en
Feedback
Fact Hub Myanmar

Fact Hub Myanmar

Open in Telegram

We are trying to be right, rather than being right!

Show more
1 263
Subscribers
No data24 hours
-57 days
-2030 days
Posts Archive
photo content

ဒီတော့ အခုပဲ မက်စင်ဂျာမှာ မက်ဆေ့ချ်လာပို့ရင်း Fact Hub Myanmar က ပထမဆုံးထုတ်ဝေတဲ့ E-book ကို ဒေါင်းလော့ဒ်လုပ်နိုင်ပါပြီ။ အားပ
ဒီတော့ အခုပဲ မက်စင်ဂျာမှာ မက်ဆေ့ချ်လာပို့ရင်း Fact Hub Myanmar က ပထမဆုံးထုတ်ဝေတဲ့ E-book ကို ဒေါင်းလော့ဒ်လုပ်နိုင်ပါပြီ။ အားပါးတရ ဖတ်ရှုပါ၊ ပြီးရင် အသီးသီး မှတ်ချက်လေးတွေ ပြန်မျှဝေပေးပါ။ နီးစပ်ရာကိုလဲ လက်တို့ခဲ့ပါ။

စာအုပ်ကို ဘယ်လို ရယူနိုင်မလဲ . . .။ စာအုပ် ရယူနိုင်ဖို့ Fact Hub Myanmar ရဲ့ မက်စင်ဂျာမှာ 'စာအုပ်' ဒါမှမဟုတ် 'Book' လို့ မက်ဆေ့ချ်ပို့ပါ။ စာအုပ်က PDF နဲ့ Epub ဆိုပြီး နှစ်မျိုးနှစ်စား လာပါတယ်။ ဘယ်ဖောမတ်နဲ့ လိုချင်လဲ အရင်ရွေးပါ။ နောက်တော့ နောက်ခံအရောင် အဖြူနဲ့ အဝါဖျော့ . . . နှစ်မျိုး ရှိပါတယ်။ အဝါဖျော့ကို မျက်မှန်တပ်သူတွေနဲ့ စခရင်ကို ကြာကြာမကြည့်နိုင်သူတွေ ရွေးသင့်ပါတယ်။ စာအုပ်ဖိုင်တွေကို ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့အပြင် Kindle လို E-readers တွေမှာပါ ထည့်ဖတ်နိုင်အောင် ဖန်တီးထားတာပါ။ ဒါပေမဲ့ Epub ဖိုင်တွေက Device တိုင်းမှာ အပြည့်အဝအလုပ်/မလုပ် အာမ,မခံနိုင်လို့ စာဖတ်သူတွေဘက်က မှတ်ချက်ပြန်ပေးရင် နောက်ထပ်ဗားရှင်းတွေမှာ ထည့်ပြုပြင်သွားပါမယ်။

photo content

စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်သလဲ . . . ? ဒီဘာသာပြန်စာအုပ်ကို ထုတ်ဝေရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာနိုင်ငံတစ်၀န်း ကြုံတွေ့ခဲ့ကြရတဲ့ ဘေးအန္တရာယ်တွေကြောင့် ဖြစ်ရတဲ့ ဆုံးရှုံးမှုတွေ၊ စိတ်ဒဏ်ရာအပိုင်းအစတွေကို ကုသရာမှာ တစ်စိတ်တစ်ပိုင်း ဖြစ်စေလိုရင်းပါ။ ငလျင်ဒဏ်ကြောင့် ချစ်ရသူတွေ၊ အိုးအိမ်စည်းစိမ်တွေကို လက်လွှတ်ခဲ့ရသူတွေ၊ လေးလံတဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ချုပ်တည်းနေရသူတွေအတွက် စွပ်ပြုတ်လေးတစ်ပန်းကန်အနေနဲ့ ပါ၀င်ဖို့ ရည်ရွယ်ရင်းပေါ့။ ဒါ့အပြင် ဒီကာလမှာ လူတိုင်းက ခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရသူတွေပဲမို့ လူကြီးလူငယ်မရွေး၊ အသက်အရွယ်မရွေး ဒီစာအုပ်လေးနဲ့အတူ ကိုယ့်ရဲ့ စိတ်ကို ဖြေဖျောက်ကုသနိုင်ပါတယ်။ ချစ်ရသူအတွက် ပူဆွေးသောက ရောက်နေရသူတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ နေ့စဉ်နေထိုင်နေရသူတွေအတွက်လဲ စိတ်အထောက်အပံ့တစ်ခု ဖြစ်လာမှာပါ။

စာအုပ်မိတ်ဆက် ရှင်သန်ရခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်နေရချိန်မှာ ဆုံးရှုံးမှုကြောင့် ဖြစ်လာတဲ့ စိတ်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ပူဆွေးသောကတွေကို အသိအမှတ်ပြုပြီး အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ အရေးကြီးလာပါပြီ။ သတိပဋ္ဌာန်ရဲ့ ဖခင် “Father of Mindfulness” လို့ Times က သတ်မှတ်ထားတဲ့ သစ်နတ်ဟန်က ဒီစာအုပ်မှာ အဲဒီစိတ်ခံစားချက်တွေကို ပါးပါးနပ်နပ် ထိန်းကျောင်းနည်းတွေနဲ့အတူ သတိပဋ္ဌာန် (Mindfulness) နဲ့ သက်ဆိုင်တဲ့ အလေ့အကျင့်တွေ၊ အတွေးအမြင် (Ideology) တွေကိုပါ ခပ်ရှင်းရှင်း တင်ပြထားတာပါ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတို့လို ဘ၀ရဲ့ ရှုထောင့်ကွဲတွေအပေါ် ပြောင်းလဲထိတွေ့နိုင်ပုံတွေကို ထိထိမိမိ တွေးမြင်ဖတ်ရှုရင်း ပူဆွေးမှု၊ စိုးရိမ်မှုအပါအ၀င် ကိုင်တွယ်ရခက်ခဲတဲ့ ခံစားချက်တွေနဲ့ ယှဉ်တွဲနေထိုင်ရင်ဆိုင်နည်းတွေကို ရင်းနှီးတဲ့အမြင်တစ်ခုကနေ လေ့လာနိုင်ပါတယ်။ အဆုံးသတ်ဆိုတာ တကယ်တော့ မပြီးဆုံးနိုင်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ကြောင်းနဲ့ အကြောင်းတရား၊ ဖြစ်တည်မှု၊ အရာ၀တ္ထုတွေရဲ့ သင်္ခါရသဘောတရားကို ဒီစာအုပ်ထဲမှာ ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆုံးရှုံးမှုက ရလာတဲ့ ခံစားချက်တွေနဲ့ ဘယ်လို နေထိုင်ကြမလဲ၊ ချစ်ရသူတွေကို နည်းလမ်းတကျ ဘယ်လို တမ်းတမလဲနဲ့ သေဆုံးခြင်းတရားလို ဘ၀ရှုထောင့်တွေကိုပါ ဒီစာအုပ်လေးထဲမှာ အကောင်းဆုံး မေးခွန်းထုတ်နိုင်မှာပါ။

