en
Feedback
Adhipati Education Group

Adhipati Education Group

Open in Telegram

Language School

Show more
1 905
Subscribers
-124 hours
+37 days
+1430 days
Posts Archive
🎁  အဓိပတိကျောင်းသားဟောင်းတွေအတွက် အထူးသတင်းကောင်း🎉 အဓိပတိမှာ 4 Skills Booster level 1A သို့မဟုတ် Level 1 အတန်းပြီးဆုံးထားတဲ့ ကျောင်းသားတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်🎉🎉 🧧 အဓိပတိရဲ့ ကျောင်းသားဟောင်းတွေအနေနဲ့  Level 2 အတန်းကိုမတက်ရောက်ခင် စာ​ပြန်နွှေးချင်တာပဲဖြစ်ဖြစ်၊ 4 Skills Level ညီသွားအောင် ညှိချင်တာပဲဖြစ်ဖြစ် လုပ်ချင်တယ်ဆိုရင်တော့...𝟒 𝐬𝐤𝐢𝐥𝐥𝐬 𝐛𝐨𝐨𝐬𝐭𝐞𝐫 𝐋𝐞𝐯𝐞𝐥 𝟏𝐁  အတန်းလေးကို ယခုဆက်လက်တက်ရောက်လိုပါက ပုံမှန်သင်တန်းကြေး 𝟏𝟗𝟎,𝟎𝟎𝟎𝐌𝐌𝐊 ကို 𝐀𝐥𝐮𝐦𝐧𝐢 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝟑𝟎𝟎𝟎𝟎𝐌𝐌𝐊 အထိ အထူးလျှော့ပေါ့ပေးမဲ့အစီအစဥ်ဖြစ်ပါတယ်။💸💸 4 Skills Booster (Level-1B: Bridging Course) ပြီးဆုံးတဲ့အခါ.. 🔴 မိမိ ပြောချင်တဲ့ အကြောင်းအရာများကို English လို စီကာပတ်ကုံးနဲ့ အထစ်အငေါ့မရှိ ပြောနိုင်လာမယ်။ 🔴 စာကြောင်း တည်ဆောက်ပုံတွေနဲ့ English Idioms များကို ပိုပြီး ထဲထဲဝင်ဝင် နားလည်လာမယ်။ 🔴 Listening & Reading လေ့ကျင့်တဲ့အခါ အရင်ကထက် လွယ်ကူ ချောမွေ့လာမယ်။ 🔴 အလုပ်ခွင်နှင့် ကျောင်းသုံး စာပိုဒ်များကို စနစ်တကျနှင့် အချိတ်အဆက်မိမိ ရေးသားနိုင်လာမယ်။ 🔴 အရေးအကြီးဆုံးအချက်ကတော့ နောက် Level တစ်ခုရောက်သွားတဲ့အခါ စာမလိုက်နိုင်တာမျိုး၊ Basic ကစာတွေကိုပြန်သင်ရတာမျိုး မဖြစ်ရအောင် စနစ်တကျသင်ကြားပေးမှာပါ။ 🧐 လက်ရှိ Level 1 B အတန်းလေးအတွက် လူဦးရေအကန့်အသတ်ရှိတာမို့ အရင်လာအပ်တဲ့ကျောင်းသားတွေကို ပိုပြီးဦးစားပေးပါမယ်ရှင်။ 🙏

