en
Feedback
Best Fiction Review For XiaoTuFeis

Best Fiction Review For XiaoTuFeis

Open in Telegram

ZSWW fiction review page

Show more
782
Subscribers
-124 hours
No data7 days
+730 days
Posts Archive
မင်္ဂလာနံနက်ခင်းလေးပါ တုဖေးလေးတို့ရေ... 🌞 ✨ မကြာခင်မှာ ကျရောက်တော့မယ့် မင်တို့သားသားလေးရဲ့ ချစ်လှစွာသော အိမ်ဦးနတ်ကြီး ကိုကို
မင်္ဂလာနံနက်ခင်းလေးပါ တုဖေးလေးတို့ရေ... 🌞 ✨ မကြာခင်မှာ ကျရောက်တော့မယ့် မင်တို့သားသားလေးရဲ့ ချစ်လှစွာသော အိမ်ဦးနတ်ကြီး ကိုကိုရှောင်းကျန့်ရဲ့ Birthday Project လေးအတွက် 🎂🎉 ဒီနေ့ကနေ စတင်ပြီး ၁၀ လပိုင်း ၄ ရက်နေ့ အထိ အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေရှင့်... ❤️✨ အလှူငွေ သတ်မှတ်ထားခြင်း မရှိပါဘူးရှင့်။ ဒါပေမဲ့ အလှူငွေ ၁၀,၀၀၀ ကျပ်နဲ့ အထက် လှူဒါန်းပေးတဲ့သူတွေကိုတော့ အပိုင်း (၂၉) ပိုင်း ပါဝင်တဲ့ "Fairy Kingdom" ဆိုတဲ့ ZSWW FMV လေးကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 🎁🎬 (Channel မှာတော့ ၄ ပိုင်းအထိပဲ တင်ပေးသွားမှာပါနော် 😉) နောက်ပြီး ကိုကို့မွေးနေ့အတွက် ပါဝင်အားဖြည့်ပေးချင်တဲ့ Author လေးများရှိရင်လည်း Fiction လေးတွေကို ၉ လပိုင်း ၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပေးပို့လို့ ရပါတယ်ရှင့်။ 📚✨ အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေရက်လေးကို ပိုင်ဆိုင်ကြပါစေရှင်🥰🙏

Yibo 29th Birthday Projectလေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ BFRFXTFs Pageနဲ့အတူ ပါဝင်ပေးခဲ့ကြသူတစ်ဦးစီတိုင်းကို ကျေးဇူးအများကြီးတ
+9
Yibo 29th Birthday Projectလေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ BFRFXTFs Pageနဲ့အတူ ပါဝင်ပေးခဲ့ကြသူတစ်ဦးစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်... နောင်လာမယ့်နေ့ရက်တို့မှာ ကလေးလေးနဲ့အတူ ချစ်ခြင်းတရားတို့မျှဝေရင်း ရှေ့ဆက်သွားကြရအောင် 💕 Certificateမှာပါတဲ့ အမည်နဲ့အလှူငွေပမာဏ လွဲချော်နေတာမျိုးရှိနေခဲရင် လာပြောပေးလို့ရပါတယ်ရှင့်... ဪ... ဒါနဲ့ ကိုကို့ရဲ့မွေးနေ့လေးမှာလည်း အတူတကွထပ်မံပါဝင်ပေးကြပါဦးလို့လည်း ဖိတ်ခေါ်လိုက်ပါရစေနော်~ ☺️

ရိပေါ်လေးရဲ့ 29th Birthday Project ကနေ စုစုပေါင်း အလှူငွေ 650,000 ကျပ် တိတိ ရရှိထားပါတယ်ရှင့်🥳🥳🥳 အခုလိုမျိုး မင်တို့ကို ယု
+1
ရိပေါ်လေးရဲ့ 29th Birthday Project ကနေ စုစုပေါင်း အလှူငွေ 650,000 ကျပ် တိတိ ရရှိထားပါတယ်ရှင့်🥳🥳🥳 အခုလိုမျိုး မင်တို့ကို ယုံကြည်ပြီး ပါဝင်လှူဒါန်းပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်~🫶 Name ဒါမှမဟုတ် Amounts မှားနေတာလေးတွေ ရှိရင် ဒီည နောက်ဆုံးထားပြီး လာပြောပေးပါနော်။ အလှူစာရင်းတွေကို ကိုကို့မွေးနေ့ပြီးမှ တစ်ခုတည်း ပေါင်းပြီး တင်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ 📝 အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ညချမ်းလေးကို ပိုင်ဆိုင်ကြပါစေနော်~ 🌙✨