photo content

Fact Hub Myanmar က ထုတ်ဝေဖြန့်ချိတဲ့ မြန်မာဘာသာပြန်စာအုပ် (ဒစ်ဂျစ်တယ်) ထွက်ပါပြီ။ “ချစ်ရသူကို ဆုံးရှုံးပြီးတဲ့နောက် ဘယ်လို နေထိုင်သွားမလဲ” ―――――――――――――― လက်ရှိမှာ မြန်မာပြည်သူတွေဟာ သိပ်ကို ဆိုးရွားလှတဲ့ ဘေးအန္တရာယ်အမျိုးမျိုးရဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုတွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းလျနေရတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ နေ့စဉ်ဘ၀မှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ရင်း ဆုံးရှုံးမှုတွေနဲ့အတူ ဖိနှိပ်ချုပ်တည်းထားရတဲ့ ခံစားချက်တွေအတွက် နေရာလွတ်လေးတစ်ခု ပေးဖို့ သတိ‌မေ့နေကြပါတယ်။ ကပ်ဘေးကာလတွေအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေ၊ ပူဆွေးသောကတွေအတွက် ဒီစာအုပ်လေးက အားအင်တစ်ခု၊ အဖော်မွန်တစ်ယောက် ဖြစ်စေမှာပါ။ ဒီစာအုပ်ကို ဇင်ဒဿနပညာရှင် သစ်နတ်ဟန်က How to Live When A Loved One Dies အမည်နဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။ Fact Hub Myanmar အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေက မြန်မာစာဖတ်သူတွေအတွက် ဒီကာလမှာ မြန်မာဘာသာပြန်ပေးဖို့ ဆွေးနွေးညှိနှိုင်းခဲ့ရာမှာ နွန်းယူကီ၊ ဉာဏ်၀င်းထက်၊ ခန့်ညားသာတို့က တွဲဖက်ဘာသာပြန်ပေးဖို့ သဘောတူခဲ့ကြတာပါ။ ဘာသာပြန်မူကို ဆရာထက်ဘုန်းရှိန်က တည်းဖြတ်ပြင်ဆင်ပြီး စစ်ဆေးအတည်ပြုပေးခဲ့ပါတယ်။ Fact Hub Myanmar ကနေ တာ၀န်ယူထုတ်ဝေဖြန့်ချိတာဖြစ်ပြီး စာအုပ်ရဲ့ အခကြေးငွေကတော့ အခမဲ့ (free access) ပါ။ အသေးစိတ်ကိုတော့ အောက်က ပုံတွေမှာ ဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။ #Fact_Hub #Ebook #Announcement #How_to_Live_When_Loved_One_Dies #Translation #Book_release

photo content
+1

ွေကို အနှစ်ချုပ်ရရင် ငလျင်ကြောင့် ကြုံတွေ့ရတဲ့ - သောက်ရေ သုံးရေ အဆင်မပြေခြင်း - သန့်ရှင်းရေးအတွက် အမှိုက်စွန့်ပစ်မှုပိုင်းမှာသေချာ စီမံမခန့်ခွဲနိုင်ခြင်း - ယင်လုံအိမ်သာနဲ့ အညစ်အညေးစွန့်ပစ်ဖို့ အခက်အခဲရှိခြင်း - Deadbody တွေကိုအချိန်မီဆွဲမထုတ်နိုင်တာမို့ အနံ့ဆိုးနဲ့ အရည်များထွက်ခြင်း - ပြိုကျပျက်စီးရာကနေထွက်လာတဲ့ ဖုန်၊ အမှုန်တွေကိုသန့်ရှင်းရေးမလုပ်နိုင်ခြင်း စတာတွေကြောင့် ပြန့်ပွားလွယ်ပြီး ကလေးတွေရော လူကြီးတွေရောအတွက်ပါ အန္တရာယ်များစေတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရောဂါတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါတွေကို ရင်ဆိုင်ဖို့အတွက် အာဟာရဓာတ်ပြည့်ဝပြီး ရေဓာတ်ပြည့်ဝဖို့လဲလိုတာမို့ အစာစားချိန်ကို ပုံမှန်စားပြီး နားချိန်ကိုလဲ ပုံမှန်နားဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းနေတာကလဲ တော်ရုံကူးစက်ရောဂါတချို့ကို ခံနိုင်ရည်ရှိတာမို့လို့ ကျန်းမာအောင်နေပြီး ကိုယ်ခံအားကိုမြှင့်တင်ကြရပါမယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ကြဖို့အတွက် အားရှိအောင် နေတာ၊ လက်ဆေးတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဦးစားပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။ Written by Myo Myat Maung Released from Fact Hub Go: Content Writer Desk, Earthquake Response ©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Earthquake_Response_22

