en
Feedback
Book4U.MM

Book4U.MM

Open in Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Show more
5 351
Subscribers
-424 hours
-187 days
-9130 days
Posts Archive
ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) Pre Order (ဖေဖော်ဝါရီလဆန်းထွက်ပါမယ်) =============== ဆိုလာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတယောက်
ဆိုလာတပ်ဆင်ခြင်း (ဒုတိယအကြိမ်) Pre Order (ဖေဖော်ဝါရီလဆန်းထွက်ပါမယ်) =============== ဆိုလာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတယောက်အတွက် လိုအပ်တဲ့ #မသိမဖြစ် အကြောင်းအရာတွေ တွက်ချက်ခြင်းတွေ တပ်ဆင်ခြင်းတွေ #Hybrid #Parameter setting ပိုင်းတွေအပြင်ဆိုလာပစ္စည်းတွေရဲ့ #Nameplate ဖတ်တာတွေအားလုံးကို အခုစာအုပ်မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။ စာဖတ်လို့မရှင်းလင်းတဲ့အပိုင်းတွေကိုအလွယ်တကူ #လေ့လာနိုင်အောင် DVD အခွေထဲမှာ သင်ခန်းစာ #VIDEO ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။ စာရေးသူ-ရဲဝင်းအောင်(BE.EP) တန်ဖိုး-၂၂၀၀၀ ကျပ် ---------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။ ******************************** ကျွန်တော်တို့က မွေးဖွားလာကတည်း တစ်ယောက်တည်း လေ ။ အဖော်ရယ
တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ ။ ******************************** ကျွန်တော်တို့က မွေးဖွားလာကတည်း တစ်ယောက်တည်း လေ ။ အဖော်ရယ်လို့မှ ပါမလာတာ ။ ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ အနားမှာ တိုင်ပင်ဖော် ရှိသင့်တယ်ဆိုတာကိုတော့ လက်ခံပါတယ် ။ ဒါပေမဲ့ တိုင်ပင်ဖော်အပေါ်မှာ အပြည့်အဝ မှီခိုနေတာမျိုးတော့ မဖြစ်သင့်ပါဘူး ။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားပါ ။ တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ဖို့အတွက်. . . (က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့ ။ (ခ) သံယောဇဉ်တွေ နည်းအောင်နေပါ။ (ဂ) မျှော်လင့်ချက် နည်းပါးစွာ ရှင်သန်ပါ။ (ဃ) လေ့လာချင်တာတွေ လေ့လာပါ ။ ပျော်ရွှင်ပါနေထိုင်ပါ စာအုပ်မှ တန်ဖိုး- ၃၈၀၀ စာမျက်နှာ- ၈၅ စာရေးသူ- Myo Thant စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ကြီးကြီးကျယ်ကျယ် အရင်မပြောမိပါစေနဲ့ အလုပ်မလုပ်ရသေးခင် ကြီးကြီးကျယ်ကျယ်တွေ မပြောမိပါစေနဲ့။ လုပ်တဲ့အလုပ်က လုံလောက်ရင် သူ့အလိုလိ
ကြီးကြီးကျယ်ကျယ် အရင်မပြောမိပါစေနဲ့ အလုပ်မလုပ်ရသေးခင် ကြီးကြီးကျယ်ကျယ်တွေ မပြောမိပါစေနဲ့။ လုပ်တဲ့အလုပ်က လုံလောက်ရင် သူ့အလိုလို စကားပြောသွားမှာပါ။ ကိုယ်ပြောတဲ့စကားလုံးတွေပေါ်မှာ လူတွေချီးကျူးနေတာကို မကျေ နပ်ပါနဲ့။ အလုပ်ပြီးတဲ့အတွက် အလေးစားခံရတာကိုဂုဏ်ယူပါ။ ကိုယ့်ရဲ့ Energy တွေကို စကားတွေပြောရင်း အကုန်မခံစေချင်ပါဘူး။ အဲဒီ Energy တွေကို ကိုယ့်ဘဝတက်လမ်းအတွက် ကြိုးစားရာမှာပဲ အားကုန် ထုတ်သုံးဖို့လိုပါလိမ့်မယ်။ အခက်အခဲတိုင်းက ဘဝရဲ့စာမျက်နှာတွေပါ စာအုပ်မှ တန်ဖိုး ၉၀၀၀ ကျပ် စာမျက်နှာ- ၂၀၉ စာရေးသူ-သီဟန် စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဝါသနာနှင့် သက်မွေးအလုပ် ထပ်တူကျအောင်ပုံဖော်ခြင်း ==================== ဝါသနာတစ်ရပ်ကိုအရင်းခံပြီး မိမိရဲ့အသက်မွေးဝမ်းကျောင်းအလု
