en
Feedback
သံတော်ဆင့် 1

သံတော်ဆင့် 1

Open in Telegram

နိုင်ငံရေး/စစ်ရေး သတင်းစုံ သတင်းအမှန်ကို ပြန်ကြားပေးနေတဲ့ သံတော်ဆင့်

Show more
1 444
Subscribers
-224 hours
-57 days
-3830 days
Posts Archive
လွိုင်လင်မြို့နယ်၊မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ စက်တ
+1
လွိုင်လင်မြို့နယ်၊မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ စက်တင်ဘာ ၉             လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားခြင်းနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်ဖြတ်သန်းမှုမရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာလ ၇ ရက်နေ့တွင် လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊စစ်စီကျေးရွာအနီးတွင်   တရားခံ ခွန်မောင်ကူ နှင့် ခွန်မောင်ထွန်း၊  တို့နှစ်ဦး ကို    Vigo ခဲရောင်ယာဉ် ၁ စီးနဲ့အတူ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်၊ ဘိန်းဖြူ ဘလောက်တုံး  ၂ တုံး၊  စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း  ၂၄၂၀၀ ခန့် အားဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက် တွေ အရ မူးယစ်ဆေးဝါးများကို လာရောက်ယူဆောင်မည့် ကွင်းဆက်တရားခံများ ဖြစ်တဲ့ နားရိုင်းရွာသစ်နေ  တရားခံ တွန်းလျန်းနဲ့ ရန်ရု့န်ထန် တို့ နှစ်ဦးကို ထပ်မံ ဖမ်းဆီး ရမိခဲ့တယ်လို့သိရပါတယ်။ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူ ကွင်းဆက်တရားခံကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ဖို့  အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

‎အာဏာကို မက်လို့ အာဏာသိမ်းတာ ဆိုတဲ့ နီပိန်းတွေရဲ့ စကားမှာ လမ်းဆုံးပြီး ယုံမနေကြဖို့ လိုပါတယ်။ ‎ ‎အငြိမ်းစားယူပြီး မိသားစုနဲ့ အေးဆေးနေနိုင်တဲ့ အခြေအနေမှာ ဘာကြောင့် နိုင်ငံ တာဝန်ယူကို ယူခဲ့ပြီး ပြဿနာတွေကို ရင်ဆိုင်ခဲ့တာလဲလို့ မြင်တတ်ဖို့လိုပါတယ်။ ‎ ‎နီပိန်း သမ္မတကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ပွဲ ကို ပေါ်ပေါ်တင်တင် ဝင်ပြိုင်ခြင်းကို သွေးတိုးစမ်း စော်ကားမှုလို့ မြင်ရပါတယ်။ ‎ ‎စော်ကားမှုတွေကို သီးမခံနိုင်လို့ နိုင်ငံတာဝန်ကို ရဲရဲယူပြီး ရင်ဆိုင်ခဲ့ရခြင်းရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ၊ စီးပွားရေး စစ်ရေး ပြဿနာပေါင်းစုံကို နေ့မအား ညမအား ဖြေရှင်းနေရတာကို မြင်ရပါမယ်။ ‎ ‎အခုလဲ စက်ရုံတွေ ပိတ်သိမ်းနေကြတဲ့ ပြဿနာကို ဖြေရှင်းရပါဦးမယ်။ နိုင်ငံတာဝန်ယူထားရတဲ့ ခေါင်းဆောင်အနေနဲ့ နီပိန်းတွေ ပြောသလို စည်းစိမ်ခံစားနေရတာလား ။ ပြဿနာတွေကို ခေါင်းခံ ဖြေရှင်းနေရတာလား မြင်တတ်ဖို့လိုပါတယ်။ ‎

မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြ
မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ် ပန်မော်(၂၀)မိုင်ကျေးရွာအနီး ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရာ စိုင်းစံထွန်း မောင်းနှင်သည့် TOYOTA HILUX VIGO ယာဉ်ပေါ်မှ ကဖင်း ၁,၀၂၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံး၊ ယောလှ မောင်းနှင်သည့် TOYOTA HILUX TIGER ယာဉ်ပေါ်မှ ကဖင်း ၉၈၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသည့် ကဖင်းများ၏ ဒေသကာလတန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်း ၂,၀၀၀ ဖြစ်ကြောင်း သိရသည်။ #Myanmagon