photo content

𝐂𝐕 တွေတင်နေပေမဲ့ အလုပ်မရသေးဘူးဆိုရင် ဒီ အမှား (၃) ချက်ကိုလုပ်မိနေလား အမြန်စစ်ကြည့်လိုက်ပါ‼️🔍 ​🛑 ခုမှကျောင်းပြီးခါစ အလုပ်စလျှောက်ရတဲ့အခါ... "အလုပ်တွေ ရာနဲ့ချီ လျှောက်နေပေမဲ့ Interview ခေါ်စာ တစ်စောင်မှ ရောက်မလာဘူး" ဆိုတဲ့ ပြဿနာတွေကြုံရတတ်ပါတယ်။ ဒါကကိုယ့်မှာ အရည်အချင်းမရှိလို့မဟုတ်ဘဲ အလုပ်စလျှောက်တဲ့သူ တော်တော်များများလုပ်လေ့ရှိတဲ့ အသေးအဖွဲ့အမှားလေးတွေကြောင့်ဖြစ်နိုင်ပါတယ်နော်။ ကျောင်းပြီးခါစ အလုပ်လျှောက်မဲ့သူတွေ မသိလိုက်ဘဲ မှားတတ်ကြတဲ့ အမှား (၃) ခုကို ဖော်ပြပေးမှာမို့ ကိုယ်ရော ဒီလိုတွေမှားနေမိလားဆိုတာ စစ်ကြည့်ရအောင်နော်။ 👇 ⚠️CV Form ထဲမှာ "အဆင်ပြေရာ ရေးထားတာ" ကိုယ်လျှောက်မဲ့ ရာထူးနဲ့ မဆိုင်တဲ့ Skills တွေနဲ့ လျှောက်ထည့်တာ၊ စာလုံးပေါင်း အမှားတွေပါနေတာ၊ အင်္ဂလိပ်စာ Grammar အမှားတွေ ပါနေတာဟာ First Impression Down စေပါတယ်။ နောက်ပြီး CV Form ကအရောင်အသွေး စုံလွန်းနေတာ၊ Font အမျိုးအစားနဲ့ အရွယ်အစားတွေ မညီညာတာမျိုးတွေကိုလည်း တတ်နိုင်သမျှရှောင်ပါ။ HR တွေက CV လှနေတာထက် ကိုယ်က ဒီအလုပ်နဲ့ ဘယ်လောက်ကိုက်ညီမှုရှိ၊ မရှိဆိုတာကိုပဲ အဓိကစစ်ဆေးတာပါ။ 📄 နောက်ပြီး အလုပ် ၅ ခုလျှောက်ရင် CV တစ်ခုတည်းကို copy ပွားပြီး လိုက်ပို့တာမျိုး လုပ်နေမိလား? ဒါလည်း မှားလေ့ရှိတဲ့ အမှားပါပဲ။ အလုပ်ခေါ်စာတစ်ခုစီရဲ့ Requirements တွေကို သေချာဖတ်ပြီး အဲဒီအလုပ်နဲ့ ကိုက်ညီမဲ့ Skill နဲ့ အတွေ့အကြုံတွေကို ပေါ်လွင်အောင် ပြင်ဆင်ပြီးမှ လျှောက်သင့်ပါတယ်။ ⚠️ Email ပို့တဲ့အခါ "Blank Mail" ပို့လိုက်တာ Subject မှာ Application for (Job Title) ဆိုပြီး သေချာ ရေးမထားရင် ဒါမှမဟုတ် Subject မပါရင် ကိုယ့် Mail က Spam Folder ထဲ ရောက်သွားနိုင်သလို HR ဘက်ကလည်း ဘာ Mail လဲဆိုတာ မသိလို့ကျော်သွားနိုင်ပါတယ်။ CV Form လေးတစ်ခုပဲ Attachment တွဲပြီး ပို့လိုက်တာမျိုးမလုပ်ဘဲ Email Body မှာ သေသေချာချာ Cover Letter အတိုလေး (ကိုယ် ဘယ်သူလဲ၊ ဘယ်ရာထူးကို လျှောက်တာလဲ၊ ဘာလို့ လျှောက်တာလဲ) ဆိုတာကို ရေးပေးရပါမယ်။ 📧 ပြီးတော့ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့နာမည်အရင်းနဲ့ဖွင့်ထားတဲ့ Professional Mail Address တွေ အသုံးပြုတာပိုပြီးကောင်းပါတယ်။ ဥပမာ CV မှာ နာမည်အရင်းက Thin Thin ဖြစ်နေပြီး၊ အလုပ်လျှောက်တဲ့ Email က Strawberry123@gmail.com ဆိုပြီးဖြစ်နေတဲ့အခါ HR တွေဘက်က Mail အများကြီးထဲမှာ ကိုယ့် Mail Address ကိုပြန်ရှာရခက်သွားပါပြီ။ ⚠️Internship နဲ့ Volunteer အတွေ့အကြုံတွေကို ချန်ထားခဲ့တာ "ငါက ကျောင်းပဲ ပြီးသေးတာ၊ အလုပ်မှမလုပ်ဖူးတာ" ဆိုပြီး CV ရဲ့ Experience နေရာကို အလွတ်ထားခဲ့တာမျိုး မလုပ်ပါနဲ့။ ဒါက ကိုယ့်ရဲ့ ကြိုးစားချင်စိတ်နဲ့ ဒီအလုပ်အပေါ် ဘယ်လောက်စိတ်ဝင်စားမှုရှိလဲဆိုတာကို မပြောပြဘဲချန်ခဲ့လိုက်တာနဲ့ အတူတူပါပဲ။ ဒါဆိုရင် Experience နေရာမှာဘာတွေထည့်လို့ရမလဲ? ကျောင်းမှာ လုပ်ခဲ့တဲ့ Project တွေ၊ Volunteer လှုပ်ရှားမှုတွေ၊ Event တွေမှာ ကူညီခဲ့ဖူးတာတွေနဲ့ Club တစ်ခုခုမှာ ပါဝင်ခဲ့တာတွေကို ကိုယ်လျှောက်မဲ့အလုပ်နဲ့ ဆက်စပ်ပြီး​ထည့်ပေးလို့ရပါတယ်။ 🏅အတွေ့အကြုံတွေကို ရေးတဲ့အခါမှာလည်း ဒီတိုင်းရေးပြတာထက်စာရင် Action Verbs တွေဖြစ်တဲ့ Led, Organized, Managed, Created ဆိုတဲ့ စကားလုံးတွေနဲ့ စနစ်တကျ ရေးပြရင် ရှင်းရှင်းလင်းလင်း ထိထိမိမိဖြစ်စေမှာပါ။ 😉 CV ပြင်တာ၊ Professional Email ရေးတာ၊ Cover Letter ပြင်တာတွေမှာ Grammar အမှားမပါဘဲ Confidence အပြည့်နဲ့ရေးဖို့ English Skill ကို တစ်ဆင့်မြှင့်ချင်တယ်ဆိုရင်တော့ Adhipati မှာ အတန်းလာအပ်လိုက်ပါရှင်။ 🏁 အခမဲ့ Level Test စစ်ဆေးပြီး မိမိနဲ့ ကိုက်ညီမဲ့ သင်တန်းအသေးစိတ်ကို Page Messenger မှာ စုံစမ်း မေးမြန်းနိုင်ပါတယ် 🤩

