en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ရွှေဘ

ရွှေဘ

Open in Telegram

📈 Analytical overview of Telegram channel ရွှေဘ

Channel ရွှေဘ (@shweba000) in the Burmese language segment is an active participant. Currently, the community unites 10 375 subscribers, ranking 18 037 in the News & Media category and 11 098 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 375 subscribers.

According to the latest data from 27 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -216 over the last 30 days and by -6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.92%. Within the first 24 hours after publication, content typically collects 5.10% reactions from the total number of subscribers.
  • Post reach: On average, each post receives 615 views. Within the first day, a publication typically gains 530 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 9.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 28 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

10 375
Subscribers
-624 hours
-457 days
-21630 days
Posts Archive
အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ ================ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ
+3
အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ ================ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုခရီးစဉ် လာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း တောင်ကြီးမြို့မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နေမှုကို သွားရောက်လေ့လာခဲ့ပြီး ညပိုင်းမှာတော့ နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား နောင်တော့မှအင်းပေါခုံသို့ ဒေသစာရီအပူဇော်ခံကြွချီစဉ် သီတင်းကျွတ်လပြည့်ကျော် (၂)ရက် ၂၈.၁၀.၂၀၂၆

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား ===========
+3
နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား ============== ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များသည် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိကြပြီး သမိုင်းကြောင်းတွင်လည်း နာမည်ကောင်းဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူကာ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်ထည့်သွင်းမှာကြားခဲ့သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံ သတ္တုတူးဖော်ရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ပြ
+5
မြန်မာ-ရုရှား နှစ်နိုင်ငံ သတ္တုတူးဖော်ရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အဆင့်မြင့်နည်းပညာများနှင့် ပညာတတ်လူသားအရင်းအမြစ်များကို အသုံးပြုကာ သတ္တုစတင်တူးဖော်ထုတ်လုပ်ခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဟိုပင် KPDF တွေဟာ ဗန်းမော်တိုက်ပွဲအတွင်းမှာ ရှေ့ဆုံးကနေ အသေခံတိုက်ခိုက်နေရတာကြောင့် အထိအခိုက်သေဆုံးတာတွေများနေပြီး ဒဏ်ရာရတဲ့
ဟိုပင် KPDF တွေဟာ ဗန်းမော်တိုက်ပွဲအတွင်းမှာ ရှေ့ဆုံးကနေ အသေခံတိုက်ခိုက်နေရတာကြောင့် အထိအခိုက်သေဆုံးတာတွေများနေပြီး ဒဏ်ရာရတဲ့ KPDF တွေအတွက် ဆေးဝါးမရှိဘဲသေဖို့ စောင့်နေကြရတယ်တဲ့... ဆေးဝါလိုအပ်တဲ့အချိန်မှာ KIA က ဘာမှ ထောက်ပံ့ပေးတာမရှိတာကြောင့် စိတ်ဓါတ်ပျက်ပြီး ထွက်ပြေးကြဖို့ လုပ်နေကြတယ်လို့ သိရပါတယ်...

မြန်မာ့ရိုးရာအနုပညာသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ဖော်ပြပေးနေသောတန်ဖိုးရှိသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုသမ
မြန်မာ့ရိုးရာအနုပညာသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ဖော်ပြပေးနေသောတန်ဖိုးရှိသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား =========== မြန်မာ့ရိုးရာအနုပညာသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ဖော်ပြပေးနေသောတန်ဖိုးရှိသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အရည်အသွေးပြည့်ဝစွာဖြင့် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးအတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်မြန
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ (MICC-I) ကျောက်စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၈နာရီ ခွဲတွင် MICC -I ၌ ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်ပြီး MRTV HD ၊ MRTV Entertainment ၊ MRTV NRC Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ Readers’ Channel ၊ Channel 9 ၊ Sky Net Up to Date ၊ Uni TV ၊ Shwe Nadi Shwe Yi ၊ Channel 24 နှင့် MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့် ပြသမည်ဖြစ်သည်။ ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်လာတဲ့ သဘ
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်လာတဲ့ သဘင်ပညာရှင်များအား နွေးနွေးထွေးထွေး နှုတ်ခွန်းဆက်နေတဲ့ မြင်ကွင်း ================ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် “သဘင့်မာန်ဟုန် ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့က သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်သည့် “ဝိဓူရ” ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေခြင်းကို အောက်တိုဘာလ ၂၇ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကပြဖျော်ဖြေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ကြည့်ရှုအားပေးပြီးချိန်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ သဘင်ပညာရှင်များအား နွေးနွေးထွေးထွေး နှုတ်ခွန်းဆက်နေတာပဲ ဖြစ်ပါတယ်။

အရွှတ်ရွှတ် အဟင့်ငင့် အဟစ်အဟစ်😂 USမြန်မာသရုံးမှခိုးထားတဲ့ဒေါ်လာ၂သန်းပြောင်သွားလို့ NUGခွေးဘီလူး တရွှတ်ရွှတ် ထိုင်ငိုပြ။ NUG ခွေးဘီလူးတို့ထိုင်ခုံလည်းပျောက်၊ခွက်လည်းပျောက်လာလိုရှုံး ပွဲချထိုင်ငိုပြ။နှပ်ချေးတွေတောင်တွဲလွဲကျရတယ်လို့ PDF ကြောင်မိုးထွန်းရာ...

