မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်း၊ တောင်တွင်းကြီး တပ်ခွဲ
Open in Telegram
အဖိနှိပ်ခံပြည်သူများဘက်မှရပ်တည်၍ စစ်အာဏာရှင်နှင့်လက်ပါးစေများကို တော်လှန်ပါမည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် အရေးတော်ပုံ မုချအောင်ရမည် !!! ✊✊✊
Show more266
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ကြေညာချက်အမှတ် ၁၃/၂၀၂၃
သတင်းထုတ်ပြန်ကြေညာချက်
#မကွေးခရိုင်အမှတ်၂တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)
မကွေးခရိုင် အမှတ် ၂ တပ်ရင်း
အခြေခံစစ်သင်တန်းအပတ်စဥ်(၂)
လေ့ကျင့်ရေးနှင့်စစ်ဆင်ရေးလေ့ကျင်ပြင်ဆင်နေမှု မှတ်တမ်းပုံရိပ်များ
#မကွေးခရိုင်အမှတ်၂တပ်ရင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးခရိုင် အမှတ် ၂ တပ်ရင်း အခြေခံစစ်သင်တန်းအပတ်စဥ်-၂ လေ့ကျင့်ရေးနှင့်စစ်ဆင်ရေးလေ့ကျင့်ပြင်ဆင်မှု မှတ်တမ်းပုံရိပ်များ
#မကွေးခရိုင်အမှတ်၂တပ်ရင်း
❝ပြည်ပရောက် ဆရာတော်များ နှင့် ပရဟိတအဖွဲ့များစုပေါင်း❞ မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ ကြီးတပ်ခွဲ သို့ စစ်အာဏာရှင် တော်လှန်ရေးတွင် အသုံးပြုရန်အတွက် ပါဝင်ကူညီလှူဒါန်းထောက်ပံ့ပေးမှုအား ကျွန်တော်တို့ တပ်ရင်းမှ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ကျေးဇူးလည်း အထူးတင်ရှိပါတယ်ခင်ဗျား။
...
...
...
"အရေးတော်ပုံ မုချအောင်ရမည်"
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မကွေးခရိုင်_အမှတ်၂တပ်ရင်း
#တောင်တွင်းကြီးတပ်ခွဲ
Repost from မကွေးခရိုင်၊ အမှတ်၂တပ်ရင်း
ယနေ့ ၂၉.၇.၂၀၂၃ရက်နေ့တွင် ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းသည် မကွေးတိုင်းတော်လှန်ရေးနယ်မြေတစ်နေရာတွင်မြတ်စွာဘုရားနှင့်တကွ သံဃာအရှင်သူတော်မြတ်တို့အား ကျေးရွာပြည်သူလူထုနှင့်အတူ ဝါဆိုသက်န်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားရွတ်ဖတ်နာကြားခဲ့ကြသည်။
ရဲဘော်များမှ သံဃာအရှင်သူမြတ်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး၊ ပရိတ်တရားနာကျေးရွာပြည်သူလူထုအားမုန့်ဟင်းခါးဖြင့်ကျွေးမွေးဧည့်ခံအလှူဒါနပြုလုပ်ခဲ့ကြသည်။
ပြည်သူမှထောက်ပံ့ကူညီသောငွေကြေးများဖြင့်ချွေတာစုဆောင်းကာဝါဆိုသက်န်းကပ်အလှူဒါနကိုပြုလုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည့်အတွက် ပြည်သူအများကုသိုလ်ပွားများရန်အလို့ငှာအလှူမှတ်တမ်းဓာတ်ပုံများအားဖော်ပြပေးလိုက်ပါသည်။
မကွေးခရိုင်အမှတ်၂တပ်ရင်း
မနက်ဖြန် မနက် (၁၀) နာရီတွင် ကျဆုံးအာဇာနည်များအတွက် ဥဩဆွဲ အလေးပြုမည်ဖြစ်ပါသဖြင့် ပြည်သူများ ပူးပေါင်းပါ၀င်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်များ သူရဲကောင်းများ အပါအဝင် လွန်ခဲ့သော၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မတရားကြိုးမိန့်ပေး သတ်ဖြတ်ခံခဲ့ရသည့် ကိုဂျင်မီ ၊ ကိုဇေယျာသော် နှင့် ကျန်ရဲဘော်နှစ်ဦး တို့အား အောက်မေ့သတိရခြင်း အနေဖြင့် မနက်ဖြန် မနက် (၁၀) နာရီ တွင် ပြည်သူလူထုနှင့်အတူ ဥဩသံဆွဲခြင်း၊ တော်လှန်ရေးအစိုးရဖြစ်သော NUG သမ္မတကြီးမှ မိန့်ခွန်းပြောကြားခြင်း၊ သမ္မတကြီးနှင့်တကွ ဦးမင်းကိုနိုင်၊ ပဒိုစောတာဒိုးမှူး၊ မနီလာသိန်း တို့မှ ဂုဏ်ပြု အမှတ်တရ စကား ပြောကြားပေးမည့် အခမ်းအနားကို တော်လှန်ရေး Facebook သတင်း media page များနှင့်mizzima TV ရုပ်သံများမှ မနက်ဖြန် မနက် (၁၀) နာရီတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည် ဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးအပ်ပါသည်။
ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မကွေးခရိုင်အမှတ်၂တပ်ရင်း
#falling_hero
Repost from မကွေးခရိုင်၊ အမှတ်၂တပ်ရင်း
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော်
အမှတ်(၁)စစ်ဒေသ
မကွေးခရိုင် အမှတ် ၂ တပ်ရင်း
၇၆နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အလေးပြုခြင်းအခမ်းအနားကျင်းပခြင်း
