en
Feedback
Myanmar Varient Entertainment - Entertainment News Channel

Myanmar Varient Entertainment - Entertainment News Channel

Open in Telegram

An entertainment and pop-culture media channel.

Show more
8 072
Subscribers
No data24 hours
-127 days
-3930 days
Posts Archive
ကန်ဒေါ်လာ ၃၂ သန်းနီးပါး ဝင်ငွေရရှိနေတဲ့ The Rock နဲ့ Chris Evans တို့ရဲ့ Red One နိုဝင်ဘာ ၁၆၊ ၂၀၂၄။ သရုပ်ဆောင် The Rock, Chris Evans, Lucy Liu နဲ့ J. K. Simmons တို့ အဓိကပါဝင်ထားတဲ့ ခရစ္စမတ်နောက်ခံ action fantasy ရုပ်ရှင် Red One ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ကစတင်ကာ ရုံတင်ပြသလျက်ရှိပြီး ရုံတင်ပြသမှုအပြီးမှာတော့ Amazon Prime Video မှာ ott စနစ်နဲ့ ဖြန့်ချိပြသမှာဖြစ်ပါတယ်။ ဒီကနေ့အထိနောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Red One ဟာ ယမန်နေ့က ကန်ဒေါ်လာ ၁၂ သန်းဝန်းကျင်အထိ ထပ်မံရရှိထားပြီး ယခုအခါမှာ ကန်ဒေါ်လာ ၃၁.၅ သန်း ကနေ ၃၃ သန်းဝန်းကျင်အထိ ရရှိထားကြောင်းသိရှိရပြီး ခရစ္စမတ်ရုပ်ရှင်အနေနဲ့ ဒါဟာ မဆိုးတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။ Red One ကို နိုင်ငံတကာမှာ နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက စတင်ပြသနေတာဖြစ်ပြီး ဝေဖန်ရေးသမားတွေကြားမှာ ရလဒ်ဆိုးတစ်ခုရရှိနေတာကြောင့် ကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၂၅၀ ကို ပြန်ကာမိစေမယ့် ရုံတင်ငွေမျိုးကိုပြန်လည်ရရှိမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Red One ကို Fast & Furious: Tokyo Drift ဇာတ်ညွှန်းဆရာ Chris Morgan က ဇာတ်ညွှန်းရေးသားကား Jumanji နှစ်ကားရဲ့ဒါရိုက်တာ Jake Kasdan က တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပြီး ခရစ္စမတ်အကြိုနေ့မှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဆန်တာကလော့စ်ကိုကယ်တင်ဖို့ကြိုးပမ်းပုံကို ပြသထားတာဖြစ်ပါတယ်။ Ref: Deadline Sub-Zero ရေးသည်။ #RedOne #TheRock #ChrisEvans

Margaret Qualley ရဲ့ ရင်သားများ The Substance မှာ ပရိသတ်တွေမြင်ခဲ့ရတဲ့ Margaret Qualley ရဲ့ ရင်သားတွေဟာ prosthetics တွေသာဖြစ်
Margaret Qualley ရဲ့ ရင်သားများ The Substance မှာ ပရိသတ်တွေမြင်ခဲ့ရတဲ့ Margaret Qualley ရဲ့ ရင်သားတွေဟာ prosthetics တွေသာဖြစ်ပြီး Margaret Qualley ရဲ့ ရင်သားအစစ်တွေတော့ မဟုတ်ခဲ့ပါဘူး။ ( အမှန်တရားကို တစ်ယောက်တည်း မခံစားနိုင်လို့ 🙂)

