en
Feedback
KNDF B-05 official

KNDF B-05 official

Open in Telegram

Karenni Nationalities Defense Force B-05

Show more
846
Subscribers
+124 hours
+127 days
+4030 days
Posts Archive
photo content
+7

photo content
+3

ယနေ့ မတ်လ ၈ ရက်နေ့သည်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးများကို ဂုဏ်ပြုရမဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ထိုအတူ နွေဦးတော်လှန်ရေး အစ မှ ယ
+2
ယနေ့ မတ်လ ၈ ရက်နေ့သည်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးများကို ဂုဏ်ပြုရမဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ထိုအတူ နွေဦးတော်လှန်ရေး အစ မှ ယနေ့ထိတိုင်း ကဏ္ဍာအသီးသီးတွင် ပါဝင်နေကြသော အမျိုးသမီး​သူရဲကောင်းများကိုသော်လည်းကောင်း၊ မိမိတို့ တပ်ရင်း အမှတ်( ၅ ) တွင် တာဝန်ထမ်းဆောင်နေကြသော အမျိုးသမီးတပ်ခွဲမှ ရဲဘော်ရဲဘက်များကိုလည်းကောင်း ကျေးဇူးတင်ဂုဏ်ယူကြောင်းပြောကြားလိုပါသည်။ ဤတော်လှန်ရေးတွင်အမျိုးသား၊ အမျိုးသမီးဟူ၍ ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းမျိုးမရှိဘဲ သာတူညီမျှဖြစ်သော ကျားမတန်းတူဆက်ဆံရေးမျိုးဖြင့် ''မိမိတို့တတ်စွမ်း သည့်ကဏ္ဍာအသီးသီး မှ စုပေါင်းပြီး အတူတကွ တိုက်ပွဲဝင်နေရသည့်အတွက်လည်း ဂုဏ်ယူကြောင်း နှင့်အာဏာရှင်စနစ် ကို အတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်'' ဟု ပြောကြားရင်း ယနေ့ တွင်ကျရောက်သည့် "ကမ္ဘာ့အမျိုးသမီးများနေ့" ကို ဂုဏ်ပြုလိုက်ပါသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် ( ၅)

photo content
+1

တော်လှန်ရေး ဆိုတဲ့ခရီးကို ငါတို့ခွန်အားတွေအပြည့်နဲ့ စတင်ခဲ့​ကြတယ် အခက်အခဲပေါင်းများစွာနဲ့ပေါ့ တစ်ချို့တွေက လမ်းခုလတ်မှာပဲ လှည
+4
တော်လှန်ရေး ဆိုတဲ့ခရီးကို ငါတို့ခွန်အားတွေအပြည့်နဲ့ စတင်ခဲ့​ကြတယ် အခက်အခဲပေါင်းများစွာနဲ့ပေါ့ တစ်ချို့တွေက လမ်းခုလတ်မှာပဲ လှည့်ပြန်သွားကြသလို တစ်ချို့တွေက လမ်းတစ်ကွေ့မှာ သူရဲကောင်း ဆိုတဲ့ဂုဏ်ပုဒ်ကို ပိုက်ပြီး နှုတ်ဆက်ထွက်ခွာသွားကြရတာလည်းရှိတယ် ကျန်တဲ့ငါတို့တွေက ခရီးဆက်နေဆဲ မပင်ပန်းဘူးလာ? လို့မေးရင်တော့ မပင်ပန်းပါဘူးလို့ ပဲဖြေမယ် မကြာမီရောက်မဲ့ အောင်မြင်ခြင်း ပန်းတိုင်ဆိုတာကို ​မျှော်ရင်းနဲ့ပေါ့

