en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 539 subscribers, ranking 16 068 in the News & Media category and 10 064 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 539 subscribers.

According to the latest data from 17 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -265 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.37%. Within the first 24 hours after publication, content typically collects 10.05% reactions from the total number of subscribers.
  • Post reach: On average, each post receives 925 views. Within the first day, a publication typically gains 1 262 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 16.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 18 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 539
Subscribers
-424 hours
-517 days
-26530 days
Posts Archive
မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တေ
+1
မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တော်မူကာ အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ မေ ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဗန္ဓုလရပ်ကွက်သို့ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင် (၁၁) နှစ်နှင့် မောင်သူရအောင် (၁၇) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။ NOM

အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိ ရသည့်ဟု မိုး/ဇလ ထုတ်ပြန် NOM၊မေ၂၁၊၂၀၂၆ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာနက ယနေ့(မေ ၂၁ )ရက်နေ့က ထုတ်ပြန်ထားကြောင်းသိရသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်၊ အယ်လ်နီ ညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာန ကထုတ်ပြန် ထားသည်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ သင်ကြားရေးပစ္စည်းများအခမဲ့ ထောက်ပံ့မည် NOM၊မေ၂၁၊၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခ ကြေးငွေမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့မည်ဟု ယနေ့ မေလ (၂၁ ရက်)နေ့တွင် အသိပေးထုတ် ပြန်ထား ကြောင်းသိရသည်။ သူငယ်တန်း(KG) က နေ GRADE 12 ထိကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။ မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

ကျိုက်ထီးရိုးစေတီ၌ ကေဘယ်လ်ကားပြေးဆွဲမှု ယာယီ ရပ်နား NOM၊မေ၂၁၊၂၀၂၆ ကျိုက်ထီးရိုးစေတီတွင် ပြေးဆွဲပေးနေသည့် ကေဘယ်လ်ကား (Cable Ca
ကျိုက်ထီးရိုးစေတီ၌ ကေဘယ်လ်ကားပြေးဆွဲမှု ယာယီ ရပ်နား NOM၊မေ၂၁၊၂၀၂၆ ကျိုက်ထီးရိုးစေတီတွင် ပြေးဆွဲပေးနေသည့် ကေဘယ်လ်ကား (Cable Car)များ ပြေးဆွဲမှုများကို ယမန်နေ့မေ၂၀ရက်မှစတင်ပြီး ယာယီ ရပ်နားသွားမည်ဟု ကျိုက်ထီးရိုးရှိ ကေဘယ်လ်ကား(Cable Car)ကုမ္ပဏီမှ ထုတ်ပြန် ထားကြောင်းသိရသည်။ မိုးရာသီကာလအတွင်း ကေဘယ်လ်ကား (Cable Car) ပြေးဆွဲမှုကို ယာယီ ရပ်နားထားမည်ပြီး ဘုရားဖူးမိဘပြည်သူများအတွက် တောင်တက်ကားများမှာ ပုံမှန်အတိုင်း ဆက်လက် ရှိနေမည် ဖြစ်သည့်အတွက်ဘုရားဖူးလာရောက်မည် ဧည့်သည်များအနေဖြင့် တောင်တက်ကားများဖြင့် အဆင်ပြေချောမွေ့စွာ ဆက်လက် သွားရောက်နိုင်ကြောင်းထုတ်ပြန်ထားသည်။ ကေဘယ်လ်ကါးပြေးဆွဲမှုကိုမိုးရာသီရောက်တိုင်းလေပြင်းထန်မှုကြောင့်ရပ်နားလေ့ရှိသည်။ ကေဘယ်လ်ကား(Cable Car)ပြန်လည်ပြေးဆွဲမှုကိုသီတင်ကျွက်လမတိုင်ခင်တွင်ပြေးဆွဲမည်ဖြစ်ပြီး လက် ရှိပြေးဆွဲရာတွင်ခရီးသည်တစ်ဦးကို အသွားနှစ်သောင်းကျပ်၊သွားပြန်သုံးသောင်းကျပ်ဖြစ်ပြီးနိုင်ငံခြားသားတစ်ဦးကိုအသွား၁၅ဒေါ်လာဖြစ်ပြီး၊ သွားပြန်၂၀ဒေါ်လာဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား မေ ၂၀၊ ၂၀၂၆