photo content

❌ စကောလားရှစ်လျှောက်တဲ့အခါ လူသိနည်းတဲ့ "အမှား" (၅) ချက် အရည်အချင်းရှိပါလျက်နဲ့ စကောလားရှစ်ရဖို့ ငြင်းခံလိုက်ရတာဟာ အမှားသေးသေးလေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင် သတိမထားမိဘဲ Reject Listထဲ အော်တိုရောက်သွားစေနိုင်တဲ့ အချက်တွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။ 1️⃣ Copy & Paste လုပ်ထားတဲ့ အက်ဆေးကိုသုံးတာ ကျောင်းတိုင်း၊ စကောလားရှစ် တိုင်းမှာ ရည်ရွယ်ချက်၊ ရည်မှန်ချက် တွေ မတူကြပါဘူး။ ဒါကို သတိမထားဘဲ Scholarship လျှောက်တိုင်း အက်ဆေးတစ်စောင်တည်းကိုပဲ သုံးနေမယ်ဆိုရင် ပညာသင်ဆုပေးတဲ့သူတွေက ချက်ချင်းသိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အက်ဆေး ဟာ အဲဒီကျောင်း၊ အဲဒီအဖွဲ့အစည်းအတွက်ပဲ သီးသန့်ရည်ရွယ်ထားတာမျိုး ဖြစ်ရပါမယ်။ 2️⃣ Deadline ကပ်မှ လျှောက်တာ ငရုတ်သီးလိုပဲ စပ်ပေမဲ့ ရှောင်လို့မရတဲ့ထဲ သူက ထိပ်ဆုံးကပါပါလိမ့်မယ်။ နောက်ဆုံးရက်ကျမှ လျှောက်လွှာတင်တာဟာ အရမ်းအန္တရာယ်များပါတယ်။ Website ကျတာ၊ အင်တာနက်လိုင်းမကောင်းတာ ဒါမှမဟုတ် စာရွက်စာတမ်းတစ်ခုခု လိုနေတာမျိုး ကြုံရရင် ပြင်ဆင်ချိန် မရတော့ပါဘူး။ ဒါကြောင့် အနည်းဆုံးတော့ (၁) ပတ်အလိုလောက်မှာ အပြီးသတ်လျှောက်လိုက်တာမျိုး ပိုအားပေးပါတယ်။ 3️⃣ ကိုယ့်အကြောင်းမဟုတ်ဘဲ သူများအကြောင်းတွေပဲ ရေးနေတာ အက်ဆေးရေးတဲ့အခါ ကိုယ်တက်ခဲ့တဲ့ကျောင်းအကြောင်း၊ ကိုယ့်မိဘအကြောင်း ဒါမှမဟုတ် နိုင်ငံရဲ့အခြေအနေတွေကိုပဲ အရှည်ကြီး ရေးတတ်ကြပါတယ်။ စကောလားရှစ်ပေးတဲ့သူတွေ သိချင်တာက "ကိုယ့်အကြောင်း" ပါ။ အရင်တုန်းက ကိုယ်ဘာလုပ်ခဲ့လဲ၊ အခုရော ဘာတွေလုပ်နေလဲ၊ အနာဂတ်မှာ ဘာဖြစ်ချင်တာလဲဆိုတာကိုပဲ အဓိက Focus ထားပြီး ရေးရပါမယ်။ 4️⃣ Eligibility ကို သေချာမဖတ်တာ စကောလားရှစ်တိုင်းဟာ ကိုယ်ပိုင်သတ်မှတ်ချက်ရှိပါတယ်။ အသက်ကန့်သတ်ချက်၊ ဘာသာရပ်ကန့်သတ်ချက် ဒါမှမဟုတ် အမှတ်စာရင်း လိုအပ်ချက်တွေကို သေချာမကြည့်ဘဲ လျှောက်လိုက်တာဟာ အချိန်ကုန် လူပင်ပန်းရုံပဲ ရှိမှာပါ။ ဒါကြောင့် မလျှောက်ခင် ကိုယ်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ အရင်ဆုံး သေချာဖတ်သင့်ပါတယ်။ 5️⃣ အသေးအဖွဲ အမှားလေးတွေကို လျစ်လျူရှုတာ စာလုံးပေါင်းအမှား၊ သဒ္ဒါအမှားတွေပါတာ၊ စကန်ဖတ်တဲ့အခါ ကြည်လင်ပြတ်သားမှုမရှိတာတွေဟာ Professional မဆန်ဘူးလို့ ထင်သွားစေပါတယ်။ "ဒီလောက်လေးကတော့ ဘာဖြစ်မှာလဲ" လို့ မတွေးပါနဲ့။ သပ်ရပ်ပြီး တိကျတဲ့ လျှောက်လွှာတစ်ခုကသာ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြသနိုင်ပါတယ်။ ✔️ အသေးအဖွဲလေးတွေကအစ ဂရုစိုက်နိုင်မယ်ဆိုရင် စကောလားရှစ်ရဖို့ တစ်ဝက် ခြေလှမ်းလှမ်းလိုက်နိုင်ပါပြီ။ အဓိပတိတို့ကရော Scholarship လျှောက်တဲ့အခါ ဘယ်အမှားတွေကို လုပ်ခဲ့ဖူးလဲ…ပြောပြခဲ့ပါဦး။

🎉 Adhipiti ရဲ့ Pronunciation Camp ကို တက်ရောက်ဖို့ Email လေး စစ်ပေးပါဦးနော် 📩 Adhipiti နဲ့အတူ English Pronunciation ကို စနစ်တကျ လေ့ကျင့်ဖို့ စာရင်းသွင်းထားကြတဲ့ ကျောင်းသား၊သူများအားလုံး မင်္ဂလာပါရှင်။ Pronunciation Camp အတွက် တက်ရောက်ရမဲ့ Zoom Link ကို Register လုပ်ထားတဲ့ Email ဆီပို့ပေးထားပါတယ်နော်။ 📩 📌 Email လေး ရ/မရ သေချာစစ်ဆေးပေးပါနော်။ Primary Inbox မှာ မတွေ့ပါက Spam / Junk Folder များကိုပါ ထပ်မံစစ်ဆေးပေးဖို့ မမေ့ပါနဲ့နော်။ တကယ်လို့ Link မရောက်သေးတာမျိုး ရှိရင်လည်း Adhipiti ရဲ့ Chat Box မှာ အကြောင်းကြားပေးလို့ ရပါတယ်ရှင်။ Class မှာ တွေ့ကြပါမယ်😉