နေပြည်တော်က ကားသမားကို သတ်ပြီး ကားလုခဲ့သူဟာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင်ဖြစ်နေ စက်တင်ဘာ ၈၊ ၂၀၂၆ GG (VOM) နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူကို သတ်ပြီး ကားလုယက်ခဲ့သူဟာ နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင် ရဲရင့်အောင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုကျူးလွန်သူ ရဲရင့်အောင်ဟာ တီးတိန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့လာတာ တလကျော်လောက်သာရှိပြီး လက်ရှိ နေပြည်တော် ရုံးအမှတ် ၃၈ က ရဲတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ သိရပါတယ်။ တရားခံဟာ လူသတ်မှုကျူးလွန်ပြီးနောက်မှာ အလောင်းကို မိတ္ထီလာမြို့နယ်အပိုင် အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ စွန့်ပစ်ခဲ့ပြီး ကားကိုယူဆောင်ခဲ့ကြောင်း ၊ အဲဒီကားနဲ့ပဲ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရုံးကို ပြန်လာကာ မူးယစ်သောက်စားနေချိန် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ " နေပြည်တော် လူကုန်ကူးတားဆီးရေးက ရဲတပ်သားပါ ။ သူက မိတ္ထီလာက သူ့ကောင်မလေးကို တွေ့ဖို့ ကားငှားလာတာ။ ပျော်ဘွယ်လောက်ရောက်တော့ သူ့အိမ်က ဖုန်းဆက်လာတယ်။ သူ့ညီမကဆေးရုံတက်ရမှာ ပိုက်ဆံလိုတယ် ပို့ပေးအုံးဘာညာဆိုတော့ သူ့လက်ထဲမှာက မရှိဘူး ။အဲဒီမှာ ကားသမားလက်မှာ လက်စွပ်ကြီးတွေ့တော့ သူကလိုချင်စိတ်ကပေါက်သွားတယ်။ အဲဒါနဲ့ သူဖုန်းပြောချင်တယ် ကားခဏရပ်ပေးပါဆိုပြီး ဖုန်းပြောရင်းသေးပေါက် ပြီးတော့ ကားပေါ်မတက်ပဲ ကားသမားကို သေနတ်နဲ့ချိန်ထားပြီး လက်စွပ်ဘယ်လောက်တန်လည်းမေးတော့ မတန်ပါဘူး ကားသမားကပြောရင်းရုန်းရင်းဆန်ခတ် နည်းနည်းပဲဖြစ်လိုက်ပြီး သူကချက်ခြင်းပစ်လိုက်တာ ။ ညာဘက်မျက်ခုံးနားကနေ ကျည်ထွက်သွားတယ်။လက်ဖဝါးတချက်ထိတယ်။ သေသွားတယ်။ အဲဒါနဲ့ သူကအလောင်းကို မိတ္ထီလာဘက်ရောက်တော့ လှည်းလမ်းကြောင်းတွေ့တော့ ချထားခဲ့လိုက်တယ်။ အဲဒါပြီးတော့ မိတ္ထီလာကို ဆက်လာတယ်။ ကောင်မလေးနဲ့မတွေ့တော့ အဲဒီကားကြီးနဲ့ပဲ သူ့ရုံးကိုပြန်သွားတယ်။သူ့သူငယ်ချင်းတွေကလည်း ကားပါလာတယ်ဆိုပြီး ဘီယာသောက်မယ်ဆိုပြီး ထွက်လာပြီး ဂီတာတီးနေကြတာ။သူအပါအဝင် ရဲခြောက်ယောက်ပေါ့။အကုန်လုံးဖမ်းလိုက်တယ်။ ကျန်တဲ့ရဲငါးယောက်ကတော့ ပြန်လွှတ်မှာပါ ။သူတို့ကတော့ဘာမှမဆိုင်ဘူးကိုး ။ " လို့ လုံခြုံရေးတပ်ဖွဲ့ နီးစပ်သူက ပြောပါတယ် ။ လူသတ်မှုကျူးလွန်သူဟာ ကိုဝင်းကိုရဲ့ကားကို လေးသိန်းကျပ်နဲ့ ငှားရမ်းလာတာ ဖြစ်ကြောင်း ၊ ကားပိုင်ရှင်ကိုသတ်ပြီး အလောင်းပစ်ပြီးနောက်မှာ ကားပေါ်ပါ ပစ္စည်းတွေကိုလည်း နေပြည်တော် လှေခွင်းတောင်ဘက်မှာ အားလုံးလွှင့်ပစ်ခဲ့ပြီး ကားကိုဆက်လက်အသုံးပြုခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို အခင်းဖြစ်တဲ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ လူသတ်မှုကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင်ကို မိတ္ထီလာမြို့ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #နေပြည်တော် #လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ #လူသတ်ကားလုယက်

