en
Feedback
ဦးအေးသွင် - EPS TOPIK သင်တန်း

ဦးအေးသွင် - EPS TOPIK သင်တန်း

Open in Telegram
412
Subscribers
+424 hours
+107 days
+3630 days
Posts Archive
လူမစုံသေးတဲ့အတွက် မနက်ဖြန် စနေနေ့ အတန်းပိတ်ပါတယ်။ နီစပ်ရာသူငယ်ချင်းများကိုလည်း ပြောလိုက်ပါ။

ခုထပ်သိရတာ ရက်ကြိုတင်တာကိုခွင့်မပြုတော့ပါဘူးလို့သိရပါတယ်။ ယခင်သတ်မှတ်ရက်အလိုက်သာခွင့်ပြုတော့မှာဖြစ်ပါတယ်။ တန်းစီတာကိုလည်း နံနက် ၄:၀၀ ရီမှသာခွင့်ပြုမှာလို့ ကားနဲ့လာကြေငြာသွားတယ်လို့သိရပါတယ်။ ရက်အလိုက်တန်းစီသွားမည့်သူများသေချာစုံစမ်းပြီးမှသွားကြပါ။

စာမေးပွဲဖောင်မတင်ရသေးသူများ မိမိရက်ချိန်းမရောက်သေးလည်း တန်းစီဝင်ရောက်ပြီး ကောင်တာကငွေလက်ခံသူတွေကို အဆင်ပြေအောင်ပြောပြီး ဖောင်တင်လို့ရတယ်လို့ တင်လာခဲ့တဲ့ကျောင်းသားတွေကလာပြောကြပါတယ်။ သင်္ကြန်နားနီးရင် သွားရေးလာရေးခက်နိုင်တာမို့ ကြိုတင်ထားသင့်ပါတယ်။ မိမိတို့သင်တန်းမှသင်တန်းသားအချင်းချင်းမှလွဲ၍ လျှောက်မပြောကြပါနဲ့။တန်းစီနေစဉ်အတွင်းလည်းကြိုတင်ကြောင်းမပြောကြပါရန်။သတင်းပွပြီး ကြိုတင်လက်ခံတာကိုပိတ်လိုက်ရင်ခက်ပါမယ်။

ဝန်ဆောင်မှုသင်တန်းသူ./သင်တန်းသားများ22.3.2024(သောကြာနေ့)နံနက်(၈)နာရီသင်တန်းပြန်ဖွင့်ပါမည်part.2ယူလာခဲ့ကြပါ

ရန်ကုန်သွားမည့်ကျောင်းသားများ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာလိုအပ်တယ်လို့ ကားဂိတ်ကဖုန်းဆက်ပြောပါတယ်။ ၎င်းထောက်ခံစာ ၂ ရွက
ရန်ကုန်သွားမည့်ကျောင်းသားများ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာလိုအပ်တယ်လို့ ကားဂိတ်ကဖုန်းဆက်ပြောပါတယ်။ ၎င်းထောက်ခံစာ ၂ ရွက်လုံးကို အသွား ၊ အပြန် ကိုယ်နဲ့မကွာဆောင်ထားရမှာလို့ပြောပါတယ်။ ကိုယ့်သူငယ်ချင်းတွေလည်းပြောပြလိုက်ကြပါ့ဦး။

အချက်အလက် Update Source : POEA - EPS
+1
အချက်အလက် Update Source : POEA - EPS

ပင်လုံခန်းမကို YBS 84 (mini bus) တမျိုးသာရောက်ပါတယ်။ 84 ကလွဲပြီး ပင်လုံခန်းမကိုရောက်တဲ့ အခြား YBS လိုင်းမရှိပါဘူး။တောင်ဥက္ကလာ
ပင်လုံခန်းမကို YBS 84 (mini bus) တမျိုးသာရောက်ပါတယ်။ 84 ကလွဲပြီး ပင်လုံခန်းမကိုရောက်တဲ့ အခြား YBS လိုင်းမရှိပါဘူး။တောင်ဥက္ကလာဘက်ကဆို ဘေလီမှာ 84 ကိုစောင့်စီးလို့ရပါတယ်။ အခြား YBS လိုင်တွေကတော့ အနီးစပ်ဆုံးမှတ်တိုင်မှာဆင်းပြီး ဆိုင်ကယ်ကယ်ရီစီးမှသာ ပင်လုံခန်းမကိုရောက်ပါလိမ့်မယ်။ (ဦးဝိစာရလမ်း(မဟာမြိုင်)ပိတ်ထားတုန်းကတော့ ဗိုလ်မင်းရောင်လမ်းအတိုင်းဆွဲတဲ့ YBS 13 စီးရင် ပင်လုံခန်းမကိုရောက်ပေမဲ့ယခုရှိ မရှိမသေချာတော့ပါဘူး။)

