ပရိတ်တရားတော်များ🇲🇲
Open in Telegram
486
Subscribers
+3224 hours
+1597 days
+68130 days
Posts Archive
ဘဝမှာနေတတ် ထိုင်တတ်ဖို့ သိပ်အရေးကြီးတယ်။
#မနေတတ်ရင်_အနေလည်း_မမြတ်ဘူး
#အသေလည်း_မမြတ်ဘူး
ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓအလိုကျ ဘဝနေနည်းနဲ့
နေနိုင်ရင် အကောင်းဆုံးပဲ။
✿ဘုရားရှင်တိုင်းက ...
ဘဝနေနည်း ( ၃ ) မျိုးကို
လမ်းညွှန်ပေးတယ်…။
✯ အပြစ်ကင်းအောင် နေရမယ်
✯ အကျိုးရှိအောင် နေရမယ်
✯ စိတ်ချမ်းသာအောင် နေရမယ်တဲ့
#အပြစ်ကင်းအောင်_နေဖို့ဆိုရင်…
#အကုသိုလ်ကို_ရှောင်ရမယ်တဲ့
အကုသိုလ်ရဲ့ သဘောကိုက ...
အပြစ် နဲ့ တကွဖြစ်ခြင်း ...
မကောင်းတဲ့အကျိုးကို ပေးခြင်း လက္ခဏာရှိတာ
ဖြစ်တဲ့အတွက် အကုသိုလ်တွေ လုပ်မိနေရင်
အပြစ်တွေ ရှိနေမှာဖြစ်ပြီး
အပြစ်ကင်းချင်ရင် ...
အရင်ဆုံး အကုသိုလ်မဖြစ်အောင် နေတတ်ဖို့ပဲ
#အကျိုးရှိအောင်_နေဖို့ဆိုရင်…
#ကုသိုလ်ရအောင်_နေရမယ်တဲ့
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိရှိ
ကုသိုလ်မရှိရင် .. ဘဝအတွက် အကျိုးမရှိဘူး
ကုသိုလ် ရတဲ့ ဘဝ ...
ရာထူး , ဂုဏ်ပကာသနတွေ ဆိုတာလည်း
ဘယ်လောက်ပဲမြင်မြင့် ဘဝ မတင့်ဘူး
စီးပွားရှာရင်း ကုသိုလ်ရှာနိုင်မှ
ဘဝဟာ ပိုပြီး အကျိုးသာတယ်
စိတ်ချမ်းသာအောင်နေဖို့ဆိုရင်…
ကိလေသာ မဖြစ်အောင် နေရမယ်တဲ့
ကိလေသာဆိုတာ ... စိတ်ကို ညစ်ညူးစေတတ်
ညစ်နွမ်းစေတတ်တဲ့ သဘောရှိတယ်
လောဘရှိတဲ့စိတ်ဟာ ... ညစ်တဲ့စိတ်
ဒေါသရှိတဲ့စိတ်ဟာ ... ညစ်တဲ့စိတ်
မောဟ , မာန စတာတွေ ...ရှိနေတဲ့စိတ်ဟာ
ညစ်နေတဲ့စိတ် ... မသန့်ရှင်းတဲ့စိတ်ဘဲ
စိတ်မညစ်ချင်ရင် … ကိလေသာ အဖြစ်မခံနဲ့
ကိလေသာ မဖြစ်ဖို့ဆိုရင် သတိရှိရမယ်
သတိရှိနေတဲ့ စိတ်ဟာ အညစ်အကြေးကင်းပြီး
သန့်ရှင်းနေတဲ့စိတ်ဘဲ ... ။
စိတ်သန့်ပြီး ... မညစ်တော့ဘူးဆိုရင်
ဘယ်မှာပဲနေနေ စိတ်ချမ်းသာတဲ့ ဘဝနေနည်းပဲပေါ့ …။
ကျေးဇူးတော်ရှင်
ပါချုပ်ဆရာတော်ဘုရားကြီး🙏
. { သာသနာ (၅၀၀၀)နှင့် ခေတ်(၅)ခေတ် }
➖➖➖➖➖➖➖➖➖➖➖➖➖
မြတ်စွာဘုရားထားခဲ့တော်မူခဲ့သော သာသနာ (၅၀၀၀) ကိုခေတ်(၅)ခေတ် ပိုင်းခြားထားလေသည်။ ခေတ်တစ်ခေတ်တွင် နှစ်ပေါင်း(၅၀၀) ရှိသည်။
၁။ ဝိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀)
🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️
ဘုရားပွင့်ချိန်မှစပြီးနှစ်ပေါင်း(၅၀၀)အတွင်း ဝိမုတ္တိယုဂခေတ်ဖြစ်သောကြောင့် စျာန်မဂ်ဖိုလ်တရားထူးများ ဖြိုင်ဖြိုင်ရကြသည်။
=====
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၀)
🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️
သမာဓိတည်ရုံမျှသာဖြစ်သည်။
=====
၃။ သီလယုဂခေတ် နှစ်ပေါင်း(၅၀၀)
🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️
