en
Feedback
Tarot By Hlaing Panhtwar

Tarot By Hlaing Panhtwar

Open in Telegram

Tarot ကြည့်ချင်သူများ နှင့် Tarot ဟောကိန်းလေးတွေသိချင်သူများ Join ထားပေးပါနော်😍

Show more
561
Subscribers
-224 hours
-37 days
-1230 days

Data loading in progress...

Attracting Subscribers
December '24
December '24
+5
in 0 channels
November '24
+5
in 0 channels
Get PRO
October '24
+3
in 0 channels
Get PRO
September '24
+572
in 0 channels
Date
Subscriber Growth
Mentions
Channels
21 December0
20 December0
19 December0
18 December+1
17 December0
16 December0
15 December0
14 December0
13 December0
12 December0
11 December0
10 December0
09 December+2
08 December0
07 December0
06 December0
05 December+1
04 December0
03 December0
02 December+1
01 December0
Channel Posts
" ငါ အကောင်းဆုံး လုပ်ပေးထားတယ် / ငါ့ဘက်က ဒီလောက်အထိ လုပ်ပေးထားတာ " လို့ အမြဲကိုယ်ကပဲလုပ်ပေးနေရတယ် ထင်နေသောအုပ်စု...☺️ Aquarius ♒ , Aries ♈ , Cancer ♋ , Scorpio ♏ ----------------------------- " တစ်လောကလုံးမှားနေရင်တောင် ငါတစ်ယောက်ကတော့ ဘယ်တော့မှ မှားနေမှာ မဟုတ်ဘူး "ဆိုတဲ့ စူပါကွန်းဖီးဒန့်အုပ်စု...🥲 Taurus ♉ , Leo ♌, Virgo ♍ , Capricorn ♑ ------------------------------ " လူကိုလာပြီး ပက်သက်မယ်ဆိုရင် ကျန်တာအကုန်စား...ဦးနှောက်တော့လာမစားနဲ့ " ဆိုတဲ့ စိတ်ရှုပ်ရတာမကြိုက် ဘဝကြီးမှာ အေးရာအေးကြောင်း လေပဲလွင့်ချင်နေသော အုပ်စု...🫠 Sagittarius ♐ , Gemini ♏ , Pisces ♓ , Libra ♎ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫

2
ဘယ်ရာသီခွင်က အချစ်မှာ အရင်ဆုံး ကျရှုံးတတ်လဲ?...💞✨ Aries ♈ - သူတို့စိတ်ဝင်စားတဲ့သူဆိုရင်တော့ မြင်မြင်ချင်းပဲ ကျရှုံးတတ်ပါတယ်..🫡 Taurus ♉ - ဖြေးဖြေးချင်း စောင့်ကြည့်ရင်း အချစ်မှာ ကျရှုံးလို့ကျရှူံးမှန်းမသိ ဖြစ်သွားသူများ...🫢 သိလိုက်တဲ့အချိန်မှာ တစ်အားချစ်မိ‌နေပြီတဲ့လေ... Gemini ♊ - သူတို့ကတော့ သဘောကျပြီဆိုတာနဲ့ ကျရှုံးပြီ...နောက်တစ်ယောက်ကိုထပ်သဘောကျရင်လည်း ထပ်ကျရှုံး... ကျရှုံးတာတွေများပြီး Player တွေဖြစ်သွားရော 🫠 Cancer ♋ - နည်းနည်းလေး ကြင်နာပေးလိုက်ရုံနဲ့ ၊ နွေးထွေးပေးလိုက်ရုံနဲ့ ကျရှုံးသွားပြီ...🥺 Leo ♌ - သူတို့က အချစ်မှာမကျရှုံးပါဘူးလို့ ဟန်ဆောင်တတ်ကြတယ်... တကယ်တော့ မြင်မြင်ချင်းကျရှုံးပြီးသွားပြီ 🥹 Virgo ♍ - သူတို့ကတော့ မကျရှုံးဘူး သူတို့ကိုပဲကျရှုံးပါစေ ဆိုပြီး နေပေမယ့် တကယ်ကျရှုံးနေတာ သူတို့...🫠 Libra ♎ - သူတို့သဘောကျရင် လွယ်လွယ်ကျရှုံးတတ်သူများ...ဘာမှ‌တောင်သိပ်လုပ်စရာမလို 😁 Scorpio ♏ - ကျရှုံးမိမှာကြောက်ရင်း ကြောက်ရင်း...ထိန်းရင်း ထိန်းရင်းနဲ့ ထပ်ကျရှုံးသွားသူများ...🥺 Sagittarius ♐ - တော်ရုံလည်းမကျရှုံးဘူး...ကျရှုံးပြီးဆိုရင်လည်း ချစ်သူကလွဲပြီး ဘာမှမမြင်တော့ဘူး...😁 Capricorn ♑ - သူတို့က ကျရှုံးဖို့ခက်တယ်ထင်ရပေမယ့် သူတို့ကျရှုံးနေရင် ဘယ်သူမှမသိဘူး...😊 Aquarius ♒ - အချစ်မှာကျရှုံးဖို့နေနေသာသာ ချစ်ကိုမချစ်ချင်သူများ...🙂 ချစ်ပြီဆိုလည်း လူအရမ်းရွေးလို့ ကျရှုံးဖို့ တော်တော် မလွယ်ပါ... Pisces ♓ - အဆင်လေး ပြုံးပြလိုက်ရင်တောင် ကျရှုံးနိုင်တာသူတို့ သူတို့... ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
