EPL Football Live
Open in Telegram
753
Subscribers
-224 hours
+67 days
+4930 days
Posts Archive
The Forgotten Army -Azaadi ke liye [2020]
🤩 India Seriesတွေမှ ကြိုက်နှစ်သက်သူတွေအတွက်
“သမိုင်းဆိုတိုင်း မှတ်ထားနေဖို့မလိုဘူး
သမိုင်းရဲ့တစ်ချို့သော အခန်းတွေကို မေ့သင့်ရင် မေ့ပစ်ရတယ်” တဲ့။
ဒီ စီးရီးကတော့ ၁၉၉၆ ခုနှစ်ကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ ၁၉၉၆ ဆိုတော့ မြန်မာနိုင်ငံမှာ ကျောင်းသားသပိတ်ဖြစ်နေတဲ့ကာလပေါ့။
၁၉၉၆ ကို နောက်ခံထားသော်လည်း ဇာတ်လမ်းက ဒုတိယ ကမ္ဘာစစ်ကို အဓိက တင်ဆက်ထားတာပါ။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဘက်ကနေပြီးတော့ အိန္ဒိယစစ်သားတွေက ပါ၀င်ပြီး တိုက်ပွဲ၀င်ခဲ့ကြရပါတယ်။
ဒါပေမယ့် သမိုင်းတွေထဲမှာတော့ အိန္ဒိယစစ်သားဆိုပြီး ထည့်သွင်းဖော်ပြခြင်းမခံရပဲ မေ့ထားခြင်းကို ခံရတာပါ။
ဒါကြောင့်ပဲ The Forgotten Army ဆိုပြီး ဒီ စီးရီးလေးဖြစ်လာတာပါ။
မြန်မာပြည်ရဲ့ တစ်စိတ်တစ်ဒေသကိုလည်း မြင်တွေ့ရမယ့် စစ်ကားကောင်းလေး တစ်ကားဆိုတာ အာမခံပါတယ်။
စစ်ကားကြိုက်ပြီး သမိုင်းကိုလည်း စိတ်၀င်စားတဲ့သူဆိုရင်တော့ ဒီဇာတ်ကားကို လက်မလွှတ်သင့်ပါဘူး။