Happy Birthday ပါ ဝမ်ဝမ်လေးရေ... 🥳🎂 အသက်တစ်နှစ် တိုးလာတာနဲ့အမျှ ပိုမိုရင့်ကျက်ပြီး အောင်မြင်မှုတွေနဲ့ တောက်ပလာတဲ့ အသည်းတုံး
Happy Birthday ပါ ဝမ်ဝမ်လေးရေ... 🥳🎂 အသက်တစ်နှစ် တိုးလာတာနဲ့အမျှ ပိုမိုရင့်ကျက်ပြီး အောင်မြင်မှုတွေနဲ့ တောက်ပလာတဲ့ အသည်းတုံးလေး... အသက်တစ်နှစ် ကြီးသွားသလို အသည်းတုံးလေးပေါ် ထားတဲ့ မားမားတို့ရဲ့ အချစ်တွေကလည်း တစ်နှစ်စာ ပိုပြီး တိုးလို့လာရပါတယ်... 💚✨ 29နှစ်ပြည့် မွေးနေ့မှသည် အနာဂတ်တစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ကျန်းမာ၊ ပျော်ရွှင်ပြီး ဘေးကင်းလုံခြုံပါစေ။ 🍀🎈 လုပ်ချင်တဲ့ အရာတိုင်း၊ မက်ထားတဲ့ အိမ်မက်တိုင်းကို စိတ်တိုင်းကျ ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော် လျှောက်လှမ်းပါ၊ မားမားတို့က အနောက်ကနေ အမြဲတမ်း ဝန်းရံပေး‌ေနမှာပါကွယ်... 🫂💚 ဘာပဲလုပ်လုပ် ဘေးကင်းပြီး အမြဲတမ်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်~✨🎉🫶 ရိပေါ်‌လေးရဲ့ birthday project ကိုမနက်ဖြန်ညအထိနောက်ဆုံးထားပြီးပါဝင်လို့ရပါသေးတယ်ရှင့်🤗 Birthday Project - https://t.me/bfrfxtfs/2604 Fanfic - https://t.me/bfrfxtfs/2605

ချစ်ရင်ရှယ်ပေးကြပါ🫶 https://www.facebook.com/reel/27773924895567752/?app=fbl

🧚‍♀🤴 Fairy Kingdom [ZSWW FMV] EP-1 🧚‍♂🤴 ©ZY_Axia05® ❗ပြန်လည်ကူးယူခွင့်မပြု❗ EP-2ကို Sundayမှာတင်ပေးပါ့မယ်🫶 ကြိုက်ရင်အသဲလေးတွေပေးခဲ့ကြပါနော်😘 အိပေါ်လေးမွေးနေ့အတွက်မပါဝင်ရသေးရင်5ရက်နေ့နောက်ဆုံးထားပြီးပါဝင်လို့ရပါသေးတယ်ရှင့်🫶 Birthday Project - https://t.me/bfrfxtfs/2604 Fanfic - https://t.me/bfrfxtfs/2605

ရောင်းမယ်ဆိုရင်ရော ဝယ်ကြမလားဟင်... ကိုကို့မွေးနေ့ပရောဂျက်အတွက် fanficချည်းပဲဆို ရိုးနေမှာစိုးလို့ fmvလေးတွေပါ စာတန်းထိုးပြီးရောင်းမယ်လေ... အားပေးကြမယ်မလားဟင် $_$ ဒါနဲ့လေ ကလေးလေးမွေးနေ့အတွက်က သဘက်ခါထိပဲနော်... ဒီနှစ်လည်းအများကြီးလှူချင်ပေမဲ့ မနှစ်ကပမာဏရဲ့တဝက်လောက်ပဲရသေးလို့ အက်မင်တို့အားငယ်နေပါတယ်နော် ㅠ.ㅠ Birthday Project - https://t.me/bfrfxtfs/2604 Fanfic - https://t.me/bfrfxtfs/2605

zsww fmv ကြည့်ကြမလား?