ဝါသနာနှင့် သက်မွေးအလုပ် ထပ်တူကျအောင်ပုံဖော်ခြင်း ==================== ဝါသနာတစ်ရပ်ကိုအရင်းခံပြီး မိမိရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ပုံဖော်နိုင်ရေးအတွက် နည်းပေးလမ်းညွှန်ပြုထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဝါသနာအမျိုးပေါင်းများစွာထဲက ကိုယ့်ရဲ့ဝါသနာကို ဂဃနဏ သိဖို့၊ ဝါသနာပါတဲ့အဆင့်ကနေ ပီပြင်တဲ့သက်မွေးလုပ်ငန်းတစ်ခု ဖြစ်ဖို့၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်စေဖို့ စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရပါမယ်။ စာရေးသူ - Peter Kap စာမျက်နှာ - ၂၀၈ တန်ဖိုး -၆၅၀၀ ကျပ် စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဒီစာအုပ်ဟာ Young Investor Society က ပြုစုတဲ့ Stock Investing 101 ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ကမ္ဘာကျော် စတော့ရင်းနှီးမြ
ဒီစာအုပ်ဟာ Young Investor Society က ပြုစုတဲ့ Stock Investing 101 ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ကမ္ဘာကျော် စတော့ရင်းနှီးမြှုပ်နှံသူ ဂုရုကြီးဖြစ်တဲ့ Mr. Warren Buffet နဲ့ သူ့ဆရာဖြစ်တဲ့ Mr. Benjamin Graham တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအယူအဆတွေ၊ စတော့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေ၊ Mr. Warren Buffet တီထွင်ခဲ့တဲ့ Economic Moat လို့ခေါ်တဲ့ စီးပွားရေးအရံအတားတွေ၊ စျေးကွက်ကို အနိုင်ယူနည်းတွေ၊ ရွှေရောင်စည်းမျဥ်း(၇)ချက်၊ စတော့တစ်ခုရဲ့တန်ဖိုးကိုအကဲဖြတ်ခြင်း၊ ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီတွေရဲ့ စတော့တွေကို နှိုင်းယှဥ်တွက်ချက်ပုံတွေ၊ စတော့စခရင်ကြည့်ရှုနည်း၊ Value Investing အယူအဆ၊ ကုမ္ပဏီတစ်ခုရဲ့ပကိတန်ဖိုး (Intrinsic Value) တွက်ချက်ပုံနည်းစနစ်တွေ စသည်ဖြင့် ရှုထောင့်စုံက ရေးသား ဖေါ်ပြထားတာကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာများစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ◾ သက်ထွန်းဦး ◾ စာမျက်နှာ - ၂၀၀ ◾ တန်ဖိုး- ၁၄၀၀၀ ကျပ် စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဒီစာအုပ်လေးဟာ အနယ်နယ်အရပ်ရပ်ကနေ ကိုယ့်မြေ၊ ကိုယ့်ရေ ကိုယ့်ဒေသတွေကို ရဲရဲဝံ့ဝံ့ စွန့်ခွာကြပြီး ကိုယ်နဲ့ အကျွမ်း တဝင်မရှိတဲ့ မြ
ဒီစာအုပ်လေးဟာ အနယ်နယ်အရပ်ရပ်ကနေ ကိုယ့်မြေ၊ ကိုယ့်ရေ ကိုယ့်ဒေသတွေကို ရဲရဲဝံ့ဝံ့ စွန့်ခွာကြပြီး ကိုယ်နဲ့ အကျွမ်း တဝင်မရှိတဲ့ မြို့ကြီးတွေအပေါ်တက်၊ ရေခြားမြေခြားပြည်ပနိုင်ငံခြား ကိုထွက်ခွာနေကြတဲ့ လူငယ်တွေ၊ တစ်နည်းအားဖြင့် စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်စားသောက်နေထိုင် ရပ်တည်ပြီး အသက်ရှင်နေ ကြတဲ့ လူငယ်များအတွက် အိမ်အပြန်မျက်နှာပန်းလှပဖို့အတွက် ရည် ရွယ်ကာ ရေးထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ခေါင်းစဉ်ကလေးအတိုင်း