7 185
Subscribers
-224 hours
-97 days
-11330 days
Posts Archive
7 184
+7
ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...
7 184
+4
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အရှိန်အဟုန်မြှင့် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...
7 184
+8
ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
စက်တင်ဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
-
အခမ်းအနားမှာ တာဝန်ရှိသူများနဲ့ ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအကအခုန်၊ အတီးအမှုတ်များဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက် က ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။
7 184
ဂျပန်နိုင်ငံမှာ ကျင်းပမည့် Asian Game ပြိုင်ပွဲ မှ မြန်မာ အမျိုးသမီး ဘောလုံးအသင်းရဲ့ ပွဲစဥ်များ
7 184
+8
ဝင်လာမစဲ တသဲသဲ
နိုင်ငံတော်နှင့် တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာတာကြောင့် စက်တင်ဘာ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း PDF၊ DPLA၊ KNDF၊ PNLO စတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲ ရောက်ရှိနေသူ စုစုပေါင်း ၆၀ ဦးဟာ လက်နက်မျိုးစုံ ၃၅ လက်နဲ့အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့။
အလင်းဝင်ရောက်လာကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ မိဘများထံ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်ကျန်ရှိနေသေးသည့် PDF ညီငယ် ညီမငယ်များကိုလည်း အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
7 184
အင်းတော်ကြီးဒေသက ရှမ်းနီယဉ်ကျေးမှုအဖွဲ့ ဒုတိယခေါင်းဆောင် ကိုဝင်းဇော်ကို KIA/PDF အကြမ်းဖက်သောင်းကျန်းသူတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်...ဒီလိုမျိုး ကချင် KIA သောင်းကျန်းသူတွေရဲ့ အနိုင်ကျင့်စော်ကားမှုတွေကို ဒေသခံရှမ်းနီလူမျိုးတွေစုပေါင်းပြီး ပြင်းပြင်းထန်ထန် တွန်းလှန်သင့်တယ်...
7 184
အခုရက်ပိုင်းအတွင်း KNU အကြမ်းဖက်အဖွဲ့က ပုလောမြို့နယ်၊ ထားဝယ်အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်များရှိ ကျေးရွာတွေမှာ တစ်ရွာလျင် ၁၀ ဦးနှုန်း မဖြစ်မနေ အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးလူသစ်စုဆောင်းနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်...KNU အကြမ်းဖက်အဖွဲ့က သူတို့တောင်းတဲ့လူသစ်မပေးရင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းကာ ကျေးရွာတွေကနေ မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်အကြပ်ကိုင်နေတယ်လို့လည်း သိရပါတယ်...
7 184
+1
KIA အလောင်း/လက်နက်များရရှိ (ပူတာအို)
====
စက်တင်ဘာ ၉ ရက်နေ့၊ ပူတာအိုမြိုနယ်၊ အမတ်ပေါ်ဒေသတွင် ခိုအောင်းနေသည့် အကြမ်းဖက် KIA များအား ရှာဖွေရှင်းလင်းရာ KIA ၁ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့။
7 184
ရွှေဘိုမှာ PDF တွေအချင်းချင်း ဖမ်းကြပြန်ပြီ...PRAF အဖွဲ့ရဲ့ အကြမ်းဖက်ခေါင်းဆောင်ဖြစ်တဲ့ ဘိုးတော်နီ(ခ) ဗထူး ကို NUG အကြမ်းဖက်အဖွဲ့ရဲ့ စေခိုင်းချက်နဲ့ လက်ကိုင်တုတ် PDF/ပသုံးလုံး အကြမ်းဖက်တွေက ဖမ်းဆီးသွားပြီး သတ်ဖြတ်ဖို့လုပ်နေကြတယ်လို့ သိရပါတယ်...NUG အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းအပါတွေရဲ့ စော်ကား အနိုင်ကျင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတာတွေကို Local PDF အကြမ်းဖက်တွေ ငြိမ်ခံနေကြတာက ကြောက်နေကြလို့လား...?
