en
Feedback
TT Korean Language Learning Centre

TT Korean Language Learning Centre

Open in Telegram

ကိုရီးယားစာနဲ့ ပတ်သက်ပြီး ဗဟုသုတများ၊ ebook များကို free sharing လုပ်ပေးသွားပါမယ်။

Show more
The country is not specifiedThe category is not specified
1 627
Subscribers
+424 hours
+137 days
+8630 days
Posts Archive
Topik II မှာတော့ level 4ခုရှိပြီး ၁၂၀နဲ့ အထက်ဆို level 3 အောင်, ၁၅၀နဲ့ အထက်ဆို level 4 အောင်, ၁၉၀နဲ့ အထက်ဆို level 5 အောင်, ၂၃၀နဲ့ အထက်ဆို level 6 အောင်ကြောင်း သတ်မှတ်လို့ရပါတယ်။ သူကတော့ အမှတ်ပြည့်က ၃၀၀မှတ်ပါ။

Topik I ဝင်ဖြေရင် အမှတ်ပေါ် မူတည်ပြီး level 1နဲ့ 2ရှိပါတယ်။ ၈၀နဲ့ အထက်ဆို level 1 အောင်တယ်လို့ သတ်မှတ်ရပြီး ၁၄၀နဲ့အထက်ဆို level 2 အောင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အမှတ်ပြည့်က ၂၀၀မှတ်ပါ။

ဒီနှစ် မြန်မာမှာ TOPIK စာမေးပွဲရှိတယ်​ဆိုတော့ မင်မင်က TOPIK I, II နဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်လေးတွေ ပြောပြပေးချင်ပါတယ်။ အရင်ဆုံး TOPIK I မှာ Level 1,2 ရှိပြီးတော့ TOPIK II မှာ Level 3 to 6ဆိုပြီး ရှိပါတယ်။ စာမေးပွဲဖြေဖို့ ရွေးချယ်တဲ့အခါ ကိုယ်စာလုပ်ထားတဲ့အပေါ် မူတည်ပြီး TOPIK I ဖြေမလား TOPIK II ဖြေမလား ဆုံးဖြတ်လို့ရပါတယ်။ Beginner တွေက I နဲ့သင့်တော်ပြီး Intermediate နဲ့ Advanced တွေအတွက် II က သင့်တော်ပါတယ်။ ကိုရီးယားတက္ကသိုလ်တွေကတော့ Level 3 အောင်တာကနေ စပြီး scholar ပေးကြပါတယ်။ တချို့ကျောင်းတွေဆို Level 4အောင်မှ scholar စပေးကြတာလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က ကိုရီးယားစာ လေ့လာတာ အတော်အသင့်လောက်ရှိပြီထင်ရင် TOPIK II ကို ဖြေဖို့ အကြံပြုချင်ပါတယ်။ I ဖြေရင် ဘာမှလုပ်လို့မရတာတော့ မဟုတ်ဘူးပေါ့နော်။ မေးခွန်းအတွေ့အကြုံရတာကြောင့် နောက်တခါ II ဝင်ဖြေရင် ကျင့်သားရပြီး အဆင်ပြေပါတယ်။ လောလောဆယ် ကိုယ်က စာလေ့လာတာ မကြာသေးရင်တော့ I က ပိုသင့်တော်ပါတယ်။ ကဲ ဒါဆို I နဲ့ II ရဲ့ အမှတ်ပေးပုံ ,ဖြေဆိုချိန်တို့ကို အောက်မှာ ပုံလေးနဲ့အတူ ကြည့်ကြည့်ရအောင်။ #TT_Korean #Thrive_in_TT_for_Korean