ငလျင်လှုပ်ပြီးနောက် သတိထားရမဲ့ ကျန်းမာရေးအန္တရာယ်တွေ — — — — — အခုဆိုရင် ငလျင်လှုပ်ခတ်မှုအပြီး တစ်ပတ်အချိန်ကာလကို ရောက်ရှိလာပါပြီ။ လောလောဆယ်မှာ ငလျင်ဒဏ်ခံခဲ့ရသူတွေကို ကယ်ဆယ်လို့ မပြီးသေးတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ကျန်းမာရေးပြဿနာနဲ့ ပျံ့နှံ့လွယ်တဲ့ ရောဂါတွေ ဖြစ်ပွါးနိုင်ခြေ မြင့်တက်လာပါတယ်။ ၁။ ဝမ်းပျက်/ဝမ်းလျှော ရောဂါ၊ အသည်းရောင်အသားဝါနဲ့ အရေပြားကူးစက်ရောဂါတွေ — သောက်ရေအတွက် ရေသန့်ကို ချက်ချင်း ငလျင်ဒဏ်သင့်ဒေသတွေကို မစီစဉ်ပေးနိုင်ခဲ့တာ၊ သုံးရေတွေဟာ ငလျင်ဒဏ်ကြောင့် တွင်းကနေ ထုတ်ယူဖို့ စက်အားရော လူအားပါ အဆင်မပြေတော့တာမို့ နီးစပ်ရာ မြစ်ချောင်းက သုံးစွဲရတာနဲ့ အညစ်အကြးနဲ့ အမှိုက်စွန့်ပစ်မှု သေချာမစီမံတာတွေက အဓိအားဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကို အများဆုံးဖြစ်ပွားစေနိုင်ပါတယ်။ — ရေနဲ့ အစားအသောက်မသန့်ရှင်းမှုကနေ အသည်းရောင်အသားဝါရောဂါ Hepatitits A ဖြစ်နိုင်ခြေလဲ ရှိနေပါသေးတယ်။ — ရေသန့်ဖို့ လိုတာက သောက်ရေတစ်ခုထဲလို့ ထင်နေရင်လဲ မှားသွားပါလိမ့်မယ်။ သုံးရေကလဲ တတ်နိုင်သလောက် သန့်ရှင်းဖို့ လိုပါတယ်။ — အညစ်အ ကြေးတွေကိုင်ပြီးတာ၊ မသန့်ရှင်းတာတစ်ခုခု ကိုင်တွယ်ပြီးတိုင်းမှာ လက်ဆေးဖို့ အရေးကြီးပါတယ်။ လက်မဆေးပဲ စားစရာတွေကို ကိုင်ပြီး စားသောက်မိတာက ဝမ်းရောဂါဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းပြချက်ထဲက တစ်ခုဖြစ်ပါတယ်။ — နောက်တစ်ချက်ကတော့ ယင်လုံအိမ်သာမရှိတာကလဲ ယင်ကောင်ကနေတစ်ဆင့်အစားအသောက်ပေါ်ကို ဘက်တီးရီးယား ပိုးမွှားတွေပါလာပြီး ဝမ်းရောဂါပျံ့နှံ့မှုကို စိုးရိမ်ရပါတယ်။ — ဒါကြောင့် အထူးဂရုပြုဖို့လိုအပ်ပြီး လှူဒါန်းမှုတွေကို အစားအသောက်ဆေးဝါးအပြင် ယာယီ အသုံးပြုနိုင်မဲ့ အိမ်သာ ဆောက်လုပ်ဖို့ အတွက်ပါ လိုအပ်တာတွေကို ထည့်သွင်းပေးဖို့လိုပါတယ်။ — ရေမသန့်ရှင်းမှုကြောင့်တင်ပဲ နောက်ဆက်တွဲ ကူးစက်လွယ်တဲ့ အရေပြားရောဂါတွေပါဖြစ်နိုင်တာမို့လို့ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလဲ အထူးအလေးပေးဖို့ လိုအပ်ပါတယ်။ ၂။ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်နိုင်တဲ့ ရောဂါတွေ — လက်ရှိမှာ အဓိက စိုးရိမ်ရမဲ့ ပြဿနာထဲက တစ်ခုပါ။ သေဆုံးပြီး ကျန်ခဲ့တဲ့ ဆွဲမထုတ်ရသေးတဲ့ Dead body တွေက ရက်ကြာလာတဲ့အခါ ဇီဝရုပ်ဖြစ်ပျက်မှုအတိုင်း ပုပ်သိုးပျက်စီးလာပြီး အနံ့တွေအပြင် အရည်တွေပါ ထွက်လာပါတယ်။ ဒီလို ထွက်လာတဲ့ အရည်တွေထဲမှာ ဘက်တီးရီးယား ပိုးမွှားတွေက အချိန်တစ်ခုထိ အသက်ရှင်နိုင်တာမို့လို့ လက်အိတ်မပါဘဲ တိုက်ရိုက်ကိုင်တွယ်မိတဲ့အခါ Dead body မှာရှိတဲ့ ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကိုင်တွယ်သူကို ကူးစက်တတ်ပါတယ်။ — ဖြစ်နိုင်ရင်တော့ Mask တပ်တာအပြင် PPE ဝတ်စုံ၊ မျက်မှန်၊ တခြားသော အကာအကွယ် အစုံဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ကိုင်တွယ်တဲ့ DB မှာ နဂိုရှိတဲ့ ရောဂါတွေဖြစ်တဲ့ အသည်းအရောင်အသားဝါ ဘီပိုး စီပိုး၊ HIV၊ တီဘီ(Tuberculosis) နဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ကူးစက်ခြင်းကနေ ရှောင်ဖို့ အကာအကွယ်ပါမှပဲ ကိုင်တွယ်သင့်ပါတယ်။ — World Health Organization (WHO) ကတော့ ဒီလို ကူးစက်တတ်တာက သေချာတဲ့အထောက်အထား မရှိသလို ထွက်လာတဲ့ ဘက်တီးရီးယားတွေက နာရီနည်းနည်းလောက်ပဲ ရှင်သန်နိုင်တာကြောင့် ရက်ကြာသွားတဲ့ Body တွေကနေလဲ မကူးစက်နိုင်ဘူးလို့ ထုတ်ပြန်ထားတာမျိုးရှိပါတယ်။ — ဒါပေမဲ့ သတိထားဖို့အနေနဲ့ကတော့ DB တွေကို ရေအရင်းအမြစ်တွေနဲ့ ဝေးရာမှာ ထားဖို့ လိုပြီး မြုပ်နှံမယ်ဆိုရင်တောင် DB bag နဲ့အတူ ရေနဲ့ အနည်းဆုံး မီတာသုံးဆယ်အကွာကို မြုပ်နှံကြဖို့အတွက် သတိပေးထားပါတယ်။ — ဘယ်အခြေအနေပဲဖြစ်စေ မသန့်ရှင်းတာတွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်တဲ့အခါ ဘက်တီးရီးယား ဖုန်နဲ့ အညစ်အကြေးတွေကြောင့် အရေပြားမှိုလို ယားနာတွေ ဖြစ်နိုင်ပါသေးတယ်။ — ဒါကြောင့် ကိုင်တွယ်ရင်လဲ အကာအကွယ်နဲ့ ကိုင်ပါ။ ဘာကိုပဲ ကိုင်ပြီးပြီး လက်ကို သေချာ စင်ကြယ်အောင်ဆေးကြောပါ။ အသုံးပြုထားတဲ့စက်ကိရိယာတွေကို ပိုးသတ်ဆေးဖြန်းပါ။ ၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ — ရေမသန့်တာကြောင့်တင် နောက်ဆက်တွဲ အန္တရာယ်ရှိတာမဟုတ်ပဲ လေမသန့်တာကလဲ အတော်လေး အန္တရာယ်များပါတယ်။ — ပြုကျပျက်စီးတဲ့ အဆောက်အဦးတွေက ထွက်လာတဲ့ ဖုန်မှုန့်တွေအပြင် အနံ့အသက်ဆိုးတွေကို ရေရှည်ရှူရတဲ့အခါမှာ အဆုတ်ရောင်ရောဂါ (Pneumonia)၊ လေပြွန်ရောင်ရောဂါ (Bronchitis)၊ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ — ဖုန်၊ အမှုန်အမွှားနဲ့ အနံ့အသက်ဆိုးတွေကနေ ဝေးဝေးနေလို့ မရတဲဘ အနေအထားဖြစ်နေရင် နှာခေါင်းစည်းတပ်တာမျိုးနဲ့ အမှုန်အမွှားများတဲ့နေရာတွေကို ရှောင်ရှားတာမျိုး တတ်နိုင်သလောက် လုပ်သင့်ပါတယ်။ — ကယ်ဆယ်ရေးပိုင်းမှာ အားတက်သရော ဆောင်ရွက်နေကြသူတွေအပါအဝင် ငလျင်ဒဏ်ခံထားရတဲ့ ဒေသတွေမှာ Mask ကို အသုံးပြုဖို့လိုပါတယ်။ ရေတိုမှာ ဖုန်တွေရှူမိတာက မသိသာသေးပေမဲ့ ရေရှည်မှာတော့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တာမို့လို့ Mask ကို အပြင်သွားတဲ့အခါ အကူအညီတွေပေးတဲ့အခါမှာ စည်းကို စည်းပေးပါ။ — Mask မရနိုင်မဲ့ အတော်လေး ခက်ခဲတဲ့ နေရာမျိုးဆိုရင် ပါးစပ်နဲ့ နှာခေါင်းကို အဝတ်သန့်တာနဲ့ စည်းနှောင်တာမျိုး လုပ်သင့်ပါတယ်။ ကျန်းမာရေးအန္တရာယ်တ

