en
Feedback
Pyi Thu Pan Daing YouTube/Website

Pyi Thu Pan Daing YouTube/Website

Open in Telegram

Ideological Revolution and Support

Show more
375
Subscribers
-124 hours
-17 days
-330 days
Posts Archive
မြန်မာစစ်တပ်ဟာ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် နှစ်ပေါင်းမျာစွာ အသုံးချနေတယ်ဆိုတာဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပိုမို ထင်ရှားလာပါတယ်။ ဒီအကြောင်းကို အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေသူ ဆရာမ နော်ဆဲဆဲက ဆွေးနွေးထားပါတယ်။ ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှု နားထောင်နိုင်ပါပြီ။

မင်းအောင်လှိုင်ကို ဘာတွေ ပြောထားတာလဲ? စာဖတ်ခန်းအစီအစဉ်မှာ နားထောင်လို့ ရပါပြီ...

"မင်းအောင်လှိုင်သို့ ပေးစာ (၁)" #ReadingRoom https://youtu.be/O_QB1wWBaGk

ဖေဖော်ဝါရီ ၂၀၂၁ အာဏာမသိမ်းခင် အချိန်ကာလတစ်ခုက မျှော်လင့်ချက်ကိုယ်စီနဲ့ ရှင်သန်ခဲ့ကြတဲ့ဘ၀တွေကို ပြန်ပြောင်းအမှတ်ရကြည့်ဖူးလား။ မင်မင်ကိုယ်တိုင်လည်း အနာဂတ်ရည်မှန်းချက်တွေအပြည့် ရှိနေခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒါတွေက ပြောင်းပြန် ဖြစ်နေပါတယ်။ “ပစ္စုပ္ပန်၏ဟိုမှာဘက်၌” ကို စာဖတ်ခန်းအစီအစဉ်မှာ နားထောင်ပြီး တွေးတောကြည့်ရအောင်နော်။

စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေက ရဲတပ်ဖွဲ့မှာ ဘယ်လိုကြီးစိုးနေသလဲ၊ ဘယ်လိုအနိုင်ကျင့်နေလဲ ဆိုတာကို CDM ရဲတပ်ကြပ်သန်းထွန်းဦးက ရေဆန်လမ်း အပိုင်း (၂) မှာ ဆွေးနွေးထားပါတယ်။ ဒီနေ့ ညနေ ၃ နာရီ မှာ နားထောင်နိုင်ပါတယ်ရှင့်..

ကိုဗစ်ကူးစက်ရောဂါမြန်မာပြည်မှာ စတင်ဖြစ်ပွားတဲ့အချိန်က ကာကွယ်ကုသရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ကို မှတ်မိကြမယ်ထင်ပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ဆရာမကြီးက CDM ပြုလုပ်ပြီး တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေပါတယ်။ ဆရာမဆွေးနွေးထားတဲ့ အတွေးအခေါ်တော်လှန်ရေးအကြောင်းကို ဒီညနေ ၃ နာရီမှာ နားထောင်လို့ရပါပြီရှင့်..

ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီ ခလရ(၂၆၉) တပ်ရင်းမှ တပ်သား (၄) ဦးဟာ PDF-Zooland အဖွဲ့နှင့် ချိတ်ဆက်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့က ပြည်သူ့ဘက်ကူးပြောင်း ဝင်ရောက်လာခဲ့ပါတယ်။ ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီးကောင်းသူဝင်းက Zoom မှတဆင့် တွေ့ဆုံမိတ်ဆက်မေးမြန်းထားပါတယ်။ ကြည့်ရှုနိုင်ပါပြီ။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက Power 54 မှာ တာဝန်ကျခဲ့ဖူးတဲ့ CDM ရဲတပ်ကြပ်ရဲ့ အတွေ့အကြုံတွေကို ဒီနေ့ ညနေ ၃ နာရီ ရေဆန်လမ်းအစီအစဉ်မှာ ကြည့်ရှုနားထောင်ပေးကြပါဦးနော်။

ဒီနေ့က ၈ လေးလုံးအရေးတော်ပုံနေ့ ဖြစ်တာနဲ့အညီ ၈၈ ကာလတုန်းက တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ ထောင်အတွေ့အကြုံတွေကို နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဆွေးနွေးထားပါတယ်။ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်လို့ရပါပြီ။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတာနဲ့အမျှ အဖွဲ့တွေကြားမှ ထိတွေ့ပွတ်တိုက်မှုတွေလည်း ရှိလာပါတယ်။ တော်လှန်ရေးကာလမှ တရားစီရင်ရေးက ခက်ခဲပေမယ့် တရားမျှတမှုရရှိရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ကိုင်ရမယ်ဆိုတဲ့အကြောင်းကို သပိတ်တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ မနှင်းဆီက ဆွေးနွေးထားပါတယ်။ ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။

စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်နေမှု၊ မမျှတနေမှုတွေကို သိမြင်လာပြီး ရှေ့တန်းစစ်မြေပြင်ကနေ ပြည်သူ့ဘက်ရပ်တည်လာခဲ့တဲ့ ဗိုလ်မှူးတင်လင်းအောင်ရဲ့ စစ်ကောင်စီတပ် သရုပ်အမှန်တွေအကြောင်း ဆွေးနွေးထားတာကို ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။