7 184
လူမဆန်ရက်စက်ကြမ်းကြုတ်ချက်ကတော့ ကမ်းကုန်အောင်ပါပဲလား...ပြီးခဲ့တဲ့ရက်က ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဦးစိုးမြင့်နိုင်ကို မူးယစ်ဆူပူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပလဖအကြမ်းဖက်တွေက ဖမ်းဆီးသွားပြီး လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်...ဒေသခံတွေကို ခေါင်းစဉ်မျိုးစုံတပ်ပြီး လူမဆန်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေကြတဲ့ ပလဖအကြမ်းဖက်တွေကို ဒေသခံတွေအနေနဲ့ ဒီအတိုင်းလွှတ်မထားသင့်ဘူးနော်...
7 184
အကြမ်းဖက် PDF တွေက ပလိုင်းကျေးရွာမှ မမြတ်မွန့်နဲ့ ဖမ်းဆီးထားသူများကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်
==================
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှ မမြတ်မွန် အပါအဝင် အပြစ်မဲ့ပြည်သူ ကလေး/လူကြီး ၃၀ ခန့်ကို အကြမ်းဖက် PDF တွေက ဩဂုတ်လအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ လ၁၀ ရက်နေ့မှာတော့ မမြတ်မွန် နဲ့ ဖမ်းမိသူအချိုကို အကြမ်းဖက် PDF တွေက ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်ပြီလို့ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။
-
အကြမ်းဖက် PDF တွေကို မေးချင်တာက လက်နက်မဲ့ အမျိုးသမီး တစ်ဦးကို ဒီလို ရက်ရက်စက်စက် သတ်ခွင့်ရှိသလား? လူသားချင်းစာနာမှုဆိုတာ ဘယ်မလဲ? ဆိုတာကိုပါ။ ဒါကြောင့် ရွှေဘိုနယ်ဘက်က အကြမ်းဖက်တွေကို မြေလှန်ရှင်းလင်းသင့်ပြီလို့ တိုက်တွန်းချင်ပါတယ်။
7 184
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ကမ္ဘောဒီးယားနိုင်ငံက ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
7 184
ChatGPT ထဲ ပုံကြမ်းခြစ်နိုင်တဲ့ feature သစ် ပါလာ
===============
ChatGPT နဲ့ ပုံထုတ်ဖြစ်သူတွေ try သင့်တဲ့ feature သစ်ပါ။
ပြီးခဲ့တဲ့ ဧပြီလက ChatGPT Images 2 ဆိုပြီး ပုံထုတ်တဲ့ မော်ဒယ်တစ်ခု ချပေးခဲ့ပါတယ်။ ChatGPT Images 2.5 က Images 2 ကို အဆင့်မြှင့်လိုက်တဲ့ ဗားရှင်းလို့ ပြောရမှာပါ။
ဒီဗားရှင်းမှာ ပုံတစ်ပုံကို 2K resolution ရုပ်ထွက်အထိ ထုတ်ပေးနိုင်သလို aspect ratio မျိုးစုံ support ပေးနိုင်လာပါတယ်။ ပုံရဲ့ texture နဲ့ အလင်းအမှောင်ကလည်း ပိုသဘာဝကျပြီး detail ကျကျ ထုတ်ပေးနိုင်သလို ပုံဖန်တီးတဲ့အပိုင်းလည်း ပိုမြန်လာပါတယ်။
ChatGPT ထဲမှာဆို drawing board ထဲ ကိုယ်တိုင်ပုံကြမ်းဆွဲပြပြီး AI ကို ကိုယ်ဆွဲတဲ့အတိုင်း reference ယူ , ပုံထုတ်ခိုင်းလို့ ရတဲ့ Sketch Feature ပါလာပါတယ်။ တခြားသူတွေ ထုတ်နေတဲ့ image formats တွေ template ယူသုံးတာမျိုး ၊ ပုံထုတ်တဲ့ prompts တွေ တခြားသူကို share တာမျိုးတွေ ရလာပါတယ်။