photo content

- The Red Flag - AFP Fact-check Myanmar - DVB Fact-check - Fact Crescendo Myanmar နဲ့ - Myanmar Witness . . . စတာတွေပါ။ ၆) ရပ်၊ ကြည့်၊ စစ်၊ သွား Fact-checking မှာ 'SIFT Technique' လို့ ခေါ်တဲ့ Stop, Investigate, Find, Trace ကိုလဲ သတင်းတွေစစ်ဖို့ သုံးကြပါတယ်။ ဘယ်အကြောင်းအရာကို တွေ့တွေ့၊ ဘယ်လိုသတင်းကို မြင်မြင် အယုံမလွယ်လိုက်ဘဲ၊ အမှန်မထင်လိုက်ဘဲ၊ ထပ်ဆင့်ဖြန့်ဝေတာမျိုး မလုပ်ဘဲနဲ့ အဲဒီအင်ဖော်မေးရှင်းရဲ့ ရင်းမြစ်ကို ဆန်းစစ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဘာအက်ရှင်မှ မလုပ်မိခင်မှာ 'Stop' - ရပ်ပြီး အရင်သေချာကြည့်ပါ။ ပြီးရင် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဝေဖန်ဆန်းစစ်ပါ။ ရင်းမြစ်ကို Investigate လုပ်ပါ။ စုံစမ်းစစ်ဆေးတဲ့ အဆင့် မလုပ်နိုင်သေးရင်တောင် ကိုယ်ပိုင် အသိဉာဏ်ကို သုံးပြီး အရင် ဝေဖန်ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ ပြီးရင် ကိုယ်တွေ့လိုက်ရတဲ့ သတင်းအချက်အလက်က ဘယ်လောက်ရော ယုတ္တိ ယုတ္တာကျလဲ၊ ဘယ်လောက်ယုံရနိုင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှာလို့ ရတာ ရှာပါ။ (Find) . . . တခြားဘယ်မှာရော ဒါမျိုးကို တင်သေးလဲ။ သတင်းဆိုလဲ သတင်းဌာနတွေမှာ လိုက်ရှာကြည့်ပါ။ အဲဒီအကြောင်းအရာ ဘယ်က ပျံ့လာတာလဲဆိုတဲ့ နေရာကို Trace လိုက်ပါ။ ကိုယ်မြင်လိုက်တဲ့ အင်ဖော်မေးရှင်းတိုင်းဟာ 'ဘယ်နေရာက လာတာလဲ'၊ 'ဘယ်နေရာကို သွားမှာလဲ' ဆိုတာကို ပိုင်းခြားဆင်ခြင်ကြည့်ပါ။ အလွယ်ဆုံးနည်းဖြစ်ပါတယ်။ ဘာဖြစ်တာလဲ။ (What) ဘယ်လိုဖြစ်တာလဲ။ (How) ဘယ်နေရာလဲ။ (Where) ဘယ်အချိန်လဲ။ (When) ဘယ်သူလဲ။ (Who) ဘာကြောင့်လဲ။ (Why) ဆိုတဲ့ ဘ ၆ လုံး စုံစုံလင်လင်မပါတဲ့ ဘယ်သတင်းကိုမှ မယုံပါနဲ့။ ___ အခုလို အချိန်မှာ သတင်းတု/သတင်းမှားတွေ ပျံ့နှံ့ဖို့က အတော်လေး လွယ်ကူပါတယ်။ ဒီလို အတုအယောင်တွေရဲ့ သားကောင်မဖြစ်ဖို့ သတင်းတွေ ဖတ်ရှုတဲ့အခါ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားတတ်ဖို့၊ ကျိုးကြောင်းကျ ဆင်ခြင်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ အချက်အလက်မှားတွေကို ဆန်းစစ်စစ်ဆေးဖို့က သတင်းမီဒီယာတွေ၊ Fact-checking အဖွဲ့အစည်းတွေမှာပဲ တာဝန်ရှိတာ မဟုတ်ဘဲသတင်းစားသုံးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိတာပါ။ ဒါကြောင့် သတင်းတု/မှား ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိသေးရင်တောင် အဲဒီအမှားကို ဖြန့်မိတဲ့ ကြားခံမဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိကပ်ဖို့ လိုပါလိမ့်မယ်။ နောက်ပိုစ့်တွေမှာ ဓာတ်ပုံစစ်ဆေးနည်းကို ဆက်တင်ပြပါမယ်။ Written by Min Z Released from Fact Hub Go: Content Writer Desk, Earthquake Response ©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Earthquake_Response_21