ဘူးသီးတောင်မြိုနယ်အတွင်း မြို(ခမိ) ကျေးရွာများရှိ မြိုခမိလူငယ်များ အေအေတပ်ဖွဲဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခံနေရ ============================ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိုနယ်အတွင်းရှိ မြို(ခမိ) လူမျိုးများ နေထိုင်သည့် ကျေးရွာအချိုတွင် AA မုဒိမ်းအဖွဲ့က လူငယ်များကို ၎င်းတို၏ သဘောဆန္ဒမပါဘဲ၊ မိဘများ သဘောဆန္ဒမပါပဲ AA တပ်သားသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးစုဆောင်းနေကြောင်း သိရသည်။ စုဆောင်းခံရသူများတွင် အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်းရှိ လူငယ်များ ပါဝင်ပြီး အမျိုးသားနှင့် အမျိုးသမီး နှစ်ဖက်စလုံး ပါဝင်သည်ဟု ဆိုသည်။ ထိုအပြင် စုဆောင်းခံရသူများသည် မိမိတို၏ သဘောဆန္ဒဖြင့် ဝင်ရောက်ခြင်းမဟုတ်ဘဲ မိဘများ၏ ခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မခေါ်ဆောင်စုဆောင်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

❝ပြည်သူ့ပါတီမှ ရရှိထားသည့် မြိတ်လွှတ်တော်နေရာ UEC က ပယ်ဖျက်❞ ≋ကြံ့ခိုင်ရေးပါတီမှ ဦးဝင်းကြူအား အနိုင်ရကိုယ်စားလှယ်အဖြစ် သတ်မှတ်≋ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟖》 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) အပေါ် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခံထားရမှုကို ပယ်ဖျက်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ UEC ၏ ကြေညာချက်အမှတ် (၅၄/၂၀၂၆) အရ မြိတ်မြို့နယ် မဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ပြည်သူ့ပါတီမှ ဦးခိုင်ဦး၏ ရွေးကောက်တင်မြှောက်ခံရခြင်းနှင့်ပတ်သက်၍ ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါကန့်ကွက်လွှာကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ နှင့် ပုဒ်မ ၇၅ တို့အရ ရွေးကောက်ပွဲခုံအဖွဲ့နှင့် အယူခံမှုလုပ်ငန်းစဉ်များဖြင့် စိစစ်ကြားနာခဲ့ပြီးနောက် UEC က..... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. https://telegra.ph/Myanmar-Hard-Talk-09-08-6

ပြည်သူ့စစ်မှုထမ်းလေး ၂ ဦးရဲ့ ရဲဝံ့စွန့်စားမှုကြောင့် အေအေတပ်ဖွဲ့ ဆုတ်ခွာခဲ့ရ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာ တိုက်ပွဲအတွင်း ပြည်သူ့စစ်မှုထမ်း ၂ ဦးက အသက်အန္တရာယ်ကို မမှုဘဲ ရဲဝံ့စွန့်စားစွာ ရှေ့တန်းကျကျ တက်ရောက်ပစ်ခတ်ခဲ့မှုကြောင့် အကြမ်းဖက် AA သူပုန်တွေ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူ့နေရာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ - ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ရဲရင့်စွာတိုက်ခိုက်မှုက တိုက်ပွဲအခြေအနေကို ပြောင်းလဲစေနိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ - 🏆 Congratulations ပါ နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများ 🏆 (ဗီဒီယိုမှာ သူတို့ ၂ ဦးရဲ့ ရဲ့ဝံ့မှုပုံရိပ်တွေ မြင်ရပါလိမ့်မယ်) တိုက်ပွဲသတင်းစုံ

