en
Feedback
Best Fiction Review For XiaoTuFeis

Best Fiction Review For XiaoTuFeis

Open in Telegram

ZSWW fiction review page

Show more
781
Subscribers
-124 hours
-17 days
+730 days
Posts Archive
အထက်တန်းပထမနှစ်ကတည်းက မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့တာကြောင့် အစ်ကိုဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဝမ်ရိပေါ်~ မိဘတွေအမွေချန်ထားခဲ့တဲ့ နှင်းဆီခြံလေးကို စိုက်ပျိုးရောင်းချရင်း မိမိကိုဆေးကျောင်းထားပေးတဲ့ အစ်ကိုဖြစ်သူအပေါ်မှာ အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ ညီလေးတစ်ယောက်လည်းဖြစ်ပြန်တယ်။ အိမ်နီးနားချင်းလည်းဖြစ် အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ ရှောင်းကျန့်က လက်ထပ်ဖို့ ဖွင့်ပြောလာချိန်မှာ ငြင်းဆိုခဲ့ပေမယ့်၊ အစ်ကိုဖြစ်သူရဲ့ မတော်တဆမှုတစ်ခုကြောင့် နောက်ဆုံးမှာတော့ ရှောင်းကျန့်နဲ့ အကြောင်းပါသွားခဲ့ပြီး ရိပေါ်အတွက်တော့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကို စတင်ခဲ့ရပါတော့တယ်။ တစ်ဖက်မှာလည်း ငယ်ရွယ်စဉ်ကာလမှာ အချစ်အတွက် ရူးမိုက်ခဲ့တဲ့ ရှောင်းကျန့်ရဲ့ညီမလေး ရှောင်းလျန်ဟွားမှာ ရင်သွေးလေး ရှိလာခဲ့တယ်။ မိဘတွေက ဖျက်ချခိုင်းပေမယ့် အစ်ကိုဖြစ်သူ ရှောင်းကျန့်ရဲ့ အကူအညီနဲ့ နိုင်ငံခြားအထိ သွားပြီး ကလေးကို ရအောင်မွေးဖွားခဲ့ပါတယ်။ အိမ်ထောင်သက် တစ်နှစ်ကျော်အကြာမှာတော့... ရှောင်းကျန့်က ညီမဖြစ်သူရဲ့ ကလေးကို ရိပေါ်ကို အသိမပေးဘဲ "မိမိအလုပ်သမားတွေ ဆုံးပါးသွားလို့ ကျန်ရစ်ခဲ့တဲ့ ကလေးလေး" ဆိုပြီး မွေးစားဖို့ ခေါ်လာခဲ့ပါတော့တယ်။ ရှောင်းကျန့်ညီမရဲ့ ကလေးမှန်းမသိရှာတဲ့ ရိပေါ်က ကလေးနဲ့ရှောင်းကျန့်ကြား တူညီလွန်းတဲ့အချက်တွေများလာတဲ့အခါ ဘယ်လိုမျိုးသံသယဝင်လာမလဲ? သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေကရော ပြိုကွဲခြင်းမရှိ‌ ရှေ့ဆက်နိုင်ပါ့မလား? မပွင့်မလင်းဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းတရားက သံသယတွေကြားထဲမှာ ရှင်သန်နိုင်ပါ့မလား ဆိုတာကို သိချင်ရင်တော့... Author @ Daydream-fah ရဲ့ “The Love Between Us” ZSWW Ongoing Fiction လေးမှာ အတူတူ လိုက်ပါစီးမျော ဖတ်ရှုပေးကြပါဦးရှင်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

အိမ်က ကလေးပေါက်စရဲ့မွေးနေ့အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ Authorများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... နှစ်တိုင်းလိုလိုမညီးမ
+5
အိမ်က ကလေးပေါက်စရဲ့မွေးနေ့အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ Authorများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... နှစ်တိုင်းလိုလိုမညီးမညူပါဝင်အားဖြည့်ပေးကြတဲ့အတွက်လည်း ပို၍ပို၍ကျေးဇူးတင်ရပါကြောင်းကိုလည်း ထပ်လောင်းပြောချင်ပါတယ် ချစ်ရပါသောauthor nimတို့ရေ... #BFRFXTF #ZSWWYYDS