အင်တာနက်ပေါ်က ကောလာဟလတချို့ကို The Rock တုံ့ပြန်ဖြေရှင်းလာပြီ နိုဝင်ဘာ ၁၄၊ ၂၀၂၄။ Dwayne "The Rock" Johnson ဆိုတာကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသားတစ်လက်ဖြစ်ပြီး "The Scorpion King" (2002), "Fast and Furious" ရုပ်ရှင်စီးရီးတွေနဲ့ "Jumanji" ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ The Rock ဟာ WWE မှာ နပန်းသမားတစ်ယောက်အဖြစ် စတင်အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်လောကကို ကူးပြောင်းခဲ့ကာ ယနေ့အထိ ရုပ်ရှင်များစွာကို ဆက်လက်ရိုက်ကူးနေလျက်ရှိပါတယ်။ The Rock ဟာ ရုပ်ရှင်ရိုက်ကူးရာမှာ တစ်ခါတစ်ရံ နောက်ကျတတ်တယ်ဆိုတဲ့ သတင်းတွေအပေါ် GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ တုံ့ပြန်ချေပလာခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမှာ The Rock အနေနဲ့ ဒီသတင်းတွေကို "လုံးဝ မဟုတ်ပါဘူး" လို့ ငြင်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီး "ကျွန်တော် ရုပ်ရှင်ရိုက်ကူးရာမှာ တစ်ခါတစ်ရံ နောက်ကျတာတော့ မှန်ပါတယ်။ ဒါပေမယ့် ရှစ်နာရီလောက် နောက်ကျတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါက လုံးဝ မဖြစ်နိုင်တဲ့ ပမာဏပါ။" လို့လည်း ပြောခဲ့ပါသေးတယ်။ The Rock ဟာ ရိုက်ကွင်းပေါ်မှာ ရေသန့်ဘူးထဲကို ဆီးသွားတတ်တယ်ဆိုတဲ့ ကိစ္စကိုလည်း ရှင်းပြလာပါသေးတယ်။ မကြာခင်ရုံတင်တော့မယ့်  "Red One" ကိုရိုက်ကူးစဉ်မှာ အချိန်ကုန်သက်သာဖို့ ရေသန့်ဘူးထဲကို ဆီးသွားတာ မှန်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ သူက "ဟုတ်တယ်၊ အဲဒါကတော့ ဖြစ်တတ်ပါတယ်။" လို့ ပြောခဲ့တာပါ။ "Red One" ရုပ်ရှင်မှာ The Rock နဲ့အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Chris Evans ကတော့ The Rock ဟာ တစ်ခါတစ်ရံ နောက်ကျတတ်ပေမယ့် ရိုက်ကူးရေးအဖွဲ့က သူ့ရဲ့ အချိန်ဇယားကို ကြိုတင်သိရှိထားတယ်လို့ The Rock ဘက်က အခုလိုခုခံပြောဆိုလာပါတယ်။ "သူ နောက်ကျတာက မမျှော်လင့်ဘဲ နောက်ကျတာမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ အချိန်ဇယားအတိုင်းပါပဲ။" ဒါ့အပြင် "Red One" ရုပ်ရှင်ရဲ့ ဒါရိုက်တာ Jake Kasdan ကလည်း Dwayne Johnson ဟာ တစ်ခါတစ်ရံ နောက်ကျတတ်ပေမယ့် သူ့ရဲ့ အချိန်ဇယားကို ကြိုတင်သိရှိထားတယ်လို့ ပြောပါတယ်။ "သူက အားလုံးထက် ပိုပြီး ကြိုးစားအားထုတ်တဲ့သူပါ။" The Rock နဲ့ Chris Evans တို့ပါဝင်ထားတဲ့ Warner Bros. နဲ့ Amazon MGM တို့ရဲ့ fantasy ရုပ်ရှင် "Red One" ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ Ref: Variety Mr. Wilddog ရေးသည်။ #TheRock

Instagram မှာ ဝတ်လစ်စားလစ်ပုံတင်မိလို့ဝေဖန်ခံနေရတဲ့ မင်းသား Choi Hyun Wook Choi Hyun-wook ကတော့ "Twenty-Five Twenty-One" (202
Instagram မှာ ဝတ်လစ်စားလစ်ပုံတင်မိလို့ဝေဖန်ခံနေရတဲ့ မင်းသား Choi Hyun Wook Choi Hyun-wook ကတော့ "Twenty-Five Twenty-One" (2022) နဲ့ "Weak Hero Class 1" (2022) ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင်တစ်ဦးပါ။ သူဟာ ၂၀၁၉ ခုနှစ်မှာ "Real:Time:Love" web drama နဲ့ ပွဲဦးထွက်ခဲ့ပြီး "Taxi Driver" နဲ့ "D.P." ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။၂၀၂၃ထုတ် Twinkling Watermelon ဇာတ်လမ်းတွဲနဲ့ ပိုမို လူသိများကျော်ကြားလာခဲ့ပါတယ်။ Choi Hyun-wook ဟာ သူ့ရဲ့ Instagram story မှာ ဓာတ်ပုံတစ်ပုံ တင်ခဲ့မိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီဓာတ်ပုံထဲမှာတော့ သူဟာ ဝတ်လစ်စလစ်နဲ့ ဖုန်းကိုင်ပြီး ဓာတ်ပုံရိုက်နေပုံ ပေါ်နေပါတယ်။ အဲဒီဓာတ်ပုံကို သူက အမြန်ဆုံး ပြန်ဖျက်ခဲ့ပေမယ့် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ Choi Hyun-wook ဟာ မနှစ်ကလည်း လမ်းပေါ်မှာ ဆေးလိပ်သောက်ပြီး ဆေးလိပ်ဖင်စီခံကို လက်လွတ်စပယ်ပစ်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း သူဟာ လက်ရေးနဲ့ တောင်းပန်စာ ရေးသားခဲ့ပြီး ဒဏ်ကြေးလည်း ပေးဆောင်ခဲ့ရပါတယ်။ Mr.Wilddog ရေးသည်။

Black Panther 3 မှာပါဝင်လာမယ့် Denzel Washington နိုဝင်ဘာ၊ ၁၂ ၊ ၂ဝ၂၄ Denzel Washington တစ်ယောက်ကတော့ Black Panther 3 မှာ ပါဝင်လာမယ်လို့ ပြောလာပါတယ်။ ဒီစကားကိုတော့ Today Show Australia မှတစ်ဆင့် Denzel Washington တစ်ယောက်မျှဝေခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်က အကောင်းဆုံး Company တွေနဲ့  တွဲလုပ်ရတာကိုပဲ စိတ်ဝင်စားတယ်၊ နောက်ထပ် ဇာတ်ကား ဘယ်နှစ်ကား ရိုက်မယ်ဆိုတာ မသိပါဘူး၊ အများကြီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်  ငါမလုပ်ဖူးတဲ့အရာတွေကို ငါလုပ်ချင်တယ်လို့ပြောလာပါတယ်" ပြီးတဲ့နောက်မှာတော့ အသက် 69 နှစ်အရွယ် မင်းသားကြီးက “နောက်လာမည့် Black Panther” မှာ သူပါဝင် သရုပ်ဆောင်မှာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ Role အနေနဲ့ကတော့ ဘယ်နေရာ၊ ဘယ်လို သရုပ်ဆောင်မလဲ မသိရသေးတဲ့အပြင် Black Panther Forever ပြီးတဲ့နောက်မှာတော့ နောက်ထက်ဇာတ်လမ်းကိုထက်ထုတ်ဖို့ Marvel အကြီးအကဲ Kevin Feige က အခုမှ စီစဥ်နေတုန်းလို့သိရပါတယ်။ Black Panther Star ဖြစ်တဲ့ Chadwick Boseman နဲ့လည်း Denzel Washington တို့ဟာ အရမ်းရင်းနှီးတဲ့သူတွေဖြစ်ကြပြီး Boseman  အောက်စဖို့ဒ်တက္ကသိုလ်မှာ  သရုပ်ဆောင်ပရိုဂရမ်တစ်ခုတက်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ Denzel Washington က ကူညီပေးခဲ့တဲ့အပြင် Washington ကိုယ်တိုင် Produce လုပ်ပြီးထုတ်လုပ်တဲ့ ရုပ်ရှင်မှာလည်း Boseman ကို ထည့်သွင်း သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ဆိုတော့ Washington သာ Black Panther 3 မှာ ရှေ့တုန်းက Black Panther အကြီးအကဲတစ်ယောက်အနေနဲ့ မြင်ရမယ်ဆိုရင်တော့ တော်ာတော်လေး စိတ်ဝင်စားစရာကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်။ John Snow ရေးသားသည်။ #MCU #Blackpanther

