en
Feedback
HR Bawa Channel

HR Bawa Channel

Open in Telegram

HR Knowledge Sharing

Show more
987
Subscribers
No data24 hours
No data7 days
-730 days
Posts Archive
photo content

photo content

photo content
+1

ပိတ်ရက် တရားဝင်ထပ်ကြေငြာပါပြီ

ယနေ့စာအုပ်လက်ဆောင်

Gary Dessler - Human Resource management-Pearson (2013).pdf29.43 MB

photo content

photo content

𝐇𝐑ကိုအခြေခံကစလေ့လာလိုသူများတက်သင့်တဲ့သင်တန်း ❌Online Class မဟုတ်ပဲ လူတွေ့လာတက်ချင်သူများအတွက် ---------------------------------------------------------------- 𝐇𝐑 𝐂𝐚𝐫𝐞𝐞𝐫 ကို အခုမှစတင်လေ့လာမယ် လူငယ်တွေအတွက် အချိန်တိုအတွင်း အခြေခံပိုင်ပိုင်နိုင်နိုင် သိသွားစေမယ့် 𝐇𝐑 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အပြင်လူတွေ့သင်တန်း စဖွင့်ပါပြီ ဘယ်သူတွေတက်သင့်လဲ? ✅ HR Career ကိုအခုမှစတင်လေ့လာမည့်လူငယ်များ ✅ HR ကို လက်တွေ့သာရှိပြီးစာတွေ့ ပြန်လေ့လာချင်သူများအထူးတက်သင့်ပါတယ် ထိထိရော‌က်ရောက်နဲ့ အခြေခံပိုင်နိုင်သွားစေဖို့အာမခံပါတယ်။ အပြင်လူတွေ့သင်တန်းက လတိုင်းရှိဖို့မသေချာတာမို့ ဖွင့်တုန်းတက်ထားဖို့လိုပါတယ်။ သင်တန်းဘယ်နေ့စမလဲ။ 🗓️23-June-2024(Sunday Only) သင်တန်းချိန်ကရော။ 🕤1:30 PM to 4:00 PM သင်တန်းကလာဘယ်လောက်ကြာမလဲ။ 💻၃ ပတ်ကြာပါမယ် သင်တန်းကြေးကရော။ 💸 ပုံမှန်သင်တန်းကြေး-50000 ကျပ် ပထမဆုံးအယောက်(၂၀)- 28000 ကျပ်သာ မြန်မြန်အပ်လေ Discount စိတ်ချရလေဖြစ်ပါတယ် ✅လေ့လာရမည့်သင်ခန်းစာများ 💻 Recruitment and Selection (ဝန်ထမ်းရွေးချယ်ခြင်းနှင့်ခန့်အပ်ခြင်း) 💻 Training and Development (ဝန်ထမ်းများသင်တန်းပေးခြင်းနှင့် ဖွံဖြိုးတိုးတက်အောင်စီစဉ်ပေးခြင်း) 💻 Performance Management (ဝန်ထမ်းစွမ်းဆောင်ရည်များ စီမံခြင်း) 💻 Compensation and Benefits (လုပ်ခလစာနှင့် ခံစားခွင့်များစီစဉ်ခြင်း) အစရှိသည့် လက်တွေ့ကျတဲ့ HR Function များကို ဦးစားပေးမျှဝေပေးမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည်ဖြစ်ပါသည်။ စာရွက်စာတမ်းကြေးထပ်မံပေးရန် မလိုအပ်ပါ။ 🤵ဘယ်သူသင်မလဲ? SYG TEAMရဲ့ လူငယ် HR လည်းဖြစ် ကုမ္ပဏီတွေမှာ HR Supervisor,HR Manager လုပ်ခဲ့ဖူးပြီးလက်ရှိလည်းလုပ်နေဆဲဖြစ်တဲ့ 👔Saya Aung Sithu BA(Eco) MBA Candidate Executive Diploma in Human Capital Management(LEB)UK Diploma in Humam Resource Management Diploma In Business Administration Management ဖြစ်ပါတယ် 💨သင့်အတွက်အကျိုးရှိမယ်လို့ ယုံကြည်ပြီး သင်တန်းအပ်နှံချင်ရင် Messenger ကနေ စာရင်းပေးပေးပါခင်ဗျာ သင်တန်းကြေးပေးသွင်းရန် 👇 KBZ-06430106402538501 -Aung Sithu AYA-20014794442- Aung Sithu CB- 2002600500052256 -Aung Sithu Wave Money Acc-09 950430070 - Aung Sithu KBZ Pay - 09 950430070- Aung Sithu 21.6.2024 နောက်ဆုံးပေးသွင်းရပါမည် မြန်မြန်အပ်ရင်တော့ Discountရတာပေါ့ ဖုန်းနဲ့စာရင်းပေးခြင်း(သို့)စုံစမ်းချင်ရင် 09 950430070 ကိုဆက်သွယ်ပါခင်ဗျာ သင်တန်းလိပ်စာ။ ။ အမှတ်(၃၁)၊(၁၆)ရပ်ကွက်၊မာလာမြိုင်(၃)လမ်း၊လှိုင်မြို့နယ်။ပါရမီစိန်ဂေဟာအနောက်နား။ Aung Sithu Talent World Management institute