အားလုံးပဲ မင်္ဂလာပါရှင် 🙋 ဒီနေ့ Trနဲ့ အတူတူ အဓိပ္ပာယ်ဆင်ပေမဲ့ အသုံးမတူကြတဲ့ ကိုရီးယားစကားလုံးလေးတွေကို လေ့လာကြည့်ရအောင် 1. 늙다 Vs 낡다 = အိုသည် 늙다 - (သက်ရှိများ ဖြစ်ကြတဲ့ လူ၊ တိရစ္ဆာန်၊ အပင် စသည်) အိုမင်းသည် Eg: 나이가 늙어서 그런지 눈이 잘 안 보여요. (အသက်ကြီးလာလို့လား မသိ မျက်လုံး ကောင်းကောင်း မမြင်ရတော့ဘူး) 낡다 - (သက်မဲ့ အရာဝတ္ထုပစ္စည်းများ) အိုဟောင်းသည်၊ ဟောင်းနွမ်းလာသည် Eg: 저 원피스가 너무 낡아서 버렸어요. (ဟို ဂါဝန်လေးက အရမ်းဟောင်းနေလို့ လွှင့်ပစ်လိုက်တယ်) 2. 싱겁다 Vs 가볍다 = ပေါ့သည် 싱겁다 - (အရသာ) ပေါ့သည် Eg: 김치찌개가 좀 싱거운데 소금 좀 넣을까요? (ဂင်ချီဟင်းရည်က ပေါ့နေတာမို့ ဆား နည်းနည်း ထည့်လိုက်ရမလား) 가볍다 - (အလေးချိန်) ပေါ့သည် Eg: 이 책이 얇아 보이는데도 가볍지 않아요. (ဒီစာအုပ်က ပါးတဲ့ ပုံပေါ်ပေမဲ့ မပေါ့ပါးဘူး) 3. 춥다 Vs 차다/차갑다 = အေးသည် 춥다 - (ရာသီဥတု) အေးသည် Eg: 서울은 겨울에 너무 추워요. (ဆိုးလ်ကတော့ ဆောင်းတွင်းဆို အရမ်း အေးတယ်) 차다/차갑다 - (အရည်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းစသည်) အေးသည် Eg: (1) 찬 물 좀 갖다 주세요. (ရေအေးအေးလေး ယူလာခဲ့ပေးပါ) Eg: (2) 왜 손이 이렇게 차가워요? (ဘာလို့ လက်က ဒီလောက် အေးစက်နေတာလဲ) 4. 덥다 Vs 뜨겁다 = ပူသည် 덥다 - (ရာသီဥတု) ပူသည် Eg: 날씨가 너무 더워서 힘들어요. (ရာသီဥတု အရမ်းပူလို့ ပင်ပန်းတယ်) 뜨겁다 - (အရည်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းစသည်) ပူသည် Eg: (1) 커피가 아주 뜨거워서 못 마셔요. (ကော်ဖီက အရမ်းပူလို့ မသောက်နိုင်ဘူး) Eg: (2) 열이 심해서 몸이 무척 뜨거워요 (အဖျားက ပြင်းထန်လို့ ကိုယ်တွေ အရမ်း ပူနေတယ်) 5. 마시다 Vs 피우다 = သောက်သည် 마시다 - (အရည် ကော်ဖီ၊အရက်စသည်) သောက်သည် Eg: 저는 술을 잘 못 마셔요. (ကျွန်တော်ကတော့ အရက်ကောင်းကောင်း မသောက်နိုင်ပါဘူး) 피우다 - (အငွေ့ ဆေးလိပ်စသည်) သောက်သည် Eg: 식당 안에 담배를 피우지 마세요. (စားသောက်ဆိုင်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့) 6. 켜다 Vs 열다 = ဖွင့်သည် 켜다 - (လျှပ်စစ်ပစ္စည်း၊ ဂတ်စ်၊ ရေ၊ မီး) ဖွင့်သည် Eg: 저는 라디오를 켜서 노래 듣는 것을 좋아해요. (ကျွန်မကတော့ ရေဒီယို ဖွင့်ပြီး သီချင်း နားထောင်ရတာကို ကြိုက်ပါတယ်) 열다 - (ပိတ်ထားသော၊ လော့ချထားသော အရာကို) ဖွင့်သည် Eg: 창문 좀 열어주세요. (ပြတင်းပေါက်လေး တဆိတ်လောက် ဖွင့်ပေးပါ) 7. 끄다 Vs 닫다 = ပိတ်သည် 끄다 - (လျှပ်စစ်၊ စက်ပစ္စည်းစသည်) ပိတ်သည် Eg: 밖에 나가면 에어컨을 꼭 꺼 주세요. (အပြင်ထွက်ရင် အဲယားကွန်း သေချာ ပိတ်ပေးပါ) 닫다 - (ပွင့်နေသော၊ လော့မချထားသော အရာကို) ပိတ်သည် Eg: 저기 열려 있는 서랍 좀 닫아 주세요. (ဟိုမှာ ပွင့်နေတဲ့ အံဆွဲလေး တချက်လောက် ပိတ်ပေးပါ) * စာအုပ် ဖွင့်တာ ပိတ်တာကိုတော့ '펴다 - 덮다'နဲ့ သုံးပါတယ် ဒီ‌လောက်ဆို ဒီကိုရီးယားစကားလုံးလေးတွေနဲ့ ပတ်သက်ပြီး ကွဲကွဲပြားပြား သုံးတတ်မယ်လို့ မျှော်လင့်ပါတယ် နောက်လဲ အလျှင်းသင့်သလို ကိုရီးယားစာနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို မျှဝေပေးသွားပါဦးမယ် 🙆‍♀️ #TT_Korean #Thrive_in_TT_for_Korean

5. 존댓말 사용 설명서 (초급/중급) ကိုရီးယားစာမှာ Formal Usage တွေနဲ့ ပတ်သက်ပြီး သိပ်နားမလည်သေးဘူး၊ အသေးစိတ် သိချင်တယ် ဆိုတဲ့ သူတွေအတွက် ဒီစာအုပ်လေးက အများကြီး အထောက်အကူ ဖြစ်မှာပါ။ ဘယ်လိုနေရာမှာ ဘယ်လို ပုံစံနဲ့ သုံးရမယ်ဆိုတာကို ကာတွန်းလေးတွေနဲ့ ပုံဖော်ပြထားပြီး နောက်မှာ အဲ့တာနဲ့ ပတ်သက်တဲ့ တခြား စိတ်ဝင်စားစရာ အချက်တွေကို ရှင်းပြပေးသွားတာကြောင့် နားလည်လွယ်စေမဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