photo content

အခြေခံအင်္ဂလိပ်စာအတန်းတွေ တက်ပြီးပေမဲ့ စကားပြောနဲ့ အရေးပိုင်းမှာ အခက်အခဲ ရှိနေပါသလား…❓ 💭 ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို ပိုပြီးအဆင့်မြင့်မြင့်နဲ့ ယုံကြည်မှုရှိရှိ သုံးစွဲနိုင်ဖို့အတွက် 4 Skills Booster (Level-1B: Bridging Course) အတန်းလေး လာပါပြီနော် ✨ 💡 ဒီ Level-1B အတန်းလေးကို ပြီးမြောက်သွားတာနဲ့ Level 2 (Intermediate) အတန်းကို အခက်အခဲမရှိ ချောချောမွေ့မွေ့ ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်ရှင်။ (၈) ပတ်တာအတွင်းမှာ English 4 Skills ကို သာမာန်သင်ကြားပေးတာမျိုးမဟုတ်ဘဲ Level 2 တက်ရောက်ဖို့ လိုအပ်တဲ့ Essential Skills တွေကို အခြေခံခိုင်မာအောင် စနစ်တကျ လေ့ကျင့်ပေးသွားမှာပါ… ✨ အတန်းပြီးတဲ့အခါ ဘယ်လို Skills တွေတိုးတက်လာမလဲ❓ 🔴 ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို English လို စီကာပတ်ကုံးနဲ့ အထစ်အငေါ့မရှိ ပြောနိုင်လာပါမယ်။ 🔴 စာကြောင်းတည်ဆောက်ပုံတွေနဲ့ English Idiom တွေကိုပိုပြီးထဲထဲဝင်ဝင်နားလည်လာမယ်။ 🔴 Listening & Reading လေ့ကျင့်တဲ့အခါ အရင်ကထက် လွယ်ကူချောမွေ့လာမယ်။ 🔴 အလုပ်ခွင်/ကျောင်းသုံး စာပိုဒ်တွေကို စနစ်တကျနဲ့ အချိတ်အဆက်မိမိ ရေးသားနိုင်လာမယ်။ 🗓️ Class Details & Schedule ⚡ 4 Skills Booster ⚡ 🏁 Level - 1B (Bridging Course) 🏁 🕣 6:30 - 8:00 PM (Mon & Sat) 🗓️ August 22 (8 weeks) 💳 190,000 MMK 📌 မိမိနဲ့ ဘယ် Level ကိုက်ညီမလဲ မသေချာပါက Page Messenger မှာ "4 Skills Booster - Level Test" ဟု စာပို့ပြီး အခမဲ့ Test ဖြေဆိုကြည့်နိုင်ပါတယ်နော်။ Level 1B ကနေ Level 2 အထိ တက်လှမ်းပြီး English Skills ကို စနစ်တကျမြှင့်တင်ဖို့ Messenger မှာ "Level 1B" ဟု ရေးသားပြီး အခုပဲ Registration ပြုလုပ်လိုက်ပါရှင်🤩

photo content

English လို ခေါင်းထဲမှာတော့သိတယ်… နှုတ်ကထွက်မလာဘူး ဖြစ်နေပါသလား…❓ 💭 အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်ပဲဖြစ်ဖြစ် English 4 Skills ကို အခြေခံကစပြီး ယုံကြည်မှုရှိရှိ ပြန်လည်မြှင့်တင်ချင်သူတွေအတွက် 4 Skills Booster (Level-1A) အတန်းလေး လာပါပြီနော် 🚀 ဒီအတန်းကတော့ (၈) ပတ်တာ သင်တန်းကာလအတွင်းမှာ နေ့စဉ်သုံး အင်္ဂလိပ်စကားတွေကို နားလည်ပြီး ယုံကြည်မှုရှိစွာ ပြောဆို၊ ရေးသားနိုင်အောင် စနစ်တကျ လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်… ✨ 💡 ဒီအတန်းမှာ ဘာတွေပါဝင်မလဲ❓ 🚀 စကားပြောနဲ့ အရေးအတွက် တကယ်လိုအပ်တဲ့ Grammar, Vocabulary နဲ့ Pronunciation များကို အခြေခံမှစ၍ သင်ကြားပေးခြင်း။ 🚀 အတန်းချိန်အပြင် ပြင်ပမှာပါ လက်တွေ့စကားပြောလေ့ကျင့်နိုင်မဲ့ Speaking Buddies အစီအစဉ်များ။ 🚀 Assignment တိုင်းအတွက် တီချယ့်ဆီက တစ်ဦးချင်းစီ Feedback ပေးခြင်းနဲ့ English စာတိုးတက်လာဖို့အတွက် 1-on-1 တိုင်ပင်ဆွေးနွေးနိုင်ခြင်း။ 🗓️ Class Details & Schedule ⚡ 4 Skills Booster ⚡ 🏁Level-1A 🏁 🕣 6:30-8:00 PM (Mon & Sat) 🗓️ August 22 (8 weeks) 💳 190,000 MMK 📌 မိမိနဲ့ ဘယ် Level ကိုက်ညီမလဲ မသေချာပါက Page Messenger မှာ "4 Skills Booster - Level Test" ဟု စာပို့ပြီး အခမဲ့ Test ဖြေဆိုကြည့်နိုင်ပါတယ်နော်။ English ဘာသာစကားကို (၈) ပတ်တာအတွင်း စနစ်တကျတတ်မြောက်ဖို့ Messenger မှာ "Level 1A" ဟု ရေးသားပြီး အခုပဲ Registration ပြုလုပ်လိုက်ပါရှင်🤩

