en
Feedback
Pyi Thu Pan Daing YouTube/Website

Pyi Thu Pan Daing YouTube/Website

Open in Telegram

Ideological Revolution and Support

Show more
375
Subscribers
-124 hours
-17 days
-330 days
Posts Archive
စစ်ကောင်စီဟာ သူပုန်အကြောင်းပြချက်နဲ့ တိုင်းရင်းသားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာက အခုမှမဟုတ်ပါဘူး၊ ခေတ်အဆက်ဆက်ပါပဲ၊ ဒါကို မင်မင်တို့လည်း အရင်က မသိခဲ့ပါဘူး၊ ပြည်သူကိုကာကွယ်ရေးထက် ကိုယ့်အသက်မသေအောင် အတ္တနဲ့ ဗိုလ်ကျနေတာကို သိရတဲ့အခါမှာတော့ အတော်ကို ရွံရှာရပါတယ်။ ဒီအကြောင်းကို CDM တပ်ကြပ်ကြီး Fury က ဆွေးနွေးထားပါတယ်။ ဒီ ညနေ ၃ နာရီ မှာ နားထောင်ပေးကြပါဦး။

"စစ်ကောင်စီကိုယ်တိုင်က စစ်ရာဇဝတ်မှုဥပဒေကို သိရက်နဲ့ ချိုးဖောက်နေတာဖြစ်တယ်" #IHL_Myanmar #WarCrimes https://youtu.be/AGKereI2erk

တနင်္သာရီ စစ်မျက်နှာက ကာကွယ်ရေးတပ်ဖွဲ့တွေအကြောင်းကို ကိုအံဘွားက ဆွေးနွေးထားပါတယ်။ ညနေ ၃ နာရီမှာ နားထောင်ပေးကြပါဦးရှင့်။ VPN click အခက်အခဲ ရှိရင် @auciel_07 မှာ လာရောက် မေးမြန်းလို့ရပါတယ်။

မင်္ဂလာပါ ဒါက ရှေ့တန်းရောက် ရဲ CDM နှစ်ဦးကို YouTube ဝင်ငွေက ထောက်ပံ့ထားမှုပါ။ မေလအထိဝင်ငွေတွေကို အကုန်ထောက်ပံ့ထားပါပြီ၊ ဆက်လ
မင်္ဂလာပါ ဒါက ရှေ့တန်းရောက် ရဲ CDM နှစ်ဦးကို YouTube ဝင်ငွေက ထောက်ပံ့ထားမှုပါ။ မေလအထိဝင်ငွေတွေကို အကုန်ထောက်ပံ့ထားပါပြီ၊ ဆက်လက် ဝန်းရံကြပါဦး 💪

ကျန်ရှိနေတဲ့ YouTube ဝင်ငွေကနေ ဆားလင်းကြီးစစ်ဘေးရှောင်အဖွဲ့နဲ့ ပြည်သူ့ရဲ CDM အချို့ကို ထောက်ပံ့ထားတာဖြစ်ပါတယ်။ မိသားစုအခက်အခဲ
+3
ကျန်ရှိနေတဲ့ YouTube ဝင်ငွေကနေ ဆားလင်းကြီးစစ်ဘေးရှောင်အဖွဲ့နဲ့ ပြည်သူ့ရဲ CDM အချို့ကို ထောက်ပံ့ထားတာဖြစ်ပါတယ်။ မိသားစုအခက်အခဲအပေါ်မူတည်ပြီး ပမာဏအနည်းအများမတူပါဘူးရှင့်။ အားလုံးပါဝင်တဲ့ ကူညီမှုပါ။ 💪💪

မင်္ဂလာပါ အင်တာဗျူး video အသစ်ကို ဒီမနက် ၁၀ နာရီမှာ အားပေးကြပါဦး။ 💪

မင်္ဂလာပါ တော်လှန်ရေးဆိုတာ ဘာအတွက် တော်လှန်နေကြတာလဲ။ မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေလို့၊ တရားမျှတမှုမရှိလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီတော်လှန်ရေးနဲ့အတူ ကျွဲကူးရေပါ လုပ်ရမယ့် အကြောင်းအရာတွေကလည်း ရှိနေပါတယ်။ မြေပြင်က တော်လှန်လူငယ်တစ်ယောက်ရဲ့ အမြင်ကို ဒီနေ့မနက် ၁၀ နာရီခွဲမှာ နားထောင်နိုင်ပါပြီ။

Hello မနက်ဖြန်ထိ မစောင့်တော့ပါဘူး။ ဒီနေ့ အချိန်မှီတုန်းလေး ရေဆန်လမ်း အစီအစဉ် အပိုင်း (၄) ကို တင်ပါပြီနော်။ တော်လှန်ရေးအစကတည်းက CDM ပြုလုပ်ပြီး အခုချိန် ၂ နှစ်ကျော်ကြာလာတဲ့အထိ ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ တပ်သားဇော်ရဲချစ်ရဲ့ CDM အတွေ့အကြုံကို ဒီနေ့ ညနေ ၄ နာရီမှာ ကြည့်ရှု နားထောင်လို့ရပါပြီ။ အားပေးကြပါဦး။

