en
Feedback
Lanncien

Lanncien

Open in Telegram

ဖန်မီးအိမ်လေးကိုင်လျှက် by Lann San Phoe Pyai

Show more
376
Subscribers
No data24 hours
-37 days
-1530 days
Posts Archive
"ဓမ္မစကြာအခါတော်နေ့" စာဖတ်သူလေးတို့ရေ မင်္ဂလာအပေါင်း၊ ကုသိုလ်အပေါင်းနဲ့ ပြီးပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ကုသိုလ်စိတ်လေးရွှင်လန်းရတဲ့ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)လေး ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ပထမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။🙏🏻 ဒီနေ့လေးဟာဆိုရင်ဖြင့် ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တို့အတွက် အင်မတန်ထူးကဲမွန်မြတ်ပြီး အရေးပါတဲ့နေ့ထူး၊နေ့မြတ် ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)လေး ဖြစ်ပါတယ်ရှင့်။🙏🏻 မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ်၁၀၃ခုနစ်၊ ဝါဆိုလပြည့် စနေနေ့လေးမှာ မိဂဒါဝုန်တောအရပ်၌ ပဥ္စဝဂ္ဂီငါးဦးကို တရားဦး၊တရားထူး(ဓမ္မစကြာတရားတော်)ကိုဟောကြားတော်မူခဲ့တဲ့ နေ့လေးဖြစ်တာကြောင့်အခြေတည်ပြီး ယနေ့လိုဝါဆိုလပြည့်နေ့လေးကို (ဓမ္မစကြာအခါတော်နေ့)လေးလို့လည်းသတ်မှတ်ခေါ်ဆိုကြတာပါရှင့်။ ရဟန်းသံဃာများ ဝါဆို၊ဝါကပ်ရာလဖြစ်တာကြောင့် ဝါဆိုလဟု သိမှတ်ကြခြင်းဖြစ်ပါတယ်ရှင့်။ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၈ခုနစ်ဟာဆိုရင်ဖြင့် လေးနှစ်မှတစ်ကြိမ် ဖြစ်ပေါ်သော ရက်ထပ်နှစ်လေး ကျရောက်သည့်အတွက် ပထမဝါဆိုနှင့် ဒုတိယဝါဆိုဟူ၍ နှစ်လကွဲထွက်ကာ ဒုတိယဝါဆိုလပြည့်မှသာလျှင် ဝါတွင်းကာလအစ၊ ဝါဝင်ခြင်း ဖြစ်တာပါရှင့်။ ဝါဆိုလပြည့်နေ့လေးက သန္ဓေ၊ တောထွက်၊ ဓမ္စစက်၊ တစ်ချက်ပြာဋိဟာဟူသော ဂုဏ်ဒြပ်လေးရပ်အပြင် မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူသောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်မှ တရားဟောတော်မူသဖြင့် လူ၊နတ်၊ ဗြဟ္မာသတ္တဝါတို့ တရားရတနာကို စတင်သိရှိသောနေ့ဖြစ်ခြင်း၊ သံဃာရတနာစတင်ပေါ်ထွန်းသောနေ့ဖြစ်ခြင်း၊ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းသောနေ့ဖြစ်ခြင်း၊ "ဧဟိဘိက္ခူ" ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည့် နေ့ထူးနေ့မြတ်တို့သည် ထူးခြားစွာပင် အာသဠနက္ခတ်ပေါ်ထွက်ရာ ဝါဆိုလပြည့်နေ့များတွင်သာ ဖြစ်ခဲ့ရာ ယနေ့ ဝါဆိုလပြည့်နေ့သည် ထူးခြားသော မှတ်တိုင်များရှိသည့်၊ ထူးခြားသော ဂုဏ်ဒြပ်ကိုးခုရှိသည့် ဗုဒ္ဓဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်အခါသမလေး အဖြစ်တည်ရှိနေခြင်း ဖြစ်ပါတယ်ရှင့်။ ယနေ့လို ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)များတွင် ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များ မိုးရေခံသင်္ကန်းအဖြစ်သုံးရန် ကာလဒါနအလှူတော်၊ အပါယ်ပိတ်စေတဲ့ကုသိုလ်ခုနစ်မျိုးထဲ ပါဝင်သည့် မွန်မြတ်လှသည့် ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းများအပြင် ဘုရားကျောင်းကန်များသို့သွားရောက် ကုသိုလ်ယူခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ သီလတရားများ ခံယူဆောက်တည်ကြကာ သီလကုသိုလ်များယူခြင်း၊အလှူအတန်းများ ပြုလုပ်ကြပြီး ဒါနကုသိုလ်များယူခြင်း၊ မြတ်စွာဘုရားရှင် ဘဝဖြစ်စဉ်နှင့် ဆက်စပ်သည့် ထူးခြားသော ဂုဏ်ဒြပ်ကိုးရပ်တို့အား တန်ဖိုးထားသည့် အနေဖြင့် ဘုရားဂုဏ်တော် အစရှိသည်တို့ကို ပွားများကာ ဘာဝနာကုသိုလ်များယူခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များကို လစ်လပ်မှုမရှိစေပဲ ပြုလုပ်ကုသိုလ်ယူလေ့ရှိကြပါတယ်ရှင့်။🙏🏻 စာဖတ်သူလေးတို့လည်း ဒုတိယဝါဆိုလပြည့်( ဓမ္မစင်္ကြာ အခါတော်နေ့လေး )ကို ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး ကုသိုလ်များပြည့်ဝသောနေ့လေးအဖြစ် ဖြတ်သန်းနိုင်ပါစေရှင့်လို့ ကျွန်မတို့ Lanncien Education အဖွဲ့သူ၊အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်🫶🏻🤍 ယခုလို ဗဟုသုတရစရာလေးတွေ၊ သိသင့်သိထိုက်တာလေးတွေကိုမျှဝေပေးနေတဲ့ ကျွန်မတို့ Lanncien Education ကိုလဲ စဉ်ဆက်မပြတ် အားပေးစောင့်ကြည့်ပေးဖို့ပါ တစ်ခါတည်း တိုက်တွန်းလိုက်ရပါတယ်ရှင့်။ 🤗 #Lannien_Education #Content_by_Yamin

