en
Feedback
Yin Min Myint Swe

Yin Min Myint Swe

Open in Telegram

Show more
Myanmar20 851The category is not specified
2 224
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
November '24
November '240
in 0 channels
October '240
in 0 channels
Get PRO
September '240
in 0 channels
Get PRO
August '240
in 0 channels
Get PRO
July '240
in 0 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '24
+7
in 0 channels
Get PRO
January '240
in 0 channels
Get PRO
December '23
+9
in 0 channels
Get PRO
November '23
+5
in 0 channels
Get PRO
October '23
+5
in 0 channels
Get PRO
September '23
+1
in 0 channels
Get PRO
August '23
+9
in 0 channels
Get PRO
July '23
+82
in 0 channels
Get PRO
June '23
+9
in 0 channels
Get PRO
May '23
+6
in 0 channels
Get PRO
April '23
+5
in 0 channels
Get PRO
March '23
+3
in 0 channels
Get PRO
February '23
+7
in 0 channels
Get PRO
January '23
+12
in 0 channels
Get PRO
December '22
+8
in 0 channels
Get PRO
November '22
+23
in 0 channels
Get PRO
October '22
+9
in 0 channels
Get PRO
September '22
+10
in 0 channels
Get PRO
August '22
+19
in 0 channels
Get PRO
July '22
+13
in 0 channels
Get PRO
June '22
+27
in 0 channels
Get PRO
May '22
+2 377
in 0 channels
Get PRO
April '22
+35
in 0 channels
Get PRO
March '22
+12
in 0 channels
Get PRO
February '22
+6
in 0 channels
Get PRO
January '22
+2 111
in 0 channels
Channel Posts
အထက(၁)ရေနံချောင်းက ကျောင်းသားချင်းအနိုင်ကျင့်တဲ့ video...အနိုင်ကျင့်တဲ့ကလေးရဲ့အမေက တခြားကျောင်းက ကျောင်းဆရာမလို့သိရပါတယ်

2
MGI Top 5နဲ့ Top 10 မေးခွန်းတွေကို အကောင်းဆုံးဖြေကြားခဲ့တဲ့ နီနီလင်းအိမ်+1
MGI Top 5နဲ့ Top 10 မေးခွန်းတွေကို အကောင်းဆုံးဖြေကြားခဲ့တဲ့ နီနီလင်းအိမ်
0
3
Miss ပြိုင်ပွဲကို ကျမတစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ကျမနိုင်ငံသားတွေပါလာပါတယ်လို့ ပြောလိုက်တဲ့စကားတစ်ခွန်းမှာ တစ်နိုင်ငံလုံးရဲ+3
Miss ပြိုင်ပွဲကို ကျမတစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ကျမနိုင်ငံသားတွေပါလာပါတယ်လို့ ပြောလိုက်တဲ့စကားတစ်ခွန်းမှာ တစ်နိုင်ငံလုံးရဲ့ ချစ်ခြင်းမေတ္တာတွေရလိုက်တဲ့ ကောင်မလေး။ MGI ကပေးတဲ့ဆုတွေ မြန်မာနိုင်ငံကိုအများဆုံးသယ်ဆောင်ရခဲ့သူ နီနီလင်းအိမ်။ Miss Grand International 2023 ⭐ 1st Runner Up ⭐ ⭐ Miss Popular Award ⭐ Country's Power of The he Year Award ⭐ Global Beauty Choice Award ⭐ Grand Pageant Insider Award #MissGrandInternational #MissGrandMyanmar #NiNiLinEain
0
4
+3
No text...
0
5
နေပြည်တော်မြို့အလယ်မှာ နေထိုင်တဲ့ PDF အမျိုးသမီးတစ်ဦး လက်နက်နဲ့ အတူ ဖမ်းမိ။ အမျိုးသမီးနဲ့ အတူနေ PDF လွတ်မြောက်သွား #PeopleMed
နေပြည်တော်မြို့အလယ်မှာ နေထိုင်တဲ့ PDF အမျိုးသမီးတစ်ဦး လက်နက်နဲ့ အတူ ဖမ်းမိ။ အမျိုးသမီးနဲ့ အတူနေ PDF လွတ်မြောက်သွား #PeopleMedia
0
6
နေပြည်တော်မြို့အလယ်မှာ နေထိုင်တဲ့ PDF အမျိုးသမီးတစ်ဦး လက်နက်နဲ့ အတူ ဖမ်းမိ။ အမျိုးသမီးနဲ့ အတူနေ PDF လွတ်မြောက်သွား #PeopleMedia
0
7
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတိုအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထေ
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတိုအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်
0
8
No text...