존댓말 사용 설명서 by 채화영.pdf20.07 MB

4. 너에게 하고 싶은 말 (중급) ဒါလေးကတော့ ကဗျာ၊ စာပေ ဝါသနာအိုးတွေအတွက် အကြိုက်တွေ့စေမဲ့ စာအုပ်လေးပါပဲ။ စိတ်အားငယ်နေတဲ့အခါ၊ စိတ်ပင်ပန်းတဲ့အခါ ဒီစာအုပ်လေးက healing ဖြစ်စေမှာမို့ ဖတ်ကြည့်သင့်ပါတယ်။ ဒီတိုင်း ကိုရီးယားစာ လေ့လာတဲ့ သူ‌တွေအနေနဲ့လဲ ဒီစာအုပ်လေး ဖတ်ပြီး sentence တစ်ကြောင်းကို ဘယ်လို လှလှလေး တည်ဆောက်နိုင်မလဲဆိုတာ အများကြီး လေ့လာနိုင်ပါတယ်။

너에게 하고 싶은 말.pdf105.70 MB

3. 나도 자랑스러운 한국인 (중급) ဒီစာအုပ်လေးကတော့ ကိုရီးယားသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေအတွက် ဖတ်ကြည့်သင့်တဲ့ စာအုပ်လေး တစ်အုပ်ပါ။ သမိုင်းကြောင်းဆိုတော့ ဖတ်ရတာ ပျင်းစရာမကောင်းရအောင် စာပိုဒ်ရှည်ကြီးတွေ မပါဘဲ ကာတွန်း‌လေးတွေနဲ့ သရုပ်ဖော်ပြီး ရှင်းပြထားတာကြောင့် ပိုနားလည်လွယ်ပြီး အဆင်ပြေမယ် ထင်ပါတယ်နော်။

나도 자랑스러운 한국어.pdf6.98 MB

2. 숙제다 (초급) ဒီစာအုပ်လေးကိုတော့ Level 1, 2 ကျောင်းသားတွေအတွက် Recommend ပါနော်။ တောထဲမှာ ကျောင်းတက်နေတဲ့ တိရစ္ဆာန်လေးတွေ အကြောင်း background ထားရေးတာတဲ့ ပေါ့ပေါ့ပါးပါး Short story လေး ဖြစ်တာကြောင့် တိရစ္ဆာန်လေးတွေနဲ့ ပတ်သက်တဲ့ meaning လေးတွေကိုလဲ လေ့လာနိုင်မှာ ဖြစ်သလို အပျင်းပြေ ဖတ်လို့ ရတဲ့ စာအုပ်ကောင်းလေးမို့ သဘောကျကြမယ် ထင်ပါတယ်။

숙제다!.pdf9.57 MB

1. 미녀와 야수 (초급) ဒါကတော့ အထူးတလည် မိတ်ဆက်စရာ မလိုတဲ့ 'Beauty & the Beast' ပုံပြင်စာအုပ်လေးပါ။ ကိုယ်နဲ့ ရင်းနှီးပြီးသား story လေး တစ်ပုဒ်ဖြစ်တာကြောင့် ဖတ်ရတာ အရမ်း ခက်ခဲမယ် မထင်ပါဘူးနော်။ Meaning အနည်းငယ် ခက်တာတွေ ပါရင်လဲ စာမျက်နှာ အောက်နားမှာ Kor to Kor ရှင်းပြထားတာကြောင့် '어휘' ပိုင်းလဲ တိုးတက်စေမှာပါ။

미녀와 야수.pdf40.78 MB

안녕하세요, 여러분! အကြာကြီးနေမှ Korean eBook sharing session လေး ပြန်လာပါပြီ 🤭✨ ဒီတစ်ခေါက်မှာတော့ TT Korean Page telegram ကနေ short story book လေး 5 အုပ် sharing လုပ်ပေးသွားပါမယ်။

Informal Vs Formal Words in Korean Part 2 ပုံမှန်အားဖြင့် Verb တွေကို Formal Style ယဉ်ကျေးတဲ့ ပုံစံပြောင်းတဲ့အခါ '으시, 시' သဒ္ဒါ ကပ်ပေးရပါတယ်။ ဥပမာ - '가다 - 가시다', '입다 - 입으시다' ဒါပေမဲ့ တချို့ Verb တွေမှာ '으시, 시' သဒ္ဒါ ကပ်ပြီး ပေါင်းရုံနဲ့ မရပါဘူး။ အလွတ်ကျက်မှ ရပါတယ်။ ဒါကြောင့် ဒီနေ့တော့ အဲ့ဒီ Verb လေးတွေကို စုပြီး sharing လုပ်ပေးထားပါတယ်။ #TT_Korean #Thrive_in_TT_for_Korean