photo content

Grammar ဆိုရင် ငယ်ငယ်ကတည်းက ခေါင်းခြောက်ခဲ့ရသူတွေအတွက်… ငယ်ငယ်က Grammar တွေကို အလွတ်ပဲကျက်ခဲ့ရလို့ တကယ်သုံးတော့ မှန်းသုံးနေရတုန်းပဲဆိုရင်…Adhipiti ရဲ့ Basic Grammar for Speaking & Writing အတန်းကိုလာ Join လိုက်ပါ။ ဒီအတန်းလေးကတော့… 👉 အင်္ဂလိပ်ဘာသာစကားကို အခြေခံကစပြီး စနစ်တကျ ပြန်လည်သင်ယူချင်သူများ 👉 သိထားရမဲ့ Grammar စည်းမျဉ်းတွေကို မှန်မှန်ကန်ကန် ပြောတတ်၊ ရေးတတ်ချင်သူများ 👉 စည်းမျဉ်းတွေကို သိပေမဲ့ စာကြောင်းဖွဲ့တဲ့အခါ ဘယ်လိုထည့်သုံးရမလဲ မသိသေးသူများ… အတွက် သီးသန့် အထူးပြင်ဆင်ထားတဲ့ အတန်းလေး ဖြစ်ပါတယ်။ ဒီအတန်းမှာ တက်ရောက်ရုံနဲ့ ဘာတွေ ရရှိမှာလဲ❓ 💡 Grammar ကို နှံ့နှံ့စပ်စပ် နားလည်လာပြီး နေ့စဉ်သုံး အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ စက်သေနတ်လို ပြောဆို/ရေးသားနိုင်လာမယ်။🗣 💡 Grammar Rules တွေ အလွတ်ကျက်၊ အဖြေတိုက်ရုံ သမားရိုးကျသင်ကြားနည်းမျိုး မဟုတ်ဘဲ ထိရောက်မှုရှိမဲ့ သင်ကြားမှုပုံစံသစ်ကို ရရှိပါမယ်။ 💡 အတန်းထဲမှာ သင်ခန်းစာတွေအသစ်တွေကို စိတ်ဝင်စားစရာ Activity တွေ၊ Game တွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာရပါမယ်။ 💡 သင်တန်းသားဦးရေ ကန့်သတ်ထားပြီး Zoom Live Class ဖြစ်တဲ့အတွက် Small-Group Discussion များ၊ တစ်ဦးချင်းစီအတွက် Direct Feedback များ ရရှိနိုင်ပါတယ်။ 📌 အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပြီး Grammar ကို စနစ်တကျ ပိုင်နိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ဆိုရင် ငယ်ငယ်ကတည်းက ခေါင်းခြောက်ခဲ့ရသူတွေအတွက်… ငယ်ငယ်က Grammar တွေကို အလွတ်ပဲကျက်ခဲ့ရလို့ တကယ်သုံးတော့ မှန်းသုံးနေရတုန်းပဲဆိုရင်…Adhipiti ရဲ့ Basic Grammar for Speaking & Writing အတန်းကိုလာ Join လိုက်ပါ။ ဒီအတန်းလေးကတော့… 👉 အင်္ဂလိပ်ဘာသာစကားကို အခြေခံကစပြီး စနစ်တကျ ပြန်လည်သင်ယူချင်သူများ 👉 သိထားရမဲ့ Grammar စည်းမျဉ်းတွေကို မှန်မှန်ကန်ကန် ပြောတတ်၊ ရေးတတ်ချင်သူများ 👉 စည်းမျဉ်းတွေကို သိပေမဲ့ စာကြောင်းဖွဲ့တဲ့အခါ ဘယ်လိုထည့်သုံးရမလဲ မသိသေးသူများ… အတွက် သီးသန့် အထူးပြင်ဆင်ထားတဲ့ အတန်းလေး ဖြစ်ပါတယ်။ ဒီအတန်းမှာ တက်ရောက်ရုံနဲ့ ဘာတွေ ရရှိမှာလဲ❓ 💡 Grammar ကို နှံ့နှံ့စပ်စပ် နားလည်လာပြီး နေ့စဉ်သုံး အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ စက်သေနတ်လို ပြောဆို/ရေးသားနိုင်လာမယ်။🗣 💡 Grammar Rules တွေ အလွတ်ကျက်၊ အဖြေတိုက်ရုံ သမားရိုးကျသင်ကြားနည်းမျိုး မဟုတ်ဘဲ ထိရောက်မှုရှိမဲ့ သင်ကြားမှုပုံစံသစ်ကို ရရှိပါမယ်။ 💡 အတန်းထဲမှာ သင်ခန်းစာတွေအသစ်တွေကို စိတ်ဝင်စားစရာ Activity တွေ၊ Game တွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာရပါမယ်။ 💡 သင်တန်းသားဦးရေ ကန့်သတ်ထားပြီး Zoom Live Class ဖြစ်တဲ့အတွက် Small-Group Discussion များ၊ တစ်ဦးချင်းစီအတွက် Direct Feedback များ ရရှိနိုင်ပါတယ်။ 📌 အမြဲတမ်းလူပြည့်မြန်တဲ့အတန်းဖြစ်တာကြောင့် အမြန်ပဲ စာရင်းပေးသွင်းလိုက်ပါနော်။

အင်္ဂလိပ်စာကြောက်စိတ်ကြောင့် အခွင့်အလမ်းကောင်းတွေ လက်လွတ်မခံရအောင် Adhipiti ရဲ့အတန်းသစ်တွေနဲ့အတူစတင်လိုက်ပါ 🚀 အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် အခွင့်အလမ်းကောင်းတွေ ရှိလာတဲ့အခါ အင်္ဂလိပ်စာ ကြောက်စိတ်ကြောင့် လက်လွတ်လိုက်ရတာမျိုး ကြုံဖူးပါသလား❓ 📍 အင်္ဂလိပ်စာ အခြေခံ ရှိပေမဲ့ တကယ်တမ်း ယုံကြည်မှုရှိရှိ မပြောရဲသေးတာ… 📍 စကားပြောရင် မှားမှာစိုးလို့ တွန့်ဆုတ်နေမိတာ… 📍 English Skill ကြောင့် ကိုယ်လိုချင်တဲ့ Goal တွေနဲ့ ဝေးကွာနေရတာ… ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီး English Skill သိသိသာသာ တိုးတက်လာစေဖို့ Adhipati Education ရဲ့  အသစ်ဖွင့်လှစ်မဲ့ August အတန်းတွေကို Join လိုက်ပါ။ Adhipati ရဲ့ English Class တွေက... ✅ Zoom Application နဲ့သင်​ကြားပေးတာမလို့ ဘယ်နေရာကမဆို စနစ်တကျသင်ယူနိုင်ပါတယ်။ ✅ ကျောင်းသားတစ်ဦးချင်းစီတိုင်းကို အလေးထား ဂရုစိုက်နိုင်ဖို့ လူဦးရေကန့်သတ်ထားပါတယ်။ ✅ "အခမဲ့" Level Test စစ်ဆေးပေးပြီး အတန်းတိုင်းမှာထိရောက်တဲ့ Result တစ်ခုပြနိုင်အောင် လေ့ကျင့်ပေးပါတယ်။ 📝 ✅ သင်တန်းကြေးအပြင် အခြားသော Hidden cost လုံးဝ(လုံးဝ)မရှိပါဘူး။ Page Messenger ကိုဆက်သွယ်ပြီး သင်တန်းရွေးချယ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းများ မေးမြန်းနိုင်သလို၊ (အခမဲ့) Level Test လည်း လာရောက်​​​ဖြေဆိုနိုင်ပါပြီရှင်။ ⚠️ Quality Class ဖြစ်ပြီး အတန်းတိုင်းမှာကျောင်းသားလူဦးရေ အကန့်အသတ်ရှိတာမို့ အခုပဲ စာရင်းပေးသွင်းပြီး Adhipati နဲ့အတူ English Journey ကို စတင်လိုက်ပါနော်။❗