မင်္ဂလာပါ YouTube ဝင်ငွေကနေ စတင်ပြီး ထောက်ပံ့ထားပါပြီ၊ ပမာဏအရမ်းမများပေမယ့် အတူတူပါဝင်ပြီး လုပ်ဆောင်မှုရဲ့ အသီးအပွင့်ဖြစ်တဲ့အ
မင်္ဂလာပါ YouTube ဝင်ငွေကနေ စတင်ပြီး ထောက်ပံ့ထားပါပြီ၊ ပမာဏအရမ်းမများပေမယ့် အတူတူပါဝင်ပြီး လုပ်ဆောင်မှုရဲ့ အသီးအပွင့်ဖြစ်တဲ့အတွက် မင်မင်ကတော့ ဂုဏ်ယူပါတယ်။ ဒီရက်ပိုင်း အခြားအလုပ်တွေနဲ့မို့ viedo တင်တာ နောက်ကျနေပါတယ်။ မနက်ဖြန်ကစပြီး ပြန်လာပါမယ်။ 💪💪

မင်္ဂလာပါ မတ်လ/၂၀၂၃ က ပြည်သူ့ပန်းတိုင် Website/YouTube က​ ထောက်ပံ့ထားမှုကို တစ်စုတစ်စည်းတည်း တင်ပြလိုက်ပါတယ်နော်။ ဧပြီလက စပြီ
မင်္ဂလာပါ မတ်လ/၂၀၂၃ က ပြည်သူ့ပန်းတိုင် Website/YouTube က​ ထောက်ပံ့ထားမှုကို တစ်စုတစ်စည်းတည်း တင်ပြလိုက်ပါတယ်နော်။ ဧပြီလက စပြီး Website က ဝင်ငွေမရတာကြောင့် YouTube ဝင်ငွေတစ်ခုပဲ ရှိပါတယ်။ YouTube ကနေ ဧပြီနဲ့ မေလ နှစ်လ စာအတွက် ဝင်ငွေရရှိနေပါပြီ။ စုစုပေါင်း ၈၀၁၄ ဘတ် (မြန်မငွေ ၆ သိန်းခွဲခန့်) ရရှိပါတယ်။ အခု YouTube ဝင်ငွေကို ထောက်ပံ့မှုပြုလုပ်ပြီး မှတ်တမ်းတွေ တင်ပြပေးပါမယ်နော်။ ပြည်သူ့ပန်းတိုင်နဲ့အတူ ထောက်ပံ့ကူညီမှုတွေ ဆက်လုပ်နိုင်ဖို့ People’s Goal Channel က YouTube video တွေကို အားပေးကြပါဦး။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ဥပဒေမဲ့ကျူးလွန်မှုတွေ၊ စစ်ရာဇဝတ်ကျူးလွန်မှု‌တွေလည်း ပိုပြီး တွေ့လာနေရပါတယ်။ ဒီလိုကျူးလွန်မှုတွေကို တော်လှန်ရေးကာလမပြီးသေးလို့ဆိုပြီး လျစ်လျူရှုထားလို့ မရပါဘူး။ ဒေသခံ လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့တွေပေါများတဲ့ စစ်ကိုင်းဒေသက မခင်၀တီရဲ့ အတွေ့အကြုံက ဘယ်လိုရှိမလဲ။ ဒီမနက် ၁၀ နာရီမှာ ကြည့်ရှုနားထောင်လို့ရပါပြီ။

ဖက်ဆစ်အကြမ်းဖက်စစ်တပ်ထဲကို ပြင်ပမှ ဝင်ရောက်သူလျော့နည်းလာတာနဲ့အမျှ စစ်ကောင်စီဟာ လူသစ်ရရှိရေးအတွက် တပ်ထဲကမှီခိုသားသမီးတွေကို အားထားလာရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး CDM တပ်ကြပ်ကြီးသန်းလင်းက ဆွေးနွေးထားပါတယ်။ ကြည့်ရှုနားထောင်ပေးကြပါဦးနော်..

လက်နက်ကိုင်တော်လှန်ရေးဆိုတာ နိုင်ငံရေးရည်မှန်းချက် အခိုင်အမာမရှိဘူးဆိုရင် မင်းအောင်လှိုင်ပြုတ်သွားလည်း မတူညီတဲ့အုပ်စုတွေကြားမှာ ပြည်တွင်းစစ် ဆက်ဖြစ်နေမှာပါ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်နေသလို တဖက်ကလည်း ပါဝင်နေတဲ့ အုပ်စုတွေ stakeholders တွေကြားမှာ စုစည်းညီညွတ်မှုရှိဖို့ လိုတဲ့အကြောင်းကို CDM ကထိက ဒေါက်တာသန်းလွင်ဦးက ဆွေးနွေးထားပါတယ်။ ဒီနေ့ ညနေ ၄ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။။