photo content

ဤအဖြစ်အပျက်ဆိုးသည် မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးပင်ဖြစ်ပါသည်။ တိုင်းပြည်အတွက်အနာဂတ် မျှော်လင့်ချက်များပျောက်ဆုံးခဲ့ရလေသည်။ “သခင် အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊ ပွင့်လန်းခါစ၊ ကြွေ လိုက်ရ၏။” ပြည်သူတို့အတွက်ကြီးမားသောဆုံးရှုံးမှု ကြီးပါတကား။ ရဲရင့်သူတို့၏ အာဇာနည်စိတ်ဓာတ်ကြောင့် အများအပေါ်အကြွင်းမဲ့ယုံကြည်ခြင်းကို မသမာ သူတို့က အခွင့်ကောင်းယူကာ ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ''ငါ့မှာရန်သူမရှိ၊ ငါ့ကိုပြည်သူက ချစ်သည်”ဟု ယုံကြည်ချက်ထားရှိသူဖြစ်သောကြောင့် လွယ်လွယ်ကူကူ လုပ်ကြံခံရခြင်းဖြစ်သည်။ ဦးစောနှင့် အပေါင်းပါများကို စစ်ဆေးမေးမြန်းရာတွင် ပြစ်မှုထင်ရှားသည့်အတွက် ဦးစောနှင့်အပေါင်းအပါများကို ကြိုးဒဏ်ပေးခြင်း၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်ပေးခြင်းတို့ဖြင့် အပြစ်ဒဏ်ပေးခဲ့သည်။ ဇူလိုင်ကြမ္မာဆိုသည် ရက်စက်ကြမ်းကြုတ်သူတို့အား တန်ပြန်ပြစ်ဒဏ်ပေးခဲ့ပါသည်။ အောင်ဆန်း-အက်တလီစာချုပ်မှ နု-အက်တလီစာချုပ်သို့ ပြောင်းလဲချုပ်ဆိုခဲ့သည်။ ဗိုလ်ချုပ်တို့ရယူပေးခဲ့သော လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာတို့ ပန်ဆင်ခွင့်ရခဲ့လေသည်။ အာဇာနည်ကြီးများ၏ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့မှုသည် ကမ္ဘာတည်သရွေမေ့နိုင်မည်မဟုတ်ချေ။ သမိုင်းစာမျက်နှာများတွင် အာဇာနည်ကြီးများ၏ နိုင်ငံအတွက် စွမ်းဆောင်မှုများမှာ ဂုဏ်ယူဖွယ်ရာအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင်လ ၁၉ ရက် ကို ''အာဇာနည်နေ့'' ဟုသတ်မှတ်ခဲ့လေသည်။ နှစ်စဉ်ဇူလိုင်လ ၁၉ ရက်ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံးတွင် လေးနက်တည်ငြိမ်စွာ ကျင်းပကြပါသည်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ကြပါသည်။ ရုံးများ၊ ကျောင်းများနှင့် အိမ်များတွင် ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူကြပါသည်။ အာဇာနည်ကြီးများကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩများပြိုင်တူဆွဲကြပါသည်။ ဥဩသံကြားလျှင် ပြည်သူတို့က ရောက်သည့်နေရာတွင် ငြိမ်သက်စွာရပ်၍ အာဇာနည်ကြီးများကို အောက်မေ့ သတိရကြောင်းပြသကြပါသည်။ ဗိုလ်ချုပ်ပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်းများကိုနားထောင်ခြင်း၊ အာဇာနည်ကြီးများကို ရည်စူး၍ သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ အမျှပေးဝေကြပါသည်။ အချုပ်အားဖြင့်ဆိုရသော် အာဇာနည်ခေါင်းဆောင်ကြီးများကို တမ်းတလွမ်းဆွတ် သတိရရုံနှင့်မပြီးဘဲ သူတို့ချမှတ်ခဲ့သည့် လမ်းစဉ်များ၊ ပြောကြားခဲ့သောဩဝါဒများကို လိုက်နာဆောင်ရွက်မှသာ လေးစားတန်ဖိုးထားရာရောက်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီး များ ထမ်းဆောင်ခဲ့သည့်အတိုင်း တိုင်းပြည်အကျိုး သယ်ပိုးနိုင်သော အာဇာနည်လောင်းများဖြစ်အောင် ကြိုးစားကြရပါမည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့၏ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသည့် အာဇာနည်တို့၏ဂုဏ်ရည်သည် ကမ္ဘာတည်သမျှ မေ့ဖျောက်၍ မရနိုင်ပေ။ ထို့ကြောင့်ပင် ''အာဇာနည် ဂုဏ်ရည်မညှိုးဘိ ကိုယ်ကျိုးမကြည့် မြင့်မြတ်သူ စံပြနမူ၊ တိုင်းပြည်အတွက် အသက်ပေးလှူ လူပီသတဲ့လူမို့၊ တို့နိုင်ငံခေါင်းဆောင်အထွတ်တို့ကို ဦးညွှတ်ကြစို့။'' တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်အပေါင်းတို့၏ ကျေးဇူးကိုသိ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် အမှန်တကယ် လေးစားမြတ်နိုး တန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်တို့၏ အသက်သွေးချွေးများစွာဖြင့် ပေးဆပ်ကာအရယူပေးခဲ့သည့် လွတ်လပ်ရေးအမွေကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ် ထက်သန်ပြည့်ဝစွာဖြင့် အစဉ်ထာဝရ အတူတကွ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ရေးသားရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ကြရသည့် အာဇာနည်ခေါင်းဆောင်မြတ်အပေါင်းတို့ကို ဤဆောင်းပါးဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပေသည်။                                        《19.7.2025》 # Lanncien Myanmar # Content by Thaw Tar

နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မျိုးချစ်လူငယ်များသည် ရဲဘော်သုံးကျိပ်ကို သိုဝှက်စွာ ဖွဲ့စည်းပြီး ဂျပန်ပြည်တွင် စစ်ပညာများကို တိတ်တဆိတ်သင်ကြားခဲ့သည်။ ထို့နောက် ဂျပန်တို့၏ အကူအညီဖြင့် အင်္ဂလိပ်တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။ အင်္ဂလိပ်တို့မြန်မာ့မြေပေါ်မှထွက်ခွာသွား သော်လည်း ဖက်ဆစ်ဂျပန်တို့က ဆက်လက်မင်းမှုခဲ့ပြန်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားများသည် ဂျပန်တို့အား မဟာမိတ်တပ်များ၏ အကူအညီဖြင့် တော်လှန်တိုက်ထုတ်ခဲ့ရပြန်သည်။ ဂျပန်တို့ကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်ရန် ဝင်ရောက်လာပြန်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပြည်သူတစ်ရပ်လုံးက ''တစ်နှစ် အတွင်း လွတ်လပ်ရေး ချွင်းချက်မရှိ ချက်ချင်းပေး'' ဆိုသည့် ကြွေးကြော်သံဖြင့် လွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ရန် နေ့မနား၊ ညမနား ကြိုးပမ်းဆောင်ရွက်ကာ လွတ်လပ်ရေးရရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၇ခုနှစ်၊ ဇန်နဝါရီလတွင် လွတ်လပ်ရေးအတွက်အရေးပါသည့် အောင်ဆန်းအက်တလီ စာချုပ်ကို အင်္ဂလန်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ်ပါအတိုင်း တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် ပြည်သူအားလုံး၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားသောကြောင့် ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုများက မနာလိုမရှုဆိတ် ဖြစ်နေကြသည်။ ထိုအင်အားစုများထဲတွင် ဂဠုန်ဦးစောတို့အဖွဲ့သည် အဆိုးဆုံးဖြစ်လေသည်။ ဦးစော၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်နှင့်အဖွဲ့ကိုဖယ်ရှားကာ အင်္ဂလိပ်အားကိုးဖြင့် နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်ရန်ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်တို့နှင့် ပူးပေါင်းကာ ခေါင်းဆောင်ကြီးများကို လုပ်ကြံရန် လျှို့ဝှက်စွာ စီစဉ်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်း ကပင်  စိတ်ထားဖြူစင်သည်။ လိမ်ပြောသည်ကိုမကြိုက်။ သူကိုယ်တိုင်လည်း လိမ်မပြောချေ။ အမှန်တရားကို မြတ်နိုးသည်။ ရိုးသားဖြောင့်မတ်သည်။ စည်းစိမ်ဥစ္စာ၊ ဂုဏ်နှင့် ငွေကို မခင်သူဖြစ်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက်ကြိုးပမ်း နေစဉ်ကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအပေါ်တွင်သာ စိတ်ကိုနှစ်ထားခဲ့သည်။ ထို့ကြောင့် မိမိတွင် ရန်သူမရှိဟု အရာခပ်သိမ်းအားလုံးကို ယုံကြည်ခဲ့သည်။ ထိုနေ့ကား ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် ဖြစ်ပါသည်။ ထိုနေ့တွင် မိုးလင်းကတည်းက  အရပ်ရှစ်ခွင်တွင် မိုးသားတို့ဖြင့် ညို့မှိုင်းအုံ့ဆိုင်းနေသည်။ မိုးကမသည်း မိုးကမစဲ တဖွဲဖွဲနှင့် ဂြိုလ်ဆိုးဝင်နေသလားဟုပင်ထင်ရပါသည်။ မိုးတဖွဲဖွဲရွာနေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအေးစက်မှုန်ဝါးနေပေသည်။ ဗိုလ်ချုပ်သည် ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ မန္တလေးတိုက်ပုံတို့ဖြင့် ကျကျနနဝတ်ဆင်ကာ အတွင်းဝန်များရုံး သို့ နံနက် ၁ဝ နာရီခန့်တွင်ရောက်ရှိလာသည်။ ထို့နောက် ဗိုလ်ချုပ်နှင့်ဝန်ကြီးများသည် တိုင်းရေး ပြည်ရာကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြလေသည်။ အစည်းအဝေးကျင်းပရာ နေရာကား အတွင်းဝန်များရုံးအလယ်ထပ် ဗိုလ်ချုပ်အောင်ဆန်း၏ရုံးခန်းတွင် ဖြစ်သည်။ ထိုသို့ ဆွေးနွေးနေစဥ် အတွင်းဝန်ရုံးအတွင်းသို့ ဂျစ်ကားတစ်စီး ကားနံပါတ် (RC- ၁၈၁၄) ထဲမှ ခြသေ့်တပ်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင်လူလေးယောက်တို့ တက်လာကာ ဗိုလ်ချုပ်၏ရုံးခန်းအတွင်းသို့ အတင်းတွန်းဝင်၍ ဗိုလ်ချုပ်နှင့်တကွ အစည်းအဝေးကျင်းပနေသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပတ်ခတ်ကြပြီး ဂျစ်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ပစ်ခတ်သံများသည် မိုးသံကိုပင်ကျော်လွန်၍ ခန်းမအတွင်း၌ ပွက်ပွက်ညံသွားပါတော့သည်။ အချိန်ကား နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိဖြစ်ပါသည်။ ဗိုလ်ချုပ်အား ဝန်တိုစိတ်ပြင်းပြသော ဦးစော၏တပည့်များသည် ဘရင်းဂန်းလက်နက် (၂၀၀)၊ ပြောင်းတိုလက်နက် (၂၀၀) တို့ကို ဗိုလ်တစ်ထောင်လက်နက်တိုက်မှ လက်နက်တုဖြင့် ထုတ်ယူသွားကြသည်။ ထိုသတင်းကို ကြို၍ရသော်လည်း ဗိုလ်ချုပ်က '' မိမိတို့မှာ နိုင်ငံအပေါ်ကို စေတနာအပြည့်နှင့် ဆောင်ရွက်နေခြင်းဖြစ်၍ သတင်းမမှန်နိုင်။ ဦးစောကလည်း ဤမျှရိုင်းစိုင်းလိမ့်မည်မဟုတ်။ မိမိတို့ကိုသတ်၍ ဦးစော၌ အကျိုးမရှိနိုင်။ တိုင်းပြည်သာနစ်နာမည်။'' ဟု တွေးတောခံယူခဲ့လေသည်။ နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင် ဝန်းကြီးများဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဗိုလ်ချုပ်၏အကိုဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ကျဆုံးခဲ့ရလေသည်။ အကြွေစောသော ပန်းပွငိ့များပမာ မရှုမလှ သွေးအိုင်အတွင်း၌ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးသည့်သတင်းသည် တောမီးပမာ ပျံ့နှံ့သွားရာ ကြားသိသော ပြည်သူအပေါင်းတိုင်း ယူကျုံးမရ ကြေကွဲဝမ်းနည်းကြရလေသည်။ မသမာသူတို့၏ ပစ်ချက်ဖြင့် ကျဆုံးသွားခဲ့သော ခေါင်းဆောင်ကြီးများအတွက် ဖြေမဆည်နိုင်အောင် ခံစားကြရပါသည်။

