en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 447 subscribers, ranking 15 917 in the News & Media category and 10 085 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 447 subscribers.

According to the latest data from 04 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -222 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.33%. Within the first 24 hours after publication, content typically collects 6.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 912 views. Within the first day, a publication typically gains 805 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 05 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 447
Subscribers
-1024 hours
-347 days
-22230 days
Posts Archive
"မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားကို နိုင်ငံနှင့်ပြည်သူအတွက် မှန်ကန်စွာအသုံးချ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက MDY-PDF အဖွဲ့ဝင် အင်အား ၁၅၀ ခန့် လက်နက်ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။ နောက်ထပ်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိလျက်ရှိနေရာ အမြန်ဆုံးပြန်လည်ဝင်ရောက်ကြခြင်းအားဖြင့် တရားဥပဒေ၏ စိုးမိုးမှုအောက်တွင် ပုံမှန်ဘဝများဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို ယာယီစိုးမိုးနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက သာလွန်အင်အားများဖြင့် လူနေမြို့များ၊ ရွာများကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့လက်အောက်သို့ ကျရောက်ခဲ့ရသည့် မြို့ရွာဒေသများမှာ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်မှုဘာတစ်ခုမှရှိမလာသည့်အပြင် မြို့ကောရွာကောများ၊ မြို့ပျက်ရွာပျက်များအဖြစ် ရောက်ရှိသွားကြရသည်။ ဒေသခံပြည်သူများပိုင်ဆိုင်သည့် လူနေအိမ်ခြေအဆောက်အအုံများ ပျက်စီးကြရပြီး ဥစ္စာပစ္စည်းများလည်း ဆုံးရှုံးကြရသည်။ ထိုမျှမက လက်နက်ကိုင် အာဏာပြအနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ တရားမဲ့ပြုကျင့်မှုများစွာတို့ကိုလည်း ဒေသခံပြည်သူတို့ ကြုံတွေ့ခဲ့ရသည်။ အစောပိုင်းကာလတွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဝါဒဖြန့်ချိမှုများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော် ဝါဒမှိုင်းတိုက်မှုများကြောင့် ၎င်းတို့အား လက်ခံကြိုဆိုခဲ့ကြသည့် ဒေသခံအချို့သည်ပင်လျှင် အကြမ်းဖက်သောင်းကျန်းသူတို့နှင့် နဖူးတွေ့ဒူးတွေ့ တွေ့လာရသည့်အခါ အထင်နှင့်အမြင်တို့ လွဲချော်သွားသည်ကို သိခဲ့ကြရသည်။ တော်လှန်ရေးဟူ၍ အမည်ခံထားသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ကာလကြာရှည်လာသည်နှင့်အမျှ ၎င်းတို့၏ အပေါ်ယံမျက်နှာဖုံးများ ကွာကျလာကြသည်။ ၎င်းတို့အချင်းချင်းပင်လျှင် ဇာတ်တူသားစားကာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အိမ်ထောင်ရှိသူ မရှောင်၊ အသက်မပြည့်သူအရွယ်၊ ကလေးငယ်အရွယ်မရှောင် အဓမ္မပြုကျင့်မှု၊ သစ်တောများနှင့် ရေနံ၊ ကျောက်မျက်၊ သတ္တုသယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ ခိုးထုတ်မှု၊ လောဘဇောဖြင့် ကိုယ်ကျိုးရှာမှုစသည်ဖြင့် ၎င်းတို့အဖွဲ့အစည်းများအတွင်းမှာပင် ဖုံးမရဖိမရသည့် ပြဿနာများ တိုင်းသိပြည်သိ ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးခဲ့သည့် နေရာဒေသများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာသည့်အခါတွင် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။ စိတ်အားထက်သန်စွာ ထောက်ခံအားပေးခဲ့ကြပြီး ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ၎င်းတို့ပြုမူဆောင်ရွက်ခဲ့ကြသည့် မှားယွင်းသောလုပ်ရပ်များအပေါ် စိတ်ပျက်နောင်တရမှုများ၊ ၎င်းတို့အဖွဲ့များအတွင်း အထက်အောက်အဆင့်အတန်းခွဲခြားမှု၊ ဗိုလ်ကျနှိပ်စက်မှု၊ အဓမ္မကျူးလွန်မှု၊ ပင်ပန်းဆင်းရဲမှုများ၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာမှုများ စသည်တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာကြခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။ ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တို့တွင် ပြည်သူလူထု၏ တက်ကြွစွာပါဝင်မဲပေးမှုနှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ မကြာမီလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တို့ ပေါ်ပေါက်လာခြင်းနှင့်အတူ မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြောင်းလဲလာလျက်ရှိသည့် အခြေအနေအရပ်ရပ်တို့အရ မိမိတို့၏နိုင်ငံသည် စိန်ခေါ်မှုများရှိသကဲ့သို့ အခွင့်အလမ်းကောင်းများလည်းရှိနေရာ နိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးပါဝင်သည့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရမည်ဖြစ်သကဲ့သို့ ပြည်တွင်းရန် ပြည်ပရန်များမှလည်း ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ရာ မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားတို့ကို နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တန်ဖိုးရှိရှိ မှန်ကန်စွာအသုံးချသွားကြရပါမည့်အကြောင်း။

