cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Pyay News

News Store

Show more
Advertising posts
2 088
Subscribers
+124 hours
+157 days
+2830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မတူပီဘက်က ချင်း PDF တွေ အချင်းချင်းဆဲနေကြတာ .. - CAN နဲ့ပေါင်းထားတဲ့ CDF(2) က AA နဲ့ပေါင်းတဲ့အဖွဲ့ကို ချင်းပြည်နယ်ထဲ ရခိုင် AA တွေကို ခေါ်လာလို့ ချင်းတွေရဲ့ မြို့ရွာတွေပျက်တယ်၊ ချင်းလူမျိုးတွေ အနိုင်ကျင့်ခံနေရတယ်ဆိုပြီး ဆဲတယ်။ သူ့ရဲဘော်ကို ဖမ်းလို့ ပြန်တိုက်တယ်လို့ ဆိုတယ်။ - တစ်ဖက်ကလည်း နယ်မြေကျော်လာလို့ ဖမ်းတာ၊ CDF(2)က ချင်းတွေက စစ်တပ်နဲ့ ကြိတ်ပြီး ပူးပေါင်းနေတယ်လို့ ပြန်ပြောတယ်။ - ဒါက အချင်းချင်းပြောရင်း ပေါ်လာတဲ့ကိစ္စတွေပဲ။ CDF တမဟ(၁) . ချင်းညီနောင်အကြမ်းဖက်အဖွဲ့က AA နဲ့ပူးပေါင်းတယ်ဆိုတာ အရင်ကတည်းက သိပြီးသား။ ဒါပေမယ့် Chinland Council အဖွဲ့ထဲက CDF တမဟ(၂)က စစ်တပ်နဲ့ပေါင်းတယ်ဆိုရင် သိုသိုသိပ်သိပ်လုပ်သင့်တယ်။ အခုတော့ တစ်ဖက်ရန်သူက အကုန် ဖော်တော့မယ်။ 🙄 KT
Show all...
❝မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းမိ❞  𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟐〕 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား ၄ ဦးအား လက်နက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစကားပြောစက်များ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန်များနှင့်အတူ ဇွန်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာခမ်း(ဘ)ဦးအိုက်ဟုန် ပိုင်ဆိုင်သည့် ခြံအမှတ် (ဝကလ-၀၆၄)ရှိ ငါးကန်ဟောင်းနေရာ၌ တရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ #crd
Show all...
🔣🔣🔣ရှမ်းပြည်နယ်မြောက်ပိုင်း🔣🔣🔣 📣📣📣📣📣📣📣📣📣 ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃)တွင် သင်တန်းတက်ရန်ရောက်ရှိလာကြသည့် ပြည်သူ့သားကောင်းများအား ပြည်သူများ/ဌာနဆိုင်ရာများနှင့်တာ၀န်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး နေလယ်စာဖြင့် ဧည့်ခံကျွေးမွေး။ 👍👍👍👍👍👍👍👍 #PMS
Show all...
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၉) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး ပဲခူး၊ ဇွန် ၂၂ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇွန်လ (၂၁) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၉) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ #crd
Show all...
