cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ရဲဝံ့စွန့်စား ပြည်ချစ်သား

တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။ ဒီ Channel ကနေ သင်တို့အား ကြိုဆိုပါတယ်။

Show more
Advertising posts
19 926
Subscribers
+524 hours
+547 days
+41430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
၁-၇-၂၀၂၄ ရက်မှ ၁၀-၇-၂၀၂၄ ရက်ထိ ၁၀ ရက်တာကာလအတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း ♦♦♦♦♦♦♦♦♦♦♦♦ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် ရန်သူထိခိုက်ဆုံးရှုံးမှု များပြားသော်လည်း အလောင်း၊ လက်နက် ဓာတ်ပုံမှတ်တမ်းများ မရရှိသည့်ဖြစ်စဥ်များအတွက် အထက်ပါဇယားတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ #တိုက်ပွဲသတင်းစုံ
Show all...
👍 39🥴 1
ဖြစ်စဉ်က TNLA နဲ့ MNDAA စုဖွဲ့ထားတဲ့ သိန္ဓီ က အထက ကျောင်းလို့ သိရတယ်။ ကိုယ်နဲ့ အဆက်အသွယ်ရှိတဲ့ သူတွေ ပြောနေတဲ့ စကားတွေထဲမှာလည်း TNLA ဟာ သူတို့သိမ်းပိုက်ထားတဲ့ မြို့ရဲ့ ပြည်သူ့အစိုးရ ဆေးရုံတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးကုသပေးနေသလို မြို့နယ်ထွေအုပ်နဲ့ ရဲစခန်း၊ တပ်စခန်းနေရာတွေမှာ စုဖွဲ့ နေထိုင်ကြတယ်ဆိုတာ သိရတယ်။ TNLA စတင်ခဲ့တဲ့ လက်ရှိ စစ်ပွဲအခြေအနေကြောင့် လူမျိုးစုံ နေထိုင်တဲ့ လားရှိုးမြို့ကလည်း အတော်လေး ပျက်စီးမှုများလာတာ တွေ့မြင်နေရတယ်။ ပလောင်မှာ ရှိတဲ့ လူအင်အားအရ ဒီလောက် စစ်ဘောင်ကျယ်အောင်ချဲ့ဖို့ ဆိုတာ ဘယ်လို မှမဖြစ်နိုင်တာ တွေ့ရတယ်။ ဒါ့ကြောင့် ရှမ်းမြောက်မှာ ရှိတဲ့ ပြည်သူတွေကို မေတ္တာ ရပ်ခံလိုတာက အကြမ်းဖက် သောင်းကျန်းသူတွေ စုဖွဲ့နေထိုင်တဲ့ နေရာကို အတိအကျ သိရင် သတင်းပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။ ဒီလို သတင်းပေးမှုတွေ ရှိမှသာ ခုဓာတ်ပုံမှာ မြင်တွေ့ရသလို လေကြောင်းနဲ့ သုတ်သင်ရှင်းလင်းနိုင်မှာ ဖြစ်တယ်။ (နရီမိုး)
Show all...
👍 49 6👏 2
Photo unavailableShow in Telegram
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပြီ...
Show all...
👍 33 5🤣 1
ဇူလိုင် ၁၁ ရက်၊ နေ့လည်ပိုင်း ၃ နာရီခန့် သံတွဲမြို့အနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲဖြစ်စဥ်မှ မှတ်တမ်းဓာတ်ပုံများ
Show all...
👍 40👏 1
ဇူလိုင် ၁၁ ရက်၊ နံနက် ၁၁ နာရီခန့် သံတွဲမြို့အနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲဖြစ်စဥ်မှ မှတ်တမ်းဓာတ်ပုံများ
Show all...
👍 40👏 2
သံတွဲမြို့အနီး တိုက်ပွဲများတွင် AA အဖွဲ့အထိနာ ======================================= ဇူလိုင် ၁၁ ရက်နေ့က သံတွဲမြို့အနီး နယ်မြေရှင်းလင်းနေသော လုံခြုံရေးစစ်ကြောင်း ၂ ခုနှင့် AA အကဖ သကသ များ အင်အား ၃၀ ခန့်နှင့် ၂ ကြိမ်၊ အင်အား ၄၀ ခန့်နှင့် ၂ ကြိမ်၊ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် AA သကသများ အထိနာစွာဖြင့် အလောင်းလက်နက်များ သယ်ဆောင် ဆုတ်ခွာသွားခဲ့။ ထိတွေ့တိုက်ပွဲ ဖြစ်စဥ် ၄ ခုအနက်မနက် ၁၁ နာရီခန့်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်၎င်းတို့ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ရသဖြင့် မသယ်ဆောင်နိူင်ဘဲ ကျန်ရှိခဲ့သည့် အလောင်းလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့- -AA ၅ လောင်း - လက်နက် ၆ လက် - ကျည်အိမ် ၁၅ ခု - ကျည်မျိုးစုံ ၃၉၀ တောင့် - ဗုံးသီးမျိုးစုံ ၉ လုံး -လက်ပစ်ဗုံး ၃ လုံး -ကျည်ကာဦးထုပ် ၃ လုံး -AA ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။ နေ့လည် ၃ နာရီ ခန့်တွင် ဖြစ်ပွားခဲ့သည့်တိူက်ပွဲတွင်လည်း မသယ်ဆောင်နိူင်ဘဲ ကျန်ရစ်ခဲ့သည့် အလောင်းလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့- -AA ၁လောင်း -အမ်(၂၂) ၁လက် -ကျည်အိမ် ၅ ခု - ဗုံးသီး ၇ လုံး - လက်ပစ်ဗုံး ၇ လုံး - ကျည်မျိုးစုံ ၆၁၁ တောင့် သိမ်းဆည်းရမိခဲ့။ ဖြစ်စဥ်များတွင် မိမိဘက်မှ စစ်သည် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။ #တိုက်ပွဲသတင်းစုံ
Show all...