photo content

IELTS မေးခွန်းပုံစံပြောင်းတယ်ဆို? ကြောက်စရာကြီး 😢…မဖြေရသေးတော့ အတန်းတွေပြန်တက်ရတော့မှာလား တီချယ်ရေ” ဆိုပြီး IELTS Ready ကျောင်းသားဟောင်းတစ်ယောက်လာမေးပါတယ်။ ဒီ နှစ်ထဲမှာပဲ ဒီလို သတင်းတွေ တွေ့ကြပြီး panic ဖြစ်ကုန်ကြတဲ့ ကလေးတွေ တော်တော်များပါတယ်။ ကိုယ်လဲ ပြာသလဲလဲ confirm လို့ရအောင် Official Statement တွေ လိုက်ရှာရပါသေးတယ်။ ပြီးမှ အော်.. ဆိုပြီး စိတ်ပူစရာ မလိုကြောင်း သူတို့ကို ပြန်နှစ်သိမ့်ရပါတယ်။ IELTS က ဖြတ်လမ်းလိုက်တဲ့ လေ့ကျင့်နည်းတွေ၊ခန့်မှန်းပြီးပဲဖြေတာတွေ၊ ပုံသေ မှတ်ထားတာတွေရဲ့ သက်ရောက်မှု လျော့သွားအောင် မေးခွန်း Structure ကိုနည်းနည်း ပြောင်းလိုက်တာပဲရှိပါတယ်။ ခက်ခဲတဲ့ မေးခွန်း ပုံစံလုံးဝ အသစ်ကြီး တွေ ထည့်လိုက်တာမျိုးမဟုတ်ပါဘူး။ IELTS READY ကျောင်းသားဟောင်းတွေ စိတ်ပူစရာ မလိုတဲ့ အကြောင်းရင်းတွေ ကတော့ ၁။ Skill တစ်ခုချင်းစီရဲ့မေးခွန်းပုံစံ တစ်ခုချင်းစီအတွက် အားသာချက်အားနည်းချက်တွေ မြင်ရအောင် ၁၀ ပတ်လုံး Weekly-practice schedule အတိအကျ နဲ့ လေ့ကျင့်ပြီး Feedback ယူရတာဖြစ်ပါတယ်။ မေးခွန်းဟောင်းတွေမှာ မေးဖူးသမျှ မေးခွန်းပုံစံ အားလုံးကို လေ့ကျင့်ရတာမို့ နောက်ပိုင်း မေးခွန်း တွေမှာ order တွေပြောင်းသွားတယ်ဆိုရင်တောင် ဒီအပိုင်းမှာ ဒါမေးတယ် ဆိုတဲ့ format အသေနဲ့ လေ့ကျင့်ရတာမဟုတ်ပဲ မေးခွန်းပုံစံ အလိုက် ချဉ်းကပ်လို့ရမဲ့ပုံစံတွေကို အဓိကထားလေ့ကျင့်ရတာမို့ လို့ ဘယ်လိုပြောင်းပြောင်း အေးဆေးပဲ ဖြစ်မှာပါ။ ၂။ Writing ဆိုရင် လဲ Template အတိုင်း ဝင်အောင် အသေမှတ်ရတာမျိုးမဟုတ်ပဲ Critical Thinking နဲ့ Planning ကိုပိုင်နိုင်အောင် အဓိကထားလေ့ကျင့်ထားရတာမို့ ကိုယ့်ရဲ့ အာဘော်အတိုင်း မဖြစ်မှာ စိတ်ပူစရာ မလိုပါဘူး။ IELTS Writing တင် မဟုတ်ပဲ အတန်းထဲမှာ Academic Writing Skills တွေ၊ Grammar Refresher တွေက အစ ပြန်လုပ်ထားရတယ်မလား 🤗 ၃။ Speaking မှာလဲ ဆရာနဲ့ပဲ မဟုတ်ပဲ လူပေါင်းစုံနဲ့ ပြောကျင့်ရှိအောင်၊ အတန်းပြင်ပမှာလဲ ပြောကျင့် ရှိအောင် အပတ်စဉ် assign လုပ်ပေးတဲ့ Speaking Buddy အစီစဉ်ရှိတယ်။ Topic ပေါင်းစုံကို သဘာဝကျကျ ပြောကျင့်ရှိအောင်လေ့ကျင့်လို့ရမဲ့ 50+ Themed Question Collection တွေနဲ့ လေ့ကျင့်ထားရတယ်။ ၄။ Speaking နဲ့ Writing နှစ်ခုလုံး အတွက် Band Descriptor အလိုက် ကွာခြားချက်တွေ ကို ဝေမျှထားပေးပြီး အားသာချက်အားနည်းချက်တွေကို criteria အလိုက် feedback ပေးပေးတာမို့ ဘာမေးမေး ကိုယ်လိုချင်တဲ့ score အလိုက် ဘာတွေ ဖြည့်ဖို့လိုမလဲဆိုတာ ကိုယ့်ကိုကိုယ်သုံးသပ်ရင်း အတန်းပြီး သွားလဲ self-study ဆက်လုပ်လို့ရနေမယ်။ ၅။ IELTS နဲ့ပတ်သတ်သမျှ Useful resources(books, websites, articles, channels, tips and tricks, etc.)တွေကိုလဲ ဝေမျှ ထားပေးတယ်။ ၆။ လိုတာရှိရင် တီချယ်ဖြူတီးဆီ ပြေးလာရုံပဲ ဟဲဟဲ ကြောက်စရာ ဘာမှ မရှိဘူးရော် ဟုတ်တယ်မလား? Official Statements တွေနဲ့ Update တွေကို ပုံမှန် စောင့်ကြည့်ပြီး Curriculum ကို လဲ အမြဲ Update လုပ် ထားပါတယ်နော် ! တီချယ် ဖြူတီး