တောင်ကိုရီးယားမင်းသား Song Jae Rim ဟာ နိုဝင်ဘာ ၁၂ ရက်၊ ဒီနေ့မှာပဲ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ Song Jae Rim က ၂၀၀၉
တောင်ကိုရီးယားမင်းသား Song Jae Rim ဟာ နိုဝင်ဘာ ၁၂ ရက်၊ ဒီနေ့မှာပဲ အသက် ၃၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ Song Jae Rim က ၂၀၀၉ ခုနှစ်မှာ "Actresses" ရုပ်ရှင်နဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး "Moon Embracing the Sun" (2012) နဲ့ "Two Weeks" (2013) တို့လို နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ "Surplus Princess" ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းသမီး Kim Sejeong နဲ့အတူ I Wanna hear your sound ( 2019) မှာ ပါဝင်ဖူးပြီး မင်းသမီး Kim Yoo Jung ရဲ့ Clean with passion for now ဇာတ်လမ်းတွဲမှာလည်းပါဝင်ဖူးပါတယ်။ သူဟာ တောင်ကိုရီးယားမှာသာမက အာရှတစ်ဝှမ်းမှာပါ ရေပန်းစားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ သူ့ရဲ့ ကွယ်လွန်မှုအတွက် အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ Mr Wilddog ရေးသည်။

Squid Game ရေးရင်း ဇာတ်လမ်းဆရာတော့ သွားတွေပါ ကျွတ်ထွက်ကုန်တယ်ဆိုပဲ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Netflix ရဲ့ ကိုရီးယားစကားပြော survival thriller ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Squid Game ဟာ နိုင်ငံတကာအတိုင်းအတာအထိ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အဲဒီလိုအောင်မြင်မှုတွေကြောင့် Netflix ဟာ Squid Game ကို နောက်ထပ် Season သစ်နှစ်ခု ထပ်မံထုတ်လုပ်သွားမှာဖြစ်ကာ Season 2 ကို ဒီဇင်ဘာ ၂၆၊ ၂၀၂၄ နဲ့ Season 3 ကို ၂၀၂၅ တို့မှာ အသီးသီးပြသသွားမှာဖြစ်ပါတယ်။ Squid Game ဟာ အဆင့်တစ်ခုစီတိုင်းမှာအသက်ကိုရင်းပြီးကစားရတဲ့ ကစားပွဲမှာပါဝင်ကစားကြသူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကိုပြသထားတာဖြစ်ပြီး Squid Game ရဲ့ ဖန်တီးသူဖြစ်တဲ့ ဇာတ်လမ်းဆရာ Hwang Dong-hyuk အနေနဲ့ Squid Game ကို ရေးသားဖန်တီးတဲ့အခါမှာ စိတ်ဖိစီးမှုများခဲ့တယ်လို့ ဆိုလာပါတယ်။ Hwang Dong-hyuk ဟာ Squid Game Season 1 ကို ရေးသားခဲ့စဥ်​က စိတ်ဖိစီးမှုများပြားလွန်းတာကြောင့် သွား ၈ ချောင်း၊ ၉ ချောင်း ကျွတ်သွားကြောင်း BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပြုလာခဲ့တာပါ။ ကလေးကစားပွဲဂိမ်းတွေကို အသက်ရင်းပြီး ငွေလုကြတဲ့ လောဘကစားပွဲအဖြစ် ပြောင်းလဲခဲ့ရတာရဲ့ ပေးဆပ်မှုတစ်ခုလို့ပြောရမယ့်ပုံပါပဲ။ Squid Game Season 2 မှာ ယခင် Season 1 မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေထဲက Lee Jung-jae, Lee Byung-hoon, Wi Ha-jun, Gong Yoo, Yim Si-wan, Kang Ha-neul နဲ့ Park Sun-hoon Yang Dong-geun တို့လည်း ပြန်လည်ပါဝင်လာကြသလို K-Pop အဆိုတော်တစ်ယောက်ဖြစ်တဲ့ T.O.P. ခေါ် Choi Seung-hyun, Heartbeat နဲ့ D.P. သရုပ်ဆောင် Jo Yu-ri နဲ့ Sweet Home သရုပ်ဆောင် Park Gyu-young နဲ့ Lee jin-uk အပါအဝင် နောက်ထပ် သရုပ်ဆောင် ၈ ယောက်လည်း ထပ်မံပါဝင်ထားကြပါသေးတယ်။ #Netflix #SquidGame

