en
Feedback
Best Fiction Review For XiaoTuFeis

Best Fiction Review For XiaoTuFeis

Open in Telegram

ZSWW fiction review page

Show more
781
Subscribers
No data24 hours
No data7 days
+830 days
Posts Archive
ရန်သူများက "နတ်ဆိုးသခင်" လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ရှောင်းကျန့်က ချောမောခန့်ညားလှပပြီး ဉာဏ်နီဉာဏ်နက် ပေါင်းများစွာရှိတဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ ထို့အပြင် အဆိပ်မျိုးစုံကိုလည်း ကျွမ်းကျင်သူ ဖြစ်တာကြောင့် သူ၏ရှောင်းတိုင်းပြည်ကို "အဆိပ်တိုင်းပြည်" လို့ တင်စားခေါ်ဝေါ်ကြပြန်ပါသေးတယ်။ ထိုနတ်ဆိုးသခင် ရှောင်းကျန့်က မိမိအား သစ္စာဖောက်သည့် ရန်သူနယ်မြေကို ရက်စက်စွာ ပြန်လည်သိမ်းပိုက်ပြီးအပြန်မှာ ချုံခိုတိုက်ခိုက်ခံရပါတော့တယ်။ မည်သည့်အဆိပ်မျိုးကိုမဆို ခံနိုင်ရည်ရှိမှန်း သိထားကြသည့်အတွက် လုပ်ကြံသူတို့က မြှားတစ်စင်းတည်းမှာပင် အဆိပ်လေးငါးမျိုးအထိ ရက်စက်စွာ သုတ်လိမ်းထားခဲ့ကြရာ ထိုအဆိပ်များကြောင့်ပင် တောအုပ်အစပ်၌ မေ့မြောသွားခဲ့ရပါတော့တယ်။ ဟူတောအုပ်က အဆိပ်ရှိအပင် ပေါများသလို သားရဲတိရစ္ဆာန်များလည်း ရှိတာကြောင့် သာမန်လူတွေအဖို့ အန္တရာယ်ရှိတဲ့ တောကြီးဖြစ်ပေမယ့် အင်မတန်ရှားပါးဆေးပင်တွေ ရှိတာကြောင့် အဘိုးဖြစ်သူ သက်ရှိထင်ရှားရှိစဉ်ထဲက ဆေးပညာသင်ယူခဲ့ပြီး ဆေးပညာနဲ့ လူတိုင်းကို ကူညီအေးဆေးကုပေးနေတဲ့ ဝမ်ရိပေါ်အတွက်ကတော့ ဟူတောအုပ်က ကိုယ့်အိမ်ကိုယ့်ရာလို ရင်းနှီးကျွမ်းဝင်မှုရှိနေလို့ ပြောရင်လည်း မမှားပါဘူး။ နနမြို့တော်နဲ့ဝေးတဲ့ ရွာငယ်လေးမှာ နေထိုင်သူဖြစ်တာမို့ တစ်လတစ်ခါလောက်မှာသာ ဟူတောအုပ်ထဲ ဆေးပင်လာခူးတဲ့ ဝမ်ရိပေါ်တစ်ယောက် မြှားဒဏ်ရာနဲ့ သတိလစ်မေ့မြောနေတဲ့ ရှောင်းကျန့်ကို ကယ်တင်မိရာကနေ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ Author _AgathaChan ရဲ့ “MY LORD” ဆိုတဲ့ zsww ongoing fiction လေးကို update အတူတူစောင့်မျှော်ရင်း ဖတ်ကြရအောင်နော်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ရန်သူများက "နတ်ဆိုးသခင်" လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ရှောင်းကျန့်က ချောမောခန့်ညားလှပပြီး