတွေ ဆုံးရှုံးသွားတာမျိုး မဖြစ်သင့်ပါဘူး။
မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ အသိမိတ်ဆွေ ဆွေမျိုးတွေထဲမှာပဲဖြစ်ဖြစ် အခုလို ဝေးလံတဲ့ဒေသတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသူတွေ ရှိပါသလား? အဲဒီမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ကော်မန့်မှာ မျှဝေပေးခဲ့ပါဦး။
1 128
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အလုပ်သမားတိုင်း ကိုယ်၊စိတ် မွေ့လျော်တဲ့ လုပ်ငန်းခွင်ကိုယ်စီမှာ အလုပ်လုပ်ကိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
1 128
အားလုံးပါဝင်ခွင့်ရှိခြင်း (Inclusion) ဟာ ပေါ်လစီတစ်ခု၊ အတွေးခေါ်တစ်ခုပဲ မဟုတ်ပါဘူး။ လူတိုင်းရှင်သန်နေထိုင်ရေးမှာ အရေးပါတဲ့ ယှဉ်တွဲနေထိုင်နည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အားလုံးပါဝင်ခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းတွေဟာ စီးပွားရေးအရ ပိုမိုခိုင်မာတည်ငြိမ်နိုင်ပါတယ်၊ ဘာကြောင့် အားလုံးတန်းတူပါဝင်ခွင့် က အရေးကြီးတာလဲဆိုတာကို အချက် ၃ ချက်နဲ့ ရှင်းပြ ချင်ပါတယ်။ ရေရှည်တည်တံ့တဲ့ တိုးတက်မှုဆိုတာ လေဟာနယ်ထဲမှာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ တို့တွေရဲ့ကြားက မတူကွဲပြားမှုတွေရဲ့ အားသာချက်ပေါ်မှာ အခြေခံပြီး တည်ဆောက်ရတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရော ဒီလိုမတူကွဲပြားမှုတွေကိုလက်ခံတဲ့အခါ တကယ်ပဲ စီးပွါးရေးတိုးတက်မှုရှိတယ် ထင်ပါသလား၊ အမြင်တွေကို ဖလှယ်ပေးပါဦး။
1 128
ကိုယ့်ကိုယ်ကို အားလုံးထဲမှာ ထူးခြားကွဲထွက်နေတယ်လို့ထင်လား၊ ဒါမှမဟုတ် ဒီလိုပဲ ရောထွေးစီးမျောနေတယ်လို့ ထင်ပါသလား။ ကိုယ့်ရဲ့ လူမျိုး၊ ဘာသာ၊ လိင်တိမ်းညွတ်မှုတွေက ကိုယ့်ကို ထူးခြားစေတာလား၊ တစ်သားထဲ ဖြစ်စေတာလား။ ကိုယ်ကိုယ်တိုင်ရော အားလုံးထဲမှာ ထင်ပေါ်ချင်တာလား။ မထင်ပေါ်ချင်တာလား။ ကိုယ့်ရဲ့ ယုံကြည်မှုတွေ၊ ခံယူမှုတွေက ကိုယ့်ကို အခွင့်ထူးတွေ ရစေတာလား၊ အခွင့်ရေးတွေ ပိတ်ပင်နေတယ်လို့ခံစားရတာလား။ မေးခွန်းတွေသိပ်များနေပြီ ထင်တယ်နော်။ တစ်ခုထဲ ကျစ်ကျစ်လျစ်လျစ် မေးရမယ်ဆိုရင် လူတွေထောင်ချီရှိတဲ့လူအုပ်ကြီးထဲကို သင်ရောက်သွားပြီဆိုပါစို့။ သင့်ကို အမြန်ဆုံးရှာတွေ့အောင် ဘယ်လိုရှာရမလဲ ပြောပြပေးပါဦး။