Star Wars သုံး​ကားတွဲအသစ်ထုတ်လုပ်ဖို့ Disney နဲ့ Lucasfilm ကြံစည်လျက်ရှိ နိုဝင်ဘာ ၈၊ ၂၀၂၄။ Disney လက်အောက်ကိုရောက်သွားပြီးနောက်ပိုင်း Lucasfilm ဟာ Star Wars နဲ့ ပတ်သက်ပြီး sequel trilogy ကို ထုတ်လုပ်ကာ ယခုအခါမှာတော့ Star Wars ရဲ့ Skywalker Saga ဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ Disney နဲ့ Lucasfilm ဟာ Star Wars နဲ့ပတ်သက်ပြီး နောက်ထပ် သုံးကားတွဲရုပ်ရှင် Episode 10, 11 နဲ့ 12 တို့ကို ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်းသိရပြီး အဆိုပါသုံးကားတွဲကို X-Men ရုပ်ရှင်တွေရဲ့ဇာတ်ညွှန်းဆရာဖြစ်သူ Simon Kinberg က ရေးသားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီသုံးကားတွဲဟာ ဇာတ်လမ်းသစ်တစ်ခုရဲ့အစပျိုးဖြစ်ပြီး Lucasfilm ဟာ James Mangold, Sharmeen Obaid-Chinoy, Taika Waititi နဲ့ Donald Glover တို့ရဲ့ Star Wars ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်မှာဖြစ်ကြောင်းလည်း သိရပါသေးတယ်။ Star Wars Episode IX: The Rise of Skywalker အပြီးမှာ The Mandalorian & Grogu ရုပ်ရှင်ကို မေ ၂၂၊ ၂၀၂၆ မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါဟာ Skywalker Saga အပြီး ပထမဆုံးထွက်ရှိလာမယ့် Star Wars ရုပ်ရှင်ဖြစ်ပါတယ်။ မူလ The Mandalorian ဇာတ်လမ်းတွဲမှာ Moff Gideon အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Giancarlo Esposito ရဲ့ အဆိုအရ Diseny နဲ့ Lucasfilm ဟာ The Mandalorian ကို သုံးကားတွဲရုပ်ရှင် (trilogy) အဖြစ် ပွဲထုတ်ဖို့စီစဥ်နေကြောင်း သိရပါတယ်။ Giancarlo Esposito အနေနဲ့ The Mandalorian & Grogu မှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေတယ်လို့ ယူဆရမှာပါပဲ။ Ref: Deadline Sub-Zero ရေးသည်။ #StarWars #Lucasfilm