အိမ်အပြန် မျက်နှာပန်း လှပစေဖို့၊ ကိုယ့်ဘဝအတွက်၊ ကိုယ့်မိသားစုအတွက် ဖွံ့ဖြိုးတိုးတက်စေ ဖို့ တစ်နယ်တစ်ကျေးဖြစ်တဲ့ ရေးခြားမြေခြားကို စွန့်စားရောက်လာ၊ ကြသူတိုင်း အိမ်အပြန် မျက်နှာပန်းလှမှ ဖြစ်မယ်ဆိုတဲ့ စိတ်ကို မွေးမြူ ထားဖို့ လိုပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံပဲရောက်ရောက် ခြိုးခြံ ချွေတာ စုဆောင်းပြီး အလုပ်လုပ်မယ်ဆိုရင် အားလုံး အိမ်အပြန် မျက်နှာပန်းတွေ လှကြမှာပါ။ “အိမ်အပြန် မျက်နှာပန်းတွေ လှပါစေ” လို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။ (စာရေးသူ၏အမှာစာမှာကောက်နှုက်ဖော်ပြသည်) စာရေးသူ–အလင်းမြတ် တန်ဖိုး–၄၅၀၀ စာမျက်နှာ–၁၂၆ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

👉👉👉📚စာအုပ်လေးပြန်ရပါပြီ။ဈေးမပြောင်းပါ။ ကိုယ်ပိုင်လုပ်ငန်းသေးသေးနဲ့ ငွေများများရှာမယ် ========================= ပထမဦးဆုံးလ
👉👉👉📚စာအုပ်လေးပြန်ရပါပြီ။ဈေးမပြောင်းပါ။ ကိုယ်ပိုင်လုပ်ငန်းသေးသေးနဲ့ ငွေများများရှာမယ် ========================= ပထမဦးဆုံးလုပ်ရမယ့်အချက်ကတော့ ကိုယ့်ထုတ်ကုန်အတွက် ဈေးကွက်နဲ့ ဝယ်လက်ကို ရှာပါ။ ကိုယ့်အတွက်လွယ်ကူပြီး တခြားသူတွေအတွက် ခက်ခဲတဲ့အလုပ်ကို လုပ်ပါ။ ကိုယ့်ထုတ်ကုန်ကို မူပိုင်ခွင့် မှတ်ပုံတင်ထားပါ၊ ကာကွယ်ပါ၊ ချိတ်ပိတ်ထားပါ။ စီးပွားရေးလုပ်နေတာဖြစ်လို့ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ရှုံးရရင်လည်း မတွန့်နဲ့၊ အရှုံးနည်းနိုင်သမျှ နည်းအောင်သာ ခုခံကာထားပါ။ တစိုက်မတ်မတ်သာ ဆက်လုပ်ပါ။ တစိုက်မတ်မတ်လုပ်ခြင်းက အကြောင်းကို အကျိုးဖြစ်စေပါတယ်။ ဒီစာအုပ်ဟာ အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုနဲ့ တစ်နိုင်တစ်ပိုင် မိသားစုဘဝ တိုးမြှင့်လိုသူတွေအတွက် အခြေခံလမ်းညွှန် စာအုပ်တစ်အုပ်ပါ။ ================= စာရေးသူ–နိုင်သစ် တန်ဖိုး–၃၈၀၀ စာမျက်နှာ–၁၆၀ ---------------------------------------‐----------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

အောင်မြင်ရေးအတွက် စိတ်ရဲ့နိယာမ ၇ ချက် =========================== ဒီစာအုပ်ကို အောင်မြင်ရေးအတွက် စိတ်ရဲ့နိယာမ ၇ ချက် "The Seve
အောင်မြင်ရေးအတွက် စိတ်ရဲ့နိယာမ ၇ ချက် =========================== ဒီစာအုပ်ကို အောင်မြင်ရေးအတွက် စိတ်ရဲ့နိယာမ ၇ ချက် "The Seven Spiritual Laws of Success' ဆိုပြီးနာမည်တပ်ထားပေမဲ့ ဘဝအတွက် စိတ်နိယာမ ၇ချက်ဆိုပြီးတော့လည်း ခေါ်နိုင်ပါတယ်။ * ဘာကြောင့်လဲဆိုတော့ ရုပ်ဝတ္ထုဖြစ်တည်နေမှုတွေဖြစ်တဲ့ ကျွန်တော်တို့ ၊ မြင်တွေ့နိုင်သမျှ၊ ကြားနိုင်သမျှ၊ အနံ့ခံနိုင်သမျှ၊ အရသာခံနိုင်သမျှ၊ ထိတွေ့ နိုင်သမျှ အရာအားလုံးကို ဖန်တီးဖို့အတွက် သဘာဝက ဒီနိယာမတွေကို အသုံးချနေလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ Creating Affluene စာအုပ်ထဲမှာ သဘာဝတရားရဲ့ တွင် အလုပ်လုပ်ပုံ အစစ်အမှန်နားလည်မှုတွေအပေါ် အခြေခံပြီး ကြွယ်ဝချမ်းသာ မှုကို သိရှိဖို့အတွက် အဆင့်တွေကို ချမှတ်ပေးခဲ့ပါတယ်။ ဒီစာအုပ်က အဲဒီ သင်ကြားပို့ချမှုရဲ့ အနှစ်သာရကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ========================= စာရေးသူ–မျိုးလွင်(MBA) တန်ဖိုး–3800 စာမျက်နှာ–103 ---------------------------------------‐----------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း) ======================== ❇️ လွတ်မြောက်တယ် ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန်းထွက
Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း) ======================== ❇️ လွတ်မြောက်တယ် ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန်းထွက်နိုင်သွားတာ ၊ နာစရာတွေကို ခွင့်လွှတ်လာနိုင်တာ၊ မွန်းကြပ်မှုတွေကို ဖယ်ရှားနိုင်တာ ၊ စိတ်ဒဏ်ရာတွေကို Healing လုပ်လာနိုင်တာပဲ ဖြစ်တယ်။ ❇️ လွတ်မြောက်တဲ့စိတ်ဟာ ပျော်ရွှင်ရတယ် ၊ စိတ်ချမ်းသာရတယ် ။ ပိုကောင်းတဲ့ အတွေးမြင် ၊ ခံယူချက်တွေနဲ့ ဘ၀ခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်တယ်။ ဒါကြောင့် အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခုဖြစ်ဖို့အတွက် လွတ်မြောက်ခြင်း အသိကို ရှာတွေ့ဖို့လိုပါတယ်။ ❇️ ဒီစာအုပ်ဟာ လွတ်မြောက်ခြင်းမှတ်စုတွေ စုစည်းထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေဖြင့် စာအုပ်လေးကိုဖတ်ပြီးနောက် ပိတ်မိနေတဲ့ စိတ်ခံစားချက်ဆိုး‌ေတွကနေ လွတ် မြောက်ခွင့်ရစေဖို့ ရည်ရွယ်ပါတယ်။ - စာရေးသူ အမှာစာမှ - ====================== စာရေးသူ–THAR HTWE တန်ဖိုး–5500 စာမျက်နှာ–144 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့က‌လေးကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်.... 💚 🌼 " မုဒြာမြိုင် " ဟာ နာမည်နဲ
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့က‌လေးကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်.... 💚 🌼 " မုဒြာမြိုင် " ဟာ နာမည်နဲ့လိုက်အောင်ပဲ သိမ်မွေ့နူးညံ့တယ် ။ ထို့နည်းတူစွာ သူ့အကြောင်းဟာ အရမ်းကို သိုဝှက်နက်နဲလွန်းလှတယ်။ သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ။ သူဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ နှစ်ပေါင်း‌၃၀ကျော် အတူနေလာတဲ့သူတောင် ခန့်မှန်းဖို့မလွယ်ဘူး ။ 🌼 မြိုင့်ရဲ့ အတ္တတွေ ၊ မာနတွေ ၊ ချစ်ခြင်းတွေဟာ အရိပ်တွေလို ဒီဇာတ်လမ်းထဲမှာ ဝဲပျံပြီး လွင့်မျောနေတယ်။ သူနဲ့ ပတ်သတ်ဆက်နွယ်မိတဲ့သူတိုင်းကို သူဟာ အမြဲလိုလို လွှမ်းမိုးထားလေ့ရှိတယ်။ မုဒြာမြိုင်နဲ့ နန်းခမ်းရှန်ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ခင်မင်ဆက်နွယ်မှုကနေ စတင်ခဲ့တဲ့ အဖြစ် အပျက်တချို့ ၊ အဲ့ဒီမှသည် သူတို့ရဲ့ဘ၀ဖြစ်တည်မ‌ှုမှာ ထင်ဟပ်လာတဲ့ ကံတရား အပြောင်းအလဲများစွာ...... 🌼 အမျိုးသမီးတစ်ယောက် ၊ ဇာတ်ကောင်တစ်ယောက်၏ နာမည်ကို ဦးတည်ရေးဖွဲ့ထားသော ၀တ္ထုမျိုးကို မျှော်လင့်နေသူ ၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကိုမှ ဖတ်ချင်သူတွေအတွက် ဒီ၀တ္ထုက ဖတ‌်နေရင်း ပြီးလို့ပြီးမှန်း မသိတဲ့အထိ မျှော်လင့်ရကျိုးနပ်စေမှာပါ ။ တန်ဖိုး–10000 စာမျက်နှာ–288

