အရှင်ပညာသီရိ(ရမ္မာကျွန်း)
Open in Telegram
909
Subscribers
No data24 hours
No data7 days
-630 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
November '24
November '24
+4
in 0 channels
October '24
+15
in 0 channels
Get PRO
September '24
+26
in 0 channels
Get PRO
August '24
+15
in 0 channels
Get PRO
July '24
+27
in 0 channels
Get PRO
June '24
+96
in 0 channels
Get PRO
May '24
+39
in 0 channels
Get PRO
April '24
+12
in 0 channels
Get PRO
March '24
+15
in 0 channels
Get PRO
February '24
+754
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 22 November | 0 | |||
| 21 November | +1 | |||
| 20 November | 0 | |||
| 19 November | +1 | |||
| 18 November | 0 | |||
| 17 November | 0 | |||
| 16 November | 0 | |||
| 15 November | 0 | |||
| 14 November | 0 | |||
| 13 November | 0 | |||
| 12 November | 0 | |||
| 11 November | 0 | |||
| 10 November | 0 | |||
| 09 November | 0 | |||
| 08 November | +1 | |||
| 07 November | 0 | |||
| 06 November | 0 | |||
| 05 November | 0 | |||
| 04 November | +1 | |||
| 03 November | 0 | |||
| 02 November | 0 | |||
| 01 November | 0 |
Channel Posts
| 2 | '' မောင်းတံလေးများစွာ''
အသက်ခြောက်ဆယ်ပြည့်ခါနီးနေပြီမို့ ပင်စင်ယူရတော့မယ့်လူတစ်ယောက်။ တစ်သက်လုံးလုပ်လာခဲ့ တဲ့အလုပ်ကို သံယောဇဉ်ကမပြတ်ကချင်။ ဝန်ထမ်းဘဝတစ်လျှောက် ဝန်ထမ်းလစာနဲ့သာ အသက်မွေးခဲ့သူမို့ အပိုအလျံလည်းမစုဆောင်းနိုင်ခဲ့။
ပင်စင်ယူပြီးရပ်တည်ရမယ့် အနာဂါတ်ဘဝအတွက် စိတ်ကမအေးဘူး။ ပိုင်ဆိုင်တာဆိုလို့ လက်ရှိစီးနေတဲ့ ကားဟောင်းလေးတစ်စီးသာရှိတယ်။ ကားကိုရောင်းပြီး ဘဝရပ်တည်ဖို့ကြိုးစားရမှာပဲ။ ကားသည်သာသူ့ဘဝအတွက် တစ်ခုတည်းသောအားကိုးရာ၊ မျော်လင့်ချက်။
သက်ကြီးပင်စင်စားတစ်ယောက်ရဲ့ စိတ်ကျဝေဒနာ ဖြစ်လာတယ်။ စိတ်ပြေလက်ပျောက် ကားကိုမောင်းပြီးထွက်လာခဲ့တယ်။ တောင်ကုန်းလေးအဆင်းက အသုံးမပြုတော့တဲ့ ရထားသံလမ်းဟောင်းအပေါ်မှာ ကားကိုကန့်လန့်ဖြတ်ရပ်ပြီး တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေမိတယ်။
ကားရပ်ထားရာနဲ့ ခပ်လှမ်းလှမ်းသံလမ်းအသစ်ပေါ်မှာ ကလေးငယ်တစ်ယောက် လွတ်လပ်ရွှင်မြူးစွာ ကစားနေတာကို ပီတိစိတ်နဲ့ငေးကြည့်တယ်။ လောကကြီးရဲ့အပူပင်တွေကို ခံစားနားမလည်တတ်သေးတဲ့ ချစ်စရာကလေးငယ်၊ လမ်းတောင်ကောင်းကောင်း မလျှောက်တတ်သေးတဲ့အရွယ်။
ကလေးငယ်ကိုကြည့်ပြီး အတွေးလွင့်မျောနေတုန်း ရထားတစ်စီးလာသံကိုကြားတယ်။ တောင်ကုန်းထက်ကအရှိန်နဲ့ဆင်းလာတဲ့ မောင်းသူမဲ့ရထားစက်ခေါင်းတစ်ခု။
ရထားစက်ခေါင်းရဲ့လားရာက ကလေးငယ်ဆီကိုဦးတည်လျှက်။ ဒီသံလမ်းက လက်ရှိအသုံးပြုနေတဲ့ သံလမ်း။ ဒါဆို ရထားက ကလေးငယ်ကို…
ပင်စင်စားအဘိုးကြီး ဒိန်းကနဲ ရင်ခုန်သွားတယ်။ အန္တရာယ်ကို ကြိုမမြင်ရှာတဲ့ ကလေးငယ်ကတော့ တခစ်ခစ်ရယ်မောလို့။
ပင်စင်စားအဘိုးကြီး သူရပ်နေတဲ့နေရာနဲ့ ကလေးငယ်ရှိနေတဲ့နေရာအကွာဝေးကို ချိန်ဆလိုက်တယ်။ ဝေးလွန်းတယ်။ ကလေးကို ပြေးပွေ့ချီရလောက်အောင် အချိန်မရနိုင်ဘူး။ ရထားကအရင် ဦးသွားလိမ့်မယ်။
သူ့ရဲ့အနီးမှာရှိနေတာက ရထားလမ်းလွှဲမောင်းတံ။ စဉ်းစားမနေတော့ပဲ လမ်းလွှဲမောင်းတံဆီပြေးသွားလိုက်တယ်။
ရထားကနီးလာပြီ၊ လမ်းအမြန်လွှဲနိုင်မှ ကလေးငယ်အသက်ရှင်မယ်။ မောင်းတံကိုလက်နဲ့ ဆုပ်ကိုင်လိုက်တယ်။
သူဆွဲလိုက်လို့လမ်းလွှဲသွား မယ့်ရထားရဲ့ဦးတည်ရာက သံလမ်းအဟောင်းပေါ်မှာရှိနေတဲ့ သူရဲကားလေးဆီကို။
ဇောချွေးတွေပျံလာတယ်၊ ကလေးငယ်ကိုကြည့်လိုက်၊ သူ့ကားကိုကြည့်လိုက် လုပ်နေမိတယ်။ မောင်းတံကိုဆွဲရမလား၊ မဆွဲရဘူးလား၊ သူတွေဝေနေတယ်။
ကလေးတစ်ယောက်ရဲ့အသက်နဲ့ သက်ကြီးပင်စင်စားတစ်ယောက်ရဲ့အနာဂါတ် ။
မောင်းတံကိုမဆွဲလို့လည်း ဒီအဖြစ်ကိုဘယ်သူမှမမြင်တဲ့အတွက် သူ့ကိုကဲ့ရဲ့မယ့်သူမရှိဘူး။ သူကိုယ်တိုင်တော့ ဒီအဖြစ်ကိုသိနေမှာပဲ။
ရထားကကလေးငယ်နဲ့ နီးကပ်လာပြီ၊ အသားတွေတုန်လာတယ်၊ မောင်းတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်၊ မျက်စိကိုစုံမှိတ်ပြီး.....။
ဆရာမဂျူးရဲ့ စာပေဟောပြောပွဲအခွေမှာ နားထောင်လိုက်ရတဲ့ အမေရိကန်အက်ဆေးတစ်ပုဒ်ပါ။ ရေးတတ်သလိုပြန်ရေးပြတာ။ အက်ဆေးကမပြီးသေးဘူး။ အက်ဆေးဆရာကမေးထားတယ်။
သင်ဆိုရင်ကောဆွဲမလားတဲ့။
ဖြေကြည့်ကြပေါ့။ ပုံပြင်ဆိုတော့ ဆွဲမယ်လို့ဖြေမယ့်သူ များမယ်ထင်ပါတယ်။ ဆွဲမယ်လို့ဖြေရင် အက်ဆေးဆရာက ထပ်မေးထားတယ်။
မောင်းတံကိုဆွဲမယ်ဆိုတဲ့သင်ဟာ သင့်ပတ်ဝန်းကျင်ရှိ ကလေးငယ်ဘယ်နှစ်ယောက်အတွက် ဘယ်လိုအကျိုးပြုမှုမျိုး ပြုလုပ်ဖူးပါသလဲတဲ့။
အရှင်ပညာသီရိ (ရမ္မာကျွန်း) | 336 |
| 3 | ရဟန်းဆိုရင်လည်း င့ါကျောင်း၊ ငါ့ကန်၊ ငါ့ဒကာ၊ ငါ့ဒကာမ ဆိုပြီး ပျော်တတ်ကြသေးတာပဲ။
ဒုက္ခကိုတောင် ဒုက္ခမှန်းမသိနိုင်ရင် ဒုက္ခကင်းရာ နိဗ္ဗာန်ဆိုတာ ဝေးတော့တယ်။ ဥပမာပေးရရင် ခန္ဓာကိုယ်မှာ ဝဲပေါက်တယ်ဆိုပါတော့။ ဝဲယားလာရင် အဲဒီဝဲဖုကလေးတွေကို လက်သဲလေးနဲ့ဆိတ်ပေးတဲ့အခါ အတော်ခံလို့ကောင်းတယ်။ အရသာတစ်မျိုးရှိနေတယ်။ တစ်ခါတလေ ဖယောင်းတိုင်မီးလေးနဲ့ ကင်ပေးလိုက်ရင်လည်းနေလို့ထိုင်လို့၊ ခံစားလို့ကောင်းတယ်။
ဝဲပေါက်တာမှာ ဝဲယားတာကိုကုတ်ပေးလို့ ခံစားချက်ကောင်းတာထက် နဂိုကတည်းက ဝဲမပေါက်ရင် ပိုမကောင်းဘူးလား။
ဦးဇင်းတို့က ဝဲပေါက်နေတဲ့လူလိုပဲ။ ပါးစပ်က ကောင်းတာလေး စားချင်လာတာဟာ ဝဲယားလာတာ၊ ဒီတော့ ဘာလုပ်ပေးလဲ။ ကောင်းပေ့ဆိုတာလေးရှာစားပြီး ဝဲကုတ်ပေးလိုက်တယ်။ ကောင်းတာလေးစားရတော့ ကျေနပ်နေတယ်။ ဝဲယားလို့ ကုတ်ပေးနေရတယ်လို့ မြင်ရဲ့လား။ နှာခေါင်းက ယားနာထလာရင် သိန်းကျော်တန်ရေမွှေးလေးဆွတ်ပြီး ကုတ်ပေး။ မျက်စိကယားနာထရင် လှပေ့ဆိုတာလေးကြည့်ပြီး ကုတ်ပေး။ နားကယားနာထလာရင် မယ်လိုဒီကောင်းကောင်းလေးဖွင့်ပြီး ကုတ်ပေး။ ကိုယ်ကယားနာထရင်တော့ ကုတ်ပေးရတာ အတော်ဆိုးတယ်။ လင်မယားဆိုပြီး တစ်သက်လုံး ထောင်ကျတော့တယ်။
ဒါတွေဟာ ယားနားတွေထလို့ ကုတ်ပေးနေရတာလို့ မမြင်တဲ့အတွက် ယားနာကိုကုဖို့မကြိုးစားဘဲ ကုတ်ပေးဖို့ပဲကြိုးစားနေကြတယ်။ ဒါကို ယားနာကြီး၊ ရောဂါကြီး လို့သာနားလည်ရင် ရောဂါပျောက်ဖို့ ကြိုးစားတယ်။
နိဂိုကတည်းက မယားတတ်ရင် ကုတ်ဖို့မလိုဘူး။ ဝဲမပေါက်ဘဲရှိနေတဲ့အခြေအနေက တည်ငြိမ်အေးချမ်းတယ်။ အဲဒါ နိဗ္ဗာန်ချမ်းသာဘဲ။ လှုပ်စရာမလို၊ ကုတ်စရာမလို၊ သင်္ခါရအနေနဲ့ ပြုပြင်ပေးစရာမလိုပဲ ငြိမ်းချမ်းနေတဲ့သဘော။ ဒါကြောင့် နိဗ္ဗာန်ဟာ ပြုပြင်ပေးစရာမလို (အသင်္ခတ)၊ ပကတိ အေးငြိမ်းနေတဲ့ (သန္တိဓာတ်) တရားဖြစ်တယ်။
ဝဲပေါက်တာကို ဥပမာပေးခြင်းဖြစ်တယ်။ တကယ့်ပုံစံကြီးအဖြစ် သွားမတွေးပါနဲ့။ နိဗ္ဗာန်ဆိုတာက လောကီထဲ ထောင်းထောင်းထအောင် မွှန်ထူနေတဲ့ကိလေသာစိတ်နဲ့ သိလို့ရတဲ့တရားမျိုးမဟုတ်ဘူး။ မဂ်ဖိုလ်ဆိုတဲ့ လောကုတ္တရာစိတ်နဲ့မှ မြင်လို့ရတဲ့ တရားဖြစ်တယ် ။
နိဂုံး -
ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံ သိကိုသိထားသင့်တဲ့ သြကာသရှင်းတမ်းတရားကို နားကြားဖတ်ရှုပြီး မိမိတို့ အလိုရှိအပ်၊ တောင့်တအပ်သော လွတ်လပ်အေးချမ်းသည့် ကိုယ်စိတ်အရည်အသွေး ပိုင်ဆိုင်စေရန် ကိုယ်တိုင်ပဲကြိုးစားအားထုတ် ပေါက်မြောက်နိုင်ကြပါစေ။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 370 |
| 4 | ဒါဆို ဒါနပြုခဲ့တဲ့ကံက အချည်းအနှီး အကျိုးမပေးဘဲ ဖြစ်သွားရောလား။ မဖြစ်ဘူး။ ကံဆိုတာက ပြုလုပ်ခဲ့ပြီးရင် ကျိန်းသေအကျိုးကိုပေးမယ်။ ဒါနပြုခဲ့တဲ့ကံဟာ ခွေးဘဝရောက်နေလို့ အကျိုးမပေးဘဲ မနေဘူး။ သူဋ္ဌေးအိမ်မှာ အငြိမ့်စားထိုင်စားရတဲ့ သိန်းချီတန်တဲ့ ခွေးမျိုးလာဖြစ်တယ်။ သီလမကောင်းလို့ခွေးဖြစ်ပေမယ့် ဒါနကောင်းခဲ့လို့ ဇိမ်နဲ့စား၊ ဇိမ်နဲ့နေရတယ်
ဥပဓိပျက်တယ်ဆိုတာက ကိုယ်ကစစ်ဗိုလ်ဖြစ်ချင်တယ်။ ဒါပေမယ့် မျက်စိတစ်ဖက်ကွယ်နေမယ်။ ခြေလက်တစ်ခုခု ချို့ယွင်းနေမယ်ဆိုရင် စစ်ဗိုလ်ဖြစ်ပါတော့မလား။ ကမ္ဘာကျော် ဘောလုံးသမားဖြစ်ချင်မယ်။ ခြေထောက်မကောင်းဘူးဆိုရင် ဖြစ်ပါတော့မလား။ တခြားအခြေအနေတွေမှာလည်း ဆက်တွေးလို့ရတယ်။ ဥပဓိရုပ်ပြည့်စုံတဲ့သူနဲ့ မပြည့်စုံတဲ့သူမှာ များသောအားဖြင့် ပြည့်စုံတဲ့သူက သာနိုင်တယ်။ ဒီခေတ်မိန်းကလေးတွေဆို ပိုထင်ရှားတယ်။ အလုပ်ခေါ်ရင်ကိုပဲ ရုပ်ရည်သင့်တင့်ရမည်တို့၊ ချောမောလှပရမည်တို့ ထည့်ပြီးကိုခေါ်တာ။ ရုပ်လှတဲ့သူက အလုပ်ရလွယ်တယ်။ ယျေဘုယျပြောတာ။ အမြဲတမ်းတော့မဟုတ်ဘူး။
ကာလဝိပ္ပတ္တ က ခေတ်ပျက်နေတာ။ ခေတ်ပျက်နေရင် စီးပွားရှာဖို့တောင်မလွယ်ဘူး။ မြတ်စွာဘုရားရှင်တောင် ခေတ်ပျက်ချိန်မှာ မြင်းတွေစားတဲ့ဆန်အမာစားကြီးတွေကို စားခဲ့ရတယ်။
ပယောဂ ဝိပ္ပတ္တိ က မိမိနဲ့သက်ဆိုင်တယ်။ ကိုယ်က အကိုလ်အမှုတွေပြုနေမယ်၊ လုံ့လဝီရိယစိုက်ထုတ်ပြီး စီးပွားမရှာချင်ဘူး။ ဒါဆို ဒီလူဘဝကောင်းကို ရပါ့မလား။ ကြီးပွားနိုင်ပါ့မလား။ ဒါက မိမိရဲ့ ချို့ယွင်းချက်ဖြစ်တယ်
အတိတ်ကံတစ်ခု အကျိုးပေးဖို့အတွက် ဂတိကောင်းတဲ့ လူလာဖြစ်ပြီ၊ ကိုယ်ခန္ဓာလည်း တင့်တယ်ပြည့်စုံတယ်၊ ခေတ်ကလည်း ခေတ်ကောင်းနဲ့ ကြုံနေတယ်၊ ဒါပေမယ့် ပယောဂသမ္မပ္ပတ္တိ လို့ဆိုတဲ့ စိတ်ကောင်းထား၊ ဝီရိယစိုက်ထုတ်ပြီး အလုပ်မကြိုးစားရင် အဲလူကြီးပွားဘူး။ အတိတ်ကံက အကျိုးပေးချင်တာတောင်မှ သူပျင်းနေတာနဲ့ အကျိုးပေးခွင့် မရနိုင်ဘူး။ ပေးရင်လည်းနည်း နည်းပဲ ပေးတော့တယ်။
ဒါကြောင့် ပယောဂကောင်းဖို့က အရင်းခံကျတယ်။ တချို့ခြေလက်မသန်ဘူး။ ဒါပေမယ့် ဇွဲမလျော့ဘဲ ဝီရိယကောင်းကောင်းနဲ့ ကြိုးစားတဲ့အခါ နယ်ပယ်တစ်ခုခုမှာ သူအောင်မြင်တယ်။ မသန်စွမ်းအား ကစားလိုဟာမျိုး၊ ဉာဏ်နဲ့လုပ်ရတဲ့ဟာမျိုးတွေမှာ ပယောဂသမ္ပတ္တိကောင်းလို့ အောင်မြင်နေကြသူတွေရှိတယ်။
ပယောဂစိုက်ထုတ်တာခြင်းတူရင်တော့ ဂတိ၊ ဥပဓိ၊ ကာလကောင်းနဲ့ကြုံသူက ပိုအောင်မြင်တတ်တယ်။ ခေတ်စနစ်ညံ့လို့ဖွိ့ဖြိုးဆဲနိုင်ငံမှာနေပြီး အလုပ်ကြိုးစားသူနဲ့ အမေရိကန်လို၊ အင်္ဂလန်လို စနစ်ကောင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံမှာနေပြီး ကြိုးစားသူ ဘယ်သူက ပိုအောင်မြင်မလဲ။ ကြိုးစားတာချင်း တူပါလျက်ကယ်နဲ့ ဟိုနိုင်ငံတွေကခေတ်ကောင်းတဲ့အတွက် ပိုအောင်မြင်တယ်။ စာကြိုးစားတာချင်းတူရင် ဟိုနိုင်ငံကကလေးတွေက ပိုထူးချွန်နေတယ်။ ပညာရေးဆိုတဲ့ခေတ်က ကောင်းနေလို့ဖြစ်တယ်။