200
3
အချစ်ကိုယုံ၍ စုံလုံးကမ်းကြသူများ...💔🫠 Pisces ♓ , Libra ♎ , Taurus ♉ , Scorpio ♏ ( သူတို့က ချစ်လို့မရဘူး...ချစ်မိရင် အသည်းကွဲရရော...) ----------------------------- အချစ်ကြောင့် ဘဝပြောင်းသွားကြသူများ...🥹🫡 Sagittarius ♐ , Gemini ♊ , Virgo ♍ , Cancer ♋ ( ချစ်မိရင် သူတို့ရဲ့ အမြင်ကပ်စရာ ပုံစံတွေနဲ့ မ‌တူတော့ဘဲ တစ်ခြားသူ‌တစ်ယောက်လိုတွေ ပြောင်းလဲကုန်ကြလို့...🥹) --------------------------------- အချစ်ကို မထိတွေ့ချင် / ရှောင်ချင်လို့ ကိုယ့်ဘာသာ နေသော်လည်း အချစ်ကလိုက်လို့ ပြေးနေရသူများ...🫢 Aries ♈ , Capricorn ♑ , Aquarius ♒ , Leo ♌ ( သူတို့ရဲ့ ချေမိုးနေတာလေးကိုမှ သဘောကျတာတို့ ဘာတို့...🫠 ) ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
208
4
၁၂ ရာသီခွင်တို့ ငွေရှာတာ ဘာအတွက်လဲ?...🤫💸💰 Aries ♈ - အများကြီးသုံးဖို့ အများကြီးရှာကြသူများ...😁 Taurus ♉ - လိုချင်တာတွေဝယ်ဖို့...စိတ်လုံခြုံဖို့ ငွေရှာကြသူများ...🤫 Gemini ♊ - အမ်းဖို့အတွက် ငွေရှာကြသူများ...😁💞 Cancer ♋ - ကိုယ်ချစ်တဲ့သူ‌တွေ လိုအပ်တာကို ဖြည့်စည်းပေးနိုင်ဖို့ ငွေရှာကြသူများ...😌 Leo ♌ - ပိုင်ဆိုင်ကြောင်းတွေပြနိုင်ဖို့...စိတ်ချမ်းသာဖို့ ရှာကြသောအုပ်စု...😎 Virgo ♍ - ကိုယ်ရဲ့အနေအထားနဲ့ ဂုဏ်အဆင့်အတန်း တစ်ခုအတွက် ငွေရှာကြသူများ...🫡 Libra ♎ - စိတ်ကြိုက်ရှာ စိတ်ကြိုက်သုံးဖို့ ငွေရှာကြသူများ...🫢 Scorpio ♏ - ငွေမရှိတဲ့ လောကဓံကို မခံချင်လို့ / ငွေကြောင့်ဖြစ်လာတဲ့အခက်အခဲတွေ မဖြစ်စေဖို့ ငွေရှာကြသူများ... Sagittarius ♐ - စိတ်ကြိုက်သုံးပြီး လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ဖို့ ငွေရှာကြသူများ...😁 Capricorn ♑ - နောင်ရေးအတွက် ရှေးရှုပြီး ငွေရှာကြသူများ...😊 Aquarius ♒ - ဘဝအတွက် ရှာရမှာမို့သာရှာနေတာ...သိပ်ရှာချင်တာမဟုတ် 😁 Pisces ♓ - ကိုယ်ချစ်တဲ့သူတွေကို ဖြည့်ဆည်းပေးဖို့ ကူညီနိုင်ဖို့ ငွေရှာကြသူများ...🫡 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
209
5
အမှားတွေလုပ်ချင်တိုင်းလုပ်ပြီးမှ ပြန်လာတောင်းပန်တတ်တဲ့ သူတွေ...💔 ချစ်ပါတယ်လို့ပြောပြီး တစ်ဖက်လူခံစားချက်ကိုကျတော့ နားလည်ဖို့