အက်မင့်ကောင်လေးမဟုတ်တဲ့ ကိုကို့ကလေးလေးမွေးနေ့ရောက်ဖို့ သုံးရက်ပဲလိုပါတော့တယ် အဲ့တာ‌ကြောင့်မို့ အလှူငွေသီးသန့်ထည့်ဝင်မယ့်သူတွေ
အက်မင့်ကောင်လေးမဟုတ်တဲ့ ကိုကို့ကလေးလေးမွေးနေ့ရောက်ဖို့ သုံးရက်ပဲလိုပါတော့တယ် အဲ့တာ‌ကြောင့်မို့ အလှူငွေသီးသန့်ထည့်ဝင်မယ့်သူတွေကို အများကြီးအများကြီးမျှော်နေပါတယ်နော် Ficပဲဝယ်ချင်ပါတယ်ဆိုသူများကတော့ ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ သူငယ်ချင်းတွေအတွက်ပါဆိုပြီး ဆယ်ယောက်စာလောက်တစ်ခါတည်းလာဝယ်မယ်ဆိုလည်း အက်မင်တို့ကစိတ်မဆိုးပါဘူးနော် နှစ်မျိုးလုံးအတွက်ပါဆိုရင်တော့ ကျမတို့ရဲ့အုန်အုန်က အာဘွားတွေတလှေကြီးနဲ့ စောင့်ကြိုနေပါလိမ့်မယ်နော် 🤭🤭🤭 Birthday Project - https://t.me/bfrfxtfs/2604 Fanfic - https://t.me/bfrfxtfs/2605

လော့ရန်မြို့ရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်းကို ပြောင်းလာတဲ့ ချုံချင်းအထက်တန်းကျောင်းက ထိပ်တန်းကျောင်းသား ရှောင်းကျန့်... သူကတော့ အမြဲတမ်း အဆင့် (၁) ရရုံတင်မကဘဲ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာပါ အမှတ်ကောင်းကောင်းရထားသူမို့ စာဂျပိုးလေးလို့ပြောရင်လည်းမမှားပါဘူး~ နောက်တစ်ယောက်ကတော့ အားနည်းသူတွေကို အနိုင်မကျင့်တတ်ပေမဲ့ ရန်ပွဲတိုင်းမှာ ထိပ်ဆုံးကပါလေ့ရှိတဲ့ ကျောင်းလူဆိုးလေး ဝမ်ရိပေါ်... အလယ်တန်းကျောင်းသားဘဝတုန်းက ဘောလုံးကန်ရင်း အထက်တန်း စီနီယာအဖွဲ့နဲ့ ရန်ဖြစ်ခဲ့ဖူးသလို၊ တခြားမြို့ကလာတဲ့ ကျောင်းသားတွေနဲ့ ဂိမ်းဆိုင်မှာ နေရာလုရင်းလည်း ရန်ဖြစ်ခဲ့ပါသေးတယ်။ အထက်တန်းရောက်တော့လည်း ဘတ်စကက်ဘောကစားရင်း အချင်းချင်း ရန်ဖြစ်ကြပြန်ရော...။ ဒါတင်မကသေးဘူး၊ ကျောင်းသားအသစ်တွေကိုလည်း တစ်နည်းမဟုတ် တစ်နည်း စိတ်အနှောင့်အယှက် ပေးတတ်ပါသေးတယ်။ ဒီလိုနဲ့ လိုင်းကားနံပါတ် (၈၃) ပေါ်မှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်...။ ပထမဆုံး စတွေ့ချိန်မှာတင် ကျောင်းလူဆိုးလေး ဝမ်ရိပေါ်က စာဂျပိုးလေး ရှောင်းကျန့်ကို ကားခ စိုက်ပေးခိုင်းခဲ့ရာမှစလို့... စာဂျပိုးလေး ရှောင်းကျန့်နဲ့ ကျောင်းလူဆိုးလေး ဝမ်ရိပေါ်တို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကို အသည်းတယားယား၊ အူတလိမ့်လိမ့် ဖတ်ရှုချင်တယ်ဆိုရင်တော့ Author Layharnal ရဲ့ “နှလုံးသားကတိ” ဆိုတဲ့ ZSWW One-Shot လေးကို အခုချက်ချင်း သွားရောက်ဖတ်ရှုလိုက်ကြပါနော်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