အောက်တိုဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးဆိုင်ကို အကြမ်းဖ
+1
အောက်တိုဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးဆိုင်ကို အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် အသက် ၈၅ နှစ်အရွယ် ဒေါ်ချိုတီ သေဆုံးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဦးဇော်မိုးတို ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်...

နေပြည်တော် ပျဉ်းမနားမြို့တွင် (၁၀၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ ပျဉ်းမနားမြို့အတွင်း ဒေသစာရီကြွချီပူဇော်ပွဲကိ
+9
နေပြည်တော် ပျဉ်းမနားမြို့တွင် (၁၀၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ ပျဉ်းမနားမြို့အတွင်း ဒေသစာရီကြွချီပူဇော်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြတဲ့ ကြည်ညိုဖွယ်ရာ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...

မနိုင်တော့ဘူးဆိုတဲ့ အခြေအနေအမှန်ကိုနားလည်သွားကြတဲ့ တောင်းပိုင်း ပဒက်တွေတော့ မသေခင်နုတ်ထွက်ကုန်ကြပြီ... ကျရှုံးသွားတဲ့ အကြမ်းဖ
မနိုင်တော့ဘူးဆိုတဲ့ အခြေအနေအမှန်ကိုနားလည်သွားကြတဲ့ တောင်းပိုင်း ပဒက်တွေတော့ မသေခင်နုတ်ထွက်ကုန်ကြပြီ... ကျရှုံးသွားတဲ့ အကြမ်းဖက်တော်လှန်ရေးကို စိတ်ကုန်စိတ်ပျက်လာတဲ့ တောင်းပိုင်းတိုင်းဒေသ အကြမ်းဖက် PDF တပ်ရင်းက ပဒက်တွေတော့ တပ်ရင်းမှူး ညွန့်နိုင် ကို ငွေပေးပြီး နုတ်ထွက်သွားကြပြီလို့ သိရပါတယ်... ကျန်ရှိနေသေးတဲ့ အသုံးချခံ ကွန်ဒုံးပဒက်တွေလည်း အမှားကိုသိပြီ အချိန်မီ အလင်းဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်...

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ငပြီကျွန်းရှိ AA အကြမ်းဖက်များအား ရှာဖွေချေမှုန်းခြင်း (27-10-26)

ငပြီကျွန်းမှာ သေလို့ကောင်းနေကြတဲ့ AA ဘိန်းစားကောင်တွေ... တပ်မတော်ဒရုန်းတွေရဲ့ စွမ်းပကားကတော့ အားရစရာပါပဲ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှု
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး ================================= မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် “သဘင့်မာန်ဟုန် ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့က သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်သည့် “ဝိဓူရ” ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေခြင်းကို အောက်တိုဘာလ ၂၇ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကပြဖျော်ဖြေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှု
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး ================================= မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် “သဘင့်မာန်ဟုန် ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့က သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်သည့် “ဝိဓူရ” ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေခြင်းကို အောက်တိုဘာလ ၂၇ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကပြဖျော်ဖြေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ကြည့်ရှုအားပေးပါတယ်။ ထို့နောက် ဇာတ်တော်ကြီး ကပြဖျော်ဖြေတင်ဆက်မှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇာတ်တော်ကြီးတွင် ပါဝင်တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။ နေပြည်တော်၊ အောက်တိုဘာ - ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်တော်မူတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ သီတင်းကျွတ်
+9
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်တော်မူတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ သီတင်းကျွတ်ကာလတွင် အနယ်နယ် အရပ်ရပ်မှာ လာရောက်ဖူးမြော်ကြည်ညိုကြတဲ့ ဘုရားဖူးပြည်သူများအား စည်ကားများပြားစွာတွေ့မြင်ရတဲ့ မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...

သီတင်းကျွတ်ကာလမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ပျော်ရွှင်ကြည်နူးနေကြပြီး စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ပွဲရွှင်ပွဲတွေ
သီတင်းကျွတ်ကာလမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ပျော်ရွှင်ကြည်နူးနေကြပြီး စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်နိုင်ကြတာဟာ တွေ့မြင်ရသူတိုင်းကို ကြည်နူးပီတိဖြစ်စေမှာမလွဲပဲဖြစ်ပါတယ်...ပြည်သူတွေအခုလိုမျိုး ပျော်ရွှင်နိုင်ကြတာဟာ နိုင်ငံအေးချမ်းတည်ငြိမ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်...

+9
၁၀၆ ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ မြို့အတွင်း ဒေသစာရီလှည့်လည်ပူဇော်ပွဲကြီးရဲ့ ယနေ့ အောက်တိုဘာလ ၂၇ ရက် မြင်ကွင်းပုံရိပ်တွေပဲဖြစ်ပါတယ်...နိုင်ငံကျော်အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ အင်မတန်စည်ကားသိုက်မြိုက်လွန်းတဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်တစ်ခုပဲဖြစ်ပါတယ်...