ဉာဏ်နီဉာဏ်နက် ပေါင်းများစွာရှိတဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ ထို့အပြင် အဆိပ်မျိုးစုံကိုလည်း ကျွမ်းကျင်သူ ဖြစ်တာကြောင့် သူ၏ရှောင်းတိုင်းပြည်ကို "အဆိပ်တိုင်းပြည်" လို့ တင်စားခေါ်ဝေါ်ကြပြန်ပါသေးတယ်။ ထိုနတ်ဆိုးသခင် ရှောင်းကျန့်က မိမိအား သစ္စာဖောက်သည့် ရန်သူနယ်မြေကို ရက်စက်စွာ ပြန်လည်သိမ်းပိုက်ပြီးအပြန်မှာ ချုံခိုတိုက်ခိုက်ခံရပါတော့တယ်။ မည်သည့်အဆိပ်မျိုးကိုမဆို ခံနိုင်ရည်ရှိမှန်း သိထားကြသည့်အတွက် လုပ်ကြံသူတို့က မြှားတစ်စင်းတည်းမှာပင် အဆိပ်လေးငါးမျိုးအထိ ရက်စက်စွာ သုတ်လိမ်းထားခဲ့ကြရာ ထိုအဆိပ်များကြောင့်ပင် တောအုပ်အစပ်၌ မေ့မြောသွားခဲ့ရပါတော့တယ်။ ဟူတောအုပ်က အဆိပ်ရှိအပင် ပေါများသလို သားရဲတိရစ္ဆာန်များလည်း ရှိတာကြောင့် သာမန်လူတွေအဖို့ အန္တရာယ်ရှိတဲ့ တောကြီးဖြစ်ပေမယ့် အင်မတန်ရှားပါးဆေးပင်တွေ ရှိတာကြောင့် အဘိုးဖြစ်သူ သက်ရှိထင်ရှားရှိစဉ်ထဲက ဆေးပညာသင်ယူခဲ့ပြီး ဆေးပညာနဲ့ လူတိုင်းကို ကူညီအေးဆေးကုပေးနေတဲ့ ဝမ်ရိပေါ်အတွက်ကတော့ ဟူတောအုပ်က ကိုယ့်အိမ်ကိုယ့်ရာလို ရင်းနှီးကျွမ်းဝင်မှုရှိနေလို့ ပြောရင်လည်း မမှားပါဘူး။ နနမြို့တော်နဲ့ဝေးတဲ့ ရွာငယ်လေးမှာ နေထိုင်သူဖြစ်တာမို့ တစ်လတစ်ခါလောက်မှာသာ ဟူတောအုပ်ထဲ ဆေးပင်လာခူးတဲ့ ဝမ်ရိပေါ်တစ်ယောက် မြှားဒဏ်ရာနဲ့ သတိလစ်မေ့မြောနေတဲ့ ရှောင်းကျန့်ကို ကယ်တင်မိရာကနေ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ Author _AgathaChan ရဲ့ “MY LORD” ဆိုတဲ့ zsww ongoing fiction လေးကို update အတူတူစောင့်မျှော်ရင်း ဖတ်ကြရအောင်နော်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ရှန်ဟိုင်း မြို့မှာ အလုပ် ကြိုးစားတဲ့ ဆရာဝန် ကလေး ဝမ်ရိပေါ်ဆိုတဲ့ ကောင်ငယ်လေးဟာ မွေးရပ်မြေဖြစ်တဲ့ လော့ရန်မြို့ကလေး ဆီ ခြေချရမှာကို အိမ်မက်ဆိုးတွေ မက်ရမှာထက် ကြောက်ပါသတဲ့...။ ဘာသတင်းအစအနမှ ချန်ထားခဲ့ဖော်မရဘဲ သူ့ကို ထားသွားခဲ့တဲ့ အချစ်ဦးဆိုတဲ့ ဒဏ်ရာကို ကိုးနှစ်တာလုံး တစ်ယောက်တည်း တိတ်တိတ်လေးသိမ်းထားခဲ့တဲ့ ဝမ်ရိပေါ် သူငယ်ချင်းဖြစ်သူဆီက ‌ဒီတစ်ခေါက် ဆရာ ကန်တော့ပွဲတော့ မင်းလာမှ ဖြစ်မယ်နော်ဆိုတဲ့ ဖုန်းကောလ်တစ်ခုနဲ့ လော့ရန်မြို့ကလေးဆီ ခဏတာ ပြန်လာဖို့ အကြောင်းဖန်လာတဲ့အခါ.. သူ့ကို