TT Korean Language Learning Centre
Open in Telegram
ကိုရီးယားစာနဲ့ ပတ်သက်ပြီး ဗဟုသုတများ၊ ebook များကို free sharing လုပ်ပေးသွားပါမယ်။
Show moreThe country is not specifiedThe category is not specified
1 627
Subscribers
+424 hours
+137 days
+8630 days
Posts Archive
는군요/군요 Vs 더군요 Vs 겠군요
오랜만이에요, 여러분!
TOPIK စာမေးပွဲကြီးလဲ နီးလာပြီဆိုတော့ Intermediate level မှာ အမှားများကြတဲ့ Grammar လေး ၃ ခုကို ဒီနေ့ Tr နဲ့ တူတူ လေ့လာကြည့်ရအောင် 🙋♀️
ဒီနေ့ ပြောပြပေးသွားမဲ့ သဒ္ဒါလေးတွေကတော့ တခုချင်း လေ့လာရင် လွယ်သလိုလိုနဲ့ အကုန် ပေါင်းကြည့်တဲ့အခါ အသုံး ဘယ်လို ကွာလဲဆိုတာ ရောတတ်တာမို့ သဒ္ဒါ အသုံးလေးတွေကို အလေးထားပြီး လေ့လာစေချင်ပါတယ်နော်
1. 는군요/ 군요
동사 (AV) + 는군요, 형용사 (QV) + 군요
명사 (Noun) + 이군요
Tense maker (았/었/였, 겠) + 군요
ဒီ သဒ္ဒါလေးကတော့ နားလည်လွယ်အောင် ပြောရရင် ကိစ္စ တခုခု fact တခုခုကို ပြောချင်တဲ့အခါ သုံးပါတယ်။ အထူးသဖြင့် speaker အနေနဲ့ ခုမှ သိလိုက်ရတဲ့ ကိစ္စ သို့ အခြေအနေ တခုခုကို တအံ့တသြ ပြောချင်တဲ့အခါ သုံးပါတယ်။
예: (1) 미나 씨가 춤을 되게 잘 추는군요.
မီနာက အက တကယ် တော်တာပဲ။
(2) 안나 어머님이 중국인이군요.
အန်နာ့ အမေက တရုတ်လူမျိုးပါလား။
(3) 어제 눈이 왔군요.
မနေ့က နှင်းကျခဲ့တာပဲ။
2. 동사 (V/A) + 더군요
အရင်တုန်းက ကိုယ်ကိုယ်တိုင် မြင်ရ ကြားရ ခံစားရခဲ့တဲ့ အကြောင်းအရာတွေကို သူများကို တဆင့် ပြန်ပြောပြချင်တဲ့အခါ သုံးပါတယ်။
예: 어제 '극한 직업' 이라는 영화를 봤는데 생각보다 재미있더군요.
မနေ့က '극한 직업' ဆိုတဲ့ ရုပ်ရှင်ကြည့်ခဲ့တာ ထင်ထားတာထက် ကြည့်လို့ကောင်းတယ် (စိတ်ဝင်စားဖို့ ကောင်းတယ်)။
* ဒါပေမဲ့ သတိထားရမှာက ဒီ သဒ္ဒါရဲ့ ရှေ့မှာ တွဲတဲ့ Verb (အထူးသဖြင့် Action Verb) က speaker ရဲ့ ကိုယ်တိုင်လုပ်တဲ့ action ဖြစ်လို့တော့ မရပါဘူး။ တခြားသူ တစ်ယောက် လုပ်တဲ့ action နဲ့ပဲ တွဲသုံးလို့ ရတာပါ။
예: 소라 씨가 카페에서 아르바이트를 하더군요.
ဆိုရာက ကော်ဖီဆိုင်မှာ အချိန်ပိုင်း လုပ်နေတာလေ။
ဒါ့အပြင် မဖြစ်သေးတာကို ခန့်မှန်းပြီး ပြောချင်တဲ့အခါ '겠' နဲ့ ကပ်ပြီး သုံးလို့ ရပါသေးတယ်။
예: 영민 씨가 항상 열심히 해서 시험을 잘 보겠더군요.
ယောင်းမင်းက အမြဲ ကြိုးကြိုးစားစား လုပ်တော့ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်မှာပဲ။
3. 동사 (V/A) + 겠군요
ဒါကတော့ Dialogue လို အပြန်အလှန် ပြောကြတဲ့ စကားပြောတွေမှာ အဓိက သုံးပါတယ်။ တဖက်လူ ပြောတဲ့ အကြောင်းအရာကို နားထောင်ပြီးနောက် အဲ့ အခြေအနေ တစ်ရပ်ကို ယူဆပြီး ပြန်ပြောတဲ့အခါ သုံးပါတယ်။
(예) 가: 한국에 온지 벌써 4년이 됐어요.
나: 그래요? 한국 친구들을 많이 사귀겠군요.
가: ကိုရီးယားကို ရောက်တာ ၄နှစ်တောင် ရှိသွားပြီ
나: ဟုတ်လား။ ကိုရီးယား သူငယ်ချင်းတွေ အများကြီး ရှိမှာပဲ။
* သတိထားဖို့က တကယ်လို့ တဖက်လူပြောတဲ့ အကြောင်းအရာက ပြီးဆုံးသွားပြီဖြစ်တဲ့ အကြောင်းအရာဆိုရင်တော့ '았/었/였' လေး ရှေ့မှာ ကပ်သုံးပေးဖို့ လိုပါမယ်နော်
(예) 가: 추석 때 경복궁에 가서 구경했어요.