Hello Good morning

Training Profession စတင်ခဲ့တာကတော့ ဒုတိယကမ္ဘာစစ်ပြန်စချိန် စစ်လက်နက်တွေထောက်ပံ့ဖို့ စက်ရုံတွေ ပြန်လည်ကြ်ိုးစားလာရတဲ့အချိန်ပဲဖြစ်ပါတယ်အဲဒိ အချိန်မှာ အစိုးရအနေနဲ့ Training With Industry (TWI)ဆိုပြီး စတင်တည်ထောင်ခဲ့ပါတယ် TWI အဖွဲ့အစည်းဟာ Industryမှာ ရှိတဲ့မန်နေဂျာတွေကို သက်ဆိုင်သင်တန်းတွေကိုချခဲ့ပါတယ် စစ်ကြီးပြီးတဲ့အချိန်မှာ TWI က သင်တန်းဆရာ ၂၃၀၀၀ကျော်ကိုမွေးထုတ်ပြီး certificateပေါင်း ၂သန်းလောက်ထုတ်ပေးနေပါပီ အဲဒိအချိန်မှာ TWI Trainerတွေဟာ မိမိဌာတွေကို ပြန်ပေးနေကြပါပီ 1942မှာတော့ American Society for Training Directors(ASTD) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုစတင်တည်ထောင်ခဲ့ပါတယ်ASTD မှာ Memberဝင်ချင်ရင် University ဘွဲ့ရ၊အတွေ့အကြုံနှစ်နှစ်ရှ်ိပါတယ် ၁၉၆၀နဲ့ ၁၉၇၀မှာဝောာ့ Professionals Trainerရဲ့ Role ဟာ ထပ်ပြီးတိုးချဲ့လာခဲ့ပါတယ် အဖွဲ့အစည်းတော်ဝောာ်များများမှာ ဝန်ထမ်းတွေကို coach , Counselingလုပ်ဖို့ Trainerတွေတော်တော်များများလိုအပ်လာခဲ့ပါတယ် ဝန်ထမ်းတွေရဲ့ Competencyတွေကိုမြှင့်တင်ဖို့ Training and Development ဌာနဆိုပြီး စတင်လာခဲ့ပါတယ် အဲဒိအချိန်မှာ လည်း American Society for Training Directors ကနေ American Society for Training and Development (ASTD)ဆ်ုပြီးအမည်ပြောင်းခဲ့ပါတယ် ၁၉၉၀မှာဝောာ့ HRDဟာ Strategic Roleကိုရောက်လာခဲ့ပြီး HRD ရဲ့လုပ်ဆောင်ချက်တွေဟာ Organization ရဲ့ goals, Objectiveတွေနဲ့ကိုက်ညှီပြီးလုပ်ဆောင်လာကြပါတယ်။ နောက်ဆုံးအနေနဲ့ HRM နဲ့ HRD ဘာကွာသလဲဆိုရင် HRD ဆိုတဲ့ Training or Human Resource Development ဟာ HRM ဆိုတဲ့ Human Resource Management ရဲ့ အဓိက Function တစ်ခုပဲဖြစ်ပါတယ် ကျေးဇူးတင်ပါတယ် Aung Sithu SYG TEAM HR ဘဝ Ref:Human Resource Development 6e