ဒဏ်ရာဗလပွနဲ့ ထားသွားခဲ့တဲ့ ရှောင်းကျန့်ဆိုသူ အချစ်ဦးကရော ထို နှုတ်ဆက်ပွဲလေးဆီ လာတက်ပါ့မလား တစ်သက်လုံးမက်လာခဲ့တဲ့ အိမ်မက် နောက်ကိုတောင် ဆက်လက်ဖို့ လက်လျှော့ခဲ့ပြီး ရှောင်းကျန့် အတွက် ဝမ်ရိပေါ်ဟာ ဆရာဝန် ဖြစ်လာဖို့ ရွေးချယ်ခဲ့ပါတယ်တဲ့ သူ့ကိုကြကိုးနှစ်တာလုံး အိမ်မက်ဆိုးကြီးထဲ ပိတ်လှောင်ထားခဲ့ပြီး ရှောင်းကျန့်ကတော့ ဂျပန်မှာ ဝါသနာပါရာတွေ လုပ်နေခဲ့ပြီး အောင်မြင်နေပါသတဲ့... ဘာအကြောင်းပြချက်ရေရေရာရာ မရှိဘဲ သူတို့ကြားက ပြတ်တောက်ခဲ့ရတဲ့ ကြိုးလေးဟာ အခုတစ်ခေါက်မှာရော ပြန်ဆက်နိုင်ဖို့ အခွင့်ရှိပါအုံးမလား ဂျပန်ကို တိတ်တဆိတ်ထွက်သွားခဲ့တဲ့ ရှောင်းကျန့်ဆီမှာရော ဝမ်ရိပေါ် မသိနိုင်တဲ့ဘယ်လို အရာတွေ ရှိနေနိုင်မလဲ.. သူတို့နှစ်ယောက်ကြားမှာ ရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေဟာ လှလှပပ ရှင်သန် ခွင့် ရနိုင်သေးအုံးမလားဆိုတာကိုAuthor ToxicDaisy_2003 ရဲ့ About You ဆိုတဲ့ အနုပညာ လှလှလေးမှာ အတူတူခံစားသက်ဝင်လို့ ရပါပြီနော္~ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

သိုင်းလောကတစ်ခွင်မယ် ယင်ဓာတ်ကိုပိုင်ဆိုင်ထားသဖြင့် ဂိုဏ်းတော်များအပါအဝင် မိစ္ဆာများမျက်စိကျစရာ အစာဖြစ်သည်မို့ အကြိမ်ကြိမ်ဝန်း
သိုင်းလောကတစ်ခွင်မယ် ယင်ဓာတ်ကိုပိုင်ဆိုင်ထားသဖြင့် ဂိုဏ်းတော်များအပါအဝင် မိစ္ဆာများမျက်စိကျစရာ အစာဖြစ်သည်မို့ အကြိမ်ကြိမ်ဝန်းရံခံရသော ပညာရှင်ငယ်လေး ဝမ်ရိပေါ်.... တစ်နေ့မှာတော့ သိုင်းလောကကြား မြေပုံတည်နေရာတစ်ခုဟာ လူတိုင်း စိတ်ဝင်စားခြင်းခံနေရ၏ မန်ဂူလို့ အမည်ရလေ၏။ ရှေးယခင်က အမတအရှင်တစ်ဦး ကျင့်ကြံခဲ့ရာမြေဟု နာမည်ကြီးသဖြင့် အသီးသီးသော နယ်မြေများမှ သိုင်းလောကရှင်တွေလည်း ထိုဂူသို့ သွားရောက်လိုကြ၏။ ထိုအထဲတွင် ယင်ဓာတ်ပိုင်ရှင် ဝမ်ရိပေါ်နှင့်အတူ ထူးဆန်းသော လူရွယ်တစ်ဦးလည်း အပါအဝင်ပေါ့။ မိစ္ဆာတွေသာမက သိုင်းလောကသားတွေပါ မျက်စိကျခြင်းခံရတဲ့ ဝမ်ရိပေါ်တစ်ယောက် အနှောင့်အယှက်ကင်းရှင်းစွာနဲ့ မန်ဂူအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ရဲ့လား...၊ ‌လှပလွန်းတဲ့ခန္ဓာငယ်လေးကို ကာကွယ်ပေးမဲ့ တစ်စုံတစ်ဦးရော ရှိနိုင်ပါရဲ့လား၊ထိုလူကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်လေမလဲ.... ဆိုတာကို သိချင်ရင်တော့ အော်သာ I-am-K ရဲ့ “ပိတ်ပါးဖြူလေးရဲ့အရိပ်” ဆိုတဲ့ one shot ficလေးမှာ ဖတ်ရှုနိုင်ပါတယ်ရှင်~ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

