en
Feedback
မိုးနတ်မင်း သတင်းစုံ 📣📣📣

မိုးနတ်မင်း သတင်းစုံ 📣📣📣

Open in Telegram

✅ မိုးနတ်မင်း သတင်းဌာနမှ ပြည်တွင်းပြည်ပသတင်းများ၊ ဗေဒင်၊ ဗဟုသုတများကို နေ့စဉ် တင်ဆက်ပေးနေပါပြီ။ ✅ Web - http://moenatmin.com Telegram - https://t.me/moenatminmedia YouTube - https://youtube.com/@moenatminmedia FB- https://facebook.com/moenatminmedia

Show more
999
Subscribers
No data24 hours
-87 days
-1130 days
Posts Archive
တာဟိုးရေကန်ထဲမှာ ပြေးဆွဲတော့မယ့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကူးတို့လှေ Candela P-12 ပုံမှာ မြင်ရတာကတော့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကူးတို့လှေပါ။ Candela P-12 လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကူးတို့လှေဟာ လူအယောက် ၃၀ တင်ဆောင်နိုင်စွမ်းရှိပြီး ကာဗွန်ထုတ်လုပ်မှု မရှိလို့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်စေမယ့် ဖန်တီးမှုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူ ၁၅ သန်းဝန်းကျင်ရှိတဲ့ အမေရိကန်နိုင်ငံ တာဟိုးရေကန်ကြီးထဲမှာ Candela P-12 လျှပ်စစ်ကူးတို့လှေ ပြေးဆွဲဖို့ ဒေသခံကုမ္ပဏီ FlyTahoe က စီစဉ်နေပါပြီ။ ကွန်ပျူတာနဲ့ လမ်းပြတဲ့ ရေအောက်တောင်ပံတွေ (hydrofoil နည်းစနစ်)ကို အသုံးပြုထားတာကြောင့် ရေမျက်နှာပြင်ပေါ်မှာ မြန်နှုန်းမြင့် လျှပ်ပြေးနိုင်စွမ်းရှိပြီး လှိုင်းဒဏ်၊ လေဒဏ် သက်ရောက်မှုလည်း မရှိပါဘူး။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/tech/%e1%80%90%e1%80%ac%e1%80%9f%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%80%e1%80%94%e1%80%ba%e1%80%91%e1%80%b2%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%86%e1%80%bd/

ခေါင်းအုံး နှင့်ဆိုင်သော ဗဟုသုတယတြာများအကြောင်း စာရေးသူတို့ ငယ်စဉ်က အသုံးပြုခဲ့တဲ့ နည်းလေးတခု ပြောပြပါမယ် ။လိုအပ်တဲ့ အခါတိုင်း ပြုလုပ်နေကျတဲ့ အလေ့အထလေးတခုပေါ့။ ငယ်စဉ်တုံးက စာရေးသူတို့ကို အသက်ကြီးတဲ့ ဖိုးဖိုးဘွားတွေစီက လက်ဆင့် ကမ်းလာခဲ့တဲ့ ရှေးအယူအဆလေးပါ။ ဒီနည်းလေးက မှန်နေတယ်လေ ဒါကြောင့် မသိသေးတဲ့ နောင်မျိုးဆက်သစ် ကလေးများအတွက် ရည်ရွယ်ရေးသားအပ်ပါတယ် ။ ညအိပ်တာ ဉာဉ့်နက်သွားရင် မနက်ထဖို့က ခက်ခဲတတ်ပါ တယ်။ မနက်သွားဖို့ကလည်း ချိန်းထားတယ် နာရီအလန်းပေးထားတာတောင် မနိုးတတ်ဘူးဆိုတဲ့သူတွေ အရေးကြုံရင် မိမိအိပ်နေကျ ခေါင်းအုံးလေးကို အသက်အောင့်ပြီး ခုနစ်ချက်ပုတ်ပေးပြီး “ ငါ့ကို မနက် xxxနာရီမှာ နှိုးလို့ အမိန့်ပေးထားလိုက်ပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/astrology/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%af%e1%80%b6%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%b1/