0
9
ကဲ ...မနက်ကျ ကျမဘယ်လိုဝတ်ဆင်ပြင်ဆင်ရမလဲ။ ကျမတို့နိုင်ငံရော ဘယ်လိုဖက်ရှင်ဝတ်မလဲ။ လှပကျော့ရှင်းပြီးထွက်လာနိုင်ဖို့ ဦးနှောက်တော့ စားရတာပါပဲ။ မိမိကိုမိမိသိရှိပြီး ကိုယ်နိုင်ငံနဲ့ လိုက်ဖက်သော နိုင်ငံတော်ဖက်ရှင်ကို ဝတ်ဆင်နိုင်ဖို့ Designer ကောင်းတော့ သေချာပေါက်လိုအပ်တာအမှန်။ လှပ‌တင့်တယ်စေချင်သောစေတနာဖြင့်
0
10
"နိုင်ငံတော်ဖက်ရှင်" နေ့သစ်တစ်ခုရောက်တိုင်းနိစ္စဓူဝ လုပ်နေကျယန္တယားမှာစတင်လည်ပတ်ရင်း စဉ်းစားမိတာလေးကိုရေးပါအုံးမယ်နော်။ နေ့စဉ်လုပ်‌နေကျကိစ္စ‌တွေထဲ အလုပ်သွားဖို့ ပြင်ဆင်ရတာလည်းပါတာပေါ့။ ရေချိုးပြီးတာနဲ့ မျက်နှာကိုလိမ်းခြယ်၊ဆံပင်ကို ဘယ်လိုထုံးမယ်၊ ဒီနေ့ဘာလေးဝတ်မယ်ဟဲ့ အဝတ်အစားနဲ့လိုက်ဖက်တဲ့ဘယ်ကလစ်ညှပ်မယ် ဘယ်ဖိနပ်စီးမယ် ဘယ်လက်ကိုင်အိတ်ကိုင်မယ် စတာတွေရွေးရသေး ။ ဖက်ရှင်ကျကျ လှလှပပနေတဲ့ဝါသနာရှိသူ ကျမအတွက် တစ်ခါတစ်လေ ဝတ်စားပြင်ဆင်ဖို့ ညကတည်းကကြိုတွေးမိနေတာမျိုးတွေက အခါခါ။ ဪ ...ပင်ပန်းလိုက်ပါဘိ။ ဒါပေသိ ဒီအမူအကျင့်ထဲကရုန်းထွက်လို့လည်းမရသေး။ တဆက်တည်း စဥ်းစားမိတာ မနေ့က ငါ အဝတ်အစား တစ်စုံဝတ်တယ်။ ဒီနေ့တစ်စုံဝတ်တယ်။ အဝတ်အစား ဒီဇိုင်းပေါ် မူတည်ပြီး လူရဲ့ ပုံပန်းသဏ္ဍန်ဟာ အနည်းနဲ့အများ ပြောင်းလဲမှု ရှိတာ ကိုလည်း သတိမူမိတယ်ရှင့်။ ကိုယ်တစ်ယောက်တည်းကိုပဲ Designer ကောင်းကောင်းစီစဉ်ပေးထားရင် ပုံစံကတစ်မျိုး၊ တော်အိရော်အိဆိုရင် တစ်ပုံစံ အဲ့လိုတော့ ကွဲသွားတာအမှန်။ ကိုယ့်ဘာသာ တွေးမိနေရင်းက ဖြတ်ကနဲ အတွေးတစ်ခုပေါ်လာတယ်။ နိုင်ငံ‌တွေဟာ လူပုဂ္ဂိုလ်တွေ လို့ယူဆကြပါစို့။ အမေရိကန် ဆိုသော ပုဂ္ဂိုလ် ရဲ့ ပုံပန်းသဏ္ဍန်က တမျိုး၊ တရုတ်ကြီးရဲ့ ပုံပန်းသဏ္ဍန် က တဖုံ၊ ဂျပန်ကြီးရဲ့ ပုံပန်းသဏ္ဍန် က တစ်ဘာသာ တွေပါလား လို့တွေးမိရင်း နိုင်ငံတော် ဖက်ရှင် ဆိုတဲ့အတွေးကို တွေးမိတယ်။ ကျင့်သုံးတဲ့စနစ်တွေက သူတို့ရဲ့ဖက်ရှင်လို့ မြင်ကြည့်လိုက်တယ်။ နိုင်ငံတစ်ခုရဲ့ သက်တမ်းဆိုတာ နဲ့ နှိုင်းယှဥ်လိုက်ရင် အချို့သော မင်းဆက်၊ အချို့သော ခေတ်တွေဟာ လူရဲ့သက်တမ်းလိုဆိုရင် တစ်ရက်သာသာ ၊ တစ်ခါတစ်လေတော့ တစ်ပတ်သာသာ ဆိုတာလိုမျိုးပဲ ရှိတော့မှာကိုး။ ဥပမာ မြန်မာပြည်ကြီးကိုပဲ ကြည့်ကြပါစို့။သက်သေအထောက်အထားရှိတဲ့ ပျူခေတ်လောက်ကနေ စဥ်းစားရင်ကို နှစ်ပေါင်းက ထောင်ချီနေပြီကိုး။ အဲ့ဒီမှာ ခေတ်တစ်ခေတ်ဆိုတာလောက်က လူလိုသဘောထားရင် တစ်ရက်တို့ တစ်ပတ်တို့သာရှိမှာပဲရှင့်။ ခေတ်တစ်ခေတ် မှာ ဘယ်မင်းက ဘယ်လို အုပ်ချုပ်တယ်ဆိုတာ နိုင်ငံတော်ကြီးဟာ ဘယ်ဖက်ရှင်ကို ဝတ်သွားသလဲ လို့ ခိုင်းနှိုင်း ကြည့်မိတာပေါ့။ ဆရာဇော်ဂျီက ဆရာအောင်သင်းကိုပြောဖူးတယ်တဲ့။ ကိုအောင်သင်းရေ ကျနော်တို့လည်း တစ်သက်လုံး ဆိုကရေးတီးက ဘာပြောတယ်၊ ပလေတို က ဘာပြောတယ်နဲ့ တစ်သက်လုံး သူများစကားတွေ ငှားပြောလာလိုက်တာ ကိုယ့်စကားကို ပြောမယ်လည်းကြံရော တစ်ခွန်းစ နှစ်ခွန်းစနဲ့ကို ဆံပင်တွေလည်းဖြူလာတော့တာပဲ တဲ့။ ကျမလည်း ဒီနေ့တွေးမိတဲ့ နိုင်ငံတော်ဖက်ရှင်ဆိုတာ ကျမရဲ့ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်စကားလေးဆိုတော့ ဆက်ပြီး တွေးကြည့်မိတယ်။ အရင်ဦးဆုံး အများက အားကျရတဲ့ နိုင်ငံတွေရဲ့ ဖက်ရှင်တွေကို လိုက်ကြည့်မိတယ်။သူတို့လိုမျိုး ဖက်ရှင်ကို ကျမတို့ရဲ့ နိုင်ငံတော်ကြီးက ဝတ်ရင် သူတို့လိုပဲ ကြည့်ရရှုရ အဆင်တပြေဖြစ်ပါ့မလားစဥ်းစားမိတယ်။ ကမ္ဘာကြီးမှာ ခေတ်အစားဆုံးဖက်ရှင်တွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရေစီတို့ ဆိုရှယ်ဒီမိုကရေစီ တို့ ကွန်မြူနစ် တို့တွေနဲ့ ဆိုခဲ့တဲ့ ဖက်ရှင်တွေကို နိုင်ငံတော်ဖက်ရှင် အဖြစ် ဝတ်ဆင်ပြီး အဆင်ပြေသွားတဲ့ နိုင်ငံတွေ အဆင်မပြေ တိုင်ပတ်ကြတဲ့ နိုင်ငံတွေ အကြောင်းကိုရောပြန်သုံးသပ်မိတယ်။ နိုင်ငံတစ်နိုင်ငံဟာ သူဖြတ်သန်းလာတဲ့ သမိုင်းကြောင်းနဲ့ မှီတင်းနေထိုင်သူ နိုင်ငံသားများရဲ့ ယဥ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဥ်လာ၊ အတွေးအခေါ် အယူအဆတွေ ပေါ်မှာမူတည်ပြီး သူ့နဲ့လိုက်ဖက်မယ့် ဖက်ရှင်ကို ပြင်ဆင်ရပါမယ်ရှင့်။ ဒါကိုမတွေးပဲ သူများ တိုးတက်တာကို အားကျပြီး အစစအရာရာ သူ့ကိုလိုက်တုရင် ငါးပါးတင်မကဘူး သံဃာစင်ပါမှောက်သွားနိုင်ပါတယ်။ အိ‌‌ချောပိုလှလို့ သူ့ရဲ့ ဖက်ရှင်ကို ကျမလိုက်ဝတ်တိုင်းသူ့လိုလှပါ့မလား ။ကျမ သူ့လိုတစ်ထပ်တည်း လှအောင် လိုက်ဝတ်မရသလို မျိုးပေါ့ရှင်။ လူတစ်ဦးရဲ့ ဖက်ရှင်မှာ အင်္ကျီ တို့ ဘောင်းဘီတို့ လက်ကိုင်အိတ်၊ ခေါင်းစီး၊ ပုဝါ စသဖြင့် အသေးစိတ်ခွဲ သလိုပဲ နိုင်ငံတော် ဖက်ရှင်မှာ လည်း နိုင်ငံရေး ၊စီးပွါးရေး ၊လူမှုရေး ထပ်ခွဲရဦးမယ်ရှင့်။ စီးပွါးရေး ဖက်ရှင်မှာဆို စျေးကွက်စီးပွါးရေးကို ကျင့်သုံးမည် ဆိုတာလောက်နဲ့ မလုံလောက်ဘူး။ နိုင်ငံရဲ့ ရေမြေတောတောင်ရာသီဥတု၊သဘာဝသယံဇာတ၊ နိုင်ငံသူနိုင်ငံသားများရဲ့ ပညာရေးရေချိန်၊ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အားနည်းချက် /အားသာချက် စသဖြင့်သော အချက်အလက်ပေါင်းများစွာကို တွေးတောချိန်ဆပြီးမှ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး ဖက်ရှင်က ဘာဝတ်ရမလဲ ဆိုတာကိုသိမယ်။ လူမှုရေး ဖက်ရှင်မှာ ဆိုလည်းထိုနည်းတူစွာပဲ ကိုယ့်ရေမြေနဲ့ လိုက်ဖက်မယ့် ဖက်ရှင်ကို ဝတ်ဆင်ရမှာပဲ။ အဓိက အနှစ်ချုပ်ကတော့ မိမိကို မိမိ သိနေဖို့ပါပဲ။ ကိုယ်ဟာ ဘာလဲ မသိပဲ နေတိုးလိုဝတ်ရင် နေတိုးဖြစ်မယ်ထင် အိချောပိုလိုဝတ်ရင် အိချောပို ဖြစ်မယ်ထင်နေသ၍တော့ ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာပါပဲ ရှင့်။ မိမိကိုမိမိသိရေး ဆိုသည်မှာ လည်း ကိုယ့်နိုင်ငံ သမိုင်းကြောင်း၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်အယူအဆ၊ ပညာရေးရေချိန် စသည်တို့ကို ညက်ညက်ကြေသိထားနိုင်ရေးကို ဆိုလိုတာပါ။
0
11
No text...
0
12
No text...