ဒါက လောကီကြီးပွားရေးအတွက် ပြောတာ။ ဝိပတ္တတရားနဲ့ကြုံပြီဆိုရင် ကုသိုလ်ကောင်းမှုပြုဖို့တောင် ခက်ခဲတတ်ပါတယ်။
(၁၃)
ဗျသနတရားငါးပါး -
ဗျသန ဆိုတာက ပျက်စီးတာ။ ပျက်စီးခြင်းငါးပါး ရှိတယ်။
(၁) ဉာတိဗျသန - ဆွေမျိုးများပျက်စီး။
(၂) ဘောဂဗျသန - စီးပွားပျက်။
(၃) ရောဂဗျသန - ရောဂါနှိပ်စက်။
(၄) ဒိဋ္ဌိဗျသန - အယူပျက်။
(၅) သီလဗျသန - သီလပျက်။
လူတွေက ဆွေမျိုးပျက်၊ စီးပွားပျက်၊ ရောဂါနှိပ်စက် စတဲ့ ဗျသနတွေနဲ့ကြုံရင် ကြောက်ကြပေမယ့် အယူပျက်မှာ၊ သီလပျက်မှာကိုတော့ သိပ်မကြောက်ကြဘူး။ အဲဒီနှစ်ခုမပျက်ဖို့က ပိုအရေးကြီးတာ။ အယူအဆပျက်ပြီး မိစ္ဆာဒိဋ္ဌိဖြစ်ပြီဆိုရင် သံသရာမှာခံပေရော့ပဲ။
(၁၄)
မဂ် -
ကိလေသာကိုပယ်သတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသောကြောင့် မဂ် လို့ခေါ်တယ်။ မဂ်စိတ်ဖြစ်တာနဲ့ အဲဒီစိတ်က အလုပ်နှစ်လုပ်ကို ပြိုင်လုပ်တယ်။ ကိလေကိုလည်းသတ်တယ်၊ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုတယ်။
မဂ်လေးပါးရှိတယ်။
(၁)သောတာပတ္တိမဂ်၊
(၂)သကဒါဂါမိမဂျ၊
(၃)အနာဂါမိမဂျ၊
(၄)အရဟတ္တမဂ် တို့ဖြစ်တယ်။
(၁၅)
ဖိုလ် -
မဂ်ရဲ့ အကျိုးတရားကို ဖိုလ် လို့ခေါ်တယ်။ မဂ်စိတ်ဖြစ်ပြီးလို့ချုပ်တာနဲ့ မဂ်စိတ်ရဲ့အကျိုးတရား ဖိုလ်စိတ်က ချက်ချင်းပေါ်တယ်။ တရားဂုဏ်တွေထဲက အကာလိကော( ချက်ချင်းအချိုးပေးသော) တရားဆိုတာ မဂ်ဖိုလ်ကိုပြောတာ။ မဂ်ကအာရုံပြုခဲ့တဲ့ နိဗ္ဗာန်အာရုံကို ဖိုလ်စိတ်ကဆက်အာရုံပြုတယ်။ မဂ်စိတ်က တစ်ကြိမ်ဖြစ်ပြီးရင် နောက်ဘယ်တော့မှ ပြန်မဖြစ်တော့ပေမယ့် ဖိုလ်စိတ်ကတော့ အကြိမ်ကြိမ်ပြန်ဝင်စားပြီး နိဗ္ဗာန်ကိုချမ်းသာကို ခံစားနိုင်တဲ့ အစွမ်းရှိတယ်။
မဂ်လေးပါးလိုပဲ ဖိုလ်လေးပါးရှိတယ်။
(၁)သောတာပတ္တိဖိုလ်၊
(၂)သကဒါဂါမိဖိုလ်၊
(၃)အနာဂါမိဖိုလ်၊
(၄)အရဟတ္တဖိုလ် တို့ဖြစ်တယ်။
(၁၆)
နိဗ္ဗာန် -
နိဗ္ဗာန် ဆိုတာကတော့ စကားလုံးနဲ့ဥပမာပေး ရှင်းပြဖို့မလွယ်ဘူး။ နိဗ္ဗာန်ဆိုတာ ဒုက္ခကင်းရာဖြစ်တဲ့ အတွက် ဒုက္ခကိုအရင်သိမှ ဒုက္ခကင်းတာကို ခံစားလို့ရမှာဖြစ်တယ်။ ဘုရားကခန္ဓာကို ဒုက္ခသစ္စာ တရားဖြစ်တယ်လို့ ဟောတယ်။ ဘုရားဟောလို့သာ ကြားရတာ၊ ဘုရားဟောတယ်ဆိုလို့သာ လက်ခံထားကြတာ၊ ဦးဇင်းတို့ဉာဏ်ထဲမှာ ခန္ဓာကိုယ်ကို ဒုက္ခအဖြစ်မမြင်ကြဘူး။ မမြင်ကြလို့လည်း လင်နဲ့မယားနဲ့ပျော်၊ သားနဲ့သမီးနဲ့ပျော်၊ စည်းစိမ်ဥစ္စာနဲ့ပျော်၊ ရားထူးအာဏာနဲ့ပျော် နဲ့နေကြတာပေါ့။ | 255 |
| 5 | (၁) ဒုဗ္ဘိက္ခ န္တရ ကပ် - အငတ်ဘေး(လောဘကြောင့်ဖြစ်)။
သတ္တဝါတွေ လောဘအားကြီးလာပြီဆိုရင် မိမိပိုင်ဆိုင်မှုနဲ့ မရောင့်ရဲကြတော့ဘူး။ သူတစ်ပါး ပိုင်ဆိုင်မှုကိုပါ ထိပါးလာတယ်။ မတရားတဲ့နည်းတွေနဲ့ စီးပွားရှာတယ်။ သစ်တော၊ သစ်ပင်တွေ ခုတ်လှဲမယ်။ တောင်တွေကိုဖြိုမယ်။ မြစ်ချောင်းတွေကိုပိတ်ဆို့မယ်။ ဒါကြောင့် ရာသီဥတုပျက်လာမယ်။ ရေတွေကြီးမယ်။ မြေဆီတွေ သြဇာခန်းခြောက်လာမယ်။ အသီးအနှံတွေ မဖြစ်ထွန်းတော့ဘူး။ ဒီလိုနဲ့ အငတ်ဘေးဆိုက်ကြတယ်
(၂) သတ္ထန္တရကပ် - လက်နက်ဘေး(ဒေါသကြောင့်ဖြစ်)
လောအရင်းခံနေရင် ဒေါသလည်းဖြစ်လာတတ်တယ်။ သူတစ်ပါးပိုင်ဆိုင်တာကိုထိပါးဖို့ စစ်ပွဲတွေ ဖန်တီးတယ်။ အယူဝါဒအငြင်းပွားမှုကြောင့် ငါနဲ့မတူငါ့ရန်သူဆိုပြီး တိုက်ခိုက်ကြတယ်။ အတ္တမာန အထိအပါးမခံနိုင်လို့ လက်နက်တွေအပြိုင်အဆိုင်ထုတ်လုပ်ပြီး စစ်ခင်းနေကြတယ်။ ဒီလိုနဲ့ လက်နက်ဘေးသင့်နေတာကို ကမ္ဘာမှာမမြင်ချင်၊ မကြားချင်အဆုံးပဲ။
(၃) ရောဂန္ထရကပ်- ရောဂါကျရောက်ခြင်းဘေး(မောဟကြောင့်ဖြစ်)
အမှားအမှန်၊အကောင်းဆိုး အကြောင်းအကျိုး ခွဲခြားမသိတာကို အဝိဇ္ဇာမောဟ လို့ခေါ်တယ်။ ပညာမဲ့တာပေါ့။ ဦးဇင်းတို့ ရောဂါဖြစ်တာဟာ ကံကြောင့်ပါကောင်းပါနိုင်ပေမယ့် အဓိကလက်သည်ကတော့ အကောင်းအဆိုးနားမလည်တဲ့ ပညာမဲ့မှုကြောင့်ပဲ။
(၁၀)
ရပ်ပြစ်ရှစ်ပါး-
ရပ်ပြစ်ရှစ်ပါးဆိုတာ အပြစ်ရှိသောအရပ်ဋ္ဌာန ရှစ်ခုလို့ ဆိုလိုတယ်။ အဲဒီအပြစ်ရှိတဲ့အရပ်နဲ့ ကြုံနေပြီ ဆိုရင် မဂ်ဖိုလ်မရနိုင်တော့ဘူး။
“ပ ရဲ ပိတ် ဆန် ကင်းရုပ်နာမ် မိစ္ဆာ ထိုင်း ပစ် ရပ်ပြစ်ရှစ်” တဲ့။
ပ - ဆိုတာကသာသနာပ။ ဘုရားမပွင့်ရာ ကာလကို ဆိုလိုတယ်။
ရဲ - ဆိုတာက ငရဲ။
ပိတ် - ဆိုတာက ပြိတ္တာ။
ဆန် - တိရစ္ဆာန်။
ကင်းရုပ်နာမ် - ဆိုတာက ရုပ်သက်သက်(အသညသတ်ဗြဟ္မာ) နာမ်သက်သက်(အရူပဗြဟ္မာ) ရှိနေတဲ့ ဗြဟ္မာကို ပြောတာ။ ရုပ်သက်သက်ပဲ ရှိတယ်ဆိုတာ စေတီနားတွေမှာတွေ့ရတဲ့ ဗြဟ္မာအရုပ်တွေလို နေမှာပေါ့။ ခြေလက်အင်္ဂါအစုံတော့ရှိရဲ့။ အသိစိတ်နာမ်မရှိဘူး။ နာမ်သက်သက်သာရှိတဲ့ ဗြဟ္မာ ကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ဘယ်လို ဖြစ်တည်နေတယ်ဆိုတာ တွေးကြည့်လို့တောင် မရဘူး။ ဘုရားရှင်မို့လို့သာ ဒီလိုဗြဟ္မာရှိသေးကြောင်း သိနိုင်တာ။
ရပ်ပြစ်ရှစ်ပါးထည်းမှာ အချို့ဗြဟ္မာဘုံတွေပါ ပါနေတယ်။ ဗြဟ္မာဘုံဆိုတဲ့ သာမန်ကုသိုလ်နဲ့တောင် မရောက်နိုင်ဘူး။ စျာန်ကုသိုလ်ကြောင့်သာ ရောက်ကြရတာ။ ဘာဖြစ်လို့ အပြစ်ရှိတဲ့အရပ်ထည်း ပါနေ ရတာလဲဆိုတော့ အဲဒီဗြဟ္မာဘုံရောက်သွားရင် တရားနာခွင့်မရတော့ဘူး။ ရုပ်သက်သက်ရှိတဲ့ ဗြဟ္မာကလည်း နာမ်မရှိလို့ တရားမနာနိုင်ဘူး။ နာမ်သက်သက်သာရှိတဲ့ ဗြဟ္မာကလည်း ရုပ်မရှိတဲ့အတွက် တရာ မနာနိုင်ပြန်ဘူး။ တရားမနာရရင် မဂ်ဖိုလ်မရနိုင်တော့လို့ အဲဒီဗြဟ္မာပြည်ကို အပြစ်ရှိတယ်လို့ပြောတယ်။
မိစ္ဆာ - ဆိုတာက မိစ္ဆာဒိဋ္ဌိ အယူဆရှိနေတာ။ ဘုရားကိုဘုရားမှန်း၊ တရားကိုတရားမှန်း၊ သံံဃာကိုသံဃာမှန်းမသိ၊ ကံ ကံ၏အကျိုးကို မယုံကြည်ဘူး။
ထိုင်း - ဆိုတာက မိခင်ဝမ်းတွင်း ပဋိသန္ဓေတည်ကတည်းက ခြေလက်မစုံတာ၊ ဆွံ့အနားမကြားဖြစ်တာ၊ ဉာဏ်ရည်မပြည့်မီတာမျိုးပေါ့။ ပဋိသန္ဓေတည်ကတည်းကမဟုတ်ဘဲ မိခင်ဗိုက်ထဲမှာ ခြေလက်အင်္ဂါအပြည့်စုံ ဖြစ်ပြီးကာမှ တစ်စုံတစ်ခုကြောင့် နားပင်းသွားတာ၊ စကားမပြောနိုင် ဖြစ်သွားတာမျိုးကို မဆိုလိုဘူး။ အတိတ်အ ကုသိုလ်ကံကြောင့် ပဋိသန္ဓေတည်စမှာကိုပဲ ခြေလက်မစုံ၊ ဆွံ့အနားမကြား၊ ဉာဏ်ရည်မမီ ဖြစ်စေတာမျိုးကိုပဲယူရတယ်။
ပစ် - ဆိုတာက ပစ္ဆန္နရစ်(သာသနာမရောက်ရာအရပ်) ကိုခေါ်တယ်။ လောကမှ ဘုရားတော့ပွင့်နေရဲ့။ ဒါပေမယ့် အဲဒီအရပ်ကို သာသနာမရောက်ဘူး။ သာသနာမှမရောက်ရင် တရားဘယ်နာရတော့မလဲ။ တရားမရနာရရင် မဂ်ဖိုလ်ဆိုတာနဲ့ဝေးတယ်။
ဘုရားရှင်နဲ့ပစ္စေကဗုဒ္ဓကလွဲရင် ကျန်တဲ့သူတွေက ပရတောဃောသ ဆိုတဲ့ သူတစ်ပါးဟောပြောပြ ခြင်း(တရားနာ) မှ တရားသိနိုင်ကြတာဖြစ်တယ်။
(၁၁)
ရန်သူမျိုးငါးပါး-
ရန်သူမျိုးငါးပါး ဆိုတာ ရေ မီး မင်း ခိုးသူ အမွေခံ သားဆိုးသမီးဆိုး(မချစ်မနှစ်သက်သောသူ)။ ရန်သူဆိုတာက မိမိအကျိုးစီးပွားကို ဖျက်ဆီးတတ်တဲ့ အရာမှန်သမျှကို ရန်သူလို့ခေါ်တယ်။ ဒါကြောင့် သားသမီးဆိုးဟာလည်း ရန်သူထဲပါတယ်။ တချို့မိဘတွေလည်းပါတယ်။ သားသမီးကို အကုသိုလ်လုပ်ဖို့ တိုက်တွန်းတာ၊ သင်ပေးတာ၊ သားသမီးက ပို့တဲ့ငွေကြေးကို ဖဲရိုက်၊ ချဲထိုး လောင်းကစားလုပ် သုံးဖြုန်းပစ်တာတွေကိုလည်း ရန်သူလို့ဆိုရမယ်။
(၁၂)
ဝိပတ္တိတရားလေးပါး-
ဖောက်ပြန်ချွတ်ယွင်းတာကို ဝိပတ္တိ လို့ခေါ်တယ်။
လေးပါးရှိတယ်။
(၁) ဂတိဝိပတ္တိ - ရောက်ရာဘုံဘဝမကောင်းခြင်း(အပါယ်ဘုံ) ။ ဂတိဆိုတာ ဘုံဘဝတွေကို ပြောတာ။
(၂) ဥပဓိ ဝိပတ္တိ - ရုပ်အဆင်းပျက်ဆီးခြင်း။
(၃) ကာလဝိပတ္တိ - ခေတ်ပျက်နေခြင်း။
(၄) ပယောဂဝိပတ္တိ - အကုသိုလ်အမှုပြုခြင်း၊ မကြိုးစားခြင်း။
ဝိပတ္တိတရားလေးပါးက အောင်မြင်ကြီးပွားကြောင်းနဲ့လည်း သက်ဆိုင်နေတယ်။ ကံတစ်ခုအကျိုးပေးဖို့က ဒီလေးပါးအပေါ် အများကြီးမှီတည်နေရတယ်။
ရှေးဘဝကဒါနကောင်းမှုရှိလို့ ဒီဘဝသူဋ္ဌေးဖြစ်မယ့်ကံတော့ ရှိနေတယ်။ ဒါနပြုရင် စည်းစိမ်ခံစားရမယ် ။ ဒါနတော့ပြုခဲ့ပါရဲ့ သီလမကောင်းခဲ့တော့ လူမဖြစ်ဘဲခွေးလာဖြစ်နေတယ်။ ဂတိပျက်နေတယ်။ ဂတိပျက်နေတဲ့အတွက် ချမ်းသာတဲ့သူဋ္ဌေး မဖြစ်နိုင်တော့ဘူး။ | 158 |
| 6 | “သြကာသကန်တော့ချိုး ရှင်းတမ်းတရား (၂) "
(၅)
ရှိခိုးခြင်း -
လက်အုပ်ချီပြီး ထိခြင်းငါးပါးနဲ့ရှိခိုးတာက ကိုယ်ဖြင့်ရှိခိုးတာ၊ ရတနာသုံးပါး ဂုဏ်တော်တွေကို ရွတ်ဆိုတာကနှုတ်နဲ့ရှိခိုးတာ၊ ဂုဏ်တော်တွေကို စိတ်ထဲမှာ အကြိမ်ကြိမ် အဖန်ဖန်အောက်မေ့ဆင်ခြင်ပွားများ တာကို စိတ်ဖြင့်ရှိခိုးတာလို့ ခေါ်တယ်။
(၆)
ပူဇော်-
ပူဇော်တာက ပစ္စည်းဖြင့်ပူဇော်ခြင်းနဲ့ ဓမ္မနဲ့ပူဇော်ခြင်းလို့ နှစ်မျိုးရှိတယ်။ ဝတ္ထုပစ္စည်း တစ်ခုခု လှူဒါန်းတာမျိုးက ပစ္စည်းနဲ့ပူဇော်တာ၊ တရားဓမ္မ ရွတ်ဆိုတာ၊ တရားအားထုတ်တာမျိုးက ဓမ္မနဲ့ ပူဇော်တာလို့ ခေါ် တယ်။
(၇)
ဖူးမျှော်မာန်လျော့ကန်တော့-
ဖူးမျှော်မာန်လျော့ကန်တော့တယ် လို့ဆိုတယ်နော်။ မာန်မာနရှိတဲ့သူဟာ ကန်တော့နိုင်ပါ့မလား။ သူလည်းလူငါလည်းလူ၊ ကိုယ့်သားလောက်ရှိတာလေးကို ဘာလို့ကန်တော့ရမှာလည်းဆိုတဲ့ မာန်မာန ရှိနေပြီဆိုရင် ကန်တော့ပါတော့မလား။ မကန်တော့ဘူး။ မိဘနဲ့သားသမီးတောင် သားသမီးကမာနတက်နေရင် မိဘကိုအရိုအသေ မပြုနိုင်ဘူး။ ဒါကြောင့် မာန်လျော့ပြီးကန်တော့တယ်လို့ ဆိုတယ်။
ကန်တော့တဲ့ အခါမှာလည်း စည်းကမ်းရှိတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်လုပ်ငန်းမှာမဆို စည်းကမ်းဆိုတာ ရှိရတယ်။ စည်းကမ်းမရှိရင် အဲဒီအဖွဲ့အစည်း မတိုးတက်ဘူး။ သာသနာမှာလည်း လိုက်နာရတဲ့ စည်းကမ်းရှိရတယ်။
ကန်တော့တဲ့အခါမှာ “ခြေ၊ လက်၊ နှဖူး၊ တံတောင်၊ ဒူး၊ ငါးဦး မြေထိစေ” ဆိုတဲ့အတိုင်း ထိခြင်းငါးပါးနဲ့ ကန်တော့မှ ကန်တော့အရာမြောက်တယ်လို့ စာမှာဆိုတယ်။
ဒါနဲ့ပတ်သတ်ပြီး မှတ်သားစရာသမိုင်းကြောင်းတစ်ခုကို ပြောပြမယ်။
မြန်မာ့သမိုင်းမှာ အင်းဝခေတ်က ဆရာတော်ဦးဗုဓ်ဆိုတာ အတော်ထင်ရှားတယ်။ စာတတ်တယ်၊ ဝိနည်းစည်းကမ်းကို လေးစားတယ်။ ဘုရင်သော ဘာသောလည်း သိပ်ဂရုစိုက်တဲ့ ဘုန်းကြီးမဟုတ်ဘူး။ တစ်ခါမှာတော့ ဘကြီးတော်မင်းတရားကြီးနဲ့ နန်းမတော်မယ်နုက ဆရာတော့ကို ကြီးကျယ်ခမ်းနားတဲ့ အုတ်ကျောင်းတစ်ဆောင် လှူတယ်။ အင်းဝမှာအခုထိ ရှိသေးတယ်။ မယ်နုအုတ်ကျောင်းဆိုတာ။
ကျောင်းရေစက်ချတဲ့ အခမ်းအနားမှာ ဘုရင်ကိုးကွယ်တဲ့ တခြားဆရာတော်ကြီးတွေလည်း ပါတယ်။ သီလယူဖို့အတွက် သြကာသကန်တော့ချိုးနဲ့ စပြီး ရှိခိုးတယ်။