💜 " ၁၉၂၂ " ကတော့ စတီဖန်ကင်းရဲ့ နာမည်ကြီးစာအုပ်တွေထဲက တစ်အုပ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတ္တကြီးပြီး တစ်ယူသန် အစွဲကြီးလှတဲ့ ဂ
💜 " ၁၉၂၂ " ကတော့ စတီဖန်ကင်းရဲ့ နာမည်ကြီးစာအုပ်တွေထဲက တစ်အုပ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတ္တကြီးပြီး တစ်ယူသန် အစွဲကြီးလှတဲ့ ဂျိမ်းစ်တို့ လင်မယားနှစ်ယောက်ကြား အိမ်‌တွင်းရေးကိစ္စတွေနဲ့ သဘောထားကွဲလွဲမှုတွေ များလာတဲ့အခါ....ခံယူချက်ချင်း မတူသူ‌ေတွအလျောက် လမ်းခွဲကွာရှင်းဖို့အထိ ဖြစ်လာတယ်။ 💜 ၁၉၂၂ မတ်လရဲ့ မြူ‌တွေဆိုင်း‌ေနတဲ့ နေ့တစ်နေ့မှာ လယ်သမား ဝီလ်ဖရက်ဂျိမ်းစ်ရဲ့ ကိုယ်ထဲက ကိုလူစိမ်းရဲ့လက်ထဲကို ဇနီးဖြစ်သူ အာတီလက်ဂျိမ်းစ်ရဲ့ ကံကြမ္မာဟာ သက်ဆင်းသွားရပြီး မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ 💜 အဲ့ဒီအချိန်ကစလို့ ဝီလ်ဖရက်တို့ မိသားစုရဲ့ဘ၀ထဲကို အရိပ်မည်းကြီးတစ်ခုက အုပ်မိုးထားပါတော့တယ်။ 💜 အဲ့ဒီလို ထိတ်လန့်သည်းဖို ၁၉၂၂ခုနှစ်က ဇာတ်လမ်းတစ်ပုဒ်ဟာ လူတွေဆီမှာ မထားသင့်တဲ့ အတ္တမာနနဲ့ တစ်ကိုယ်ကောင်းစိတ်တွေကို ရောယှက်ပြီး လူ့သဘာ၀ကို ဖော်ကြူးထားတယ် ။ 💜 သေချာတာကတော့ ဒီစာအုပ်ဟာ ဖတ်ပြီးရင် Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးအခေါ်တွေနဲ့ ရင်ထဲရင်ထဲ တစ်ခုခုထင်ကျန်နေခဲ့မှာ အသေအချာပါပဲ။ စာရေးသူ–နဒီလင်းသစ်(ဆေး-၂) တန်ဖိုး–9000 စာမျက်နှာ–248 ဆက်သွယ်ရန် m.me/Book4U.Shop

STRATEGIC MARKETING =================== ဒီစာအုပ်ဟာ မားကက်တင်းနဲ့ ပတ်သက်တဲ့ ဂြိုဟ်သားစကားလုံးတွေ၊ ဒါမှမဟုတ် သီအိုရီတွေ ရေးပြထာ
STRATEGIC MARKETING =================== ဒီစာအုပ်ဟာ မားကက်တင်းနဲ့ ပတ်သက်တဲ့ ဂြိုဟ်သားစကားလုံးတွေ၊ ဒါမှမဟုတ် သီအိုရီတွေ ရေးပြထားတဲ့ ကျောင်းဖတ်စာအုပ် တစ်အုပ် မဟုတ်ပါဘူး။ AskAlex Live Session com မေးချင်ရာမေးကဏ္ဍတွေကနေ စုစည်းထားတဲ့ လက်တွေ့ကျကျအဖြေတွေနဲ့ အကြံဉာဏ်တွေကို စုစည်းထားတာဖြစ်ပါတယ်။ စာအုပ်မှာပါဝင်တဲ့ အရာအားလုံး ကလည်းဝယ်သူတွေရဲ့အပြုအမူ အခြေခံတွေနဲ့ ထိရောက်နိုင်တဲ့ မားကက်တင်းနည်းလမ်းတွေကို အခြေခံထားပါတယ်။ =================== စာရေးသူ–အဲလက်စ်ခိုင် တန်ဖိုး–၁၄၀၀၀ စာမျက်နှာ–၁၉၁ ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

Excelဖြင့် အဆင့်မြင့်တွက်ချက်နည်းများ (Second Edition) ========================= " ဤစာအုပ်တွင် Advanced Excel တွက်ချက်နည်းမျာ
Excelဖြင့် အဆင့်မြင့်တွက်ချက်နည်းများ (Second Edition) ========================= " ဤစာအုပ်တွင် Advanced Excel တွက်ချက်နည်းများစွာကို တစ်ဆင့်ချင်း အသေးစိတ် နမူနာပုံများနှင့် အတူရေးသားဖော်ပြထားသည်။ * အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး၊ ဆိုင်သုံး အားလုံး အဆင်ပြေပြေ သုံးနိုင်သည့် Excel နည်း များစွာကို ဖော်ပြထားသည့်အတွက် အသေးစားလုပ်ငန်းများ၊ စက်မှု လက်မှု လုပ်ငန်းများ၊ စာရင်းကိုင်များ၊ သုတေတသီများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ဆရာ ဆရာမများ လက်စွဲအသုံးပြုရမည့် စာအုပ် ဖြစ်သည်။ * ဒုတိယအကြိမ် ဖြည့်စွက်ချက်များတွင် 3D Map နှင့် Excel Dashboard