0
13
ICAPP Conference မှာ ဆွေးနွေးအကြံပြုခဲ့သည့် Video မှတ်တမ်း။ Mongolia နိုင်ငံ၊ Ulaanbaatar မြို့မှာဩဂုတ်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ
ICAPP Conference မှာ ဆွေးနွေးအကြံပြုခဲ့သည့် Video မှတ်တမ်း။ Mongolia နိုင်ငံ၊ Ulaanbaatar မြို့မှာဩဂုတ်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပခဲ့တဲ့ 7th meeting of Women's Wing မှာ မြန်မာနိုင်ငံရဲ့ USDP ပါတီကိုယ်စား ကိုဗစ် ၁၉အလွန် အမျိုးသမီးများရဲ့ဦး‌ဆောင်ပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ရေးနဲ့ပတ်သက်ပြီး ကျွန်မရဲ့ ဆွေးနွေးချက်မှတ်တမ်းပါ။ ခေါင်းစဉ်က "Promoting Women's Leadership to Achieve a Gender-responsive Post -Pandemic Recovery "
0
14
+2
No text...
0
15
+9
No text...
0
16
ဒီနေ့မှ သိရတာပါ။Telegram မှာ ကျမပုံနဲ့နာမည်ကိုအသုံးပြုထားတဲ့ဒီအကောင့်ဟာ ကျမလုံးဝ(လုံးဝ)မဟုတ်ပါရှင်။ ဘယ်အချိန်ကတည်းက ဖွင့်ထားမ
ဒီနေ့မှ သိရတာပါ။Telegram မှာ ကျမပုံနဲ့နာမည်ကိုအသုံးပြုထားတဲ့ဒီအကောင့်ဟာ ကျမလုံးဝ(လုံးဝ)မဟုတ်ပါရှင်။ ဘယ်အချိန်ကတည်းက ဖွင့်ထားမှန်းမသိပါ။ အဲ့ဒိ Telegram အကောင့်မှ အရေးအသားများ ၊ပြုလုပ်မှုများအား ကျမနှင့်သက်ဆိုင်ခြင်းမရှိသည့်အတွက် တာဝန်မယူပါရှင်။
0
17
"ကြက်သောက်ရေလား...လူသောက်ရေလား" လူတိုင်း လူတိုင်း အရွယ်ရောက်လာတာနဲ့ အသက်ရှင်ရပ်တည်ဖို့ ဝင်ငွေရှိတဲ့အလုပ်လုပ်ရတယ်...... ပညာတတ်ရင်တတ်သလို မတတ်ရင်မတတ်သလို အလုပ်အကိုင်ရွေးချယ်ပြီး ဝင်ငွေရှာကြရတယ်.... တစ်ချို့ကလည်း ဝါသနာပါတဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းမှုပြုခွင့်ရကြတယ်.....တစ်ချိှု့လည်း အဆင်ပြေမှုနဲ့ အလုပ်ရွေးချယ်ကြတယ် (Choice of occupation)ပေါ့.... ဆရာဝန်ဆိုတာလည်း ဆေးကုရင်းငွေရှာတယ်.... ကျောင်းဆရာမက စာသင်ရင်းငွေရှာတယ်..... စျေးသည်ကစျေးရောင်းရင်းငွေရှာတယ်...... ရှေ့နေဆိုတာလည်း ရှေ့နေတစ်ယောက်ဆောင်ရွက်နိုင်သောကိစ္စရပ်တွေကို အမှုသည်ကိုယ်စား ပြောဆိုဆောင်ရွက်ပေးခြင်းနဲ့ ငွေရှာတယ်..... နေမကောင်းလို့ဆေးခန်းသွားပြရင် ဆရာဝန်က သူတတ်တဲ့ဆေးပညာနဲ့ဆေးကုတယ်.....ဆရာဝန်စမ်းသပ်ခ ပေးရတယ်..... ရောဂါမပျောက်လို့ နောက်ဆရာဝန်ပြောင်းပြရင် အရင်ဆရာဝန်ဆီက စမ်းသပ်ခပြန်တောင်းခဲ့ပါသလား...... ဆရာ/ဆရာမတွေ စာသင်တယ် .....