မိန်းမ ယောကျားမရွေး ကြွေခဲ့ရတဲ့ မြန်မာ IT Girl အဆိုတော် – ကြိုးကြာ 2000s မှာ မြန်မာ It Girl ရှိလား ဆိုရင် ရှိပါတယ် ။ ကြိုးကြာပါ ။ ကြိုးကြာရဲ့ စန်းက အရမ်းကြီးပါတယ် ။ သူ့လောက်ပေါက်တဲ့သူမရှိဘူးရယ်တော့မဟုတ် ရှိပါတယ် ။ ဒါပေမယ့် ကြိုးကြားဟာ တစ်ကိုယ်တော်အခွေ မရှိ အတွဲခွေတွေမှာပဲ တစ်ပုဒ်စီဆိုရင်းနဲ့ကို သူ့စန်းက အရမ်းပေါက်တာပါ ။ အဲ့ဒီ့အချိန်မှာ Teenage Popstar ဒီမှာ ရှားတာလဲ ပါပါမယ်။ အသံလေးက ချစ်စရာ ရုပ်လေးက ချောချော အသက်လေးက ငယ်ငယ် ဆိုတော့ လူငယ်တွေကြား လွှတ်ကို နာမည်ကြီးခဲ့တာပါပဲ ။ Powerhouse မဟုတ်လို့ လာခဲ့ ဘယ်သီချင်းမဆိုဖြဲမယ်ဟေ့ ဆိုတာမျိုးမဟုတ်ပေမယ့် ဟာမိုနီ ဆိုတဲ့သူမို့ အဆိုတော်နပ်ပြီး အသံလေးကလည်း အတော်လှပါတယ် ။ အဆိုတော်လုပ်နေပြီးဟာမိုနီမဆိုတတ်သူတွေ ဒီမှာ အများကြီးရှိပါတယ် ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/celebrity/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99-%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%99%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8-%e1%80%80%e1%80%bc%e1%80%bd%e1%80%b1/

ရန်ကုန်သားတွေတောင် မသိကြတဲ့ ရန်ကုန်မြို့လယ်က Zero Mile (သုညမိုင်) နေရာ (၈ မိုင်၊ ၉ မိုင်၊ ၁၀ မိုင် နေရာတွေကို သိပေမယ့် သုညမိုင်ကိုတော့ မသိကြပါဘူး။) ရန်ကုန်မြို့မှာ အများသိနေကြပြီးဖြစ်တဲ့ ၆ မိုင်၊ ၆ မိုင်ခွဲ၊ ၇ မိုင်ခွဲ၊ ၈ မိုင်၊ ၉ မိုင်၊ ၁၀ မိုင် စသည့်ဘတ်စ်ကား မှတ်တိုင်နေရာများ ရှိပါတယ်။ ဒီမှတ်တိုင်နေရာ အကွာအဝေးများကို မည်သည့်နေရာမှ စတင် တိုင်းတာသလဲလို့ မေးခွန်းမေးလျှင် ဖြေဆိုနိုင်သူအနည်းငယ်သာ ရှိပါလိမ့်မယ်။ ရန်ကုန်မြို့၏ သုညမိုင် နေရာမှာ ကမ်းနားလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီးဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/knowledge/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%99%e1%80%9e%e1%80%ad%e1%80%80/

အလက်ပိုမြို့ ဆီးရီးယားသူပုန်များသိမ်းပိုက်၊ အာဆတ်စစ်တပ်အတွက် ရုရှားလေကြောင်းပစ်ကူပေး အစ္စလာမ်မစ်စစ်သွေးကြွအုပ်စု ဟာရက်တာရာအယ်လ်ရှမ်းက ဦးဆောင်သော သူပုန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး အလက်ပိုမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒါဇင်နှင့်ချီသောစစ်သားများ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့များကို ပြောင်းရွှေ့နေရာချထားရကြောင်း ဆီးရီးယားစစ်တပ်က ပြောကြားသည်။ ဆီးရီးယားစစ်တပ်ကို အကူအညီပေးကာ ဆီးရီးယားသူပုန်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကာ ရုရှားသတင်းဌာနများက ဖော်ပြကြသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%86%E1%80%AE%E1%80%B8%E1%80%9B%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%9E/