Star Wars သုံး​ကားတွဲအသစ်ထုတ်လုပ်ဖို့ Disney နဲ့ Lucasfilm ကြံစည်လျက်ရှိ နိုဝင်ဘာ ၈၊ ၂၀၂၄။ Disney လက်အောက်ကိုရောက်သွားပြီးနောက်ပိုင်း Lucasfilm ဟာ Star Wars နဲ့ ပတ်သက်ပြီး sequel trilogy ကို ထုတ်လုပ်ကာ ယခုအခါမှာတော့ Star Wars ရဲ့ Skywalker Saga ဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ Disney နဲ့ Lucasfilm ဟာ Star Wars နဲ့ပတ်သက်ပြီး နောက်ထပ် သုံးကားတွဲရုပ်ရှင် Episode 10, 11 နဲ့ 12 တို့ကို ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်းသိရပြီး အဆိုပါသုံးကားတွဲကို X-Men ရုပ်ရှင်တွေရဲ့ဇာတ်ညွှန်းဆရာဖြစ်သူ Simon Kinberg က ရေးသားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီသုံးကားတွဲဟာ ဇာတ်လမ်းသစ်တစ်ခုရဲ့အစပျိုးဖြစ်ပြီး Lucasfilm ဟာ James Mangold, Sharmeen Obaid-Chinoy, Taika Waititi နဲ့ Donald Glover တို့ရဲ့ Star Wars ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်မှာဖြစ်ကြောင်းလည်း သိရပါသေးတယ်။ Star Wars Episode IX: The Rise of Skywalker အပြီးမှာ The Mandalorian & Grogu ရုပ်ရှင်ကို မေ ၂၂၊ ၂၀၂၆ မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါဟာ Skywalker Saga အပြီး ပထမဆုံးထွက်ရှိလာမယ့် Star Wars ရုပ်ရှင်ဖြစ်ပါတယ်။ မူလ The Mandalorian ဇာတ်လမ်းတွဲမှာ Moff Gideon အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Giancarlo Esposito ရဲ့ အဆိုအရ Diseny နဲ့ Lucasfilm ဟာ The Mandalorian ကို သုံးကားတွဲရုပ်ရှင် (trilogy) အဖြစ် ပွဲထုတ်ဖို့စီစဥ်နေကြောင်း သိရပါတယ်။ Giancarlo Esposito အနေနဲ့ The Mandalorian & Grogu မှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေတယ်လို့ ယူဆရမှာပါပဲ။ Ref: Deadline Sub-Zero ရေးသည်။ #StarWars #Lucasfilm

Resident Evil 9 အတွက် သတင်းထွက်နေ နိုဝင်ဘာ ၈၊ ၂၀၂၄။ "Resident Evil" ဆိုတာကတော့ Capcom ရဲ့ အထင်ကရ survival horror ဂိမ်းစီးရီးတစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ပထမဆုံးဂိမ်း ထွက်ရှိခဲ့တာပါ။ ဇွန်ဘီတွေ၊ ကြောက်စရာ သတ္တဝါတွေနဲ့ တခြား ဇီဝလက်နက်တွေကို တိုက်ခိုက်ရင်း ပဟေဠိတွေကို ဖြေရှင်းရတဲ့ ဂိမ်းတွေကြောင့် ဒီစီးရီးဟာ နာမည်ကြီးပါတယ်။  "Resident Evil" ဂိမ်းတွေဟာ ကြောက်စရာကောင်းတဲ့ အငွေ့အသက်၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနဲ့ action ပြည့်နှက်နေတဲ့ gameplay တွေကြောင့် ဂိမ်းကစားသူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Biohazard Declassified ဆိုတဲ့ "Resident Evil" fansite ကနေ စတင်လာတဲ့သတင်းတခုအရ Sony ဟာ Resident Evil 9 ကိုစတင်ပြုလုပ်နေပြီး စမ်းသပ်ကစားပေးတဲ့ Playtester တွေလည်းခန့်ထားတယ်လို့သိရပါတယ်။  ဒီသတင်းကို  ဂိမ်းကြိုတင်ကစားခွင့်ရတဲ့ playtester တစ်ယောက်ဆီကနေ သတင်းရထားတာလို့ ဆိုပါတယ်။ "Resident Evil 9" ရဲ့ ဇာတ်လမ်းကတော့ "Resident Evil Village" ရဲ့ ၄ နှစ်အကြာမှာ ဖြစ်ပျက်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ ပရိသတ်အချစ်တော် ဇာတ်ကောင်တွေဖြစ်တဲ့ Jill Valentine နဲ့ Leon S. Kennedy တို့က protagonist တွေအဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Barry Burton နဲ့ Chris Redfield တို့ကလည်း supporting character တွေအဖြစ် ပါဝင်လာနိုင်ပါတယ်။ ဗီလိန်ကတော့ Mr. Simon လို့ခေါ်တဲ့ ဇာတ်ကောင်အသစ် ဖြစ်ပါတယ်။ သူဟာ ဇီဝလက်နက်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်နေတယ်လို့ ဆိုပါတယ်။ Gameplayကတော့  ကစားသမားတွေဟာ ကျွန်းတစ်ကျွန်းပေါ်မှာ ရှိတဲ့ နေရာအမျိုးမျိုးကို စူးစမ်းရမှာ ဖြစ်ပါတယ်။ စွန့်ပစ်ထားတဲ့ ဆေးရုံ၊ လိုဏ်ဂူတွေ၊ စွန့်ပစ်ထားတဲ့ အိမ်တွေ၊ ရွာသားတွေရဲ့ အိမ်တွေ၊ မှောင်မိုက်တဲ့ တောအုပ်၊ စွန့်ပစ်ထားတဲ့ စက်ရုံ၊ ဓာတ်ခွဲခန်းတွေနဲ့ ဘုရားကျောင်းတစ်ခု စတဲ့ နေရာတွေ ပါဝင်မှာပါ။ ကျွန်းပေါ်မှာတော့ ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေ၊ လူတွေကို ခြောက်လှန့်တတ်တဲ့ သတ္တဝါတွေနဲ့ တခြား ကြောက်စရာကောင်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး Tricell နဲ့ Blue Umbrella တို့လည်းပြန်ပါလာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် "Resident Evil 9" ဟာ "Resident Evil 7" က စတင်ခဲ့တဲ့ Megamycete ဇာတ်လမ်းကို အဆုံးသတ်ပေးမယ့် ဂိမ်းလည်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ ဇာတ်ကောင်အသစ်တွေအပြင် အရင်ဂိမ်းတွေက ဇာတ်ကောင်တွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် Capcom က တရားဝင် ကြေညာတာမျိုး မရှိသေးတာကြောင့် ဒီသတင်းတွေကို ကောလာဟလအဖြစ်သာသတ်မှတ်ထားသင့်ပါတယ်။ တကယ်လို့ ဒီသတင်းတွေက အမှန်ဖြစ်ခဲ့ရင်တော့ "Resident Evil" fan တွေအတွက် စိတ်လှုပ်ရှားစရာ ဂိမ်းတစ်ခု ဖြစ်လာမှာအသေအချာပါပဲ။ Ref: Internet Mr. Wilddog ရေးသည်။ #ResidentEvil