လုပ်နည်းများကဲ့သို့သော updated features များစွာကို ထည့်သွင်းထားပါသည်။ " ကိုယ်တိုင် လေ့လာနိုင်စေရန်အတွက် နမူနာဖိုင်များ၊ ဒေတာထည့်လိုက်သည်နှင့် တွက်ပြီးသား ဖြစ်စမည့် template ဖိုင်များ၊ ထပ်မံဖြည့်စွက်သုံးနိုင်သည့် Excel Add-in ဖိုင်များစွာကို ပူးတွဲပါ DVD ထဲတွင် ထည့်သွင်းပေးထားပါသည်။ ~~~~~~~~~~~~~~~~ စာရေးသူ–ဒေါက်တာမြတ်ထွဋ်ညွန့် တန်ဖိုး–၁၅၀၀၀ စာမျက်နှာ–၃၃၆ ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဒီစာအုပ်ထဲမှာ M&E QS တစ်ယောက်အဖြစ် ၉ နှစ်နီးပါး အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ Engineering Knowledge တွေ အများကြီးကို ဖတ်ရှုရမှာ
ဒီစာအုပ်ထဲမှာ M&E QS တစ်ယောက်အဖြစ် ၉ နှစ်နီးပါး အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ Engineering Knowledge တွေ အများကြီးကို ဖတ်ရှုရမှာ ဖြစ်ကြောင်း စာအုပ်ရေးသား ပြုစုတဲ့သူက ဆိုပါတယ်။ Engineering စာအုပ်တစ်အုပ်ဖြစ်ပေမယ့် ကိုယ်ပိုင် အတွေ့အကြုံတွေကို အခြေခံထားပြီး ရေးသားထားတဲ့အတွက် စာ "မလေး" ဘဲ အလွယ်တကူနားလည် သဘောပေါက်စေကြောင်းနဲ့ ဒီစာအုပ်ကို M&E QS Notes လို့ စာအုပ်နာမည်ပေးထားပေမယ့် အဓိကအားဖြစ် Electrical, ELV နဲ့ ACMV အပိုင်းတွေပဲ ပါဝငကြောင်း ဒီအပြင် Tender Projects တွေအတွက် အရေးတကြီး သိရမယ့်အချက်တွေ Tender/Contract and Documentation အပိုင်းတွေလည်း ပါဝင်တယ်လို စာရေးသူက အမှာစာမှာ ရေးသားထားပါတယ်။ ဒီ M&E QS Notes စာအုပ်ထဲက Notes တွေဖတ်ပြီး စင်ကာပူမှာရော ရန်ကုန်မှာပါ QS Post နဲ့ အလုပ်တွေ ရသွားတဲ့လူတွေ အများကြီးရှိကြောင်းနဲ့ ဒီ စာအုပ်ထဲက Notes တွေကြောင့် အလုပ်ထဲမှာ အရင်ကထက် ပိုပြီးအဆင်ပြေလာကြောင်း တချို့ကလည်း ပြန်ပြောပြကြလို့ အတိုင်းအထက် အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း၊ တချို့ကလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေထဲမှာ အသုံးဝင်တယ်လို့ ပြောကြာကြောင်း စာရေးသူက ဆိုပါတယ်။ တန်ဖိုး–20000 စာမျက်နှာ–269 ဆက်သွယ်ရန် m.me/Book4U.Shop

ငွေရှာနည်း စိတ်ပညာ (Exclusive Edition) + စာအုပ်အနှစ်ချုပ် နံရံကပ် ပိုစတာ စာအပြင်အဆင်အသစ် ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊ အဆက်အ
ငွေရှာနည်း စိတ်ပညာ (Exclusive Edition) + စာအုပ်အနှစ်ချုပ် နံရံကပ် ပိုစတာ စာအပြင်အဆင်အသစ် ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊ အဆက်အသွယ်၊ ကျောထောက်နောက်ခံ၊ ငွေကြေးအရင်းအနှီး စတဲ့ သင် သိထားတာတွေဟာ အရေးမပါလှပါဘူး။ အဲဒါတွေ ကောင်းကောင်း မရှိပဲနဲ့လည်း ကြွယ်ဝချမ်းသာ လာနိုင်ပါတယ်။ အကြောင်းကတော့ ငွေနဲ့ ပတ်သက်ပြီး သင် ဘယ်လိုပြုမူကျင့်ကြံသလဲဆိုတာကပဲ အရေးကြီးလို့ပါ။ ငွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထား အမြင်မထားတတ်ရင်၊ ပြုမူကျင့်ကြံပုံက လွဲချော်ခဲ့ရင် ဘယ်လောက်ပဲ ငွေကြေးချမ်းသာသည်ဖြစ်စေ အချိန်မရွေး ဆင်းရဲ ဒုက္ခရောက်သွားနိုင်ပါတယ်။ ထက်မြက်ပြီးဉာဏ်ကောင်းတဲ့ သူတွေကိုတောင်မှ ငွေနဲ့ ပတ်သက်တဲ့ ပြုမူကျင့်ကြံပုံကို သင်ပေးရခက်ပါတယ်။ ကမ္ဘာကြီးနဲ့ အတိတ်သမိုင်း အပေါ် မြင်တဲ့ မိမိရဲ့ ကိုယ်ပိုင် ရှုတောင့်၊ မိမိရဲ့ အတ္တ၊ မာန၊ ယုတ္တိမရှိတဲ့ မက်လုံးများ၊ စတာတွေကို ပေါင်းစပ်ပြီးတော့ ညစာ စားနေရင်းဖြစ်စေ၊ အစည်းအဝေးခန်းထဲမှာပဲဖြစ်စေ ဆုံးဖြတ်ကြတာပါ။ ဒါကြောင့် ချမ်းသာကြွယ်ဝဖို့ဆိုတာ စိတ်နေစိတ်ထားက အဓိက ပြဿနာပါ။ ငွေရှာနေတဲ့ မည်သူမဆို ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်သင့်ပါတယ်။ စာမျက်နှာ ၃၁၁ ကျော် ၁၅၀၀၀ ကျပ် ဆက်သွယ်ရန် m.me/Book4U.Shop

ဤစာအုပ်သည် ဗုဒ္ဓဦးနှောက်သည် သာမန်လူများ၏ ဦးနှောက်နှင့်မတူဘဲ မည်သို့တစ်မူထူးခြားနေကြောင်း ဗုဒ္ဓဦးနှောက်၏ ထူးခြားသောဖွဲ့စည်းပုံ
ဤစာအုပ်သည် ဗုဒ္ဓဦးနှောက်သည် သာမန်လူများ၏ ဦးနှောက်နှင့်မတူဘဲ မည်သို့တစ်မူထူးခြားနေကြောင်း ဗုဒ္ဓဦးနှောက်၏ ထူးခြားသောဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံစ လုပ်ပုံစနစ်များကို စူးစမ်းဖော်ထုတ်ရေးသားထားသော စာအုပ်မဟုတ်ပါ။ ဗုဒ္ဓ၏ကျင့်စဉ်များသည် လူ့ဦးနှောက်နှင့် အာရုံကြောစနစ်အပေါ်တွင် မည်သို့သက်ရောက်မှုရှိပြီး ယင်းဦးနှောက်နှင့် အာရုံကြောစနစ်ကို မည်သို့ ပြုပြင်ပြောင်းလဲသွားစေနိုင်သ စနိုင်သည်များကို နာဗ်ကြော သိပ္ပံ (Neuroscience) ပညာရပ်ရှုထောင့်အရ အကိုးအကား အထောက်အထားများဖြင့် ရှင်းလင်းတင်ပြထားသော စာအုပ်သာ ဖြစ်ပါသည်။ သင့်ဦးနှောက်၏စွမ်းရည်များကို ထုတ်ယူသုံးစွဲရန်နှင့် ပိုမိုကြီးမားသည့် ချမ်းသာသုခနှင့် စိတ်၏ငြိမ်းချမ်းမှုအတွက် သင့်ဦးနှောက်ကို ရေရှည်ပြန်လည်မွမ်းမံရန် ဤစာအုပ်ကို အသုံးပြုနိုင်ပါသည်။ ၅၅၀၀ ကျပ် စာမျက်နှာ ၂၉၅ ========================= စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ပန်းတွေပွင့်ဖို့ စောင့်ရချိန် ======================== တကယ့်ပျော်ရွှင်မှုကို လိုချင်ရင် ရေခဲတောင်တွေဆီမှာလည်း မရှာပါနဲ့၊ အပြင
ပန်းတွေပွင့်ဖို့ စောင့်ရချိန် ======================== တကယ့်ပျော်ရွှင်မှုကို လိုချင်ရင် ရေခဲတောင်တွေဆီမှာလည်း မရှာပါနဲ့၊ အပြင်တစ်နေရာရာမှာလည်း မရှာပါနဲ့ ရာဇီ ... အပြင်ကနေရှာလို့ရတဲ့ ပျော်ရွှင်မှုဆိုတာ ခဏတစ်ဖြုတ်ပါပဲ။ တကယ့်ပျော်ရွှင်မှုက ခင်ဗျားကိုယ်ထဲမှာပဲ ရှိတာပါ။ ကျွန်တော်ကတော့ တစ်ခုခုကိုမမှီခိုဘဲ ပျော်ရွှင်တတ်အောင်ကြိုးစားတယ်၊ ခင်ဗျားလည်း တစ်ခုခုကိုမမှီခိုဘဲ ပျော်ရွှင်တတ်အောင်ကြိုးစားပါ။ နောက်တစ်ခါ ပျော်ရွှင်မှုရှာဖို့အတွက်တော့ ရေခဲတောင်တွေဆီ မလာပါနဲ့တော့ ရာဇီ....။ ================ စာရေးသူ–ပုညခင် တန်ဖိုး–16000 စာမျက်နှာ–574 ----------------------------------------------------- စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

ဘရန်းမားကက်တင်း အိုင်ဒီယာ(၃၀) ================= * လုပ်ငန်းတူတွေများလာတဲ့ ဒီနေ့ခေတ် အင်တာနက်စီးပွားရေးနယ်ပယ်မှာ.. *Think Bette