တောင်တွင်းကြီး မှ ဇာတ်ကားတိမ်းမှောက်ခြင်း (၂၈-၁-၂၀၂၆) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ "ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့" သည် တောင်တွင်းကြီးမှ တပ်ကုန်းမြို့သို့ ဖျော်ဖြေရန်အသွား လမ်းခရီး တောင်ညိုလမ်းတွင် ဇာတ်ကားကြီး ချောက်ထဲကျ၍ တိမ်းမှောက်ခဲ့ပါသည်။ ကားပေါ်တွင် အဖွဲ့သူ/သား (၂၇) ဦးခန့် လိုက်ပါလာကာ ယခု သတင်းထုတ်ပြန်သည့် အချိန်ထိ သေဆုံးသူဦးရေ (၁၂) ဦးခန့် ရှိပြီး ထိခိုက်ဒဏ်ရာရမှုလည်း များပြားကြောင်း ကြားသိရသဖြင့် လွန်စွာ စိတ်ထိခိုက်ကြေကွဲရပါသည်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ ညတွင်းချင်း ကူညီမှုများ ချိတ်ဆက် ဆောင်ရွက်ပေးနေပြီး နံနက်တွင်လည်း အခင်းဖြစ်ပွားရာနေရာသို့ အမှုဆောင်များ ကိုယ်တိုင် သွားရောက်ကာ လိုအပ်သော ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)

အီရန်ကိုတိုက်ပါကအရှေ့အလယ်ပိုင်းမီးဟုန်းဟုန်းတောက်မည် NOM ဟဇ်ဘိုလာအဖွဲ့ အထွေထွေအတွင်းရေးမှူး နိုင်းမ် ကာဆမ်က "အီရန်ဘာသာရေးခေါင
အီရန်ကိုတိုက်ပါကအရှေ့အလယ်ပိုင်းမီးဟုန်းဟုန်းတောက်မည် NOM ဟဇ်ဘိုလာအဖွဲ့ အထွေထွေအတွင်းရေးမှူး နိုင်းမ် ကာဆမ်က "အီရန်ဘာသာရေးခေါင်း ဆောင် အလီ ခါမေနီကို လုပ်ကြံသတ်ဖြတ်မည်ဟူသော ခြိမ်းခြောက်မှုကို ကျွန်ုပ်တို့အပေါ် ဦးတည်ထားသော ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြီး ကျွန်ုပ်တို့ သင့်လျော်သည်ဟု ယူဆသည့် မည်သည့်လုပ်ဆောင် ချက်ကိုမဆို ပြုလုပ်ပိုင်ခွင့် ကျွန်ုပ်တို့တွင် အပြည့်အဝရှိသည်။ အီရန်အပေါ် မည်သည့် ကျူးကျော်တိုက်ခိုက်မှုကိုမဆို ကျွန်ုပ်တို့သည် ကြားနေသဘောထား မထားပါ။ ဤအကြိမ်တွင် အီရန်အပေါ် စစ်မက်ဖြစ်ပွားပါက ဒေသတစ်ခုလုံးကို စစ်မီးဟုန်းဟုန်းတောက်နိုင်သည်။"ဟုသတိပေးလိုက်သည်။