အမှားတွေလုပ်ချင်တိုင်းလုပ်ပြီးမှ ပြန်လာတောင်းပန်တတ်တဲ့ သူတွေ...💔 ချစ်ပါတယ်လို့ပြောပြီး တစ်ဖက်လူခံစားချက်ကိုကျတော့ နားလည်ဖို့ မကြိုးစားချင်သူတွေ...💔 တန်ဖိုးထားပါတယ်ပြောပြီး တစ်ဖက်လူရဲ့ အားနည်းချက် ၊ အဆင်မပြေမှုတွေကို အပစ်ရှာပြောတတ်သူတွေ...💔 အချစ်ဆိုတာ ချစ်နေရုံနဲ့တင် ရတဲ့အရာမျိုးမှမဟုတ်ဘဲလေ...🥀 ချစ်တယ်ဆိုရင် ကိုယ်ချစ်တဲ့လူရဲ့ စိတ်ခံစားချက်ကို အရေးတယူရှိပေးဖို့လိုတယ်...✨ ကိုယ့်ချစ်သူရဲ့ အားနည်းချက်တစ်ချို့ကို လက်ခံပေးဖို့လိုတယ် ၊ အကောင်းမြင်စိတ်နဲ့ ကြည့်ပေးတတ်ဖို့လိုတယ်...✨ ချစ်သူနဲ့အတူ ရှေ့ဆက်ဖို့ ရည်မှန်းချက် ၊ အနာဂတ်ဆိုတာ ရှိဖို့လိုတယ်...✨ Relationship တစ်ခုမှာ ဒါတွေမလိုဘူးထင်ရင် ချစ်သူမထားနေပါနဲ့...👌 တစ်ယောက်ထည်းနေရင် ပိုတောင်အေးချမ်းသေးတယ်လေ... တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ လူတစ်ယောက်ရဲ့လက်ကိုမတွဲပါနဲ့... လူတစ်ယောက်ကို ချစ်တယ်လို့ မပြောပါနဲ့...🌷 လူတစ်ယောက်ရဲ့ Relationship တစ်ခုမှာ သူ့ဘဝအတွက် ပြန်ရှာလို့ရတဲ့ အချိန်တွေနဲ့ ထိလွယ်ရှလွယ်တဲ့ နှလုံးသားတွေကို ရင်းနှီးမြှုပ်နှံထားရတာပါ။ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
263
6
အမှတ်မရှိသော ရာသီခွင်များ....🙃 Pisces ♓ , Gemini ♊ , Sagittarius ♐ , Virgo ♍ ( ဘယ်လောက်ခံရ ခံရ သိပ်မမှတ်ကြဘူး...ထားခဲ့ခံရလည်း ပြန်လာခေါ်ရင် ပြန်ပါသွားကြတာပဲ) 🥹 -------------------------------- အငြိုးကြီးသောရာသီခွင်များ....😡 Taurus ♉ , Cancer ♋, Aries ♈ , Aquarius ♒ ( ‌ဆယ်ဘဝလောက် ပြန်လက်စားချေလိုက်ရမှ ကျေနပ်ကြတာ 😁) ------------------------------ အငြိုးကြီးချင်တဲ့သူကို ကြီးပြီး အမှတ်မရှိချင်တဲ့သူကို မရှိတဲ့ ရာသီခွင်များ...🥹 Libra ♎ , Scorpio ♏ , Capricorn ♑ , Leo ♌ ( ခွင့်လွှတ်ချင်သူဆိုရင် ခွင့်လွှတ်ပြီး... မကျေနပ်ချင်သူဆိုရင် ဘယ်လောက်တောင်းပန်ပန်မကျေနပ်တတ်ကြဘူး ) 🥹 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
227
7
12 ရာသီခွင်တို့သာ The Mask Singer ပြိုင်ပွဲဝင်တွေဖြစ်ကြမယ်ဆိုရင်...🎭 Aries ♈ - အရာအားလုံးကို အနိုင်ယူမယ့် ခွန်အားအပြည့်နဲ့ သူရဲကောင်း 🔥 Taurus ♉ - အစားတစ်လိုင်းတို့အတွက် စားစရာတစ်ခုခု 🍟🌮🍔🍕 ( or ) ဂြိုလ်ပေါက်အောင် ချစ်တတ်ကြလို့ 🐮 ဒီအရုပ်လေး 💞 Gemini ♊ - စကားတွေများပြီး လေကြီးလို့ ငှက်ကလေး 🐦 Cancer ♋ - ဒရာမာကွင်း ဘုရင်မလေး 🫅 Leo ♌ - အထာကျတဲ့ ဆရာကြီးမို့ ဆရာ/ဆရာမ 🧑‍🏫 Virgo ♍ - တစ်ခြားသူတွေကို ဘလိမ်းဖို့အတွက် မှန်ဘီလူးတစ်ချောင်းနဲ့ စုံထောက်လေး 🔍 Libra ♎ - ကိုယ့်ဟာကိုယ်တောင် မဝေခွဲတတ်ပေမယ့် သူများကိုဖြေရှင်းပေးဖို့ တရားသူကြီး ⚖️ Scorpio ♏ - အမြဲ တစ်ဖက်ထည်းကပဲ ငေးကြည့်နေရတဲ့ ကြေကွဲလူငယ်အုပ်စုမို့ နေကြာပန်းလေး 🌻 Sagittarius ♐ - Flirt နေရင်း ပျောက်ပျောက်သွားတတ်တဲ့ Ghost လေး‌... 👻 Capricorn ♑ - ဘယ်အရာကိုမှ မတုန်လှုပ်တဲ့ ရေခဲတုံးလေး 🧊 Aquarius ♒ - အပြင်ပိုင်းက ခန့်မှန်းရခက်လို့ စိမ်းသလိုလိုနဲ့ အထဲမှာတော့ နီနေတဲ့ ဖရဲသီးလေးတွေ...🍉 Pisces ♓ - ချောတဲ့ သူတွေအနားကိုပဲ ရွေးပြီးနားတဲ့🦋 လေး... ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
234
8