အာဇာနည်နေ့ (ဆောင်းပါး) ''သေသောသူ ကြာလျှင်မေ့'' ၊ ''ပျောက်သောသူ ရှာလျှင်တွေ့ '' ဆိုသော စကားရှိပါသည်။ သို့ရာတွင် ထိုစကားသည် မြန်မာတို့အတွက် အနည်းငယ် မှားယွင်းနေပါသည်။ ဤကား မြန်မာပြည်နှင့် မြန်မာလူမျိုးများ မကွယ်ပျောက်သ၍ မြန်မာတို့ မေ့မရသောသူများရှိခဲ့ပါသည်။ အလွန်တရာပင် ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် မေ့နိုင်စရာအကြောင်းမရှိခဲ့ပါ။ ရှာဖွေ၍ မတွေ့နိုင်သောသူများလည်း ရှိခဲ့ပါသည်။ ရှာဖွေတမ်းတနေဆဲဖြစ်သည့် မပျောက်သောသူများရှိခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များမှာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် အာဇာနည်နေ့ကို ဇူလိုင် ၁၉ ရက်တွင် နှစ်စဥ်ကျင်းပကြပါသည်။ ထိုနေ့ကား မြန်မာဟူသည် ကမ္ဘာပေါ်တွင် တည်တံ့နေသ၍ မြန်မာပြည်သူတို့၏ ရင်ထဲနှလုံးသားထဲတွင် မေ့ပျောက်မှုမရှိဘဲ ယနေ့တိုင် စွဲကျန်နေသာ  နေ့ရက်ပင်ဖြစ်လေသည်။ ထို့နေ့တွင် မြန်မာနိုင်ငံသားအားလုံးအတွက် အလွန်ကြေကွယ်ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးကို ကြုံတွေခဲ့ရသည်။ မြန်မာပြည်သူတို့ မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ရသော အဖြစ်ဆိုးကြီးဖြစ်သည်။ အကြောင်းကား လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် မသမာသူ လူတစ်စု၏ ရက်စက်စွာလုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့သောနေ့ ဖြစ်ပါသည်။ ''နှစ်လကြာရှည်၊ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသည်'' နှင့် “၁၉ဇူလိုင်မမေ့နိုင်''ဆိုသည့် အတိုင်း အာဇာနည်ကြီးများကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှရေတွက်သော် ၇၈ နှစ် ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာပြည်သူများအတွက် ယနေ့ထိတိုင် မမေ့နိုင်အောင်ရှိခဲ့ရပါသည်။ 'အာဇာနည်ပုဂ္ဂိုလ်ဆိုသည်မှာ ကိုယ်ကျိုးကိုမဖက် အများအကျိုးကိုအနစ်နာခံခြင်း၊ တိုင်းပြည်အတွက် 'အရိုးကြေကြေ အရေခမ်းခမ်း' အသက်ကိုပင် ပဓါနမထားဘဲ စွန့်စားနိုင်ခြင်း၊ အရာရာကိုလမ်းပြဦးဆောင်နိုင်ခြင်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ပေးခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ပါသည်။ ထို့အပြင် အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ စည်းကမ်းစည်းမျဥ်းလိုက်နာခြင်း၊ အမှန်တရားအတွက် လူထုရှေ့ မားမားမတ်မတ် ရပ်တည်ခြင်း၊ အမျိုးဘာသာသာသနာကိုတည်တံ့အောင် စောင့်ရှောက်ခြင်း စသည်တို့နှင့်လည်း ပြည့်စုံသူ' ဖြစ်ပါသည်။ 'အာဇာနည်ဆိုသည်မှာ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ၊ သင့်မသင့် ဟုတ်မဟုတ် မှန်မမှန်ကို ကောင်းစွာသိ၍ ရဲဝံ့စွာဆောင်ရွက်သူ' ဟု မြန်မာအဘိဓါန်တွင် ဖွဲ့ဆိုထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများသည် အထက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ပါသည်။ မိမိအကျိုးကိုမကြည့်နိုင် အများအကျိုးအတွက် အသက်ကိုပင် စွန့်လွှတ်အနစ်နာခံခဲ့သော အာဇာနည်ကြီးများဖြစ်သောကြောင့် လူပင်သေသော်လည်း နာမည်မသေဘဲ ပြည်သူတို့၏ နှလုံးသားတွင် ယနေ့တိုင် စွဲထင်လျက်ရှိနေပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနှင့် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဥ်ကျေးမှု ဓလေ့ထုံးတမ်းစဥ်လာများနှင့် ရပ်တည်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများကြွယ်ဝကာ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ပမာ နယ်ချဲ့ဘီလူးတို့၏ မျက်စိကျခြင်းကိုခံခဲ့ရသည်။ အဂ်လိပ်တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲကာ ၁၈၈၅ ခုနှစ်တွင် သိမ်းပိုက်ခဲ့လေသည်။ လွတ်လပ်ပျော်ရွှင်သာယာခဲ့သော မြန်မာပြည်သူတို့၏ ဘဝမှာ ကျီးလန့်စားစား ဒုက္ခ၊ သောက ပွားများရလေသည်။ သို့သော် မြန်မာတို့သည် ခေသူမဟုတ်။ ရဲရင့်သည့်လူမျိုး၊ အာဇာနည်မျိုး ဖြစ်သဖြင့် ရိုကျိုးနောက်ဆုတ် ဒူးတုပ်ညံ့ခံ မာန်ချသူများတော့ မဟုတ်ပါချေ။ ထို့ကြောင့် တိုင်းရင်းသားများက ရရာလက်နက်စွဲကိုင်ကာ တော်လှန်ပုန်ကန်ခဲ့ကြသည်။ လွတ်လပ်ရေးတိုက်ပွဲကား မုန်တိုင်းသို့ထန်၊ လှိုင်းသို့သန်ခဲ့လေသည်။ သို့ပေမဲ့လည်း လက်နက်အင်အားမမျှတခြင်း၊ စည်းလုံးညီညွတ်မှုနည်းခြင်းတို့ကြောင့် ထိထိရောက်ရောက် မတော်လှန်နိုင်ခဲ့ပေ။

photo content

Lanncien မှာ Pre Ged နဲ့ပတ်သတ်တဲ့ Program တစ်ခုခုဆိုရင်စိတ်ဝင်စားသလား
Anonymous voting