🇺🇸☢️🐀"အမေရိကန်ရဲ့ လျှို့ဝှက်အနူမြူစမ်းသပ်မှုတွေအောက်မှာ ဓါတ်ခွဲခန်းအတွင်းက ကြွက်တွေသဖွယ်ဖြစ်ခဲ့တဲ့ နိုင်ငံသားများ" ၁၉၄၄ ကန
🇺🇸☢️🐀"အမေရိကန်ရဲ့ လျှို့ဝှက်အနူမြူစမ်းသပ်မှုတွေအောက်မှာ ဓါတ်ခွဲခန်းအတွင်းက ကြွက်တွေသဖွယ်ဖြစ်ခဲ့တဲ့ နိုင်ငံသားများ" ၁၉၄၄ ကနေ ၁၉၇၄ အတွင်း အဏုမြူစွမ်းအင်ကော်မရှင် (AEC) ၊ ကာကွယ်ရေးဌာနနဲ့ NIH တို့က အမေရိကန်နိုင်ငံသားတွေအပေါ် ရေဒီယိုသတ္တိကြွစမ်းသပ်မှုပေါင်း ၄၀၀၀ ကျော်ကို လျှို့ဝှက်စွာပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၁၆၀၀ ကျော်က သူတို့မသိလိုက်ဘဲ ဒါမှမဟုတ် သဘောတူညီချက်မရှိဘဲ စမ်းသပ်ခံတွေဖြစ်ခဲ့ပါတယ်။ သေဆုံးစေနိုင်တဲ့ စမ်းသပ်ချက်တွေကို ရိုချက်စတာ၊ နယူးယောက်၊ အုတ်ရစ်ချ်၊ တန်နက်ဆီ၊ ချီကာဂို၊ အီလီနွိုက်စ်နဲ့ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက ဆေးရုံတွေ၊ ကျောင်းတွေ၊ အကျဉ်းထောင်တွေနဲ့ စစ်စခန်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အရပ်သားတွေကို သက်ရှိ Data (Living Data) တွေအဖြစ် အသုံးပြုခဲ့တာပါ။ "ပလူတိုနီယမ်အဆိပ်သင့်လူနာများ" အဆိုးရွားဆုံး အစီအစဉ်တွေထဲကတခုဆိုရင်နောက်ဆုံးအဆင့်ရောဂါခံစားနေရတဲ့ လူနာ ၁၈ ဦးကို ခန္ဓာကိုယ်အတွင်း ရေဒီယိုသတ္တိကြွပစ္စည်းများ ဘယ်လိုရွေ့လျားလဲ ခြေရာခံဖို့အတွက် ပလူတိုနီယမ် (ဒါမှမဟုတ်) ယူရေနီယမ်တွေ ထိုးသွင်းခဲ့ပါတယ်။ လူနာတဦးဆိုရင် ၄ နှစ်သား ယောက်ျားလေးဖြစ်ပြီး သေဆုံးပြီးနောက် အရိုးတွေမှာ ရေဒီယေးရှင်းကြာရှည်တည်ရှိမှုကို လေ့လာဖို့အတွက် ခြေလက်တွေကို ဖြတ်တောက်တာမျိုးတောင် လုပ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားက ဆေးသုတ်သမား Albert Stevens က ခန္ဓာကိုယ်ထဲမှာ ပလူတိုနီယမ်တွေနဲ့အတူ နှစ် ၂၀ လောက်အထိ နေထိုင်ခဲ့ရပြီး သူ့အရိုးတွေကို မိသားစုမသိဘဲ အစိုးရဓါတ်ခွဲခန်းဆီ ပို့ဆောင်ခဲ့ပါတယ်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးကင်းစကလေးငယ်တွေ" ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀ ကျော်ကို မွေးဖွားခြင်းမပြုခင် ဗီတာမင်တွေလို့ဆိုကာ ရေဒီယိုသတ္တိကြွသံဓါတ်တွေပေးခဲ့ပြီး မွေးကင်းစကလေးငယ်တွေကိုလည်း ရေဒီယိုတ္တိကြွအိုင်အိုဒင်းများကျွေးပြီး စောင့်ကြည့်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ မိသားစုတွေဟာ ဒီအန္တရာယ်တွေကိုမသိရှိခဲ့ကြဘဲ ရေရှည်အကျိုးသက်ရောက်မှုတွေက မသေချာမရေရာဖြစ်နေဆဲပါ။ မက်ဆာချူးဆက်မှာလည်း ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းကလေးငယ်တွေကို ရေဒီယိုသတ္တိကြွ ကယ်လ်ဆီယမ်နဲ့ သံဓါတ်ခြေရာခံပစ္စည်းတွေ ရောစပ်ထားတဲ့ cereal တွေကို ကျွေးမွေးခဲ့ပါတယ်။ သူတို့ကို သိပ္ပံကလပ်အဖွဲ့အစည်းတခုထဲ ဝင်ရောက်နေတယ်လို့ မိဘတွေကို လှည့်စားခဲ့ပြီး အရိုးကြီးထွားမှု၊ ဇီ၀ဖြစ်စဉ်နဲ့ ရေဒီယေးရှင်းကြာရှည်တည်ရှိမှုတွေကို သဘောတူညီချက်မရှိဘဲ ခြေရာခံခဲ့ကာ လုပ်ရပ်အားလုံးက ကလေးတွေကို ရေရှည်အကျိုးဆက်တွေကျန်ရစ်စေခဲ့ပါတယ်။ "Fallout Zone က စစ်သားများ" အမေရိကန်စစ်သားတွေကိုလည်း Operation Desert Rock နဲ့ ပစိဖိတ်ဒေသက နူကလီးယားစမ်းသပ်မှုတွေဆီ သွားရောက်စေခဲ့ပါတယ်။ စမ်းသပ်မှုတွေက ဘေးကင်းကြောင်း ပြောဆိုခဲ့ပေမယ့် ထောင်နဲ့ချီတဲ့သူတွေဟာ ထိတွေ့ခံရမှုတွေကြောင့် တိုက်ရိုက်ရလဒ်အနေနဲ့ ရေဒီယိုသတ္တိကြောင့်ဖြစ်သောကင်ဆာ၊ သိုင်းရွိုက်ရောဂါတွေနဲ့နာတာရှည်ရောဂါတွေ ဖြစ်ပွားခဲ့ပါတယ်။ "အကျဉ်းသားများနဲ့ ဆင်းရဲသားများ" အများစုအဖြစ် အာဖရိကန်-အမေရိကန် ကင်ဆာရောဂါရှင် ၈၈ ဦးကို ခန္ဓာကိုယ်တခုလုံး ဓါတ်ရောင်ခြည်ကုသမှု ခံယူစေခဲ့ပါတယ်။ အန္တရာယ်ရှိကြောင်း အပြည့်အ၀မပြောဆိုဘဲ စေတနာ့ဝန်ထမ်းအဖြစ် ဓါတ်ရောင်ခြည်စမ်းသပ်မှုတွေမှာပါဝင်ဖို့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ချပေးတာ ဒါမှမဟုတ် ငွေအနည်းငယ်ပေးချေတာမျိုးတွေ လုပ်ခဲ့ပါတယ်။ "လျှို့ဝှက်ချက်နဲ့ ဖုံးကွယ်မှုများ" ပလူတိုနီယမ်သားကောင်တွေကို HP1-HP18 တို့လို ကုဒ်တွေအောက်မှာ မှတ်တမ်းတင်ထားပြီး အစမ်းသပ်ခံလူပေါင်း ၁၆,၀၀၀ အပေါ်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုပေါင်း ၄,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်းတွေကို ဆယ်စုနှစ်များစွာ လျှို့ဝှက်ထားခဲ့ပါတယ်။ ၁၉၈၆ မှာ လွှတ်တော်အမတ် Edward J.Markey က အမေရိကန်ရဲ့ "နူကလီးယားအစမ်းသပ်ခံရသူများ" (America's Nuclear Guinea Pigs) အကြောင်းကြားနာမှုတွေလုပ်ခဲ့ပေမယ့် အများအားဖြင့် လျစ်လျူရှုခံခဲ့ရပါတယ်။ ၁၉၉၃ မှာ သတင်းထောက် Eileen Welsome က ခံစားခဲ့ရတဲ့ သားကောင်တွေကို ဖော်ထုတ်ခဲ့ပြီး သူမရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိမှုတွေကို ထုတ်ဝေခဲ့ကာ အမေရိကန်အစိုးရရဲ့ အလွဲသုံးစားလုပ်မှုတွေကို အများပြည်သူသိစေခဲ့ပါတယ်။ ၁၉၉၅ မှာ သမ္မတ ကလင်တန်က အစိုးရလုပ်ဆောင်ချက်တွေက မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လျော်ကြေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပေမယ့် သားကောင်အများစုကတော့ သေဆုံးသွားခဲ့ပြီးဖြစ်ကာ တရားမျှတမှုက အချိန်နောက်ကျပြီးမှ ရောက်လာခဲ့ရပါတော့တယ်။ News Of Myanmar NOM

ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ
+9
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စစ်ရေယာဉ်(မုတ္တမ)ဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ပို့ဆောင် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၈ ရက်

ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦးစာရင်းကြေညာ News Of Myanmar NOM
+6
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၄ ဦးစာရင်းကြေညာ News Of Myanmar NOM

‼️🇮🇷🇺🇸 အမေရိကန်နှင့် အီရန်အကြား အိုမန်မှတဆင့် သံတမန်ရေးရာ ဆက်သွယ်မှုများကို အီရန်ကရပ်ဆိုင်းလိုက်ပြီဟု သတင်းထုတ်ပြန်လိုက်သည်။ Axios မှ အမေရိကန်အရာရှိကြီးများကို ကိုးကားပြီး အတည်ပြုချက်အရ လက်ရှိတွင် ညှိနှိုင်းမှုများ လုံးဝ မရှိတော့ဘဲ အီရန်အနေဖြင့် အမေရိကန်​၏ ဖိအားပေးတောင်းဆိုနေမှုများကို သဘောတူလက်ခံမည် မဟုတ်ကြောင်းသိရသည်။ News Of Myanmar NOM

ဒီကနေ့ ထူးခြားသတင်းတွေကို ပြောရရင်ဖြင့် - မြစ်ကြီးနားမြို့ပေါ်မှာ ပြည်သူများရဲ့သတင်းပေးမှုကြောင့် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ
ဒီကနေ့ ထူးခြားသတင်းတွေကို ပြောရရင်ဖြင့် - မြစ်ကြီးနားမြို့ပေါ်မှာ ပြည်သူများရဲ့သတင်းပေးမှုကြောင့် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်း/ဗုံးသီး အမြောက်အမြား သိမ်းဆည်းရရှိခဲ့သလို ဝိုင်းမော်ဒေသဘက်မှာလည်း အကြမ်းဖက် KIA/PDF တွေကို ပြင်းပြင်းထန်ထန် ချေမှုန်းမောင်းထုတ်လျက်ရှိပါတယ်။ ဗန်းမော်မြို့နယ်၊ စီအင်(၅)မိုင်ဘက် ရာဘာတောထဲမှာ နယ်မြေရှင်းရင်း အကြမ်းဖက် KIA ၁ လောင်း၊ ဗုံးပစ်လောင်ချာ ၁ လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။ - လေးမျက်နှာဒေသ၊ ကျားကိုက်ရွာအနီးမှာတော့ နယ်မြေရှင်းရင်း ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး AA အဖွဲ့ထံမှ လက်နက်မျိုးစုံ ၃ လက်၊ ကျည်အိမ်/ကျည်ဆန်တွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။ - ကသာမြို့နယ်၊ စုပေါင်းဂိတ်အနီးမှာ ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားပြီး ထိခိုက်မှုမရှိခဲ့ပါ။ - ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မဟာဗောဓရုံကျောင်းတိုက်က သက်တော် ၅၆ နှစ်အရွယ်ရှိ စာချဆရာတော် ဥူးကေသရဟာ ဒီကနေ့ မနက် ၆ နာရီအချိန်ခန့်မှာ လုပ်ကြံသတ်ဖြတ်ခံရလို့ ပျံလွန်တော်မူသွားခဲ့တယ်လို ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။ - မြဝတီမြို့နယ်၊ မင်းလက်ပံဒေသဘက်မှာတော့ အကြမ်းဖက်သူပုန်အဖွဲ့တွေကို လက်နက်ကြီးတွေနဲ့ ရှယ်ကြိတ်နေလို့ နောက်နေ့ သတင်းကောင်းလေးတွေ စောင့်မျှော်ပေးကြပါခင်ဗျာ။ - တိုက်ပွဲသတင်းစုံ