ရက်စက် ကြမ်းကြုတ်လှပါတယ်လို့ နာမည်ကြီးတဲ့ ဧကရာဇ်မင်းရှောင်းကျန့် လူပေါင်းများစွာရဲ့ အသက်ကို ငဲ့ညာမှုမရှိ မျက်စိတစ်မှိတ်အတွင်း
ရက်စက် ကြမ်းကြုတ်လှပါတယ်လို့ နာမည်ကြီးတဲ့ ဧကရာဇ်မင်းရှောင်းကျန့် လူပေါင်းများစွာရဲ့ အသက်ကို ငဲ့ညာမှုမရှိ မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်တဲ့ ရေမြေ့ အရှင် ဧကရာဇ် မင်းဟာ အမတ်မင်းဝမ်ရဲ့ ဉာဏ်ရည် မပြည့်မှီပါဘူးဆိုသည့် သားငယ်လေး ဝမ်ရိပေါ်ကိုမှ မိဖုရား အရာ ထားလိုတယ်လို့ ဆိုလာတဲ့အခါ အမတ်မင်းကို ပညာပြဖို့ သက်သက် ထိုကောင်လေးကိုငရဲလိုနန်းတွင်းမှာ ခေါ်ထားဖို့ ရည်ရွယ်ခဲ့တဲ့ ဧကရာဇ် မင်းဟာ ကလေးသာသာ ဝမ်ရိပေါ်အပေါ် တကယ်ပဲ ရက်စက်နိုင်ပါ့မလား ဝမ်ရိပေါ်က ရော မိသားစုအသက်ဘေးကလွတ်ဖို့ သားကိုစွန့်လွတ်ခဲ့တဲ့ ဖအေဖြစ်သူအပေါ် တကယ် ခွင့်လွတ် နိုင်ပါ့မလား ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည် လောက်ပဲရှိတယ်လို့ နာမည်ထွက်နေတဲ့ သခင်ငယ်လေး ဝမ်ရိပေါ်ကရော တကယ်ပဲ အပြစ်ကင်းစင်ရဲ့လား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နဲ့ Author_ ywz_summery959 ရဲ့ ရက်စက်သော ဧကရာဇ်ရှောင်း၏ နှလုံးသား ခြွင်းချက်ဆိုတဲ့ historical fiction လေးကိုဝယ်ယူဖတ်ရှနိုင်ပါရှင့်။ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ဘေဘီမွေးနေ့အတွက် ‌khoon_cho_thar_nyein ‌ywz_summery959 ‌Daisy ‌I-am-K ‌britemey ‌Kharni21 စတဲ့အော်သာ6ယောက်ရဲ့ one shot တွေကို
ဘေဘီမွေးနေ့အတွက် ‌khoon_cho_thar_nyein ‌ywz_summery959 ‌Daisy ‌I-am-K ‌britemey ‌Kharni21 စတဲ့အော်သာ6ယောက်ရဲ့ one shot တွေကို 10,500ကျပ်နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ One Shot တစ်ပုဒ်ကို 2,000ကျပ်တောင်မရှိတဲ့ဈေးနှုန်းလေးဖြစ်တဲ့အတွက် အရမ်းရမ်းတန်ပါတယ်နော်~ Ficလေးတွေကိုလည်း အခုငွေလွှဲအခုတန်းပို့ပေးမှာဖြစ်တဲ့အတွက် စောင့်စရာမလိုပါဘူးနော်။ ငွေလွှဲပြီးတဲ့အခါ ငွေလွှဲssနဲ့အတူ ficပို့ပေးရမယ့် mailလေးပါ တစ်ခါထဲပို့ထားပေးဦးနော်။ တစ်ခုထပ်ပြောပြချင်တာက Ficရောင်းတာနဲ့ အလှူငွေနဲ့မတူပါ‌ဘူးနော်သဲတို့ရေ ✨ အလှူငွေ သီးသန့်ထည့်တာဆို ficမရပါဘူး certificate ရပါတယ်။ ✨ Ficဝယ်တာဆို certificate လေးမရပါဘူးနော်။ Birthday project အသေးစိတ် : https://t.me/bfrfxtfs/2604