ရှိခိုးပြီးသွားပေမယ့် ဆရာတော်ဦးဗုဓ်က ဆုလည်းမပေး၊ သီလလည်းမပေးဘဲ ငြိမ်နေတယ်။ တခြား ဆရာတော်တွေ မျက်လုံးပြူးကုန်တယ်။ ဆရာတော်ဦးဗုဓ်ဘေးက ဆရာတော်ကြီးတစ်ပါးက ဦးဗုဓ်ကို အသာလေးလက်တို့ပြီး “ကိုဗုဓ် ဘာလုပ် နေတာလဲ၊ ဆုပေးလိုက်လေ၊ သီလပေးလေ” လို့ မသိမသာသတိပေးတယ်။
ဆရာတော်ဦးဗုဓ်က “ကျမ်းစာမှာတော့ ရှိခိုးတဲ့အခါ (ပဉ္စပတိဋ္ဌိတ)ထိခြင်းငါးပါးနဲ့ ရှိခိုးမှ ရှိခိုးရာ မြောက်တယ်ဗျ” လို့ ပြန်ပြောလိုက်တယ်။
ဘကြီးတော်မင်းရှိခိုးတဲ့အခါ လက်အောက်မှာ ခေါင်းအုံးခုထားပြီးမှ ရှိခိုးတယ်။ ဘုရင်ဆိုတာကလည်းဇိမ်ခံတာတောင် ကုသိုလ်လုပ်တဲ့နေရာအထိဇိမ်ခံတယ်။ ရှေးခေတ်ကဓာတ်ပုံတွေ၊ ပန်းချီတွေမှာ မြင်ဖူးမှာပေါ့။ ဘုရင်နဲ့မိဘုရားတို့ထိုင်ရင် တံတောင်ဆစ်အောင်မှာ ခေါင်းအုံးလိုဟာမျိုးခုပြီး မှီထိုင်ကြတယ်။
ခုလဲ ဘုရင်ကလက်အောက်မှာ ခေါင်းအုံးခုထားတဲ့အတွက် လက်ကကြမ်းပြင်နဲ့ မထိတော့ဘူး။ မထိတော့ ရှိခိုးခြင်းအင်္ဂါနဲ့မညီလို့ ရှိခိုးခြင်းမမြောက်ဘူး။ ဒါကြောင့် ဆရာတော်ဦးဗုဓ်က သီလမပေးဘူး။ နန်းမတော်မယ်နုက ဘာကိုဆိုလိုမှန်းရိပ်မိပြီး ဘုရင့်လက်အောက်ကခေါင်းအုံးကို အသာအယာဆွဲယူလိုက်တယ်။ “ကဲကဲ ပြန်ကန်တော့ ကြရအောင်” ဆိုပြီး သြကာသကန်တော့ချိုး ပြန်ဆိုကာ ထိခြင်းငါးပါးနဲ့ကန်တော့မှ ဆရာတော်က သီလပေးတော့တယ်။
အမြဲတမ်းဒါမျိုးရှိခိုးမှ ရှိခိုးခြင်းမြောက်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျန်းမာရေးမကောင်းလို့ ခါးမကုန်းနိုင်တာမျိုး၊ အောက်မှာမထိုင်နိုင်တဲ့အခါမျိုးဆိုရင် လက်အုပ်ချီလိုက်ရင်လည်း ရှိခိုးခြင်းမြောက်ပါတယ်။
ဘုရားလက်ထက် ဒကာတစ်ယောက်က ဘုရားကို လျောက်ဖူးတယ်။ တကယ်လို့ သူလမ်းမပေါ်မှာ ဘုရားကိုတွေ့တဲ့အခါ လက်ကမအားလို့ ခေါင်းလေးဆတ်ပြီး အသိမှတ်ပြုပြရင်တောင် အရိုသေပေးတယ်လို့ မှတ်ပေးပါဘုရားတဲ့။
ဥပမာပြောရရင် ၊ဒကာတစ်ယောက် လမ်းမပေါ်မှာ ကားမောင်းနေတယ်။ သူနဲ့သိတဲ့ဆရာတော် တစ်ပါးကို မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အခါ အရိုအသေပေးချင်တယ်။ ကားမောင်းနေတဲ့အတွက် လက်အုပ်ချီလို့မရဘူး။ ကားမောင်းနေရင်း ရိုရိုသေသေအားနာတဲ့အမူအယာနဲ့ ခေါင်းလေးငြိတ်ပြတယ်ဆိုရင်ပဲ အရိုသေပေးရာရောက်ပါတယ်။
ရှိခိုးခြင်းပြီးတော့ ဆုတောင်းခြင်းကို ဆက်ပြောမယ်။
(၈)
အပါယ်လေးပါး -
အပါယ်ဆိုတာ 'အပါယ' လို့ဆိုတယ်။ 'ပါယ' က ကြီးပွားခြင်း၊ ချမ်းသာခြင်း၊ 'အ' ကမရှိ။ ပေါင်းလိုက်တော့ 'အပါယ' ဆိုတာ ချမ်းသာခြင်းမရှိ၊ ချမ်းသာကင်းခြင်းလို့ ဆိုတယ်။
အပါယ်က လေးပါးရှိတယ်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊
၁။ ငရဲ - အမြဲညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ သတ္တဝါ။
၂။ တိရစ္ဆာန် = မဂ်ဖိုလ်နဲ့ဖီလာကန့်လန့် ဖြစ်နေတဲ့ သတ္တဝါ။
၃။ ပြိတ္တာ = စားရမဲ့၀တ်ရမဲ့နဲ့ ခိုကိုးရာမဲ့နေတဲ့ သတ္တဝါ။
၄။ အသူရကာယ်= ခန္ဓာကြီးပြီး ပါးစပ်ကအပ်နဖားလောက်ရှိတဲ့ ပြိတ္တာထက်ဆင်းရဲတဲ့ သတ္တဝါ။
အသူရကာယ်ကို ပြိတ္တာထဲထည့်ကြတာရှိတယ်။ ဒါကြောင့် အပါယ်ဘုံကို သုံးဘုံလို့ဆိုတာလည်း ရှိတယ်။
(၉)
ကပ် သုံးပါး -
'ကပ်' ဆိုတာ ခေတ်တစ်ခု၊ ကာလတစ်ခုကို ပြောတာ။ | 166 |
| 7 | ရှေးမထေရ်ကြီးများရဲ့ကျေးဇူးကြောင့် ဦးဇင်းတို့ခုလိုတရားတွေ သိခွင့်ရခဲ့တယ်။ ဒါကြောင့် သံဃာ တော်တွေကို ကျေးဇူးရှင်အဖြစ် ပူဇော်နေကြတာဖြစ်တယ်။
ဒီသာသနာကို သံဃာတွေကို အေးအေးလူလူ သယ်ဆောင်လာရတာမဟုတ်ဘူး။ အိန္ဒိယမှာသာနာ အားနည်းလာပြီး သီဟိုမှာသာသနာထွန်းကားလာစဉ်မှာ သူပုန်ဘေးဆိုတာဖြစ်တယ်။ ရဟန်းတွေကို သတ်ဖြတ်တယ်။ ရဟန်းဦးခေါင်းတစ်လုံး ဖြတ်နိုင်ရင် ဆုငွေတစ်ထောင်တောင်ပေးတဲ့အထိ ဖြစ်ခဲ့တယ်။ ရဟန်းတွေနယ်စွန်နယ်ဖျားကို ပြေးခဲ့ရတယ်။ အချို့က အိန္ဒိယပြန်ပြေးကြတယ်။ သီဟိုမှာ ကျန်ခဲ့တဲ့ရဟန်းတွေဟာ ဆွမ်းမစားရဘဲ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့တယ်။ ၁၂ နှစ်လောက်ကြာတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓတရားတွေကို စာပေအဖြစ် မှတ်တမ်းမတင်ရသေးဘူး။ အစဉ်အဆက် နှုတ်တိုက်ချပြီး လက်ဆင့်ကမ်းသယ်ခဲ့တုန်းပဲ ရှိသေးတယ်။ သူပုန်ဘေးဖြစ်တော့ အစာမစားရတဲ့ ရဟန်းတော်တွေက ဗိုက်ထဲအစာမရှိလို့ ရေစိုစိုသဲပြင်မှာ ဝမ်းလျားမှောက်တဲ့သူကမှောက်၊ သဲကိုရေစွတ်ပီး ဗိုက်ပေါ်တင်တဲ့သူကတင်ပြီး ဘုရား တရားတော်တွေ မမေ့ပျောက်ရလေအောင် ရွတ်ဆိုနေကြရှာတယ်။ အာဟာရပြတ်နေတော့ အားအင်မရှိဘဲ အသံမထွက်တထွက် ရွတ်ဆိုနေရတာမျိုး နေမှာပေါ့။
သူပုန်ဘေးငြိမ်းလို့ ဝဋ္ဋဂါမဏိမင်းနန်းတက်လာမှ ရဟန်းတွေမြို့ပြန်ကပ်ခွင့်ရတယ်။ ထွက်ပြေးသွားတဲ့ ရဟန်းတော်တွေကိုပြန်စုပြီး မိမိနှုတ်တက်ဆောင်ထားတဲ့တရားနဲ့ အခြားသူနှုတ်တက်ဆောင် ထားတဲ့တရား တူမတူပြန်တိုက်ဆိုင် ကြည့်ကြရတယ်။ နောက်ဒါမျိုးကြုံရင် ဘုရားဟောတရားတွေ ပျောက်သွားနိုင်တဲ့အတွက် တရားတော်တွေကို တိုက်ဆိုင်အတည်ပြုပြီး စတုတ္ထသင်္ဂါယနာတင်ကာ တရားတော်တွေကို ပေထက်အက္ခရာကို တင်ခဲ့ကြတာဖြစ်တယ်။ ပိဋကတ်တွေကို ပေထက်အက္ခရာတင်တာဟာ စတုတ္ထသင်္ဂါယနာမှာမှ ဖြစ်တယ်။ သင်္ဂါယနာတင်တယ်ဆိုတာ ပိဋကတ်တွေကို စုပေါင်းရွတ်ဆိုအတည်ပြုတာပဲ ဖြစ်တယ်။
ဒါကြောင့် သံဃာတွေရဲ့ကျေးဇူးဟာ ကြီးမားလွန်းလို့ ဗုဒ္ဓဘာသာဝင်တွေက အမြတ်တနိုးလှူဒါန်းပူ ဇော်နေကြတာဖြစ်တယ်။
ကိုရင်လေးတွေကိုပဲကြည့်၊ ၉ နှစ် ၁၀ နှစ်သားကိုရင်လေးတွေ။ ဒီအရွယ်ဟာ မိဘရင်ခွင်မှာ အေးအေးချမ်းချမ်း နေရမယ့်အရွယ်။ ခုတော့မိဘနဲ့ခွဲနေပြီး ကိုယ့်ထမင်းကိုရှာစားလို့ ဗုဒ္ဓစာပေတွေကို သင်ယူနေကြရတယ်။ ကိုရင်လေးတွေ ဗုဒ္ဓစာပေကို သင်ယူတတ်မြောက်လာပြီးမှ ဆရာတော်ကြီးတွေဖြစ်လာကြတာ။ သူတို့ကမှ ဒကာဒကာမတွေကို ဟောပြောခြင်း၊ နောက်နောက်တပည့်ကိုရင် တွေမွေးထုတ်ပြီး သာသာနာကို လက်ဆင့်ကမ်းကြတာ။ ဒါကြောင် သာသနာမှာ ကိုရင်လေးတွေ ကအစ ကျေးဇူးရှိပါတယ်။
ဒါကြောင် သံဃာကို ရတနာတစ်ပါးလို့ အမြတ်တနိုးတန်ဖိုထားတာပေါ့။ သံဃာဆိုတာမှာ ကိုရင်ကအစ ဆရာတော်ကြီးအထိ အားလုံးပါတယ်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
ဆက်ရန်.... | 193 |
| 8 | အခုလို ခြေလျင်ကြွရခြင်းက အကြောင်းရှိနေပြန်တယ်။ လမ်းခရီးမှာ ကုသိနာရုံကနေ ပါဝါပြည်ကို လာနေတဲ့ ပုက္ကုသဆိုတဲ့မလ္လာမင်းသားနဲ့ တွေ့ရအုံးမယ်။ ပက္ကုသက ဗုဒ္ဓဘာသာမဟုတ်ဘူး။ သာသ နာပကိုးကွယ်သူပေါ့။ လမ်းခရီးမှာ မြတ်စွာဘုရား ပင်ပန်းလို့ အပင်ရိပ်အောက်မှာနားနေတာကို ပုက္ကုသကမြင်ပြီး ဘုရားရှင်ကိုလာဖူးတယ်။ ဘုရားရှင်ကို စကားအနည်းငယ်လျောက်လို့ အမေးအဖြေပြု တယ်။ ဘုရားရှင်က သူ့မေးခွန်းကိုပြန်ဖြေပြီး တရားတဲ့အခါမှ ဘုရားရှင်ကိုအလွန်ကြည်ညိုသွားပြီး သရဏဂုံတည်သွားတယ်။ ဘုရားရှင်နဲ့ အရှင်အာနန္ဒာကိုလည်း သူ့ရဲ့မွန်မြတ်တဲ့ အဝတ်ပုဆိုးကိုလှုခွင့်ရသွားခဲ့တယ်။
လူတစ်ယောက် သရဏဂုံတည်ဖို့၊ ဒါနကုသိုလ်ပြုခွင့်ရဖို့အတွက်ဆို ဘုရားရှင်ကအပင်ပန်းခံတယ်။
ကဲ စဉ်းစားကြည်စမ်း။ ဟိုး သူမေဓာရှင်ရသေ့ဘဝကတည်းက ကိုယ်ကျိုးစွန့်ပြီး အများအတွက် အ သက်၊ သွေး၊ ချွေး စတေးပြီး အပင်ပန်းခံခဲ့တာဟာ သတ္တဝါတွေကို အလွန်သနားတော်မူတဲ့ မဟာ ကရုဏာကြောင့်ပဲလေ။ ဒီပုဂ္ဂိုလ်မျိုးလို ဘယ်သူ အနစ်နာခံ ကရုဏာထားနိုင်မှာလဲ။ ဒါကြောင့် ဘုရားရှင်ကို အတုမရှိဘုရားရှင်လို့ ဆိုရတယ်။ ဒီလိုဘုရားမျိုးကို ကိုးကွယ်ခွင့်ရဖို့ဆိုတာ ဘယ်လောက်ခဲ ယဉ်းလိုက်သလဲ။ ကမ္ဘာ့လူဦးရေနဲ့တွက်ကြည့်။ သရဏ်ဂုံတည်တဲ့သူ ကတကယ့်နည်းနည်းလေးရယ်။
ကမ္ဘာမှာ နိုင်ငံပေါင်းများစွာရှိတာမှာမှ ထေရဝါဒ ငါးနိုင်ငံပဲ ရှိတယ်။ မြန်မာ၊ ထိုင်၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား တို့ဖြစ်တယ်။ အဲဒီငါးနိုင်ငံမှာမှ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံ။ သာသနာအပွင့်လင်းဆုံးနိုင်ငံပဲ ဖြစ်တယ်။
ဒီလို ဒုလ္လတရားနဲ့ကြုံနေတာ ဦးဇင်းတို့ ဘယ်လောက်ကံကောင်းလိုက်သလို။ ကိုယ်ဘာသာရဲ့ တန်ဖိုးကိုခံစားမိမှ ကိုယ်ကံကောင်းတာကို သိမှာ။ နို့မို့ဆိုရင် မိရိုးဖလာဗုဒ္ဓဘာသာပဲ ဖြစ်နေတယ်။ ဤအိမ်သည် ဗုဒ္ဓဘာသာအိမ်ဖြစ်သည်ဆိုတဲ့ ဆိုင်းဘုတ်ဆွဲဗုဒ္ဓဘာသာ အဆင့်ပဲဖြစ်နေရင် ဦးဇင်းတို့သာသနာနဲ့တွေ့ရတာ တန်ပါ့မလား။
ဘုရားဟာ သူ့ဘာသာတရားကျင့်တယ်၊ ဘုရားဖြစ်လာတယ်၊ နောက်ပြီးပရိနိဗ္ဗာန်စံသွားတယ် ဆိုရင် ဦးဇင်းတို့အနေနဲ့ ဘုရားကိုကိုးကွယ်ဖို့ လိုပါ့မလား။ မလိုပါဘူး။ ဘာတရားမှမဟောရင် ကိုးကွယ်ရကောင်းမှန်းလည်း သိမှာမဟုတ်ဘူး။ ကိုယ့်အပေါ် ဘာကျေးဇူးမှမရှိလို့ ကိုးကွယ်ဖို့လည်း မလိုဘူး။ ဘာပူဇော်မှုမှလည်း လုပ်နေစရာမလိုဘူး။
အခုတော့ဘုရားရှင်က ဦးဇင်းတို့အတွက် အနစ်နာခံ ပါရမီဖြည့်တယ်။ ဘုရားဖြစ်လာတော့လည်း နောက်ဆုံး ပရိနိဗ္ဗာန်စံသည်အထိ ဦးဇင်းတို့အတွက် တရားတွေဟောပြီး အပင်ပန်းထပ်ခံပြန်တယ်။ ဘုရားပွင့်လာလို့သာ တရားဆိုတာနာခွင့်ရတယ်။ နာခွင့်ရလို့ လက်တွေ့ဘဝမှာ ကုသိုလ်အကုသိုလ်ဆိုတာကိုခွဲခြားသိပြီး အေးချမ်းအောင်နေတတ်လာတယ်။ အချို့သရဏဂုံတည်တယ်၊ အချို့ အောက်အရိယာတွေ ဖြစ်တယ်။ အချို့ဆို သံသရာ ဝဋ်က အပြီးလွတ်ခဲ့ကြတယ်။ ဒါကြောင့် တရားတော်ဟာလည်း အလွန်ကျေးဇူးများတဲ့ ရတနာလို့ ဆိုရတယ်။
ဘုရားပရိနိဗ္ဗာန် စံသွားပြီးနောက် တရားတော်တွေကို သံဃာတွေကပဲလက်ဆင့်ကမ်း သယ်ခဲ့၊ ဟောခဲ့ပြန်တယ်။ တရားနာရလို့သာဦးဇင်းတို့က ဘုရားကို ဘုရားမှန်းသိတာ။ ဘုရားရှင်လက်ထက်က ဝက္ကလိမထေရ်ဆိုတာရှိတယ်။ သူက ဘုရားရဲ့တင့်တယ်တဲ့ ပုံကို တစိမ့်စိမ့်နဲ့ ကြည့်မဝရှုမဝ ဖြစ်နေတယ်။ ဘုရားနောက်က တောက်လျောက်လိုက်ပြီး ဘုရားကို အမြဲတမ်းကြည့်နေတာပဲ။ ဘာတရားမှမကျင့်ဘဲ ဘုရားကိုပဲအမြဲကြည့်နေတာ။ ဒီတော့ ဘုရားရှင်က “ဒီအပုပ်ကောင်ခန္ဓာကြီးကို ကြည့်နေလို့ ဘာထူးမှာလဲ၊ ဘုရားကိုမြင်တယ်ဆိုတာက တရားကိုမြင်မှ ဖြစ်တာ။ တရားကိုမြင်မှ ဘုရားကိုမြင်တာ၊ ဒီအ တိုင်းမျက်စိ နဲ့ ဘုရားကိုကြည့်နေရုံနဲ့ ဘုရားကိုမြင်တယ်လို့မဆိုရဘူး” တဲ့။