🎶🎶🎶သူလာလာ မလာလာ ကိုယ်ကစောင့်ရမှာ🎶🎶🎶

ရုပ်ရည်၊ ပညာ၊ စီးပွားရေး အစစအရာရာ ပြည့်စုံလွန်းတဲ့ ရှောင်းအိမ်တော်ရဲ့ အငယ်ဆုံးသားဖြစ်သူ ရှောင်းကျန့်က အသက် (၃၅) အထိ တစ်ကိုယ်တည်း အေးဆေးနေချင်သူပါ။ ဒါပေမဲ့ အိမ်တော်အမွေဆက်ခံစေချင်တဲ့ ဖခင်ဖြစ်သူကြောင့် အိမ်ထောင်ဘက်တွေ့ဖို့ ဖြစ်လာတဲ့အခါ... မချစ်ဘဲ လက်မထပ်ချင်တာကြောင့် ဒီမတိုင်ခင်က အိမ်ထောင်ဘက် (၂၉) ယောက်လုံးကို အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းလွှတ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကြင်ဖက်တွေ့ဖို့သွားတဲ့လမ်းမှာ “Peony's Floral” ပန်းဆိုင်လေးကို မြင်မြင်ချင်း ဆွဲဆောင်ခံရပြီး ဝင်မိရာကနေ... ဆိုင်ထဲဝင်ဝင်ချင်း ကြားလိုက်ရတဲ့ “ကြွပါခင်ဗျာ” ဆိုတဲ့ ခပ်ဩဩ နှုတ်ဆက်သံလေးနဲ့အတူ မျက်ပေးတုံးလေးတွေ၊ ပါးဖောင်းဖောင်းလေးတွေနဲ့ အသားဖြူဖြူ၊ ဆံပင်အညိုရောင်ပျော့ပျော့‌လေးရှိတဲ့ ပန်းဆိုင်ပိုင်ရှင်ကောင်လေးကို မြင်လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ နှစ်ပေါင်းများစွာ အေးစက်ငြိမ်သက်နေခဲ့တဲ့ ရှောင်းကျန့်ရဲ့ နှလုံးသားက သွေးကြောပြတ်မတတ် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး မြတ်မြတ်နိုးနိုးနဲ့ စတင်ချစ်မိသွားပါတော့တယ်။ ဟင်းချက်ကျွေးချင်စိတ်၊ ပန်းချီဆွဲပေးချင်စိတ်တွေ ဖြစ်ပေါ်လာစေတဲ့အထိ ရုန်းမထွက်နိုင်အောင် စွဲလမ်းသွားတဲ့ ရှောင်းကျန့်က သူဝယ်ထားတဲ့ ပန်းစည်းလေးကို ကောင်လေးဆီပဲ ပြန်ပေးပြီး— "တို့သူငယ်ချင်းဖြစ်သွားတဲ့ အထိမ်းအမှတ်အဖြစ် လက်ခံပေးပါ" ဆိုကာ အတင်းထိုးထည့်ပြီး ဆိုင်ထဲက ခပ်မြန်မြန် ထွက်လာခဲ့ပါတော့တယ်။ ရှောင်းကျန့်တစ်ယောက် ကောင်လေးအနားမှာ ဆက်ပြီး ကပ်တွယ်ခွင့်ရဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး ချဉ်းကပ်သွားမလဲ? အတိတ်ကဒဏ်ရာတွေကြောင့် အချစ်ကို ကြောက်နေတဲ့ ဝမ်ရိပေါ်ကရော ရှောင်းကျန့်ရဲ့အချစ်ကို လက်ခံပါ့မလား? ဆိုတာကို သိချင်ရင်တော့ Author @ evelyn_kiki ရဲ့ “တကယ်လို့များ...” ဆိုတဲ့ ZSWW Short Fic လေးကို အတူတူ ဆက်လက်ဖတ်ရှုလိုက်ရအောင်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ကိုကိုးရင်ခွင်ထဲဝင်ပြီး ဂျိနဲ့ခွေ့ချင်လိုက်တာ😫 အားကျလိုက်တာ တစ်စုံတစ်ဝက်ရယ် ဝူးဝူးဝူး😭