ဒီ (၁၂၀)မမ ဆိုတဲ့ လက်နက်ကြီးနဲ့ပေါ့... ကျွန်တော်တို့ စစ်ဘေးရှောင်ပြည်သူတွေ ၊ကလေးငယ်တွေရဲ့ အသက်တွေကို ခဏခဏ နှုတ်ယူနေတဲ့ လက်နက်
ဒီ (၁၂၀)မမ ဆိုတဲ့ လက်နက်ကြီးနဲ့ပေါ့... ကျွန်တော်တို့ စစ်ဘေးရှောင်ပြည်သူတွေ ၊ကလေးငယ်တွေရဲ့ အသက်တွေကို ခဏခဏ နှုတ်ယူနေတဲ့ လက်နက်ကြီးပေါ့... စကစ စခ အကြမ်းဖက်တွေရဲ့ နေ့စဉ် ညစဉ် ဒီလက်နက်ကြီးကို အသုံးပြုပြီး ပြည်သူတွေရှိနေတဲ့ အရပ်ဆီကို ပစ်ခတ်နေခဲ့တယ်။ ဒီကောင်ကြီးကြောင့် မိကွဲ ၊ဖကွဲ သွားကြတဲ့ ကလေးငယ်တွေ ... အသက်ရှင်လျက် ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ... ဘဝတွေ အများကြီး အများကြီးပေါ့ဗျာ.. (စကစ စခန်းကုန်းကို KA, KNDF တို့မှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး သိမ်းဆည်းရမိတဲ့ (၁၂၀)မမ (၂)လက်ထဲက တစ်လက်ပုံဖြစ်ပါတယ်) #JFK

MFDMC - ပြည်ပထောက်ပို့တပ် တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားသို့ KNDF/B-05 မှပေးပို့သည့် သဝဏ်လွှာ
MFDMC - ပြည်ပထောက်ပို့တပ် တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားသို့ KNDF/B-05 မှပေးပို့သည့် သဝဏ်လွှာ

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝ
အကြမ်းဖက်စစ်ကောင်စီတပ်မှ ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၂၅) ရက်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပင်လောင်းမြို့နယ် ၊ တောင်စလုံး၊မြောက်စလုံး၊နန်းနင်နှင့် ကောင်မဲတင်းကျေးရွာများဖက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ် အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ရန်သူသဖွယ်သတ်မှတ်ပြီး ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက် ခြင်းများကို နေ့စဥ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်မြို့နယ် အတွင်းရှိ ၄င်းတို့၏ ရှေ့တန်းစခန်းများနှင့် ကင်းပုန်းစခန်းများ မကြာခနတိုက်ခိုက်ခံရသဖြင့် အဆိုပါမြို့နယ်နှစ်ခု၏ နယ်စပ်တွင် PNO တပ်များနှင့် အတူ တပ်အင်အားဖြည့်တင်းလျက်ရှိပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။

မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၅)မှပြန်လည်သီဆိုထားသော `အားတင်းထား ဒို့ကမ္ဘာ' Cover Song လေးအား တင်ဆက်ပေးလိုက်ပါတယ် ။ သီချင်းခေါင်းစဉ် - အားတင်းထား ဒို့ကမ္ဘာ မူရင်းတေးဆို - တင်ဇာမော် ပြန်လည်သီဆိုသူ - KNDF B-05 မှရဲဘော်များ (မှတ်ချက်_မိမိတို့တပ်ရင်း အမှတ် ၅ အနေဖြင့် စစ်အာဏာရှင်တော်လှန်ရာတွင် ရှေ့တန်းစစ်မြေပြင်သာမက မိမိတို့ တတ်စွမ်းတဲ့ အရည်အချင်းများဖြင့်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိပါသည်) ဆက်သွယ်လှူဒါန်းနိုင်ရန် Telegram link - https://t.me/kndfb05 Facebook link - https://www.facebook.com/KNDFb5 instagram link - https://instagram.com/kndf_battalion_0?igshid=YmMyMTA2M2Y= သတင်းနှင့်ပြန်ကြားရေးဌာန (၅)

မိမိတို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၅)မှပြန်လည်သီဆိုထားသော "အားတင်းထား ဒို့ကမ္ဘာ" Cover Song လေးထွက်ရှိတော့ပါမယ်... မူရင်းတေးဆို - တင်ဇာမော် (မှတ်ချက်_မိမိတို့တပ်ရင်း အမှတ် ( ၅ ) အနေဖြင့်စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် မိဘပြည်သူ၏အထောက်အပံ့များစွးပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်) ဆက်သွယ်လှူဒါန်းနိုင်ရန် Telegram link - https://t.me/kndfb05 Facebook link - https://www.facebook.com/KNDFb5 instagram link - https://instagram.com/kndf_battalion_0?igshid=YmMyMTA2M2Y= သတင်းနှင့်ပြန်ကြားရေးဌာန ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ် (၅)