🇮🇷/🇺🇸 အီရန်စစ်တပ်အရင်းအမြစ်တစ်ခု၏ပြောကြားချက်- ရန်သူ(အမေရိကန်)၏ ဒေသအတွင်းစစ်ရေးတည်ဆောက်မှုကြီးမားလာနေသဖြင့် ဆွေးနွေးညှိနှိုင်းမှုကို ကျွန်ုပ်တို့ဦးစားပေးမည်မဟုတ်ပါ။ ထိုအစားပြတ်သားသော ကာကွယ် ရေးကို ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေးအဖြစ်ထားရှိပါမည်။ • အမေရိကန်၏ဒေသအတွင်း စစ်အင်အားစုဖွဲ့နေမှုကို ရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကာကွယ် ရေးအဆင်သင့်ဖြစ်မှုကို အမြင့်ဆုံးအဆင့်သို့မြှင့်တင်ပါမည်။ • အမေရိကန်တို့က ရလဒ်များကို ကြိုတင်သတ်မှတ်မထားဘဲ ညှိနှိုင်းလိုပါက အီရန်က သေချာပေါက် လက်ခံပါမည်။ • စစ်အင်အားစုဖွဲ့ခြင်းဖြင့် ကျွန်ုပ်တို့ကို ညှိနှိုင်းရန် အတင်းအကြပ် ပြုလုပ်လို့မရပါ။ • စစ်ပွဲဖြစ်နိုင်ခြေကို ကျွန်ုပ်တို့အလေးအနက်ထားပြီး အမေရိကန်ထံမှ သတင်းစကားများကြောင့် ကျွန်ုပ်တို့၏အာရုံ ပျံ့လွင့်သွားမည်မဟုတ်ပါ။ • ကျွန်ုပ်တို့ကို တိုက်ခိုက်သည့် ရန်သူများနှင့် ၎င်းတို့အခြေစိုက်ရာစခန်းများကိုသာ ပစ်မှတ်ထားပါမည်။ အခြားမဆိုင်သည့် နိုင်ငံများကို ပစ်မှတ်မထားပါ။ • ရန်သူအနေဖြင့် အကန့်အသတ် တိုက်ခိုက်မှုများကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်ရန်ပင် မစဉ်းစားရဲအောင် ကျွန်ပ်တို့တုံ့ပြန်မည့်ပုံစံကို အစီအစဉ်ရေးဆွဲထားပြီးဖြစ်ပါသည်။ News Of Myanmar NOM

Breaking News တိုက်ပွဲသတင်းစုံ
Breaking News တိုက်ပွဲသတင်းစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် ၂ /၂ဝ၂၆) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် (၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)

ရွှေပြည်သာမြို့နယ်၊ အထက (၁) ကျောင်းတွင် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးသွားသော ကျောင်းသားမှာ ဦးခေါင်းထိခိုက်မိ၍ ဦးနှောက်သွေးကြောပေ
+1
ရွှေပြည်သာမြို့နယ်၊ အထက (၁) ကျောင်းတွင် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးသွားသော ကျောင်းသားမှာ ဦးခေါင်းထိခိုက်မိ၍ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးခြင်းဖြစ် NOM ဇန်နဝါရီ ၂၈၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည် သာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အထက (၁) ကျောင်း ဝင်/ထွက်ပေါက် ကွန်ကရစ်လမ်းမပေါ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ အမည်မသိ ကလေးငယ် တစ်ဦး ဘောလုံးကန်ရင်း ယာဘက် လက်ဖဝါးဖြင့် ဘယ်ဘက်ရင်အုံဖိကာ လဲကျသွားရာမှ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင်သေဆုံး သွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မောင်မိုးသူရိန်ဖြစ်ကြောင်းသိရှိရသဖြင့် အလောင်းအားရဲဆေးစာရေး၍ အင်းစိန်ပြည့်သူ့ဆေးရုံကြီးသို့ပေးပို့ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့က မောင်မိုးသူရိန် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် ရွှေပြည်သာမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ခဲ့ပြီး သေမှုသေခင်းအား စစ်ဆေးနေစဉ် ဘောလုံးကစားရာမှ ခိုက်ရန်ဖြစ်ပွားပြီး ကျောင်းသားတစ်ဦးမှ လက်သီးဖြင့် ထိုးခဲ့ကြောင်းကြားသိရသဖြင့် ကျောင်းအုပ်ဆရာမကြီး နှင့် အတန်းပိုင်ဆရာမ တို့အား ခေါ်ယူမေးမြန်းစဉ် လက်သီးဖြင့်ထိုးခဲ့သူ Grade (8) ကျောင်းသား မောင်နိုင်ဝင်းခန့် (၁၆) နှစ်အားတစ်ပါတည်းခေါ်ဆောင်လာပြီး မေးမြန်းစဉ် မောင်နိုင်ဝင်းခန့်မှ သေဆုံးသူ မောင်မိုးသူရိန်၏ ဉီးခေါင်းအား လက်သီးဖြင့် (၁) ချက်ထိုးလိုက်ရာ ကွန်ကရစ် လမ်းမပေါ်သို့ လဲကျသွားခဲ့ကြောင်းထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီခွဲအချိန်၌ မောင်နိုင်ဝင်းခန့်အား စခန်းတွင် ခေါ်ယူထိန်းသိမ်းထားခဲ့သည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ မှုခင်းဆရာဝန်ကြီးမှ ကနဦး စစ်ဆေးခဲ့ရာ သေဆုံးသူ မောင်မိုးသူရိန်၏ ဦးခေါင်းအား တစ်စုံတစ်ခုနှင့်ထိခိုက်၍ ဝဲဘက်ဂျိုစောင်း ဦးရေပြားအောက် ဒဏ်ရာမှ ဦးနှောက်သွေးကြောပေါက်ပြီး ဦးနှောက် အမှေးအောက် သွေးသွန်ခြင်းကြောင့် ဦးနှောက် ပိညှပ်သေဆုံးခြင်းဖြစ်ကြောင်း ကနဦးစစ် ဆေးချက်အား သိရှိရသဖြင့် ရဲတပ်ဖွဲ့က သေမှုသေခင်း စစ်ဆေးနေရာမှ လူသတ်မှုသို့ ပြောင်းလဲရေးဖွင့်၍ စစ်ဆေးမှုများဆက်လက် ဆောင်ရွက်နေကြောင်းသိရသည်။ News Of Myanmar NOM