ကြောင်ငယ်လေး “ရှောင်း” နဲ့ ဟမ်းစတားပေါက်လေး “ယွမ်”... သူတို့ရဲ့ပိုင်ရှင်ဖြစ်သူက ဝမ်ရိပေါ် တစ်ကောင်ကြွက်ဖြစ်တဲ့ဝမ်ရိပေါ်က “ရှောင်း” နဲ့ “ယွမ်”တို့ကို သူ့ရဲ့ကမ္ဘာငယ်လေးအဖြစ်သတ်မှတ်လို့ထားတယ်... တစ်ညမှာတော့ ဝမ်ရိပေါ်ဟာ ဝတ္ထုတစ်ပုဒ်ကိုစိတ်ဝင်တစားဖတ်ရင်းနဲ့ ညဉ့်နက်မှအိပ်ယာဝင်ခဲ့ပြီး နောက်တစ်နေ့အိပ်ယာထချိန်က ပုံမှန်ထက်နောက်ကျသွားခဲ့ပါတယ် သူအိပ်ယာနိုးချိန်မှာ သူချစ်ရတဲ့အကောင်ပေါက်လေးနှစ်ကောင်ကို မတွေ့ရတော့တာကြောင့် လိုက်လံရှာဖွေရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ် သေဆုံးသွားပြီလို့ထင်လိုက်တဲ့ဝမ်ရိပေါ်က မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ သူ ညကဖတ်ခဲ့တဲ့ဝတ္ထုထဲက ဗီလိန်“ဝမ်ရိပေါ်”ရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိနေတယ်ဆိုတာကို သိလိုက်ရပါတော့တယ် ဝတ္ထုထဲက အေးစက်ပြီးရက်စက်ပါတယ်ဆိုတဲ့ ဇာတ်လိုက်မင်းသားချော“ရှောင်းကျန့်”က ယခုအချိန်မှာတော့ နွေးထွေးတဲ့အကြည်တွေနဲ့ ဝမ်ရိပေါ်အနားရှိနေသလို ဗီလိန်“ဝမ်ရိပေါ်”ကို သဘောမကျခဲ့တဲ့ဇာတ်လိုက်မင်းသမီး“ယွင်လီ”ကလည်း ဝမ်ရိပေါ်အနားကပ်လို့ တိုးဝှေ့နေပြန်ပါတော့တယ် ဗီလိန်ဇာတ်ရုပ်နေရာကိုရောက်လာတဲ့ ဝမ်ရိပေါ်ကို ဇာတ်လိုက်တစ်ဖြစ်လည်း ရှောင်း နဲ့ ယွင် တို့က ဘယ်လိုဆက်ဆံကြမှာလဲ၊ ရှောင်းကျန့်ကရော နဂိုမူလဇာတ်ကြောင်းထဲကလို ဝမ်ရိပေါ်ကိုလုပ်ကြံမယ့်အစီအစဉ်တွေ ရှိနေဦးမှာလား၊ ယွမ်လီတစ်ယောက်ကရော မူလဇာတ်ကြောင်းကနေသွေဖယ်လို့ နာကျင်စရာချစ်ခြင်းတွေကနေ ကင်းဝေးနိုင်မှာလား၊ နဂိုဝတ္ထုထဲကလိုသာ ဝမ်ရိပေါ်သေဆုံးခဲ့ရင် ရှောင်းကျန့်ကရော ဘယ်လိုမျိုးခံစားရနိုင်မှာလဲ... ဒါတွေကိုသိချင်တယ်ဆိုရင်တော့ Author @ Kharni21 ရဲ့ “မြတ်နိုးရပါသော” ဆိုတဲ့ ficလေးမှာဖတ်ရှုနိုင်ပါပြီရှင် ✨ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

အသိညီမလေးတစ်ယောက် XiaoAo blind box လေးဖောက်ချင်လို့ Yibo dollလေးကိုပြန်ရောင်းချင်ပါတယ်တဲ့။ Doll + outfit ကို 67,000 နဲ့ရောင်း