1 128
ထမင်းပူပူနွေးနွေးကိုစားလိုက်ရပြီး ပြည့်ဝ ကြည်နူးမိတဲ့ အခါတိုင်း ဘာကို တွေးမိကြသလဲ။ 🍚🍚🍚 စေတနာထားချက်ပြုတ်ပေးတဲ့ အိမ်က အမေဖြစ်စေ၊ အဖေဖြစ်စေ၊ အဖွားဖြစ်စေ လက်ရာရှင်ကို ကျေးဇူးတင်မိသလို ဆန်စပါးစိုက်ပျိုးနေတဲ့ လယ်ယာဦးကြီးတွေ၊ ကုန်သွယ်အလုပ်သမားတွေကိုရော တွေးမိကြသလား သိချင်မိပါတယ်။ 🌾 ပုစွန်ဟင်းလေး စားကောင်းတဲ့အခါ၊ ငပိရည်နဲ့ ထမင်းမြိန်တဲ့ အခါတွေမှာရော ရေလုပ်သားတွေအကြောင်းစဉ်းစားမိသလားပေါ့။ 🦐
ဒီလို အစာအာဟာရရဲ့ နောက်ကွယ်ကလူတွေရော ဘယ်လိုအခက်အခဲ အတားအဆီးတွေ ကြုံတွေ့နေရမယ် ထင်မိသလဲ။ အစားကောင်းလေးစားရပြီဆို ဘယ်သူတွေကို သတိရမိသလဲ ပြောပြပေးပါဦး။
1 128
အတာသင်္ကြန်ကာလ ပြီးဆုံးလို့ နှစ်သစ်မင်္ဂလာအချိန်ခါကို ရောက်ရှိလာပါပြီ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးလေ့ရှိပါတယ်။ လူကြီးလူငယ်မရွေး ပြောဆိုကြတဲ့ နေ့စဉ်နှုတ်ဆက်စကားမှာတောင်ပါဝင်တဲ့ “မင်္ဂလာ” ဆိုတာ (၃၈) မျိုးရှိပြီး သင့်တော်လျောက်ပတ်တဲ့ အရပ်မှာ နေထိုင်ခွင့်ရခြင်း၊ စိုးရိမ်ကြောင့်ကြမှုမရှိခြင်း၊ ဘေးအန္တရာယ်တွေမကျရောက်ခြင်း အစရှိသဖြင့်ပါဝင်ပါတယ်။ ဒါကြောင့် ဒီနှစ်သစ်ဟာ တရားမျှတမှုတွေပိုမို ခိုင်မာတဲ့၊ လူ့အခွင့်အရေးတွေပိုမိုရရှိတဲ့၊ တန်းတူညီမျှအားလုံးပါဝင်နိုင်တဲ့ နှစ်သစ်ဖြစ်လာပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှစ်နှစ်ကာကာ၊ ကြည်ဖြူစွာ ဆုတောင်းပေးလိုက်ပါတယ်။
နှစ်သစ်ဆုတောင်းလေးများကို comment မှာ ရေးသားပြီး ကြည်လင်ပျော်ရွှင်မှုတွေကို မျှဝေကြပါစို့လားရှင်။ 🙏🙏🙏
1 128
