en
Feedback
သံတော်ဆင့် 1

သံတော်ဆင့် 1

Open in Telegram

နိုင်ငံရေး/စစ်ရေး သတင်းစုံ သတင်းအမှန်ကို ပြန်ကြားပေးနေတဲ့ သံတော်ဆင့်

Show more
1 444
Subscribers
-224 hours
-57 days
-3830 days
Posts Archive
🏆 4926 Operation 🏆 စက်တင်ဘာ ၇ ရက်နေ့ ဆင်လန်ဒေသအတွင်းရှိ အကြမ်းဖက် AA စခန်းတစ်ခုအား တပ်မတော်က စီးနင်းတိုက်ခိုက်သိမ်းပိုက်။ ရန်သူမှာ ပြန်လည်မခုခံနိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေးသွားပြီး မိမိတပ်ဖွဲ့များက လိုက်လံချေမှုန်းလျက်ရှိ။ - Congratulations ပါ မြန်မာ့တပ်မတော်သားများ တိုက်ပွဲသတင်းစုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ အမှတ်(၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ် စက်တင်ဘာလ ၇ ရက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ အမှတ်(၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်း၌ ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ ယနေ့နံနက်ပိုင်းက အဆိုပါ နယ်မြေခံသင်တန်းကျောင်း စုပေါင်းတန်းစီ ကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များ၊ နမ့်စန်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ် ဌာနေ တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာနိုင်ငံတော်အလံအလေးပြုပြီးနောက်နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ် ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားပြီး စစ်ရေးပြအစီစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးမှ သင်တန်းကျောင်းခန်းမ၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သို့တက်ရောက်ကြမည့် သင်တန်းသားများအား သင်တန်းဖွင့် အမှာစကား ပြောကြားပြီးနောက်တာဝန်ရှိသူများကသင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ ငွေများချီးမြှင့်ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးမှ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယတိုင်းမှူးမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈)မှ နိုင်ငံ့ သားကောင်းသင်တန်းသားများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် အဆိုပါ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)ကို သင်တန်းသား(၁၉၂)ဦးဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ သင်တန်းကာလ(၁၂)ပတ်ကြာ သင်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

4926 စစ်ဆင်ရေးဆိုပြီး နာမည်ပေးထားတဲ့ မြန်မာ့တပ်မတော်ရဲ့ အထွေထွေထိုးစစ်ကြီးဟာရခိုင်ပြည်နယ်တစ်ဝန်းလုံးကို စတင်လိုက်ပါပြီသလို တိ
4926 စစ်ဆင်ရေးဆိုပြီး နာမည်ပေးထားတဲ့ မြန်မာ့တပ်မတော်ရဲ့ အထွေထွေထိုးစစ်ကြီးဟာရခိုင်ပြည်နယ်တစ်ဝန်းလုံးကို စတင်လိုက်ပါပြီသလို တိုက်စစ်ရဲ့အဖွင့်ကလည်း အရှိန်အဟုန်ပြင်းလှပါတယ်.... ဒါဟာ ရခိုင်စစ်မြေပြင်အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပြီး အကြမ်းဖက် AA အဖွဲ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို တစ်ခန်းရပ် ဇာတ်သိမ်းပေးဖို့ အမြစ်ပြတ်ချေမှုန်းပြီလို့ ထင်ပါတယ်… 4926 စစ်ဆင်ရေးဟာ တစ်နေရာတည်းကို တိုက်စစ်ဖွင့်တာမဟုတ်ဘဲရခိုင်ပြည်နယ်တစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတစ်ခုလုံးမှာရှိတဲ့ နေရာမှန်သမျှကို စစ်ရေးအရှိန် တစ်ပြိုင်နက်တည်း အပြင်းထန်ဆုံး မြှင့်တင်လိုက်တာဖြစ်ပါတယ်… လေကြောင်းကနေ အကြမ်းဖက် AA အဖွဲ့များခိုအောင်းရာ စခန်းတွေကို ဗုံးမိုးရွာ ချေမှုန်းနေသလို၊ ရေကြောင်းကလည်း စစ်ရေယာဉ်တွေနဲ့ လက်နက်ကြီးအင်အား အပြည့်အဝသုံးပြီး ပြာကျသွားအောင် ဖိအားပေး တိုက်ခိုက်နေတဲ့အပြင် မြေပြင်ချေမှုန်းရေးစစ်ကြောင်းတွေကလည်း တစ်ရှိန်ထိုး ထိုးစစ်ဆင်ချေမှုန်းနေပါတယ်…. ဒီတစ်ကြိမ်တော့ မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက် AA အဖွဲ့တွေကို အပြီးတိုင်ချေမှုန်းရှင်းလင်းတော့မယ်ထင်တယ်… မှိုင်းဝေ