‼️🇪🇺🇺🇸 နေတိုးအတွင်းရေးမှူးချုပ်က အမေရိကန်နှင့် ထရမ့်အပေါ် ထောက်ခံမှုနှင့်ပတ်သက်၍ ဥရောပခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ပွာ
‼️🇪🇺🇺🇸 နေတိုးအတွင်းရေးမှူးချုပ်က အမေရိကန်နှင့် ထရမ့်အပေါ် ထောက်ခံမှုနှင့်ပတ်သက်၍ ဥရောပခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ပွား ▪️ နေတိုးအတွင်းရေးမှူးချုပ် ရူးတေး (Rutte) က ဥရောပသည် အမေရိကန်ပေါ် မှီခိုနေရသည်ဟု ပြောကြားချက်များအတွက် ဥရောပနိုင်ငံရေးသမားများထံမှ ပြင်းထန် သော ဝေဖန်မှုများခံခဲ့ရသည်။ ▪️ အကြောင်းရင်းမှာ ရူးတေးက ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားချိန်တွင် "ဥရောပသည် အမေရိကန်မပါဘဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်ဟု တစ်စုံတစ်ဦးက ထင်နေပါက အိပ်မက်မက်နေတာပဲ ဆက်မက်ပါစေ။" ဟူ၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ ▪️ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot က ဥရောပသည် "ကိုယ့်လုံခြုံရေးအတွက် တာဝန်ယူရှိပြီး တာဝန်ယူနိုင်ရမည်"ဟု တုံ့ပြန်ခဲ့သည်။ ဥရောပပါလီမန်အမတ် Nathalie Loiseau က ရူးတေး၏ စကားများကို "ရှက်စရာ" ဟု ခေါ်ဆိုကာ နေတိုးတွင် "ထရမ့်ပရိသတ်တစ်ဦး မလိုအပ်" ဟု ပြောကြားခဲ့သည်။ စပိန်ပါလီမန်အမတ် Nacho Sánchez Amor က ရူးတေးသည် နေတိုးကို ကိုယ်စားပြုနေခြင်း (သို့မဟုတ်) အမေရိကန်ကို ကိုယ်စားပြုနေခြင်းလားဟူ၍မေးခွန်းထုတ်ခဲ့သည်။ ဥရောပသံတမန်များက ရူးတေးသည် ဂရင်းလန်း အရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှုများကို လျှော့ချရာတွင် ကူညီခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရင်း မဟာမိတ်အတွင်း ရေရှည်ယုံကြည်မှုကို ထိခိုက်စေခဲ့သည်ဟု ဝန်ခံကြသည်။ သံတမန်တစ်ဦးက ဂရင်းလန်းအကျပ်အတည်းသည် "ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သည်" ဟုဆိုကာ ရူးတေး​၏ ချဉ်းကပ်ပုံက "မဟာမိတ်များကို ဝေးကွာစေခဲ့သည်" ဟုပြောကြားခဲ့သည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အသိပေးဆွေးနွေး ဇန်နဝ
+4
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး အသိပေးဆွေးနွေး ဇန်နဝါရီ ၂၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။ အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် အသက် (၅)နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေး ဖြင့်ကာကွယ်၍ရသောရောဂါများဖြစ်ပွား၊ သေဆုံးမှုအားလျှော့ချရန်ရည်ရွယ်၍ အသက်(၁)နှစ်မှ(၅)နှစ်အတွင်းရှိ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးခြင်း(Routine Immunization)နှင့် အမီလိုက်ကာကွယ်ဆေးထိုးခြင်း(Catch-up Immunization) နည်းလမ်းများဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားကူးစက်နိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သည့်နေရာများရှိ အသက်(၁၅)နှစ်အောက် ကလေးများအတွက်လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်း (Special Immunization Activities)၊ ကာကွယ် ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့်ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)၏ အကြံပြုချက်အရ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစပြီး အသက်(၉)လအရွယ်ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(ထိုးဆေး)ဒုတိယအကြိမ် (IVP-2) ထည့်သွင်းထိုးနှံနေပြီဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအားလုံးထံသို့ လိုအပ်သောကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသူများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက်ထပ်မံပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂျီဆိုင်းတောင်က ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများ နှင့်လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ် ဆေးထိုးနှံတိုက်ကျွေး သည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