အသိညီမလေးတစ်ယောက် XiaoAo blind box လေးဖောက်ချင်လို့ Yibo dollလေးကိုပြန်ရောင်းချင်ပါတယ်တဲ့။ Doll + outfit ကို 67,000 နဲ့ရောင်းမှာပါ။ မနှစ်ကမှဝယ်ထားတာ 3/4ခါလောက်ထုတ်ကြည့်ရသေးပါတယ်။ ဝယ်ချင်တဲ့သူရှိရင် @XWBL170 ကိုပဲတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်~

ဂုဏ်သိက္ခာကြီးမားလွန်းတဲ့ ရှောင်းအိမ်တော်က ပညာရေးကိုဦးစားပေးသူတွေဖြစ်ပြီး မိသားစုတွေက ပညာရေးမှာထူးချွန်တဲ့သူတွေသူတွေကြီးဆိုရင်လည်းမမှားပါ။ ဖခင်ဖြစ်သူကလည်း လက်ရှိပညာရေးဌာနနဲ့ဝန်ကြီးဖြစ်သူသလိုမိခင်ဖြစ်သူကလည်း ဆေးဘက်ဆိုင်ရာသုသေသန၏ဌာနမူးတစ်ယောက်ဖြစ်ပါတယ်။ ဒီလူမိသားစုကနေမွေးဖွားလာတဲ့ရှောင်းကျန့်ဟာ ငယ်စဉ်ထဲကဉာဏ်ကောင်းသူဖြစ်သလို ဖခင်ဖြစ်သူကဖိအားတွေကြောင့်ပါ စာမေးပွဲတိုင်းမှာ Rank1 အမြဲတမ်း ဗိုလ်ဆွဲထားတဲ့သူတစ်ယောက်လို့ပြောရင်လည်းမမှားပါဘူး ။ ဝမ်ရိပေါ်က အထက်တန်းပထမနှစ်ကတည်းက ရှောင်းကျန့်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်လာခဲ့ရသူဖြစ်ပြီး၊ ရမှတ် 0.5 အကွာနဲ့ အမြဲတမ်း ဒုတိယနေရာမှာပဲ ရှိနေခဲ့တာပါ။ အမှန်တော့ ဝမ်ရိပေါ်က မူလတန်းကနေ အလယ်တန်းအထိ အတန်းထဲမှာ Rank1 ကို အမြဲတမ်း ရရှိခဲ့တဲ့ စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ကျောင်းတွင်းဆုပေးပွဲတွေမှာလည်း မိမိနဲ့ အမှတ်အနည်းငယ်သာကွာပြီး ပထမနေရာ ရသွားတဲ့ ရှောင်းကျန့်ကိုပဲ အသိအမှတ်ပြုကြပြီး၊ ဒုတိယရတဲ့သူကိုတော့ မျက်နှာသာမပေးကြတာမို့... ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ကို အရမ်းမုန်းနေတယ်လို့ ပြောရင်လည်း မမှားပါဘူး။ မိမိနဲ့ အမှတ်အနည်းငယ်သာကွာပြီး ပထမနေရာမှာ အမြဲရှိနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ကြည့်မရသလို၊ မိမိကို အမြဲတမ်း လိုက်ပြိုင်ဆိုင်နေတဲ့ ဝမ်ရိပေါ်ကိုလည်း ရှောင်းကျန့်က အမြင်မကြည်ပါဘူး။ ဒီလိုနဲ့ ရှေ့နဲ့နောက် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ ကျောင်းနဲ့ ပြည်နယ်ကိုယ်စားပြုအဖြစ် တရုတ်နိုင်ငံရဲ့ သင်္ချာအိုလံပစ် (CMO) ပြိုင်ပွဲအတွက် သီးသန့် Training Camp ဝင်ပြီး အတူတူ လေ့ကျင့်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ? ရှောင်းကျန့်ကို အမုန်းကြီးမုန်းနေတဲ့ ဝမ်ရိပေါ်ကရော