Repost from N/a
🥳
+1
🥳

ပလုံဖိုင်များထားချင်ကြမလားလို့ပါ🫶

လကလေးလည်း ကုန်ခါနီးပြီဆိုတော့ မွေးနေ့အလှူကလေးလည်း အမှတ်တရပါဝင်ပေးကြပါဦးနော် အလှူပါဝင်သူများအတွက် အထူးစပရှယ်ကျေးဇူးတင်လက်ဆောင်
လကလေးလည်း ကုန်ခါနီးပြီဆိုတော့ မွေးနေ့အလှူကလေးလည်း အမှတ်တရပါဝင်ပေးကြပါဦးနော် အလှူပါဝင်သူများအတွက် အထူးစပရှယ်ကျေးဇူးတင်လက်ဆောင်အနေနဲ့ အုန်နာ့ကိုမဲဖောက်ပေးပါမယ်... အပိုင်ယူသွားကြပါကုန် 🤭🤭🤭

မင်ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပါနေလို့ review လေတွေမတင်ဖြစ်သေးတာပါနော်။ ရိပေါ်လေးမွေးနေ့အတွက်ပါဝင်ချင်တာပဲဖြစ်ဖြစ် ficဝယ်ချင်တာပဲဖြစ်ဖြစ် @bfrfxtf ကိုစာပို့ထားလို့ရပါတယ်။မင်အားတာနဲ့ချက်ချင်းစာပြန်ပေးမယ်နော်။ ငွေလွှဲ noသိပြီးသားသူတွေက ငွေလွှဲ ssနဲ့အတူ certificate မှာမှတ်ရမယ့်နာမည် ဒါမှမဟုတ် fic ပို့ရမယ့် mailကိုတစ်ခါထဲ‌ပို့ပေးထားရင်ပိုအဆင်ပြေပါတယ်ရှင့်🫶

မနက်ခင်းလေးကို ‌ပေါ်ပေါ်ချစ်တဲ့ကိုကိုကျန့်တို့နဲ့စတင်လိုက်ပါတယ်🥹🫶

ကလေးဘဝတည်းကတောင်းဆုပြုလာတဲ့ ဝမ်ရိပေါ်ရဲ့မွေးနေ့ဆုတောင်းတွေက တစ်နှစ်မှမပြည့်ဝခဲ့ပါ။ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာတော့ ဆရာအိုကြ
ကလေးဘဝတည်းကတောင်းဆုပြုလာတဲ့ ဝမ်ရိပေါ်ရဲ့မွေးနေ့ဆုတောင်းတွေက တစ်နှစ်မှမပြည့်ဝခဲ့ပါ။ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာတော့ ဆရာအိုကြီးတစ်ယောက်က ပြောခဲ့တယ် ‘မင်းကို တကယ်ချစ်တဲ့သူတစ်ယောက်ပေးတဲ့ ဆုတောင်းကပဲ မင်းအတွက်ပြည့်လိမ့်မယ်’တဲ့။ ဒီစကားတွေကိုမယုံကြည်တဲ့ရိပေါ်က သူ့အသက်နှစ်ဆယ်ပြည့်တဲ့မွေးနေ့မှာ လူတစ်ယောက်ကိုတွေ့ခဲ့ရတယ်။ ရိပေါ်အတွက်မွေးနေ့ဆုတောင်းပေးခဲ့ပေမဲ့ နောက်ထပ်မဆုံဖြစ်တော့တဲ့ လူတစ်ယောက်ပါပဲ။ ဝမ်ရိပေါ်က အဲ့ဒီလူကို နောက်နှစ်မွေးနေ့မှာ ပြန်တွေ့ရမယ်လို့ ယုံကြည်နေခဲ့တယ်။ ရိပေါ်ယုံကြည်သလို အဲ့ဒီလူက နောက်နှစ်မွေးနေ့မှာ ပြန်လာနိုင်ပါ့မလား။ အဲ့ဒီလူရဲ့ ရိပေါ်အတွက်ဆုတောင်းကရော ပြည့်ဝနိုင်ပါ့မလား။ မွေးနေ့ဆုတောင်းပေးတဲ့သူကရော ရိပေါ်အတွက် နောက်နှစ်တွေမှာလည်း မွေးနေ့ဆုတောင်းပေးသူဖြစ်လာနိုင်ပါမလား။ Author @ Summer Nway ရဲ့ Every August 5 ဆိုတဲ့ short story‌လေးထဲမှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီ ficလေးအပါအဝင်စုစုပေါင်း one shot 6ပုဒ်ကိုမှ 10,500ကျပ်ထဲနဲ့လာရောက်ယူနိုင်ပါတယ်။ အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605