👋 Hello... Hello! ဇူလိုင်လ (၁၂) ရက်နေ့က Lanncien Education မှ ကျင်းပပြုလုပ်ခဲ့သော 🇹🇭 "Study in Thailand" ✨ Online Webinarလေးဟာ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် Webinar လေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်ရှင့်။🥳 🇹🇭 "Study in Thailand" ✨ Online Webinar လေးမှာတော့ Thammasat University (TU) တွင် ပညာသင်ကြားနေသော အစ်ကို Min Thet Htwe နှင့် Mae Fah Luang University (MFU) တွင် ပညာသင်ကြားနေသော အစ်ကို Saw Hsar Kapaw Due တို့က 🇨🇷ထိုင်းနိုင်ငံတွင် ပညာဆက်လက်သင်ယူလိုသူများအတွက် အရေးကြီးတဲ့ အချက်အလက်များ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများနဲ့ အသုံးဝင်တဲ့ အကြံပြုချက်များကို စုံလင်စွာ မျှဝေပေးခဲ့ကြပါတယ်ရှင့်။🎉✨ ထို့ပြင် Q&A Session အစီအစဉ်မှာလည်း တက်ရောက်သူများက မိမိတို့ သိလိုတဲ့ မေးခွန်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းခွင့်ရရှိခဲ့ပြီး အနာဂတ်ပညာရေးလမ်းကြောင်းကို ရွေးချယ်ရာမှာ များစွာအထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ရှင့်။🤗 🎮 ပျော်ရွှင်စရာ Game Session လေးကိုလည်း ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး 📸Group Photo လေး ရိုက်ကူးကာ အမှတ်တရကောင်းများကို အတူဖန်တီးနိုင်ခဲ့ပါတယ်ရှင့်။ 🤍 ယခုလို ထိုင်းနိုင်ငံမှာ ပညာဆက်လက်သင်ယူလိုသူများအတွက် အဖိုးတန်ဗဟုသုတများကို စေတနာအပြည့်ဖြင့် မျှဝေပေးခဲ့ကြသော Guest Speakers ဖြစ်ကြတဲ့ အစ်ကို Mine Thet Htwe နှင့် အစ်ကို Saw Hsar Kapaw Due တို့ကို တက်ရောက်လေ့လာသူများကိုယ်စား နှင့် Lanncien Education အဖွဲ့သူ၊ အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။💝 ဒါ့အပြင် Webinar လေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Media Partnership အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးပေးခဲ့ကြပါသော............. 📌" Rotaract Club of Shwe Bangkok" organization 📚 "Black and White" organization 🌱 "Yatwoon Nonprofit Organization" 📖" Infinity Knowledge Hub School" organization တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်ရှင့်။💛 လူငယ်များအတွက် အကျိုးရှိသော ပညာရေးအစီအစဉ်တစ်ရပ်ကို အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက်လည်း များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်ရှင့်🎉✨ Webinar လေးကို အချိန်ပေးပြီး ပါဝင်လေ့လာပေးခဲ့ကြတဲ့ တက်ရောက်သူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်ရှင့်။🫶🏻 ယခုအစီအစဉ်ကနေ ထိုင်းနိုင်ငံမှာ ပညာဆက်လက်သင်ယူဖို့ လိုအပ်တဲ့ ဗဟုသုတများ၊ အတွေ့အကြုံများနဲ့ အခွင့်အလမ်းအသစ်များကို ရရှိသွားမယ်လို့ ယုံကြည်ပါတယ်ရှင့်။🤗✨ Lanncien Education အနေဖြင့်လည်း ရှေ့ဆက်ပြီး လူငယ်များအတွက် တန်ဖိုးရှိတဲ့ပညာရေးဆိုင်ရာ Content များ၊ Webinar များနှင့် အကျိုးရှိတဲ့ အစီအစဉ်များကို ဆက်လက်ဖန်တီးပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပြီး အားပေးဝန်းရံပေးကြပါဦးရှင့်။ 💙✨ #Study_in_Thailand_online_webinar #Media_Partnership #Lanncien_Education #Content_by_Yamin

photo content
+5

✨Partnership Announcement✨ Hello👋🏻စာဖတ်သူလေးတို့ရေ....Lanncien Education မှ ပညာသင်ဆု( scholarship)နဲ့🇨🇷ထိုင်းနိုင်ငံမှာ အခမဲ့‌ ကျောင်းတက်ချင်သူလေးတွေအတွက်  ထိုင်းနိုင်ငံရဲ့🏫 ထိပ်တန်းတက္ကသိုလ်ကြီးများအကြောင်းများနှင့် နိုင်ငံတကာအဆင့်မီ ပညာရေးနဲ့ ✨အနာဂတ်အခွင့်အလမ်းတွေအကြောင်း တစ်နေရာတည်းမှာ အသေးစိတ် အခမဲ့လေ့လာခွင့်ရအောင် ကျင်းပပြုလုပ်မယ့် "Study in Thailand "Webinar လေးမှာ Media Partnership အနေနဲ့ ကူညီပါဝင်အားဖြည့်ထားတဲ့ Organization လေးတွေကို ဖော်ပြပေးလိုက်ပါရစေရှင့်....... 🎊 ကျွန်မတို့ Lanncien Education မှ ကျင်းပပြုလုပ်ပေးမယ့် "Study in Thailand" Webinar လေးကို 🇨🇷ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တွင် အခြေစိုက်ဖွဲ့စည်းထားတဲ့ လူငယ်တွေရဲ့ Leadership, professional Development, Community Service, ငွေကြေးမတတ်နိုင်သည့် ကလေးငယ်များအား လှူဒါန်းခြင်း၊ Environmental  projectများစသည့် လူမှုအကျိုးပြုလုပ်ငန်းများအား အစွမ်းကုန်ကြိုးစား‌လုပ်ဆောင်နေသည့် ပထမဆုံး မြန်မာClubဖြစ်တဲ့ "Rotaract Club of Shwe Bangkok" Organization  📚ဗဟုသုတကြွယ်ဝစေဖို့ စာဖတ်အားကို မြှင့်တင်ပေးဖို့ရာ ဖုန်းတစ်လုံး၊ internet ရှိနေယုံဖြင့် စာဖတ်နိုင်စေဖို့ အဓိကရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့Digital Libraryတစ်ခုဖြစ်တဲ့  "Black and White" Organization 🌱မြန်မာနိုင်ငံမှလူငယ်များကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို စိတ်ဝင်စားလာစေရန်နှင့် လူငယ်များ ကိုယ်ပိုင်အရည်အချင်းနှင့် (Personal Growth)ဖွံ့ဖြိုးတိုးတက်လာစေဖို့ရာပံ့ပိုးကူညီပေးနေသည့် လူငယ်ဦးဆောင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများနှင့် တက်ကြွဖျက်လတ်သည့် လူငယ်များအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ရှိနေစေရန် Visionထားသည့် "Yatwoon" non-profit organization နှင့် ♾️📖 ဘာသာစကားအမျိုးမျိုးနှင့် ပညာရပ်အမျိုးမျိုးကို သင်ယူချင်သူများအနေဖြင့် တစ်နေရာတည်းမှာ  အသက်သာဆုံးဈေးနှုန်းလေးများဖြင့်တက်ရောက်နိုင်သည့် အတန်းလေးများအပြင် ပညာဒါနတန်းလေးများကို သင်ယူနိုင်စေရန် သင်တန်းများစွာ ဖွင့်လှစ်ပေးလေ့ရှိသည့် "Infinity Knowledge Hub School"စသည့်လူထုအကျိုးပြု Organization လေးခုတို့မှ ပါဝင်အားဖြည့်ကူညီပေးထားပါတယ်ရှင့်။🤍✨ ကျွန်မတို့ Lanncien Education မှ ကျင်းပပြုလုပ်မည့် "Study in Thailand" Webinar လေးကို ယခုလို စွမ်းဆောင်ရည်မြင့်မားတဲ့ အဖွဲ့အစည်းလေးခုနှင့် အတူလက်တွဲခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြလိုပါတယ်ရှင့်။💛✨ ပညာသင်ဆုအခွင့်အလမ်းများ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များအကြောင်း၊ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်နှင့် အနာဂတ်ပညာရေးလမ်းကြောင်းများကို စိတ်ဝင်စားသူ လူငယ်လေးများအတွက် အသုံးဝင်သော အတွေ့အကြုံနှင့် ဗဟုသုတများစွာ ရရှိနိုင်မည့် Webinar လေးဖြစ်တာကြောင့်🧐 စိတ်ဝင်စားသူလူငယ်တွေအနေနဲ့ ဒီအခွင့်အရေးကောင်းကြီးကို 💯လက်လွတ်မခံသင့်ပါဘူးနော်။ Webinar အကြောင်းအသေးစိတ် သိရှိလိုပါကလည်း ဖော်ပြပါ 👇 https://www.facebook.com/share/p/1Bhq37sosx/ လေးမှတဆင့် Main postလေးတွင် သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင့်။ အောက်ပါ Form  Link မှ အခမဲ့ Register လုပ်ပြီးလည်း နေရာဦးထားလိုက်ရအောင်နော်🤗 👉 Register Here: https://docs.google.com/forms/d/e/1FAIpQLSfgUwpi-xk6gsHINNX6HwTr8HzjyLs643dAQIgoEHxYu3tCJA/viewform?usp=header 🗓 Date: 12 July 2026 (Sunday) ⏰ Time: 6:30 PM (Myanmar Time) / 7:00 PM (Thai Time) 📍 Platform: Zoom Online Meeting (လင့်ခ်ကို Register လုပ်ပြီးသူများထံ ပေးပို့ပေးပါမည်။) #Study_In_Thailand_Webinar  #Lanncien_Education #Media_Partnership  #Rotaract_Club_of_ShweBangkok #Black_White #Yat_woon #Infinity_Knowedge_Hub #Content_by_Yamin ✨See you all at our "Study in Thailand" Webinar 🇹🇭📚