ဟုတ်တယ်လေ။ အခု ဘုရားစင်ပေါ်ကရုပ်ပွားတော်ကို မျက်စိရှိတဲ့လူတိုင်း မြင်နေရတာပဲ၊ ရွှေတိဂုံတို့ ဆူးလေဘုရားတို့ဆိုရင်လည်း ဘာသာခြားကအစ လူတိုင်း မြင်နေတာပဲမဟုတ်လား။ ဒါမျိုးမြင်တာကို ဘုရားကိုမြင်တယ်လို့ မဆိုရဘူး။ ဘုရားဟောထားတဲ့ တရားတွေကြားနာရမှ “သြော် ကိလေသာ ကုန်စင်ပြီး အေးချမ်းနေတဲ့ မြတ်စွာဘုရားပါလား၊ လူနတ်သတ္တဝါတွေအတွက် အနစ်နာခံခဲ့တဲ့ ဘုရားပါလား” ဆိုပြီး ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မြင်မှ ဘုရားကိုမြင်တယ်လို့ ဆိုရတယ်။ ဂုဏ်တော်ကို မြင်ဖို့ဆိုတာလည်း ဂုဏ်တော်တွေအကြောင်း စာဖတ်ထားလို့မြင်တာမျိုးကို ဆိုလိုတာမဟုတ်ပြန်ဘူး။ စာကတော့စာဖတ်တတ်တဲ့ ဘယ်သူမဆို ဖတ်ရင်သိမှာပဲ။ ဒါပေမယ့် စာသိပဲဖြစ်ပြီး၊ ခံစားသိမဟုတ်တော့ ဗုဒ္ဓဘာသာဖြစ်မလာကြဘူး။ ဒါဆို ဂုဏ်တော်ကို စာသိသိနေရုံနဲ့လည်း ဘုရားကိုမြင်တယ်လို့ မဆိုရဘူး။ ဂုဏ်တော်တွေကို နက်နက်ရှိုင်းရှိုင်း ကိုယ်တိုင်ခံစားမိမှ ဘုရားကိုမြင်လိမ့်မယ်။ နက်နက်ရှိုင်းရှိုင်း ခံစားမိဖို့ကလည်း ကိုယ်တိုင် တရားအားထုတ်ခြင်းပဲရှိတယ်။ အမြင့်ဆုံးတရားကို မြင်ခြင်းပေါ့။ တရားဆိုတာမှာ ဒါနတရား၊ သီလတရား၊ ဘာဝနာတရား အားလုံးကိုဆိုလိုပါတယ်။ ဒီတရားကို လူတိုင်းအားထုတ်နိုင်ရဲ့လား။ ဘာသာခြားထား၊ ကိုယ့်ဗုဒ္ဓဘာသာထဲမှာတောင် တရားအားထုတ်သူက အလွန်နည်းတယ်။ ဒါကြောင့်တရားဟာလည်း ရှားပါးပြီးကြုံရခဲတဲ့ ဒုလ္လဘတရားရတနာ ဖြစ်တယ်။ | 152 |
| 9 | အားနည်းပြီးသွေးဝမ်းသွားတာဟာ စုန္ဒရဲ့ဝက်ပျိုသားဟင်းကိုစားမိလို့ ဝမ်းတော်သွားတာ မဟုတ်ဘူး။ ဘုရားရှင်က အကျိုးကြီးမားပြီး ညီမျှတဲ့ ဆွမ်းနှစ်မျိုး ရှိတယ်လို့ဟောတယ်။ ပထမဆွမ်းက သုဇာတာရဲ့ နို့ဆွမ်းဖြစ်တယ်။ ဘုရားရှင် ဒုက္ကရစရိယအကျင့်မှားကို ခြောက်နှစ်ကျင့်ပြီး မှားမှန်းသိတော့ အစားပြန်စားပြီး လမ်းမှန်ကိုကျင့်တယ်။ အဲဒီလိုပြန်ကျင့်တာမှာ သုဇာတာရဲ့နို့ဆွမ်းကို ဘုဉ်းပေးလိုက်ရတဲ့အတွက် အားအင်တို့ပြန်ပြည့်လာပြီး ဘုရားအဖြစ်ကို ရောက်ရှိခဲ့တယ်။
အခု စုန္ဒမထေရ်ရဲ့ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးလိုက်ရတဲ့အတွက်ကြောင့်သာ ပါဝါပြည်ကနေ ကုသိနာရုံကိုကြွနိုင်ဖို့ အားအင်ရခဲ့တာဖြစ်တယ်။ နို့မို့ဆို လမ်းတောင်မလျောက်နိုင်ဘဲ ဖြစ်နေလိမ့်မယ်။ ဝမ်းတော်လားရတာက ဝဋ်ကြွေးတော်ခံရတာ ဖြစ်တယ်။ ဝဋ်ဆိုတာက ဘုရားရှင်တောင် မလွတ်ဘူး။ အတိတ်ဘဝတစ်ခုမှာ ဆေးသမား(ဆရာဝန်ပေါ့လေ) ဖြစ်ခဲ့တုန်းက သူဋ္ဌေးသားလူနာတစ်ယောက်ကို ကုတယ်။ လူနာက ရောဂါပျောက်တဲ့အခါ ပိုက်ဆံမပေးဘူး။ သူဋ္ဌေးသားဖြစ်ရဲသားနဲ့ ကူလီကူမာလုပ်ပြီး ရောဂါမသက်သာဘူးဆိုပြီး ငွေမပေးချင်လို့ညစ်တယ်။ ဒီတော့ ဆေးသမားကလည်း ဆရာဝန်တွေရဲ့ ကျင့်ဝတ်ကိုမထောက်တော့ဘဲ မသိမသာနဲ့ဝမ်းသွားဆေး ထပ်တိုက်လိုက်တယ်။ သူဋ္ဌေးသားဝမ်းလားပြီးသေတယ်။ အဲဒီ အကုသိုလ်ကံကြောင့် အခုနောက်ဆုံးဘဝ ပရိနိဗ္ဗာန်စံခါနီးမှာ ပြန်ဝဋ်လည်တယ်။
တခြားနေရာတွေမှာ ပရိနိဗ္ဗာန်မပြုဘဲ ကုသိနာရုံကိုမှ ဘာကြောင့်ရွေးချယ်ရတာလည်း။ ကုသိနာရုံဆိုတာက မြို့ကြီးပြကြီးမဟုတ်ဘူး။ သာမန်မြို့ငယ်လေးမျှသာဖြစ်တယ်။ အရှင်အာနန္ဒာက ကုသိနာရုံမှာ ပရိနိဗ္ဗာန်မစံစေချင်ဘူး။ ဘုရားရှင်ဆိုတဲ့ဂုဏ်နဲ့ညီအောင် ဗာရာဏသီတို့၊ ကောသဗ္ဗီပြည်တို့ စတဲ့ တိုင်းနိုင်ငံကြီးတွေမှာ ဘုရားရှင်ကိုကြည်ညိုတဲ့ ဘုရင်တွေ၊ သူဋ္ဌေးတွေရဲ့ ခမ်းခမ်းနားနားအပူဇော်ခံပြီး ပရိနိဗ္ဗာန်ပြုစေချင်တယ်။
မြတ်စွာဘုရားရှင် ကုသိနာရုံကိုကြွရတာက အချက်သုံးချက်ရှိတယ်။
(၁ ) မဟာသုဒဿနသုတ်ကို ဟောခွင့်ရမှာမို့ဖြစ်တယ်။ အရှင်အာနန္ဒာက ကုသိနာရုံဟာမြို့သိမ်မြို့ငယ်လေးပါလို့ပြောတဲ့အခါ ဘုရားရှင်က ဒီမြို့ဟာ အရင်ကကုသာဝတီမြို့ကြီး ဖြစ်ခဲ့တယ်။ တံတိုင်းတွေအထပ်ထပ်၊ ဥယျာဉ်ပန်းမန်တွေ၊ ရေတွင်းကန်တွေနဲ့ အင်မတန်သာယာဖွယ်ကောင်းတဲ့ မြို့ဖြစ်ခဲ့တယ်။ ဘုရားရှင်ကအဲဒီမြို့မှာ စကြာဝတေးမင်းဘဝနဲ့ စည်းစိမ်အမျိုးမျိုးခံစားခဲ့တယ် ဆိုတဲ့အကြောင်းဟောတယ်။ စည်းစိမ်ခံစားခဲ့တာတွေကိုဟောပြီးတော့မှ -
"ကဲချစ်သားအာနန္ဒာ ကြည့်စမ်၊ အခုဒါတွေရှိသေးရဲ့လား၊ သင်္ခါရတရားဆိုတာမျိုးက ဒီသဘောရှိတယ်။ ခိုင်တယ်မြဲတယ်ဆိုတာ မရှိဘူး။ ပျက်စီးခြင်းမှာ အဆုံးသတ်တယ်” လို့ ဟောချလိုက်တယ်။
ဒီလို မဟာသုဒဿနသုတ်ကိုဟောတဲ့အခါ လူအများက ဘယ်အရာမှမမြဲပါလားလို့ သံဝေဂရပြီး ကုသိုလ်ကောင်းမှု ပြုဖြစ်ကြမှာကိုမြင်လို့ဖြစ်တယ်။
(၂) မြတ်စွာဘုရားရဲ့ နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒကို တရာဟောရမှာမို့ဖြစ်တယ်။ သုဘဒ္ဒပရိဗိုဇ်ဟာ ဘုရားရှင်ရဲ့တရားနာရမှ သံသရာကကျွတ်လွတ်ခွင့် ရမှာဖြစ်တယ်။ မြတ်စွာဘုရားရှင် ရဲ့ ဘုရားဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုက သတ္တဝါတွေကို ကယ်တင်ချင်တာဖြစ်လေတော့ တစ်ဦးတစ်ယောက်အတွက်ပဲဖြစ်စေ သံသရာဝဋ်က ကယ်တင်ခွင့်ရမယ်ဆိုရင် ခုလိုနေမကောင်းလဲ အပင်ပန်းခံပြီး ကြွတောမူရှာတယ်။
(၃) အခြားတိုင်းပြည်တွေမှာ ပရိနိဗ္ဗာန်စံရင် ကြွင်းကျန်တဲ့ဓာတ်တော်တွေကို အတိုင်းတိုင်း အပြည်ပြည်ကဘုရင်တွေ လုကြလိမ့်မယ်။ အဲဒီအခါ ဓာတ်တော်ကိုအကြောင်းပြုပြီး သတ်ကြ ဖြတ်ကြနဲ့ စစ်ပွဲတွေဖြစ်ကုန်မယ်။ ကုသိနာရုံမှာ အတိုင်းတိုင်းအပြည်ပြည်က ဘုရင်တွေရဲ့ဆရာဖြစ်တဲ့ ဒေါနပုဏ္ဏားရှိနေတယ်။ ဘုရင်ခေတ်မှာ မင်းညီမင်းသားတွေက ဘုရင်မဖြစ်ခင် အဋ္ဌာရသ ပညာတွေသင်ကြားဖို့ တက္ကသိုလ်ပြည်ဆိုတာမျိုးကို သွားပြီးသင်ကြရတယ်။ ဒေါနပုဏ္ဏားကြီးက အဲဒီဘုရင်တွေကို ပညာသင်ပေးခဲ့တဲ့ ဆရာဖြစ်တဲ့အတွက် ဘုရင်တွေကလေးစားကြတယ်။ ဒါကြောင့် ဒေါနပုဏ္ဏားကြီးက ဓာတ်တော်တွေကို အညီအမျှဝေပေးရင် သူတို့လက်ခံကြလိမ့်မယ်။
ဒီသုံးချက်ကြောင့် ကုသိနာရုံဆိုတဲ့ မြို့သေးသေးလေးကို အပင်ပန်းခံပြီး းအကြိမ်ကြိမ်နားလို့ ကြွခြင်းဖြစ်တယ်။
ဟုတ်ပြီ။ ကုသိနာရုံကိုကြွမှ အများအတွက် အဆင်ပြေမယ်ဆိုရင် ဘုရားရှင်ကတန်ခိုးရှင်ပဲ တန်ခိုးနဲ့ကြွပါလား။ ဘာလို့အပင်ပန်းခံပြီး လမ်းလျောက်နေသေးလဲ။ မြတ်စွာဘုရားရှင်က နေရာတကာ တန်ခိုးကိုအသုံးမပြုဘူး။ ကိုယ်ကျိုးအတွက်ဆိုရင် သူကိုယ်တိုင်လည်းမသုံးသလို သူ့တပည့်သားတွေကိုလည်း သုံးဖို့ခွင့်မပြုခဲ့ပါဘူး။ တိတ္ထိတွေနဲ့အပြိုင် စန္ဒကူးနံ့သာသပိတ်တစ်လုံးအတွက် တန်ခိုးပြခဲ့တဲ့ရဟန်းတော်ကို ကဲ့ရဲ့တော်မူ ခဲ့ပါတယ်။ ဟုတ်တာပေါ့။ နေရာတကာတန်ခိုးပြနေရင် တန်ခိုးဆိုတာခပ်ပေါပေါအရာ ဖြစ်သွားမှာပေ့ါ။ တန်ခိုးအစွမ်းကို မယုံတဲ့သူတွေဆိုရင် မျက်လှည့်ပြနေတာပါကွာ လို့တောင် ထင်သွားနိုင်သေးတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့သာသနာမှာ မြေလျိုးမိုးပျံနိုင်တဲ့တန်ခိုးဟာ အနှစ်အသားမှမဟုတ်တာ။ ဉာဏ်ပညာသည်သာလျင် သာသနာရဲ့အနှစ်ဖြစ်တယ်။ သတ္တဝါတွေရဲ့အကျိုးအတွက် လိုအပ်လာရင်တော့ မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေက တန်ခိုးကို ထုတ်သုံးပါတယ်။ | 156 |
| 10 | နောက်ဇာတ်တော်တစ်ခုမှာဆို ပုဏ္ဏားတစ်ယောက်ဟာ နွားပျောက်ကိုရှာရင်း တောထဲမှာမျက်စိလည် လမ်းမှားပြီး ချောက်ထဲကျသွားတယ်။ ပြန်လည်းမတက်တတ်တော့ဘူး။ ဒါကို ဘုရားအလောင်းမျောက်မင်းကတွေ့တဲ့အခါ သနားစိတ်ဖြစ်ပြီးပုဏ္ဏားရဲ့အသက်ကို ကယ်ဖို့လုပ်တယ်။ ချောက်က အတော်မြင့်တယ်။ ဒီတော့ မျောက်မင်းက ပုဏ္ဏားကိုကျောပိုးပြီး ခဲရာခဲဆစ်ခုန်ကာ ကုန်းပေါ်ကို ရောက်အောင်တက်တယ်။
ကုန်းပေါ်ရောက်တော့ မျောက်မင်းမောပန်းနေပြီ။ လူတစ်ယောက်လုံးထမ်းပြီး တက်လာရတာကိုး။ ဒါနဲ့ ပုဏ္ဏားပေါင်ပေါ်မှာ ခဏမှေးနေလိုက်တယ်။ ပုဏ္ဏားက သူ့အသက်ကိုကယ်လာတဲ့ ကျေးဇူးကိုမ ထောက်ဘဲ အိမ်ပြန်ရင်မိန်းမဆီမှာ မျက်နှာပန်းလှအောင်ဆိုပြီး သူ့ပေါင်ပေါ် မှိန်းနေတဲ့ မျောက်မင်းရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ထုသတ်တယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲနော်။
ခေါင်းရိုက်ခွဲခံလိုက်ရမှ မျောက်မင်းလည်းလန့်ဖြန့်ပြီး သစ်ပင်ပေါ်တက်ပြေးတယ်။ ချက်ချင်းတော့ မသေသေးဘူးလေ။ ကိုယ့်ကိုသေကြောင်းကြံတဲ့သူကို စိတ်မနာသေးဘူး။ ပုဏ္ဏားအနေနဲ့ တောထဲက ဘယ်လိုမှ ပြန်မထွက်နိုင်လောက်ဘူး။ ဒါကြောင့် သူလမ်းဆက်ပြပေးမယ်။ ဒါပေမယ့် ပုဏ္ဏားကိုမယုံရတဲ့အတွက် သူကသစ်ပင်ပေါ်ကသွားမယ်၊ သူ့ခေါင်းကကျတဲ့ သွေးစက်တွေကိုကြည့်ပြီး လိုက် ခိုင်းတယ်။ တောစပ်အထိမုဆိုးကို လိုက်ပို့ခဲ့သေးတယ်။ ဒီဒဏ်ရာနဲ့မျောက်မင်း သေဆုံးခဲ့တယ်။ ပုဏ္ဏားလည်း ကြာကြာမခံပါဘူး။ တောစပ်ရောက်လို့ မျောက်မင်းမျက်ကွယ်ပြုတာနဲ့ သူ့ကိုမြေမြိုတယ်။ (မဟာကပိဇာတ် - ဋ္ဌ - ပဉ္စမ)
မြတ်စွာဘုရားအလောင်း ဖြစ်တော်စဉ်တွေထဲမှာ ရင်နာစရာအဖြစ်ပျက်တွေ အများကြီးပဲ။ အခုလို ဒုက္ခခံနေတာဟာ သူ့ကိုယ်ကျိုးအတွက် မဟုတ်ပြန်ဘူး။ သတ္တဝါအများကို ကယ်တင်ချင်တယ်။ ဒီလိုကယ်တင်နိုင်ဖို့ကလည်း သူကိုယ်တိုင်ဘုရားဖြစ်မှ ဖြစ်မယ်။ ဒါကြောင့် ဘုရားဖြစ်အောင်ပါရမီဖြည့်ရင်း ဒုက္ခခံနေခြင်းဖြစ်တယ်။
ပါရမီဖြည့်ရတဲ့ရည်ရွယ်ချကိုက “ပရေသံ သင်္ဂဟတ္တမေဝ မယာ ပါရမိယော ပူရိတာ- သူတစ်ပါးတွေကိုချီးမြောက်လို၍ ပါရမီဖြည့်ခဲ့တာပါတဲ့"
ဘဝပေါင်းများစွာ ဒုက္ခခံပါရမီဖြည့်ပြီးမှ ဘုရားဖြစ်မယ့်ဘဝမှာ ကပ္ပိလဝတ်နန်းတော်မှာ မင်းသားလာဖြစ်တယ်။ သူတောထွက်တရားရှာခါနီး သားတော်လေးရာဟုလာမွေးတယ်။ ကိုယ်ချင်းစာကြည့် စမ်း။ ကိုယ့်သွေးသားကဖြစ်တဲ့ တစ်ဦးတည်းသော သားဦးလေးမွေးတော့ ဖခင်တစ်ယောက်အနေနဲ့ ဘယ်လောက်ချစ်ရှာလိုက်မလဲ။ သူ့စိတ်ထဲကခံစားချက်ဟာ သူ့သားလေးရဲ့နာမည်မှာ လာထင်ဟပ်နေတယ်။
“င့ါကိုဖမ်းစားခြင်းပြုမည့် ရာဟုအသူရိန်က ဖြစ်ပွားခဲ့လေပြီ။ အနှောင်အဖွဲ့ကြီး ဖြစ်ခဲ့လေပြီ” တဲ့။
ရာဟုဆိုတာက နေကြတ်တဲ့အခါ၊ လကြတ်တဲ့အခါမှာ နေလုံးပျောက်သွားအောင်၊ လဝန်းပျောက်သွားအောင် ကာကွယ်ထားတဲ့အရာကို ဆိုလိုတယ်။ အဲဒါကိုပဲ နေမထွက်၊ လမထွက်အောင် ဖမ်းထားတယ်လို့ တင်စားပြောတယ်။ အဲဒီလိုပဲ သူ့ရဲ့သားတော်လေးက သူ့ကိုဖမ်းစားတော့မယ်ဆိုပြီး ရာဟုအသူရိန်လို့ ပြောတာ။ ဘုရားအလောင်းနှုတ်က ထွက်တဲ့အတိုင်း အဘိုးဖြစ်သူသုဒ္ဓေါဒနမင်းကြီးက မြေးဖြစ်သူကို ရာဟုလာလို့ နာမည်မှည့်လိုက်တယ်။
ဘုရားဖြစ်လာတော့လည်း တစ်ရက် ၂၄ နာရီရှိတာမှာ မြတ်စွာဘုရားရှင်က မိုးသောက်ယံမှာ ခဏပဲ အနားယူတော်မူတယ်။ ညနေ ၆ နာရီကနေ ၁၀နာရီအထိကို ညည့်ဦးယံ၊ ၁၀ နာရီကနေ ၂ နာရီအထိကို ညည့်လယ်ယံ။ ၂ နာရီကနေ ၆ နာရီအထိကို မိုးသောက်ယံ ဆိုပါတော့။ အဲဒီမိုးသောက်ယံကို သုံးပိုင်းပိုင်းရင် တစ်ပိုင်းကို ၁နာရီနဲ့ ၂၀ မိနစ်ရှိမယ်။ အဲဒီမှာ အလယ်တစ်ပိုင်းမှာပဲ ဘုရားရှင်က သတိနဲ့လျောင်းစက်တော်မူတယ်။ စာထဲမှာတော့ နာရီနဲ့ အတိအကျတွက်ပြတာမျိုး မဟုတ်ဘူးပေါ့။ ဦးဇင်းခန့်မှန်းကြည့်တာ။