ရန်ကုန်သွားမည့်သင်တန်းသားများအနေဖြင့် ရန်ကုန်တွင်တည်းခိုရန်ခက်ခဲနေပါက ပင်လုံခန်းမနှင့်မျက်နှာချင်းဆိုင်စားသာက်ဆိုင်များတွင်လည
+1
ရန်ကုန်သွားမည့်သင်တန်းသားများအနေဖြင့် ရန်ကုန်တွင်တည်းခိုရန်ခက်ခဲနေပါက ပင်လုံခန်းမနှင့်မျက်နှာချင်းဆိုင်စားသာက်ဆိုင်များတွင်လည်းကောင်း၊ပင်လုံခန်းမအနီးတဝိုက်တွင်လည်းကောင်း ဈေးနှုန်းသက်သာသည့်တည်းခိုရန်နေရာများရှိပါသည်။ခန်းမရှေ့ရောက်သည့်အခါ မေးမြန်း၍တည်းခိုနိုင်ပါသည်။ အောက်ပါလိပ်စာကဒ်များထဲမှ Hotel များလည်းရှိသည်၊နီးသည်ဟုသိရပါသည်။ မည်သည့်နေရာတွင်တည်းသည်ဖြစ်စေ မိမိ၏Passport ၊ အရေးကြီးစာရွက်စာတမ်းများကို ဂရုစိုက်ထိန်းသိမ်းကြပါ။

ရန်ကုန်သင်တန်းတစ်ခုရဲ့ ပြောဆိုချက်အရ အောက်ပါအတိုင်းတွေ့ရတာမို့ သေချာဖတ်ရှူလုပ်ဆောင်နိုင်ပါတယ်။ ==================================== စာမေးပွဲဖောင်ကြေး ကိုယ်စား သွင်းပေးလို့ရတယ်ဆိုတဲ့ အချက်တခုပဲ အတည်ပြုပေးနိုင်ခဲ့ပါတယ် ခင်ဗျာ ...... ဒီအချက်ကတော့ POEA ရုံးက ဆရာမကြီး ကိုယ်တိုင်ပြန်ဖြေပေးခဲ့တာမို့ ကိုယ်စား‌ငွေသွင်းလို့ရတယ်ဆိုတာ သေချာပါတယ် ...... ကျန်တဲ့အချက်တွေကတော့ ဘာမှထပ်မေးချိန်မရလိုက်တာမို့ သိသလောက်ကိုပဲ ခန့်မှန်းခြေနဲ့ ပြောပြပေးပါမယ် ..... 다음 ကျော်မရလို့ Passport No အမှားနဲ့ တင်တဲ့ သူတွေက ငွေသွင်းတဲ့အခါ Passport ကာလာမိတ္တူပေါ်က လွတ်နေတဲ့ အကွက်နေရမှာ .... အမည် .... မွေးသက္ကရာဇ် .... ဖုန်း No ... Passport No ... လုပ်ငန်းစိတ်အမျိုးအစားတွေကို အမှန်တိုင်း ပြန်ရေးပေးလိုက်ဖို့ လိုပါလိမ့်မယ် ...... မွေးသက္ကရာဇ် မှားတဲ့သူရော .... တခြားမှားတဲ့သူ အကုန်တူတူပါပဲ .... 지역 လို့ခေါ်တဲ့ ဒေသ မှားတင်မိတဲ့သူနဲ့ နာမည် စာလုံး အကုန်အကြီးမရေးမိတဲ့သူတွေ ကတော့ ပြသနာ မရှိနိုင်တာမို့ မပြင်လဲရနိုင်ပါတယ်..... အရေးကြီးဆုံအရာ တခုပဲ မေးပြီးအတည်ပြုနိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ အချက်တွေကတော့ သိထားသလောက်ခန့်မှန်းပြောပေးတာ‌ပါ.... နောက်ပြီး ကျနော် ကိုယ်စားမတင်ပေးပါဘူး .... ကိုယ့်ဘာသာတောင် စာသင်ချိန်တွေနဲ့ ဘယ်လိုမှ မအားလပ်တာမို့ နယ်က ကျနော့် ကျောင်းသားတွေအတွက်ကလွဲရင် ကျန်တဲ့သူတွေ အတွက် ကိုယ်စားမတင်ပေးနိုင်တာ နားလည်ပေးကြပါ..... For You - Korea EPS Topik