မြင်မြင်ချင်းမှာ ကြွေဆင်းသွားစေတတ်တဲ့ အလှနတ်ဘုရား ရာသီခွင်များ...😉💗 Libra ♎ , Leo ♌ , Aries ♈ ( သူတို့ရဲ့ ဖော်ရွှေမှု ၊ ဆွဲဆောင်မှုနဲ့ ထက်မြက်မှုတွေကြောင့် မြင်မြင်ချင်းမှာ လူအများအာရုံစိုက်တာ အရမ်းခံရတတ်တယ် လူတိုင်းရဲ့မျက်လုံးက သူတို့ဆီမှာ... 👀) ------------------------------ သေချာကြည့်လေ ဆွဲဆောင်မှုရှိလေဖြစ်တဲ့ အကြည့်ခံ ရာသီခွင်များ....🤭💞 Capricorn ♑ , Taurus ♉ , Scorpio ♏ , Pisces ♓ ( မြင်မြင်ချင်းကတော့ ချေသလိုလို မိုးသလိုလို အုပ်စု...အနေကြာလာလေလေ သူတို့ရဲ့ ဆွဲဆောင်မှုလေးတွေက မြင်လာရလေလေ...လူတွေ သူတို့အပေါ် ပိုပြီးနစ်ဝင်သွားလေလေပေါ့...နွံလေးတို့အုပ်စု🤭 ) ------------------------- ချစ်မိသွားမှ ကြည့်လို့လှသွားတဲ့ ရာသီခွင်များ....🥹 Virgo ♍ , Aquarius ♒ , Sagittarius ♐ , Gemini ♏ , Cancer ♋ ( အချစ်မျက်လုံးနဲ့ကြည့်မှ သူတို့က ချစ်ဖို့ကောင်းတာ...ဘယ်သူတွေဘာပြောပြော မြတ်နိုးသူကတော့ ချစ်မှာပဲ...သူတို့ကြည့်လိုက်ရင်လည်း အချိုးသာမပြေတာ အရမ်းအချစ်ခံရတယ် 🥹) ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
260
9
အစပိုင်းမှာ အရမ်းတွေ ချစ်ပေးခဲ့ပြီး ရုတ်တရက်ကြီး အဆက်အသွယ်တွေဖြတ် ၊ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ထားခဲ့ခံရဖူးလား?...💔 ချစ်န
အစပိုင်းမှာ အရမ်းတွေ ချစ်ပေးခဲ့ပြီး ရုတ်တရက်ကြီး အဆက်အသွယ်တွေဖြတ် ၊ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ထားခဲ့ခံရဖူးလား?...💔 ချစ်နေတုန်းကတော့ ကိုယ်မှကိုယ် နံပါတ် 1 ဦးစားပေးဖြစ်ပေးခဲ့ပြီး မချစ်တော့တဲ့အခါ အလုပ်နဲ့ တစ်ခြားအရာတွေက ပိုအရေးပါပြီး ကိုယ်ကတော့ စိတ်ရှုပ်စရာဖြစ်နေခဲ့တာမျိုးရော ကြုံဖူးလား?...💔 တစ်သက်လုံး လက်တွဲသွားပါမယ် ၊ အတူရှိသွားမယ် ပြောခဲ့ပြီး နောက်ဆုံးတော့ ကိုယ်မဟုတ်တဲ့ တစ်ခြားသူလက်ကို ဆွဲကိုင်သွားတဲ့သူမျိုးတွေနဲ့ရော ကြုံဖူးလား?...💔 အချစ်ကြောင့်ခံစားရတဲ့ နာကျင်မှု ၊ ပင်ပန်းမှု ၊ မွန်းကျပ်မှု တွေကို ကိုယ်တိုင်ကြုံပြီး ခံစားဖူးတဲ့သူတွေမှသာ သိပါလိမ့်မယ်...😞 ဒါကြောင့် အသည်းကွဲတဲ့သူတွေ ၊ စိတ်ဒဏ်ရာရှိတဲ့ သူတွေကို တွေ့တဲ့အခါ အပိုလုပ်နေတယ်လို့ မမြင်ပါနဲ့! သူတို့ပဲဖြစ်တတ်တယ်လို့ မမြင်ပါနဲ့... အချစ်ကြောင့် နာကျင်နေရတဲ့သူ ၊ အချစ်ကို ကြောက်ရွံ့နေတဲ့သူ ၊ အချစ်ကို နာကျည်းနေတဲ့သူတွေမှာ သူတို့ဒီလိုဖြစ်ရလောက်တဲ့အထိ လုံလောက်တဲ့အကြောင်းပြချက်တွေရှိတယ်...✨ လုံလောက်စွာ နာကျင်ခဲ့ရပါတယ်...💔 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
282
10
လူတစ်ချို့ ခဏခဏပြောကြတယ်... " ထပ်မချစ်ရဲတော့ဘူး " ဆိုတဲ့စကားလေးပေါ့ ! 💔 တကယ်တော့ သူတို့ဟာ ထပ်ချစ်ရမှာကို ကြောက်တာမဟုတ်ဘဲ ချစ