ငါးဖမ်းသင်္ဘောများ ပစ်ခတ်ခံရမှု ထိုင်းအစိုးရ ကန့်ကွက် ရနောင်းကမ်းလွန်တွင် ထိုင်းရေတပ် ကင်းလှည့်မှု တိုးမြှင့် ထိုင်းငါးဖမ်းသင်္ဘောများအား မြန်မာ့တပ်မတော်(ရေ) စစ်သင်္ဘောတစ်စင်းက ပစ်ခတ်ခဲ့မှုအတွက် ထိုင်းနိုင်ငံက သံတမန်ရေးအရ ကန့်ကွက်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းသို့ မြန်မာစစ် သင်္ဘောတစ်စင်းက ထိုင်းငါးဖမ်း သင်္ဘောများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းရေတပ်က ရနောင်းပြည်နယ် ကမ်းရိုးတန်းကမ်းလွန်ထိုင်းရေပြင်ပိုင်နက်အတွင်းကင်းလှည့်မှုများ တိုးမြှင့်ပြုလုပ်နေကြောင်း ထိုင်းမီဒီယာများက ဒီဇင်ဘာ ၁ ရက်တွင် ရေးသားတင်ပြထားသည်။ ထိုင်း ငါးဖမ်းရေယာဉ်များပစ်ခတ်ခံရမှုဖြစ်စဉ်သည် ထိုင်းနိုင်ငံ ပါယမ်းကျွန်းမှ ၁၉ ကီလိုမီတာခန့်အကွာ မြန်မာ့ရေပြင်အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%84%e1%80%ab%e1%80%b8%e1%80%96%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%98%e1%80%b1%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%95%e1%80%85%e1%80%ba%e1%80%81/

ဟင်္သာတမြို့လယ်ခေါင်မှာ ပုံစံတူရုပ်တုနဲ့ ဂုဏ်ပြုခြင်းခံရတဲ့ ပထမဦးဆုံး အဆိုတော်ဖြစ်လာလို့ ပရိသတ်တွေကြားမှာ ပွဲဖြစ်နေတဲ့ ဖြိုးမြတ်အောင် Myanmar Idol season 3ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က အခုအချိန်ဂီ‌တလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လို့နေပါပြီ။ငွေကြေးမပြည့်စုံတဲ့ ငယ်ဘဝမှာ ဝါသနာပါရာဂီတလမ်းကြောင်းကို လျှောက်လှမ်းဖို့ မမျှော်မှန်းရဲခဲ့ပေမယ့် အခုတော့ သူ့ရဲ့ ကြိုးစားမှုကြောင့်သာ ဂီတလမ်းကြောင်းပေါ်မှာရော၊ပရိတ်သတ်ရင်ထဲမှာပါ နေရာယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ Winner ဆုရှင်မဖြစ်ခင်ကတည်းက ပရိတ်သတ်ချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ပါ။ ပရိတ်သတ်တော်တော်များများက အသံကောင်းတာထက် ရုပ်ချောတာကို ပိုကြိုက်ကြပေမယ့် ဖြိုးမြတ်အောင်အလှည့်မှာတော့ ပြောင်းပြန်ပါဘဲ။ရိုးသားတဲ့ သူ့ရဲ့ စိတ်ဓာတ်တစ်ခုကြောင့်သာ ပရိတ်သတ်တွေက လက်ခံအားပေးခဲ့ကြသလို အများမတူဘဲ ထူးခြားတဲ့ သူ့ရဲ့ အသံကြောင့် အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားပါဘဲနော်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/celebrity/51692/

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ကမ္ဘာ့အကြီးမားဆုံးရုံးအဆောက်အအုံ စံချိန်ကို အိန္ဒိယကျောက်မျက်ခန်းမ လွှဲပြောင်းရယူ အမေရိကန်နိုင်ငံရဲ့ ပင်တဂွန်စစ်ဌာနချုပ်ဆိုတာ ကမ္ဘာ့အကြီးမားဆုံးရုံးအဆောက်အအုံအဖြစ် နှစ် ၈၀ ကြာ စံချိန်တင်ထားခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ကျောက်မျက်ခန်းမကြီးက ဒီစံချိန်ကို လွှဲပြောင်းရယူလိုက်ပါပြီ။ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ တည်ဆောက်ထားတဲ့ Surat Diamond Bourse အဆောက်အအုံဟာ ထောင့်မှန်စတုဂံပုံစံ အဆောက်အအုံ ၉ ခုကို ကျောရိုးမတစ်ခုထဲကနေ ဖြာထွက်နေတဲ့ပုံစံမျိုး တည်ဆောက်ထားတာဖြစ်ပြီး (စတုရန်းပေ ၆၆၇၃၆၂၄ ရှိတဲ့ ပင်တဂွန်စစ်ဌာနချုပ်ထက်) စတုရန်းပေ ၅၅၀၀၀ ပိုကျယ်ဝန်းပါတယ်။ ဂူဂျာရတ်ပြည်နယ်၊ ဆူရတ်မြို့အစွန်ဘက် ၃၅ ဧကကျော် ကျယ်ဝန်းတဲ့တည်နေရာမှာ တည်ဆောက်ထားတာဖြစ်ပြီး ရုံးခန်းနဲ့ အလုပ်ရုံပေါင်း ၄၇၀၀ ကျော် ပါဝင်ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%95%e1%80%84%e1%80%ba%e1%80%90%e1%80%82%e1%80%bd%e1%80%94%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%8c%e1%80%ac%e1%80%94%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7/