English skill တိုးတက်ဖို့အတွက် ဘာတွေလုပ်ပြီးပြီလဲ? အင်္ဂလိပ်လို သိနေသလိုရှိပေမယ့် တကယ်တမ်းကျတော့ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆ
English skill တိုးတက်ဖို့အတွက် ဘာတွေလုပ်ပြီးပြီလဲ? အင်္ဂလိပ်လို သိနေသလိုရှိပေမယ့် တကယ်တမ်းကျတော့ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆက်ဆံဖို့ ခက်နေတုန်းပဲလား? အခွင့်အလမ်းကောင်းတွေ ပေါ်လာတဲ့အခါ English ကြောင့် နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေလား? အဓိတိ က အကောင်းဆုံးပြင်ဆင်ထားတဲ့ ဒီလအတွက်အတန်းတွေကို မိတ်ဆက်ပေးပါရစေ။ အမည် ၊ ဖုန်းနံပါတ် နဲ့ တက်မယ့်အတန်းလေးကိုပြောပြီး အခုပဲ Page Messenger (သို့) Telegram @adpt_‌admin မှာ လာရောက်စာရင်းသွင်းလိုရပါတယ် ။ မိမိရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးဘယ်အတန်း ကို ရွေးချယ်ပြီးတက်သင့်လဲဆိုတာကို အကြံပေးဆွေးနွေးမှု နဲ့ Level Test (အခမဲ့) ရယူလို ရပါတယ်နော် ။ အတန်းတိုင်းအတွက် အများဆုံးအတန်းသား 10 ယောက်သာ လက်ခံသွားမှာ ဖြစ်လို့ လူမပြည့်ခင် အမြန်ဆုံးလာစာရးသွင်းထားဖို့လိုပါမယ်နော်။

အင်္ဂလိပ်စာ အခြေခံတော့ ရှိနေပြီ၊ ဒါပေမဲ့ Presentation လုပ်ရတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ဖက်လူနဲ့ စကားပြောရတဲ့အခါပဲဖြစ်ဖြစ် ယုံကြည်မှု
အင်္ဂလိပ်စာ အခြေခံတော့ ရှိနေပြီ၊ ဒါပေမဲ့ Presentation လုပ်ရတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ဖက်လူနဲ့ စကားပြောရတဲ့အခါပဲဖြစ်ဖြစ် ယုံကြည်မှု မရှိသေးဘူးဆိုရင်... ဒါဟာ ကိုယ့်မှာရှိတဲ့ Vocabulary တွေကို စနစ်တကျ ပြန်မထုတ်သုံးနိုင်သေးလို့ပါ။ 4 Skills Booster Level 2 က ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဒီဇိုင်းထုတ်ထားတာပါ။ 8:00 - 9:30 PM (Sat & Sun) May 16, 2026 (8 weeks) 190,000 MMK ဒီအတန်းမှာ ဘာတွေ ရမလဲဆိုရင်- ✅ Beyond Communication: ပုံမှန်အသုံးအနှုန်းထက် ပိုတဲ့ စကားလုံးအလှတွေကို သုံးတတ်လာမယ်။ ✅ Essential Skills: Grammar, Pronunciation နဲ့ Presentation Skills တွေကို တစ်ပါတည်း လေ့ကျင့်ပေးမှာပါ။ ✅ Individual Feedback: ကိုယ့်ရဲ့ Assignment တိုင်းအတွက် တစ်ဦးချင်း feedback ပြန်ပေးတာမို့ ဘာပြင်ရမလဲဆိုတာ ချက်ချင်းသိနိုင်တယ်။ ✅ Speaking Buddies: အတန်းပြင်ပမှာပါ စကားပြောဖော်ရှိနေမှာပါ။ ကိုယ့်ရဲ့ Level ကို သေချာမသိသေးရင် Messenger မှာ Level Test လေး အရင်ဖြေကြည့်ရအောင်နော်။

(၂၀၂၆) ရဲ့ ၅ လမြောက်တောင် ရောက်လာပြီ..English skill တိုးတက်ဖို့ ဘာတွေလုပ်ပြီးပြီလဲ? ⚠️ အင်္ဂလိပ်စာတတ်ပေမယ့် တကယ်တမ်းကျ ကိုယ့်
(၂၀၂၆) ရဲ့ ၅ လမြောက်တောင် ရောက်လာပြီ..English skill တိုးတက်ဖို့ ဘာတွေလုပ်ပြီးပြီလဲ? ⚠️ အင်္ဂလိပ်စာတတ်ပေမယ့် တကယ်တမ်းကျ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆက်ဆံဖို့ ခက်နေတုန်းပဲလား? ⚠️ အခွင့်အလမ်းကောင်းတွေ ပေါ်လာတဲ့အခါ English ကြောင့် နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေလား? အချိန်က ဘယ်သူ့ကိုမှ မစောင့်ပါဘူး..ဒီလိုပဲ ဆက်သွားနေရင် အိပ်မက်တွေ၊ အခွင့်အလမ်းတွေက ပိုပြီး ဝေးကွာသွားနိုင်ပါတယ်။ ဒါကြောင့် Adhipati က အကောင်းဆုံးပြင်ဆင်ထားတဲ့ မေလအတန်းတွေကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ သင်တန်းတွေက.. ✅ ဘယ်နေရာကမဆို တက်လို့ရမယ့် Zoom အတန်းတွေ ✅ တစ်တန်းဆို တစ်တန်း ထိရောက်မှုရှိပြီး result မြင်ရစေမယ့် Quality Class တွေ ✅ သင်တန်းကြေးသက်သာပြီး ဘာ hidden cost မှ မရှိတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ⚠️ Quality Class ဖြစ်တာကြောင့် တစ်တန်းကို လူဦးရေ ကန့်သတ်ထားပါတယ်။ Page Messenger (သို့) Telegram @pluto_adpt ကိုဆက်သွယ်ပြီး သင်တန်းရွေးချယ်မှုနဲ့ ပတ်သက်သည့် မေးခွန်းများ မေးမြန်းနိုင်သလို၊ (အခမဲ့) Level Test ကိုလည်း ရယူနိုင်ပါပြီခင်ဗျာ။ အခုပဲ စာရင်းပေးသွင်းပြီး Adhipati နဲ့အတူ English Journey ကို စတင်လို့ရပါပြီ။