လူတစ်ချို့ ခဏခဏပြောကြတယ်... " ထပ်မချစ်ရဲတော့ဘူး " ဆိုတဲ့စကားလေးပေါ့ ! 💔 တကယ်တော့ သူတို့ဟာ ထပ်ချစ်ရမှာကို ကြောက်တာမဟုတ်ဘဲ ချစ်မိလို့ ထပ်ပြီးနာကျင်မှုတွေဖြစ်လာမှာကို ကြောက်ကြတာပါ...😞 ချစ်မိလို့ ပင်ပန်းရမှာကိုကြောက်တယ်... မျှော်လင့်ချက်တွေများမိလို့ ခံစားရမှာကိုကြောက်တယ်... ကိုယ်ကပဲ ပေးဆပ်နေရမှာကို စိုးရိမ်တယ်... တကယ်တော့ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရမှာကို ကြောက်နေခဲ့တာပါ 🥺 တကယ်တော့လေ "ချစ်ခြင်းမေတ္တာ "ဆိုတာ နာကျင်မှု ၊ ပင်ပန်းမှုဆိုတာတွေ မရှိဘူးရယ်! " အတ္တ " တွေကြောင့်သာ နာကျင်နေကြရတာပါ...💔 အချစ်ကြောင့် မနာကျင်ချင်ရင် အချစ်ကို အချစ်လို့ပဲ မြင်တတ်ဖို့လိုပါတယ်ရှင်... ကိုယ်စွမ်းနိုင်သလောက် ချစ်ပေးတာကသာ ၊ မျှော်လင့်ချက်တွေ စွဲလမ်းမှုတွေ လျှော့တာကသာ အချစ်ကြောင့် မနာကျင်ရမယ့် တစ်ခုတည်းသော နည်းလမ်းပါရှင် 💖✨ ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
290
11
လူမုန်းအခံရဆုံး ရာသီခွင်များ...🙄 Virgo ♍ - သူတို့၏ ထက်မြက်မှု ၊ ဆရာလုပ်ချင်မှု ၊ ကြီးကျယ်ချင်မှုကြောင့် အမုန်းခံရတတ်တယ်...🥲 Sagittarius ♐ - သူတို့၏ ပေါ့ပေါ့ပါးပါးနေတတ်မှု ၊ အလေးမထားတတ်မှုကြောင့် အမုန်းခံရတတ်တယ်..🥹 Gemini ♊ - သူတို့၏ လူတိုင်းအပေါ် ဖော်ရွေတတ်မှု ၊ အချစ်ကို မျှဝေတတ်မှုကြောင့် အမုန်းခံရတတ်တယ်...😁 Libra ♎ - သူတို့၏ ရွှေးချယ်ရခက်တတ်မှု ၊ လူတိုင်းနဲ့ ပျော်တတ်မှု‌တို့ကြောင့် အမုန်းခံရတတ်တယ်...🥲 Scorpio ♎ - သူတို့၏ သံသယများမှု ၊ Overthinking ဖြစ်မှုကြောင့် လူမုန်းခံရတတ်တယ်...🥺 Cancer ♋ - သူတို့၏ ပြသနာသေးသေးလေးကို ပုံကြီးချဲ့တတ်မှု ၊ ငြီးတွားတတ်မှုကြောင့် အမုန်းခံရတတ်တယ်...😞 Leo ♌ - သူတို့၏ နေရာတကာ ဆရာဝင်လုပ်ချင်မှု ၊ လွှမ်းမိုးချင်တဲ့စိတ်ကြောင့် အမုန်းခံရတတ်တယ်...😃 ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
300
12
လောကမှာ အချစ်စိတ်သာရှိရင် ဘယ်အရာမဆို စွမ်းဆောင်နိုင်ပါတယ်တဲ့...✨💖 အချစ်ကြောင့် ပိုကောင်းသွားတဲ့သူရှိသလို အချစ်ကြောင့်ပိုပြီး ပျက်စီးသွားရတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ...✨ ချစ်မိတဲ့သူတွေမှာ နှစ်မျိုးပဲ ရှိတယ်... အချစ်ကြောင့် ပိုပြီးပျော်ရွှင်လာတဲ့သူနဲ့ အချစ်ကြောင်် ပိုပြီးနာကျင်ရတဲ့သူရယ်ပေါ့...💔 အချစ်ကြောင့် အိပ်မက်တွေ ရှိလာတဲ့သူ... အချစ်ကြောင့် ရည်မှန်းချက်တွေ ပေါ်လာတဲ့လူ... အချစ်ကြောင့် အားအင်တွေရှိလာတဲ့သူ... လောကကြီးကို အကောင်းမြင်တတ်လာသူတွေကိုလည်း အများကြီး မြင်ဖူးခဲ့ပါတယ်...💖 ချစ်မိရင် နာကျင်ရတယ်ဆိုတာ တစ်ဖက်ထည်းကပဲချစ်နေရတဲ့ ဆက်ဆံရေးမှာ ရှိ‌နေတဲ့လူတွေ အများဆုံးသုံးတဲ့စကားပေါ့...😃 ကိုယ်တိုင်က အချစ်ကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် နာကျင်နေရတဲ့ ဆက်ဆံရေးတွေကနေ ရုန်းထွက်ပါ... ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာပါ။ ကိုယ့်ကိုကိုယ် ချစ်တတ်တဲ့ တစ်နေ့မှာ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အချစ်က ကိုယ့်ဆီကို လာရှာပါလိမ့်မယ်ရှင် 💝 #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
342
13