Human Resource Development(HRD) ဆိုတာကြာဖူးမှာပေါ့ Human Resource Development(HRD) ဆိုတာဘာလဲ?ဘယ်လိုဖြစ်တည်လာတယ်ဆိုတာလေးကိုရှင်းပြချင်ပါတယ် ပထမဆုံးအနေနဲ့ HRD ဆိုတာဘာလဲ?ဒါကို Richard Swanson ပြောခဲ့တာက"a process for developing and unleashing human expertise through training and development and organization development for purpose of improving performance"ဆိုပြီးပြောခဲ့ပါတယ် ဆိုလိုတာကHRD ဆိုတာ ဝန်ထမ်းတွေနဲ့ Company ရဲ့ စွမ်းဆောင်ရည်တွေတိုးတက်စေရန်နှင့် ဖွံ့ဖြိုးတိုးက်လာစေရန် Trainingတွေ၊Development planတွေလုပ်ဆောင်ပေးရခြင်းပဲဖြစ်ပါတယ် HRDမှာအရေးကြီးဆုံးကတော့ Learning လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ် ဒါကြောင့် ယမေ့ခေတ်မှာ workplace learning and performance ဆိုဝာာကိုအဓိကထားလာကြပါတယ် workplace Learning ဆိုတာ အလုပ်အတွက် လက်ရှိအချိန်ရော၊အနာဂတ်အတွက်ရော လိုအပ်တဲ့ competencyတွေ ရရှိစေဖို့ တစ်ဦးတစ်ယောက်ချင်းအတွက် training program, education and development coursesများနှင့်အပြင်လုပ်ငန်းခွင်မှ လက်တွေ့‌ပြုလုပ်ခြင်းဖြင့်သင်ယူရသည့် လုပ်ငန်းစဉ်ဖြစ်ပါတယ်လို့ Jacobs နဲ့ Parkကဆိုထားပါတယ်။ ဒါကြောင့် HRD ဆိုသည်မှာ အလုပ်အတွက် လက်ရှ်ိလိုအပ်သော skillsနဲ့ အနာဂတ်အတွက် skillsတွေ ရရှိစေဖို့ ဝန်ထမ်းတွေလေ့လာသင်ယူနိုင်အောင် စနစ်တကျ စီစဉ်ထားသော processတစ်ခုဖြစ်ပါတယ် HRD program ဟာ အဖွဲ့အစည်းရဲ့ ‌အပြောင်းအလဲတွေ ရေရှည်အစီအစဉ်တွေမှာ Strategy ကျကျ ပါဝင်လုပ်ဆောင်ပေးရပါတယ် HRD ဆိုတာ ဘယ်ကနေစပြီးပေါ်ပေါက်လဲ့တာလဲ? ပုံမှန်ဆိုရင် ၁၉၈၀ လောက်မှာစတင်ပေါ်ပေါက်လာတယ်လို့ပြောကြပေမယ့် HRD ရဲ့ conceptတွေကတော့ အဲဒိမတိုင်ခင်နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တာပါ HRD မပေါ်ခင် ၁၈ရာစုမှာကတည်းက ပထမဆုံးပေါ်ပေါက်လာတာက Apprenticeship Training program (အလုပ်သင်)ဆိုတဲ့ အစီအစဉ်တွေစတင်ပေါ်ပေါက်ခဲ့တာပါ အဲဒိအချိန်တုန်းက ယနေ့ခေတ်လို အပြင်သင်တန်းတွေမရှိပါဘူး ဥပမာ EP ဆိုရင် EPသင်တန်းဆင်းတွေအခုခေတ်ကခေါ်လို့ရတယ် HRဆိုလည်း Diplomaကိုအပြင်သင်တန်းတွေကသင်ပေးတယ် အရင်ခေတ်က အဲလိုမရှိတဲ့အတွက် အထည်ဆိုင်တွေ၊စက်ပစ္စည်းဆိုင်တွေဟာ အလုပ်ခေါ်ရင် မကျွမ်းကျင်တဲ့သူတွေကိုခေါ်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေကပဲ ပြန်သင်ပေးတဲ့ စနစ်ကို ကျင့်သုံးကြပါတယ် အဲဒိအလုပ်သင်သမားတွေကိုလစာနည်းနည်းပဲပေးတယ် တချို့က အလုပ်သင်အချိန်မှာ လစာမရကြပါဘူး