Castle Byers ကို ပြန်တွေ့ရမယ့် Stranger Things Season 5 နိုဝင်ဘာ ၈၊ ၂၀၂၄။ Noah Schnapp (Will) က Stranger Things Season 1 မှာတ
Castle Byers ကို ပြန်တွေ့ရမယ့် Stranger Things Season 5 နိုဝင်ဘာ ၈၊ ၂၀၂၄။ Noah Schnapp (Will) က Stranger Things Season 1 မှာတုန်းက Upside Down ကိုရောက်သွားတဲ့အချိန် Demogorgon တွေ သူ့နောက်လိုက်နေတုန်း Castle Byers ထဲပုန်းနေခဲ့ဖူးပါတယ်။ ဒီ Castle Byers လေးဟာဆိုရင် အခု Season 5 မှာ အရေးပါတဲ့ ဇာတ်ဝင် အခန်းအတွက် ပြန်လည်ပါဝင်သွားမှာဖြစ်ကြောင်း Noah Schnapp က Video လေးတင်ပြီး ပြသွားခဲ့ပါတယ်။ ဒီပုံလေးတွေကြည့်မယ်ဆိုရင် Will တစ်ယောက် Season 5 မှာ Upside Down ကို ပြန်သွားပြီး တစ်ခုခုကို ပြန်လည်အဖြေရှာနေပုံရပါတယ်။ Vecna ကိုအနိုင်ယူဖို့ အတွက်လည်း သွားတာဖြစ်နိုင်သလို ဒီအဖြစ်ပျက်တွေကနေ ပုန်းဖို့အတွက် Series တစ်လျှောက်လုံး သူပုန်းနေကျ နေရာစီမှာ ပုန်းနေနိုင်တယ်လို့လည်း အဓိပ္ပါယ်ပါပဲ။ ပြောရရင်တော့ Stranger Things Season 5 က အဆုံးသတ်ဖြစ်မှာဆိုတော့ Upside Down ရဲ့ အရှုပ်တော်ပုံကိုရှင်းဖို့ သူတို့တွေ ဘယ်လို အဖြေရှာပြီး ဘယ်သူတွေ ထပ်ပြီး ဆုံးရှုံးရဦးမလဲဆိုတာကို နောက်နှစ်မှာ ထပ်မံစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Ref: Internet John Snow ရေးသည်။ #StrangerThings #CastleByers #NoahSchnapp