ကောက်ကျစ်ယုတ်မာတဲ့ KIA အဖွဲ့က စင်းခန်းတံတားကို အခိုင်အမာခံစစ်ပြုလုပ်ပြီး စစ်သင်္ဘောတွေ ဗန်းမော်ကို မရောက်အောင် လုပ်ခဲ့တယ်။ တံ
ကောက်ကျစ်ယုတ်မာတဲ့ KIA အဖွဲ့က စင်းခန်းတံတားကို အခိုင်အမာခံစစ်ပြုလုပ်ပြီး စစ်သင်္ဘောတွေ ဗန်းမော်ကို မရောက်အောင် လုပ်ခဲ့တယ်။ တံတားအောက်ခြေမှာ မိုင်းတွေကပ်ထားပြီး စစ်သင်္ဘောဖြတ်သန်းချိန် ဖြိုချဖို့ ကြံစည်ခဲ့တယ်။ - သတင်းကြိုရလို့ ခြေလျင်တပ်တွေက စင်းခန်းတံတားကို မထိခိုက်အောင်ရှင်းလင်းပြီး စစ်သင်္ဘောအုပ် စင်းခန်းတံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်။ - ယုတ်မာတဲ့ အကြမ်းဖက် KIA အဖွဲ့က သူတို့တပ်ဆင်ထားတဲ့မိုင်းတွေကို အဝေးထိန်းနဲ့ဖောက်ခွဲပြီး တပ်မတော်က လေကြောင်းတိုက်ခိုက်လို့ တံတားပျက်စီးကြောင်း လူမှုကွန်ရက်မှာ သတင်းအမှားဖြန့်ခဲ့တယ်။ - ဂုတ်ထိပ်တံတားကို TNLA ချိုးသလိုမျိုး ကချင်ပြည်နယ်ဝင်ပေါက် အဓိက စင်းခန်းတံတားကို KIA တို့ ဖျက်ဆီးလိုက်ပါပြီ။ - တံတားတစ်စင်း၊ လမ်းတစ်လမ်း မဖောက်လုပ်တဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ အမြန်ကျဆုံးပါစေ။ ခင် ညို ချော စက်တင်ဘာ ၆

သာယာဝတီခရိုင်PDF KNUအကြမ်းဖက်PDFတွေတောင်အပြေးအလွှားအလင်းဝင် သာယာဝတီခရိုင်PDF၊မင်းလှPDFရေခဲ(ခ)အောင်ကိုကိုကလည်းPDFငွေကြေးတွေနဲ့
သာယာဝတီခရိုင်PDF KNUအကြမ်းဖက်PDFတွေတောင်အပြေးအလွှားအလင်းဝင် သာယာဝတီခရိုင်PDF၊မင်းလှPDFရေခဲ(ခ)အောင်ကိုကိုကလည်းPDFငွေကြေးတွေနဲ့လက်နက်ခဲယမ်းတွေနဲ့ထွက်ပြေးလာကြတယ်။ ကျောက်ကြီးKNUဌာနချုပ်ကKNUတွေအလင်းဝင်လာတာလည်း၆ယောက်ဖြစ်သွားပြီ။လင်မယားစုံတွဲကသေနတ်၃လက်ထမ်းလာပြီးအရင်ဆုံးအလင်းဝင်လာတယ်။အိုကေစိုပြေဆိုတော့၄ယောက်အလင်းဝင်ဖို့အပြေးထပ်တက်လာကြတာပေါ့ကွယ်။KNUတပ်မဟာတစ်ခုလုံးဝရုန်းသုဥ္းကားနဲ့အမှီလိုက်တာတောင်မရတော့ဘူး။ ငင့်ချက်က 👇👇👇 https://t.me/KKM28640

🏭 မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ▪️ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး ၃ ခု
🏭 မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ▪️ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး ၃ ခုနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအကြောင်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါတယ်။ ▪️ ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအပြင် လယ်ယာပေါင်းစည်းဇုန်များနှင့် စက်မှုစီမံကိန်းများတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ပြောကြားခဲ့ကြောင်း သိရပါတယ်။ #Myanmar #Vietnam #SEZ #Investment #BusinessForum