အဲဒိနောက်မှာဝောာ့ ၁၈၀၉ခုနှစ်မှာ DeWitt Clinton ဆိုသူက Vocational School အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းတွေကို ပုဂ္ဂလိကအနေနဲ့ စတင်ခဲ့ပါတယ် ယနေ့ခေတ်လိုဆိုရင် အဲကွန်းပြုပြင်၊စက်ပြင်သင်တန်းတွေပေ့ါ Vocational ဆိုပေမယ့် စက်ပစ္စည်းတွေနဲ့သင်ရတာမဟုတ်ပဲ Manual schoolပါ အဲဒီ သင်တန်းကျောင်းဟာ လုပ်ငန်းခွင်မှာ တကယ်အသုံးဝင်တဲ့ အလုပ်တွေကိုသင်ပေးတာဖြစ်ပြီး မကျွမ်းကျင်သူတွေ အလုပ်လက်မဲ့ဖြစ်နေ၊လမ်းပျောက်လူငယ်တွေကို သင်ပေးပြီး Companyတွေအတွက်အထောက်အပံ့ဖြစ်ခဲ့ပါတယ် ဒါကြောင့် လူမှုပတ်ဝန်းကျင်အတွက်လည်း အကျိုးပြုခဲ့တယ် လူငယ်တွေ လမ်းမမှားကြတော့ဘူးပေါ့ ၁၉၁၇မှာတော့ Vocational Educationဟာ effective ဖြစ်ကြောင်းအသိအမှတ်ပြုပြီး စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ လုပ်ဆောင်လာကြပါတယ် ယနေ့အထိပေါ့ ၁၈၀၀ ခုနှစ်နှောင်းပိုင်း စက်မှုတော်လှန်ရေးအတွင်းမှာဝောာ့ Early Factory Schoolဆိုတဲ့ အလုပ်ခွင်သင်တန်းပေးခြင်းပေါ်ပေါက်လာခဲ့ပါတယ် ယနေ့လိုဆိုရင် On job Trainingပုံစံမျိုးပေါ့ အဲဒိအချိန်မှာ လုပ်ငန်းခွင်တွေမှာ hand toolsတွေအစား စက်ပစ္စည်းတွေ အစားထိုးလာတော့ စက်ပစ္စည်းတွေနဲ့ အကျွမ်းဝင်အသုံးပြုတက်အောင် သင်ပေးခြင်းဖြစ်ပါတယ် အလုပ်သင်နဲ့ Factory Schools ဘာကွာလဲဆိုရင် Factory schoolsဆိုတာက အချိန်တိုတိုလေးပဲ အဓိက လုပ်ရမယ့်အရာကိုကျွမ်းကျင်အောင်ပဲသင်ပေးလိုက်ဝာာဖြစ်ပါတယ် ၁၉၀၀ခုနှစ်အကျော်မှာတော့ Semiskilled and Unskilled အလုပ်သမားတွေအတွက် Training Programတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ် မှတ်မှတ်ရရအနေနဲ့ 1913,မှာ Henry Ford ဆိုဟာ Ford car ရဲ့ Model-Tကိုထုတ်လုပ်ခဲ့ပါတယ် ဈေးသက်သက်သာသာနဲ့ရောင်းနိုင်ခဲ့တယ် အဲဒိအချိန်က ဘာလို့ဈေးသက်သက်သာသာနဲ့ရောင်းနိုင်လဲဆိုရင် သူက ကျွမ်းကျင်အလုပ်သမားတွေကို ဈေးကြီးပေးမခေါ်ပဲ အသင့်အတင့်ကျွမ်းကျင်သူများကိုသာခေါ်ပြီး သင်တန်းတွေပေးကာ အလုပ်များစွာလုပ်ခိုင်းခဲ့တာဖြစ်ပါတယ် အဲဒိခေတ်အချိန်အခါက စက်ရုံတွေက Semiskilled တွေခေါ်ခိုင်းတဲ့ အခါ လူတွေကို စက်ရုပ်လိုပဲသဘောထားခဲ့ကြတယ် ကလေးတွေအလုပ်လုပ်ရတယ် အလုပ်ချိန်ကြာရှည်ကြတယ် အဲဒိမှာ Human Relation ကိုသတိထားဖို့ Compaign တွေလုပ်ပြီးတောင်းဆိုကြတော့မှ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကိုနားထောင်လာကြတယ် အဲဒိအချိန်မှာ Human Behavior ကိုစတင်လေ့လာကြတယ် အဲဒိနောက် 1940မှာ Abraham Maslow ဟာ Human Needs Theoryကိုစတင်ရှာဖွေတွေရှ်ိခဲ့ပါတော့တယ်