(၂)လနဲ့ အင်္ဂလိပ်လိုပြောဖို့ ယုံကြည်ချက်ရှိစေရမယ်။ အင်္ဂလိပ်စကားပြော နဲ့ တွေးခေါ်ပြောဆိုမှုကို သင်ကြားပေးသွားမယ့် Pre-Interme
(၂)လနဲ့ အင်္ဂလိပ်လိုပြောဖို့ ယုံကြည်ချက်ရှိစေရမယ်။ အင်္ဂလိပ်စကားပြော နဲ့ တွေးခေါ်ပြောဆိုမှုကို သင်ကြားပေးသွားမယ့် Pre-Intermediate Level Speaking Booster အတန်းဟာ နေ့စဉ်ဘဝမှာ ပုံမှန်လိုအပ်တဲ့ အခြေနေမျိုးစုံအတွက် အင်္ဂလိပ်လို ရဲရဲပြောတတ်စေဖို့နဲ့ မှန်မှန်ကန်ကန် ပြောတတ်လာစေဖို့ အဓိကလေ့ကျင့်ပေးသွားမယ့် (၈) ပတ်ကြာ အတန်းဖြစ်ပါတယ်။ ✔️ အင်္ဂလိပ်စကားပြောသီးသန့် လေ့ကျင့်ချင်တဲ့သူတွေ ✔️ လက်တွေ့အခြေအနေမှာ အင်္ဂလိပ်လိုပြောဖို့ အခွင့်အလမ်း ရှာနေသူတွေ ✔️ နေ့စဥ်ဘဝမှာ အင်္ဂလိပ်လို ပြောဆိုဆက်သွယ်တဲ့အခါ ကိုယ်ကိုကိုယ် ယုံကြည်မှု မရှိဘူးလို့ ခံစားနေရတဲ့ သူတွေ ✔️ အာသွက်လျှာသွက် ပြောတတ်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။ 💎 အင်္ဂလိပ်လို ပြောတဲ့အခါ လက်တွေ့ကြုံတွေ့ရမယ့် အခြေအနေတွေကို အခြေခံထားတဲ့ စိတ်ဝင်စားစရာ activities တွေနဲ့ တစ်ဦးချင်း ရော အဖွဲ့လိုက်ပါ ဆွေးနွေး၊ ပြောဆို လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ⚠️ လူဦးရေကို လုံးဝကန့်သတ်ထားပြီး တစ်ဦးချင်းစီ အတွက် Feedback ပေးသွားမှာ ဖြစ်ပါတယ်။ ⚠️ ဆရာပြောတာကိုပဲ နားထောင်ရမှာမဟုတ်ဘဲ ကိုယ်တိုင် လေ့ကျင့်ရမယ့် အတန်းဖြစ်ပါတယ်။

အခြေခံတော့ သိနေပြီ...ဒါပေမဲ့ စကားပြောရင် စာကြောင်းတိုလေးတွေပဲ ပြောမိနေတုန်းလား အခြေခံ Grammar နဲ့ Vocabulary တွေ သိထားပြီးပြီ
အခြေခံတော့ သိနေပြီ...ဒါပေမဲ့ စကားပြောရင် စာကြောင်းတိုလေးတွေပဲ ပြောမိနေတုန်းလား အခြေခံ Grammar နဲ့ Vocabulary တွေ သိထားပြီးပြီဆိုရင် အခုအချိန်ဟာ Intermediate ကို တိုက်ရိုက်မသွားခင် ကိုယ့်ရဲ့ Skill ကို ပိုပြီး "Solid" ဖြစ်အောင် တည်ဆောက်ရမယ့်အချိန်ပါ။ ဒီအတန်းက ✅ Pre-intermediate နဲ့ Intermediate ကြားက ကွက်လပ်ကို ဖြည့်ပေးမယ့် "Bridge Course" တစ်ခုဖြစ်ပါတယ်။ ✅ "Yes/No" ဖြေရုံတင်မဟုတ်ဘဲ အကြောင်းအရာတစ်ခုအပေါ် ကိုယ့်ရဲ့ Opinion ကို အကျိုးအကြောင်းခိုင်လုံစွာ နဲ့ ပြောဆိုနိုင်လာမယ်။ ✅ အခြေခံထက် ပိုမိုနက်ရှိုင်းတဲ့ Tense အသုံးအနှုန်းတွေနဲ့ Sentence structures တွေကို ပိုင်နိုင်လာမယ်။ ✅ စာအုပ်ထဲက စကားလုံးတွေတင်မဟုတ်ဘဲ Real-world မှာ အသုံးများတဲ့ Idioms နဲ့ Expressions တွေကို သုံးနှုန်းတတ်လာမယ်။ ✅ Paragraph တစ်ခုကို စနစ်တကျနဲ့ အမှားအယွင်းမရှိ ရေးသားနိုင်အောင် လေ့ကျင့်ပေးမှာပါ။ အဓိပတိရဲ့ ထုံးစံအတိုင်း အမြဲတမ်း Support ပေးနေမယ့် Speaking Buddies၊ လိုအပ်တာတွေကို ထောက်ပြပေးမယ့် Individual Feedback နဲ့ ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ Individual Sessions တွေကတော့ ဒီ Level မှာလည်း အပြည့်အဝ ပါဝင်နေမှာပါ။