ဒီလိုရောဂါတွေဖြစ်နေရင် မဲဇလီရွက်ပြုတ်ရည်နဲ့​နေ့စဥ်​ရေချိုး​ပေးပါ မဲဇလီရွက်ပြုတ်ရည်နဲ့​နေ့စဥ်​ရေချိုး​ပေးခြင်းသည် ဝါ​ယောဓါတ်​အေးခါးကို ခန္ဓာကိုယ်အနှံ အ​ရေပြားမှ တဆင့် အ​​အေးဓါတ်သွင်း​ပေးခြင်းဖြစ်တယ်လို့ ဆရာကြီးဦးရန်​အောင်ကဆိုပါတယ်။ကျ​နော်ဆို တပတ်ကို ၆ရက်ကမဲဇလီရွက်ပြုတ်ရည်ချိုးဖြစ်ပါ တယ်။အကျင့်ဖြစ်​နေ​တော့ မချိုးရရင် တစ်ခုခုလို​နေ သလို ခံစားရတယ်။ ပြုတ်ရည်နဲ့ချိုးခြင်း​ကြောင့် ​ခြေ​ထောက်ကိုက်ခြင်း၊​ခြေ​ထောက်ထုံကျင်ခြင်း၊ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/health/%e1%80%92%e1%80%ae%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%bd%e1%80%b1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba/

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် သုံးရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုတွင် မိုးကြီး၍ လေပြင်းတိုက်ခတ်နိုင် ဆိုင်ကလုန်းမုန်တိုင်း “ဖင်းဂဲလ်”၏ အရှိန်ကြောင့် သုံးရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုတွင် မိုးကြီး၍ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ မြန်မာ ရန်ကုန်ဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖင်းဂဲလ်” သည် လာမည့် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူပြည်နယ်ကို ချင်းနိုင်မြို့နှင့် ပူဒူချယ်ရီမြို့တို့အကြား ချင်းနိုင်မြို့အနီးမှ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ထိုမှတဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ လာမည့် (၄၈) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ လာမည့် (၇၂) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်ကောင်း ပြန်လည် အားပျော့နိုင်ကြောင်း အဆိုပါ ဌာနခွဲမှ ခန့်မှန်းထားသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/news/%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%80%e1%80%9c%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1/

နတ်တော်လ အတွက်အကောင်းဆုံးယတြာ နတ်တော်လဆန်း(၁)ရက်နေ့(1.12.2024) မှ နတ်တော်လကွယ်နေ့(29.12.2024)တစ်လတာလုံး ” လစ်ပိုပုလင်းအသစ် တစ်လုံးဝယ်လိုက်ပါ။ လစ်ပိုပုလင်းထဲမှ အရည်များကို ဖန်ခွက်တစ်ခွက် ထဲတွင် သီးသန့်ဖယ်ထုတ်ထားလိုက်ပါ။ထိုလစ်ပို ပုလင်းကိုသေချာဆေးကြော၍ လစ်ပိုပုလင်းထဲသို့ ရေသန့် တစ်ဝက်လောက် ထည့်ပေးလိုက်ပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/astrology/%e1%80%94%e1%80%90%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c-%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%af/

