cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Lꫀׁׅܻɑׁׅ֮ꭈׁׅꪀׁׅ ᨰׁׅꪱׁׅtׁׅhׁׅ֮ Sυׁׅzׁׅ֬ꪱׁׅꫀׁׅܻ

Since~25.7.2022 Need 4400 Tik Tok acc - tiktok.com/@learn_with_suzie

Show more
Advertising posts
4 341
Subscribers
+2024 hours
+957 days
+49730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

အသက်အရွယ်မရွေး လေ့ကျင့်လို့သင့်တော်တဲ့ Physical Exercise တစ်မျိုးကိုသိပါသလား💡 "That is Yoga"🧘 ယောဂဆိုတာဘာလဲ❓ -ယောဂဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုးတက်စေတဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ -လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ကျော်ကစပြီး အိန္ဒိယကနေဆင်းသက်လာခဲ့ပြီး ခန္ဓာကိုယ်နဲ့စိတ်ဝိဉာဉ်ကို အာရုံစူးစိုက်ပြီး လေ့ကျင့်တဲ့ကျင့်စဉ်တစ်ခုပါ။ -ယောဂမှာ ခန္ဓာကိုယ်လေ့ကျင့်ခန်းများအပြင်၊ အသက်ရှုလေ့ကျင့်ခန်းများ၊ စိတ်ဖိစီးမှုလျော့ချရန် တရားထိုင်ခြင်းတွေ ပါဝင်ပါတယ်။ "The Benefits Of Doing Yoga"💕 -နောက်ကျောနာကျင်မှုကို လျှော့ချပေးနိုင်ခြင်း။ -ပျော့ပျောင်းမှု၊မျှချေဖြစ်မှု၊ အင်အားတွေကို တိုးတက်စေခြင်း။ -နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း။ -အိပ်ပျော်ဖို့အထောက်အကူပြုခြင်း။ -ခန္ဓာကိုယ်ပေါ့ပါးသွက်လက်စေခြင်း။ -စိတ်ဖိစီးမှုလျော့ကျစေခြင်း ....အစရှိသည်တို့ ဖြစ်ပါတယ်ရှင်။ "The International Day Of Yoga" 🎉 - 1998 ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံတွေမှာ ယောဂဟာပိုခေတ်စားလာခဲ့ပါတယ်။ -2015 June 21 မှာ ပထမဆုံးယောဂနေ့ ကိုကျင်းပခဲ့ပြီး ကမ္ဘာနဲ့အဝန်း လူပေါင်းမီလီယမ်နဲ့ချီပြီး ဆင်နွှဲခဲ့ကြပါတယ်။ -2018 မှာတော့ U.S မှာတင် ယောဂလေ့ကျင့်သူပေါင်း 28.75 မီလီယမ်ရှိခဲ့ပါတယ်။ နိုင်ငံတကာယောဂနေ့ရဲ့ ရည်ရွယ်ချက်ကတော့ ယောဂကျင့်ခြင်းရဲ့ကောင်းကျိုးများကို ကမ္ဘာနဲ့အဝန်းသိအောင် ချပြခြင်းပဲဖြစ်ပါတယ်ရှင်။ 🫶 မင်မင်တို့တွေလည်း ကောင်းကျိုးများတဲ့ Yoga Exercise လေးတွေကို တစ်နေ့ကိုအချိန်နည်းနည်းပေးပြီး လိုက်လုပ်ကြည့်ရအောင်နော်။ 😉 ဒီနေ့က International Yoga Day လည်းဖြစ်ပါတယ်တဲ့ရှင်။ နောက်ထပ်အကျိုးရှိတာတွေလည်း မျှဝေဦးမှာဖြစ်လို့ မင်မင်တို့ရဲ့ Learn With Suzie Channel လေးကို Subscribe 🔔‌လုပ်ထားဖို့ မမေ့နဲ့နော်။ #contentwriter_MaThiri #graphicdesign_Alice #LearnWithSuzieEducation #Learn_with_Suzie #LWS
Show all...