၁၂ ရာသီခွင်တို့၏ ပေါင်းသင်းဆက်ဆံရေးကောင်းပုံများ...🥲🧑‍🤝‍🧑 တစ်ဖက်လူက ဘယ်လောက်ပဲ ကိုယ့်ကိုခင်ချင်နေပါစေ...ဘယ်လောက်ပဲ ကိုယ့်နားလိုက်ကပ်နေပါစေ... စိတ်မပါရင် အဖက်ကိုမလုပ်တတ်တာ 🙄 Taurus ♉ , Leo ♌ , Aquarius ♒ , Scorpio ♏ ( သူတို့စိတ်မပါရင် ချေမိုးနေတာပဲ... စိတ်ပါတဲ့လူကိုကျ ဂျိုလေးနဲ့ လိုက်ပြီးကပ်တတ်တာ 🥲 ) ----------------------- ကိုယ့်ဆီလာသမျှလူကို ကောင်းပေးတတ်တာ...ဖော်ရွေတတ်တာ...ဘာအခက်အခဲလေးဖြစ်ဖြစ် တတ်နိုင်သလောက် ကူညီပေးတတ်တာ...ပြီးရင် သူများက မလှိမ့်တစ်ပတ်လုပ်တာ အခံရဆုံးသူများ...🥲 Gemini ♊ , Pisces ♓ , Sagittarius ♐, Capricorn ♑ , Libra ♎ ( သနားကြင်နာတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းလို့ ပလေးတတ်တယ် လို့လည်း နာမည်အထွက်ဆုံးအုပ်စု 🤣 ) ------------------------- ပေါင်းသင်းဆက်ဆံရေးမှာတောင် ခေါင်းသုံးတတ်တာ...အရိပ်အခြေနားလည်တာ...ကိုယ့်အပေါ်မကောင်းရင် ပြတ်သားတတ်တာ...လူရွေးပေါင်းတတ်တာ...😃 Aries ♈ , Virgo ♍ , Cancer ♋ ( လူလည်းရွေးပေါင်းတယ်...ရှုပ်ရှုပ်ရှက်ရှက်လည်းလာမလုပ်နဲ့...မကောင်းရင်လစ်...ကောင်းရင်ဆက်ပေါင်းမယ်ဆိုတဲ့ " ငါတို့ကို ကြိုက်မှပေါင်း " ဆိုတဲ့အုပ်စု 🥹 ကြောက်ရတယ် ) --------------------------- ❌ပြန်လည်ကူးယူခွင့်မပြုပါ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
315
14
ကြိုက်ရင် ကြိုက်တယ် / ချစ်ရင် ချစ်တယ် ဒဲ့ပြောတတ်ကြတဲ့ ရာသီခွင်များ...😎 Aries ♈ , Taurus ♉ , Cancer ♋ ------------------ ကြိုက်တာလိုလို...ချစ်တာလိုလို... သဘောကျတာလိုလို...သူငယ်ချင်းပဲဖြစ်ချင်တာလိုလို နဲ့ မမဆောင်း ရာသီခွင်များ...🙂 Gemini ♊, Sagittarius ♐ , Pisces ♓ , Capricorn ♑ , Libra ♎ ------------------ ကြိုက်လည်း မကြိုက်ရဲ...ချစ်လည်း မချစ်ရဲ...သဘောကျရင်တောင် ရှေ့မတိုးကြတဲ့ ရာသီခွင်လေးများ...🥺 Scorpio ♏ , Aquarius ♒ ------------------ သူတို့ကိုပဲ လာကြိုက်စေချင်တဲ့ တမူထူးခြားခပ်‌ချေချေ ရာသီခွင်လေးများ...🥲 Leo ♌ , Virgo ♍ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
295
15
စိတ်လေးများညစ်ရင် ပိုက်ဆံလေးသုံးပြီး စိတ်ပျော်ရာလေးလုပ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အသုံးအဖြုန်းကြမ်းသူလေးများ...🙂 Taurus ♉ , Aries ♈ , Libra ♎ တစ်ခုခုဖြစ်ရင် သူငယ်ချင်းတွေဆီပြေးလာပြီး ပြီးသွားရင်တော့ ကိုယ်လုပ်ချင်တာလုပ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အလှဆုံးပြုံးနေတတ်သူလေးများ...🥹 Sagittarius ♐ , Pisces ♓ , Gemini ♊ တစ်ခုခုဖြစ်ရင် တစ်ခြားသူကို အကောင်းဆုံးအကြံညဏ်တွေပေးတတ်ပြီး ကိုယ့်အလှည့်ကျ ဂျောင်လေးမှာ ကြိတ်ငိုတတ်ကြတဲ့ ကြေကွဲလူငယ်လေးများ...🥺 Virgo ♍ , Scorpio ♏ , Leo ♌ လူတွေကသူတို့ကို စွာတယ်ထင်ကြပေမယ့် အသည်းမာ ခေါင်းကြောမာပြီး ‌တော်ရုံအခက်အခဲကို ခါးစီးခံတတ်ကြတဲ့ အေးတိအေးစက် အနစ်နာခံတတ်ကြသူလေးများ...😔 Capricorn ♑ , Cancer ♋ , Aquarius ♒ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
360
16
တစ်ချို့အရာတွေက ကိုယ့်ဘက်က လွှတ်ချလိုက်မှသာ ကိုယ်က လွတ်မြောက်သွားပါတယ်တဲ့...💔 ကိုယ်ကဆွဲထားမှ မြဲမယ့် ဆက်ဆံရေးတွေလိုမျိုး...