အချက်အလက်တွေကို မှန်/မှန် ဘယ်လိုစစ်ဆေးနိုင်မလဲ . . .? လက်ရှိအချိန်မှာ လူမှုကွန်ယက်စာမျက်နှာအပြင် အင်တာနက်တခွင် ငလျင်ဘေးနဲ့ ပတ်သက်လို့ သတင်းအချက်အလက်ပေါင်းစုံကို နေရာပေါင်းစုံက မျှဝေနေကြပါတယ်။ အဲဒီလို ပြန့်နှံ့နေတဲ့ အချက်အလက်တွေထဲ မှန်တာတွေ ရှိသလို မှားတာတွေလဲ မနည်းမနောပါပဲ။ ဒီတော့ ကိုယ်တွေ့ရတဲ့ အချက်အလက်တွေကို မှန်/မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ . . .? ======= ၁) ရင်းမြစ်စစ်ဆေးပါ၊ နောက်ခံကို လေ့လာပါ။ ကိုယ်တွေ့လိုက်တဲ့ သတင်းကို ဘယ်ရင်းမြစ်က တင်ထားလဲ လေ့လာပါ။ ယုံကြည်ရနိုင်တဲ့ သတင်းဌာနကလား၊ ပါစင်နယ်အကောင့်ကလား၊ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်လား၊ သုတေသနအဖွဲ့အစည်းကလား၊ ဘယ်နေရာကလဲ . . .?။ ဒါတွေကို အရင်ဆန်းစစ်ပါ။ လက်ရှိ ငလျင်ဘေးမှာ အမေရိကန်ဘူမိဗေဒစစ်တမ်းအဖွဲ့ - USGS ဆိုရင် သုတေသနအဖွဲ့အစည်း ဖြစ်ပါတယ်။ MMWeather က ဆရာဦးဝင်းနိုင်ကတော့ ပညာရှင်အဆင့်ပါ။ ဒါတွေကို ပြန်ကိုးကားပြီး ဖော်ပြတဲ့ Fact Hub Myanmar ကတော့ မီဒီယာ ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်းကို ပုံစံအသီးသီးနဲ့ ပြန်မျှဝေကြတဲ့ ပါစင်နယ်အကောင့်တွေလဲ သေချာပေါက် ရှိမှာပါ။ ဒီထဲကမှ ဘယ်မီဒီယာဆိုရင်တော့ ယုံရမယ်။ ဘယ်အဖွဲ့အစည်းကတော့ ခိုင်မာတယ် . . . စတာကို ပြန်ချင့်ချိန်ဖို့ လိုပါလိမ့်မယ်။ ဥပမာ၊ နောက်ခံကောင်းတဲ့ မီဒီယာတွေက မဟုတ်ဘဲ ပါစင်နယ်အကောင့်တွေဆီက ပြန့်လာတာမျိုး၊ ခရက်ဒစ်တပ်ပြီး ကူးယူဖြန့်ဝေတာမျိုး၊ လူစိတ်ဝင်စားအောင် လုပ်ကြံရေးသားထားတာမျိုး၊ နားလည်မှုလွဲစေနိုင်တဲ့ ရေးသားချက်မျိုး၊ Clickbait မျိုး၊ တိကျတဲ့အကြောင်းအရာတွေ ထည့်သွင်းထားတာမျိုးမရှိဘဲ သံသယဖြစ်ဖိုကောင်းတဲ့ ကိုးကားချက်တွေ၊ အချက်အလက်တွေ၊ ဘက်ယိမ်းတဲ့ ရေးသားချက်တွေ၊ ယုတ္တိအမှားတွေ ပါဝင်မယ်ဆိုရင်တော့ အချက်အလက်မှားအဖြစ် ပထမတဆင့် သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် သံသယဖြစ်ဖိုကောင်းတဲ့ သတင်းတစ်ခုကို စတွေ့တဲ့အခါမှာ ထပ်ဆင့်ပြန်မမျှဝေခင် ရင်းမြစ်ကို အရင်စစ်ဆေးကြည့်ပါ။ ၂) နောက်ခံနဲ့ ပုံရိပ် ကိုယ်တွေ့လိုက်တဲ့ သတင်းကို တင်ထားတဲ့ နေရာက တစ်ခါမှလဲ မမြင်ဖူး၊ ယုံကြည်ရ/မရကိုလဲ မဝေခွဲနိုင်ရင် နောက်ခံကို လိုက်ပါ။ အရင်တုန်းက ဘာပိုစ့်တွေ တင်ဖူးလဲ၊ အဖွဲ့အစည်းဆိုရင် ဘာအဖွဲ့အစည်းလဲ၊ သူတို့ရဲ့ ဦးတည်ချက်က ဘာလဲ၊ နောက်ခံဘက်ဂရောင်း ဘယ်လိုရှိလဲ . . . စတာတွေကို လိုက်ရှာဖတ်ကြည့်နိုင်ပါတယ်။ ဦးတည်ချက် ခိုင်ခိုင်မာမာ မရှိတာ၊ ပုံရိပ်မကောင်းတာ၊ သံသယဖြစ်ဖို့ ကောင်းတဲ့ ပိုစ့်တွေကို အရင်တုန်းကလဲ ပုံစံတူ မျှဝေခဲ့ဖူးတာမျိုး တွေ့ရရင်တော့ မယုံကြည်ရနိုင်တဲ့ ရင်းမြစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီရင်းမြစ်က လာတဲ့ အချက်အလက်တွေကို သေချာပေါက် စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တစ်ဖက်မှာတော့ မီဒီယာကျင့်ဝတ်ပိုင်း နားလည်တဲ့၊ ဂုဏ်သိက္ခာကို ဂရုပြုတဲ့ သတင်းဌာနတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ရာ အချက်အလက်မှန်ကန်မှုကို ဦးစားပေးတတ်ပါတယ်။ ၃) တခြားရင်းမြစ်တွေကိုလဲ လိုက်ရှာဖတ်ကြည့်ပါ ကိုယ်ဖတ်လိုက်ရတဲ့သတင်းကို အများစုဖတ်ရှုကြတဲ့၊ ယုံကြည်ရတယ်လို့ သတ်မှတ်တဲ့ တခြားဘယ်မီဒီယာတွေ၊ ဝဘ်ဆိုက်တွေက ဖော်ပြထားလဲ လိုက်ရှာပါ။ သုတေသနစာတမ်းတွေ၊ အစိုးရဘက်က ထုတ်ပြန်ချက်တွေ၊ နောက်ခံကောင်းတဲ့ သတင်းစာ/မဂ္ဂဇင်းတွေကနေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားရင် ယုံကြည်ရနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်တွေ့လိုက်တဲ့ နေရာကနေပဲ သီးသန့်တက်လာတာဆိုရင် အချက်အလက်မှားဖြစ်နိုင်ခြေ မြင့်ပါတယ်။ ဒီတော့ တစ်ခုခုကို အယုံမလွယ်လိုက်ခင် တခြားနေရာတွေမှာရော ဘာပြောထားလဲ၊ ဘယ်လိုပြောထားလဲ လိုက်လေ့လာပါ။ ၄) နာမည်ကြီးတိုင်းလဲ မယုံရပါ နာမည်ကြီးတိုင်း၊ လူသိများတိုင်းလဲ မှန်ကန်တိကျတဲ့ သတင်းရင်းမြစ်ဖြစ်မယ်လို့ တရားသေမှတ်ယူလို့ မရပါ။ တချို့မီဒီယာတွေ၊ အဖွဲ့အစည်းတွေက နောက်ခံပုံရိပ်ကောင်းပေမဲ့ ဘက်ယိမ်း (bias) တဲ့ အရေးအသားတွေ၊ တစ်ဖက်စောင်းနင်းဆန်ပြီး လိုတဲ့ အချက်အလက်ကိုပဲ ကောက်နုတ်တင်ပြတာတွေ လုပ်နိုင်လို့ ဒါတွေကိုလဲ အထူးဂရုပြုဖို့ လိုပါတယ်။ နောက်ခံနဲ့ ပုံရိပ်ကြီးမားတဲ့ အရှိန်ကိုယူပြီး အချက်အလက်မှားတွေ ဖြန့်ဝေမိတာမို့ ‘ဒီနေရာက တင်တိုင်း မှန်တယ်’ လို့ ပုံသေကားချပ် မမှတ်စေလိုပါ။ ဘယ်အဖွဲ့အစည်းမဆို အမှားအယွင်းပါနိုင်လို့ တတ်နိုင်ရင် အပြိုင်ရင်းမြစ်တွေရဲ့ ဖော်ပြချက်နဲ့ပါ တိုက်ဆိုင်ဖတ်ရှုသင့်ပါတယ်။ ၅) ကျွမ်းကျင်တဲ့ အချက်အလက်စစ်ဆေးသူတွေဆီ အကူအညီတောင်းပါ။ တစ်ခါတလေ သတင်းအချက်အလက်တွေက ဝေခွဲရခက်ပြီး မှန်လား၊ မှားလား ကိုယ်တိုင်စိစစ်ဖို့ မဖြစ်နိုင်ရင် ကျွမ်းကျင်တဲ့ အချက်အလက်စစ်ဆေးသူ (Fact-checker) တွေဆီ အကူအညီတောင်းပါ။ အချက်အလက်စစ်ဆေးသူတွေက မီဒီယာရဲ့ သဘောသဘာဝကို နားလည်ပြီး သတင်းတု/သတင်းမှားတွေနဲ့ အထိအတွေ့ပိုရှိလို့ သူတို့ဆီက စစ်ဆေးချက်တွေက ပိုအားကောင်းခိုင်မာမှာပါ။ Fact Hub Myanmar ကိုလဲ အချက်အလက်တွေ စစ်ဆေးဖို့ ပို့ထားနိုင်ပါတယ်။ ခြွင်းချက်က အခြေအမြစ်မခိုင်လုံတဲ့ သတင်းတွေနဲ့ အင်တာနက်က တစ်ဆင့် မစစ်ဆေးနိုင်တဲ့ အချက်အလက်တွေလဲ အများကြီးပါပဲ။ ဒါတွေကိုတော့ ယူဆချက်တွေပဲ ပြန်ထုတ်ပေးနိုင်ပါတယ်။ Fact Hub လိုပဲ အချက်အလက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေက

photo content

ဟိဟိ

ားသွားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ရှင်သန်ကျန်ရစ်ရတာက ရှင်သန်ကျန်ရစ်ခွင့်မရလိုက်သူတွေအတွက်ပါ မှန်ကန်တဲ့ သမိုင်းကို ဆက်ရေးပေးဖို့၊ ကိုယ့်အတွက်တင် မဟုတ်ဘဲ မရှိတော့တဲ့ သူတွေအတွက်ပါ အပြည့်အဝ ဆက်လက်ရှင်သန်သွားဖို့ပါ။ ။ Written by Htet Phone Shein Released from Fact Hub Go: Content Writer Desk, Earthquake Response ©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Earthquake_Response_20

ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . . ? ငလျင်ဟာ မိနစ်ပိုင်းလေးအတွင်းမှာတင် လူအများကြီးရဲ့ ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီးပါပြီ။ အားကောင်းတဲ့ ငလျင်ဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကနေ လွတ်မြောက်လာသူတွေကြားမှာ Survivor Guilt (ရှင်ကျန်ရစ်ရတဲ့အတွက် အပြစ်ရှိသလို ခံစားရတာ) တွေ ဖြစ်ကြမှာ အနည်းနဲ့အများပါပဲ။ ဒီငလျင်ဒဏ်ကနေ လွတ်မြောက်ပြီး ရှင်သန်ကျန်ရစ်ရတဲ့အခါ — “ငါတို့အိမ်ကပဲ ပြိုမသွားခဲ့ဘူး . . . ဒါပေမဲ့ အနားက အိမ်တွေ ပြိုသွားတယ်” “ငါတို့ ဘာမှ မကူညီနိုင်ခဲ့ဘူး . . . သူတို့အော်သံတွေ ကြားခဲ့ရတယ် . . .” “ငါ ပြည်ပကို ရောက်နေတာ၊ ငွေအားလဲ ကူဖို့ ခက်၊ လူအားလဲ မကူနိုင်နဲ့” “ငါ ဒီတိုင်းပဲ ရှင်သန်နေရစ်ရတာ စိတ်ပင်ပန်းချက်ပဲ၊ ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား” “ငါက ဘာလို့ ဒီလို ကံမျက်နှာသာပေးခံရတာလဲ” စတဲ့ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ အသက်ဆုံးရှုံးလိုက်ရချိန်၊ ဒုက္ခရောက်နေချိန်မှာ ကိုယ်က ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ခံစားချက်တွေ မြင့်လာတတ်ပြီး လောလောလတ်လတ်လဲ လူပမာဏတစ်ခုထိ ခံစားနေကြရပါတယ်။ Survivor Guilt ရဲ့ လက္ခဏာရပ်တွေကတော့ — ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ပြီး အပြစ်တင်တွေးတောတတ်လာခြင်း — ငလျင်ဘေးသင့်သူတွေရဲ့ နာကျင်မှုဝေဒနာအတွက် အလွန်အမင်း စိတ်ပင်ပန်းပူပန်ရခြင်း — စိတ်ခံစားချက်တွေ ရောထွေးလာခြင်း (ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ ဒေါသ၊ အပြစ်ရှိစိတ်) — ပုံမှန် လုပ်နေတဲ့ အလုပ်တွေမှာ စိတ်ဝင်စားမှု လျော့နည်းပျောက်ဆုံးလာခြင်း — အိပ်ပျော်ရခက်ခြင်း/ အိပ်မက်ဆိုးတွေ မကြာခဏ မက်ခြင်း — အစားအသောက်ပျက်ခြင်း/ အလွန်အကျွံ စားမိလာခြင်း — အလွယ်တကူ မောပန်းလာခြင်း — အလွယ်တကူ နာကျင်ကိုက်ခဲလာတတ်ခြင်း — သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့ စိတ်ထိုင်းမှိုင်းလာခြင်း၊ စိတ်မပါလာတော့ခြင်း — မူးယစ်သေစာကို အလွန်အကျွံ သုံးလာခြင်း တွေ ဖြစ်ပါတယ်။ ဒီစိတ်ခံစားချက်ကို ရင်ဆိုင်တဲ့အခါ — (၁) “ဒါက မင်းရဲ့ အပြစ် မဟုတ်ဘူး” ဆိုတဲ့ အကြောင်း ကိုယ့်ကိုယ်ကိုယ် အသိသတိပေးနေဖို့ လိုပါတယ်။ ငလျင်က သဘာဝဘေးတစ်ခုပါ။ လူတစ်ဦးတစ်ယောက်က ထိန်းချုပ်လို့ ရတဲ့ အရာလဲ မဟုတ်သလို ဘယ်ဘုရားကမှ ဒဏ်ခတ်အပြစ်ပေးတဲ့ အရာလဲ မဟုတ်ပါဘူး။ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ အခြားပြည်သူတွေကို ကယ်တင်ဖို့ မစွမ်းနိုင်ရကောင်းလား လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဲ့အစား ရှင်သန်ကျန်ရစ်ခဲ့တာကိုပဲ ကျေးဇူးတင်စိတ်လေး ဖြစ်ပေးဖို့ ကြိုးစားတာက သက်သာစေပါလိမ့်မယ်။ (၂) အခြားသူတွေကို ကူညီပေးရင်းနဲ့ Survivor Guilt ခံစားချက်ကို ကုသနိုင်ပါတယ်။ — အကူအညီလိုအပ်နေသူတွေကို စားစရာ၊ သောက်ရေ၊ နေစရာ အမိုးအကာ၊ ကယ်ဆယ်ရေးအကူအညီ စတာတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့လို့ ရပါတယ်။ — ငွေအား၊ လူအား ကူညီထောက်ပံ့ဖို့ မလွယ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ နွမ်းလျနေတဲ့ ငလျင်ဘေးသင့်သူတွေ ရင်ဖွင့်တာကို နားထောင်ပေးတာ၊ မှန်ကန်တဲ့ အားပေးစကား ပြောတာမျိုးနဲ့ ဖေးမနိုင်ပါတယ်။ — ကယ်ဆယ်ရေးကာလအလွန်မှာ ပြန်လည်ထူထောင်ရေးကာလ လာပါလိမ့်မယ်၊ အဲဒီအခါမှာ ကိုယ် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ ပြင်ဆင်ထားတာကလဲ Survivor Guilt ခံစားချက်ကို သက်သာစေပါလိမ့်မယ်။ (၃) ကိုယ် ခံစားနေရတာတွေကို ကြိတ်မှိတ်ခံစားမနေဘဲ ရင်းနှီးရသူတွေနဲ့ မျှဝေတာကလဲ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေလျော့စေပါတယ်။ ပြီးရင် ငလျင်ဘေးဒဏ်ကနေ ရှင်သန်ကျန်ရစ်ခဲ့ရသူတွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားချက်ဖြစ်တာကြောင့် “ငါ တစ်ယောက်တည်း ဒီလိုစိတ်မျိုး ခံစားနေရတာ မဟုတ်ဘူး” ဆိုတဲ့ အချက်ကို ကိုယ့်စိတ်ထဲ သေချာသိထားနားလည်ထားဖို့လဲ လိုပြန်တာပေါ့။ ခံစားနေရတာတွေကို မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ စကားပြောကြည့်လိုက်တာ၊ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဒါမှမဟုတ် ကူညီပေးနိုင်တဲ့ တတ်သိနားလည်သူတွေနဲ့ ဆက်သွယ်ဆွေးနွေးလိုက်တာက စိတ်ရဲ့ ကြပ်တည်းမှုကို ပေါ့ပါးလာစေပြီး အားတစ်ခု ပြန်ရစေနိုင်ပါတယ်။ (၄) ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့လဲ မေ့ထားလို့ မရပြန်ပါဘူး။ — အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာတွေ ဆက်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်စရာ ကိစ္စတွေမှာပါ ပိုပြီး ထိခိုက်လာနိုင်ပါတယ်။ — နားသင့်တဲ့ အချိန်မှာ နားပါ။ — အပြင်းအထန် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး လုပ်လို့ ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအချို့ လုပ်ပါ။ — စိတ်ညစ်လို့၊ ပင်ပန်းလို့ အရက်သောက်တာ၊ ဆေးသုံးတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ဒါတွေက Survivor Guilt ခံစားချက်ကို ပိုဆိုးစေနိုင်ပါတယ်။ ၅။ သက်သောင့်သက်သာရှိတဲ့ အနေအထားနဲ့ meditate လုပ်တာ၊ ခဏတာ ယောဂလုပ်တာမျိုးကလဲ စိတ်ကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ငလျင်လို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေဟာ ကျန်ရစ်သူတို့ရဲ့ စိတ်ကို ထိခိုက်ဒဏ်ရာရစေနိုင်ပေမဲ့ ရှင်သန်နေသေးတာက ကိုယ့်ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပါ၊ ခံစားနေရတာတွေကို မြိုသိပ်မထားဘဲ၊ ဖိနှိပ်မထားဘဲ၊ လျစ်လျူရှုမထားဘဲ ဖြည်းဖြည်းမှန်မှန် ကုသရင်း ကျော်လွှ