photo content

"ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ TU နဲ့ MFU က ကျောင်းသားအစ်ကိုနှစ်ယောက်ရဲ့ Experience တွေကို တစ်နေရာတည်း၊ တစ်ထိုင်တည်းမှာတင် သိခွင့်ရမဲ့ free Webinar"💡 ဒီတစ်ခေါက်မှာတော့ Guest Speaker နှစ်ယောက်အကြောင်း မိတ်ဆက်ပေးလိုက်ပြီနော်။ •••••••••••••••••••••••••••••• Full Scholarship ရှင်တစ်ဦးဖြစ်အောင် ဘယ်လိုပြင်ဆင်ခဲ့လဲဆိုတဲ့ လျှို့ဝှက်ချက်ကိုသိချင်ကြလား?🚀 ဒီအဖြေကို ကျွန်တော်တို့ရဲ့ Free Webinar မှာ အကိုမင်းသက်ထွေးက sharing လုပ်သွားပေးမှာနော်။ Name: Min Thet Htwe 🏫ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Thammasat University (Rangsit Campus) ရဲ့ Engineering ကျောင်း (TSE) မှာ Civil Engineering and Real Estate Development မေဂျာနဲ့ လာမဲ့ August မှာ Final Year (4th Year) တက်ရောက်တော့မှာဖြစ်ပါတယ်။ Full Scholarship + Monthly Stipend(5000 Baths) နဲ့ တက်ရောက်နေတဲ့ ထူးချွန်ထက်မြက်သူတစ်ဦးလည်းဖြစ်ပါတယ်နော်။ လက်ရှိမှာလည်း BL Harbert International Company ရဲ့ US Embassy Project မှာ အလုပ်သင် (Intern) ဆင်းနေပါတယ်နော်။ Rotaract Club of Shwe Bangkok ရဲ့ Charter Member အဖြစ်လည်း ပါဝင်ဆောင်ရွက်နေသူတစ်ဦးပေါ့ဗျာ။🎗️🌟 ____ ကယ်ကယ်! MFU မှာတက်နေတဲ့ နောက်အကိုတစ်ယောက်ဆီ ဆက်ကြရအောင်နော်! ထိုင်းနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အလှပဆုံးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ Study Abroad Experience တွေကို မျှဝေပေးမယ်ဆိုရင်ရော စိတ်ဝင်စားကြတယ်ဟုတ်။🌐✨ ဒါဆိုရင် အကို Saw Hsar Kapaw Dueကို သိဖို့လိုနေပြီပေါ့။ Name: Saw Hsar Kapaw Due 🌿ဒီအစ်ကိုကတော့ထိုင်းနိုင်ငံရဲ့ ရှုခင်းအလှဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Mae Fah Luang University (MFU) မှာ B.Sc. Occupational Health and Safety မေဂျာနဲ့ Final Year (4th Year) တက်ရောက်နေတဲ့ ကျောင်းသားလူငယ်တစ်ဦး ဖြစ်ပါတယ်။ နောက်ပြီး Valuverse Global Limited ရဲ့ Co-founder တစ်ဦးလည်းဖြစ်ပါတယ်နော်။⭐️🎗️ ____ 🔮ဒီ Webinar မှာ အကို Min Thet Htwe နဲ့ အကို Saw Hsar Kapaw Due တို့က Thammasat University နဲ့ Mae Fah Luang University နဲ့ပတ်သက်ပြီး •••••• 👉 ကျောင်းဝင်ခွင့် လိုအပ်ချက်များ (Requirements & Application) 👉 ကျောင်းလခ၊ ပညာသင်ဆုနဲ့ ကုန်ကျစရိတ်များ (Scholarship & Budget) 👉 ကျောင်းဝန်းအတွင်း နေထိုင်မှုဘဝ (Dormitory, Campus & Life Style) 👉 ဗီဇာလျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် (Visa Process & Registration) စတဲ့ အရေးကြီးအချက်အလက်တွေကို စုံစုံလင်လင် ဆွေးနွေးပေးသွားမှာမို့ အခုပဲ စာရင်းပေးသွင်းပြီး အရောက်လှမ်းခဲ့ကြပါနော်။🎯 📩 တက်ရောက်မယ်ဆိုရင်တော့ စာရင်းပေးသွင်းရပါမယ်နော်။ အောက်က Link ကနေ Register လုပ်ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စတင်လိုက်ပါနော်!👇 https://docs.google.com/forms/d/e/1FAIpQLSfgUwpi-xk6gsHINNX6HwTr8HzjyLs643dAQIgoEHxYu3tCJA/viewform?usp=header #StudyInThailand #ThammasatUniversity #MaeFahLuangUniversity #EducationWebinar #LanncienEducation