🥰 5 4❤‍🔥 3👍 2
လူငယ်တွေကို ထိခိုက်စေသော Application များ
📲 IG & Snchat တွေကတော်တော်ကောင်းပေမဲ့ လတ်တလောကလေ့လာချက်အရလူငယ် ၅၀၀ကိုစစ်တမ်းကောက်ကြည့်တဲ့အခါ IGက လူရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေကြောင်းသိရှိရပါတယ်။ 🍄 ဒါကိုလူငယ်တွေကိုယ်တိုင်ဝန်ခံထားပြီးဒီapp ကိုဝင်သွားမိမယ်ဆိုရင်ထောက်ချောက်မိသွားသလိုမျိုးဖြစ်သွားပြီးတော့ပြန်ထွက်ဖို့ခက်နေတတ်တယ်လို့သိရပါတယ်။ 💜 ဒီလိုလေ့လာမှုတွေကဆိုရင်Snchat ကလည်း နံပါတ်၂နေရာမှာရှိနေပါတယ်။ #Moe #knowledge #forward_only
Show all...
15🎃 2😍 1
လူတွေရဲ့ Mood တွေကို လွှမ်းမိုးနိုင်တဲ့အရာလေးရှိတယ်နော်၊ မှန်းကြည့်ပါဦး မင့်ရဲ့အသဲလေးတို့။ 🤔 ပရိသတ်အယောက်တစ်ရာအရဲ့အဖြေကတော့............ 🎶 Music 🎶 လူအနည်းစုပဲသိတဲ့ အကြောင်းလေးဖြစ်တဲ့ 🎵 World Music Day🎵 မူလအစကတော့ ပြင်သစ်နိုင်ငံမှာဖြစ်ပြီးတော့ 1982 ပဲရစ်မြို့မှာ ပထမဆုံးကျင်းပခဲ့ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာအနှံ့ထင်ရှားလာပြီး နိုင်ငံပေါင်း 120 မြို့ပေါင်း 1000 ကျော်မှာ ကျင်းပကြပါတယ်။ 🎉 ရည်ရွယ်ချက်ကတော့ 📢---- တက်သစ်စဂီတပညာရှင်လေးတွေကို အားပေးဖို့နဲ့ ကျွမ်းကျင်ဂီတပညာရှင်များရဲ့ အနုပညာများကို လူအများသိအောင်ချပြတာပဲဖြစ်ပါတယ်ရှင်။ 🪄 ဂီတမှာ စိတ်ဝိဉာဉ်ကိုမြှင့်တင်ပေးနိုင်တဲ့မှော်စွမ်းရည်ရှိတဲ့အပြင် ခံစားချက်တွေကိုလည်းလွှမ်းမိုးနိုင်ကြပါတယ်။ 💫 မတူညီတဲ့ယဉ်ကျေးမှုနဲ့ မတူညီတဲ့နေရာကလာကြတဲ့သူတွေကို ဆက်စပ်ပေးရမှာလည်းအထောက်အကူပြုပါတယ်။(K-pop ဟာ World Wide Fan တွေကို ညီညွတ်စေသလိုမျိုး) 🫰 ဂီတဟာ ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအင်တွေကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဥပမာ- Tarot Reader တွေရဲ့ Subliminal တွေမှာ ထည့်သွင်းတဲ့ Music တွေလိုမျိုးပေါ့။ ✨ မင်မင်ပြောတာကိုထောက်ခံကြမယ်လို့မြင်ပါတယ်ရှင်။ 💕 ဒါကတော့ လူသိနည်းတဲ့အကြောင်းအရာထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့ဂီတနေ့အကြောင်းကို မျှဝေပေးသွားတာဖြစ်ပါတယ်နော်။ 🤩 နောင်များမှာလည်း ဗဟုသုတရစရာလေးတွေမျှဝေသွားမှာဖြစ်လို့ မင်မင်တို့ရဲ့ Learn With Suzie Channel လေးကို 🔔 Subscribe 🔔 လုပ်ဖို့မမေ့ပါနဲ့နော်။ 💯 #contentwriter_MaThiri #graphicdesign_Daisy #LearnWithSuzieEducation #Learn_with_Suzie #LWS
Show all...
8🍓 3🥰 1
အသုံးပြုသူ အများဆုံးသောဘဏ်
🇮🇳 အိန္ဒိယနိုင်ငံက Bank of India မှာဆိုရင် နေလယ်စာစားချိန်တောင်မနားရဘဲအလုပ်လုပ်ကြရမှာဖြစ်ပါတယ်။ 🏦 အကြောင်းကတော့ဒီဘဏ်အသုံးပြုတဲ့သူတွေက အမေရိကန်နိရဲ့လူဦးရေထက်တောင် များနေပြီးတော့ သူတို့ကအခြား ပြိုင်ဘက်ဘဏ်လေးခု ရဲ့ဝင်ငွေစုစုပေါင်း လောက်ပမာဏကို ဒီဘဏ်တစ်ခုထဲကနေရရှိနေတာဖြစ်ပါတယ်။ 📱 နောက်ပြီးအိန္ဒိယမှာ FB & IG အသုံးပြုသူ ဦးရေနဲ့အညီ များပြားတဲ့ customer တွေရှိကြလို့သူတို့ဟာ အခုလိုအောင်မြင်နေကြတာဖြစ်ပါတယ်။ #Moe #knowledge #forward_only
Show all...