သီလဦးစားပေးသောခေတ်ဖြစ်သည်။
=====
၄။ သုတယုဂခေတ် နှစ်ပေါင်း(၅၀၀)
🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️
စာပေဗဟုသုတဦးစားပေးသောခေတ်ဖြစ်သည်။
=====
၅။ ဒါနယုဂခေတ် နှစ်ပေါင်း(၅၀၀)
🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️🕳️
ဒါနပြုမူသာအားသန်ကြသောခေတ်ဖြစ်သည်။
ထိုမှလွန်သောဝိမုတ္တိယုဂခေတ်သို့ပြန်လည်လှည့်ဝင်လာသည်။ သာသနာနှစ်(၂၅၀၀) ကောဇာသက္ကရာဇ်
(၁၃၁၈) ခုနှစ်ပြည့်ပြီးသည်မှစ၍ ဝိမုတ္တိယုဂခေတ်သို့ ပြန်လည် ဆိုက်ရောက်လာသည်။ ကောဇာ သက္ကရာဇ်(၁၃၁၉) ခုနှစ်မှ (၁၈၁၉)ခုနှစ်အတွင်းသာ ဝိမုတ္တိယုဂခေတ်ဖြစ်ပေသည်။ ဝိမုတ္တိယုဂခေတ်မှလွဲ၍ ကျန်ခေတ်များတွင်မဂ်ဖိုလ် တရားထူးများ ရရန်မလွယ်ကူတော့ချေ။
ကျွန်ုပ်တို့သည်ပင် ယ္ခုအချိန်အခါ၌ လူဖြစ်လာရသည်မှာ အင်မတန်ထူးကဲသော ဒုလ္လဘတရားကြီးကို ရရှိခြင်းပေတည်း၊ စကြဝဠာအနန္တထဲမှ ဘဒ္ဒကမ္ဘာတွင် လူလာဖြစ်ရခြင်း၊ မြစ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်၌ လူဖြစ်ရခြင်း၊ ဗုဒ္ဓ ဘာသာဝင်မိဘများရဲ့သားသမီးဖြစ်ရခြင်းတို့သည်လည်း အင်မတန် ကြီးမားသော ဘုန်းကံကြောင့် ဖြစ်ခဲ့ရပေသည်။
မိရိုးဖလာဗုဒ္ဓဘာသာပင်ဖြစ်ခဲ့သော်လည်း ဆရာကောင်းသမားကောင်းမတွေ့ပါက တကယ့် ဗုဒ္ဓ ဘာသာဝင် မဖြစ်နိုင်ပေ၊ တကယ့်ဗုဒ္ဓဘာသာဖြစ်မှသာ ဘုရားရှင်၏အလိုကျ ကျင့်ကြံအားထုတ်နိုင်သော ဗုဒ္ဓ၏သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပေမည်။ ဗုဒ္ဓဘုရားပွင့်တော်မူရခြင်း၏ ရည် ရွယ်ချက်မှာ သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကင်း လွတ်ရာအမှန် မြတ်နိဗ္ဗာန်ကိုရစေခြင်းငှား ပွင့်တော်မူခဲ့သဖြင့် ကျွန်ုပ်တို့အနေဖြင့် နိဗ္ဗာန်ရောက်ကြောင်း မကျင့်ပါက ဗုဒ္ဒ၏သားတော်၊ သမီးတော်ဟုမဆိုနိုင်ပါချေ။ သတ္တဝါတို့၏စရိုက် သဘာဝကိုလိုက်၍ ဓမ္မက္ခန္ဓပေါင်း(၈၄၀၀၀) ပိဋကတ်(၃)ပုံ ဟု ဆိုအပ်သော (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ)များ ဟောကြားခဲ့သော်လည်း ဗုဒ္ဓ၏အဓိက ရည်ရွယ် ချက်မှာ နိဗ္ဗာန်ရောက်ကြောင်းအကျင့် တရားအားထုတ်နိုင်ရန်သာ ဖြစ်သည်။
နိဗ္ဗာန်ရောက်နိုင်ရန် လူ့ဘုံမှသာ ကျင့်ကြံအားထုတ်ပြီး ရရှိနိုင်ပေသည်။ ထိုကြောင့် မြတ်စွာဘုရားသည် လူ့ပြည်၌သာ ပွင့်တော်မူခဲ့ပေသည်။ နတ် ပြည်(၆)ထပ်နှင့် လူ့ဘုံသည် သုဂတိဘုံ (၇)ဘုံဖြစ်ပြီး အပါယ်(၄)ဘုံသည် ဒုဂ္ဂတိဘုံဖြစ်သည်။
လူ့ဘုံမှနိဗ္ဗာန်ကိုရရန်ကျင့်ကြံသည့်နည်းသုံးနည်းရှိသည်။
၁။ ကံလမြး
~~~~
ဒါန၊ သီလဆောက်တည်၍ကျင့်ကြံအားထုတ်သည့်လမ်း-
၂။ စျာန်လမ်း
~~~~~
သမထတရားကျင့်ကြံအားထုတ်သည့်လမ်း-
၃။ ဉာဏ်လမ်း
~~~~~
ဝိပဿနာပွား၍အားထုတ်သည့်လမ်း - တို့ဖြစ်ကြသည်။