photo content

👋 Hello! Hello! “ထိုင်းနိုင်ငံမှာ ပညာသင်ယူဖို့ စိတ်ကူးရှိနေသူတွေအတွက် အစီအစဉ်ကောင်းတစ်ခု ရောက်ရှိလို့လာပါပြီ” 🇹🇭 ထိုင်းနိုင်ငံမှာ ပညာသင်ချင်ပေမဲ့ ဘယ်တက္ကသိုလ်က ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား? 🤔 ဒါဆို ဒီအခွင့်အရေးက သင့်အတွက်ပါပဲနော်! ဒီတစ်ခါမှာလည်း “Lanncien Education” က ဦးဆောင်ပြီး ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီး (၂) ခုမှာ တက်ရောက်နေတဲ့ Guest Speakers တွေကို ဖိတ်ခေါ်ထားပြီး Audience တွေသိချင်သမျှကို အသေးစိတ် Sharing လုပ်ပေးသွားမယ့် "Study in Thailand" Webinar ကို မကြာခင် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်နော်။✨ 🔮 ဒီ Webinar လေးမှာ ဘယ်တက္ကသိုလ်တွေအကြောင်း သိရမလဲဆိုတော့ - 🏛 Thammasat University (TU) (ထမ္မစတ် တက္ကသိုလ်): နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ လူမှုရေးသိပ္ပံနှင့် စီးပွားရေး Major တွေနဲ့ ထင်ရှားကျော်ကြားပြီး ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်တွေ၊ ထိပ်တန်းပညာတတ်တွေ မွေးထုတ်ပေးရာ သမိုင်းဝင် ဂုဏ်သတင်းကြီးမားလှတဲ့ တက္ကသိုလ်တစ်ခုပါဗျ။ 🌲 Mae Fah Luang University (MFU) (မဲဖာလုံ တက္ကသိုလ်): ချင်းရိုင် (Chiang Rai) မြို့မှာရှိပြီး မြန်မာကျောင်းသားအများစု အားထားတက်ရောက်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ အလှပဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ စိမ်းလန်းစိုပြေတဲ့ Campus ကြီးရှိတဲ့အပြင် သင်ရိုးညွှန်းတမ်းအားလုံးကို အရည်အသွေးမြင့် English Programs တွေနဲ့ပဲ သင်ကြားပေးတာဖြစ်လို့ နိုင်ငံတကာအဆင့်မီ Facilities တွေအပြည့်နဲ့ ပညာသင်ယူလိုသူတွေအတွက် အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်ဗျ။ >> ဒီUniversity နှစ်ခုအကြောင်းကို အသေးစိတ် Sharing လုပ်ပေးသွားမှာမို့ လုံးဝ လက်လွတ်မခံနဲ့တော့နော်။✨ 💡 Guest Speakers တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ June 27 မှာ အသေးစိတ် မိတ်ဆက်ပေးသွားမှာမို့ Page ကို မလွတ်တမ်း စောင့်ကြည့်ပေးကြပါဦးနော်! 📅 Webinar Details Date: July 12, 2026 (Sunday) Time: 6:30 PM (Myanmar Time) 7:00 PM (Thailand Time) Platform: Zoom (Online) 📩 တက်ရောက်မယ်ဆိုရင်တော့ စာရင်းပေးသွင်းရပါမယ်နော်။ အောက်က Link ကနေ Register လုပ်ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စတင်လိုက်ပါနော်!👇 https://docs.google.com/forms/d/e/1FAIpQLSfgUwpi-xk6gsHINNX6HwTr8HzjyLs643dAQIgoEHxYu3tCJA/viewform?usp=header #StudyInThailand #ThammasatUniversity #MaeFahLuangUniversity #EducationWebinar #LanncienEducation

photo content

🌧️ မိုးရေစက်တွေကြားမှာ အလှချင်းပြိုင်မယ့် "မြန်မာ့မိုးရာသီပန်းလေးများ" 🌸 စာဖတ်သူလေးတို့ရေ... ✨ “မိုးအေးအေးလေးနဲ့ အိပ်လိုက်ရင် အိပ်မက်မက်လို့ သိပ်ကောင်းတဲ့ မိုးရာသီပဲ” လို့ တွေးတတ်ကြတယ်ဟုတ်။ တကယ်တော့ မိုးရာသီဟာ သဘာဝတရားကြီးကို ပိုမိုစိမ်းလန်းစိုပြေစေပြီး မျက်စိပသာဒဖြစ်စရာကောင်းတဲ့ ပန်းပွင့်လေးတွေ ဖူးပွင့်လာတဲ့ ရာသီလေးလည်း ဖြစ်ပါတယ်ဗျ။ ဒီနေ့မှာတော့ မိုးရေစက်လေးတွေရဲ့ အထိအတွေ့နဲ့အတူ အပြိုင်အဆိုင် ပွင့်လန်းလာကြမယ့် မိုးရာသီပန်းလေးအချို့အကြောင်းကို မျှဝေပေးချင်ပါတယ်။ မိုးတွင်းကာလအလိုက် ပွင့်တတ်တဲ့ လရာသီပန်းလေးတွေအပြင် မိုးရာသီမှာ ဝေဝေဆာဆာနဲ့ အလှချင်းပြိုင်တတ်ကြတဲ့ တခြားပန်းလေးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ⬇️ •••••••••••••••••••••••••••••• 📅 မိုးရာသီပန်းလေးများ ဝါဆိုလ (ဇွန်/ဇူလိုင်) ➡️ ပုန်းညက်ပန်း🌸 ဝါဆိုပွဲတော်ကိုယ်စားပြုတဲ့ ရိုးရာပန်းလေးဖြစ်ပြီး အဝါရောင်ဝတ်ဆံလေးတွေနဲ့ ဖြူဝါဝါ ပွင့်ဖတ်လေးတွေက မိုးရနံ့နဲ့အတူ သင်းပျံ့နေတတ်ပါတယ်။ ဝါခေါင်လ (ဇူလိုင်/ဩဂုတ်) ➡️ ခတ္တာပန်း🌸 စာရေးတံမဲပွဲတော်ရာသီမှာ ဖူးပွင့်လေ့ရှိပြီး ဖြူစင်တဲ့အသွင်သဏ္ဌာန်နဲ့ ထူးခြားတဲ့ ရနံ့ရှိပါတယ်။ တော်သလင်းလ (ဩဂုတ်/စက်တင်ဘာ) ➡️ ရင်းမာပန်း🌸 လှေပြိုင်ပွဲကျင်းပချိန်မှာ ပွင့်တတ်ကြပြီး မိုးနှောင်းပိုင်းကာလမှာ ဝေဝေဆာဆာ ဖူးပွင့်တတ်ပါတယ်။ သီတင်းကျွတ်လ (စက်တင်ဘာ/အောက်တိုဘာ) ➡️ ကြာမျိုးငါးပါး🌸 မိုးအကုန် တန်ဆောင်မုန်းအကူး မီးထွန်းပွဲတော်ဆင်နွှဲချိန် ရေပြင်ထက်မှာ လှလှပပ ဖူးပွင့်တတ်ကြတဲ့ ပန်းဖြစ်ပါတယ်။ •••••••••••••••••••••••••••••• 🌿 မိုးတွင်းမှာ အရောင်စုံလင်စွာ ပွင့်တတ်တဲ့ အခြားပန်းလေးများ စံပယ်နဲ့ မြတ်လေး 🤍 မိုးဦးကျပြီဆိုတာနဲ့ ညနေချမ်းတွေမှာ သင်းပျံ့တဲ့ရနံ့ကို ဆောင်ကြဉ်းပေးတာကတော့ စံပယ်ပန်းနဲ့ မြတ်လေးပန်းလေးတွေပဲ ဖြစ်ပါတယ်။ မိုးရေစိုစိုလေးနဲ့ အဖြူရောင်ပွင့်ဖတ်လေးတွေကို ဘုရားပန်းကပ်လှူနိုင်သလို၊ ရှုမိလိုက်သူတိုင်းလည်း စိတ်ကြည်နူးစေတာတော့ အမှန်ပါပဲ။ နှင်းဆီပန်း 🌹 သဘာဝမိုးရေကြောင့် အပွင့်ကော အရွက်ပါ အရောင်အသွေး ပိုမိုတောက်ပပြီး ကြည့်လို့အလွန် ကောင်းစေမှာပါဗျ။ ပိန်းပန်း 🩷 (Anthurium) စိုစွတ်တဲ့ ရာသီဥတုကို သဘောကျပြီး ဖယောင်းသားလို ပြောင်ချောတဲ့ ရောင်စုံပွင့်ချပ်တွေနဲ့ ခေတ်ဆန်ဆန် လှပနေစေမှာပဲ ဖြစ်ပါတယ်နော်။ •••••••••••••••••••••••••••••• 🌧️ မိုးရာသီရဲ့ အုံ့မှိုင်းမှုကို ဒီလို လှပပြီး ရနံ့သင်းတဲ့ ပန်းလေးတွေ ကြည့်ရှုရင်း စိတ်အပန်းဖြေလိုက်ကြရအောင်ဗျာ။ ✨ စာဖတ်သူလေးတို့ဝန်းကျင်က ပန်းချစ်သူ သူငယ်ချင်းတွေပါ မိုးရာသီပန်းလေးတွေအကြောင်း ဖတ်ပြီး စိတ်ကြည်နူးသွားရအောင် ဒီ Post လေးကို Share ပြီး မျှဝေပေးခဲ့ဦးနော်။ 🥰 #General_Knowledge #Content_by_Thaw_tar #Lanncien_Education