🇮🇷 ⚔️🇺🇸 အမေရိကန်သို့ အီရန် တော်လှန်ရေးအစောင့် တပ်မှ တပ်မှူးတစ်ဦး​၏ပြောကြားချက် "အီရန်သင်္ဘောတွေကို ဘယ်လိုအတိအကျပိတ်ဆို့မှာလဲ။ အီရန်သင်္ဘောတစ်စီး ဖမ်းဆီးခံရတိုင်း ကျွန် တော်တို့ (အီရန်)က အမေရိကန်သင်္ဘောတစ်စီးကို ပြန်ဖမ်းဆီးလိုက်မယ်။ ဒါက အရင်ကလည်းဖြစ်ခဲ့ဘူးတာပဲ။ အမေရိကန်ဘက်က လက်တွေ့မှာ တားဆီးဖို့ နည်းလမ်းသိပ်မရှိဘူး။ အကယ်၍ တင်းမာမှုတွေကနေ အီရန်သင်္ဘောတွေကို နှစ်မြှုပ်တဲ့အဆင့်ထိ လုပ်လာရင်ကျွန် တော်တို့မှာ ရွေးချယ်စရာအများကြီးရှိတယ်။ အမေရိကန်ရေတပ်က စစ်ပွဲကာလမှာ ပါးရှားပင်လယ်ကွေ့ထဲ ဝင်လို့မရဘူး။ ဝင်လာရင်အမေရိကန်သင်္ဘောတွေက အီရန်ရဲ့သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ အီရန်အမြန် သွားတိုက်ခိုက်ရေးရေယာဉ်တွေအတွက် အလွန်လွယ်ကူတဲ့ပစ်မှတ်တွေဖြစ်ကုန်မယ်။ ဒါ့အပြင် အီရန်ရဲ့အကြီးစားအသေခံမောင်းသူမဲ့ဒရုန်းတွေကလည်း အမေရိကန်ရေတပ်အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်။ ပင်လယ်နီမှာ ဘာဖြစ်ခဲ့လဲကြည့်ပါ။ အမေရိကန်အနေနဲ့ ဘာလို့ မအောင် မြင်ခဲ့တဲ့ အတွေ့အကြုံကို ထပ်လုပ် မှာလဲ။ အီရန်က ဗင်နီဇွဲလားမဟုတ် ဘူး။ အီရန်ကို အနိုင်ရမယ့်အခြေအနေမရှိပါဘူး။" News Of Myanmar NOM

Repost from NOM
ထိုင်းနိုင်ငံက ကွန်ဆာဗေးတစ်ပါတီတခုဖြစ်တဲ့ Thai Pakdee ပါတီဟာ မနေ့က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကဆင့် မဲဆွယ်စည်းရုံးရေးဗီဒီယို
ထိုင်းနိုင်ငံက ကွန်ဆာဗေးတစ်ပါတီတခုဖြစ်တဲ့ Thai Pakdee ပါတီဟာ မနေ့က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကဆင့် မဲဆွယ်စည်းရုံးရေးဗီဒီယိုတခုကို ထုတ်ပြန်ခဲ့ရာမှာ သူတို့သာ ရွေးကောက်ခံခဲ့ရပါက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် လုပ်ဆောင်ပေးနေပြီး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနေရာမှာ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအတွင်းက မြန်မာ NGOs တွေကို နှိမ်နှင်းပေးမယ်ဆိုတဲ့ ကတိပေးတဲ့ အချက် ပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတွေကို မြန်မာလူမျိုးတွေက သိမ်းပိုက်မှာကိုလည်း စိုးရိမ်မိကြောင်း ကိုးကားဖော်ပြထားပါတယ်။ အမည်မဖော်ပြထားတဲ့ ထိုင်းနိုင်ငံရေးပါတီနှစ်ခုက အဆိုပါ NGOs တွေကို ထောက်ခံနေတယ်လို့လည်း Thai Pakdee ပါတီက ဆိုပါတယ်။ ဒါ့အပြင် မွတ်စလင်ရွှေ့ပြောင်းအလုပ်သမားဦးရေ များပြားတဲ့ ဥရောပက နိုင်ငံတွေရဲ့ အခြေအနေနဲ့လည်း နှိုင်းယှဉ်ပြောဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ NOM

