en
Feedback
Pyi Thu Pan Daing YouTube/Website

Pyi Thu Pan Daing YouTube/Website

Open in Telegram

Ideological Revolution and Support

Show more
375
Subscribers
-124 hours
-17 days
-330 days
Posts Archive
စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်နေမှု၊ မမျှတနေမှုတွေကို သိမြင်လာပြီး ရှေ့တန်းစစ်မြေပြင်ကနေ ပြည်သူ့ဘက်ရပ်တည်လာခဲ့တဲ့ ဗိုလ်မှူးတင်လင်းအောင်ရဲ့ စစ်ကောင်စီတပ် သရုပ်အမှန်တွေအကြောင်း ဆွေးနွေးထားတာကို ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။

နွေဦးတော်လှန်ရေး စစ်ရေးတိုက်ပွဲ K3C ဆိုတာဘာလဲ၊ C3C ဆိုတာကရောဘာလဲ၊ CNF မှ ဆလိုင်းထက်နီ ရှင်းပြထားတာကို ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။

မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေတဲ့ CDM တပ်သားလှိုင်မျိုးဦးရဲ့ CDM အတွေ့အကြုံတွေကို ရေဆန်လမ်း အပိုင်း (၂) မှာ ကြည့်ရှုနားထောင်လို့ရပါပြီ။

ယုံကြည်ရာ ပဲ့ကိုင်တဲ့ခရီးဟာ ရေဆန်လမ်းကိုဖြတ်သန်းရပါတယ်။ ယနေ့ကာလ ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ် ပြည်သူ့ပန်းတိုင်ဆီ ကူးခတ်ရတဲ့ ရေဆန်ခရီးကြမ်း မှာလိုက်ပါစွန့်စားခဲ့သူတွေရဲ့ ဘ၀ဇတ်ကြောင်းတွေကို “ရေဆန်လမ်း” အစီအစဥ်က မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ တပ်သားလှိုင်မျိုးဦးရဲ့ စစ်ကောင်စီတပ်ထဲက အတွေ့အကြုံတွေနဲ့ ရေကိုဆန်တက် ရုန်းထွက်ခဲ့တဲ့အကြောင်းကို ဒီမနက် ၁၀ နာရီမှာ ကြည့်ရှုနားထောင်ပေးကြပါဦး။

မင်္ဂလာပါ YouTube channel ဝင်ငွေမှ လက်ကျန် ၁ သိန်းကို တနင်္သာရီတိုင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ထားပါတယ်။ ရိက္ခာ
မင်္ဂလာပါ YouTube channel ဝင်ငွေမှ လက်ကျန် ၁ သိန်းကို တနင်္သာရီတိုင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ထားပါတယ်။ ရိက္ခာကမ်ပိန်းပြုလုပ်နေတာမို့ မိတ်ဆွေတို့လည်း ကိုယ်တိုင် တတ်အားသရွေ့ပါဝင်ကြဖို့ တိုက်တွန်းပါရစေ

စစ်အာဏာသိမ်းမှုအကြိမ်ကြိမ်ဖြစ်နေရတာဟာ ပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အရေးမယူနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကြားကာလတရားစီရင်ရေး Transitional Justice အရေးကြီးတယ်ဆိုတဲ့အကြောင်းကို တော်လှန်လူငယ်တစ်ဦးဖြစ်တဲ့ မနှင်းဆီ က ဆွေးနွေးထားပါတယ်။ နေ့လည် ၁၂ နာရီမှာ နားထောင်ပေးကြပါဦးနော်။

ထောင်ထဲကတော်လှန်ရေး တပ်သားတွေအတွက် ကူညီထောက်ပံ့မှုတွေ အများကြီး လိုအပ်နေပါတယ်။ ဒီ page မှာ ကူညီပေးဖို့ တိုက်တွန်းပါရစေ.. https://www.facebook.com/handinjailmyanmarspringrevolution?mibextid=LQQJ4d

မင်္ဂလာပါ ဧပြီ/မေ နှစ်လပေါင်း ရတဲ့ YouTube ဝင်ငွေများမှ ထောက်ပံ့ထားမှုပါ။ ဧပြီလက ဒေါ်လာ တစ်ရာ မပြည့်လို့ မေလနဲ့ ပေါင်းပြီးရတာပါ။ အခု ဇွန်လတစ်လတည်းကတော့ 3610 THB (မြန်မာငွေ ၃ သိန်းကျော်ခန့်) ရရှိပါတယ်။ ဒီလမှာတော့ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာပို့တဲ့ အဖွဲ့ကိုပဲ ၃ သိန်း အဓိက ကူညီထားပါတယ်။ ယခင်လက လက်ကျန်ငွေနဲ့ပေါင်းပြီး ၁ သိန်းခန့် ရှိသေးတာမို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုကို ထပ်ပြီး ထောက်ပံ့ပါမယ်။ YouTube တမျိုးတည်းက ဝင်ငွေပဲ ရှိတာမို့ အရင်လို အများကြီးမကူညီနိုင်တော့ပါဘူး။ ဒါပေမဲ့ ရရှိသမျှကို အကုန်ထိရောက်စွာ ကူညီသွားပါမယ်။ ပြည်သူ့ပန်းတိုင်က CDM စစ်သားတွေကိုလည်း YouTube click ကမဟုတ်တဲ့ အခြားရန်ပုံငွေနဲ့ ကူညီနေပါတယ်။ မင်မင် အချိန်ရရင် Website အသစ်လည်း ထပ်ပြီး တည်ဆောက်ပါမယ်။ အားလုံးပါဝင်ပေးကြပါဦးရှင့်။ ကျေးဇူးတင်ပါတယ်။

တပ်တွင်းမှာ ဘာသာရေး၊ ရာထူးအဆင့်အတန်းအရ ဖိနှိပ်ခွဲခြားဆက်ဆံခံရမှုတွေ၊ တပ်မိသားစုတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ ကိုယ်တိုင်ခံစားခံရတာကို CDM ဒုတပ်ကြပ်ဇနီး ချိုချိုမြင့်က ပြောပြထားပါတယ်။ ဒီမနက် ၁၁ နာရီခွဲမှာ နားထောင်ကြည့်ပါဦးနော်။ တပ်တွင်းဖိနှိပ်မှုတွေကို လူတိုင်းသိသင့်တာမို့ မျှဝေပေးကြဖို့လည်း တိုက်တွန်းပါတယ်။

“ရေတပ်က ပင်လယ်ဓားပြပဲ” ဆိုပြီး CDM တပ်ကြပ်ကြီး အေးမင်းစိုးက သူ့ရဲ့ ရေတပ်ထဲကအတွေ့အကြုံတွေကို ပြောပြထားပါတယ်။ ဒီနေ့မနက် ၁၀ နာရီမှာ ကြည့်ရှုနားထောင်ပေးကြပါဦးနော်။

လူငယ်တော်လှန်ရေးသမားတွေက နိုင်ငံသစ်ကို ဘယ်လိုမြင်ချင်ကြသလဲ။ ပြည်ထောင်စုဆိုတာကို ဘယ်လိုရှုမြင်ကြသလဲ။ BPLA နိုင်ငံရေးမှူး ရိုးအံ့မင်းရဲ့ နိုင်ငံသစ်ရဲ့အနှစ်သာရ အမြင်ကို ဒီညနေရ ၃ နာရီမှာ ကြည့်ရှု နားထောင်နိုင်ပါပြီ။