တစ်ချို့အရာတွေက ကိုယ့်ဘက်က လွှတ်ချလိုက်မှသာ ကိုယ်က လွတ်မြောက်သွားပါတယ်တဲ့...💔 ကိုယ်ကဆွဲထားမှ မြဲမယ့် ဆက်ဆံရေးတွေလိုမျိုး... ကိုယ့်ဘက်က ကြိုးစားနေလို့သာ ရှေ့ဆက်သွားနေရတဲ့ ဆက်ဆံရေးတွေလိုမျိုး... ကိုယ်သာလွှတ်ချလိုက်ရင် အကုန်ပြီးဆုံးသွားမယ်ဆိုတာ သိသိကြီးနဲ့ ဆက်သွားနေမိတာမျိုးပေါ့...💔 အပြန်အလှန်မရှိတော့တဲ့ ခံစားချက်တွေနဲ့ ငြီးငွေ့လွယ်လာတဲ့ ချစ်ခြင်းတွေက တစ်ဖက်ထည်းကိုပဲ ပိုပြီးသိသိသာသာနာကျင်စေပါတယ်...😔 ကိုယ်တိုင်က ပျော်ရွှင်ချင်တယ်ဆိုရင်...လွတ်မြောက်ချင်တယ်ဆိုရင်... ကိုယ့်ကို မကြိုဆိုတဲ့ ရပ်ဝန်းမှာ မရှင်သန်ပါနဲ့...✨ ကိုယ့်အတွက်မဟုတ်တဲ့ အချစ်တွေကို မတောင်းဆိုပါနဲ့...✨ ကိုယ့်ဘက်မကြည့်တဲ့သူကို ငေးကြည့်မနေပါနဲ့...✨ ကိုယ့်ကိုကို ပိုလှအောင်နေပါ။ ပိုဂရုစိုက်ပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို တန်ဖိုးထားပါ။ ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့သာ အချိန်ကုန်ပါ။ ကိုယ်လည်း အချစ်ခံရဖို့ ထိုက်တန်တယ် မဟုတ်လား 💕✨ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
341
17
လူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်တတ်တဲ့ ရာသီခွင်များ...😎 Taurus ♉ - လူတွေဘာပြောပြော သူတို့မပြောင်းလဲတတ်ဘူး...✨ Aquarius ♒ - လူတွေကို ရှိတယ်လို့ကိုမထင်...✨ Sagittarius ♐ - လူတွေပြောတာကို လက်ခံ နားထောင်...ပြီးရင် ကိုယ်လုပ်ချင်တာလုပ်...🤣 Scorpio ♏ - လူတွေ ပြောချင်ရာ ပြောပါစေ ဆိုပြီး ဘေးမဲ့ပေးထားတယ် 🥹 Capricorn ♑ - လူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်...သူတို့လိုအပ်တဲ့အရာကို ကိုယ်တိုင်လုပ်တယ်...😀 ------------------------------------ လူတွေဆီကနေ ကောင်းတဲ့အမြင်ကိုပဲ လိုချင်သူများ...🤓 Gemini ♏ - ဘာပဲလုပ်လုပ် သူငယ်ချင်းတွေကို အမြဲတိုင်ပင်တတ်တယ်..ပြီးရင် ကောင်းမယ်ထင်ပြီး အမြဲလုပ်တတ်ကြတယ်😁 Leo ♌ - သူတို့ဘာပဲလုပ်လုပ် ချီးကျူးခံရမှ ကြိုက်တယ် 😎 Cancer ♋ - သူတို့ဘာလုပ်လုပ် ကောင်းတယ်ပဲပြော...လာဝေဖန်တာ လုံးဝ မကြိုက် 🙂 Libra ♎ - ဘာလေးပဲလုပ်လုပ် လူတွေထောက်ခံအားပေးမှုကို လိုချင်သူတွေ...🤗 Virgo ♍ - လူတွေရဲ့ အမြင်မှာ အတော်ဆုံး ဆိုပြီး ပြီးပြည့်စုံချင်သူတွေ...😍 Aries ♈ - အကောင်းဆုံးဆိုတာတွေကို သူတို့လုပ်နိုင်ခဲ့တာဖြစ်ကြောင်း ပြချင်သူတွေ... Pisces ♓ - လူတွေ အကောင်းပြောတာ ၊ ချီးကျူးတာ ၊ လေးစားတာ ကိုသာ ခံချင်သူတွေ...🤗 #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
330
18
12 ရာသီခွင်တို့ အသည်းခွဲခံရနိုင်ချေ ရှိ/မရှိ 🥹💕 Aries ♈- သူတို့ ကြိုက်ရင် ချစ် ၊ မကြိုက်ရင် လစ်ပဲ...အသည်းခွဲချင်တဲ့လူ ငိုပြီးပြန်သွားလိမ့်မယ်..😁 Taurus ♉ - သူတို့ကတော့ မခွဲဘူး...သူတို့ကိုပဲ ခွဲသွားတာ...ပြီးရင် နှစ်သက်လောက်ထိ ဆက်ချစ်နေတုန်း 🥲 Gemini ♊ - အခုပဲ အသည်းခွဲပြီး ခနနေ ပြန်ချစ်ချင်လာပြန်ရော 🥹 Cancer ♋ - သူတို့ကတော့ သူများကို အသည်းမခွဲတတ်ဘူး...