နှလုံးသားလှတဲ့ 𝐇𝐑 ယနေ့ခေတ်မှာ 𝐇𝐑 လို့ဆိုလိုက်လျင် မုန်းတဲ့သူကခပ်များများရယ် ..ဘာတဲ့ 𝐇𝐑 ဆိုတာ သူဌေးဘက်ပဲကြည့် တယ်တဲ့လား…ဘာတဲ့ 𝐇𝐑 ဆိုတာ လစာဖြတ်ဖို့ပဲသိတယ်တဲ့လား နောက်ရှိပါသေးတယ် 𝐇𝐑 ဆိုတာ အရမ်းအပေါက်ဆိုးတာပဲ ဆိုးလားပဲ……. ဒီသဘောတွေဟာ 𝐇𝐑 လောကမှာလည်း တကယ်ရှိခဲ့လို့ အသံတွေထွက်လာတာဖြစ်တယ်လို့ ယူဆနိုင်ပါတယ် တကယ်တော့ ဒီအသံတွေနဲ့ 𝐇𝐑 တွေရဲ့ ရပ်တည်ချက်ဟာ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတာ 𝐇𝐑 လောက ကပညာရှင်တွေလည်း သိပြီးဖြစ်မှာပါ…. ဒါကြောင့် လာမယ့်ခေတ် 𝐇𝐑 လူငယ်တွေအနေနဲ့ ဒါတွေကချေဖြတ်ပြရပါမယ်..𝐇𝐑 တွေဘယ်လောက် စိတ်ထား ကောင်းကြောင်း နှလုံးသားလှကြောင်း ပြသဖို့လိုအပ်လာပါပြီး ..စာကြွင်း(လုပ်ငန်းက အားကိုး ထိုက်တဲ့ အရည်အချင်းတွေ အပြင်ပေါ့) နှလုံးသားလှတဲ့ 𝐇𝐑 ဆိုတာဘယ်လိုမျိးဖြစ်နိုင်လဲ? (၁) စိတ်ရှည်ရမယ် 𝐇𝐑 နဲ့ ပြသနာဆိုတာ မကင်းသလို ၊𝐇𝐑(𝐇𝐑 လည်း၀န်ထမ်းပါ) နဲ့ ၀န်ထမ်းတွေဟာ လည်းမကင်းပါဘူး 𝐇𝐑 ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 က ၀န်ထမ်းပဲမို့ သူတို့ရဲ့အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးရမယ်၊သူတို့ဖြစ်ချင် တာလေးတွေပြောပြခဲ့ရင် မှတ်သားထားပြီး ဖြေရှင်းပေးနိုင်တဲ့ ဆီပို့ဆောင်ပေးသင့်ပါတယ်။ 𝐇𝐑 ကိုအမြင်ကြည် ဖို့ အရင်ဆုမတောင်းပါနဲ့ 𝐇𝐑 ရဲ့အကောင်းဆုံးသော စိတ်နေစိတ်ထားကို ပြသပေးပါ ၀န်ထမ်းက ဘယ်လောက် ဒေါသထွက်ထွက် 𝐇𝐑 ကအပြုံးမပျက်ပါစေနဲ့။ (၂) အတ္တကို လျော့ပါ 𝐇𝐑 လို့ဆိုလိုက်တာ ကျွန်တော်၊ကျွန်မတို့ဟာ အတ္တတွေလျော့ပြီးသားပါ..ဒါတွေကို ၀န်ထမ်းတွေ သိချင်မှ သိပါလိမ့်မယ် ကျွန်တော်ဆို “𝐇𝐑 ဘ၀” 𝐩𝐚𝐠𝐞 လေးမှာ အမြဲတမ်းရင်ဖွင့်လေ့ရှိပါတယ် ဘာလို့ဆို သူတို့အဆင် ပြေဖို့ပဲကျွန်တော်တွေးပေးနေတာလေ 𝐇𝐑 မှာလည်း အခက်အခဲလေးတွေရှိပါတယ် ဒါပေမယ့် 𝐇𝐑 တွေက ထုတ်မပြောတက်ကြဘူး..ထက်ပြီး ခေတ်လူငယ်တွေအနေနဲ့ 𝐇𝐑 လုပ်မယ်ဆို အတ္တကိုရှေ့တန်းမတင်ပါနဲ့ (၃)လူတွေကိုချစ်တတ်ပါစေ 𝐇𝐑 ဖြစ်လာပြီဆိုရင် လူကိုလူလို မြင်တတ်ဖို့အရေးကြီးတယ် သင်ဘယ်ရာထူး ဘယ် 𝐋𝐞𝐯𝐞𝐥 ပဲရောက်ရောက် အားလုံးကို တန်းတူဆက်ဆံနိုင်ရမယ် သန့်ရှင်းရေးနဲ့လည်း သင်ထမင်းအတူတူစားနိုင်ရမယ် ..