ဘုရားဟာ လောကသားတို့အတွက် အဲလောက် အလုပ်လုပ်ပါတယ်။ ကမ္ဘာမှာအလုပ်လုပ်ဆုံး ပုဂ္ဂိုလ်ပေါ့။ ဒါဟာ နေ့စဉ်ပြုနေကျဗုဒ္ဓကိစ္စလို့ ခေါ်တယ်။ တစ်ရက်တလေမှ ဒီလိုလုပ်တာမဟုတ်ဘူး။ ပရိနိဗ္ဗာန်စံသည်အထိကို အလုပ်လုပ်သွားတာ။
နောက်ဆုံး ပရိနိဗ္ဗာန်စံတာကိုလည်းကြည့်။ မြတ်စွာဘုရားရှင်ဟာ ပါဝါပြည်ကနေပရိနိဗ္ဗုပြုဖို့ ကုသိုနာရုံကနေ မလ္လာမင်းတို့ရဲ့အင်ကြင်းတောကို ကြွတယ်။ ပါဝါပြည်နဲ့ကုသိနာရုံဟာ သုံးဝါဝုတ်ပဲဝေးတယ်။ တစ်ဂါဝုတ်မှာပျမ်းမျှ၂ မိုင်ဆိုတော့ ၆ မိုင်ခရီးဖြစ်တယ်။ သာမန်ယောက်ျားတစ်ယောက်ရဲ့ ပုံမှန်ခြေလှမ်းဟာ တစ်နာရီပျမ်းမျှလမ်းလျှောက်နှုန်းဟာ ၄ မိုင်ရှိတယ်။ ၆ မိုင်ခရီးဆိုတော့ ၁ နာရီ ကျော်လောက် လျောက်ရင်ရတယ်။ ခါတိုင်းဆို ဘုရားရှင်လို ခွန်အားဗလနဲ့ပြည့်စုံတဲ့ မဟာပုရိသအတွက် ဒီခရီးကအနီးကလေးရယ်။ အခုက သိပ်အဝေးကြီးမဟုတ်တဲ့ အဲဒီခရီးကို ၂၅ ကြိမ်နားပြီး ကြွရတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က ဝမ်းတော်လားပြီး အင်အားချည့်နဲ့နေတယ်လေ။
“ချစ်သားအာနန္ဒာ ငါဘုရားပင်ပန်း၏၊ လျောင်းတော်မူမည်၊ နှစ်ထပ်သင်္ကန်းကိုခင်းလော့”
အကြိမ်ကြိမ်မိန့်ပြီး နားရှာတယ်။ ဒါကြောင့် ၂၅ ကြိမ်လောက်နားပြီး ကြွနေရတာဖြစ်တယ်။ (လေးဝါဝုတ် တစ်ယူဇနာ၊ တစ်ယူဇနာ ရှစ်မိုင်) | 110 |
| 11 | ကမ္ဘာတစ်ခုရဲ့သက်တန်းကို နှစ်အရေအတွက်နဲ့ သတ်မှတ်လို့မရဘူး။ ကပ်အပိုင်းအခြားနဲ့ပဲ သတ်မှတ်တယ်။ ကပ်ဆိုတာက ဘုံအလိုက် သတ်မှတ်ထားတဲ့ သက်တန်းအပိုင်း အခြားကိုခေါ်တယ်။ လူ့သက်တန်းဟာ မရေမတွက်နိုင်လောက်အောင်ရှည်လျားတဲ့ အသေင်္ချေယျတမ်းကနေ တစ်ဖြည်းဖြည်း သက်တမ်းဆုတ်လာကာ ဆယ်နှစ်တမ်းအထိရောက်လာတယ်။ ဆယ်နှစ်ထက်တော့ ပိုမဆုတ်တော့ဘူး။ ဆယ်နှစ်တမ်းကနေ တစ်ဖန်ပြန်ပြီးတက်သွားလိုက်တာ မရေမတွက်နိုင်လောက်တဲ့ အသေင်္ချေယျတမ်းကို ပြန်ရောက်သွားတယ်။ အဲဒီလို သက်တန်းအတက်အကျတစ်စုံကို အန္တရကပ် တစ်ကပ်လို့ ခေါ်တယ်။ အဲလို ဆင်းလိုက်၊ တက်လိုက်နဲ့ အန္တရကပ် ၆၄ ကပ်ကို အသေင်္ချေယျတစ်ကပ်ခေါ်တယ်။ အသေင်္ချေယျကပ် ၄ ကပ်ကိုမှ တစ်ကမ္ဘာခေါ်ရတယ်။ ဒါကြောင့် ကမ္ဘာ့သက်တန်းကို နှစ်အရေတွက်နဲ့ တွက်လို့မရဘဲ ကပ်အရေအတွက်နဲ့ပဲ သတ်မှတ်ကြတယ်။
အဲဒီ ၁၁ ကမ္ဘာတွင်မှာ ဘုရားရှင်ပေါင်း ၂၇ ဆူသာပွင့်တော်မူတယ်။ ပါရမီရင့်လို့ ဘုရားဖြစ်ဖို့ဗျာဒိတ်ခံပြီးဖြစ်တဲ့ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည်ပင် ပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်း ၂၇ ဆူတွင်မှ သာသနာနဲ့ ၂၄ ကြိမ်ပဲကြုံခဲ့ရပြီး အဲဒီ၂၄ ကြိမ်မှာမှ ရဟန်းဘဝကို ၉ ဘဝသာ ရရှိခဲ့ပါတယ်။
အခုခေတ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပကြတာဟာ မြတ်စွာဘုရားရှင်ဗျာဒိတ်ခံတဲ့ ကမ္ဘာကစပြီး ၁၁ ကမ္ဘာအတွင်း ပွင့်ခဲ့တဲ့ဘုရားရှင် ၂၇ ဆူရယ်၊ အခု ဦးဇင်းတို့ကိုးကွယ်နေတဲ့ ဂေါတမဘုရားရှင်ရယ်ပေါင်းတော့ ၂၈ ရယ်ကို ပူဇော်တဲ့အနေနဲ့ နှစ်ကျိပ်ရှစ်ဆူ (၂၈ဆူ)ဘုရားပွဲပူဇော်ကြတာပဲ။
သုမေဓာသူဋ္ဌေးသားက သူ့မိဘတွေသေလွန်တဲ့အခါ ဘဏ္ဌာထိန်းကပစ္စည်းတွေ စုစောင်းထားတဲ့ ဂိုထောင်တွေဖွင့်ပြပြီး “ဒါကအရှင့်အမေဖက်ကပါတာ၊ ဒါကအရှင့်အဖေဖက်ကပါတာ၊ ဒါကနောက်တိုးပွားတာ” ဆိုပြီး ရွှေငွေဥစ္စာရတနာတွေကို ပြတော့ သူမေဓာသူဋ္ဌေးသားက အံ့တွေသြတာပေါ့။ ငါ့မိဘတွေဟာ ရှာတော့ရှာတတ်ကြတယ်။ မသုံးတတ်ခဲ့ကြဘူး။ ငါတော့သုံးတတ်အောင်သုံးမယ် ဆိုပြီး ရှိသမျှဥစ္စာတွေကိုဂိုထောင်ဖွင့်ပြီး ယူချင်တဲ့သူယူဆိုကာ ဖွင့်ပေးလိုက်တယ်။ သူကတော့ သစ်ခေါက်ဆိုးသင်္ကန်းဝတ်ပြီး တောထွက်သွားတယ်။
တရားကျင့်တော့ စျာန်အဘိညာဉ်တန်ခိုးတွေ ရတယ်။ အဲဒီမြို့ကို ဒီပင်္ကရာမြတ်စွာဘုရား ကြွတော်မူလာတဲ့အခါ မြို့သူမြို့သားတွေက လမ်းတွေကိုပြင်ကြ၊ ညှိကြတယ်။ သူမေဓာရှင်ရသေ့ကလည်း သူ့အတွက်တစ်နေရာတောင်းပြီး ပြင်တယ်။ သုမေဓာရှင်ရသေ့က တန်ခိုးကြီုးသူဖြစ်တော့ ပြင်ရခက်နေတဲ့ချိုင့်ခွက်ကြီးကို မြို့သူမြို့သားတွေက ပြင်စေတယ်။ ဒီပင်္ကရာဘုရားကြွလာချိန် ချိုင့်ခွက်က မြေဖို့လို့မပြီးသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရသေ့ကတန်ခိုးအစွမ်းနဲ့ မဖို့ချင်ဘူး။ သူ့ရဲ့ချွေးနဲ့ရင်းရတဲ့ ပကတိလုပ်အားနဲ့ပဲ လုပ်တာကြောင့် အချိန်မီလမ်းကမပြီးဘဲ ဖြစ်နေတာ။ ဒါကြောင့် မြေဖို့လို့မပြီးသေးလို့ မညီမညာဖြစ်နေတဲ့နေရာမှာ သူ့ကိုယ်ကိုတံတားလိုခင်းပြီး ဘုရားရှင်ကိုနင်းဖြတ်စေတယ်။
အဲဒီအချိန်မှာ သုမေဓာရသေ့ရဲ့စိတ်မှာ ဘုရားဖြစ်ချင်တဲ့ဆန္ဒလည်း ပြင်းပြနေပြီ။ သူ့တစ်ယောက်တည်းအတွက်ဆို အခုဘဝနဲ့တင် နိဗ္ဗာန်ကိုယူလို့ရနေပြီ။ သူသာ ဝိပဿနာရှုလိုက်မယ်ဆိုရင် ရဟန္တာဖြစ်ပြီ။ ဒါပေမယ့် သူမရှုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကဘုရားဖြစ်ချင်တာကိုး။ ဘုရားဖြစ်ချင်တာကလည်း သူ့ကိုယ်ကျိုးအတွက် မဟုတ်ပြန်ဘူး။ ဘုရားအလောင်းသုမေဓာ ရှင်ရသေ့ ပြောတာနားထောင်ကြည့်။
“ပညာစွမ်းအား၊ သဒ္ဓါစွမ်းအား၊ ဝီရိယစွမ်းအား ရှိသည်ကိုသိမြင်သော ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါလျက် သံသရာဝဋ်အတွင်းမှ တစ်ကိုယ်ကောင်းကြံကာ တစ်ယောက်တည်း ကူးမြောက်သဖြင့် ငါ့အားအဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗညုတဘုရားအဖြစ်ကို ရောက်အောင် ကြိုးစားအားထုတ်ပြီး နတ်နှင့်တကွ သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲ ဒုက္ခပင်လယ်တွင်းက ကယ်တင်ပေအံ့” တဲ့။
စဉ်းစားကြည့်နော် ကိုယ်ရရှိမယ့်လက်တစ်ကမ်းက နိဗ္ဗာန်ချမ်းသာကိုစွန့်ပြီး သတ္တဝါတွေကိုကယ်တင်ချင်လွန်းလို့ သံသရာထဲပြန်အလည်ခံတယ်။ သံသရာလည်ပြီဆိုရင် ဘုရားရှင်ဟာ လူသားဖြစ်တဲ့အတွက် လူမှုဒုက္ခတွေကြုံရတော့တာပဲ။ ဆင်းဆင်းရဲရဲနေခဲ့ရတဲ့ဘဝတွေ ရှိခဲ့တယ်။ အသတ်ခံရတဲ့ဘဝတွေ ရှိခဲ့တယ်။ ထောင်တန်းကျခဲ့တဲ့ဘဝတွေ ရှိခဲ့တယ်။ တိရစ္ဆာန်ဖြစ်တဲ့ဘဝတွေ ရှိခဲ့တယ်။ ဘယ်ဘဝရောက်ရောက် ဒုက္ခခံပြီးပါရမီကို ရအောင်ဖြည့်တာပဲ။ သူက သတ္တဝါတွေကို ကယ်တင်ချင်တာကိုး။ အားလုံးကြားဖူးနေတဲ့ မျောက်မင်းဘဝတစ်ခုကိုပဲကြည့်။ သူ့အမျိုးနွယ်မျောက်တွေကိုကယ်ချင်တဲ့အတွက် မြစ်တစ်ဘက်ကမ်းကိုကူးဖို့ နွယ်ကြိုးရှာတာ ကြိုးကတိုနေတယ်။ တိုနေတဲ့ကြိုးနေရာမှာ သူအစားဝင်ပြီး သူ့ခါးမှာ နွယ်ကြိုးကိုချည်ပြီး ရှည်အောင်ဆက်ပေးလိုက်တယ်။ လေထဲမှာတွဲလောင်းဖြစ်နေတဲ့ သူ့ကိုနင်းပြီး သူ့ဆွေမျိုးမျောက်တွေ ကူးကြတယ်။ အဲမှာ ဒေဝတ်မျောက်ကတော့ ရိုးရိုးနင်းပြီးမကူးဘဲ ဘုရားအလောင်းမျောက်မင်းရဲ့ခါးအပေါ်ကို အမြင့်ကခုံချပြီးမှကူးတယ်။ ဒီတော့ ဘုရားအလောင်းမျောက်မင်း ခါးကျိုးပြီးသေတယ်။ (မဟာကပိဇာတ် - ဋ္ဌ - တတိယ) | 115 |
| 12 | “သြကာသ ကန်တော့ချိုး ရှင်းတမ်း တရား”
ဗုဒ္ဓဘာသာဝင် မှန်သမျှ “သြကာသ” ကန်တော့ချိုး နဲ့ ကန်တော့ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် ကန်တော့ချိုးမှာပါတဲ့ စကားလုံး အဓိပ္ပါယ်တွေကို လုံးစေ့ ပတ်စေ့ သိတဲ့သူတော့ ရှားတယ်။။ ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ အခြေခံ ယဉ်ကျေးမှု ဖြစ်တဲ့ “သြကာသ” ကန်တော့ချိုးအကြောင်း ပြောပြပေးပါမယ်။
ကန်တော့ချိုးမှာ ရှိခိုးခြင်း နဲ့ ဆုတောင်းခြင်း နှစ်ပိုင်း ပါတယ်။ ရှိခိုးတာက အပြစ်ရှိနေရင် အပြစ်တွေ ကျေပါစေလို့ ရှိခိုးတောင်းပန်တာရှိသလို၊ ကုသိုလ်လိုချင်လို့ ရှိခိုးတာလည်း ရှိတယ်။
ရှိခိုးခြင်း…။
"သြကာသ…သြကာသ….သြကာသ၊ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား”
ဆုတောင်းခြင်း…
ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် ချမ်းသာတရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား”
(၁)
သွကာသ-
သြကာသ ဆိုတာ ခွင့်တောင်းတာ။ ခွင့်ပြုတော်မူပါ လို့ခွင့်တောင်းတာဖြစ်တယ်။ လေးစားရတဲ့ ဆရာသမား လူကြီးမိဘများနဲ့ တွေ့တဲ့အခါ၊ သူတို့အခန်းထဲ ဝင်တဲ့အခါ၊ ပြန်တဲ့အခါ၊ တစ်ခုခု ပြောချင်တာ ရှိတဲ့အခါမျိုးမှာ ရိုသေတဲ့အနေနဲ့ “ခွင့်ပြုပါခင်ဗျာ” လို့ ခွင့်တောင်းကြသလိုပဲ အခုလဲ ရိုသေလေးစားရတဲ့ ရဟန်းသံဃာ၊ မိဘ၊ ဆရာသမား၊ တို့ကို ရှိခိုးတဲ့အခါမျိုးမှာ ဖြစ်စေ၊ ရဟန်းသံဃာဆီက သီလ စသည်တောင်းဖို့ ရှေးဦးရှိခိုးတဲ့အခါမှာဖြစ်စေ သြကာသရွတ်ဆိုပြီး ခွင့်ပြုပါလို့တောင်းပန်တာဖြစ်တယ်။ အလေးအမြတ်ပြုတဲ့အနေနဲ့ သုံးကြိမ်ရွတ်ဆို ခွင့်တောင်းတာဖြစ်တယ်။
(၂)
ကာယကံ ဝစီကံ မနောကံ-
ကာယကံ ဆိုတာ ကိုယ်ဖြင့်ပြုလုပ်တဲ့အမှု၊ ဝီစီကံဆိုတာက စကားဖြင့်ပြောဆိုတဲ့အမှု၊ မနောကံ ဆိုတာက စိတ်နဲ့တွေးတောတဲ့အမှု သုံးခုဖြစ်တယ်။
(၃)
သဗ္ဗဒေါသ-
အလုံးစုံသော အပြစ်ဟူသမျှလို့ ပြောတာ။
(၄)
ရတနာမြတ်သုံးပါး-
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ လို့ဆိုတာမှာ ရတနာဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘာလို့ ရတနာလို့ သုံးရတာလဲ။
လောကမှာ တန်ဖိုးရှိပြီးရှားပါးတဲ့ ပစ္စည်းမျိုးကို ရတနာလို့ ပြောကြတယ်မလား။ စိန် ရွှေ ငွေ ပတ္တမြား စတဲ့ ကျောက်မျက်ရတနာတွေကို ရတနာ လို့ ပြောကြတာက လှပတယ်၊ လူတွေစိတ်မှာ နှစ်သက်တယ်၊ ရှားပါးတယ်၊ လူတိုင်းလည်း မပိုင်ဆိုင်နိုင်ဘူး၊ ဒါကြောင့် လူတွေကတန်ဖိုးထားပြီး ရတနာလို့ ပြောကြတယ်။
“လေးစားမြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲကပ်၊ သူမြတ်တို့သာ၊ သုံးဆောင်ရာ၊ ရတနာဟုခေါ်” တဲ့။
" စိတ်တီကတံ မဟဂ်ဃဉ်စ ၊ အတုလံ ဒုလ်လဘဒဿနံ ၊ အနောမသတ္တ ပရိဘောဂံ၊ ရတနံတေန ဝုစ္စတိ "
"စိတ္တီကတံ - စိတ်၌စွဲကပ် အလေးလည်းပြုအပ်သည်၊ မဟဂ္ဃဉ္စ - အဖိုးများစွာလည်း ထိုက်တန်သည်၊ အတုလဉ္စ - ပြိုင်ဘက်မပြု အတုလည်းမရှိ၊ ဒုလ္လဘဒဿနံ - မြင်ခဲတဲ့အရာလည်းဖြစ်၊ အနောမသတ္တ ပရိဘောဂဉ္စ - မယုတ်ညံ့သူ လူမွန်လူမြတ်တို့သာ သုံးဆောင်ရာလည်းဖြစ် ၊ တေန - ထိုအကြောင်းများကြောင့်၊ ရတနံ - ရတနာဟု ၊
ဝုစ္စတိ - ဆိုအပ်၏ ။ ( ခုဒ္ဒက - ဋ္ဌ )
ဘာကြောင့် ဘုရား တရား သံဃာ ကို ရတနာခေါ်ရသလဲ ဆိုတော့..