ငွေလဲထားသူများ ယနေ့မှစပြီး ၃ရက်အတွင်း လာရောက်ထုတ်ယူကြပါရန်။

စာ​မေးပွဲ မှတ်ပုံတင်​​​ကြေး​ပေးသွင်းရမည့် ​နေ့ရက် ​နေရာ အချိန် အသိ​ပေး​​ကြေညာခြင်း Source : POEA - EPS
+2
စာ​မေးပွဲ မှတ်ပုံတင်​​​ကြေး​ပေးသွင်းရမည့် ​နေ့ရက် ​နေရာ အချိန် အသိ​ပေး​​ကြေညာခြင်း Source : POEA - EPS

ဆိုင်ကယ်နဲ့လာသောကျောင်းသားများ ရွာထဲမှလာကြပါရန်

စာမေးပွဲဖောင်မတင်ရသေးသည့်ကျောင်းသားများ ဖောင်တင်ရက်မှာ ယနေ့နောက်ဆုံးဖြစ်ပါသည်။

စာမေးပွဲဖောင်တင်ရာမှာ အချက်အလက်မှားသူတွေ ၊ အချက်အလက်ပြင်လိုသူတွေက ရန်ကုန်မှာလူစားလုပ်ပေးမဲ့သူရှိရင်ကြိုပြင်ထားသင့်တယ်လို့ အကြ
+2
စာမေးပွဲဖောင်တင်ရာမှာ အချက်အလက်မှားသူတွေ ၊ အချက်အလက်ပြင်လိုသူတွေက ရန်ကုန်မှာလူစားလုပ်ပေးမဲ့သူရှိရင်ကြိုပြင်ထားသင့်တယ်လို့ အကြံပြုထားတာတွေ့ပါတယ်။

ညနေ ၃:၀၀ နာရီ Part II ကျောင်းသားများ ဒီနေ့အတန်းပိတ်ပါတယ်။ တနင်္လာနေ့မှပြန်ဖွင့်ပါ့မယ်။နီးစပ်ရာ သူငယ်ချင်းများကိုလည်းပြောလိုက်ပါဦး။

다음 အဆင့်တွင်အမှားထည့်ကျော်ခဲ့သူများ ၊ အချက်အလက်မှားယွင်းဖြည့်သွင်းမိသူများ ၊ နာမည်နောက်ဂဏန်းပါသွားသူများ - ၎င်းပြဿနာများနှင့်
+2
다음 အဆင့်တွင်အမှားထည့်ကျော်ခဲ့သူများ ၊ အချက်အလက်မှားယွင်းဖြည့်သွင်းမိသူများ ၊ နာမည်နောက်ဂဏန်းပါသွားသူများ - ၎င်းပြဿနာများနှင့်ပတ်သက်ပြီး POEA မှတစုံတရာညွန်ကြားချက်ထုတ်ပြန်ချင်းမရှိသော်လည်း ရုံးတွင်လာရောက်ပြင်ဆင်သူများရှိသည်ဟုသိရပါသည်။ တိကျသော တရားဝင်ထုတ်ပြန်ချက်မရှိပါသဖြင့် မည်ကဲ့သို့ဖြေရှင်းရမည်မသိပါသဖြင့် မိမိတို့ကိုယ်တိုင် အောက်ပါ facebook group များတွင် ဝင်ရောက်စုံစမ်းကြည့်ကြပါရန်။ https://www.facebook.com/share/JPTJDkVtVT1iYv5S/?mibextid=K35XfP https://www.facebook.com/share/w6a2XDMuj5oBadVG/?mibextid=K35XfP

POEA သို့တိုက်ရိုက်ဆက်သွယ်နိုင်သောဖုန်းများ
POEA သို့တိုက်ရိုက်ဆက်သွယ်နိုင်သောဖုန်းများ

$မထုတ်ရသေးသူများ လာရောက်ထုတ်ယူကြပါရန်။ $ မလဲရသေး၍ လဲချင်သူများ ယနေ့ညနေ့ သို့မဟုတ် မနက်ဖြန်မနက် ငွေသွင်းပြီးလဲလို့ရပါဦးမယ်။(လူဦးရေအနည်းငယ်စာ လဲလို့ရပါမယ်။)

다음 မှရှေ့ဆက်မရသေးသူများ သင်တန်းကိုဖုန်းဆက်ကြပါရန်။