မင်္ဂလာညချမ်းပါချစ်တို့ရေ~ မင့်ကိုလေ အိပေါ်လေး မွေးနေ့အတွက် ဘယ်တော့ donation ကောက်မလဲမေးနေသူတွေအတွက် ဒီနေ့ကစပြီး နောက်လ ၅ရက်န
မင်္ဂလာညချမ်းပါချစ်တို့ရေ~ မင့်ကိုလေ အိပေါ်လေး မွေးနေ့အတွက် ဘယ်တော့ donation ကောက်မလဲမေးနေသူတွေအတွက် ဒီနေ့ကစပြီး နောက်လ ၅ရက်နေ့အထိ အလှူငွေတွေပါဝင်လှူဒါန်းရပါတယ်ရှင့်။ မင်တို့ကချစ်တို့ကို ထုံးစံအတိုင်း certificate တွေပြန်ပေးသွားမှာပါ။ Certificateကလည်း မနှစ်ကလိုပဲ နှစ်ယောက်ပေါင်းမှတစ်စုံဖြစ်မယ့် ဒီဇိုင်းလှလှလေးနဲ့ပါပဲနော်။ အလှူငွေပမာဏ သတ်မှတ်မထားတာကြောင့် တတ်အားသရွေ့ (များလေကောင်းလေပေါ့နော် ဤကားစကားချပ် 😉) ပါဝင်လိုသူများ @bfrfxtf ဆီ လာ‌ရောက်ဆက်သွယ်နိုင်ပြီဖြစ်ပါတယ်။ KPay acc သိထားပြီးသူများက အလှူငွေတန်းလွှဲပြီး ငွေလွှဲssနဲ့အတူ certificate မှာ ရေးသားမယ့်နာမည်ကို လာပြောထားမယ်ဆိုရင်လည်းရပါတယ်ရှင်။ ဒီနှစ်တော့ မင်တို့က donation ပုံစံလေးကို အနည်းငယ်ပြောင်းလဲပြီးတမူထူးခြားမှာမို့ အတူတူပါဝင်ကြဖို့ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ဒါကြောင့်မို့ ၂၉နှစ်ပြည့်လည်းကိုကို့ကလေးလေးဖြစ်နေဆဲ ဝမ်ရိပေါ်လေးအတွက် အမှတ်တရမွေးနေ့အလှူလေးမှာ စတင်ပါဝင်နိုင်ပြီဖြစ်ပါကြောင်း သတင်းပါးလိုက်ပါတယ်ရှင်။

ဒီနေ့ အုန်တို့တွေ ဒိတ်တိုကြတာ လမ်းမှာသားသားကိုပါတွေ့လို့တစ်ခါထဲခေါ်သွားလိုက်တယ်😜 ပြည်လမ်း ဘက်ကိုရောက်ရင်ဘအမေပြေတဲ့ အမောပြေလေ
ဒီနေ့ အုန်တို့တွေ ဒိတ်တိုကြတာ လမ်းမှာသားသားကိုပါတွေ့လို့တစ်ခါထဲခေါ်သွားလိုက်တယ်😜 ပြည်လမ်း ဘက်ကိုရောက်ရင်ဘအမေပြေတဲ့ အမောပြေလေးကို ကြည့်ခဲ့ကြအုံးနော်🫶

ဒါလေးက ကျဲတို့အော်ဒါအပ်တုန်းက errorလေးဖြစ်ပြီး Venusစာသားမပါသွားတာလေးပါ လိုချင်တဲ့သူရှိမယ်ဆို လေးခုကို ၁၀,၀၀၀နဲ့ လာဝယ်လို့ရပါ
ဒါလေးက ကျဲတို့အော်ဒါအပ်တုန်းက errorလေးဖြစ်ပြီး Venusစာသားမပါသွားတာလေးပါ လိုချင်တဲ့သူရှိမယ်ဆို လေးခုကို ၁၀,၀၀၀နဲ့ လာဝယ်လို့ရပါတယ်ရှင် (တစ်ယောက်တည်းကိုပဲ လေးခုလုံးရောင်းလိုက်မှာပါ တစ်ယောက်တစ်ခုစီပို့ဖို့ကျဒလီအပ်ခနဲ့အဆင်မပြေမှာစိုးလို့ပါ) ဝယ်မယ်ဆို @BFRFXTF အကောင့်ကို တိုက်ရိုက်လာပြောလို့ရပါတယ်ရှင်

ဒါကတော့ တုဖေးတို့ လုံးဝအကြိုက်တေ‌ွ့စေမယ့် os collection လေးပါ။ ချို၊ချဉ်၊ဖန်၊ခါး အရသာအစုံအလင်ကိုမှ စပိုင်စီအရသာ အစပ်ကဲကဲ 🌚 ဖ
ဒါကတော့ တုဖေးတို့ လုံးဝအကြိုက်တေ‌ွ့စေမယ့် os collection လေးပါ။ ချို၊ချဉ်၊ဖန်၊ခါး အရသာအစုံအလင်ကိုမှ စပိုင်စီအရသာ အစပ်ကဲကဲ 🌚 ဖြစ်တာမို့ အခုချက်ချင်းပဲ့အပြေးလေးသွားဖတ်ကြပါနော်😘 🖇️ : https://www.wattpad.com/story/410411567?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=_BFRFXTF_

