en
Feedback
Book of Lwin

Book of Lwin

Open in Telegram
361
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from N/a
Drawing_Cute_Manga_Chibi_A_Beginner's_Guide_to_Drawing_Super_Cute.pdf18.77 MB

Repost from N/a
Drawing Cute Manga - Chibi https://t.me/c/1867383756/8
Drawing Cute Manga - Chibi https://t.me/c/1867383756/8

Repost from N/a
How to Draw Chibi - Mini Character

Repost from N/a
How to Draw Chibi - Mini Character - Art of Lwin https://t.me/c/1867383756/6
How to Draw Chibi - Mini Character - Art of Lwin https://t.me/c/1867383756/6

Independence Day
Independence Day

နှစ်သစ်စကားလက်ဆောင်
နှစ်သစ်စကားလက်ဆောင်

ကျန်းမာရေးကောင်းနေပြီးဆို ပြင်ပအနှောက်အယှက်တွေမရှိရင် စိတ်ကတော့အလိုလိုကြည်လင်နေမှာပါ။ အဲတာကအခြေခံ နံပါတ် ၁ ပဲရှိသေးပြီး၊ ထားရှိရမယ့်စိတ်နေစိတ်ထားတွေ ဖတ်ရမယ့်စာတွေ ပေးရမယ့်အချိန်တွေ ၊ ရှောင်ရမယ့်သူတွေ ဂရုစိုက်ရမယ့်သူတွေ၊ အခြားအကြောင်းအရာတွေ။ ဆက်ပြီးပြောချင်ပါသေးတယ်။ အဲတွက် ဒီပိုတ်လေးကို Like and Share လုပ်ပေးထားပြီး ကွန်မန်လေးတစ်ကြောင်းလောက်ရေးပေးခဲ့ပါ။ ဒုတိယပိုင်းရေးပြီးရင် မန့်ထားတဲ့သူတွေကို ပြန်ပြီး မန်းရှင်းခေါ်ပေးပါမယ်။ Art of Lwin Creative Studio Crafting Dreams with Love and Design