ပုံပြင်ထဲက နတ်သမီးလေးလို စိတ်ထားလှသူတယောက်မို့ ပရိသတ်တွေ အခုအချိန်အထိ သတိရနေကြတဲ့ မင်းသမီးလေး မေသက်ခိုင် တချိန်က မြန်မာ့အနုပညာလောကမှာ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ပုံလေးတွေကြောင့် လူသိများခဲ့ဖူးတဲ့ မင်းသမီးလေး မေသက်ခိုင်ကတော့ အခုတလောမှာ ပြန်ပြီး လူပြောများလာနေခဲ့တာပါ။ မေသက်ခိုင်ဟာ အရင်တချိန်က အ./ပ်ကြော.က်တတ်ပေမဲ့လည်း သွေ : လိုအပ်နေတဲ့ သူ့ပရိသတ်တယောက်အတွက် အရေးပေါ် သွေ : လှူဒါန်းပေးခဲ့ပြီး ပရဟိတလုပ်ငန်းတွေမှာလည်း စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးခဲ့လို့ သူ့အကြောင်းကို မှတ်မိနေကြသူတွေများနေခဲ့တာပါ။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/celebrity/%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%91%e1%80%b2%e1%80%80-%e1%80%94%e1%80%90%e1%80%ba%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad/

ခင်ပွန်းဖြစ်သူကိုစိုးလှိုင်ဦး ၂လပြည့်ကိုရည်စူးပြီး လူ၂၅၀စာဆန်နဲ့ စားသောက်ကုန်အလှူပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်ရတနာခင် သရုပ်ဆောင်ရတနာခင်ဟာ ခင်ပွန်းသည်ဖြစ်သူ ကိုစိုးလှိုင်ဦး ၂ လပြည့် ရည်စူးအလှူအနေနဲ့ ဆရာမဒေါ်သန်းမြင့်အောင် ဆရာမနှင်းဝေငြိမ်း ဆရာမနှင်းပန်းအိမ် ကိုမျိုး(မြန်မာစာ) တို့နဲ့အတူ ဒဂုံဆိပ်ကမ်း မြို့နယ် ၇၁ရပ်ကွက်ရှိ လူ ၂၅၀ စာ ဆန်နဲ့စားသောက်ကုန်များလှူဒါန်းခဲ့တာ ဖြစ်ပါတယ်. သရုပ်ဆောင် ရတနာခင်က “ကွယ်လွန်သူခင်ပွန်း ကိုစိုးလှိုင်ဦးအတွက် ရည်စူးပြီး ဒီကနေ့ တန်ဆောင်မုန်းလကွယ်နေ့ (၃၀.၁၁.၂၀၂၄ ) မှာ ရန်ကုန်တိုင်းဒေသကြီး ၊ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/celebrity/%e1%80%81%e1%80%84%e1%80%ba%e1%80%95%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9c/

တိပ်ကပ်ထားတဲ့ငှက်ပျောသီးကို ဒေါ်လာ ၆.၂ သန်းနဲ့ဝယ်ယူခဲ့သူ Crypto သူဌေး ငှက်ပျောသီးစားပြတဲ့ပွဲလေးကျင်းပပြုလုပ် အမေရိကလေလံပွဲတခုအတွင်း တိပ်ကပ်ထားတဲ့ ငှက်ပျောသီးကို အမေရိကန်ဒေါ်လာ ၆.၂သန်း နဲ့ ဝယ်ယူခဲ့သူ Crypto သူဌေး ဟာ ငှက်ပျောသီးစားပြတဲ့ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်. လေလံပွဲနေ့က ငှက်ပျောသီးကို မင်ဟက်တန် လေလံစင်တာရှေ့က သစ်သီးတန်းကနေ အမေရိကန်ဒေါ်လာ 25 cent နဲ့ ဝယ်ယူပြီး အီတလီဟာသသရုပ်ဆောင်နဲ့အနုပညာဖန်တီးသူက တိပ်ကပ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်. ဒီငှက်ပျောသီးကိုအမေရိကန်ဒေါ်လာ ၆.၂သန်း နဲ့ လေလံအောင်ခဲ့တဲ့ ဟောင်ကောင်က Crypto သူဌေး က စားပြတဲ့ပွဲလေး ပြုလုပ်ခဲ့တာဖြစ်ပြီး အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%90%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%9e/

အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသား ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ဂျွန် အယ်လ်ဖရက် တင်နစ်ဝုဒ်ဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ နိုဝင်ဘာ ၂၅ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ Southport မြို့လေးရှိ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာပါ။ သူ့ရဲ့နောက်ဆုံးနေ့ရက်မှာ သူ ချစ်မြတ်နိုးတဲ့ဂီတနဲ့ ချစ်ခြင်းမေတ္တာတွေဝန်းရံနေခဲ့ရတယ်။ ဂျွန်ဟာ သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ သူတွေကို အမြဲ ကျေးဇူးတင်စကားပြောရတာ ကြိုက်တယ်။ ဒါကြောင့် သူ့ကိုယ်စား နှစ်တွေအကြာကြီး ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ သူ့မိသားစုက ဆိုပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%81%e1%81%81%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%bd/

အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်တန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံး ရွှေကြောတွေ့ရှိကြောင်း တရုတ်ပြော အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ကျော်တန်ဖိုးရှိပြီး ကမ္ဘာ့အကြီးဆုံး ရွှေကြောဖြစ်လာနိုင်ဖွယ်ရှိသည့် ရွှေသတ္တုသိုက်ကို တွေ့ရှိကြောင်း တရုတ်ကပြောကြားသည်။ မြေအ‌အောက်အနက် မီတာ ၂၀၀၀ တွင် တန် ၁၀၀၀ ကျော် ရှိသည့် ရွှေသတ္တု ရိုင်းသိုက်နေရာသည် ဟူနန်ပြည်နယ်အလယ်ပိုင်း၊ ပင်ကျန်းစီရင်စုရှိ ဝမ်ဂူရွှေတွင်း၌ ရှိသည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။ ပင်ကျန်း စီရင်စုရှိ ရွှေတွင်းသည် ယွမ် ၆၀၀ ဘီလီယံ (ဒေါ်လာ ၈၃ ဘီလီယံ) တန်ဖိုးရှိသည်ဟု အစိုးရပိုင် ဆင်ဟွာသတင်းအရ သိရသည်။ လက်ရှိကမ္ဘာ့အကြီးဆုံးရွှေသိုက်မှာ တောင်အာဖရိကနိုင်ငံ၊ ဂေါတန်ပြည်နယ်ရှိ South Deep ရွှေတွင်းတွင် ရှိပြီး ရွှေ မက်ထရစ်တန်ချိန် ၉၃၀ ခန့်ရှိသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%a1%e1%80%99%e1%80%b1%e1%80%9b%e1%80%ad%e1%80%80%e1%80%94%e1%80%ba%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%9c%e1%80%ac-%e1%81%88%e1%81%80-%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6/

မြေး ၁၂ ယောက်အဘွားက တစ်နာရီအတွင်း ဒိုက် ၁၅၀၀ ကျော် ထိုးပြပြီး ဂင်းနက်စ်စံချိန်တင် အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ပြင်းပြတဲ့ စိတ်ဆန္ဒကို တားဆီးနိုင်စွမ်း မရှိဘူးဆိုတာကို အသက် ၅၉ နှစ်အရွယ် အမျိုးသမီးက တစ်နာရီအတွင်း ဒိုက် ၁၅၀၀ ကျော် ထိုးပြပြီး သက်သေပြလိုက်ပါပြီ။ ကနေဒါနိုင်ငံ၊ အယ်ဘာတာပြည်နယ်မှာ နေထိုင်တဲ့ ဒွန်နာဂျင်းဝေဒီဟာ မြေး ၁၂ ယောက်ရဲ့ အဘွားဖြစ်ပြီး သူ့ကိုအားပေးတဲ့ cheerleader အဖွဲ့မှာ သူ့မြေး ၁၁ ယောက် ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ဝေဒီက မိနစ် ၆၀ အတွင်း ဒိုက် ၁၅၇၅ ချက် ထိုးပြီး အမျိုးသမီးတွေထဲမှာ တစ်နာရီအတွင်း ဒိုက်အများဆုံး ထိုးနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။ ဝေဒီဟာ တစ်နာရီပြည့်ဖို့ ၁၇ မိနစ်လိုချိန်ကတည်းက ယခင်စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးအသားဟင်းလျာ အားလုံးကို အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/astrology/%e1%80%9c%e1%80%b1-%e1%80%99%e1%80%bc%e1%80%b1-%e1%80%9b%e1%80%b1%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%9d%e1%80%ab/