photo content

"သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်စို့" 📢အားလုံးဘဲမင်္ဂလာပါ📢 ဒီနေ့မှာကတော့သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သတ်ပြီးကြိုတင်ကာကွယ်ရမဲ့အချက်တွေနဲ့သိထားသင့်တဲ့အချက်တွေကိုပြောပြပေးမှာမလို့ ကိုယ်တိုင်ရောချစ်ရတဲ့သူတွေကိုရောကာကွယ်ပေးနိုင်အောင်သေချာလေးအဆုံးထိဖတ်သွားလိုက်တော့နော်🫵 ⚠️ အခုလိုမိုးရာသီမှာ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကိုသေချာလေးသတိထားကြရပါမယ်။ မိုးဖွဲဖွဲလေးတွေ ရွာလာပြီဆိုရင် အေးမြပြီး စိတ်ကြည်နူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ "ဗျိုင်းခြင်" တွေ ပေါက်ပွားဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်နေမကောင်းမဖြစ်ရအောင် ဒီအချက် (၃) ချက်ကို အတူတူ သတိထားကြရအောင်- 📌၁။ ခြင်အိမ်ဆောက်မယ့်နေရာတွေကို အမြစ်ဖြတ်ပါ (ဖုံး၊ သွန်၊ လဲ၊ စစ်) ဘုရားပန်းအိုး၊ ရေခဲသေတ္တာအောက်ခံခွက်တွေထဲက ရေကို တစ်ပတ်တစ်ကြိမ် မပျက်မကွက် လဲလှယ်ပါ။ အိမ်ဘေးက ရေတင်ကျန်နိုင်တဲ့ စွန့်ပစ်ဗူးခွံ၊ တာယာဟောင်းတွေကို ရေမဝပ်အောင် မှောက်ထားပါ။ ရေစည်၊ ရေအိုးတွေကို အဖုံးသေချာဖုံးပါ။ 📌၂။ ခြင်မကိုက်အောင် အမြဲကာကွယ်ပါ ဗျိုင်းခြင်က "နေ့ဘက်" မှာ ပိုကိုက်တတ်တာမလို့ ကလေးတွေကို နေ့ဘက်အိပ်ရင်လည်း ခြင်ထောင်နဲ့ အိပ်ခိုင်းပါ။ အိမ်ထဲကို အလင်းရောင် ကောင်းကောင်းဝင်အောင် လုပ်ထားပြီး ခြင်ခိုအောင်းနိုင်တဲ့ အဝတ်တန်းတွေကို ရှင်းလင်းထားပါ။ 📌၃။ မပေါ့ဆပါနဲ့ အဖျား အရမ်းကြီးတာ၊ အော့အန်တာ၊ အရေပြားမှာ အနီစက်လေးတွေ ထွက်လာတာမျိုးရှိရင် မိမိသဘောနဲ့မိမိ အဖျားကျဆေး (အကိုက်အခဲပျောက်ဆေး) တွေ ဇွတ်မတိုက်/မသောက်ပါနဲ့။ နီးစပ်ရာဆေးရုံ၊ဆေးခန်းမှာ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ "သွေးလွန်တုပ်ကွေးဆိုတာ ကြိုတင်ကာကွယ်ရင် ရာနှုန်းပြည့် စိတ်ချရတဲ့ ရောဂါမလို့အိမ်ကနေပဲ အတူတူ စတင်ကာကွယ်လိုက်ကြရအောင်။" 🫶 #သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်စို့ #Content_by_Shoon #Lanncien_Education

photo content

✨အခုနောက်ပိုင်း လူငယ်တွေကြားထဲ ထိုင်းနိုင်ငံမှာ ပညာသွားသင်ဖို့က တော်တော်လေး ရေပန်းစားလာတယ်နော်။ 🇹🇭✈️ တကယ်လို့ ထိုင်းနိုင်ငံ
✨အခုနောက်ပိုင်း လူငယ်တွေကြားထဲ ထိုင်းနိုင်ငံမှာ ပညာသွားသင်ဖို့က တော်တော်လေး ရေပန်းစားလာတယ်နော်။ 🇹🇭✈️ တကယ်လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ခွင့်ရမယ်ဆိုရင် သူငယ်ချင်းတို့ကကော ဘယ်တက္ကသိုလ်ကို အရင်ဆုံး ရွေးချယ်ချင်ကြလဲ? 🤔 ဘယ်ကျောင်းက ကိုယ့်ရဲ့ စိတ်ကူးထဲကကျောင်း ဖြစ်မလဲဆိုတာ Comment မှာ အဖြေပေးခဲ့ပါဦး! 💭👇