ငါငယ်ငယ်က ကမ္ဘာကြီးကိုပြောင်းလဲချင်ခဲ့တယ် . . လူငယ်ဖြစ်လာတော့ နိုင်ငံတော်ကိုပဲပြောင်းလဲတော့မယ်ပေါ့ နောက်နည်းနည်းကြီးလာတော့ ငါနေတဲ့ဒေသကိုပဲပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ခဲ့တယ် အဲကနေ အသက်ရလာတော့ ငါမိသားစုကိုပဲပိုကောင်းအောင်ပြောင်းလဲမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် နောက်ဆုံငါးသိလာရတာကတော့ မိမိကိုယ်ကိုအရင်ကောင်းအောင်ပြောင်းလဲဖို့လိုတယ်ဆိုတာပါပဲ။ မိမိကိုယ်ကိုပြောင်းလဲရမယ်ဆိုတဲ့နေရာမှာ အချို့ကပြောင်းလဲချင်တယ် နည်းလမ်းမသိကြဘူး အချို့ကကိုနေရာကိုယ်ပါတ်ဝန်းကျင်လေးထဲမှာပဲပျော်မွေ့ပြီး ပြောင်းလဲရမှန်းမသိကြဘူး အရင်ခေတ်ကထက်စာရင် မျက်စိပွင့် နားပွင့်ဖြစ်လာကြတာမှန်ပေမယ့် ခေတ်သစ်ရဲ့ဖြာယောင်မှုအသစ်တွေကြားမှာ စနစ်ဆိုးရဲ့ လောင်းရိပ်အောက်မှာ ရုန်းမထွက်နိုင်ကြသူတွေလည်းအများကြီးပါ။ အဲအတွက် ဆရာရှာဖွေထားသမျှ လိုက်နာကျင့်သုံးဖြစ်နေတဲ့ အချက်ကလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လိုအပ်တဲ့အရာလေးတွေကို ကူးယူကျင့်သုံးပြီး မိမိကိုယ်တိုင်အတွက် မိသားစုအတွက် အသင်းအဖွဲ့အတွက် နိုင်ငံအတွက် အရည်အချင်းကောင်းတွေပိုင်ဆိုင်ထားတဲ့ ဦးစီးဦးဆောင်ပြုနိုင်တဲ့ လူကောင်းလူတော်များဖြစ်ကြပါစေ။ အာရောဂျံ ပရမံ လာဘံ (ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး) ကျန်းမာရေးမကောင်းရင် အခြားအရာတွေအားလုံးရှိနေ လုပ်ချင်စိတ်ရှိနေရင်တောင်မှ ဘာမှမတတ်နိုင်ပါဘူး ကျန်းမာရေးကောင်းဖို့ ကံ စိတ် ဥတု အာဟာရ လေးမျိုးပေါ်တည်မှီနေပါတယ်။ ကံကတော့ကံအကျိုးတရားမို့ ထိန်းချုပ်လို့မရပေမယ့် စိတ်အတွက် မိမိစိတ်ကိုကောင်းအောင်နေမယ် အရာရာကို မျှတစွာနှလုံးသွင်းတတ်ပြီး စိတ်ဓါတ်ကျနေချိန်မှာလည်း အရမ်းမကျအောင် ပျော်စရာတွေ့ချိန်မှာလည်း အပျော်ကနေအပျက်ဖြစ်မသွားအောင် ထိမ်းသိမ်းနေထိုင်နိုင်မယ်။ ခွင့်လွတ်သင့်တဲ့သူတွေကို လွတ်ချပြိးခွင့်လွတ်မယ် အချို့ကိုယ်လုပ်ရပ်တွေအတွက် နောင်တရနေတာတွေကိုလွတ်ချပြီး အကောင်းဆုံးကြိုးစားသွားနိုင်မယ်ဆိုရင် အနည်းဆုံးတော့ စိတ်ချလက်ချအိပ်ပျော်နိုင်ပြီး စိတ်ကြောင့်ဖြစ်တဲ့ ကိုယ်ခန္ဓာထိခိုက်မူကို အများကြီးသက်သာစေမှာပါ။ ရာသီဥတုဖောက်ပြန်လာမှုနဲ့အတူ အပူအအေးလွန်တာတွေ လေထုအရည်အသွေးမကောင်းတာတွေစတဲ့အကြောင်းအရာတွေကြောင့် စိတ်မကြည်မလင်ဖြစ်ပြီး ဆုံးဖြတ်ချက်အမှားတွေ အပြည့်အဝအာရုံမစိုက်နိုင်တာတွေ အဲကနေတစ်ဆင့်ကြီးကြီးမားမားဆုံးရှုံးမှုတွေအထိဖြစ်တတ်ပါတယ်။ အဲတာကိုဖြေရှင်းဖို့ကတော့ ကိုယ်ဘာသာဂရုစိုက်ရမှာပါ ပထမက လုံလောက်စွာအနားယူဖို့ပါ အဲအတွက် အိပ်ချိန်မှန်ဖို့အရေးကြီးပါတယ်။ အပေါ်ကပြောခဲ့သလိုစိတ်ကိုပြင်နိုင်မှ အိပ်ရေးဝမှာမို့ပါ။ တစ်နေ့ကို ၆ နာရီကနေ ၇ နာရီထိ အိပ်ချိန်ရှိဖို့အရေးကြီးသလို အနှောက်အယှက်ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့လိုပါတယ်။ Screen Time ကွန်ပျူတာ၊ ဖုန်းကြည့်ချိန်အရမ်းမများဖို့လည်းလိုပါတယ်။ Social ကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် မိမိ အနားယူဖို့လိုအပ်တဲ့အချိန်ထဲက ဖဲ့ပေးလိုက်ခြင်းက အိပ်ရေးမဝ စိတ်မကြည့်ဖြစ်စေပြီး နောက်တစ်နေ့လုံးဘာမှလုပ်မရပဲ မိမိဘဝတိုးတက်ဖို့အတွက်နှောင့်နှေးစေပါတယ်။ အကောင်းဆုံးကတော့ စောစောအိပ် စောစောထပြီး အလုပ်မသွားခင် နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးတာပါ။ လေကောင်းလေသန့်ရတဲ့နေရာမှာ လုပ်ပေးရင်ပိုကောင်းပါတယ်။ နောက်ကျန်မာရေးဆိုင်ရာ သတိထားရမယ့်အချက်ကလေးတွေကိုဂရုစိုက်ဖို့လို့ပါတယ်။ ဥပမာ ညနက်မှာရေမချိုးဖို့ ၊ ရေခဲရေတွေမသောက်ဖို့၊ အအေးမခံဖို့ ၊ နေပူထဲသွားရင်လုံလောက်တဲ့ အကာအကွယ်တွေဝတ်ဖို့ စတာတွေပါ။ အဟာရကတော့ အလွန်အရေးကြီးတဲ့အပိုင်းပါ = ရှောင်သင့်တာရယ်စားသင့်တာရယ်ရှိတဲ့အထဲမှာ ရှောင်သင့်တာကို ရှောင်နိုင်နေရင်တောင် အတော်ဟုတ်နေပါပြီ။ အရက်၊ ကွမ်း၊ မူယစ်ထုံထိုင်းစေတတ်တာတွေလုံးဝရှောင်ပါ။ တိုးတက်ဖို့နေနေသာသာ လွန်ရင် အသက်တောင်ထိခိုက်ပြီး စည်းစိမ်ပါပြုတ်တတ်ပါတယ်။ နောက်ကျန်းမာရေး စာစောင်တွေထဲကအတိုင်း အဆီများတာတွေ အဝလွန်တတ်တဲ့ အသင့်စား အစာတွေ သွေးတိုးတတ်တဲ့အစာတွေ ဆီချိုဖြစ်စေတဲ့အစာတွေ ကင်ဆာဖြစ်စေတဲ့အစာတွေရှောင်ပါ။ တတ်နိုင်မယ်ဆိုရင် ကိုယ်ဘာသာကို အိမ်မှာချက်စားပါ။ ဆီသန့်ရေသန့် လက်သန့် ပန်းကန်သန့်ပါတယ်။ မြန်မာကဆိုင်တွေတော်တော်များများကမီးဖိုချောင်ထဲဝင်ကြည့်ရင် စားချင်စရာမရှိပါဘူး။ ပိုက်ဆံကုန်လည်းသက်သာပါတယ်။ စားရမှာတွေကတော့ အသီးအနှံမျိုးစုံ ဟင်းသီးဟင်းရွက် ဗီတာမင် ပြည့်တာတွေ ဆေးဖက်ဝင်တာမျိုးတွေစားသင့်ပါတယ်။ ငါးလည်းများများစားသင့်ပြီး ငါးဟင်းမကြိုက်တဲ့သူတွေက ပင်လယ်ငါးကိုတော့ဖြစ်အောင်စားပေးပါ။ နောက် စွမ်းအားဖြည့်အချိုရည်တွေ ကော်ဖီမိတ်တွေ စိတ်ကြည့်လင်လန်းဆန်စေတဲ့ဆိုတဲ့ဆေးတွေ စွဲမသောက်ပါနဲ့ ဦးနှောက်ကို ခနစွမ်းရည်မြင့်ပေးပြီး နောက်မသောက်ရရင်စိတ်မကြည့်မလင်ဖြစ်လာတတ်ပါတယ်။

the practical guide to design theory

The practical guide to design theory
The practical guide to design theory