သူသင်လိုက်တဲ့ တပည့်အကုန် စာမေးပွဲအောင်ချင်မှအောင်မယ် .....မအောင်လို့ ကျရှုံးခဲ့ရင် အဲ့ဆရာမဆီက စာသင်ကြားစရိတ် ကုန်ကျမှု(ကျူရှင်ပြတဲ့ဆရာမဆိုရင် ပေးခဲ့ပြီးတဲ့ကျူရှင်လစာ)ကို ပြန်တောင်းခဲ့ပါသလား...... လမ်းထိပ်ကမုန့်ဟင်းခါးဆိုင် သူများတွေကောင်းတယ်ဆိုလို့ သွားဝယ်စားတယ်.....ကိုယ်နဲ့အဆင်မပြေ(စားမကောင်း)ရင် စားပြီးမှ ပိုက်ဆံမရှင်းပဲထွက်လာလို့ရပါသလား....ပိုက်ဆံကြိုရှင်းထားမိရင်ရော ပိုက်ဆံပြန်ပေးလို့တောင်းလို့ရပါသလား..... က်ိုယ့်ရဲ့ ပေးဆပ်မှု(တနည်း)ဝန်ဆောင်မှု(ဆောင်ရွက်ချက်)ကြောင့် ထိုက်တန်တယ်ထင်လို့ တောင်းတဲ့ပိုက်ဆံကို ပေးဖို့တာဝန်ရှိတယ်.....ဒါဟာသူ့အလုပ်ကို လေးစားတာပါပဲ(သူ့ရဲ့အသက်မွေးဝမ်းကြောင်းမှုဆိုတာ နားလည်ရတယ်လေ) ဒါကို....ရှေ့နေ ကြကာမှ ဘာတဲ့...."ရှေ့နေပေးငွေ ကြက်သောက်ရေ" ပြန်ထွက်ရိုးမရှိဆိုတာမျိုး.... "ရှေ့နေဆီက အလကားဘာမှမရဘူး"ဆိုတာမျိုး ပြောကြတာတွေ့တော့ အပေါ်ကပြောခဲ့သလို တခြားလူတွေဆီကိုပေးတဲ့ပိုက်ဆံကတော့ "လူသောက်တဲ့ရေ" လိုမျိုး ပြန်ထွက်လာတယ်လို့ ယူဆကြပုံရပါတယ်.....စဉ်းစားသာကြည့်ပါ။ တစ်ခုတော့ပြောချင်တယ်...... "ရှေ့နေတွေ မကောင်းဘူးထင်ရင် မပက်သက်ရအောင်နေပါ"......အမှုအခင်းဖြစ်မှရှေ့နေလိုတယ်လို့ မယူဆပါနဲ့.....သူရယူထားခဲ့တဲ့ ဥပဒေဘွဲ့ဟာ အမှုလိုက်ရုံပဲအသုံးကျတာမဟုတ်ပါဘူး...... ဥပဒေအကြံတောင်းလို့ ငွေပေးရတာ တန်ပါတယ်....ဒီဘွဲ့ရဖို့(၅)နှစ်ကျောင်းတက်ပြီး ရှေ့နေဖြစ်ဖို့ (၁)နှစ် အလုပ်သင်ဘဝနဲ့ ဖြတ်သန်းရပါသေးတယ်.....စာအုပ်တွေဘယ်လောက်စျေးကြီးကြီးဗဟုသုတနှံ့စပ်ဖို့ရာ ဝယ်ယူစုဆောင်းရတဲ့စာအုပ်ဖိုးကို တွက်ပြရင် လူကြီးမင်းတို့ထိုင်တောင်ငိုသွားပါလိမ့်မယ်..... ဒါနဲ့ပက်သက်ပြီးဘာနဲ့ဥပမာပေးရမလဲဆိုရင်.... ချီးပါခါနီး အိမ်သာကိုလိုက်ရှာ အတင်းဝင်ထိုင်ပြီး ချီးပါလို့လည်းပြီးရော အိမ်သာကနံလိုက်တာဆိုပြီး တံခါးစောင့်ပိတ်ခဲ့တာမျိုး....တကယ်တော့ အိမ်သာနံတယ်ဆိုတာ သူပါခဲ့တဲ့ချီးကနံခဲ့တာကို ပြန်တွေးမိပုံမရတာ....... အဲ့တော့ ပြောချင်တာက လူတိုင်းလူတိုင်း သူ့အသက်မွေးဝမ်းကြောင်းအပေါ်မှာ တန်ဖိုးထားကြပါတယ်.....ကိုယ့်အလုပ်ကိုတန်ဖိုးထားရင် သူများရဲ့ ရပ်တည်မှု အသက်မွေးဝမ်းကြောင်းကိုလည်း လေးစားပါ..... လုံးဝမလေးစားနိုင်တဲ့သူဆိုရင်တော့ ကင်းအောင်နေနိုင်ရင် အကောင်းဆုံးပေါ့...... ကျွန်မကတော့ ကျွန်မဝါသနာပါလို့ရွေးချယ်ခဲ့တဲ့ရှေ့နေအလုပ်နဲ့အသက်မွေးဝမ်းကြောင်းမှုပြုရတာဂုဏ်ယူတယ်လေ...... Respect..,due to respect အားလုံးကိုအစဉ်လေးစားလျှက် ယဉ်မင်းမြင့်ဆွေ (၂၃.၆.၂၀၁၇)