8🍓 2🥰 1🎃 1
အိန္ဒိယမှငွေအကြောင်း
🇮🇳 အိန္ဒိယနိုင်ငံမှဆိုရင် ရူပီး ၁၀ရှိနေမယ်ဆိုရင် အာလူးကြော် တစ်ထုပ် ဒါမှမဟုတ် မလိုင်ခဲတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ်။ 📖 ဒါပေမဲ့စာဖတ်သူအနေနဲ့အခုလို၁၀ ရူပီးတန် ကြွေပြားစေ့တစ်စေ့ပြုလုပ်ဖို့ အစိုးရအနေနဲ့အကုန်အကျဘယ်လောက်ရှိလဲဆိုတာကိုသိကြပြီးပြီးလား။ 🧑‍🦳 အဲဒီကတော့ အစိုးရရဲ့ဖွင့်ဟဝန်ခံချက်အရ ၁၀ရူပီးတန် ကြွေပြားစေ့တစ်စေ့ ပြုလုပ်ဖို့ဆိုရင် ၅.၅၄ရူပီးကုန်ချတယ်လို့သိရပါတယ်။ 🪙 ဒါကြောင့်၁၀ ရူပီးတန် ကြွေပြားစေ့တစ်စေ့ ၅ရူပီးခွဲခန့်သာတန်ကြေးရှိပါတယ်။ 🪙 နောက်ပြီး ၅ရူပီးတန် ကြွေပြားစေ့တစ်စေ့ တန်ဖိုးက ၃.၆၇ရူပီး,၂ရူပီးတန် တန်ဖိုးက ၁.၂၈ရူပီး နှင့် ၁ရူပီးတန် ကြွေပြားစေ့လုပ်ဖို့ဆိုရင် ၁.၁၁ ရူပီးတောင်ကုန်ချနေမှာဖြစ်ပါတယ်။ 🪺 : 🩵 အဲဒါကြောင့် ၁ရူပီးမှကုန်ကျစရိတ်က ကြွေပြား‌စေ့တန်ဖိုးထက် ပိုများနေမှာဖြစ်ပါတယ်။ #Moe #knowledge #forward_only
Show all...
11👍 2💘 2🍓 1
အင်တာနက်မရှိဘဲအသုံးပြုနည်း 📖 စာဖတ်သူအနေနဲ့အလည်အပတ်သွားနေတုန်းအင်တာနက်ပျက်သွားရင်လမ်းမသိတဲ့အခါအနီးအနားကလူကိုအကူအညီတောင်းရမှာဖြစ်ပါတယ်။ 🧸 ဒါပေမဲ့မိမိနားမလည်တဲ့ဘာသာစကားပြောကြတဲ့နိုင်ငံကိုရောက်တဲ့အခါလက်အရာအမူတွေနဲ့အကူအညီတောင်းရမှာဖြစ်ပါတယ်။ 🪺 : 🩵 အခုပြောပြပေးမယ့်နည်းလမ်းကိုသိသွားမယ်ဆိုရင်တော့စာဖတ်သူအနေနဲ့လုံးဝအခက်မတွေ့တော့ပါဘူး။ 🪺 : 🩵 ‌ဒါကတော့မိမိအလည်အပတ်မရောက်ခင် map ရဲ့လမ်းကြောင်းကို download ဆွဲထားပြီးဖုန်းထဲမှာသိမ်းထားရင်ဘယ်နေရာဘဲရောက်ရောက်အင်တာနက်မရှိဘဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။ #Moe #Knowledge #forward_only
Show all...