အများပြည်သူ သွားလာရေးနဲ့ ကုန်စည် စီးဆင်းမှုအတွက် အဓိက အရေးပါတဲ့ စင်းခန်းတံတားကို တပ်မတော် စစ်ကြောင်း လာသည်ဟု အကြောင်းပြကာ PDF
အများပြည်သူ သွားလာရေးနဲ့ ကုန်စည် စီးဆင်းမှုအတွက် အဓိက အရေးပါတဲ့ စင်းခန်းတံတားကို တပ်မတော် စစ်ကြောင်း လာသည်ဟု အကြောင်းပြကာ PDF အကြမ်းဖက်များက ရက်စက်စွာ ဖျက်ဆီး ချိုးဖျက်လိုက်ကြပါတယ်။ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဒုက္ခရောက်စေဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ရေးကိုပဲ ဦးတည် လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အသိဉာဏ်မဲ့မှုနဲ့ ဖျက်ဆီးရေး လမ်းစဉ်ကို အထင်းသား မြင်တွေ့ရတာပါ။ ဒါဟာ ဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူလူထုရဲ့ အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတဲ့ အကြမ်းဖက်သမားတွေရဲ့ ယုတ်မာ ပျက်စီးနေသော စာရိတ္တကို မီးမောင်းထိုး ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ⚖️ #PDFအကြမ်းဖက် #စင်းခန်းတံတား #အကြမ်းဖက်မှုဆန့်ကျင်ရေး #ဖျက်ဆီးရေးလမ်းစဉ် #ပြည်သူ့ဒုက္ခ #အကြမ်းဖက်ချေမှုန်းရေး

စင်းခန်းတံတားကို စစ်ရှုံးကောင် KIA ခိုင်းဖတ် PDF တွေကိုယ်တိုင် မိုင်းခွဲဖျက်ဆီးထားကြောင်း ဝန်ခံထားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာ တပ်မတော်က ဗုံးကြဲလို့ တံတားပျက်ဆီးရသလို ဝါဒဖြန့်လိမ်ညာနေပေမယ့် အခုတော့ သရုပ်မှန်ပေါ်သွားပါပြီ  ။ အစတည်းက KIA တွေ စစ်ရှူံးပြီးဆုတ်ခွာထွက်ပြေးသွားလို့  မိုင်းခွဲခဲ့တယ်ဆိုတာကို ဖော်ပြခဲ့ပြီးသားပါ ယ အခုက သက်သေပါထုတ်ပြတာ စင်းခန်းတံတားရဲ့တရားခံက KIA နဲ့ PDF တွေပဲ..

စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းလေး ၂ ဦးရဲ့ သတ္တိကြောင့် အကြမ်းဖက် AA သူပုန်တွေ ထွက်ပြေးသွားရတဲ့ဖြစ်စဉ်
စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းလေး ၂ ဦးရဲ့ သတ္တိကြောင့် အကြမ်းဖက် AA သူပုန်တွေ ထွက်ပြေးသွားရတဲ့ဖြစ်စဉ် ဗီဒီယိုလေး မကြာခင် ချပြပါမယ်။ - ဒါတောင် ၂ ယောက်ပဲရှိသေးတယ်။ ၁၀ ယောက်လောက်ဆို AA သူပုန်တွေ ဘင်္ဂလားထဲ ပြေးဝင်ကြလိမ့်မယ်။ - ❤️ Congratulations ပါ နိုင်ငံ့သားကောင်း တပ်မတော်သားများနှင့် ပြည်သူ့စစ်မှုထမ်းများ ❤️

ကြွက်မနိုင် ကျီမီးရှို့တဲ့လုပ်ရပ်ကို ကျူးလွန်တာ KIA အကြမ်းဖက်အဖွဲ့ပါ...ဗန်းမော်မှာ အခြေအနေမကောင်းတဲ့အပြင် အခိုင်အမာစခန်းတွေ၊
ကြွက်မနိုင် ကျီမီးရှို့တဲ့လုပ်ရပ်ကို ကျူးလွန်တာ KIA အကြမ်းဖက်အဖွဲ့ပါ...ဗန်းမော်မှာ အခြေအနေမကောင်းတဲ့အပြင် အခိုင်အမာစခန်းတွေ၊ ဌာနချုပ်တွေရှိတဲ့ နေရာတွေအထိပါ ချေမှုန်းခံရတော့မယ့် KIA အကြမ်းဖက်အဖွဲ့ဟာ ကသာ- ဗန်းမော်လမ်းပေါ်မှာရှိတဲ့ စင်းခန်း ဧရာဝတီမြစ်ကူးတံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်...အရေးနိမ့်လာပြီဆိုရင် ပြည်သူတွေ ဒုက္ခရောက်မှာကို ထည့်သွင်းမစဉ်းစားဘဲ လမ်းတွေ၊ တံတားတွေကို ဖျက်ဆီးနေတဲ့ မိဂွမ်မော်တို့တော့ ဒီတစ်ချီမှာ ခေါင်းမထောင်နိုင်အောင် အတွယ်ခံရပါလိမ့်မယ်...