ပြောင်းလဲလာပါ့မလား? အမြင်မကြည်ဖြစ်နေတဲ့ ဒီနှစ်ယောက်ကြားက ဆက်ဆံရေးကော အဆင်ပြေသွားမလားဆိုတာ သိချင်ရင်တော့... Author @khoon_cho_thar_nyein ရဲ့ “Rival classmate” ဆိုတဲ့ ficလေးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်ရှင်~ ✨ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ပုံမှန်နေ့တွေလိုပဲ ခြောက်ကပ်လွန်းလှတဲ့ ဝမ်ရိပေါ်ရဲ့ အသက် (၂၅) နှစ်ပြည့် မွေးနေ့မှာ... သူအချိန်ပိုင်းအလုပ်လုပ်နေတဲ့ စာအုပ်ဆိုင်ပိုင်ရှင် ကျဲမေလီက လက်ရှိနာမည်ကြီးနေတဲ့ “ထာဝရ ချစ်ခြင်းမေတ္တာ” ဝတ္ထုစာအုပ်လေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဝတ္ထုထဲက ဒုတိယမင်းသားဖြစ်တဲ့ 'ရှောင်းကျန့်' ဟာ ချစ်ရသူအတွက် အစစအရာရာ ဖြည့်ဆည်းပေးဆပ်ပြီး အနစ်နာခံခဲ့ပေမဲ့လည်း... ဇာတ်သိမ်းမှာ ဇာတ်လိုက်နှစ်ယောက်ရဲ့လက်ချက်နဲ့ မတရား သေဆုံးသွားခဲ့ရပါတယ်။ ဒါကို မကျေနပ်နိုင်တဲ့ ဝမ်ရိပေါ်တစ်ယောက် စာရေးဆရာရော ဇာတ်လိုက်တွေကိုပါ မကျေမနပ်‌ေဒါသတကြီးကျိန်ဆဲရင်း မိုးလင်းခါနီးမှပဲ အိပ်ပျော်သွားပါတော့တယ်။ ထူးဆန်းစွာနဲ့ပဲ ဝမ်ရိပေါ် အိပ်ရာကနိုးလာတဲ့အခါမှာတော့... ဇာတ်လမ်းထဲမှာ နာမည်တောင် မပါဝင်ခဲ့တဲ့ ရှောင်းကျန့်ရဲ့ ဘေးအိမ်က သူဌေးမိသားစုရဲ့ အသက် (၅) နှစ်အရွယ် ကလေးအဖြစ် ကူးပြောင်းလာပါတယ်။ ကလေးတစ်ယောက် ဖြစ်နေတဲ့ ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်ရဲ့ ကြေကွဲစရာ ကံကြမ္မာဆိုးကြီးကို ဘယ်လိုမျိုး ပြောင်းလဲပေးသွားမှာလဲ? စိတ်ဝင်စားစရာ ဇာတ်အိမ်အပြောင်းအလဲတွေကို သိချင်တယ်ဆိုရင်တော့Author @ ywz_summery959 ရဲ့ “ဒုတိယမင်းသားရဲ့ ကံကြမ္မာဖန်တီးရှင်” ဆိုတဲ့ ZSWW Complete Fiction လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်~ https://www.wattpad.com/story/406390835?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=_BFRFXTF_

အထက်တန်းပထမနှစ်ကတည်းက မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့တာကြောင့် အစ်ကိုဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဝမ်ရိပေါ်~ မိဘတွေအမွေချန်ထားခဲ့တဲ့ နှင်းဆီခြံလေးကို စိုက်ပျိုးရောင်းချရင်း မိမိကိုဆေးကျောင်းထားပေးတဲ့ အစ်ကိုဖြစ်သူအပေါ်မှာ အရမ်းကို သိတတ်လိမ္မာလွန်းတဲ့ ညီလေးတစ်ယောက်လည်းဖြစ်ပြန်တယ်။ အိမ်နီးနားချင်းလည်းဖြစ် အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ ရှောင်းကျန့်က လက်ထပ်ဖို့ ဖွင့်ပြောလာချိန်မှာ ငြင်းဆိုခဲ့ပေမယ့်၊ အစ်ကိုဖြစ်သူရဲ့ မတော်တဆမှုတစ်ခုကြောင့် နောက်ဆုံးမှာတော့ ရှောင်းကျန့်နဲ့ အကြောင်းပါသွားခဲ့ပြီး ရိပေါ်အတွက်တော့ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကို စတင်ခဲ့ရပါတော့တယ်။ တစ်ဖက်မှာလည်း ငယ်ရွယ်စဉ်ကာလမှာ အချစ်အတွက် ရူးမိုက်ခဲ့တဲ့ ရှောင်းကျန့်ရဲ့ညီမလေး ရှောင်းလျန်ဟွားမှာ ရင်သွေးလေး ရှိလာခဲ့တယ်။ မိဘတွေက ဖျက်ချခိုင်းပေမယ့် အစ်ကိုဖြစ်သူ ရှောင်းကျန့်ရဲ့ အကူအညီနဲ့ နိုင်ငံခြားအထိ သွားပြီး ကလေးကို ရအောင်မွေးဖွားခဲ့ပါတယ်။ အိမ်ထောင်သက် တစ်နှစ်ကျော်အကြာမှာတော့... ရှောင်းကျန့်က ညီမဖြစ်သူရဲ့ ကလေးကို ရိပေါ်ကို အသိမပေးဘဲ "မိမိအလုပ်သမားတွေ ဆုံးပါးသွားလို့ ကျန်ရစ်ခဲ့တဲ့ ကလေးလေး" ဆိုပြီး မွေးစားဖို့ ခေါ်လာခဲ့ပါတော့တယ်။ ရှောင်းကျန့်ညီမရဲ့ ကလေးမှန်းမသိရှာတဲ့ ရိပေါ်က ကလေးနဲ့ရှောင်းကျန့်ကြား တူညီလွန်းတဲ့အချက်တွေများလာတဲ့အခါ ဘယ်လိုမျိုးသံသယဝင်လာမလဲ? သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေကရော ပြိုကွဲခြင်းမရှိ‌ ရှေ့ဆက်နိုင်ပါ့မလား? မပွင့်မလင်းဖြစ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းတရားက သံသယတွေကြားထဲမှာ ရှင်သန်နိုင်ပါ့မလား ဆိုတာကို သိချင်ရင်တော့... Author @ Daydream-fah ရဲ့ “The Love Between Us” ZSWW Ongoing Fiction လေးမှာ အတူတူ လိုက်ပါစီးမျော ဖတ်ရှုပေးကြပါဦးရှင်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

အိမ်က ကလေးပေါက်စရဲ့မွေးနေ့အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ Authorများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... နှစ်တိုင်းလိုလိုမညီးမ
+5
အိမ်က ကလေးပေါက်စရဲ့မွေးနေ့အတွက် ပါဝင်ကူညီပေးခဲ့ကြတဲ့ Authorများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်... နှစ်တိုင်းလိုလိုမညီးမညူပါဝင်အားဖြည့်ပေးကြတဲ့အတွက်လည်း ပို၍ပို၍ကျေးဇူးတင်ရပါကြောင်းကိုလည်း ထပ်လောင်းပြောချင်ပါတယ် ချစ်ရပါသောauthor nimတို့ရေ... #BFRFXTF #ZSWWYYDS