အတာသင်္ကြန်ကို ဘယ်မြို့မှာ ဆင်နွှဲဖူးကြတာလဲ။ ငွေငန်းရယ်၊ ယိမ်းအဖွဲ့တွေရယ်ကို တမေ့တမော ငေးကြည့်ရတဲ့ ရွှေမန္တလေးမှာလား။ လှေထဲမှာ ရေထည့်ပြီး ကြည်ကြည်နူးနူးရေပက်ကြတဲ့ ရခိုင်ပြည်နယ်မှာလား၊ ရေပက်ခံကားတွေနဲ့ တစ်နေကုန်ပျော်ကြတဲ့ မဟာရန်ကုန်မှာလား၊ ဘုန်းတော်ကြီးကျောင်းမှာ တစ်နေကုန် ဥပုသ်စောင့်နေတတ်ကြတဲ့ နယ်မြို့လေး တစ်မြို့မြို့မှာလား။ ဘယ်ဒေသမှာပဲရောက်နေရောက်နေ အတာသင်္ကြန် နဲ့ ခွဲလို့မရတာကတော့ အတူတကွ ပျော်ရွှင်ရတဲ့ အမှတ်တရတွေပါပဲ။ မိသားစု မိတ်ဆွေတွေ စုံစုံလင်လင် ချက်ပြုတ်စားသောက်တာတွေ၊ ဝိုင်းဖွဲ့သီဆိုကခုန်တာတွေဟာ မဟာသင်္ကြန်ရဲ့ အားလုံးအတွက်တူညီတဲ့ ပျော်ရွှင်မှုတွေပါ။ ဆင်နွှဲဖူးတဲ့ သင်္ကြန်ပွဲတွေထဲ အမှတ်အရဆုံး ဒေသတစ်ခုက ကိုယ်ပိုင်ဟန် သင်္ကြန်ပွဲလေးတွေအကြောင်းပြောပြပေးခဲ့ပါဦးနော်။
1 128
အိမ်နီးနားချင်းဆိုတာ အနီးစပ်ဆုံး၊ အကျစ်လျစ်ဆုံး လူ့အဖွဲ့အစည်းပါပဲ။ လူ့အဖွဲ့စည်းရဲ့ ပုံစံငယ်လို့ ပြောရင်လည်း မမှားပါဘူး။ 🏠 🏡 🏠
တူညီတာတွေရော ကွဲပြားတာတွေရှိတဲ့ အိမ်နီးနားချင်းမိသားစုတွေဟာ တစ်ဦးနဲ့တစ်ဦးဘယ်လိုညှိနှိုင်းတိုင်ပင်ကြသလဲ၊ ယှဉ်တွဲနေထိုင်ကြလဲဆိုတာတွေပေါ် မူတည်ပြီး ကျေးရွာရပ်ကွက် တွေလည်း တိုးတက်ပြောင်းလဲ လာကြတာပါ။ ❤️
နေ့စဉ်နီးပါးထိတွေ့ကြရတဲ့ အိမ်နီးချင်းတွေဟာ ဆွေမျိုးရင်းချာတွေထက်တောင် ကိုယ့်ရဲ့ ကိုယ်၊စိတ်၊နှလုံးအပေါ် သက်ရောက်မှုရှိကြပါသေးတယ်။ မြန်မာနိုင်ငံလို လူမျိုး၊ဘာသာ၊ ယဉ်ကျေးမှုတွေ စုံလင်တဲ့နိုင်ငံမှာဆို အိမ်နီးနားချင်းတွေရဲ့ မတူကွဲပြားမှုဟာ ပိုလို့ အသက်ဝင်နေမှာ အမှန်ပါပဲ။ အိမ်နီးနားချင်းတွေနဲ့စကားစမြည်ပြောဖြစ်လား။ ဘယ်လို အိမ်နီးချင်းတွေရှိတာလဲ။ ဘယ်လိုပြဿနာတွေ ကြုံရတာလဲ ပြောပြပေးပါဦး။
1 128
မြန်မာပြည်တနံတလျားမှာ လှပတင့်တယ်တဲ့ မြို့ကြီးတွေရှိသလို ချစ်စရာ၊ ကြည်နူးစရာ၊ သာသာယာယာ မြို့ငယ်လေးတွေကလည်း အများအပြားပါပဲ။
စောစောစီးစီးမှာ နှင်းမြူတွေကြား ခေါက်ဆွဲပူပူကို မနက်စာစားကြတဲ့ တောင်ပေါ်မြို့လေးတွေဟာ အားလုံးရဲ့ရင်ထဲ နေရာယူနေတတ်ပါတယ်။ ⛰️ အလယ်ပိုင်းက ထနောင်းပင်တွေ တအုပ်ကြီးနဲ့ တန်ဆာဆင်ထားတဲ့ မြို့ငယ်လေးတွေရဲ့ အလှကလည်း မေ့ထားလို့မရပြန်ပါဘူး။ 🌳 ကမ်းခြေတွေပေါ်မေးတင်ထားတဲ့ ကမ်းရိုးတန်းမြို့ငယ်လေးတွေကျတော့လည်း နေထွက်နေဝင်ချိန်တွေ ခံစားမလား၊ ငါးပုစွန်တွေ အဝစားမလားဆိုပြီး ပြည့်စုံနေပြန်ရော။