ဘုရားရှင်ပွင့်တော်မူသော ကမ္ဘာများကို "ဘုရားတစ်ဆူပွင့်သောကမ္ဘာကို သာရကမ္ဘာ၊ နှစ်ဆူပွင့်သောကမ္ဘာကို မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်သောကမ္ဘာကို ဝရကမ္ဘာ၊ လေးဆူပွင့်သောကမ္ဘာကို သာရမဏ္ဍကမ္ဘာ၊ ငါးဆူပွင့်သောကမ္ဘာကို ဘဒ္ဒကမ္ဘာ၊ လို့သတ်မှတ်တယ်။ ဘုရားတစ်ဆူမှ မပွင့်တဲ့ကမ္ဘာကိုတေ့ သုညကမ္ဘာ လို့ခေါ်တယ်။
ဦးဇင်းတို့နေထိုင်တဲ့ကမ္ဘာက ဘုရားရှင်ငါးဆူ ပွင့်တော်မူမယ့် ဘဒ္ဒကမ္ဘာဖြစ်တယ်။ အခု လေးဆူတော့ပွင့်တော် မူပြီးသွားပြီ။ အရိမေတ္တယျ မြတ်စွာဘုရားတစ်ဆူပဲ ပွင့်ဖို့ကျန်တော့တယ်။ ဒါပြီးရင်ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ ပြန်ဖြစ်အဦးမယ်။
လက်ရှိကိုးကွယ်နေတဲ့ ဂေါတမမြတ်စွာဘုရားရှင်က ဒီပင်္ကရာမြတ်စွာဘုရားထံမှာ သုမေဓာရှင်ရ သေ့ဘဝနဲ့ ဘုရားဖြစ်ဖို့ဗျာဒိတ်ခံခဲ့တယ်။ သုမေဓာ ရှင်ရသေ့ဘုရားဆုပန်ပြီး ဗျာဓိတ်ခံတဲ့ကမ္ဘာက ဘုရားလေးဆူပွင့်တဲ့ ဝရကမ္ဘာ လို့ခေါ်တယ်။ အဲဒီကမ္ဘာမှာ (၁)တဏှင်္ကရာ (၂)မေဓင်္ကရာ (၃)သရဏင်္ကရာ ဘုရားသုံးဆူ ပွင့်ပြီးသွားပြီ။ နောက်ဆုံပွင့်ကတာ (၄) ဒီပင်္ကရာဖြစ်တယ်။ အဲဒီကမ္ဘာမှာ နောက်ဆုံးပွင့်တဲ့ ဒီပင်္ကရာမြတ်စွာဘုရားထံမှာ သုမေဓာရှင်ရသေ့က ဗျာဒိတ်ခဲ့တာပဲ။
သုမေဓာရှင်ရသေ့ဘဝကစလို့ ဘုရားဖြစ်ဖို့ ပါရမီဖြည့်တဲ့ ကမ္ဘာပေါင်းလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘုရားပွင့်ရာကမ္ဘာက ၁၁ ကမ္ဘာပဲ ရှိခဲ့တယ်။ အသင်္ချေဆိုတာ မရေမတွက်နိုင်သော သင်္ချာအရေအတွက်လို့ ဆိုလိုတာ။ သုညအလုံး ၁၄၀ ရှိသော အရေအတွက်လို့ သတ်မှတ်ကြတာလည်းရှိတယ်။ | 169 |
| 13 | "ကျေစရာလေးများဖြင့် လောကဓံကိုရင်ဆိုင်ပါ"
လူရဲ့ဦးနှောက်ဟာ အလေးချိန်အားဖြင့် ၂ ပေါင်လောက်သာရှိပြီး ခန္ဓာတစ်ခုလုံးအလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပေမယ့် အောက်ဆီဂျင်နဲ့သကြားဓာတ် စတဲ့ စွမ်းအင်ကိုသုံးတဲ့အခါကျတော့ ခန္ဓာတစ်ခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း အထိသုံးတယ်လို့ဆိုတယ်။ ဦးနှောက်ဟာ တရစပ် အလုပ်လုပ်နေရတဲ့ ခန္ဓာအစိတ်ပိုင်းပဲ။
ဦးနှောက်ရဲ့ အရှေ့ဘက်အခြမ်းက Hippocampus (ဟစ်ပိုကမ်းပက်စ်) အစိတ်ပိုင်းရှိပြီး သူကအကောင်းမြင်စိတ်၊ ပျော်ရွှင်စိတ် စတဲ့ အကျိုးပြုတာတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်တယ်။
ဦးနောက်ရဲ့ အနောက်ဘက်ခြမ်းက Amygadala (အမိတ်ဒလာ) က စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေ စတဲ့ အဆိုးသဘောနဲ့ပတ်သက်ရင် အလုပ်လုပ်တယ်။
ဒီအစိတ်အပိုင်းနှစ်ခုကလည်း လွန်ဆွဲနေတဲ့အစိတ်ပိုင်းတွေ ဖြစ်တယ်။ ဟစ်ပိုကမ်းပက်စ် အားကောင်းရင် အမိတ်ဒလာအားနည်းလာတယ်၊ အမိတ်ဒလာအားကောင်းရင် ဟစ်ပိုကမ်းပက်စ် အားနည်းလာတယ်။
'ပါပသ္မိံ ရမတိ မနော' ဆိုတဲ့အတိုင်း သတ္တဝါတွေရဲ့ စိတ်ဟာ မကောင်းမှုမှာ အားသာနေတတ်တယ်။ ဒါကြောင့် အမိတ်ဒလာအလုပ်လုပ်တဲ့အချိန် ပိုများနေကြတယ်။ ခုလို ကပ်ဘေးနဲ့ကြုံတဲ့အခါများဆို ပိုဆိုးတာပေါ့။ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ လွန်ကဲနေတယ်။ ရောဂါဖြစ်မှာစိုးရိမ်၊ စားဝတ်နေရေး စီးပွားရေးအတွက်စိုးရိမ်နဲ့ စိုးရိမ်စရာခေါင်းစဥ်က အတော်များတယ်။
စိုးရိမ်စိတ်ဟာတဖြည်းဖြည်းနဲ့ အာသေဝနသတ္တိရလာရင် စိုးရိမ်စရာမဟုတ်တာတွေမှာပါ ကြံဖန်စိုးရိမ်တဲ့အထိ ဖြစ်လာတော့တယ်။
stress (စိတ်ဖိစီးမှု) ဖြစ်ချိန်မှာ ကျောက်ကပ် အထက်မှာရှိတဲ့ adrenal glands(အဒရီနယ်အကျိတ်များ) ကနေ Cortisol(ကောတီဆော) ဆိုတဲ့ ဓာတုပစ္စည်းဟော်မုန်းတွေ ထွက်လာတယ်။ ဒီဟော်မုန်းထွက်လာရင် အမိတ်ဒလာက ပိုပိုအလုပ်လုပ်လာပြီး ခန္ဓာရဲ့စွမ်းအင်ကိုလည်း အလွန်အကျွံ သုံးပစ်လို့ လူပင်ပန်းပြီးရောဂါတောင် ရလာနိုင်တယ်။
ဒါကြောင့် စိတ်ဖိစီးမှုကို သတိထားကိုင်တွယ်ဖို့ ကြိုးစားသင့်တယ်။
ဟစ်ပိုကမ်းပက် အစိတ်အပိုင်းအားကောင်းအောင် အပြုသဘောဆောင်တဲ့ အတွေးများများတွေးပါ။ စိတ်ညစ်စရာအာရုံကိုတွေ့ရင် စိတ်ညစ်ခံတာထက် ကရုဏာစိတ်နဲ့ကြည့်ပြီး အပြုသဘောစိတ်ဖြစ်အောင် ကြိုးစားပါ။ မိမိဘဝနဲ့ပတ်သက်တဲ့ ကောင်းကွက်၊ အောင်မြင်မှု စတဲ့ စိတ်ပျော်စရာလေးတွေ တွေးပြီး မုဒိတာစိတ်ကို ကိုယ့်ကိုယ်ကိုယ် အရင်တည်ဆောက်ပါ။
စိတ်တည်ငြိမ်အောင် ဘာဝနာတစ်ခုခုပွားပြီး စိတ်ဖိစီးမှုတွေကို လျော့ချပါ။
ဒါဆိုရင်ဦးနှောက်ရဲ့ ဟစ်ပိုကမ်းပက်စ် အားကောင်းလာမယ်။ Oxytocin (အောက်ဆီတော်ဆင်) ဓာတုပစ္စည်းထွက်လာပြီး လူကို ကျေနပ်မှုရစေတယ်။
တရားထိုင်လို့စိတ်တည်ငြိမ်နေရင် စိတ်ဖိစီးမှုကို ပျောက်စေတဲ့ အိုပီယွိုက်(Opioids) ဟော်မုန်းထွက်ပြီး ပျော်ရွှင်မှုကိုဖြစ်စေတယ်။ မော်ဖိန်းတစ်မျိုးဖြစ်တဲ့ အင်ဒိုဖိန်း(endorphine) ထွက်ပြီးပီတိ ဖြစ်လာတယ်။
ရုပ်နဲ့စိတ်ဟာအပြန်အလှန် ကျေးဇူးပြုနေတာ ဖြစ်တယ်။ စိတ်မှာသာ stress တွေ လျော့ချနိုင်ရင် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ဟာ ရုပ်အကောင်းတွေပဲ ဖြစ်လာတော့မှာပေါ့။ ဒါဆို ကိုယ်ခံစွမ်းအားလည်း မြင့်တက်လာမယ်။ ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိလာမယ်။
ဦးဇင်းကတော့ ကိုယ့်ဘဝနဲ့ပတ်သက်ရင် စာရေးနိုင်တာကို ကြည်နူးတယ်။ စာအုပ်ဆိုင်ရဲ့စာအုပ်စင်ပေါ်မှာ ကိုယ့်စာအုပ်လေးမြင်နေရရင်ကို ရောင်းရရမရောင်းရရ ကျေနပ်နေတယ်။ ကိုယ့်စာဖတ်လို့ တစ်ဦးတစ်ယောက် အသိဉာဏ်ပွင့်ခဲ့တယ်လို့သိရရင် စိတ်ကျေနပ်မှုရတယ်။
မိဘနဲ့ပတ်သက်လို့ ကိုယ်စွမ်းနိုင်သမျှထောက်ပံ့တယ်။ ရဟန်းတစ်ပါးအနေနဲ့ သာသနာအတွက် ရေးသင့်၊ ဟောသင့်တာတွေကို ဟောခဲ့တယ်။
ဒါတွေကိုတွေးပြီး စိတ်ကျေနပ်တယ်။ ဒီကျေနပ်စိတ်နဲ့ စိတ်ဖိစီးမှုကိုလျော့ချတယ်။ ကြည်နူးနေတဲ့ စိတ်နဲ့တရားထိုင်ရင် သမာဓိလည်းရလွယ်၊ ဉာဏ်လည်း ဖြစ်လွယ်တယ်။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 262 |
| 14 | "ဘောင်"
ဆရာအောင်သင်း၏ စာအုပ်တွင် ဖတ်ရသည်။ ( ဝတ္တုရေးရာ ဆောင်းပါးများ) အနုပညာခံစားခြင်းနှင့် ဆိုင်သောသဘောကို သုံးသပ်ပြနေသော စာဖြစ် သည်။ ထိုစာအုပ်တစ်နေရာတွင်...
ကလေးစိတ်ပညာရှင်များကပြောကြသည်။
ကလေးများသည် မော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံ၊ သင်္ဘော စသည် အရုပ်များနှင့်ကစားသောအခါ တစ်ပတ်ဆယ်ရက်ထက်ပို၍ ကြာရှည်မကစားတတ်ကြ။ ဘာအရုပ်မှ ပီပီသသမရှိသည့် သစ်သားတုံး၊ ကျောက်ခဲ စသည် မယ်မယ်ရရ မဟုတ်သောအရာများနှင့်သာ ပြန်လည်ကစားကြသည်က များသည်ဟုဆိုကြ၏။
မော်တော်ကားသည် မော်တော်ကားဖြစ်နေသဖြင့် ကလေး၏စိတ်ကူးတွင် တခြားအရာဖြစ်ခွင့်မရှိ တော့။ မော်တော်ကားကို ရေထဲတွင်ချ၍ သင်္ဘောအဖြစ်ကစား၍မရနိုင်သကဲ့သို့ သင်္ဘောကိုလည်း မော်တော်ကားကဲ့သို့ ကုန်းပေါ်ဆွဲကစား၍ မရသလိုဖြစ်နေသည်။ ပုံသဏ္ဌာန်အသေ သတ်မှတ်ချက်ရှိနေ၍ ဖြစ်သည်။
သစ်သားတုံးလေးကိုကား လက်နှင့်တွန်း၍ ဝူးဝူးနှင့် ကားလိုအော်ကာ ကစား၍လည်းရသည်၊ ဂျုံဂျုံဂျက်ဂျက်အော်ကာ ရှေ့တိုးနောက်ဆုတ် ခုန်ဆွခုန်ဆွဖြင့် မီးရထားလုပ်ကစား၍လည်းရသည်။ ရေထဲချပြီး သင်္ဘောလိုကစားလည်းဖြစ်ပြန်သည်။ လက်ထဲကိုင်လျက် လေထဲဝဲပျံသလို တဝီဝီအော်လိုက်သောအခါ လေယာဉ်ပျံလည်းဖြစ်သွားပြန်သည်။
ဤသို့ ကလေး၏စိတ်ထဲတွင် ပုစံသတ်မှတ်ချက် လွန်မြောက်နေပြီး စိတ်ကူးဉာဏ်ကွန့်မြူးချင် သလို ကွန့်မြူးခွင့်ရနေသဖြင့် ထိုမယ်မယ်ရရမဟုတ်သောအရာများနှင့်သာ ပြန်ကစားခြင်းဖြစ်ကြောင်း စိတ်ပညာဆရာများက ဆိုပါသည်။
"တွေးမိလိုက်သည်က သတ်မှတ်ချက်ဘောင်က လွန်မြောက်နေသော ဉာဏ်ကွန့်မြူးမှုအကြောင်း"
ပုံစံသဏ္ဌာန်တစ်ခု သတ်မှတ်ချက်ရှိနေလျင် ကလေးသော်မှ ကြာလျင်မနှစ်သက်။ ဉာဏ်ဖောက် ထွက်ခွင့် ပိတ်သွားသောကြောင့် ဖြစ်သည်။
ဓမ္မနယ်ပယ်တွင်လည်း ထိုစိတ်ပညာသဘောမျိုး ရှိလေမည်လားဟု တွေးမိသည်။ ချည်တိုင် သတ်မှတ်ချက်တစ်ခု ပုံသောထား၍ ဒါကဒါကြီးပဲကြည့်နေ့ရပါက ကြာလျင်ပျင်းရိလာနိုင်ပါသည်။ ဒါလုပ်ရမည်ဆိုသော ဘောင်အသေပြဋ္ဌာန်းထားလိုက်သောအခါ တခြားကိုဖောက်ထွက် ရှုမရတော့၊ မရှုတတ်တော့။
တရားဆိုတာ နှာသီးဖျားကိုစိတ်ထား၊ စိတ်ငြိမ်အောင်လုပ် ဒါတရားဟု ဘောင်အသေသတ်မှတ် လိုက်သည်ဆိုပါစို့။
ယောဂီကမငြိမ်ငြိမ်အောင် စိတ်ကိုအတင်းအားစိုက်ရတော့သည်။ ငြိမ်လျင်ကျေနပ်၍ မငြိမ်လျင် ဒေါသထွက်သည်။ ငြိမ်အောင်လုပ်နေရင်း စိတ်ကူးအတွေးဝင်လာပါက အတင်းငြင်းဖယ်သည်။ အတွေးသည်ပင် ရှုကွက်တစ်ခုဟု နှလုံးမသွင်းနိုင်။
ဉာဏ်သည်ကျယ်ကျယ်ပြန့်ပြန့် ကွန့်မြူးခွင့်မရဖြစ်လာသည်။ လွတ်လပ်မှုမရှိ ဖြစ်နေသည်။ ဉာဏ်၏နောက်သို့ လိုက်ခွင့်မရတော့ဘဲ ဘောင်တစ်ခုသတ်မှတ်ချက်တွင်း ပိတ်မိသွားသည်။
ကလေးငယ်၏ သစ်သားတုံးလေးသည် ကလေးငယ်တွင်ရှိသောဉာဏ်၏ ကွန့်မြူးမှုနောက်သို့လိုက်ရသည်။ ကလေးငယ်သည် ကားဆိုသောလှပသေသပ်သည့် ပုံသေအရုပ်တွင် သူ၏ဉာဏ်ကို လှောင်ပိတ်မထား။ ထို့ကြောင့် သူစိတ်လွတ်လပ်လေ၏။
ယောဂီသည်ကား…….