အဲ့လိုပြောတာ မခံနိုင်တော့ မနက်ဖြန်ကစပြီး လဗျူးရေးပါတော့မယ်ညော်🫵😏
အဲ့လိုပြောတာ မခံနိုင်တော့ မနက်ဖြန်ကစပြီး လဗျူးရေးပါတော့မယ်ညော်🫵😏

လကုန်ပြီဆိုတော့ osလေးလာဝယ်လို့ရပါသေးတယ်နော် 😁 https://t.me/bfrfxtfs/2585?single

ဒါလေးကို30ရက်နေ့အထိလာမှာလို့ရပါတယ်နော်။ လစာက5ရက်နေ့မှာထုတ်မှာမလို့စောင့်ပေးပါဆိုရင်လည်းမင်စောင့်ပေးမယ်နော်။ဒါပေမယ့်30ရက်နေ့နောက်ဆုံးထားပြီးတော့လာပြောပေးပါနော်🫶

မင်တို့ GA postမှာ Hobo bagလေးမဲပေါက်ထားတဲ့သူက လိပ်စာလာမပေးလို့ ကံထူးရှင်အသစ်ပြန်ရွေးထားပါတယ်🥳 Lucky number Number 5 ပိုင်ရှင်လေးက ဒီညနောက်ဆုံးထားပြီး မင်စီလိပ်စာလာပို့ပေးပါနော်👏

ကိုရန်ကျော် be like : ကျော်ကရေပဲ သောက်ချင်တာပါဂျာ🥹

ညကျရင်အိတ်အတွက်မဲပြန်ဖောက်ပေးပါ့မယ်နော်

အခု ကျဲတို့ရောင်းတယ်/GAပေးတယ်ဆိုတဲ့ ကီးချိန်းနဲ့ အိတ်ကလေးတွေမှာဆွဲထားတဲ့ artလေးက အုန်နာကိုယ်တိုင် artistဆီအပ်ထားတဲ့ဒီဇိုင်းလေးမို့ BFRFXTFရဲ့ကိုယ်ပိုင် limited editionလေးပါနော်... တကယ်တော့ အုန်နာအခုလိုအချိန်အား၊ငွေအားစိုက်ထုတ်ထားတာရဲ့ အဓိကရည်ရွယ်ချက်က ကလေးနှစ်ယောက်ရဲ့အမှတ်တရအခိုက်အတန့်လေးကို လှလှပပလေးသိမ်းထားစေချင်တာမို့ လက်ဆောင်ရတဲ့သူတွေရော၊ ကိုယ်တိုင်ဝယ်မယ်ဆိုတဲ့သူတွေရော ပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံရရှိကြမယ်ဆိုရင် အက်မင်တို့တွေလည်း တကယ်ဝမ်းသာမိကြမှာပါပဲ... ရောင်းရငွေထဲက အမြတ်ကိုလည်း တစ်ပြားတစ်ချပ်မှမကျန်စေဘဲ ကလေးနှစ်ယောက်မွေးနေ့မှာထည့်ဝင်လှူဒါန်းမှာမို့ မွေးနေ့အလှူလည်းပါဝင်ပြီးသားဖြစ် အမှတ်တရလှလှလေး‌ကိုလည်းသိမ်းဆည်းပြီးသားဖြစ်တာမို့ အဆင်ပြေမယ်ဆိုရင် ဒီအစီစဉ်လေးမှာအတူတူပါဝင်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ် 😄😄 GAပေါက်တဲ့သူတွေကလည်း ကိုယ့်ဆီရောက်လာမယ့် limitedလှလှလေးတွေကိုကြွားနိုင်ကြ‌ဖို့ အုန်နာ့ဆီ လိပ်စာလေးတွေသွားပို့ပေးလိုက်ကြပါဦးနော် 😉

ကီးချိန်းနဲ့အိ‌တ်ပေါက်ထားတဲ့သူလေးတွေကဒီညနောက်ဆုံးထားပြီးလိပ်စာလေးတွေလာပို့ပေးနော်။ ဒီညလာမပို့ရင် မနက်ဖြန်ကျမင်တခြားသူတွေကိုမဲပြန်ဖောက်ပေးလိုက်ပါ့မယ်နော်

