en
Feedback
Pyi Thu Pan Daing YouTube/Website

Pyi Thu Pan Daing YouTube/Website

Open in Telegram

Ideological Revolution and Support

Show more
375
Subscribers
-124 hours
-17 days
-330 days
Posts Archive
မင်္ဂလာပါ စစ်သား CDM တွေထဲမှာဆိုရင် အမျိုးသမီး CDM ဆိုတာ အတော်ကို ရှားပါးပါတယ်။ ဒီထဲကမှ CDM လှုပ်ရှားမှုမှာ အစောဆုံးပါဝင်ခဲ့ပြီး ယနေ့အချိန်ထိ အမျိုးသမီး CDM အနေနဲ့ ဦးဆောင်လှုပ်ရှားနေတဲ့ တပ်ကြပ်ကြီးယဉ်လဲ့လဲ့ထွန်း ရဲ့ တော်လှန်ရေး ရေဆန်လမ်း ခရီးစဉ် ကို ဒီညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်လို့ရပါပြီ။

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရပြီး သတင်းသမားတွေ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ မြေပြင်မှာ သတင်းတင်ဆက်ရင်း အဖမ်းခံခဲ့ရတဲ့ ဆရာမသူဇာရဲ့ အတွေ့အကြုံတွေကို ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်လို့ရပါတယ်။

မင်္ဂလာပါ CDM တစ်ယောက်ရဲ့ ခံယူချက်၊ ခိုင်မာတဲ့စိတ်ဓါတ် စတာတွေကို ဆွေးနွေးထားတဲ့ ရေဆန်လမ်း အစီအစဉ်ကို ဒီညနေ (၃) နာရီမှာ ကြည့်ရှုနားထောင်လို့ရပါပြီ။

မင်္ဂလာပါ ပြည်သူ့ပန်းတိုင် YouTube Channel က ဂျူလိုင်လအတွက်ဝင်ငွေ ဘတ် ၃၆၀၀ (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) ရရှိခဲ့ပါတယ်။ မြေ
+1
မင်္ဂလာပါ ပြည်သူ့ပန်းတိုင် YouTube Channel က ဂျူလိုင်လအတွက်ဝင်ငွေ ဘတ် ၃၆၀၀ (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) ရရှိခဲ့ပါတယ်။ မြောင်မြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ ရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ၁ သိန်းခွဲစီ ပို့ထားပါပြီ။ လက်ကျန်ကို CDM ထောက်ပံ့မှုမှာ ထည့်ဝင်ပေးပါမယ်။ ပါဝင်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး Click ပေး ကြည့်ပေးကြပါဦး။ 💪💪

မင်္ဂလာပါ အခုတလော မင်မင်အလုပ်များနေလို့ update တွေ နောက်ကျသွားပါတယ်။ YouTube ဝင်ငွေနဲ့ စစ်ဘေးရှောင်ထောက်ပံ့ထားတဲ့ မှတ်တမ်း ထပ်ရထားတာတွေကို တင်ပေးပါဦးမယ်။ အခုနေ့လယ် ၃ နာရီမှာတော့ စာဖတ်ခန်းအစီအစဉ်မှာ မင်းအောင်လှိုင်သို့ပေးစာ အပိုင်း (၃) ကို စောင့်မျှော်နားထောင်ပေးကြပါဦရှင့်။

ဟားငါးကောင်အဖွဲ့မှ ကိုပိုးလေးနဲ့ CDM ဗိုလ်မှူးတင်လင်းအောင်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ တင်ဆက်မှုလေးကို ဒီနေ့ ညနေ ၃ နာရီမှာ ကြည့်ရှုပေးကြပါဦးနော်

ထန်တလန်မြို့ကို ဟားခါးဗျူဟာရဲ့ ညွှန်ကြားချက်နဲ့ ခလရ (၂၂၂) က ဘယ်လိုတွေ ဖျက်ဆီးမီးရှို့ခဲ့သလဲ ဆိုတာကို ထန်တလန်မှာ တာဝန်ကျခဲ့တဲ့ ခလရ (၂၆၉) မှ CDM တပ်သား သက်ဝေအောင်က ပြောပြထားပါတယ်။ ဒီ ညနေ ၃ နာရီ မှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။။

ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မေ့ထားလို့မရပါဘူး။ ဒီအကြောင်းဆွေးနွေးကို ၈၈ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဆွေးနွေးထားပါတယ်။ ဒီနေ့ ညနေ ၃ နာရီမှာ ကြည်ရှု့ နားထောင်ပေးကြပါဦးနော်။

မင်းအောင်လှိုင်သို့ ပေးစာ (၁) ကတော့ စစ်ကောင်စီဘက်တော်သားတွေ လာရောက်ကြည့်ရှုကြတဲ့အထိ YouTube မှာ အောင်မြင်ပါတယ်။ မင်မင်တို့ရဲ့ အစီအစဉ်လေးတွေ တဖက်ကို ထိထိရောက်ရောက် ထိုးဖောက်မှုရှိတဲ့အတွက် ဝမ်းသာရပါတယ်။ ဒီနေ့နေ့လယ် (၃) နာရီမှာလည်း အပိုင်း (၂) စာဖတ်ခန်းအစီအစဉ်ကို နားထောင်ကြည့်ရှုပေးကြပါဦးနော်။

CDM တွေရဲ့ ဘ၀က ပြန်လည်ရပ်တည်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတဲ့အပြင် စကစရဲ့ ဖမ်းဆီးမှုကနေလည်း လွတ်အောင် ပုန်းရှောင်ရပါတယ်။ CDM ရဲတပ်ကြပ် သန်းထွန်းဦးရဲ့ ပြည်တွင်းမှာ ပုန်းရှောင်နေခဲ့ရတဲ့ အတွေ့အကြုံတွေကို ရေဆန်လမ်းအစီအစဉ်မှာ နားထောင်လို့ရပါပြီ။ ဒီညနေ (၃) နာရီမှာ စောင့်မျှော်ကြည့်ရှုရင်း အားပေးမှတ်ချက်တွေရေးပေးခဲ့ကြပါဦးနော်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးလက်နက်သဖွယ် ညှင်းပန်းနှိပ်စက်နေတာတွေ၊ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ နန်းတွင်းစစ်ကြောရေးအကြောင်းတွေကို ဆရာမစောဟန်နွေဦးက ဆွေးနွေးထားပါတယ်။ ဒီညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။