ဇန်နဝါရီလ၂၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အစ္စရေးထောက်လှမ်းရေးမော့ဆက်အတွက်သူလျိုလုပ်ပေးသူတစ်ဦးကိုအီရန်တရားရုံးကယနေ့ကြိုးပေး
ဇန်နဝါရီလ၂၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အစ္စရေးထောက်လှမ်းရေးမော့ဆက်အတွက်သူလျိုလုပ်ပေးသူတစ်ဦးကိုအီရန်တရားရုံးကယနေ့ကြိုးပေးကွပ်မျက်လိုက်သည်။ ၂။ယူကရိန်း-ရုရှားစစ်ပွဲအတွင်းလူနှစ်သန်းကျော်သေဆုံးထိခိုက်ဒဏ်ရာရနေပြီးတစ်နေ့လျင်သေဆုံးနှင့်ဒဏ်ရာရသူတစ်ထောင်နှုန်းရှိသည်ဟုနယူးယောက်တိုင်းမ်သတင်းစာကဖော်ပြသည်။(ဓါတ်ပုံ) ၃။ဆလိုဗားကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုက သူတို့၏ ဖလော်ရီဒါပြည်နယ်တွင်တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်၏ "စိတ်ပိုင်းဆိုင်ရာ အခြေအနေ" နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး ထရမ့်အား "အန္တရာယ်ရှိသူ" အဖြစ် သတ်မှတ်ခဲ့ကြောင်း ပိုလစ်တီကိုသတင်းစာက ဖော်ပြသည်။ ၄။အင်ဒိုနီးရှားတွင်မိုးသည်းထန်ပြီးမြေပြိုမှုကြောင့်၃၄ဦးသေဆုံးပြီး၃၂ဦးပျောက်ဆုံးဆဲဖြစ်သည်။ ၅။အာရှဖလား ခြေစစ်ပွဲ၌ပြည်ပမွေးစားသား၇ဦးကိုမလေးရှားဘောလုံးအသင်းတွင်ထည့်သွင်းကန်စေသဖြင့်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကမလေးရှားဘောလုံးအဖွဲ့ချုပ်ကိုဒေါ်လာလေးသိန်းဒဏ်ရိုက်ပြီးယနေ့တွင်မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်အမှုဆောင်များနှုတ်ထွက်သွားသည်။

"တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေ" တရုတ်နိုင်ငံက
"တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေ" တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေပါတယ်။ အချက်အလက်တွေက တရုတ်ဟာ အမေရိကန် ဒေါ်လာစနစ်ကနေ မြန်မြန်ဆန်ဆန် ထွက်ခွာနေကြောင်းပြသနေပါတယ်။ တရုတ်ရဲ့ အမေရိကန်အစိုးရ ငွေတိုက်စာချုပ် ဝယ်ယူထားမှုက ဒေါ်လာ ၆၈၀ ဘီလီယံအထိ ကျဆင်းသွားပြီး ၁၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ။ အခြားတစ်ဖက်မှာတော့ ရွှေသိုလှောင်မှုက လအဆက်ဆက် ၁၄ လကြာ ဝယ်ယူလာပြီးနောက် တန်ချိန် ၂,၃၀၆ တန်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ Goldman Sachs ရဲ့ ခန့်မှန်းချက်အရ တရုတ်ရဲ့ အမှန်တကယ် ရွှေစုဆောင်းမှုက တရားဝင် ကိန်းဂဏန်းထက် ၁၀ ဆ ပိုများနိုင် ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် တရားဝင်ဖော်ပြထားတဲ့ ဝယ်ယူမှုက တန်ချိန် ၂၇ တန်သာ ဖြစ်ပေမယ့် အမှန်တကယ်ရရှိထားတဲ့ ရွှေအရေအတွက်က တန်ချိန် ၂၇၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ စစ်ကာလ အဆင့်အထိ ရောက်တဲ့ မဟာဗျူဟာဆိုင်ရာ အန္တရာယ်လျှော့ချရေး (strategic de-risking) ဖြစ်ပါတယ်။ ဒေါ်လာအကြွေးစာချုပ်တွေကို နိုင်ငံပိုင်ထိန်းချုပ်နိုင်တဲ့ ရွှေနဲ့ လဲလှယ်ခြင်းအားဖြင့် ဘေဂျင်းဟာ အနောက်နိုင်ငံများရဲ့ အရေးယူပိတ်ဆို့မှုတွေကနေ ကိုယ်ကိုယ်တိုင် ကာကွယ်နေပြီး ငွေကြေးစနစ် ပြောင်းလဲလာမယ့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ News Of Myanmar NOM

🇮🇱 ဂျူးဘုန်းကြီးတစ်ပါး ဝတ်ပြုဆုတောင်းနေသည့် ဗီဒီယို News Of Myanmar NOM

မြောက်ဥက္ကလာပမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက
မြောက်ဥက္ကလာပမြို့နယ်တွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၈၊၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ ဝေပုလ္လ(၆)လမ်းတွင်ယနေ့(ဇန်နဝါရီ၂၈ရက်)မွန်လွဲ၁၂နာရီ ၂၀မိနစ်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်းကို အတိကျမသိရသော်လည်းမီးစတင်လောင်ကျွမ်းသည့်အိမ်မှာ ဂစ်တာများကိုပြုလုပ်ရောင်းဝယ်သည့်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင်းဘေးအိမ်များကိုကူးစက်သည့်အတွက် Level 1 ယာဉ်အုပ်စုများကိုခေါ်လိုက်ကြောင်းသိရသည်။ မီးလောင်မှုသတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပမှ မီးငြှိမ်းသတ်ယာဉ်များ၊ မြောက်ဥက္ကလာပမြို့ နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာပြီး၁၂နာရီ ၂၅မိနစ်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာ ငြှိမ်းသက်ခဲ့ရာ ၁၂နာရီ၄၅မိနစ်တွင်မီးငြိမ်းသွားကြောင်း သိရသည်။