photo content

ဒါကြောင့် ငလျင်စက်ဝန်းလေ့လာမှုနဲ့ သင်္ချာမော်ဒယ်တွေအရ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ပဲခူးဆက်ပိုင်းအပြင် နေပြည်တော်၊ မိတ္ထီလာနဲ့ အန်ဒမန်ပင်လယ်ပြင်အနီးတို့မှာ ဖြစ်နိုင်ခြေရှိပါတယ်။နောက်ပြီး စစ်ကိုင်းပြတ်ရွေ့အပေါ် ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိတာ မှန်ပေမဲ့ မဝေးတော့တဲ့ အနာဂါတ်မှာ ဖြစ်ပေါ်(နိုင်)တယ်လို့ ခန့်မှန်းထားခြင်းသာဖြစ်ပါတယ်။ ဘယ်နှစ်မှာ လှုပ်ခတ်မယ်၊ ဘယ်နေရာဒေသမှာ လှုပ်ခတ်မယ်၊ ပြင်းအား ၇ သို့မဟုတ် ၈ ဖြစ်နိုင်တယ် စသည်ဖြင့် တိကျသေချာတဲ့ ခန့်မှန်းချက်ကို ဘယ်ပညာရှင်မှ ထုတ်ပြန်ထားတာမျိုး မတွေ့ရှိရပါဘူး။ ဒါကြောင့် ငလျင်ဟာ အနီရောင်အဆင့်အခြေအနေ၊ အရေးပေါ် သတိထားရမဲ့ အခြေအနေ စသဖြင့် အချိန်အပိုင်းအခြား အတိအကျ မရှိဘဲ လက်ရှိအချိန်ကနေ ဆယ်စုနှစ် အပိုင်းအခြားလောက်အထိ ဖြစ်နိုင်ခြေရှိပါတယ်။ ဘယ်နေ့မှာ၊ ဘယ်လမှာ၊ ဘယ်နှစ်မှာ လှုပ်မယ်ဆိုတာမျိုး ဘယ်သူမှ အတိအကျ မသိနိုင်သေးပါဘူး။ မြန်မာပြည်သူလူထုအနေနဲ့ ငလျင်ဖြစ်နိုင်ခြေအပေါ် အနီရောင်အဆင့်ကျမှ ဂရုစိုက်ကြသလို ကာလတိုသတိထားတာမျိုး မလုပ်သင့်ပဲ အချိန်ပြည့်နိုးကြားအသိရှိနေရမှာပါ။ ဆိုလိုတာကတော့ လက်ရှိအချိန်ကနေ ဆယ်စုနှစ်အတွင်း ဖြစ်လာနိုင်သမျှ ငလျင်ကြီးတွေကို အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ၊ ဘေးအန္တရာယ်တုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ရာမှာ စသဖြင့် ကဏ္ဍစုံ နယ်ပယ်စုံမှာ ထည့်သွင်းစဥ်းစားသင့်ပါတယ်။ အထူးတလည်ကြီး စိုးရိမ်ပူပန်နေဖို့ မလိုအပ်ပဲ လိုအပ်တာကို ကြိုတင်ပြင်ဆင်ခြင်းကသာ အကောင်းဆုံးဖြစ်မှာပါ။ တစ်နည်းအားဖြင့် မနက်ဖြန် ဖြစ်လာဖို့ မသေချာတဲ့ ကိစ္စကြီးကိုပဲ စိတ်ထဲ အမြဲထားမနေဘဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ပုံမှန်အတိုင်း ရှင်သန်နေဖို့ပါပဲ။ ။ ¹ Two seismic gaps on the Sagaing Fault, Myanmar, derived from relocation of historical earthquakes since 1918 ² Coulomb Stress Transfer and Accumulation on the Sagaing Fault, Myanmar over the Past 110 years and Its Implications for Seismic Hazard 2017 (Comment Section တွင် ဖြည့်စွက်ချက်၊ မေတ္တာရပ်ခံချက်များကို ဆက်လက်ဖတ်ရှုပေးပါရန်) Written by Julian Htet Aung Released from Fact Hub Go: Content Writer Desk, Earthquake Response ©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Earthquake_Response_19