Photo unavailableShow in Telegram
၈၈ မှာ ဘီဘီစီ သတင်းထောက် ခရစ်စတိုဖာဂါးနက် က ကျောင်းသူ/ကျောင်းသားတွေကို စစ်တပ်ကထောင်ထဲမှာ မုဒိမ်းကျင့်ပါတယ်ဆိုတဲ့ ကျောင်းသားထု အုံကြွစေမယ့် လုပ်ကြံအင်တာဗျူးတာ တစ်ခုကို ထုတ်လွှင့်ခဲ့တယ်။ အင်တာဗျူးကြောင့် မြန်မာနိုငိငံက ကျောင်းသားတွေ အုံကြွခဲ့ကြတယ်။ အင်တာဗျူးမှာ ပါဝင်သူတွေက အေးငြိမ်းသူ၊ ကိုကိုလတ် ၊ ဌေးကြွယ်။ - အေးငြိမ်းသူက ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ရဲ့ သမီး။ ဌေးကြွယ်က ဖြိုးမင်းသိန်းရဲ့ ယောက်ဖ၊ မိမိကြွယ်ရဲ့ မောင်။ ဦးအောင်လွင်က ဗကပဟောင်းကြီးတစ်ယောက်၊ nld ပါတီ စတင်တည်ထောင်သူတွေထဲက တစ်ယောက် နော်။ - အရေးအခင်းဖြစ်ပြီး နှစ်အတော်ကြာမှ ဦးအောင်လွင်က သူ့သမီး မုဒိမ်းကျင့်ခံရတာ မဟုတ်ကြောင်း၊ အင်တာဗျူးက လုပ်ကြံ အင်တာဗျူးဖြစ်ကြောင်း ဟောပြောပွဲတစ်ခုမှာ ပြောသွားတယ်။ ဒါက နိုင်ငံရေးပါလို့ ပြောသွားတယ်။ - ဦးအောင်လွင် အခုထိ သက်ရှိထင်ရှားရှိသေးလို့ မေးကြည့်လို့ရပါတယ်။ Crd.
Show all...
အသင့်ပါလာသော ဓားမြှောင်ဖြင့် ထိုးခဲ့သဖြင့် သေဆုံးခဲ့ရ။ =========================== ဇွန် ၂၁ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်(၂၁ ၆ ၂၀၂၄)ရက်နေ့(၂၂၅၀)အချိန်၌ ပြည်မြို့ ရွာဘဲရပ်ကွက်နေ ဦးဇာနည်(၄၈)နှစ်သည် နေအိမ်တွင် ရှိနေစဥ် တူမဖြစ်သူ မသီရိလှိုင်(၂၁)နှစ် မြကန်သာရပ်၊ရွာဘဲရပ်ကွက်၊နေသူမှ နေအိမ်သို့ ရောက်ရှိလာပြီး ညီဖြစ်သူ တွတ်ပီ(ခ)ခိုင်မင်းနိုင်(၄၀) မြကန်သာရပ်၊ရွာဘဲရပ်ကွက်၊ပြည်မြို့ နေသူအား နတ်ကွန်းအနီး "မအသေးမ"အအေးဆိုင်ရှေ့တွင် ဓါးထိုးခံရကြောင်း အကြောင်းကြားသဖြင့် ဦးဇာနည် မှ သွားရောက်ကြည့်ရူ့ခဲ့သည်။ ဖြစ်စဥ်မှာ ပြည်မြို့ ရွာဘဲရပ်ကွက် မြကန်သာရပ်၊နတ်ကွန်းအနီး "မအသေးမ"အအေးဆိုင်ရှေ့တွင် ညီဖြစ်သူ တွတ်ပီ(ခ)ခိုင်မင်းနိုင် အား ဓါးထိုးခံရသည့် ဒဏ်ရာဖြင့် သွေးများထွက်ကာ လဲကျနေသည်ကို တွေ့ရှိရပြီး အနီးတွင် ရာအိမ်မှူး ဦးလှိုင်ဝင်း မြကန်သာရပ်၊ရွာဘဲရပ်ကွက်နေသူနှင့် ညီမဖြစ်သူ မပုံ့ပုံ့(၄၅)နှစ် တို့အား တွေ့ရသဖြင့် အကြောင်းစုံအား မေးမြန်းရာ မအသေးမဆိုင်တွင် ညီဖြစ်သူ တွတ်ပီ(ခ)ခိုင်မင်းန်ိုင် မှ ထိုင်၍ စကားစမည်ပြောနေစဥ် တစ်ရပ်ကွက်တည်းနေ မှုံကြီး(ခ)ကျော်သူရ(၃၄)နှစ်(ဘ)ဦးကျော်ဦး မြကန်သာရပ်၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူမှ ရောက်ရှိလာပြီး တွတ်ပီ(ခ)ခိုင်မင်းနိုင် အနီးသို့ ရောလာပြီး "မင်းလားကွ ရဲသတင်းပေး ဒလန်ကောင်"ဟု ပြောဆိုကာ ၎င်းလက်ထဲတွင် အသင့်ပါလာသော ဓါးမြှောင်ဟု ယူဆရသော အရာဝတ္တုဖြင့် ခိုင်မင်းနိုင်၏ ဝဲဘက် ရင်အုံအား ထိုးကာ ထွက်ပြေးသွားကြောင်း ထိုသို့ထွက်ပြေးမည်ပြုစဥ် အနီးတွင်ရှိသော မပုံ့ပုံ့ မှ ဆွဲမည်ပြုရာ တွန်းလှဲခဲ့၍ မပုံ့ပုံ့ တွင် ဝဲဘက်လက်ကောက်ဖူးရောင်ဒဏ်ရာ (အတွင်းလူနာ၊မစိုးရိမ်ရ)ရရှိခဲ့ပြီး မှုံကြီး မှာ ထွက်ပြေးသွားကြောင်း ညီမဖြစ်သူ မပုံ့ပုံ့ မှ ပြောပြသိရှိရပြီး တွတ်ပီ(ခ)ခိုင်မင်းနိုင် မှာ ရရှိသောဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့၍ ပြည်ဆေးရုံကြီးသို့ တာဝန်မှူး သက်မာဝင်း မှ ရဲဆေးစာဖြင့် ပို့အပ်ခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်စဥ်နှင့်ပက်သတ်၍ ညီဖြစ်သူ တွတ်ပီ(ခ)ခိုင်မင်းန်ိုင်အား အသက်သေဆုံးသည်အထိ ဓါးမြှောင်ဟုယူဆရသော အရာဝတ္တုဖြင့် ထိုးခဲ့သူ မှုံကြီး(ခ)ကျော်သူရ အား ဥပဒေအရ အရေးယူပေးပါရန် ဦးဇာနည် မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း၏ (ပ) ၂၀၉/၂၀၂၄ ရာဇသတ်ကြီး ပုဒ်မ-ပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ဆောင်ရွက်ပြီ အမှုအား ဒုရဲမှူး ကျော်မိုးနိုင် (မြို့မရဲစခန်းမှူး)မှ လက်ခံစစ်ဆေးဆောင်ရွက်ကာ အမှုမှ တရားခံ မှုံကြီး(ခ)ကျော်သူရ အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ #PyayTrueNews
Show all...
ပြည် သတင်းမှန်

သတင်းမှန်များကိုသာဖော်ပြသွားမည်။

Photo unavailableShow in Telegram
Breaking News....🚨🚨🚨🚨🚨 ၂၁ ၊ ဇွန် ချင်းပြည်နယ် ၊ တီတိန်မြို့ ၊ သိုင်းငင်း လမ်းဆုံရှိ သိုင်းငင်းစခန်းကို တပ်မတော် မှ ယနေ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စခန်းမှ ချင်းအကြမ်းဖက်သမား များအလောင်း တစ်ချို့နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရှိရသည်။ ၎င်းမြို့နယ်မှ ကနေဒီတောင်ရှိ စခန်းကို လည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က တပ် မတော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ #KhitThitMyanmar
Show all...
👍 1
Photo unavailableShow in Telegram
(၂၂.၆.၂၀၂၄)ရက် မနက် ၄ နာရီ ၀၂ မိနစ် အချိန်တွင် ကျောက်ဆည်မြို့ရှိ ကျေးဇူးတော်ရှင် တတိယဝေဘူဆရာတော် ဘုရားကြီး ဘဒ္ဒန္တဥာဏိန္ဒ  (သက်တော် ၈၀ ဝါတော် ၆၀ ) ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရ။ #ဝေဘူဆရာတော်ဘုရားကြီး
Show all...
Photo unavailableShow in Telegram
ယနေ့စက်သုံးဆီစျေးနှုန်းများ
Show all...
Photo unavailableShow in Telegram
မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏 သောကကင်းဝေး စိတ်အေးချမ်းမြ လိုရာမှန်သမျှ တတိုင်းရ ပြည့်စုံပါစေ။
Show all...
🙏 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.