𝐇𝐑 က စပြီး အဆင့်အတန်းခွဲနေလို့မရဘူး ..လူကလူပဲ ရာထူးကရာထူးပဲ..ထို့အတူ 𝐇𝐑 တစ်ယောက်မှာ လူတွေနဲ့ ပတ် သက်ပြီး အကောင်းမြင်စိတ်ရှိရမယ် အဲဒိနောက်မှာမှ လူတွေကိုချစ်တတ်လာမှာ ဒီလိုချစ်တတ်လာမှလဲ 𝐇𝐑နဲ့ ၀န်ထမ်းဆိုတာ ဆက်ဆံရေးကောင်းလာလိမ့်မယ်။ (၄)စကားပြောချိုသာပါ 𝐇𝐑 တော့လုပ်နေပြီး ..ပါးစပ်ကြမ်းနေရင် အဆင်မပြေဘူး လူဆိုတာမခံချင်စိတ်ဆိုတာရှိမှာပဲ..ဒီအချိန်မှာ တုန့် ပြန်ရမှာအမှန်ပါပဲ.ဒါပေမယ့် တုန့်ပြန်ပုံကိုရွေးချယ်ရလိမ့်မယ် 𝐇𝐑 တစ်ယောက်အနေနဲ့ သင်၀န်ထမ်းနဲ့ အတူ ရန်ဖြစ်မလား..နောက်မှ အေးဆေးခေါ်ပြီးနားလည်အောင် ရှင်းပြမလား..ပထမနည်းကိုသုံးမယ်ဆိုရင်တော့ သေချာပါတယ် သင့်𝐇𝐑 မလုပ်သင့်ပါဘူး ..၀န်ထမ်းဖြစ်ဖြစ် ၊သူဌေးနဲ့ ဖြစ်ဖြစ် ဆက်ဆံတဲ့အခါ စကားလုံးတွေ ကိုသတိထားပါ ပြီးတော့ စကားပြောချိုသာပါ.. (၅)ကိုယ်ကျင့်တရားအလေးထားပါ 𝐇𝐑 ကအတင်းလိုက်ပြောနေတယ်.. 𝐇𝐑 က ကုမ္ပဏီအကြောင်းအပြင်မှာလိုက်ဖွတယ် .𝐇𝐑 က ၀န်ထမ်းတွေ ရဲ့လစာတွေကို ပြောပြတယ်.. 𝐇𝐑 ကကတိမတည်ဘူး ဒါမျိုးတွေကိုရှောင်ရပါမယ် 𝐇𝐑 တစ်ယောက်ဟာ ၀န်ထမ်းတွေရဲ့ 𝐃𝐚𝐭𝐚 အချက်အလတ်တွေကို တော်တော်များများသိသလို လစာတွေကိုလည်း သိပါတယ် ဒါကြောင့် 𝐇𝐑 တစ်ယောက်က ကိုယ်ကျင့်တရားကောင်းဖို့အရေးကြီးပါတယ် စည်းကမ်းကို လည်း ကိုက အရင်လိုက်နာရပါမယ်.. (၆) အမှန်တရားဘက်ကရပ်တည်ပါ.. သူဌေးတိုင်းမကောင်းသလို ၊၀န်ထမ်းတိုင်းလည်းမကောင်းပါဘူး ..သူဌေးပဲဖြစ်ဖြစ်၊၀န်ထမ်းပဲဖြစ်ဖြစ် လုပ်ငန်းအဖွဲ့အစည်း အကျိုးရုတ်စေမယ့် အလုပ်တွေ လုပ်ရင် 𝐇𝐑 က ကြား၀င်ပါသင့်ပါရပါမယ်.. အမှန်တရားကိုချိုးဖောက်တာသိသိနဲ့ ငြိမ်ခံနေရင်လည်း သင်ဟာ နှလုံးသားလှတဲ့ 𝐇𝐑 မဖြစ်နိုင်သေးပါဘူး. ဒါကြောင့်နောက်ဆုံးအနေနဲ့ အမှန်တရားဘက်ကလည်း ရပ်တည်ပါလို့ပြောချင်ပါတယ်. (ဒီနေရာမှာ 𝐇𝐑 ရဲ့ 𝐬𝐤𝐢𝐥𝐥𝐬 တွေကို 𝐟𝐨𝐜𝐮𝐬 ထားပြီးရေးထားတာမဟုတ်ပါဘူး) နှလုံးသားလှတဲ့ 𝐇𝐑 ဖြစ်စေဖို့ 𝐟𝐨𝐜𝐮𝐬 ထားပြီးရေးထားခြင်း ဖြစ်ပါတယ်. အားလုံးပဲ နှလုံးသားလှတဲ့ 𝐇𝐑 တွေဖြစ်ကြပါစေ… သင်လည်းနှလုံးသားလှတဲ့ 𝐇𝐑ဖြစ်အောင်ကြိုးစားမယ်ဆို 𝐒𝐡𝐚𝐫𝐞 ပြီး သက်သေပြလိုက်ပါ... 𝐀𝐮𝐧𝐠 𝐒𝐢𝐭𝐡𝐮 HRဘဝ