8👍 5❤‍🔥 4🥰 1
“ ဘယ်သူဟာ ဒုက္ခသည်လဲ❓ ” 🗣️ တကယ်တမ်းပြောရရင် လူသားအားလုံးဟာ ဒုက္ခသည်တွေပါပဲ။ ☝🏻 လူတိုင်းက အပူအပင်တွေရှိကြတာကြောင့် ဒုက္ခနဲ့ကင်းတယ်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်ခြင်းတော့ မတူကြပါဘူး။ 🌍 ကမ္ဘာနဲ့ချီပြီးပြောရရင် စစ်ပွဲတွေ၊ ပဋိပက္ခ‌တွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဒုက္ခသည်ဖြစ်လာကြရတာ ဖြစ်ပါတယ်။ 🪖 ဒီထဲမှာအဆိုးဆုံးကတော့ စစ်ပွဲပါပဲ။ ကမ္ဘာပေါ်က အပြစ်မဲ့ပြည်သူတွေ နေအိမ်စွန့်ခွာကြရပြီး တန်ဖိုးကြီးတဲ့ အသက်ကိုသာ တင်းတင်းဆုပ်ကိုင်ပြီး လွတ်ရာရှောင်တိမ်းလာကြရပါတယ်။ 🇲🇲 ဒီလိုပဲ ယခုလက်ရှိမှာလည်း အပြစ်မဲ့ မြန်မာတစ်နိုင်ငံလုံး ဆင်းရဲဘေးဒုက္ခကို ခံစားနေကြရပြီး ‌အတော်များများ ဒုက္ခသည်တွေဖြစ်ကုန်ကြရတာကို အတ္တမျက်လုံးနဲ့မမြင်နိုင်ပါဘူး။ 👁️ ကိုယ်ချင်းစာတဲ့ မျက်လုံးတစ်စုံနဲ့သာ မြင်တွေ့နိုင်မှာပါ။ 🗺️ ဒါကြောင့် တစ်ကမ္ဘာလုံးက ဒုက္ခသည်တွေအတွက် နှစ်သိမ့်ခြင်း၊ ထပ်တူခံစားရခြင်းတွေနဲ့ အသိအမှတ်ပြု ကူညီထောက်ပံ့ဖို့အတွက် ၂၀၀၀ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ၅၅/၇၆ က ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ကို “ကမ္ဘာ့ဒုက္ခသည်များနေ့” (World Refugee Day) အဖြစ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 🖐🏻 UNHCR ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံးနိုင်ငံ (၅) ခု ရှိပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ကျန်တဲ့ ၄ နိုင်ငံကတော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်နဲ့ ဆိုမာလီယာတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ဒုက္ခသည်လျော့ပါးရေး၊ ငြိမ်းချမ်းသာရာရေးအတွက် အတူပူပေါင်းဆောင်ရွက်ကြရမယ်မဟုတ်လား❓ 🫀 က်ိုယ်ချင်းစာတဲ့ မျက်လုံးတစ်စုံ၊ ဖြူစင်တဲ့ နှလုံးသားနဲ့ ဒုက္ခသည်တွေရဲ့ ပူပင်ဆင်းရဲခက်ခဲမှုတွေကို ထပ်တူခံစားကြည့်လိုက်ပါ။ 🚨 ဒုက္ခသည်တွေ ငွေကြေးနဲ့ အလုပ်တွေ ခက်ခဲကြတယ်။ ဘဝတွေကလည်း ကြမ်းတမ်းပါသေးတယ်။ သူများတွေထက် ၂ဆ ပိုကြိုးစား ရုန်းကန်ကြရတယ်။ ချွေးနဲစာနဲ့ ပင်ပန်းစွာရှာထားရတဲ့ အိမ်ကလေး၊ တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရှုံးကြရတယ်။ အသက်ရှင်ဖို့ တစ်ခုအတွက်သာကြည့်နိုင်ပြီး အေးချမ်းခြင်းကိုလိုလားစွာနဲ့ ရှောင်တိမ်းလာကြရပါတယ်။ 🤝🏻 ဒါကြောင့် အားလုံးဟာ အမိမြေမှာ အတူမွေး‌ဖွားလာကြတဲ့ လူသားတွေဖြစ်ကြတာကြောင့် တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့ကူညီကြရအောင်လားရှင်... အဆုံးသတ် အနေနဲ့ အားလုံးအတွက် မေးခွန်းတစ်ခုက... သင်မျက်လုံးတစ်စုံဟာ အတ္တမျက်လုံးလား❓ ဒါမှမဟုတ် ဒုက္ခသည်တွေနဲ့ အတူ ထပ်တူခံစားပြီး ကြင်နာတတ်တဲ့မျက်လုံးလား❓ #contentwriter_Rudy #graphicdesign_Rudy #LearnWithSuzieEducation #Learn_with_Suzie #LWS
Show all...
😍 11👍 8 6🍓 5💘 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.