မြို့တိုင်းမြို့တိုင်းမှာ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ ကိုယ်ပိုင် လူ့အဖွဲ့အစည်းတွေရှိကြတယ်ဆိုတာကတော့ ချစ်စရာလည်းကောင်းသလို အင်မတန်လည်း အရေးပါတဲ့ အချက်ပဲဖြစ်ပါတယ်။🏖️ သင်ကိုယ်တိုင်ရော ဘယ်ဇာတိလဲ၊ ဘယ်မြို့လေးကို လွမ်းနေတာလဲ၊ အခုချိန် မြို့လေးမှာ ဘာတွေ ဖြစ်နေလဲ ပြောပြခဲ့ပါဦး။
1 128
တရားမျှတမှုဟာ လူ့အဖွဲ့အစည်းအတွက် စည်းမျဥ်းတွေနဲ့ ထိန်းကျောင်းပေးပေမဲ့ မိမိကိုယ်ကိုယ် အစိတ်အပိုင်းတစ်ခုလို့ ခံစားရခြင်းကသာ လူ့အဖွဲ့အစည်းရဲ့ အသက်ဝိညာဉ် ဖြစ်ပါတယ်။
လူသားတွေဟာ ကိုယ်တိုင် ဘေးကင်းတယ်၊ တန်ဖိုးရှိတယ်လို့ ခံစားရမှ သူတစ်ပါးရဲ့ အခွင့်အရေးကိုလဲ လေးစားတတ်လာမှာဖြစ်ပါတယ်။
ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ဆိုရင် လူတိုင်း 'ငါဟာ ဒီနေရာရဲ့ အစိတ်အပိုင်းတစ်ခုပဲ' လို့ ခံစားရဖို့ လိုပါတယ်။ အားလုံးနဲ့ ထိုက်တန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် အတူတကွ ဘာတွေလုပ်နိုင်တယ်လို့ထင်ပါသလဲ။ Comment မှာ ဆွေးနွေးကြည့်ကြရအောင်။
1 128
စစ်မှန်တဲ့ အားလုံးပါဝင်နိုင်မှုဆိုတာ တံခါးကို ဖွင့်ထားပေးရုံသာ မဟုတ်ဘဲ လူတိုင်းကို နွေးထွေးစွာ ဖိတ်ခေါ်ခြင်းပဲ ဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်ရဲ့ တိုးတက်မှုဆိုတာ လူတိုင်းအတွက် နေရာတစ်ခုစီ ရှိနေခြင်းကို ဆိုလိုပါတယ်။ အားလုံးပါဝင်နိုင်မှုဆိုတာ လူတွေ မမြင်နိုင်တဲ့ ဘက်ပေါင်းစုံ က အတားအဆီး၊ အခက်အခဲတွေကို ဝိုင်းဝန်းဖယ်ရှားပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါမှ အားနည်းသူတွေအပါအဝင် လူတိုင်းက မိမိတို့ရဲ့ ထူးခြားတဲ့ အရည်အချင်း တွေကို ထုတ်ဖော်ပြသနိုင်မှာ ဖြစ်ပါတယ်။
လူတိုင်း ပူးပေါင်းပါဝင်ခွင့်ရရှိတဲ့ လူ့အဖွဲ့အစည်းကသာ အမှန်တကယ် ပြည့်စုံတာပါ။ ဘယ်သူ့ကိုမှ ချန်ရစ်မထားဘဲ လူတိုင်းရဲ့ အသံကို နားထောင်ပေးဖို့က အားလုံးရဲ့တာ၀န်တစ်ရပ်ပါပဲ။