0
18
"ပန်းတိုင်မဲ့လမ်း၊ လမ်းမဲ့ပန်းတိုင်" ပန်းတိုင်တွေ လမ်းတွေ ပြောမယ်ဆို အရင်ဆုံး သတိရတာက ဆရာကြီး ဦးရွှေအောင် ၊ဒုတိယ သတိရတာက ပြန်ဝန်ဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း... ဆရာကြီးဦးရွှေအောင်က ဘာသာရေးစာပေကို အင်မတန် စူးရှတဲ့ အမြင်တွေနဲ့ ရေးသားနေတဲ့သူ၊ ဗိုလ်မှူးချုပ်ကျော်ဆန်းကတော့ ပြန်ကြားရေးဝန်ကြီး... မဆီမဆိုင် ဒီနှစ်ယောက်ကို ဘယ်လိုအတွဲအစပ်နဲ့များ သတိရပါသလဲ ဆိုတော့ ပန်းတိုင် နဲ့ လမ်း ကို သူ့နည်း သူ့ဟန်တွေနဲ့ပြောသွားကြလို့ပါရှင့်။ ဆရာကြီးဦးရွှေအောင်က ဆောင်းပါးတစ်ပုဒ် မှာ သံသရာ တစ်ဖက်ကမ်း ကို မဂ္ဂင် ဖောင်စီးပြီး ဖြတ်သန်းရာတွင် နိဗ္ဗာန်သောင်ကမ်းသည်ပန်းတိုင် မဂ္ဂင်ဖောင်သည် ယာဥ် သို့မဟုတ်လမ်း လို့ပြောတယ်။ ပန်းတိုင်ကို ရောက်ရင် ယာဉ်ကို ထားခဲ့ရမယ်။ ယာဥ်ကို တွယ်တာနေရင် ပန်းတိုင်ကို မျက်ခြေပျက် ပြီး ယာဥ်ဟာ ပန်းတိုင်လိုဖြစ်လာမယ်။ ဒီလိုအဖြစ်မျိုးဖြစ်ရင် ပန်းတိုင်ပျောက်သွားမယ်ဆိုပြီး ရေးသားထားတာ မှတ်သားဖူးပါတယ်။ ဦးကျော်ဆန်းက တော့ ၂၀၁၀ မတိုင်ခင်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်ပြီး ပြောခဲ့ပါတယ်။ သူ့စကားအတိုင်း ဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ End မဟုတ်ပါဘူး MeanSသာဖြစ်ပါတယ်...လို့ပြောသွားတာပါ။ ဆိုလိုရင်းကို ပြန်သွားရရင် ကျမတို့တိုင်းပြည်က အချို့သောသူတွေဟာ နည်းလမ်းတွေကို ပန်းတိုင်လို့ ထင်နေကြတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ပန်းတိုင်ဟာ နိုင်ငံတော်သီချင်းထဲက တရားမျှတလွတ်လပ်ခြင်း နဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဆိုတာတွေလို ခပ်သိမ်းသော လူအပေါင်းဟာ တရားမျှတခြင်း လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း အခွင့်အရေး ညီတူမျှတူရရှိခြင်း ဖြူစင်သော အယူဝါဒရှိခြင်း သာယာဝပြောခြင်း စတာတွေဟာ ပန်းတိုင်ဖြစ်ရမှာပေါ့ရှင်။ ဒီပန်းတိုင်ကြီးကို အရောက် သွားဖို့ ဆိုရင် ဒီမိုကရေစီဆိုတဲ့ လမ်းက သွားမလား ကွန်မြူနစ်ဆိုတဲ့ လမ်းက သွားမလား ဆိုရှယ်လစ် ဆိုတဲ့ လမ်းကသွားမလား ဆိုတာရွေးချယ် ရမှာပေါ့ရှင်။ ဖယ်ဒရယ်တို့ ဒီမိုကရေစီတို့ ဆိုရှယ်လစ် ကွန်မြူနစ် တို့ဟာ ပန်းတိုင်မဟုတ်ဘူး နည်းလမ်းတွေသာ ဖြစ်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်ထား ရပါမယ်။ ဆရာကြီး ဦးရွှေအောင် ပြောသလို နည်းလမ်းတွေကို ပန်းတိုင်လုပ်မိပြီဆိုရင် ပန်းတိုင်ပျောက်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ပန်းတိုင်မဲ့လမ်း ဖြစ်သွားပြီး ပန်းတိုင်နဲ့ တသက်စာ ဝေးကွာသွားမှာအသေအချာပါပဲ။ ကျမတို့တိုင်းပြည်လွတ်လပ်ရေးရဲ့ အမြွှာညီလေးဖြစ်တဲ့ တော်လှန်ရေး ပေါင်းစုံကို သေသေချာချာ ပြန်ကြည့်ရင် ဒီသဘောတွေ့ရတယ်ရှင့်။ တော်လှန်ရေးသက်တမ်းဟာ နှစ်ပေါင်းခြောက်ဆယ် ခုနှစ်ဆယ်ကျော်လာတယ်။ ဘယ်ပန်းတိုင်ကို များ ရောက်သွားတယ် မကြားဖူးဘူး။ ကြာတော့လည်း တော်လှန်ရေးသာ ပန်းတိုင်ဖြစ်သွားပုံပါပဲ။ ကျမတို့တိုင်းပြည်က သမိုင်းမှာ မှားဖူးသော အမှားတွေကိုပဲ ထပ်ပြန်တလဲလဲ မှားကြတဲ့သူတွေ ကိုလည်း အံ့သြတယ်။ တိုင်းပြည်အတွက် ပန်းတိုင်တွေ လမ်းတွေကို ကျကျနန မသိပဲ အများယောင်တိုင်း လိုက်ယောင်ပြီး ပန်းတိုင်မဲ့လမ်းတွေ လမ်းမဲ့ပန်းတိုင်တွေ လျှောက်နေကြသူ များနေသ‌ရွေ့တော့ ဘာဖြစ်မယ်ဆိုတာ ပြေးကြည့်စရာ မလို တွေးကြည့်ဖို့သာ လိုပါတယ်ရှင်။ မယ်ယဉ်-ymms
0
19
အကယ်ဒမီပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု link https://fb.watch/klZriDBua3/?mibextid=Nif5oz
0
20
နှုတ်ပြောသမိုင်းတွေနဲ့ တုတ်ထမ်းပြောရမယ့် ပုဂံသမိုင်း ထဲက နိုင်ငံရေးသမားကောင်း ကျန်စစ်သားကိုတောင် ဒီလိုသုံးသပ်မှုမျိုးတွေ ရှိတော့ မှတ်တမ်းမှတ်ရာ အစုံးအလင်နဲ့ ယနေ့ခေတ် နိုင်ငံရေး အခင်းအကျင်းတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ နှုတ်ထွက်စကားတွေကို နောင်တစ်ခေတ်က လူတွေ ဘယ်လိုများ သုံးသပ်ကြမလဲ။ ဒီဘက်ခေတ်မှာတော့ သမိုင်းဟာ နိုင်တဲ့သူ ရေးတယ်လို့ ဆိုလို့ မရတော့ဘူးရှင့်။ နိုင်သူ ရှုံးသူ ဘက်နှစ်ဘက်စလုံးရဲ့ အသံတွေ ဟာ မှတ်တမ်းတွေပြည့်ပြည့်စုံစုံ ရှိနေမှာ ဖြစ်တော့ မြန်မာပြည်ရဲ့ဘက်ပေါင်းစုံက နိုင်ငံရေးသမားများအနေနဲ့ အ‌ရှေ့ကိုမျှော်တွေးနိုင်မှ တော်ရုံဖြစ်မယ်ထင်တယ်ရှင့်။ မယ်ယဉ်-ymms
0