ဆရာအောင်သင်း၏ စာအုပ်ကိုဖတ်၍ အနုပညာရသသဘောကော၊ ဓမ္မရသသဘောပါ ဆင်ခြင်ခွင့်ရလိုက်သည်က စာဖတ်ခြင်း၏ကောင်းကျိုးရလဒ်ပင် မဟုတ်ပါလော။
အရှင်ပညာသီရိ( ရမ္မာကျွန်း ) | 226 |
| 15 | ကြက်မတစ်ကောင်နဲ့ ဘဲမတစ်ကောင် မျက်နှာငယ်လေးနဲ့စကားပြောနေကြတယ်။
သူတို့နောက်ခပ်လှမ်းလှမ်းမှာ "ရှင်ပြုမင်္ဂလာမဏ္ဍပ်" ဆိုတဲ့ဆိုင်းဘုတ်ကြီးဟီးလို့။ လော်စပီကာတွေလည်းချိတ်လို့။
ဘဲမလေးက မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောတယ်။
"မကြက်ရယ် ဒီတစ်ခါကျွန်မအလှည့်ရောက်ရင် ကျွန်မဥလေးတွေကို ကူဝပ်ပေးပါနော်"
ရဟန်းသုံးဝါလောက်ရတုန်းက တောင်တစ်တောင်ပေါ်မှာ တစ်ပါးတည်းအေးအေးလူလူ နေခဲ့ဖူးတယ်။ တောင်ပေါ်မှာ ကျောင်းသင်္ခမ်းလေး၊ ဆည်လည်းသံတချွင်ချွင်စေတီလေးနဲ့ ရုပ်ပွားတော်တစ်ဆူ။ တောင်နောက်ဘက်အခြမ်းမှာက တောင်ယာနဲ့တောအုပ်ကလေး။
တိတ်တိတ်ဆိတ်ပါပဲ။ ညဘက်ဆိုတိတ်ဆိတ်လွန်းလို့ စားပွဲတင်နာရီသေးသေးလေးရဲ့အသံကို တချက်ချက်နဲ့ အကျယ်ကြီးကြားတဲ့အတွက် အိုဗာတင်းပုလင်းအလွတ်ထဲထည့်ပြီး ပိတ်ထားရတယ်။
တောင်ခြေကရွာထဲမှာ အလှူပွဲတော်တစ်ခုခုဖြစ်မှာကို ကြောက်နေမိတယ်။ ရွာထဲအလှူရှိပြီဆိုရင် အလှုမှာကျွေးမယ့် ဝက်၊ ဘဲ၊ ကြက်တွေကို မိမိသင်္ခမ်းနားကတောအုပ်လေးမှာ လာသတ်ကြတာ။
အလှုရှင်ကသူတို့အတွက် အရက်ဖိုးပါပေးလိုက်လေတော့ ကလီစာတွေကို ကင်လို့တစ်ဖုံ၊ ချက်လို့တစ်မျိုး၊ သတ်ဖြတ်ရင်း သောက်စားမြည်းကြတာပေါ့။
ဘေးနားမှာက စေတီသာနဲ့ကျောင်းသင်္ခမ်း၊ ဘာသာရေးအကြောင်းပြု ဖွင့်လိုက်တဲ့လော်စပီကာအသံကလည်း ညလုံးပေါက်။ ရောခ့်၊ ပေါ့ပ်၊ ဟစ်ဟော့ သံစဉ်တွေကစုံပါ့။
ဘာရယ်မဟုတ်ပါဘူး၊ သီတင်းကျွတ်တော့မယ်ဆိုတော့ လော်သံတွေကို ကြိုလွမ်းကြည့်မိတာပါ။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 227 |
| 16 | ‘တမာရွက် ရောင်းကြသူများ’
"ဟဲ့..ဟို လှိုင်သာယာက လူမိုက် အောင်အောင်ဇော်၊ ကပ်ကျေးတွေ ဓားတွေကိုင်ပြီး ငါ့ကျောင်းဘာလုပ် တာလဲကွဲ့"
"အာ..ဘဘုန်းကလည်း တပည့်တော်က ဆံသဆရာမို့လို့ ကပ်ကျေးတွေ ဓားတွေကိုင်တာပါဘုရား။ တပည့်တော်က လူမိုက်မဟုတ်ရပါဖျာ့"
"အမြင်ကပ်လို့ ပြောတာဟဲ့..။ နင်နဲ့ ရာဇာဆိုတဲ့ အကောင် ဓားမကိုင်ပြီးလိုင်းပေါ်မှာ လိုက်ခုတ်နေတာကြားလို့ ရွဲ့ပြောတာ"
"လုပ်ပြန်ပြီ ...ဘဘုန်းကလည်း၊ ဓမ္မပါဘုရား..တပည့်တောတို့က ဓမ္မကိုဆွဲကိုင်ပြီး အဓမ္မတွေကို လိုက်ခုတ်တာပါ"
"ထားပါတော့ ထားပါတော့ကွယ်၊ ဒါနဲ့ ဘုန်းကြီးကျောင်းကို ကပ်ကျေးကိုင်ပြီးလာတော့ ဘုန်းကြီးမှာ ညှပ်စရာအမွှေးဆိုလို့……..၊ အဲ…ကပ္ပိယ ဖိုးဉာဏ်တော့ရှိသကွဲ့။ ဘိုင်ပြတ်ဘဉာဏ် ဖြစ်နေလို့ အဲကောင် ဆံပင်မညှပ်နိုင်တာတောင် ကြာပေါ့။ ကုသိုလ်လိုချင်ရင် သူ့ကိုသာစီမံကိန်းကေ ညှပ်ပေးလိုက်ကွယ်။ စီမံကိန်းကေဆိုတာ သိတယ်မလား၊ ရှေ့မှာ ဘဲမြီးအဖုတ်ကလေးထားပြီး တခေါင်းလုံးပြောင်ထားတာကွဲ့"
"အမြီးပါမကျန်အောင် ညှပ်ပေးပါမယ် ဘဘုန်းရယ်၊ ဘဘုန်းဆံပင်တွေ ရှည်နေတာပါ ရိတ်ပေးခဲ့ပါမယ်။ တည့်တော်လျောက်စရာ ရှိတယ်ဘုရား။ လိုင်းပေါ်မှာ ပရိယတ်ကိုပယ်ပြီး ကိုယ်တွေ့ဆိုတာတွေ အတော်သောင်းကျန်း နေတယ်ဘုရား။ တချို့က စကားအလှလေးတွေပါ ထွင်သုံးတတ်တော့ သူတို့ပရိတ်သတ်ကလည်း မသေးဘူး။ ပရိယတ်ဆိုတာ ပဋိပတ်ကလာတာ။ ဒါကြောင့် ပဋိပတ်က ပိုအရေးကြီးတယ်ဆိုတာမျိုး ပြောနေတာက ဟုတ်သလိုလိုနဲ့ ပရိယတ်ကိုအထင်သေးပုံ ပေါက်နေတယ်ဘဘုန်း။ တပည့်တော်တို့လည်း လက်လှမ်းမီသလောက် ဓမ္မနဲ့အညီရှင်းပြတာပဲ"
"အိုကွယ်…ပရိယတ်ကိုပယ်တာနဲ့ ပတ်သက်ပြီး ‘အဖြူရောင်သည် ကောက်ကောက်ကွေးကွေး ရှိ၏’ ဆိုတဲ့ဆောင်းပါး ဘုန်းကြီးရေးဖူးပါတယ်"
"တပည့်တော်ဖတ်ဖူးတယ်"
"ဘုန်းကြီးကြားဖူးတဲ့ စကားလေးရှိတယ်။ ‘အမှန်တရားသည် သီအိုရီအပေါ်၌ အခြေမဆိုက်၊ သီအိုရီသည်သာ အမှန်တရားအပေါ် အခြေဆိုက်သည်’ တဲ့။ ခုမင်းပြောတဲ့ ပရိယတ်ဟာ ပဋိပတ်ကလာတယ်ဆိုတာနဲ့ ခပ်ဆင်ဆင်ပေါ့။ ဒီစကားက ဟုတ်သော်လည်းပဲ ပရိယတ်(စာ)ကို အထင်သေးသင့်တဲ့ စကားမျိုးတော့ မဟုတ်ဘူး။
အခု ကမ္ဘာမှာဖြစ်နေတဲ့ ကပ်ရောဂါတွေနဲ့ ဆက်စပ်ပြီး ဥပမာပေးမကွယ်။ တကမ္ဘာလုံး ကပ်ရောဂါအသစ်တွေဖြစ်တယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက အပြိုင်အဆိုင် ဆေးတီတွင်ဖို့ရှာဖွေကြတယ်။ ဓာတ်ခွဲခန်းတွေမှာ ရောဂါရဲ့သဘာဝကို အသေးစိတ် လေ့လာမယ်။ ရရှိလာတဲ့ အချက်လက်တွေကို မှတ်တမ်းတင်ထားမယ်။ အချက်လက်တွေကိုအမှီပြုပြီး လိုအပ်တဲ့ဓာတုဗေဒ ပစ္စည်းတွေကို အမျိုးမျိုးပေါင်းစပ်ထုတ်လုပ်မယ်။ ဒီလို ပေါင်းစပ်တဲ့ အချက်လက်တွေကိုလည်း အသေးစိတ်မှတ်တမ်းတင်ထားမယ်။ ဒါမှ လွဲချော်မှု တစုံတရာဖြစ်ခဲ့ရင် ချက်ချင်းသိနိုင်ပြီး ပြင်ဆင်နိုင်မှာဖြစ်တယ်။ ထွက်ပေါ်လာတဲ့ဆေးကို လူ့အသက်အရွယ် အမျိုးမျိုးမှာ အကြိမ်ကြိမ် စမ်းသပ်ပြီး ရလာဒ်ကိုစောင့်ကြည့်မယ်။ မှတ်တမ်းတင်မယ်။ လိုအပ်ရင် ပြင်ဆင်လိုက်၊ ထပ်ဖြည့်လိုက်၊ အသစ်ထွင်လိုက်၊ စမ်းသပ်လိုက်လုပ်ရင်း ပြီးပြည့်စုံတဲ့ဆေး ရရှိမှာဖြစ်တယ်။
အဲလို အမျိုးမျိုး ဓာတ်ခွဲစမ်းသပ်နေတာဟာ ပဋိပတ်ပေါ့။ ရရှိလာတဲ့ အချက်လက်တွေကို မှတ်တမ်းတင် ထားတာကတော့ ပရိယတ်ပေါ့။ စာနဲ့အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့အတွက် ဆေးတစ်ခါသောက်ဖို့လိုတိုင်း အသေးစိတ် ပြန်စမ်းသပ်၊ ပြန်ထုတ်ဖို့ လိုပါဦးမလားကွယ်"
"ဘယ်လိုတော့မှာလဲ ဘဘုန်းကလည်း၊ ကွန်ပျူတာထဲမှာ ဆေးဖော်မျူလာတွေကို မှတ်တမ်းတင်ထားပြီးပဲ။ ဒါကြည့်ပြီး ထုတ်နေရုံပဲဟာ"
"အေးကွယ်..။ တို့ဘုရားရှင်ဆိုတဲ့ သမားတော်ကြီးက ကိလေသာရောဂါတွေကိုကုဖို့ အသေးစိတ် ဓာတ်ခွဲလေ့လာတယ်။ ရရှိလာတဲ့ အချက်တွေကို အသုံးပြုပြီးဆေးဖော်လို့ သူကိုယ်တိုင်အရင်သောက်လိုက်တာ ကိလေသာကုန်ခမ်းရုံတင်မက ဘုရားဆိုတဲ့ ဂုဏ်ထူးတောင်ရသွားသတဲ့။ ဘုရားရှင်က သူဖော်စပ်သောက်ခဲ့တဲ့ ဆေးနည်းကို ပိဋိကတ်မှာ မှတ်တမ်းတင်ထားလိုက်တယ်ကွဲ့။ အဲလို ဘယ်သူ့အကူအညီမှမလိုဘဲ ကိုယ်တိုင်ဆေးဖော်စပ်နိုင်တာကလည်း ဘုရားရှင်နဲ့ ပစ္စေကဗုဒ္ဓ နှစ်ပါးသာရှိတယ်။ ပစ္စေကဗုဒ္ဓ ဆိုရင် ကိုယ်တိုင် ဆေးဖော်သောက်နိုင်ပေမယ့် မှတ်တမ်းတော့မတင်နိုင်ဘူးကွဲ့။
ဘုန်းကြီးတို့က ဘုရားရှင်ပေးခဲ့တဲ့ ဆေးနည်းကို ဖတ်ပြီး ကိုယ်တိုင်ဆေးဖော်ကာ သောက်လိုက်ရုံပဲလေ။ ဒါဆို ကိလေသာအနာတွေ ပျောက်မှာပေါ့။ ပိဋကတ်ထဲက ဆေးဖော်နည်းတွေကို စာတွေပါကွာ ဆိုပြီး ကိုယ်ထင်ရာနည်းနဲ့ တွေ့ရာတွေလျောက်သောက်နေရင် ဘာနဲ့တူသွားမလဲကွဲ့ မောင်အောင်ဇော်.."
"ဘာနဲ့ တူသွားလဲ ဘဘုန်း…"
‘မောင်လေး တမာရွက်ပြုတ် သောက်တဲ့’
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 268 |
| 17 | အရာတစ်ခုက အရာတစ်ခုကို မှီထားရင်၊ အမှီခံက လှုပ်တဲ့အခါ မှီနေတဲ့အရာပါ လိုက်လှုပ်ရတယ်။လောကမှာက ဒီလိုမှီရတာကိုပဲ ဂုဏ်ယူကျေနပ်နေကြတယ်။
သားသမီးကမိဘကို၊ မိဘကသားသမီးကို မှီကြတယ်။ အမှီခံရောမှီတဲ့သူရောက အနိစ္စတရားတွေ ဖြစ်လေတော့၊ လှုပ်ကြပြီပေါ့။
ဘုရားရှင်က "သင်္ခာရေ ပရတော ပဿ - သင်္ခာရတရားတွေကို ငါနဲ့မဆိုင် သူစိမ်းအဖြစ်သဘောထား ရှုပါ" တဲ့။
နှာသီးဖျားမှာ စိတ်ထားရှုနေတယ်။ လေတိုးသွားတာ၊ ဝင်သွားတာ၊ ပျက်သွားတာတွေကို သိနေမယ်။ သူတို့ကသူ့သဘော သူဆောင်နေကြတာ ဖြစ်တယ်။ အရှုခံကဝါယော၊ ရှုဉာဏ်ကစိတ်။
ဘယ်မလဲငါ၊ အတ္တ။ ငါမဟုတ်သလို ငါ့ဝါယောလည်းမဟုတ်ဘူး။ ရှုဉာဏ်က အာရုံကိုသူစိမ်းအဖြစ် မြင်ဖို့လိုတယ်။
ဒုက္ခတရားလို့သာ မြင်ပါများလာရင် ဒါတွေအပေါ်ငြီးငွေ့ပြီး မလိုချင်စိတ်ဖြစ်လာတယ်။ လွတ်ချင်လာမယ်။
အီတလီရဟန်းတော် ဦးလောကနာထက ဗုဒ္ဓတရားတော်၏အနှစ်သာရဆိုပြီး "D" သုံးလုံးနဲ့ပြောသွားတယ်။
1..(D)...Disgust။ ။ ရွံ့ရှာမုတ်းတီခြင်း(နိဗ္ဗိဒါ)
2..(D)...Detachment။ ။တွယ်တာမှု့ကင်း(ဝိရာဂ)
3...(D)...Deliverance။ ။လွတ်မြောက်ခြင်း(ဝိမုတ္တိ)
ဝိပဿနာရှုရင် ဒီဉာဏ်တွေရလာတယ်။
တခုသတိထပ်ပေးမယ်။ တကယ်ဖြစ်ပျက်ရှုနိုင်ပြီဆိုရင် အနှောက်ယှက်တွေလာတတ်တယ်။ အလင်းရောင်တွေ၊ အာရုံနိမိတ်အမျိုးမျိုးတွေ၊ ခန္ဓာအလွန်အမင်း ပေါ့ပါးနေမှုတွေ၊ ပီတိတွေ အစရှိသဖြင့် ဝိပဿနာညစ်ညူးကြောင်းတွေ လာတတ်တယ်။
ဒါတွေကို မသာယာမိစေနဲ့ ။ လမ်းလွဲတတ်တယ်။ ဘိုးတော်တွေ ၊ နတ်တွေနဲ့ တွေ့ရင်လည်း သူတို့ကို ဂရုမစိုက်နဲ့။ ဝိပဿနာဥပဒေက အာရုံဟာပရမတ်ပဲ။ ပညတ်ဝင်ရင်လွဲပြီလို့သာမှတ်။ရှုနေကျအာရုံကိုပြန်သွားပါ။
ဖြစ်ပျက်ကိုရှုနေပါတယ်ပြောပြီး အာရုံကိုလိုက်ရှာနေရသေးရင်လည်း မဟုတ်သေးဘူးနော်။ အောက်ခြေဉာဏ်ရအောင် အရင်လေ့လာအားထုတ်ကြပါ။
မဟာစည်ဆရာတော်ဘုရားကြီးက "ဖြစ်ပေါ်လာသမျှသောအာရုံတိုင်းကို မပြတ်မှတ်နေသူဟာ အာရုံ၌ အာရမ္မဏနုသယမကိန်း၍ တဒင်္ဂဝိဝေက၊ ဝိရာဂ၊ နိရောဓ၊ ဝေါသဂ္ဂ၊ ဟုခေါ်၏။ ရှုမှတ်မှုဖြင့် ကိလေသာငြိမ်းနေသူ ဟုလည်းခေါ်၏" လို့ မိန့်ခဲ့ပါတယ်။
" သန္တိကေ န ဝိဇာနန္တိ မဂါ ဓမဿ အကောဝိဒါ - အဟုတ်မှန်ရှိသော ပရမတ်တရားတို့၌ မသိမြင်မလိမ္မာကုန်သော ပုထုဇဉ်သည် နိဗ္ဗာန်ကို အနားမှာရှိလျက် မသိနိုင်ကြလေကုန်" (သံယုတ်)
အနားမှာရှိတဲ့နိဗ္ဗာန်ကို အဝေးထွက်မရှာပါနဲ့။ တရားဆိုတာအားထုတ်မိရင်ကိုပဲ အခုလည်းငြိမ်းချမ်း နောင်လည်းငြိမ်းအေးပါတယ်။
သဘာဝတရားကိုမသိမြင်ဘဲ အနှစ်တစ်ရာရှင်သန်နေရခြင်းထက် သဘာဝတရားကို ထိုးထွင်းသိမြင်ပြီး နေရတဲ့တစ်ရက်က ပိုမြတ်တယ်လို့ ဘုရားဟောပါတယ်။
ကုသိုလ်ရှိတဲ့လူ ၊ တရားအားထုတ်တဲ့သူက သေခြင်းကိုတောင်ရင်ဆိုရဲပါတယ်။ နောင်တစ်ဘဝတော့ စိတ်ချရလို့ပါ။ ဘာအားထုတ်မှုမှမပြုဘဲ ရင်ဆိုင်ရဲတယ်လို့ပြောခြင်းက မောဟအားကြီသူသာ ဖြစ်ပါလိမ့်မယ်။ မောဟအားကြီးရင်လည်း သေရမှာမကြောက်ဘူးတဲ့။
ဘုရားရှင်က "လက်သဲပေါ်ကမြေမှုန့်နဲ့ ကမ္ဘာမြေကြီးကမြေမှုန့် ကွာခြားသလောက် သုဂတိဘုံရောက်တဲ့သူက လက်သဲပေါ်ကမြေမှုန့်လောက်ပဲရှိပြီး ဒုဂ္ဂတိဘုံရောက်တဲ့သူက ကမ္ဘာမြေကြီးလောက်ရှိတယ်" တဲ့။