ဉာဏ်လမ်းသည် အကောင်းဆုံးနှင့်အမြန်ဆုံးလမ်းဖြစ်သည်။ သစ္စာတရားကို ပြသတတ်သော ဆရာသမားကောင်းနှင့်တွေ့၍ ကိလေသာကြားမခိုစေဘဲ ကျင့်ကြံအားထုတ်နိုင်ပါလျှင် မနက်အားထုတ်က ညရနိုင်၊ ညအားထုတ်က မနက်ရနိုင်သော လမ်းကောင်းဖြစ်ပေသည်။ ကိလေသာကြားခိုနေ၍ မရနိုင်သည်ထားအုံး ၇ - ရက်၊ ၇ - လ ၇ - နှစ်အတွင်းလည်း ရနိုင်သည်။ ဒီဘဝမရနိုင်တောင် သေခါနီးဝိပဿနာတရား နှလုံးသွင်း၍ သေဆုံးပါက နောက်ဘဝ နတ်မဖြစ်ခင် ပထမ နိဗ္ဗာန်ဖြစ်သည့် သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်ပေသည်။
ကံလမ်းနှင့်စျာန်လမ်းသည် နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပေ။ နိဗ္ဗာန်ရောက်ကြောင်း၏ အထောက် အပံ့ကောင်းသာ ဖြစ်ပေသည်။ နိဗ္ဗာန်ကိုရောက်လိုပါက ဝိပဿနာဘက် ပြောင်း၍ ကျင့်ကြံအား ထုတ်မှသာ ရနိုင်ပေသည်။
#မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်
#ပြည့်စုံ(တောင်ငူ)
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🙏လောကတွင်နေထိုင်ခြင်းနှင့်လောကမှထွက်ခွါခြင်းတရားဒေသနာတော်🙏ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
#တရားစာပေဆိုတာ_ဘုန်းကံရှိသူတွေပဲ_ဖတ်နိုင်တာ
ဘာသာရေးနဲ့ ပတ်သက်ပြီး
မသိသေးတာကို သိအောင်
ပြောပြ ရေးပြတာဟာ
သာသနာပြုတာပဲ …
ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး
လမ်းကြောင်းမှားကို
လမ်းကြောင်းမှန်နဲ့
အစားထိုးပြတာ
ရေးပြတာဟာ
သာသနာပြုတာပဲ …
သံသရာရေးနဲ့ ပတ်သက်ပြီး
ဒုက္ခရှည်မယ့်သူကို ဒုက္ခတိုအောင်
ဟောပြ ရေးပြတာဟာ
သာသနာပြုတာပဲ …
သာသနာပြုတယ် ဆိုတာ
ဘုရားခန်းကအစ
ပြုပြင်ပေးရမယ် …
တစ်ချို့ဆို
ဘာသာရေးနဲ့ ပတ်သက်ပြီး
ဘာမှ မသိရှာဘူး …
မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့
ဝေးသွားရင် -
🔹တော်ပေမယ့် မိုက်တတ်တယ်
🔹ကျော်သော်လည်း ချော်တတ်တယ်
🔹စွမ်းသော်လည်း မှားတတ်တယ် …
ဒါ့ကြောင့် -
ဘာသာရေးအသိကို
ရေးပြတာလည်း
သာသနာပြုတာပဲ …
အများကြီး
ဖတ်ကြ သိကြလိမ့်မယ်လို့
မမျှော်လင့်နဲ့ …
စာကောင်းကို
လူကောင်းပဲ
ဖတ်နိုင်တာ
ဘုရားရှင်ရဲ့ တရား ဆိုတာ
ဘုန်းကံရှိသူတွေပဲ
တွေ့ခွင့်ရကြတာ …
အသိတစ်ခု တိုးဖို့ဆိုတာ
သာမာန်လူတွေအတွက် မလွယ်ဘူး။
ဉာဏ်လျင် , ဉာဏ်ယှဉ်မှ ရနိုင်တာ …
ဒါ့ကြောင့် -
တန်ဖိုးရှိတဲ့ စာတွေကို ရေးပါ။
ဖတ်သူမရှိတောင်
ကိုယ့်အတွက်မှတ်စု ကျန်တယ် …..
#မင်းကွန်းဆရာတော်ဘုရားကြီး
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit to Original Uploader
ချစ်သော ဒီဇင်ဘာ ...
ကိုယ့်ရဲ့
မွေးလလေးမှာ
ပျော်စရာလေး
အနည်းအကျဥ်းလောက်
လက်ဆောင်ပေးပါ🙏🙏🙏
🙏မဂ်လာအပေါင်းနှင့်ပြည့်စုံကြပါစေ၊လိုရာဆန္ဒပြည့်ဝကြပါစေ၊ကျန်းကျန်းမာမာချမ်းချမ်းသာသာနှင့်နေထိုင်နိုင်ကြပါစေ၊ကမ္ဘာသူ ကမ္ဘာသားအားလုံး လိုရာဆန္ဒပြည့်ဝကြပါစေ🙏