👍 39😁 1
တိုက်ပွဲသတင်း(ဖားဆောင်း) ===================== ဇူလိုင် ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ဖားဆောင်းရှိ နယ်မြေခံတပ်ရင်းကို KNPP/ KNDF များမှ Drone များ၊ ရှော့တိုက်ဒုံးများဖြင့် မကြာခဏ ပစ်ခတ် တိုက်ခိုက်လျက်ရှိရာမှ ဇူလိုင် လ ၁၁ ရက်နေ့ မနက် ၅ နာရီခွဲခန့် တွင်နယ်မြေခံတပ်ရင်းဌာနချုပ်ကို KNDF မှ အကြမ်းဖက်သမား မာဝီ ဦးစီး အင်အား ၃၀၀ ခန့်မှ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်လာခဲ့။ ရင်းဌာနချုပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရန်သူဝင်ရောက်တိုက်ခိုက်လာသည့် လမ်းကြောင်းများအား ရဲဝံ့စွန့်စားစွာဖြင့် အဆင့်ဆင့် ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့ပြီး ထိ​ရောက်သည့်လေကြောင်းပစ်ကူများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် အလဲအကွဲ ဆုတ်ခွာထွက်ပြေးသွားခဲ့။ မျက်မြင်တွေ့ရှိချက်များအရ ထိခိုက်ဒဏ်ရာ ရရှိသူများ ၊ သေဆုံးအလောင်းများအား ပြန်လည်သယ်ဆောင်ပြီး ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီးနောက် ရန်သူဝင်ရောက်တိုက်ခိုက်လာသည့် လမ်းကြောင်းများအား လိုက်လံရှင်းလင်းခဲ့ရာ.. ဇူလိုင်လ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်အထိ ရန်သူ့အလောင်း ၆ လောင်း၊ လက်နက် ၈ လက်၊ drone အပျက် တစ်စီး သိမ်းဆည်းရမိခဲ့။ မိမိဘက်မှ စစ်သည် ကျ ၁၊ ဒဏ်ရာရ ၆ ၊ မှီခို ဒဏ်ရာရ ၁ ဦးရှိ။ #ဓာတ်ပုံများရရှိပါက ထပ်မံတင်ပေးသွားပါမည်။ #တိုက်ပွဲသတင်းစုံ
Show all...
👍 53
12-7-2024 ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်တွင် ပြည်သူအားသတ်ဖြတ်ရန်လာသည့် အကြမ်းဖက်သမားကို လခရ အဖွဲ့များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ - အကြမ်းဖက် PDF ၁ လောင်း - ပစ္စတိုသေနတ် ၁ လက် - ကျည်အိမ် ၁ ခု - ကျည် ၅ တောင့် - ဆိုင်ကယ် ၁ စီး - ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိ​။ မှိုင်းဝေ
Show all...
👍 46👏 5 1
☯️ ကြောက်စရာတော့ အကောင်းသားပဲ ရုရှားမဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးကို ယူကရိမ်းဆီ ခိုးလာခဲ့ဖို့ လေယာဉ်မှုးကို ဒေါ်လာ (၂) သန်းနဲ့ ယူကရိမ်းထောက်လှမ်းရေးက လျှို့ဝှက်ညှိနှိုင်းခဲ့တယ်၊ လေယာဉ်မှုးက သစ္စာရှိရှိ အထက်ကိုသတင်းပို့ပြီး FSB တန်ပြန်က ကိုင်တွယ်ပြီး၊ သူတို့ခေါ်တဲ့ဆီသွား၊ ပြီးမှ ဗုံးကြဲပြီး ပြန်ထွက်ခဲ့တော့ ယူကရိမ်းထလရ အရှက်ကွဲကျန်ခဲ့တယ်၊ လာပြန်ပြီနောက်တခု... ရုရှားရဲ့တစီးထဲသောလေယာဉ်တင် သင်္ဘောကြီးကို ဖျက်ဆီးပစ်ဖို့နဲ့ ထိတ်တန်းအရာရှိကြီးတွေကို သတ်ဖြတ်ဖို့ ယူကရိမ်းဖက်ကကြံစည်ခဲ့တာကိုလဲ ရုရှားထောက်လှမ်းရေး FSB ကဖေါ်ထုတ်လိုက်နိုင်ခဲ့ပြန်တယ်၊ သံချောင်းတို့ ကံကောင်းသွားတယ်ပေါ့ ဖရဲသီးတွေကို ဖယ်နိုင်တာ ပူတင်အတွက် အတော်တပန်းသာသွားတယ်၊ ☯️ Crd. Nay Zin Latt .
Show all...
👍 71👏 1
Photo unavailableShow in Telegram
ထိုင်း-မြန်မာ ကုန်သွယ်မှုပုံစံသစ်အဖြစ် ရေကြောင်းမှကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်ခြင်းစတင် ==================================================== ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ • နယ်စပ်ကုန်သွယ်ရေး ပုံစံအသစ်စနစ်အသစ်ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းသို့ ကွန်တိန် နာ သင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင်လ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဆိုက်ကပ်ခဲ့ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်… တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းနေသော်လည်း ပင်လယ်ရေကြောင်းလမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်.. #ခင်ညိုချော #ကုန်သွယ်ရေး
Show all...
👍 56 6
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.