လေ မြေ ရေသတ္တဝါ …. လူသားတိုင်းမှာ သူ့ အယူအဆနဲ့ သူ့ဓလေ့ သူ့ရိုးရာနှင့်သူ ရှိတတ်ပါသည်။ ဘဲသားဟင်း ၊ဘဲကင် ၊ဘဲပေါင်းတွေဟာ မင်္ဂလာရှိပြီး ကံကောင်းစေတယ်လို့ အယူအဆများရှိခဲ့ပါတယ် ။ဘာ့ကြောင့်လည်းဆိုတော့ ဘဲသတ္တဝါသည် လေ မြေ ရေသုံးဌာနစလုံးနှင့် ပတ်သက်နေထိုင်လို့ဖြစ်ပါသည်။ တရုတ်လူမျိုးတွေရဲ့ မင်္ဂလာဆောင် ၊ဧည့်ခံကျွေးမွေးတဲ့ အခမ်းအနားမှာဆိုလျင် လေမှာကျက်စားသော သတ္တဝါ၊ ရေမှာ ကျက်စားသော သတ္တဝါ ၊မြေမှာ ကျက်စားသော သတ္တဝါရယ်ဆိုပြီး သတ္တဝါ(၃)မျိုးရဲ့ ဟင်းပွဲတွေပါဝင်တတ်ပါသည်။ ဒါမှလည်း ကံကောင်းစေသည်ဟုဆို တတ်ကြပါသည်။ ဒီလိုမျိုးအသားဟင်းလျာ အားလုံးကို အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/astrology/%e1%80%9c%e1%80%b1-%e1%80%99%e1%80%bc%e1%80%b1-%e1%80%9b%e1%80%b1%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%9d%e1%80%ab/

လုပ်ငန်းခွင်မှာ စက်ရုံအများဆုံးအသုံးပြုတဲ့နိုင်ငံအဖြစ် တောင်ကိုရီးယား ရပ်တည် တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်ငန်းခွင်အတွင်း စက်ရုံအများဆုံး အသုံးပြုတဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ လုပ်သား ၁၀၀၀၀ မှာ စက်ရုပ် ၁၀၁၂ ရုပ်အထိ အသုံးပြုလျက်ရှိပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း စက်ရုပ်အသုံးပြုမှုက နှစ်စဉ် ၅ % မြင့်တက်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံပြီးရင် ဒုတိယရပ်တည်နေတာကတော့ တရုတ်နိုင်ငံပါ။ လုပ်သား ၁၀၀၀၀ မှာ စက်ရုပ် ၄၇၀ အထိ အသုံးပြုလျက်ရှိတယ်လို့ နိုင်ငံတကာစက်ရုပ်ဆိုင်ရာအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/12/myanmarnews/international/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%af%e1%80%b6%e1%80%a1/

ကိဗ်မြို့မှ အရေးပါသောရုံးဌာနများကို ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်နိုင်ကြောင်း ပူတင်ခြိမ်းခြောက် ယူကရိန်းက အနောက်တိုင်းဒုံးကျည်များဖြင့် ရုရှားပိုင်နက်အား တိုက်ခိုက်ခြင်းအား တုံ့ပြန်ရာတွင် ကိဗ်မြို့မှ အဆုံးအဖြတ်ပေးသည့် အရေးပါသော ရုံးအ‌ဆောက်အဦများကို ရုရှားက အိုရက်ရှ်နစ် ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်သွားနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင် က ယမန်နေ့တွင် ပြောကြားသည်။ ၃၃ လ ကြာမြင့်လာပြီဖြစ်သော စစ်ပွဲတွင် ရုရှားက ယခုအချိန်အထိ ယူကရိန်းသမ္မတရုံး ၊ ပါလီမန် နှင့် ဝန်ကြီးဌာနများကို တိုက်ခိုက်ခြင်း မရှိသေးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ အပြည့်အစုံဖတ်ရှုရန် အပြာရောင်စာလေးကိုနှိပ်ပါ >> https://moenatmin.com/2024/11/myanmarnews/international/%e1%80%80%e1%80%ad%e1%80%97%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be-%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%9e%e1%80%b1%e1%80%ac%e1%80%9b%e1%80%af/