ရန်သူများက "နတ်ဆိုးသခင်" လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ရှောင်းကျန့်က ချောမောခန့်ညားလှပပြီး ဉာဏ်နီဉာဏ်နက် ပေါင်းများစွာရှိတဲ့သူလို့ ပြောရင်လည်း မမှားပါဘူး။ ထို့အပြင် အဆိပ်မျိုးစုံကိုလည်း ကျွမ်းကျင်သူ ဖြစ်တာကြောင့် သူ၏ရှောင်းတိုင်းပြည်ကို "အဆိပ်တိုင်းပြည်" လို့ တင်စားခေါ်ဝေါ်ကြပြန်ပါသေးတယ်။ ထိုနတ်ဆိုးသခင် ရှောင်းကျန့်က မိမိအား သစ္စာဖောက်သည့် ရန်သူနယ်မြေကို ရက်စက်စွာ ပြန်လည်သိမ်းပိုက်ပြီးအပြန်မှာ ချုံခိုတိုက်ခိုက်ခံရပါတော့တယ်။ မည်သည့်အဆိပ်မျိုးကိုမဆို ခံနိုင်ရည်ရှိမှန်း သိထားကြသည့်အတွက် လုပ်ကြံသူတို့က မြှားတစ်စင်းတည်းမှာပင် အဆိပ်လေးငါးမျိုးအထိ ရက်စက်စွာ သုတ်လိမ်းထားခဲ့ကြရာ ထိုအဆိပ်များကြောင့်ပင် တောအုပ်အစပ်၌ မေ့မြောသွားခဲ့ရပါတော့တယ်။ ဟူတောအုပ်က အဆိပ်ရှိအပင် ပေါများသလို သားရဲတိရစ္ဆာန်များလည်း ရှိတာကြောင့် သာမန်လူတွေအဖို့ အန္တရာယ်ရှိတဲ့ တောကြီးဖြစ်ပေမယ့် အင်မတန်ရှားပါးဆေးပင်တွေ ရှိတာကြောင့် အဘိုးဖြစ်သူ သက်ရှိထင်ရှားရှိစဉ်ထဲက ဆေးပညာသင်ယူခဲ့ပြီး ဆေးပညာနဲ့ လူတိုင်းကို ကူညီအေးဆေးကုပေးနေတဲ့ ဝမ်ရိပေါ်အတွက်ကတော့ ဟူတောအုပ်က ကိုယ့်အိမ်ကိုယ့်ရာလို ရင်းနှီးကျွမ်းဝင်မှုရှိနေလို့ ပြောရင်လည်း မမှားပါဘူး။ နနမြို့တော်နဲ့ဝေးတဲ့ ရွာငယ်လေးမှာ နေထိုင်သူဖြစ်တာမို့ တစ်လတစ်ခါလောက်မှာသာ ဟူတောအုပ်ထဲ ဆေးပင်လာခူးတဲ့ ဝမ်ရိပေါ်တစ်ယောက် မြှားဒဏ်ရာနဲ့ သတိလစ်မေ့မြောနေတဲ့ ရှောင်းကျန့်ကို ကယ်တင်မိရာကနေ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ Author _AgathaChan ရဲ့ “MY LORD” ဆိုတဲ့ zsww ongoing fiction လေးကို update အတူတူစောင့်မျှော်ရင်း ဖတ်ကြရအောင်နော်~ * fic link ကို comment မှာ ချပေးထားပါတယ် * ရိပေါ်လေးမွေးနေ့နေ့အတွက် မပါဝင်ရသေးရင်ပါဝင်လို့ရပါတယ်နော် 🫶 Birthday project အသေးစိတ် 🖇️ : https://t.me/bfrfxtfs/2605