PDF တွေသေကုန်တော့မှ သူရဲကောင်းထလုပ်ပြနေတာကတော့ NUG က ခွင်ဖန်ခွက်ခေါက်လုပ်စားဖို့ ကြံစည်နေတာပဲ...မသေခင်တုန်းက ထမင်းမကျွေး၊ ရေမ
PDF တွေသေကုန်တော့မှ သူရဲကောင်းထလုပ်ပြနေတာကတော့ NUG က ခွင်ဖန်ခွက်ခေါက်လုပ်စားဖို့ ကြံစည်နေတာပဲ...မသေခင်တုန်းက ထမင်းမကျွေး၊ ရေမတိုက် ဘာမှထောက်ပံ့မပေးဘဲ ပစ်ပယ်ထားတဲ့ ဝရမ်းပြေးတွေက သုံးစားမရတဲ့ ဘွဲ့တံဆိပ်တွေ လျှောက်ပေးနေလို့ သေကုန်ကြတဲ့ PDF တွေက ဝမ်းမသာကြဘူး...သေတွင်းထဲကန်ချခဲ့ပြီး အသုံးလိုတော့မှ မဟုတ်တာတွေလျှောက်လုပ်ပြနေတဲ့ ဝရမ်းပြေးတွေကိုတော့ ငရဲမှာချိုးကပ်နေတဲ့ PDF တွေက ကျိန်ဆဲနေမှာသေချာတယ်...

ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ စက်တင်ဘာလ ၇ ရက်ညနေပိုင်းက ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ အကြမ်းဖက် PDF/
+5
ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ စက်တင်ဘာလ ၇ ရက်ညနေပိုင်းက ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ အကြမ်းဖက် PDF/ပကဖ စခန်းတွေကို တပ်မတော်လေကြောင်းတွေက ချေမှုန်းရှင်းလင်းခဲ့ရာ PDF ၈ ကောင်အသေဆိုးနဲ့ သေပြီး အကြမ်းဖက်အများအပြား တိုပြတ်ဖွာလန်ကြဲသွားတယ်လို့ သိရပါတယ်...ဒါကို အကြမ်းဖက်အားပေး မီဒီညာတွေက ထုံးစံအတိုင်း ပြည်သူတွေသေပါတယ်ဆိုပြီး မဟုတ်မမှန်လိမ်ညာဝါဒဖြန့်ကာ မျက်ရည်ချူနေကြတာဖြစ်ပါတယ်...

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အစည်းအဝေးပြုလုပ်နေတဲ့ ULA/AA အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်က ဗုံးကြဲချေမှုန်းခဲ့တာကြောင့် အက
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အစည်းအဝေးပြုလုပ်နေတဲ့ ULA/AA အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်က ဗုံးကြဲချေမှုန်းခဲ့တာကြောင့် အကြမ်းဖက် AA ခေါင်းကြီးတွေအပါအဝင်၂၉ ဦး သေဆုံးပြီး ၃၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်... အကြမ်းဖက် AA အစည်းအဝေးလုပ်နေကြောင်း ရခိုင်ဒေသခံတွေက သတင်းအတိအကျပေး ဗုံးကြဲခိုင်းခဲ့တာကို ကြည့်မယ်ဆိုရင် အကြမ်းဖက် AA တွေကို ရခိုင်ဒေသခံတွေက အင်မတန်ရွံရှာစက်ဆုတ်မုန်းတီးနေကြပြီ ဖြစ်ပါတယ်...