𝐇𝐑 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 ဖြေဖို့ဘာတွေပြင်ဆင်ထားရမလဲ 𝐇𝐑 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 ဆိုတဲ့ ရာထူးဟာ များသောအားဖြင့် အထက်ကိုလည်း 𝐑𝐞𝐩𝐨𝐫𝐭 တင်ရမယ်၊လက်အောက်မှာ 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 တွေကို ညွန်ကြားရမှာတွေရှိတဲ့ရာထူးပါ ဒါကြောင့် 𝐇𝐑 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 အလုပ်တွေကိုတော့ ကျွမ်းကျင်ထားရပါမယ်။ ဒီအဖြေဟာ 𝐇𝐑 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐥𝐞𝐯𝐞𝐥အတွက်လည်းအကျုံးဝင်ပါတယ်။ ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ 🔷 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐑𝐨𝐥𝐞 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 အင်တာဗျုးသွားဖြေတဲ့အခါ 𝐇𝐑 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 တွေနဲ့ပတ်သက်ပြီး မိမိဘက်က ကျွမ်းကျင်ထားရပါမယ်၊မိမိက ဘယ်လိုနေရာတွေကနေ ပါဝင်ဆောင်ရွက်ရတယ်ဆိုတာတွေ၊ဘာတွေတာဝန်ယူ တတ်ရတာတွေကို သိရှိထားဖို့လိုပါမယ်။ 🔷 𝐑𝐞𝐯𝐢𝐞𝐰 𝐘𝐨𝐮𝐫 𝐑𝐞𝐬𝐮𝐦𝐞: မိမိရဲ့ 𝐂𝐕 𝐟𝐨𝐫𝐦 ကိုပြန်လည်ဆန်းစစ်ပါ ဒီအလုပ်ခေါ်စာပါတဲ့အချက်တွေနဲ့ မိမိရဲ့အတွေ့အကြုံ၊ အောင်မြင်မှုတွေက ကိုက်ညီမှုရှိလား၊ဆက်စပ်မှုရှိလားဆိုတာ သုံးသပ်ပါ။ 🔷 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐭𝐡𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲: 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 သွားမဖြေခင်ကတည်းက 𝐂𝐨𝐦𝐩𝐚𝐧𝐲 အကြောင်းတွေကို (တန်ဖိုးထားမှု၊𝐂𝐮𝐥𝐭𝐮𝐫𝐞၊ ၊𝐌𝐢𝐬𝐬𝐢𝐨𝐧) တနည်းနည်းဖြင့် သိရှိအောင်ကြိုတင်လေ့လာထားပါ ဒါမှကိုက်ညီအောင်ဖြေနိုင်မှာဖြစ်ပါတယ်။ 🔷 𝐒𝐭𝐮𝐝𝐲 𝐇𝐑 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐚𝐧𝐝 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬: 𝐇𝐑 နဲ့ပတ်သက်တဲ့ အတွေးအမြင်၊ လိုက်နာရမယ့်စည်းကမ်းတွေ၊ကျင့်သုံးရမယ့် အရာတွေကိုလေ့လာထားပါ(ဥပမာ- ဝန်ထမ်းခန့်ခြင်း၊အလုပ်သမားဥပဒေတွေ၊လုပ်ခလစာ၊အကျိုးခံစားခွင့်)နဲ့ပတ်သက်တဲ့ ကျင့်သုံးရမယ့် အရာတွေကိုလေ့လာထားဖို့လိုပါတယ်။ ဒါတွေကိုဘယ်လို အသုံးချမလဲဆိုတာဖြေတတ်ဖို့လိုပါတယ်။ 🔷 𝐁𝐞𝐡𝐚𝐯𝐢𝐨𝐫𝐚𝐥 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬: အပြုအမူနဲ့ ပတ်သက်တဲ့ 𝐏𝐫𝐨𝐛𝐥𝐞𝐦 𝐒𝐨𝐥𝐯𝐢𝐧𝐠, 𝐂𝐨𝐧𝐟𝐥𝐢𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭, 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧-𝐦𝐚𝐤𝐢𝐧𝐠 နဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်းမေးနိုင်တာမို့ အတွေ့အကြုံများနှင့်ယှဉ်ပီးဖြေတတ်အောင့်လေ့ကျင့်ထားပါ။ 🔷 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬: ဝန်ထမ်းတွေနဲ့ဘယ်လိုဆက်ဆံမလဲ၊အထက်လူကြီးတွေကို ဘယ်လို 𝐑𝐞𝐩𝐨𝐫𝐭 ပေးမလဲ၊ဘယ်လိုဆက်ဆံမလဲ၊တခြားဌာနတွေနဲ့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲ၊ပေါ်လစီတွေ၊မူဝါဒတွေကို ဘယ်လိုဖြန့်ဝေမလဲ မစရှိတဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 နဲ့ပတ်သက်တာတွေလည်းမေးနိုင်တာမို့ ပြင်ဆင်ထားဖို့လိုပါတယ်။ 🔷 𝐀𝐝𝐚𝐩𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐂𝐡𝐚𝐧𝐠𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: အပြောင်းအလဲဆိုတာ အမြဲရှိနေပါတယ်၊နည်းပညာပြောင်းတာ၊နည်းစနစ်ပြောင်းတာ၊ပေါ်လစီတွေပြောင်းတာ အစရှိသဖြင့် ရှိပါတယ်။ဒီလိုအပြောင်းအလဲတွေကို ဘယ်လိုကူညီဆောင်ရွက်မလဲ၊ပါဝင်နိုင်မလဲဆိုတာတွေလည်းမေးတတ်ပါတယ်။ 🔷 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧 𝐀𝐬𝐤: 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 တဲ့သူကိုလည်း 𝐇𝐑 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 နဲ့ပတ်သက်ပြီး 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 တွေဘာရှိမလဲ၊ဘာတွေတိုးတက်စေချင်လည်း အစရှိတာတွေကို ပြန်မေးတတ်ပါမယ်။ 🔷 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐲𝐨𝐮𝐫 𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐤𝐢𝐥𝐥𝐬, 𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐬𝐨𝐥𝐯𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥𝐬: မိမိရဲ့ အတွေ့အကြုံတွေထဲကမှ ဘယ်လိုအသင်းအဖွဲ့ကို ဦးဆောင်ခဲ့တာတွေ၊ဘယ်လိုပြဿနာတွေကို‌ဖြေရှင်းခဲ့တာတွေမေးနိုင်တာမို့ ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ဖြေတတ်အောင်လေ့ကျင့်သွားပါ။ 🔷 𝐂𝐮𝐥𝐭𝐮𝐫𝐞 𝐅𝐢𝐭: မိမိကိုယ်မိမိ 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရဲ့ 𝐂𝐮𝐥𝐭𝐮𝐫𝐞 တွေနဲ့ကိုက်ညီတဲ့သူဖြစ်ကြောင်း၊ 𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 ဖြစ်တဲ့လူဖြစ်ကြောင်းကိုလည်း ပြသဖို့လိုအပ်ပါတယ်။ ဒီလောက်ဆို 𝐇𝐑 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 𝐨𝐫 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ခင်ဗျ၊ အဝတ်အစားနဲ့ အင်တာဗျုးချိန်တွေလည်းနောက်မကျဖို့ဂရုစိုက်ပါ။ အကျိုးရှိတယ်ဆို 𝐘𝐞𝐬 လို့ရေးခဲ့ပြီး တခြားသူတွေဖတ်လို့ ရအောင်ပါ 𝐒𝐡𝐚𝐫𝐞 သွားပေးလို့ရပါတယ်ခင်ဗျာ 𝐀𝐮𝐧𝐠 𝐒𝐢 𝐓𝐡𝐮 𝐇𝐑ဘဝ