The Most Powerfully Dreamwork Character of All Time ! Who is your favorite? #villainweek #DreamWorks
The Most Powerfully Dreamwork Character of All Time ! Who is your favorite? #villainweek #DreamWorks

A24 ရဲ့ ဘတ်ဂျက်အများဆုံးရုပ်ရှင်ဖြစ်လာတဲ့ Timothée Chalamet ရဲ့ Marty Supreme နိုဝင်ဘာ ၇၊ ၂၀၂၄။ Dune နဲ့ Call Me By Your Name သရုပ်ဆောင် Timothée Chalamet အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန် အားကစားဒရာမာရုပ်ရှင် Marty Supreme ဟာ လက်ရှိမှာ production အဆင့်မှာရှိနေလျက်ရှိပါတယ်။ Marty Supreme ဟာ အမေရိကန်ပင်ပေါင်အားကစား လက်ရွေးစင်ဟောင်းတစ်​ဦးဖြစ်သူ Marty Reisman အကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် Timothée Chalamet က Marty Reisman အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ A24 ဟာ Hereditary, Midsommar, Green Knight, Iron Claw နဲ့ Everything Everywhere All At Once တို့လို အစဥ်အလာကောင်းတဲ့ indie ရုပ်ရှင်ကားကောင်းတွေကို ထုတ်လုပ်ဖြန့်ချိပြသခဲ့တဲ့ indie ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်ပေမယ့်လည်း Marty Supreme မှာတော့ ဘတ်ဂျက်အများအပြားအသုံးပြုထားတယ်လို့ ဆိုပါတယ်။ A24 ဟာ Marty Supreme အတွက် ကန်ဒေါ်လာ သန်း ၉၀ နီးပါး ဘတ်ဂျက်အသုံးပြုထားကြောင်း Deadline မဂ္ဂဇင်းရဲ့ဆောင်းပါးသစ်တစ်ပုဒ်အရ သိရှိထားရပြီး ဒါဟာ မကြာသေးခင်က ယခုနှစ်ထဲမှာရုံတင်ခဲ့တဲ့ A24 ရုပ်ရှင်တစ်ကားဖြစ်တဲ့ Civil War ထက် ပိုမိုများပြားလျက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒါ့အပြင် A24 ဟာ Civil War ထက် ဘတ်ဂျက်အသုံးပြုမှုပိုမိုများတဲ့ရုပ်ရှင်တစ်ကားကိုလည်း ထုတ်လုပ်ဖို့ရှိသေးတယ်လို့လည်း သိထားရပါသေးတယ်။ Marty Supreme ဟာ ၁၉၅၀ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Uncut Gems ဒါရိုက်တာ Josh Safdie က တာဝန်ယူရိုက်ကူးကာ ဇာတ်လမ်းဇာတ်ညွှန်းကိုလည်း Josh Safdie နဲ့ အတူ Uncut Gems ဇာတ်ညွှန်းဆရာ Ronald Bronstein က ပူးတွဲရေးသားပေးထားတာပါ။ Marty Supreme မှာ Timothée Chalamet နဲ့ အတူ Gwyneth Paltrow, Tyler, the Creator, Odessa A'zion, Penn Jillette, Kevin O'Leary, Abel Ferrara နဲ့ Fran Drescher တို့လည်း ပါဝင်ထားပြီး ပြသရက်ကိုတော့ မသိရသေးပါဘူး။ Ref: Deadline Sub-Zero ရေးသည်။ #A24 #MartySupreme #TimothéeChalamet