Breaking News - MNDAA လက်နက်သိုလှောင်ရုံ ရမ်းပေါက်ကွဲပြီး ဒေသခံများ၏ နေအိမ်များထိခိုက်မှုရှိ ================== ရှမ်းပြည်နယ်မ
Breaking News - MNDAA လက်နက်သိုလှောင်ရုံ ရမ်းပေါက်ကွဲပြီး ဒေသခံများ၏ နေအိမ်များထိခိုက်မှုရှိ ================== ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြိုနယ်၊ စယ်အူကျေးရွာအနီးရှိ MNDAA လက်နက်ခဲယမ်းသိုလှောင်ရုံ ယနေ့နံနက်(၅) နာရီ (၄၅) မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။ “ ရွာစျေးနဲ့ (၁) မိုင်လောက်မှာရှိတဲ့ ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံပေါက်ကွဲတာပါ ၊ သူတို့ရဲဘော် ဘယ်နှစ်ယောက်သေဆုံးတာတော့မသိသေးဘူး။ ရွာကအိမ်တွေတော့ ပြတင်းပေါက်တွေနဲ့ခေါင်မိုးတွေပျက်တာရှိတယ် “ ဟု ဒေသခံတစ်ဦးက KSSM သို ကနဦး ပြောဆိုလာပါသည်။ ယနေ့ နံနက် MNDAA ၏ လက်နက်သိုလှောင်ရုံပေါက်ကွဲမှုနှင့်ပတ်သက်၍ မြေပြင်အခြေအနေများကို KSSM မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဩဂုတ်လ၂၃ ရက်က ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ဦးစိုးမြင့်နိုင်ကို မူးယစ်ဆူပူသည်ဟုဆိုကာ အကြမ်းဖက် ပလဖ တာဝန်ခံ ဒေါင်းမင်းနှ
ဩဂုတ်လ၂၃ ရက်က ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ဦးစိုးမြင့်နိုင်ကို မူးယစ်ဆူပူသည်ဟုဆိုကာ အကြမ်းဖက် ပလဖ တာဝန်ခံ ဒေါင်းမင်းနှင့် အဖွဲ့ဝင် ၅ ဦးက ဖမ်းဆီးသွားပြီး ရိုက်နှက်ထိုးကြိတ်ကာ သေဆုံးသွားမှအလောင်းကို မိသားစုထံ ဩဂုတ်လ ၃၁ ရက်မှာ ပြန်ပို့ခဲ့တယ်လို့သိရပါတယ်... လူသတ်တရားခံဒေါင်းမင်းကို အရေးယူပေးဖို့ NUG ထံ တိုင်ကြားထားပေမဲ့လည်း ဘာမှဆောင်ရွက်ပေးခြင်းမရှိဘူးဆိုပဲ... ပြည်သူတွေအပေါ်ခေါင်းစဉ်မျိုးစုံတပ် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက် ပသုံးလုံးကောင်တွေကို ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်ကြဖို့လိုပါတယ်...

အကြမ်းဖက်တော်လှန်ရေးစစ်ရှုံးသွားတာကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဗီလာမှာရှိတဲ့ အကြမ်းဖက် NUG အဖွဲ့တွေဟာ ထိုင်းကနေထွက်ပြေးကုန်ကြ
အကြမ်းဖက်တော်လှန်ရေးစစ်ရှုံးသွားတာကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဗီလာမှာရှိတဲ့ အကြမ်းဖက် NUG အဖွဲ့တွေဟာ ထိုင်းကနေထွက်ပြေးကုန်ကြပြီဆိုပဲ... အခုဆိုရင် NUG ပြည်ပြေးအဖွဲ့တွေဟာ အစိုးရနဲ့ ဆွေးနွေးမှုတွေပြန်လုပ်ပြီး ပြည်တွင်းမှာ‌မိသားစုနဲ့အေးအေးချမ်းချမ်းနေကြဖို့ လုပ်နေကြပြီတဲ့... တောထဲက ပဒက်တွေလည်း ခွေးဝဲစားဖြစ်ပြီး အငတ်ငတ်အပြတ်ပြတ်နဲ့ သေမယ့်ရက်ကိုထိုင်စောင့်နေမလား အမြင်မှန်ရပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေကြမလား စဉ်စားဖို့ အချိန်တန်ပြီနော်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို တက
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို တက်ရောက်အမှာစကားပြောကြား ============================ လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီး တစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့စက်တင်ဘာလ ၈ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။