မြိုင်ရေနံမှော်ကနေ ချမ်းသာသွားပြီဖြစ်တဲ့ မြိုင်ပကဖ ဒုတာဝန်ခံကတော့ အကြမ်းဖက်တော်လှန်ရေးကနေ ထွက်ပြေးဖို့လုပ်နေပြီ... မြိုင်ရေနံ
+1
မြိုင်ရေနံမှော်ကနေ ချမ်းသာသွားပြီဖြစ်တဲ့ မြိုင်ပကဖ ဒုတာဝန်ခံကတော့ အကြမ်းဖက်တော်လှန်ရေးကနေ ထွက်ပြေးဖို့လုပ်နေပြီ... မြိုင်ရေနံမှော်ကနေရတဲ့ ငွေတွေနဲ့ အကြမ်းဖက် NUG အဖွဲ့ကို ငွေပုံပေးပြီး နုတ်ထွက်ခွင့်တောင်းတယ်ဆိုပဲ... စစ်ရှုံးလို့ PDF တွေထွက်ပြေးကြတာချင်း အတူတူ ငွေပေးနိုင်တဲ့ အကြမ်းဖက်ခေါင်းဆောင်တွေကျတော့ ကိုယ်ရေးကိုယ်တာမိသားစုအခြေအနေကြောင့်တဲ့ အောက်ခြေက PDF ရဲဘော်တွေကျတော့ ထွက်ချင်တဲ့လူက သစ္စာဖောက်ဆိုပြီး သတ်ခံရတယ်... ခံကြပေအုံးတော့ နလပိန်းတုံး နင်းပြား PDF လေးတွေရေ...

အကြမ်းဖက် NUG လက်အောက်က အမှတ် ၁၊ ၁၈ နဲ့ ၁၉ တပ်ရင်းတွေဟာ NUG ရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ကွပ်ကဲမှုနဲ့ အမိန့်တွေကို မနာခံချင်တော့တ
အကြမ်းဖက် NUG လက်အောက်က အမှတ် ၁၊ ၁၈ နဲ့ ၁၉ တပ်ရင်းတွေဟာ NUG ရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ကွပ်ကဲမှုနဲ့ အမိန့်တွေကို မနာခံချင်တော့တာကြောင့် NUG အောက်ကနေ နုတ်ထွက်ကုန်ကြပြီဆိုပဲ... ဒါဟာ စစ်ရှုံးနေတဲ့ NUG ကို သွေးတိုးစမ်းစော်ကားစိန်ခေါ်လိုက်တာပဲ... NUG အနေနဲ့ ဒါကိုသာ ငြိမ်ခံနေမယ်ဆိုရင်တော့ နောက်ထပ်တစ်ဖွဲ့ပြီးတစ်ဖွဲ့ နုတ်ထွက်ကုန်ကြမှာပဲ...

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအရှေ့ပိုင်းဒေသအတွင်း ချင်းအကြမ်းဖက်အဖွဲ့ UNLF (K) က အကြမ်းဖက် PDF ၃ ဦး စစ်လက်နက်ပစ္စည်းမျ
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအရှေ့ပိုင်းဒေသအတွင်း ချင်းအကြမ်းဖက်အဖွဲ့ UNLF (K) က အကြမ်းဖက် PDF ၃ ဦး စစ်လက်နက်ပစ္စည်းများနဲ့အတူ စက်တင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်... ချင်းလူမျိုးတွေကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ချင်းအမျိုးယုတ်အကြမ်းဖက်သမားတွေ အခုလို ဖမ်းဆီးခံရတာ ချင်းပြည်သူတွေကတော့ အတော်လေးပျော်နေကြပြီဖြစ်ပါတယ်...

ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ ဆက်တိုက်ထိုးစစ်များကြောင့် အကြမ်းဖက် AA တွေဟာ အသေအဆုံးများကာ ကြောက်လန်နေကြပြီး ဒေသအတွင်း ခမီလ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ ဆက်တိုက်ထိုးစစ်များကြောင့် အကြမ်းဖက် AA တွေဟာ အသေအဆုံးများကာ ကြောက်လန်နေကြပြီး ဒေသအတွင်း ခမီလူငယ် ၁၂၀ ကျော်ကို အတင်းအဓမ္မလူသစ်စုပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်... ဖမ်းဆီးသွားတဲ့ လူငယ်တွေကို ချက်ခြင်းရှေ့တန်းပို့ကာ အသေခံခိုင်းနေတာတဲ့... ရခိုင်လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်စီးနေတဲ့ AA အကြမ်းဖက်အဖွဲ့ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချဖို့လိုပါတယ်...