나: 사람이 엄청 복잡했겠군요.
가: ကောက်သစ်စားပွဲတော်တုန်းက ဂယောင်းဘို့ဂွန်း နန်းတော်ကို သွားပြီး လျှောက်လည်ခဲ့တယ်။
나: လူတွေ တော်တော် ရှုပ်ထွေးနေမှာပဲ။
ကဲ ဒီလောက်ဆိုရင်တော့ သဒ္ဒါ တခုချင်းစီကို တော်တော်လေး သဘောပေါက်သွားမယ် ထင်ပါတယ်။ သဒ္ဒါတွေကို နားလည်ရုံနဲ့တင် မရပ်ထားဘဲ ကိုယ်တိုင် လက်တွေ့ အသုံးချနိုင်အောင် ဝါကျလေးတွေ ဖွဲ့ပြီး လေ့ကျင့်ကြည့်ကြဖို့လဲ အကြံပေးချင်ပါတယ်နော်။
ဒါ့အပြင် အပေါ်က ရှင်းပြထားတဲ့အထဲမှာ နားမလည်တဲ့ အပိုင်းတွေ ရှိလဲ comment section မှာ ပြန်မေးနိုင်ပါတယ်
그럼, 연녕 👋
다음에 더 좋은 콘텐츠로 찾아볼게요.
#TT_Korean
#Thrive_in_TT_for_Korean
ဒီနေ့တော့ Tr က Ewha Womans University က ထုတ်တဲ့ Level 1 to 3 သင်ရိုးဖတ်စာအုပ်လေးတွေနဲ့ Workbook pdf file လေးတွေကို Tr တို့ TT Korean Telegram channel ကနေတဆင့် sharing လုပ်ပေးသွားပါမယ်နော် 🙋♀️
Ewha ရဲ့ သင်ရိုး စာအုပ်တွေက Tr တို့ ခု လက်ရှိ သင်နေတဲ့ Yonsei ဖတ်စာအုပ်လို Level 1 ခုချင်းစီမှာ 1-1,1-2, 2-1, 2-2 စသဖြင့် 2အုပ်စီ ခွဲထားပါတယ်။ Workbook ကိုလဲ အဲ့လို ခွဲထားတာဆိုတော့ Level 1 to 3 Textbook + Workbook ပေါင်း ၁၂အုပ် ရှိပါမယ်။
ဖတ်စာအုပ်တိုင်းမှာ သူ့ရဲ့ အားသာချက် အားနည်းချက် ကိုယ်စီ ရှိတတ်ကြတာမို့ တခြား သင်ရိုးစာအုပ်တွေနဲ့ လေ့လာပြီးလဲ ကိုယ် ဘယ်လောက်ထိ နားလည်ကြောင်း Ewha စာအုပ်တွေနဲ ပြန်လေ့ကျင့်ကြည့်ရအောင် sharing လုပ်ပေးလိုက်ပါတယ်။
Ewha သင်ရိုးကလဲ တော်တော် အသေးစိတ်တာကြောင့် ကိုယ် လိုအပ်တဲ့နေရာလေးတွေကို အများကြီး ပြန်လေ့လာနိုင်မယ်လို့ ထင်ပါတယ်နော် ✨️
(Ewha Textbook Ebook link တွေက တော်တော်များများ ပျက်ကုန်လို့ Level 1 to 3 ပြည့်ပြည့်စုံစုံ ရဖို့တောင် မနည်း ရှာစုထားရတာမို့ နောက် Level တွေ တော့ မရလိုက်ပါဘူး။ Audio file တွေလဲ Tr မှာ မရှိတော့ YouTube ကနေပဲ တချက် နားထောင်ပြီး လေ့လာကြည့်ပါနော်)
Topik II session 2ခုခွဲထားပြီး listening & writing ကို အရင်ဖြေပြီး ခဏနားပြီးမှ reading ကို နောက်တချိန်အနေနဲ့ ဖြေဆိုရမှာဖြစ်ပါတယ်။
အချိန်အားဖြင့် listening & writing နှခုပေါင်းကို ၁၁၀မိနစ် (တနာရီ၅၀မိနစ်)ပေးထားမှာပါ။ listening အပုဒ်ရေ ၅၀ရှိပြီး writingကတော့ ၄ပုဒ်ရှိပါတယ်။ break timeအနေနဲ့ ခဏနားပြီးရင်တော့ ဒုတိယအချိန်မှာ readingဖြေရပါမယ်။
အပုဒ်၅၀ဖြေဆိုရမှာဖြစ်ပြီး အချိန်ကိုတော့ ၇၀မိနစ် (၁နာရီ၁၀မိနစ်) ပေးထားမှာဖြစ်ပါတယ်။
Topik IIဖြေဖို့ စုစုပေါင်းကြာချိန် ၁၈၀မိနစ်(၃နာရီ)ဖြစ်ပါတယ်။
Topik I မှာ listening&reading ဖြေဆိုရမှာဖြစ်ပြီး အချိန်ကတော့ စုစုပေါင်း မိနစ်၁၀၀ (၁နာရီ၄၀မိနစ်)တိတိ ပေးထားမှာဖြစ်ပါတယ်။
Listening အပုဒ်ရေ 30ပါရှိပြီး Reading ကတော့ အပုဒ်ရေ 40ဖြေဆိုရမှာဖြစ်ပါတယ်။