သူများခွဲတာပဲခံပြီး ထိုင်အသည်းကွဲချင်တာ 🥺 Leo ♌ - သူတို့က သူများကို အသည်းခွဲချင်တာ... ခွဲဖို့လုပ်တိုင်း သူများကပဲခွဲသွားတာ သိတောင်မသိလိုက်ဘူး...😀 Virgo ♍ - သူတို့ကလည်း ခွဲတယ်...သူတို့ကိုလည်း ခွဲတယ် သူခွဲ ကိုယ်ခွဲပဲ ကြမ်းတယ် 🥹🥹 Libra ♎ - အသည်းပဲကွဲကွဲ လမ်းပဲခွဲခွဲ အမှတ်မရှိ ချစ်နေမှာပဲတဲ့ 🤗 Scorpio ♏ -သူတို့ကတော့ အသည်းခွဲမကြမ်းဘူး... သူတို့ကို ကြမ်းလိုက်ရင်လည်း နှစ်ဘဝလောက် မုအွန် မလုပ်နိုင်ဘူး...🥹 Sagittarius ♐ - သူတို့ကို ချစ်တဲ့သူကိုဆို အသည်းခွဲကြမ်းတယ်...သူတို့ကချစ်တဲ့သူဆို သူတို့က အသည်းကွဲရတယ်..😭 Capricorn ♑ - တစ်ခြားသူရဲ့ အသည်းလေးကို မခွဲတတ်ဘူး...ရိုးသားတယ်... ကိုယ့်ကို လာခွဲရင်တော့ ခံတယ် 😁 Aquarius ♒ - မချစ်နိုင်ရင် အသည်းလည်း လာမခွဲပါနဲ့ အာရုံနောက်လို့ပါတဲ့...🥹 Pisces ♓ - မချစ်လည်း လာခွဲပါ...ချစ်လည်း လာခွဲပါ...အချစ်ကြောင့် ခံစားရသမျှ အကုန်ကြိုက်တဲ့သူပါ 🤗🥹 #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
345
19
၁၂ ရာသီခွင်တို့ လှည့်စားခံရနိုင်ချေ ရှိ/မရှိ...🤗 Aries ♈- သူတို့ဆီကို လှည့်စားဖို့ချဉ်းကပ် ကထည်းက သိပေမယ့် မသိချင်ယောင်ဆောင်နေတတ်တယ် 🤓 Taurus ♉ - သူတို့ကို လှည့်စားနေတာကို သိပါတယ်...ချစ်လို့ ခံနေတာ 😍 Gemini ♊ - သူတစ်ယောက်ထည်း လှည့်စားနေရင် ပျင်းနေမှာစိုးလို့ ကိုယ်ပါ ပြန်ပြီး လှည့်စားပေးလိုက်တယ် 😁 Cancer ♋ - ၂၀ ဖိုးလောက် လာလှည့်စားရင် ၂၀၀ ဖိုးလောက် ဒရာမာခင်းပစ်လိုက်တယ် 😁 Leo ♌ - သူတို့ကတော့ လှည့်စားတာမခံဘူးလို့ အမြဲ ကြွေးကြော်တတ်ပေမယ့် ထိပ်ဆုံးက လှည့်စားခံရတတ်တယ် 😀 Virgo ♍ - သူတို့ကပဲ လှည့်စားမယ် သူတို့ကို လာမလှည့်စားနဲ့လို့ အမြဲပြောတတ်ပေမယ့် သူတို့ပဲ မျက်ရည်နဲ့မျက်ခွက် ကျန်ခဲ့ရတယ် 🥹 Libra ♎ - လှည့်စားနေမှန်းလည်း သိတယ်...ခံလည်းခံတယ်..အဟိ 🤗 Scorpio ♏ - သူတို့လောက် သံသယများတာလည်း သူတို့ပဲ...သတိကြီးကြီးထားပေမယ့် အမြဲလှည့်စားခံရတယ်..🥺 Sagittarius ♐ - သူတို့ကို လှည့်စားဖို့ စဉ်းစားလိုက်တာနဲ့ သူတို့က အရင်လှည့်စားပြီးသွားပြီ 😁 Capricorn ♑ - သူတို့ကတော့မလှည့်စားတတ်ဘူး...သူတို့ကို လှည့်စားနေလည်း မသိဘူး 🥲 Aquarius ♒ - သူတို့ကို လှည့်စားမယ်ဆို သူတို့မသိအောင် လှည့်စားနိုင်ဖို့ပဲလိုတယ် 🥹 Pisces ♓ - သူတို့ကို လာလှည့်စားမယ်ဆိုရင်‌တောင် ကျေကျေနပ်နပ်ကြီး ခံမယ့်သူပါ...🥲 #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
331
20
မြင်မြင်ချင်းမှာတင် ဖော်ရွေတတ်တဲ့ရာသီခွင်များ...😍 Gemini ♊ , Sagittarius ♐ , Libra ♎ မြင်မြင်ချင်းခပ်တည်တည်နဲ့ ခင်သွားမှ ငပေါဖြစ်သွားသူများ...🤪 Taurus ♉, Cancer ♋ , Pisces ♓ မြင်မြင်ချင်းလည်း ခပ်တည်တည်ပဲ ခင်ပြီးသွားလည်း စကားမပြောတာ 🙂 Leo ♌ , Virgo ♍ , Aries ♈ အပေါင်းအသင်းကို မလုပ်ချင်သူများ...🥲 Aquarius ♒ , Capricorn ♑ , Scorpio ♏ #𝐇𝐥𝐚𝐢𝐧𝐠 𝐏𝐚𝐧 𝐇𝐭𝐰𝐚𝐫 - 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐓𝐚𝐫𝐨𝐭 𝐑𝐞𝐚𝐝𝐞𝐫
362