ဘရန်းမားကက်တင်း အိုင်ဒီယာ(၃၀) ================= * လုပ်ငန်းတူတွေများလာတဲ့ ဒီနေ့ခေတ် အင်တာနက်စီးပွားရေးနယ်ပယ်မှာ.. *Think Better ပိုကောင်းအောင် လုပ်ဖို့ စဉ်းစားတာထက်... *Think Different မတူညီကွဲပြားခြားနားအောင်လုပ်ဖို့ ပိုလိုအပ်လာပြီး… *Think Unique တန်ဖိုးရှိစွာ သီးခြားကွဲထွက်ခြင်း ဆိုတာ ... ဘရန်းတစ်ခုဖြစ်ဖို့ အလိုအပ်ဆုံး လက္ခဏာတစ်ရပ်ဖြစ်လာပါတယ် *တန်ဖိုးရှိစွာ သီးခြားကွဲထွက်ခြင်းဆိုတာ ... ဒီနေ့ခေတ်ရဲ့ New Quality အရည်အသွေးသစ်တစ်ခု ပါပဲဗျာ ========================= စာရေးသူ–မာသင် တန်ဖိုး–25000 ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

👉စာအုပ်လေးပြန်ရပါပြီ၊ဈေးမပြောင်းပါ။ ဇင်ဗုဒ္ဓဓမ္မ ဇင်ရသအလှ ဇင်ဘဝဒဿန ======================== စကားဦး။ အဘယ်ကြောင့် ဇင် နိဒါန်း/
👉စာအုပ်လေးပြန်ရပါပြီ၊ဈေးမပြောင်းပါ။ ဇင်ဗုဒ္ဓဓမ္မ ဇင်ရသအလှ ဇင်ဘဝဒဿန ======================== စကားဦး။ အဘယ်ကြောင့် ဇင် နိဒါန်း/ ဇင် ဘာလဲ ဘယ်လဲ အခန်း(၁)/ သမိုင်းထဲကဇင် အခန်း(၂)/ လက်တွေ့ ဇင်ကျင့်စဉ်/ဇာဇင်တရားထိုင်ခြင်း အခန်း(၃)/ ကိုအန် ဉာဏ်အလင်းကိရိယာများ အခန်း(၄)/ ဇင်သမာဓိအဆင့်ဆင့်နက်ရှိုင်းခြင်း အခန်း(၅)/ ဇင်တရားတက်စဉ် နှင့် ကန်ရှို/ဆတိုရီ အခန်း(၆)/ ဇင်ရဟန်း ၏ ဘဝနေဟန် အခန်း (၇)/ဇင်အနှိုင်းမဲ့လူသား/တိမ်လိုလွင့်ရေလိုစီးသူ အခန်း(၈)/ ဇင် နှင့် အနုပညာ/ ဇင် ၏ ရသဗေဒ အခန်း(၉)/ ဇင် နှင့် ဆာမူရိုင်းဓားသိုင်းအတတ် အခန်း (၁၀))/ ဇင် နှင့် လက်ဖက်ရည်ပွဲအနုပညာ အခန်း(၁၁)/ ဇင် နှင့် မာဓျမိကဒဿန အခန်း (၁၂)ဇင်နှင့် ယောဂါစာရဒဿန --------------------------------------- စာရေးသူ–လင်းထက်ဆွေ တန်ဖိုး–15000 စာမျက်နှာ–470 ---------------------------------------‐------------ စာပို့ဆက်သွယ်ရန် အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါ။ m.me/Book4U.Shop

စက်ရုပ်နှလုံးသားနှင့် အခြားဘာသာပြန်ဝတ္ထုတိုများ" သည် အော်စကာဝိုင်း၊ လီယိုတော်လ်စတွိုင်း၊ ဂျော့အော်ဝဲ၊ အိုဟင်နရီ၊ ဝါရှင်တန်အာဗ
စက်ရုပ်နှလုံးသားနှင့် အခြားဘာသာပြန်ဝတ္ထုတိုများ" သည် အော်စကာဝိုင်း၊ လီယိုတော်လ်စတွိုင်း၊ ဂျော့အော်ဝဲ၊ အိုဟင်နရီ၊ ဝါရှင်တန်အာဗင်း အစရှိသူတို့ အပါအဝင် ကမ္ဘာကျော် စာရေးဆရာများ၏ ခံစားမှုရသအားပေးသော ဝတ္ထုတိုများ နှင့် ဒဏ္ဍာရီ ပုံဝတ္ထုတိုများကို မြန်မာပြန်ဆိုရေးဖွဲ့ တင်ပြထားသော စာအုပ်ဖြစ်သည် ဝတ္ထုတိုတစ်ပုဒ်ချင်းစီကပေးသော ရသများနှင့် အတွေးစများကို မူရင်း စာရေးဆရာ ၏ အတွေးအမြင်၊ အယူအဆနှင့် အထေ့အငေါ့များဖြင့် ထုံမွှမ်းထားသည့်အတိုင်း အာဘော်မပျက် ကြိုးစားအားထုတ် တင်ပြထားသည်။ ဝတ္ထုတို ၁၆ ပုဒ်ပါရှိပြီး ဝတ္ထုတိုတစ်ပုဒ်ချင်းစီသည် လူ့သဘာဝစရိုက်များကို ပတ် ဝန်းကျင်၏ ဖြစ်တည်ပြောင်းလဲမှုအစဉ်ဖြင့် မည်သို့ဖြစ်ပျက် ပြောင်းလဲ ဖြစ်တည် နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ လူနှင့်လူ့ပတ်ဝန်းကျင်တို့၏ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ငြီးငွေ့မှုတို့ကို လောဘ၊ ဆန္ဒ၊ အလိုရမ္မက်၊ ရယူမှု၊ ပေးဆပ်မှု၊ အနစ်နာခံမှု စသည့် လူ့သဘာဝများနှင့် ယှဉ်၍ သရုပ်ဖော်ထားသည်။ ထူးထူးခြားခြားအနေဖြင့် ၂၀၁၃ ကမ္ဘာ့မာရသွန်အပြေးပြိုင်ပွဲဝင် မသန်စွမ်းလူငယ်တစ်ယောက်အကြောင်း ရေးဖွဲ့ထားသော တကယ့်ဖြစ်ရပ်မှန် ဝတ္ထုတိုတစ်ပုဒ် ပါရှိသည်။ တန်ဖိုး–5000 စာမျက်နှာ–118 ဆက်သွယ်ရန် m.me/Book4U.Shop