developers တွေအတွက်တော့ Images 2.5 က GPT-Image-2.5 Flare နဲ့ GPT-Image-2.5 Sunburt ဆိုပြီး ဗားရှင်းနှစ်မျိုး ထုတ်ပေးထားပါတယ်။ Images 2.5 ကတော့ ChatGPT , ChatGPT Work နဲ့ Codex တွေပေါ် ဖြန့်ချိထားပါပြီ။
7 184
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo မိတ်ဆက်
=====================
Apple CEO သစ်လက်ထက်မှာ Apple ရဲ့ ပထမဆုံး foldable ဖုန်း ထွက်လာတာပါ။
အစောပိုင်းတုန်းက iPhone Ultra လို့ ထင်ကြေးပေးခဲ့တဲ့ ဒီဖုန်းက iPhone Duo ဆိုတဲ့ နာမည်ကို သုံးသွားပါတယ်။ နောက်ဆုံးထွက် leak တွေအတိုင်း အတွင်းအပြင် screen နှစ်ဖက် ၊ wide format နဲ့ အလျားလိုက် ကင်မရာဘားတန်းဒီဇိုင်း သုံးပါတယ်။
တိုက်တေနီယမ်ဖရိမ် နဲ့ Ceramic Shield ကာထားတဲ့ ဒီဖုန်းက hinge တစ်ဖက်တစ်ချက်စီမှာ ဘက်ထရီတစ်လုံးစီ ထည့်ထားပါတယ်။ iPhone Duo က ဘေးဘောင် Touch ID လုံခြုံရေးစနစ်နဲ့လာသလို Apple Watch နဲ့လည်း လော့ခ်ဖွင့်လို့ ရပါတယ်။
အပြင်ဘက် ၅.၄ လက်မ cover display နဲ့ အတွင်း screen ၇.၆ လက်မတွေက Pro Motion support ပေးထားပြီး 3000nits တောက်ပမှုနဲ့ လာပါတယ်။ ဒီဖုန်းက IP68 ပါတဲ့ ဖုန်းဖြစ်ပြီး folding screen ကို ခေါက်တွန့်ရာမပေါ်ဘဲ တစ်သားတည်း ဖြစ်နေအောင် custom nano-texture finish နည်းပညာ သုံးထားပါတယ်။
SoC ကို iPhone 18 Pro lineup မှာ သုံးတဲ့ A20 Pro chip သုံးထားပြီး mmWave 5G ထွက်တဲ့ Apple ထုတ် C2 modem သစ်နဲ့ လာပါတယ်။ Bluetooth 6 နဲ့ Wifi 7 ရတဲ့ Apple N1 chip လည်း ပါပြီး ဈေးကွက်ထဲကိုတော့ eSIM တစ်မျိုးတည်းနဲ့ပဲ ဖြန့်မှာပါ။
ကင်မရာကို 2x tele mode ပါတဲ့ 48MP Fusion ကင်မရာ ၊ macro photography ရတဲ့ 48MP ultrawide ၊ 12MP Center Stage ရှေ့ကင်မရာတွေ သုံးပါတယ်။ အတွင်း screen မှာ under-display selfie ထည့်ထားတယ်ဆိုပေမယ့် ဒီကင်မရာအကြောင်းတော့ မသိရသေးပါဘူး။
iPhone Duo နဲ့ သူ့ UI အတွက် သီးသန့်ပြန်ပြင်ထားတဲ့ iOS 27 ပါပါတယ်။ ဖုန်းကို ဖွင့်လိုက်တာနဲ့ home screen က pages နှစ်ခုကို တစ်ပြိုင်တည်း ဖော်ပြတာ ၊ Dynamic Island ကို screen ဘေးဘက်ခြမ်း ပို့လိုက်တာ ၊ app နှစ်ခုကို Split View နဲ့ ပြိုင်တူသုံးတာ ၊ Home screen dock နဲ့ app menu တွေကို ဘေးရွှေ့တာတွေမျိုးပါ။
iPhone Duo က ဒိုင်ယာရီစာအုပ်ပုံစံ ခေါက်ဖုန်းပါ။ ဈေးကတော့ ပရီမီယမ်ဖုန်းဖြစ်လို့ ၁၉၉၉ ဒေါ်လာက စပါတယ်။ 512GB/1TB နဲ့ 2TB ဗားရှင်းတွေဆို ၂၁၉၉ ဒေါ်လာ ၊ ၂၅၉၉ ဒေါ်လာနဲ့ ၃၁၉၉ ဒေါ်လာအထိ ပေါက်ပါတယ်။
ဒီဖုန်းက Apple Pencil နဲ့လည်း တွဲသုံးနိုင်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၆ ရက် pre-order လက်ခံပြီး ၂၃ ရက်နေ့ ဈေးကွက်ထဲ ဖြန့်မယ်လို့ သိထားပါတယ်။
7 184
+3
မိဘများအနေဖြင့် မိမိတို၏ သားသမီးများ ဆိုရှယ်မီဒီယာများသုံးစွဲခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တိုက်တွန်းပြောကြား
============================
လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကတစ်ဆင့် သတင်းတု၊ သတင်းမှားများဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားသည့် အယူအဆအမှားများကတစ်ဆင့် လမ်းမှား၊ ဘဝပျက်ခဲ့ရသည့် လူငယ်များရှိနေသကဲ့သို လူငယ်များ၏ လောကနီတိဖွံဖြိုးမှု၊ လူငယ်များ၏ စွမ်းရည်မြင့်မားရေးဆိုင်ရာလေ့လာမှုအပိုင်းများတွင် စိတ်ပါဝင်စားမှုနှင့် လိုက်နာမှုများ တစ်စတစ်စလျော့ပါးလာသည့် အနာဂတ်အန္တရာယ်များကို တွေ့မြင်နေရကြောင်း၊ ထိုကြောင့် မိဘများအနေဖြင့် မိမိတို၏ သားသမီးများ ဆိုရှယ်မီဒီယာများသုံးစွဲခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို တက်ရောက်အမှာစကားပြောကြားရာတွင် တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
7 184
+7
တောင်ကြီး အဖိတ်ဈေးနေ့ မြင်ကွင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်
ဝါခေါင်လကွယ် အဖိတ်နေ့ တောင်ကြီးဈေးနေ့ မြင်ကွင်းများ ဖြစ်ပါတယ်...
7 184
မျိုးဆက်သစ်လူငယ်အင်အားသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မျိုးဆက်သစ်လူငယ်အင်အားသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသကဲ့သို ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်သည့်နေရာတွင်လည်း အဓိက မောင်းနှင်အားများပင် ဖြစ်ကြကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ(International Youth Day 2026) အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် လူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေရေးနှင့် နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးပြီး မြန်မာ့လူအဖွဲအစည်းကို မြှင့်တင်လိုစိတ်နှင့် မှန်ကန်သည့် အတွေးအခေါ်များ၊ အလေ့အကျင့်ကောင်းများနှင့် ပြည့်ဝနေသည့် မျိုးဆက်သစ် လူငယ် များအဖြစ် ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးကြောင်း သမ္မတက အလေးထား မှာကြားခဲ့ပါတယ်။
7 184
Repost from N/a
တော်လှန်နွေဦး ဆုပေးပွဲမှာ
ဆုရတဲ့သူတွေကတော့
လုပ်ရပ်နဲ့ ဆုနဲ့ အရမ်းကို
ကိုက်ညီနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်...
ကဲ သီချင်းလေးကို အစဆုံးနားထောင်ပြီး
အကဲ ဖြတ်လိုက်ကြရအောင်... Channel ကို Subscribe လုပ်ထားခဲ့ကြပါခင်ဗျာ။ https://t.me/Tailong888666777
7 184
ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မိမိတိုနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်း Agro-based Industry ဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွားတိုးတက်အောင် ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ၊ ဟနွိင်းမြိုရှိ မြန်မာသံရုံး ၊ စစ်သံရုံးတိုမှ ဝန်ထမ်းများ ၊ မိသားစုဝင်များ ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။