NUG လူလိမ်အဖွဲ့ရဲ့ COC အောက်ကနေနုတ်ထွက်ကြဖို့ PDF တွေလုပ်ဆောင်နေကြပြီလို့ သိရပါတယ်... ဘာတော်လှန်ရေးမှမလုပ်ဘဲ လက်သင့်ရာလူလိမ်တ
NUG လူလိမ်အဖွဲ့ရဲ့ COC အောက်ကနေနုတ်ထွက်ကြဖို့ PDF တွေလုပ်ဆောင်နေကြပြီလို့ သိရပါတယ်... ဘာတော်လှန်ရေးမှမလုပ်ဘဲ လက်သင့်ရာလူလိမ်တွေစုပြီး အစိုးရဖွဲ့ လုပ်စားနေတဲ့ NUG လူလိမ်တွေနဲ့ အရိုးကိုက်ခွေး ပသုံးလုံးတွေကို နီးစပ်ရာ လက်ဦးမှုရယူပြီး အရင်ရှင်းပြစ်ကြဖို့လိုပါတယ်... COC အောက်က PDF တွေ ငတ်ပြတ်လာပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကျရှုံးလာရတဲ့ အဓီကတရားခံက NUG သူခိုးတွေပဲဖြစ်ပါတယ်... တာဝန်ယူ တာဝန်ခံမှု လုံးဝကို ကင်းမဲ့နေတဲ့ လူလိမ်တွေပါ... NUG လူလိမ်သူခိုးတွေကို ဒီအတိုင်းလွှတ်ပေးလိုက်လို့တော့မရဘူး...

အကြမ်းဖက် KIA ရဲ့ ပေါ်လစီနဲ့ သဘာဝတရားကြီးကို တက်ညီလက်ညီဖျက်ဆီးကြတာများ...ပြီးရင်ဒီလူတွေပဲ မြစ်ကြီးနားဆင်းလာပြီး No Dam ကလုပ်ကြအုံးမှာ...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား ==================== ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားပါတယ်။ အမှာစကားပြောကြားရာတွင် ဗီယက်နမ်နိုင်ငံသည် စီးပွားရေးကိုအလေးထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို အတုယူကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ==================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး စက်တင်ဘာလ ၆ ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

လူသားတို့၏ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ်ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား ======================== လူသားတို့၏ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ်ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ =============== နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉လမ်းနှင့်လမ်း၄ဝကြားရှိ နေအိမ်တစ်ခုကို သတင်းအရ ဝင်ရောက်စစ်ဆေး ခဲ့ရာ တရုတ်နိုင်ငံသား၂ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် မြန်မာအပါအဝင် ၂၀ ဦးကို ဖုန်းအလုံးရေ ၈၀ ခန့်၊ Desktopကွန်ပြုတာ ၂၈ လုံး၊ Laptopများ၊ Wifiလွှင့်စက်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ၎င်းတို့ကိုစစ်ဆေးချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၁၀၁ လမ်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးသို့ ဆက်လက်ရှာဖွေခဲ့ရာ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။ ၎င်းတို့၏ ထွက်ဆိုချက်အရ ၄၂ လမ်းနှင့် ၆၆လမ်း အနီးရှိ ဟိုတယ်တစ်ခုသို့ ထပ်မံရှာဖွေခဲ့ရာ လူ ၆ ဦး၊ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွား ရုပ်အပြားများ၊ ကျောက်စိမ်းအတုဟု ယူဆရသည့် ကျောက်စိမ်းဘယက်များ နှင့် လက်ဝတ်ရတနာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ " သတင်းရရှိလို့ ကျွန်တော်တို့ ရောက်တဲ့အချိန် ပြေးဖို့ကားပေါ်ပစ္စည်းတွေ တင်ပြီးနေပြီ။ ပထမဆုံး လမ်း ၈၀ က အိမ်မှာ ကနဦးမိတယ်။ နောက်ဆက်တွဲ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဟိုတယ်ထဲက ကားပေါ်မှာ ဖုန်းအလုံးရေ ၅ဝဝနီးပါးနဲ့ ထပ်မိတယ်။ အဓိကတော့ အွန်လိုင်းလိမ်လည်မှုပေါ့။ မလေးရှားနဲ့ အင်ဒိုနီးရှားက သူတွေကို ကျောက်စိမ်း Live လွှင့်ပြီး လိမ်ရောင်းခိုင်းတာ။ အကောင့်များစွာနဲ့ သူတို့လူတွေကပဲ ကွန့်မန့်တွေ ကနေ ဝင်ဝယ်ကြတယ်။ အဲလိုလိမ်ရာင်းပြီး ငွေလွှဲဝင်ရင် အကောင့်ကို ဘလော့တယ်။ မူးယစ်ဆေးဝါးတွေ လည်းတွေ့ရှိရလို့ ဆက်စပ်မှုတွေကို အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပါတယ်" ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို မဟာအောင်မြေမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးဖြင့်တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)အရသော် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။