en
Feedback
Pyi Thu Pan Daing YouTube/Website

Pyi Thu Pan Daing YouTube/Website

Open in Telegram

Ideological Revolution and Support

Show more
375
Subscribers
-124 hours
-17 days
-330 days
Posts Archive
ညနေ ၃ နာရီမှာ ကြည့်ရှု အားပေးကြပါဦး

လက်နက်တွေချ အလံဖြူတွေထောင်ဖို့ ပြည်သူတွေအားလုံး စည်းရုံးရေးမှာ ပါဝင်ကြပါဦး။

စစ်ပွဲမှာလည်း ကျင့်ဝတ်ရှိပါတယ်။ မိမိတို့ရဲ့ စစ်ရေးရည်မှန်းချက်ပြည့်ပြီး အရပ်သားထိခိုက်မှုလည်း နည်းအောင် ဒီကျင့်ဝတ်တွေကို လိုက်နာရပါမယ်။ ပြည်သူလူထုကလည်း အမြဲတစေ သတိပေးပြောကြားနေရပါမယ်။ ဒီအကြောင်းကို ဥပဒေအကြောင်းလေ့လာနေတဲ့ တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်က ဆွေးနွေးထားတာကို ညနေ ၃ နာရီမှာ နားထောင်ကြည့်ရှုလို့ရပါပြီ။

၂၀၂၁ အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားတဲ့ မြန်မာ့စီးပွားရေး သုံးသပ်ချက်တွေကို ကြည့်ရှုနားထောင်လို့ ရပါပြီ။

"အများပြည်သူတွေရဲ့ ရေရှည်အကျိုးကိုထိခိုက်နိုင်တဲ့ လုပ်ငန်းတွေလုပ်လာတာကို တွေ့ရတယ်" https://youtu.be/pz6yfUzj-Pg

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အလင်းဝင်ကာ ပြည်သူနဲ့ပူးပေါင်းလာတဲ့သူတွေထဲက မှူး/ဗက ရန်နိုင်ဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီနေ့ ညနေ ၃ နာရီခွဲမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။

ဘယ်အချိန်ထိ စစ်တိုက်ကြမလဲ။ စကစတွေ တစ်ယောက်မှ မကျန်တော့အထိလား။ မိတ်ဆွေတို့ရော ဘယ်လိုထင်ကြပါသလဲ။ ညနေ ၃ နာရီမှာ စစ်ကိုင်းဖိုရမ်က ကိုစိုးဝင်းဆွေရဲ့ ဆွေးနွေးချက်တွေကို နားထောင်ပြီး မှတ်ချက်တွေရေးခဲ့လို့ရပါတယ်။

လက်နက်၊ လူ၊ ရိက္ခာ ရှိပေမဲ့ စိတ်ဓါတ်ညံ့ဖျင်းနေပြီဖြစ်တဲ့ စစ်ကောင်စီတပ် အခြေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေ သတိပြုရမယ့် အချက်တွေကို CDM ခွဲတပ်ကြပ်ကြီးဇော်ထူးက ဆွေးနွေးထားပါတယ်။ ညနေ ၃ နာရီမှာ ကြည့်ရှုနားထောင်နိုင်ပါပြီ။

"စစ်ကောင်စီတပ်တွေအနေနဲ့ ပိုပြီးအင်အားချိနဲ့သွားနိုင်တယ်လို့ ခန့်မှန်းတယ်" #1027 https://youtu.be/9M4hhZyqUy8

၂၀၂၂ ဩဂုတ်လကနေ ၂၀၂၃ အောက်တိုဘာအထိ ပြည်သူ့ပန်းတိုင်ရဲ့ YouTube/Website ဝင်ငွေတွေကနေ စစ်ဘေးရှောင်ပြည်သူများနဲ့ CDM များအတွက် ထေ
+7
၂၀၂၂ ဩဂုတ်လကနေ ၂၀၂၃ အောက်တိုဘာအထိ ပြည်သူ့ပန်းတိုင်ရဲ့ YouTube/Website ဝင်ငွေတွေကနေ စစ်ဘေးရှောင်ပြည်သူများနဲ့ CDM များအတွက် ထောက်ပံ့ထားမှုဟာ စုစုပေါင်း ၁၁၀.၆၉ သိန်း ရှိနေပါပြီ။

မင်္ဂလာပါ August/Sept/Oct အတွက် YouTube Income တွေကို update ပေးပါမယ်နော်။ August လမှာ ဝင်ငွေနည်းနည်းကောင်းပြီး မြန်မာငွေ ၆ သ
မင်္ဂလာပါ August/Sept/Oct အတွက် YouTube Income တွေကို update ပေးပါမယ်နော်။ August လမှာ ဝင်ငွေနည်းနည်းကောင်းပြီး မြန်မာငွေ ၆ သိန်းခန့်ရတာကို Clean Yangon နဲ့ ပြည်သူ့ပန်းတိုင် CDM ကူညီရေးမှာ ပြန်ပြီး ထည့်ဝင်ထားပါတယ်။ စက်တင်ဘာလအတွက် ဝင်ငွေက ​USD 100 အောက် နည်းနေလို့ အောက်တိုဘာနဲ့ပဲ ပေါင်းရပါတယ်။ စုစုပေါင်း မြန်မာငွေ ၄ သိန်းခွဲခန့်ကို မတူပီမြို့နယ်၊ ဝေလူးကျေးရွာက စစ်ဘေးရှောင်များနဲ့ ပြည်သူ့ပန်းတိုင် CDM ကူညီရေးမှာ ထည့်ဝင်ထားပါတယ်။ YouTube တစ်မျိုးတည်းရှိတော့ ဝင်ငွေနည်းပေမယ့် ရသမျှကို စစ်ဘေးရှောင်နဲ့ CDM ကူညီရေးမှာ အကုန်ထည့်ဝင်ထားပြီးဖြစ်ပါတယ်။ Channel ကို အမြဲ ကြည့်ရှုနေကြတဲ့ Clickers တွေရဲ့ စုပေါင်းအလှူပါပဲ။ 💪

အနုပညာနဲ့ တော်လှန်ရေးမှာ ကျရာနေရာကပါဝင်နေတဲ့ ကိုပိုးလေးနဲ့ CDM တွေရဲ့ ပညာပေးအစီအစဉ်လေးပါ။ ဒီနေ့တော့ နေ့လည် ၁ နာရီ စောစောတင်ပေးထားပါတယ်ရှင့်။