ကဲကဲ... တုဖေးလေးတို့ရေ၊ အခုကတော့ အားလုံးပဲ စောင့်မျှော်နေကြတဲ့ ကံထူးရှင်တွေကို ကြေညာပေးမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်လေး
+4
ကဲကဲ... တုဖေးလေးတို့ရေ၊ အခုကတော့ အားလုံးပဲ စောင့်မျှော်နေကြတဲ့ ကံထူးရှင်တွေကို ကြေညာပေးမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်လေးကို ရောက်ရှိလို့ လာပါပြီရှင် ✨ ကံထူးသွားကြတဲ့ Lucky Number ပိုင်ရှင်လေးတွေကတော့... Set A (Acrylic Keychain Set) ကံထူးရှင်များ (၂ ဆု) Number 6 နဲ့ 13 ပဲ ဖြစ်ပါတယ်ရှင် 🎉 Set B (Hobo Bag) ကံထူးရှင် (၁ ဆု) Number 7 ပဲ ဖြစ်ပါတယ်ရှင် 🎉 Crystal Macrame Bracelet (လက်ပတ်) ကံထူးရှင်များ (၂ ဆု) Number 2 နဲ့ 12 ပဲ ဖြစ်ပါတယ်ရှင် 🎉 အကုန်လုံးအတွက် Congratulations ပါရှင်👏 ကျန်တဲ့ တုဖေးလေးတွေလည်း အားမငယ်ပါနဲ့ဦးနော်... နောက်ထပ် နောက်ထပ်လည်း GA အစီအစဉ်ကောင်းလေးတွေ ရှိဦးမှာမို့လို့ နောက်တစ်ခေါက်ကျရင် ကံထူးနိုင်ပါသေးတယ်ရှင်🥺🫶 Lucky Number ပိုင်ရှင်လေးတွေအနေနဲ့ ဒီ Post တင်ပြီး (၂၄) နာရီအတွင်း မင်မင်တို့အကောင့်ရဲ့ Message Box မှာ Delivery အပ်ပေးရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို လာရောက်ပေးပို့ပေးကြပါနော် အသည်းတို့ရေ... 😘 GA အတွက် အခုလိုမျိုး လက်ဆောင်လေးတွေ လာရောက် Support ပေးကြတဲ့ ညီမလေးနှစ်ယောက်နဲ့ @Charminglittleworld က ကျဲကျဲကိုလည်း ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင့်❤️💚

🎉🎈Happy Birthday to Dear XiaoTuFei-s 🎈🎉 Happy birthday ပါ ရှစ်နှစ်သမီးလေးတွေရေ 🎂🎂 စဉ်းစားကြည့်မှ... ကိုယ်တွေ တကယ်ကြီး အ
🎉🎈Happy Birthday to Dear XiaoTuFei-s 🎈🎉 Happy birthday ပါ ရှစ်နှစ်သမီးလေးတွေရေ 🎂🎂 စဉ်းစားကြည့်မှ... ကိုယ်တွေ တကယ်ကြီး အရွယ်ရောက်လာကြပြီလားမသိဘူး....၈ နှစ်ဆိုတဲ့ အချိန်က နည်းတာမှမဟုတ်တာ🥺 အခုဆို Fandom ထဲမှာ အရွယ်ရောက်သင့်သလောက်ရောက်ပြီး ရင့်ကျက်တည်ငြိမ်ကုန်ကြပြီမို့... အရင်လို ပွဲတွေထဲ မပါဖြစ်ကြတော့ပေမဲ့ ဒီလူသားနှစ်ယောက်အပေါ် ထားတဲ့အချစ်တွေကတော့ လျော့မသွားဘဲ နောက်ကွယ်ကနေ တိတ်တိတ်လေးနဲ့ အပြည့်အဝ Support ပေးနေတဲ့ အလိမ်မာတုံးလေးတွေ ဖြစ်နေပြီပေါ့နော်🫶 အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း ကိုယ်တွေရဲ့ အချစ်တွေက အမြဲတမ်း အတူတူပါပဲ❤️💚 ဒီခရီးတစ်ခုလုံးမှာ အတူရှိနေပေးလို့ ကျေးဇူးတင်သလို၊ ရှေ့ဆက်မယ့် နေ့ရက်တိုင်းမှာလည်း ကိုယ်တွေအားလုံး ကျန်းမာပျော်ရွှင်ပြီး တောသားအတွဲရဲ့ အချိုးတွေစားပြီး လေပေါ်မှာ လွှင့်ပြီးသကြားမင်းနဲ့နေတိုင်း ကွတ်ကီးအတူတူ ထိုင်စားနိုင်ပါစေ😆

ဒါလေးမနက်ဖြန်ညကျရင်ဖောက်ပေးပါ့မယ်နော်❤️ မပါဝင်ရသေးတဲ့သူတွေရှိလည်း ပါဝင်ကံစမ်းလို့ပါတယ်ရှင်💚