6 808
Subscribers
No data24 hours
-397 days
-19530 days
Posts Archive
6 808
❣️A Korean Odyssey 화유기❣️[2017]
🇰🇷🇰🇷K-Drama 🇲🇲🇲🇲MMSub
ဇာတ်လမ်းအညွှန်း
*****
တရုတ်ဂန္တဝင်ဝတ္ထုရှည်ဖြစ်တဲ့ "Journey to the West" - ကိုယ်တို့ငယ်ငယ်က အသည်းစွဲ "အနောက်ဘက်သို့ ခရီးသွားခြင်း" ဆိုတဲ့ "စွန်းဝူခုန်း" "ရှိဖေါ့" "ပါကျဲ့" "ရေသရဲ" တို့ရဲ့ ဇာတ်လမ်း ကို ခုခေတ် ပုံစံပြန်လည်ရေးသားရိုက်ကူးထားတာပါတဲ့
ဒီလို ဂန္ထဝင် ဇာတ်လမ်းတစ်ပုဒ်ကို အချစ်ဟာသဇာတ်လမ်းအဖြစ် ဘယ်လိုများ ပြောင်းလဲပုံဖေါ်မလဲ ဆိုတာတော့..
Jin Sun Mi (Oh Yeon Seo)_ သူမဟာ ကံအညံ့တွေကို တွန်းလှန်တိုက်ထုတ်နိုင်တဲ့ စွမ်းအားရှိသူဖြစ်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း CEO ဖြစ်သူ Jin Sun Mi (Oh Yeon Seo) ဟာ ကံဆိုးမှုတွေကိုသယ်ဆောင်လာတဲ့ နတ်ဆိုးတွေကို မောင်းထုတ်နိုင်စွမ်းရှိတာကြောင့် သူမရဲ့ဘဝမှာ အောင်မြင်မှုတွေကိုပဲ ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။
သူမရဲ့အလုပ်မှာ ဆွဲဆောင်မှုရှိပြီး သွက်လက်ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် Son Oh Gong (Lee Seung Gi)
ထိပ်တန်း ကြယ်ပွင့်ဖြစ်သူ P.K (Lee Hong Ki) သူကိုသူပိုမို တက်ကြွ လန့်ဆန်းပြီး ခန့်ငြားနေဖို့ အတွက် မိန်းကလေး ပရိတ်သတ်အများအပြားအလိုရှိနေသူ 😅
နာမည်ကျော်တော်တော်များများထက်တောင် ချောမောကြည့်ကောင်းလှတဲ့ ဖျော်ဖြေရေးကုမ္ပဏီပိုင်ရှင် Woo Hwi Chul (Cha Seung Won)
စတဲ့ စတဲ့ ဆရာသမား (၃) ဦးတို့နဲ့ တွေ့ဆုံဖို့ဖန်တီးလာခဲ့ပြီးနောက်မှာတော့ သူမရဲ့ဘဝဟာ ရှုပ်ထွေးလာခဲ့ပါတယ်။ သူမ ဘယ်လို သဘာဝလွန်ကိစ္စရပ်တွေကိုကြုံတွေ့ရမလဲ? သဘာဝလွန်ဖြစ်ရပ်တွေကို Son Oh Gongနဲ့အတူ ဘယ်လိုအဖြေရှာပြီးဖြေရှင်းမလဲ? အမြဲ တတွဲတွဲ နေရတဲ့Son Oh Gongနဲ့ ဘယ်လိုသံယောစဉ်တွယ်ပြီးချစ်မိသွားမလဲဆိုတာ
ဆက်လက်ရှုစားလိုက်ကြပါအုန်း
6 808
Tiger 3 (2023)
အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
IMDb - 7.6/10
နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက
နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။
အကြည်ထွက်ဖို မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး
စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....
အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။
ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။
အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတိုပဲပေါ့။
ကျွန်တော်တိုရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။