လူတိုင်းနီးပါးကတော့ ကိုယ့်ကိုယ်ကိုယ် လက်သဲပေါ်ကမြေမှုန့် လို့ထင်ကြမှာဖြစ်တယ်။
ဦးဇင်းရဲ့စာကို အဆုံးသတ်ပါတော့မယ်။
"မယှံ ဟိ ပဋိပတ္တိကထနမေဝ ဘာရော - မဂ်ဖိုလ်နိဗ္ဗာန် အမှန်မြင်အောင် ဟောဖို့ကငါဘုရားတာဝန်"
"ပဋိပတ္တိ ပူရဏံ သာဝကာနံ ဘာရော - မဂ်ဖိုလ်နိဗ္ဗာန် အမှန်မြင်အောင်ကျင့်ဖို့က သာဝကတို့တာဝန်"
"အာနိသံ သဒါနံ ဓမ္မာနံ ဘာရော - ကျင့်သူတို့၏အကျိုးရဖို့ရန်က တရား၏တာဝန်"
အားလုံးတရားနာ၊ နာတဲ့အတိုင်းသိ၊ သိတဲ့အတိုင်းကျင့်၊ ကျင့်တဲ့အတိုင်း ပေါက်မြောက်နိုင်ကြပါစေ။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 342 |
| 18 | ဝိပဿနာရှုဉာဏ် အာကောင်းလာတဲ့အခါမှာ အနိစ္စအချက်တွေချည်း တွေ့နေရပြီ။ ပစ္စည်းပျောက်၊ ကားပျက်၊ လူသေ၊ စတဲ့ ပညတ်အနိစ္စမဟုတ်တော့ဘူး။ ပရမတ်သဘာဝတို့ရဲ့ အနိစ္စ ကိုတွေ့နေတာဖြစ်တယ်။
ပညတ်အနိစ္စကယူတတ်ရင် သံဝေဂဉာဏ်တော့ရစေတယ်။ မယူတတ်ရင် ဒေါသ၊ သောကတွေဖြစ်စေဖြစ်တယ်။
ပရမတ်အနိစ္စက ပုဂ္ဂိုလ်သတ္တဝါသဘောမပါတဲ့ အာရုံအပေါ်မလိုချင်မှု၊ ငြီးငွေ့မှုဆိုတဲ့ ဝိပဿနာဉာဏ်ဖြစ်တယ်။
ကဲ.. ဆက်ပြောကြရအောင်။
ကြုံလာသမျှ အာရုံလေးတွေဟာ ဖြစ်လာတော့လည်းအနှစ်သာရမရှိ၊ ပြီးတော့လည်းပျောက်သွားပြန်တယ်၊ အချီးအနှီး ဒုက္ခတရားသက်သက်လေး လို့ဉာဏ်မှာထင်တယ်။
"ဒုက္ခမေဝဟိ သမ္ဘောတိ၊ ဒုက္ခံတိဋ္ဌတိ ဝေတိစ။ နာညတြာ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဇျတိ"
"စင်စစ်သော်ကား ဒုက္ခတရားသာလျှင် ဖြစ်၏။ ဒုက္ခတရားသာလျှင် ခဏတာတည်၍ ပျက်လည်းပျက်၏။ ဒုက္ခတရားကိုကြဉ်ထား၍ တစ်စုံတစ်ခုသောတရားသည် ဖြစ်သည်ဟူ၍မရှိ။ ဒုက္ခတရားမှတပါး တစုံတစ်ခုသောတရားသည် ပျက်သည်ဟူ၍ မရှိ"(သံယုတ်)
အဲဒီလိုဉာဏ်မှာထင်လာပါတယ်။
နာတာကျင်တာကိုဒုက္ခကိုလို့ ပြောနေတာက သမုတိအနေနဲ့ပြောနေတာ၊ နာတာကျင်တာက ခန္ဓာသဘာဝ၊ အဲဒီနာကျင်မှုလေးရဲ့ အပျက်ကိုတွေ့မှ ဒုက္ခသစ္စာကိုသိတာ။
ဒုက္ခသစ္စာဆိုတာ "ပရိညေယျ" တရား။ ပိုင်းခြားပြီးသိနေရမှာ။ နာကျင်ကိုက်ခဲတာကို ဒုက္ခလို့ငြီးတာက တရားအသိမဟုတ်သေးဘူး။ အဲဒီလိုသိလို့တရားသိကြေးဆိုရင် ဆေးရုံပေါ်ကလူတွေ တရားရတာကြာပြီပေါ့။
ဒုက္ခသစ္စာဆိုတာ အနှစိသာရမရှိတဲ့ အချီးအနှီးသဘောကို ဆိုလိုခြင်းဖြစ်တယ်။
ဘုရားရှင်က "ရုပ်ကိုရေမြှုပ်" သဘောလို့ဥပမာေဆာင်ဟောတယ်။ ဆပ်ပြာရေမြှုပ်တွေဟာ အစိုင်ခဲသဘောမျိုး အရောင်တလက်လက်နဲ့ အလွန်လှတယ်လို့ ထင်ရတယ်။ ကိုင်ဆုပ်ကြည့်တဲ့အခါ အကိုင်မခံတော့ဘူး။ ရုပ်တရားတွေလည်း လှပတယ်၊ တင့်တယ်လို့ ထင်ရတယ်။ သုဘနိမိတ်ကို နှလုံးသွင်းမိတော့ ရာဂတွေဖြစ်တယ်။ တကယ်တန်းကော အဆုပ်အကိုင်ခံပါလား။
ပရမတ်သဘောဒုက္ခသစ္စာက အကိုင်အဆုပ်မခံပါဘူး၊ အမြဲမရှိဘူး၊ မိမိတို့ကိုင်မိတာက ပထဝိ၊ တေဇာ၊ ဝါယော ဖေဋ္ဌဗ္ဗဓာတ်ကို ထိသိတာကိုပဲ ဝတ္ထုပစ္စည်းကိုကိုင်မိတယ်လို့ ပညတ်တင်ပြောရတာသာဖြစ်တယ်။
ဘရားရှင်က တရားကိုခန္ဓာမှာရှာခိုင်းတယ်။ မိမိတို့က ယောက်ကျား၊ မိန်းမ ဆိုတဲ့ခန္ဓာမှာသွားရှာတယ်။ ယောက်ကျားက မိန်းခန္ဓာကိုရှာတယ်၊ မိန်းမက ယောကျားခန္ဓာကိုရှာတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဒုက္ခပွားစည်မှုတွေလာတယ်။
ဘုရားရှင်က "ဝေဒနာသည်ရေပွက်" လို့ ဥပမာဆောင်ဟောတယ်။
ရေပွက်ကလေးတွေဟာ ဖောက်ခနဲထပွက်ပြီး ဖောက်ခနဲပဲပျောက်သွားတယ်။ အကောင်းအဆိုး ခံစားတတ်တဲ့ ဝေဒနာသည်လည်း အခိုက်အတန့်လေးပဲဖြစ်ခွင့်ရတယ်။
သုခဝေဒနာဖြစ်လာမယ်၊ ခဏလေးမှတကယ့်ကို ခဏလေးရယ်၊ ဒုက္ခဝေဒနာလည်းခဏလေး၊ အရှိန်နဲ့ဆက်ကာဆက်ကာ အစားထိုးဖြစ်နေလို့ ကြာရှည်တယ်လို့ ထင်နေရခြင်းဖြစ်တယ်။
ဒီသဘောကိုမသိတဲ့အခါ ငါ့ဝေဒနာလို့ထင်တယ်၊ ငါခံစားတယ်လို့လည်းထင်တယ်။ ဒီတော့ရအောင်လုပ်တယ်။ ကောင်းတာလေးခံစားရတဲ့ခါ သာယာတယ်၊ ပျောက်သွားမှာကြောက်တယ်၊ ပျောက်သွားရင်မကျေနပ်ဘူး။ မကောင်းတဲ့ဝေဒနာ ခံစားရရင် ဒေါသလာတယ်။ ကောင်းတာလေးကို မျှော်ပြန်တယ်။ ဝေဒနာသည် ရေပွက်ပမာခဏတာမျှသာလို့ ရှုဉာဏ်နဲ့နားလည်ရင် အဲဒီအချိန်မှာ ငါ၊ ငါဟာ ဆိုတဲ့အမြင်ကင်းတယ်။
ဘုရားရှင်က "သညာသည်တံလျှပ်" လို့ ဥပမာပြုဟောတယ်။
နေရာင်တပျတပျဖြစ်နေတာကို အဝေးကလှမ်းကြည့်ရင် ရေအိုင်လိုလို၊ မီးလျံလိုလိုထင်ရတယ်။ အနီးကပ်ကြည့်မှ ဘာမှမဟုတ်မှန်းသိတယ်။
သညာကလည်း အနိစ္စကိုနိစ္စ၊ ဒုက္ခကိုသုခ၊ အနတ္တကိုအတ္တလို့ အဝေးမြင်နဲ့မှတ်ထားတယ်။
ဘာဝနာဉာဏ်နဲ့ အနီးကပ်ကြည့်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်နေမှန်းသွားတွေ့တယ်။ အလိမ်ခံနေရမှန်း နားလည်သွားတယ်။
ဘုရားရှင်က "သခါင်္ရသည်ငှက်ပျောတုန်း" ကဲ့သို့လို့ ဥပမာပြုဟောတယ်။
ငှက်ပျောတုန်းထဲမှာ အနှစ်ရှိလေမလားလို့ ခွာကြည့်တဲ့အခါ ခွါလေအကာအထပ်ထပ်သာ တွေ့လေပဲဖြစ်နေတယ်။
စေ့စော်ပြုလုပ်မှု သင်္ခါရတရားကိုလည်း အနှစ်ရှိလေမလားလို့ ရှာလိုက်ရတာ၊ ရှာလေလေအကာသာ တွေ့လေလေဖြစ်တယ်။
ဘုရားရှင်က "ဝိညာဏ်သည်မျက်လှည့်" လို့ပမာပြုဟောတယ်။
မျက်လှည့်ဆရာဟာ မဟုတ်တာကိုအဟုတ်၊ မရှိတာကိုအရှိလုပ်ပြပြီး လူတွေကိုလှည့်စားတယ်။
ဝိညာဏ်ဆိုတဲ့မျက်လှည့်ဆရာကလည်း အနိစ္စကိုနိစ္စလို့ မြင်စေတယ်။ ဒုက္ခကိုသုခလို့ မြင်စေတယ်။ အနတ္တကိုအတ္တလို့ မြင်စေတယ်။ အသုဘကိုသုဘလို့ မြင်စေတယ်။
ခန္ဓာငါးပါးလုံးဟာ အချီးနှီးသဘောသာ ဖြစ်တယ်။ ဒါကိုနားမနြက်နိုင်ကြတဲ့အခါ သားသမီး၊ မိဘ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ တွေအပေါ်မှာ "ငါ၊ ငါ့ဟာ" လို့ စွဲလမ်းသိမ်းပိုက်တယ်။
အဲဒါတွေက သူ့သဘောသူပြပြီး ပျက်စီးသွားတဲ့ အခါ ပဋာမြေလူးကြရတယ်။ အစကတည်းက ကိုယ်နဲ့မဆိုင်တာတွေ့လို့ လက်မခံနိုင်လို့ဖြစ်တယ်။
သူတစ်ပါး မိဘ၊ သားသမီးသေတဲ့အခါ ဘာခံစားချက်မှမဖြစ်ကြပါဘူး။ ဘယ်ဖြစ်မလဲ၊ ကိုယ်နဲ့မှမဆိုင်တာကိုး။ ကိုယ့်မိဘ၊ သားသမီးလည်းသေရော ကိုယ်သိမ်းပိုက်ထားတဲ့အရာကို စွန့်လိုက်ရတဲ့အတွက် တမြေ့မြေ့နဲ့လောင်ကျွမ်းတော့တယ်။
ဘုရားရှင် " နိဿိတဿ စလိတံ ဟောတိ - တဏှာဖြင့်မှီသောသူသည် လှုပ်၏"
"အနိဿိတဿ စလိတံ နတ္ထိ - မမှီသောသူသည် မလှုပ်" လို့ဆုံးမတယ်။ | 270 |
| 19 | "ကိုယ်ချင်းလေး စာကြပါ"
တခါတုန်းက သူဌေးကြီးတစ်ယောက်မှာ
အလွန်လှပတဲ့ မြင်းကြီးတစ်ကောင် ရှိတယ်။
ဒီတော့ မြင်းကြီးကိုလိုချင်တဲ့ လူတွေကလည်းများတာပေါ့။ သူဌေးကြီးကိုကြိုက်စျေးပေးပြီး ဝယ်ကြပေမဲ့ လုံးဝမရောင်းဘူး။
လူတစ်ယောက်က ဒီမြင်းကိုငါရအောင်ယူမယ် ဆိုပြီးအကြံထုတ်သတဲ့။
တစ်ရက်တော့အကြံသမားက သူဌေးကြီးလာတဲ့လမ်းမှာ အားပြတ်ချင်ယောင်ဆောင်ပြီး လှဲအိပ်နေတယ်။ မြင်းစီးလာတဲ့ဌေးကြီးက အကြံသမား လမ်းပေါ်မှာလဲနေတာကိုတွေ့တော့..
"အမောင်...သင်ဘာဖြစ်နေတာလဲ"
"သူဌေးကြီး...ကျွန်ုပ် အစာမစားရသည်မှာ
ကြာပါပြီ"
သူဌေးကြီးကသနားသွားပြီး...
"အိုကွယ်..ဖြစ်ရလေ၊ ရော့ရော့ စားစရာသွားဝယ်စားချေ"
ဆိုပြီးငွေထုတ်ပေးတယ်။
"သူဌေးကြီး...ကျွန်ုပ် အာဟာရပြတ်သည်မှာ ကြာပြီဖြစ်၍ အားမရှိပါ။ လမ်းမလျောက်နိုင်သဖြင့် မည်သို့သွားရပါမည်နည်း"
"ဟုတ်ပေသားပဲ၊ တက်တက်ငါ့မြင်းပေါ်တက်"
သနားတတ်တဲ့သူဌေးကြီးက မြင်းပေါ်ကဆင်းပေးလိုက်တယ်။
အားပြတ်ချင်ယောင်ဆောင်နေတဲ့ အကြံသမားက မြင်းပေါ်လဲရောက်ရော မြင်းကိုဒုန်းဆိုင်းပြီးစီးသွားတယ်။ ခပ်လှမ်းလှမ်းရောက်မှ..
"ဟား...ဟား...ဟား..သူဌေးကြီး ဘာတတ်နိုင်သေး သနည်း၊ သင်လုံးဝ မရောင်းဘူးဆိုတဲ့မြင်းကို ကျွန်ုပ်ရပြီ"
သူဌေးကြီးက...
"အမောင်...ဒီမြင်းကို ယူသွားပါ။ ဒါပေမဲ့ မြင်းကို ဘယ်ပုံဘယ်နည်းနဲ့ ရခဲ့တယ်ဆိုတာကို ဘယ်သူကိုမှမပြောပါနဲ့။ အဖြစ်မှန်ကို လူတွေသိသွားရင် ရိုးသားစွာဒုက္ခရောက်လို့ အကူညီတောင်းခံနေသူတွေကို မယုံကြည်ဘဲ ဖြစ်ကုန်ကြလိမ့်မယ်။ သူတို့တွေက သနာစရာလေးတွေပါ။ သူတို့ကိုငဲ့ညှာသောအားဖြင့် အမောင်ဒီကိစ္စကို လုံးဝမပြောဖို့ တောင်းပန်ပါတယ်ကွယ်"
သူဌေးကြီးရဲ့ စကားကိုကြားတဲ့အခါ မြင်း
သူခိုးနောင်တရသွားတယ်။ သူတော်ကောင်းသူဌေးကြီးကို စော်ကားမိပြီလေ။
"သူဌေးကြီး...ကျွန်ုပ်မှားသွားပါတယ်၊ ခွင့်လွှတ်ပါ၊ သင့်မြင်းကိုမယူလိုတော့ပါ"
သူဌေးကြီးကို မြင်းပြန်ပေးလိုက်ပါတော့တယ်။
ခုချိန်မှာလူတိုင်းနီးပါး အခက်အခဲကိုယ်စီ ရှိနေကြတယ်။ အွန်လိုင်းကတဆင့် တကယ့်ကို အလွန်အမင်း ဒုက္ခရောက်လို့ အကူအညီတောင်းခံနေသူတွေရှိသလို အလိမ်အညာတွေလည်း တွေ့နေရပါတယ်။
တချို့သောလိမ်ညာသူ အခွင့်အရေးသမားတွေကြောင့် မဆိုင်သူတွေထိခိုက်ကုန်တယ်။ လူအချင်းချင်းဆက်ဆံရေးမှာ ယုံကြည်မှုက
အဓိကပါ။ ကိုယ့်ကိုယုံကြည်ထားသူကို မ
စော်ကားမိစေနဲ့ပေါ့။
ကိုယ်ချင်းစာကြပါ။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 203 |
| 20 | လေတိုးဝင်၊ တိုးထွက်သွားတယ်။ ရှုနေရင်းက ဘာအဓိပ္ပါယ်မှမရှိသလို ခံစားလာရတယ်။ မရှုလို့ကလည်းမရပြန်ဘူး။ တခြားသော နေမှု၊ စားမှု စတာတွေကော ဘာအဓိပ္ပါယ်ရှိသလဲ။ ခဏချင်းကို ပျောက်ကွယ်နေကြတယ်၊ ဒါကိုမှဒုက္ခမဆို ဘာကိုဆိုစရာရှိသေးလဲ။
မစားရ၊ မသောက်ရ၊ အနာရောဂါရမှ၊ ကိုယ်စိတ်ဆင်းရဲမှ ဒုက္ခလို့ သတ္တဝါတွေက ထင်နေတယ်။ ဝိပဿနာရှုဉာဏ်ရင့်လာရင် ဒီအထင်ပျောက်တယ်။
"ဒုက္ခမေဝ ဟိ န ကောစ်ိ ဒုက္ခိတော။ ကာရကော န၊ ကိရိယာဝ ဝိဇ္ဇတိ။ အတ္ထိနိဗ္ဗူတိ နနိဗ္ဗူတော ပုမာ၊ မဂ္ဂပတ္တိ ဂမကော နဝဇ္ဇတိ - ဆင်းရဲခြင်းသာရှိတယ်၊ ဆင်းရဲသူမရှိ။ ပြုခြင်းသာရှိတယ်၊ ပြုသူမရှိ။ ငြိမ်းအေးခြင်းသာရှိတယ်၊ ငြိမ်းအေးသူမရှိ။ နိဗ္ဗာန်သွားရန် အကျင့်လမ်းသာရှိတယ်၊ ကျင့်သူမရှိ"(ဝိသုဒ္ဓိမဂ်)
ပရမတ်ဆတ်ဆတ် သစ္စာအမြင်ပဲဖြစ်တယ်။ ဒုက္ခကိုမြင်ပါများမှ ခန္ဓာကိုငြီးငွေ့မယ်။ ငြီးငွေမှလွတ်ချင်မယ်။ လွတ်ချင်မှလွတ်မှာဖြစ်တယ်။
အရှင်ပညာသီရိ(ရမ္မာကျွန်း) | 211 |