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေးသမိုင်းတလျောက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း အခမ်းအနားကို ကျွန်ုပ်တို့ မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းကရဲဘော်များမှ မကွေးတိုင်းတော်လှန်ရေးနယ်မြေတနေရာတွင်ပြုလုပ်ကျင်းပခဲ့သည်။
#အာဇာနည်နေ့
#နွေဦးတော်လှန်ရေး
#မကွေးခရိုင်အမှတ်၂တပ်ရင်း
Repost from မကွေးခရိုင်၊ အမှတ်၂တပ်ရင်း
နိုင်ငံတော်အတိုင်အပင်အပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ်
ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း မှရဲဘော်များက သံဃာများအားဆွမ်းကပ်လှူဒါန်းခဲ့ပြီး
အမေစုနှင့်တကွခေတ်အဆက်ဆက် တော်လှန်ရေးခရီးတွင်ပါဝင်ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပါဝင်နေသည့်အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ပန်းသပိတ်တွင်ပါဝင်ဆင်နွဲခဲ့ကြသည်။
#19June
#flowerpower
#မကွေးခရိုင်အမှတ်၂တပ်ရင်း
❝တော်လှန်ရေးအတွက် အဖက်ဖက်မှ ပါဝင်လှူဒါန်းထောက်ပံ့ပေးပါသော အလှူရှင်များအား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တောင်တွင်းကြီး တပ်ခွဲ မှ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။❞
(၂၀၂၃ ခုနှစ်၊ မေ လ အတွင်း ပါဝင်လှူဒါန်းထောက်ပံ့ပေးပါသော အလှူရှင်များစာရင်းကို စုစည်းဖော်ပြပေးလိုက်ပါသည်။)
Facebook Page Link -
https://m.facebook.com/story.php?story_fbid=pfbid0fP651EzKWXKTh186z2Z9tRNZoPAHRRQNVNRFQQauhrVgjDDNp1To3ae4pK9vUkqZl&id=100079855186895&mibextid=Nif5oz
သတင်းပေးခြင်း ဆက်သွယ်ခြင်းအတွက်
http://t.me/daungpyan ကို ဆက်သွယ်သတင်းပေးနိုင်ပါသည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မကွေးခရိုင်
#အမှတ်၂တပ်ရင်း
#တောင်တွင်းကြီးတပ်ခွဲ
❝11 Anniversary ၁၁ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အလှူတော်❞ အဖြစ်
ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တောင်တွင်းကြီး တပ်ခွဲ သို့ စစ်အာဏာရှင် တော်လှန်ရေးတွင် အသုံးပြုရန်အတွက် ပါဝင်ကူညီလှူဒါန်းထောက်ပံ့ပေးမှုအား ကျွန်တော်တို့ တပ်ခွဲမှ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ကျေးဇူးလည်း အထူးတင်ရှိပါတယ်ခင်ဗျား။
ယခုအချိန်မှစ၍
သက်ဆုံးတိုင်
ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း
ပြည့်စုံခြင်းဖြင့် ဘဝတစ်လျှောက်လုံး
အစစအရာရာ အဆင်ပြေချောမွေ့ပါစေကြောင်း ပြည်သူများကိုယ်စား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျား။
...
...
...
မကွေးခရိုင်၊ အမှတ် -၂ တပ်ရင်း၊
တောင်တွင်းကြီး တပ်ခွဲ
သတင်းပေးခြင်း ဆက်သွယ်ခြင်းအတွက်
http://t.me/daungpyan ကို ဆက်သွယ်သတင်းပေးနိုင်ပါသည်။
#မကွေးခရိုင်အမှတ်၂တပ်ရင်း
ကချင်၊ရခိုင်၊ချင်း၊ကရင်၊ဗမာနဲ့ယောနယ်ရှိ လူငယ် အများစုဖြင့် စုစည်းတည်ထောင်ထားသော ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း သင်တန်းအပတ်စဥ် ၁ မှ လေ့ကျင့်ရေးနှင့်စစ်ဆင်ရေးလေ့ကျင့်ပြင်ဆင်မှုများ
မကွေးခရိုင်၊ အမှတ် -၂ တပ်ရင်း၊ တောင်တွင်းကြီး တပ်ခွဲ
Repost from မကွေးခရိုင်၊ အမှတ်၂တပ်ရင်း
ယနေ့ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၂နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျွန်ုပ်တို့ မကွေးခရိုင် အမှတ်၂တပ်ရင်း၏ အပတ်စဥ်၁သင်တန်းဆင်းပွဲနှင့် ကတိသစ္စာဆိုခြင်းအခမ်းအနားအား မကွေးတိုင်းအတွင်း တော်လှန်ရေးနယ်မြေတစ်ခု၌ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း အနေဖြင့် ယခင် Local PDFအနေဖြင့်ကပင် တော်လှန်ရေးအပေါ်သစ္စာရှိစွာဖြင့် တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲဝင်တော်လှန်ခဲ့တာလည်း ၂နှစ်ပြည့်ခဲ့ပြီးဖြစ်တယ်။ ရှေ့ဆက်၍လည်းတော်လှန်ရေးအတွက်ကျရာအမိန့်တာဝန်များကို တိကျစွာလိုက်နာဆောင်ရွက်ရင်း ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကတိသစ္စာပြုပါတယ်။
ယနေ့အခမ်းအနားတွင်ရဲဘော်များအတွက် မုန့်ဟင်းခါး အဟာရဒါနပြုပေးပါသော အကိုတစ်ဦးအားလည်း ကျွန်ုပ်တို့တပ်ရင်းမှ ကျေးဇူးတင်ရှ်ိပါတယ်ဗျ။