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်မျ
+3
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့်  တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များဖြင့် လိုက်ပါပျံသန်းခြင်းများဆောင်ရွက် မေ ၂၀၊ ၂၀၂၆

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ဝင်ပေါက်များ ပိတ်ဆို့ပျက်စီးသွားခဲ့သည့် အီရန်နိုင်ငံ၏ "အာဗ်ယက်ခ် (Abyek)
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ဝင်ပေါက်များ ပိတ်ဆို့ပျက်စီးသွားခဲ့သည့် အီရန်နိုင်ငံ၏ "အာဗ်ယက်ခ် (Abyek) မြေအောက်ဒုံးကျည်မြို့တော်" ကို ယခုအခါ အပြည့်အဝ ပြန်လည်လည်ပတ်နိုင်သည်အထိ ပြုပြင်မွမ်းမံပြီးစီးသွားပြီ ဖြစ်သည်။ အီရန်နိုင်ငံသည် အာဗ်ယက်ခ်စခန်းကဲ့သို့ပင် တိုက်ခိုက်ခံခဲ့ရသည့် အခြားမြေအောက် ဒုံးကျည်စခန်းများကိုလည်း ယခင်အတိုင်း အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရန် အလျင်အမြန် ပြုပြင်လျက်ရှိသည်။ NOM

အီရန်တပ်ဖွဲ့များသည် အမေရိကန်​၏ Operation Epic Fury စစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်ကို အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ
အီရန်တပ်ဖွဲ့များသည် အမေရိကန်​၏ Operation Epic Fury စစ်ဆင်ရေးအတွင်း အမေရိကန်စစ်တပ်ကို အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်အတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ တန်ဖိုးရှိမည့် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် ၄၂ စင်းကို ပစ်ချခြင်း (သို့မဟုတ်) ပြင်းထန်စွာ ပျက်စီးစေခြင်းများ ပြုလုပ်ခဲ့ကြောင်း လက်ရှိတွင် အမေရိကန်အတွက် စစ်စရိတ်စုစုပေါင်းမှာ ဒေါ်လာ ၂၉ ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ NOM

photo content
+3

photo content
+9

photo content
+9

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊
+9
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦးအား ဖမ်းဆီးရမိ မေ ၂၀၊ ၂၀၂၆

+1
ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းရှိ အိုင်းရွန်းဒုမ်း Iron Dome လောင်ချာ ၂ ခုကို ပစ်မှတ်ထားတိုက်ခိုက် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အိုင်းရွန်းဒုမ်း Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်၏ လောင်ချာနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း အောင်မြင်စွာ တိုက်ခိုက်ခံခဲ့ရဖူးသည့် ဂျာလ်အယ်လ်အာလမ် စစ်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်က တိုက်ခိုက်ခံရမှု ရှိခဲ့သော်လည်း အစ္စရေးစစ်တပ်အနေဖြင့် အဆိုပါ ဒုံးပစ်လောင်ချာများကို အဘယ်ကြောင့် နေရာရွှေ့ပြောင်းထားခြင်း မရှိသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ လက်ရှိတွင် ဟစ်ဇဘိုလာအဖွဲ့သည် ဒရုန်းများကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုလာနိုင်ပြီး အစ္စရေး​၏ တန်ဖိုးကြီးပြီး အရေးပါသည့် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း ရှိလာကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။ NOM

ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန် တရားစွဲဆို၊ မာဒူရိုပုံစံ စစ်ဆင်ရေးသတင်းများ ထွက်ပေါ်နေ ကျူးဘားသမ္မတဟောင်း ရာအ
ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန် တရားစွဲဆို၊ မာဒူရိုပုံစံ စစ်ဆင်ရေးသတင်းများ ထွက်ပေါ်နေ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (Raul Castro) အား အမေရိကန်ပြည်ထောင်စုတွင် တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာ သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။ ယခုလုပ်ရပ်သည် ကျူးဘားကွန်မြူနစ်အစိုးရအပေါ် ဝါရှင်တန်၏ ဖိအားပေးမှုကမ်ပိန်းကို အရှိန်မြှင့်တင်လိုက်ခြင်းဖြစ်ပြီး အသက် ၉၄ နှစ်အရွယ်ရှိ တော်လှန်ရေးခေါင်းဆောင်ဟောင်းအား ယခုကဲ့သို့ တရားစွဲဆိုခြင်းမှာ ၁၉၉၆ ခုနှစ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေယာဉ်နှစ်စင်းကို ကျူးဘားစစ်တပ်က ပစ်ချခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်နေကြောင်း သိရသည်။ "မာဒူရိုပုံစံ" စစ်ဆင်ရေး ကောလာဟလများ အဆိုပါ တရားစွဲဆိုမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗင်နီဇွဲလားသမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် စစ်ဆင်ရေးပုံစံမျိုး ကျူးဘားတွင်လည်း ဖြစ်ပွားလာနိုင်ခြေရှိကြောင်း ကောလာဟလများနှင့် စိုးရိမ်မှုများ ထွက်ပေါ်နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ * ဖိအားပေးမှု အရှိန်မြှင့်တင်ခြင်း: အမေရိကန်အစိုးရသည် ကျူးဘားအပေါ် လောင်စာဆီပိတ်ဆို့မှုများ ပြုလုပ်ထားသဖြင့် ကျူးဘားကျွန်းပေါ်တွင် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပြင်းထန်သော စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရသည်။ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေ (CIA) ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) ဦးဆောင်သောအဖွဲ့သည် ဟာဗားနားမြို့တွင် ကျူးဘားအရာရှိများနှင့် တွေ့ဆုံကာ ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများ ပေးရန်ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဖိအားပေးခဲ့သည်။ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် (Bruno Rodriguez) ကမူ အမေရိကန်၏ ပိတ်ဆို့မှုများနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ ဝေဖန်ဆန်းစစ်သူအချို့က ယခုကဲ့သို့ ရာအူးလ် ကက်စထရိုကို တရားစွဲဆိုခြင်းသည် ကျူးဘားအစိုးရအား အမေရိကန်၏ တောင်းဆိုချက်များကို လိုက်လျောရန် သို့မဟုတ် စစ်ရေးအရ အရေးယူဆောင်ရွက်ရန်အတွက် တရားဝင်မှုပြတင်းပေါက်တစ်ခုကို အမေရိကန်ဘက်က ဖန်တီးလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ NOM

ဂါဇာကူညီရေးသင်္ဘောအဖွဲ့မှ တက်ကြွလှုပ်ရှားသူများ အဖမ်းခံရမှုအပေါ် အစ္စရေးဝန်ကြီး ဘန်ဂီဗီယာ လှောင်ပြောင် သရော် အစ္စရေးနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂါဇာကူညီရေးသင်္ဘောအဖွဲ့ (Gaza flotilla) မှ ပါလက်စတိုင်းလိုလားသူ နိုင်ငံတကာတက်ကြွလှုပ်ရှားသူများကို အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂီဗီယာ (Itamar Ben-Gvir) က လှောင်ပြောင်သရော်ခဲ့သည်။ လက်ထိတ်ခတ်ခံရပြီး ကြမ်းပြင်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူအများအပြားရှေ့တွင် ဝန်ကြီး ဘန်ဂီဗီယာက အစ္စရေးအလံကို ဝှေ့ယမ်းပြသကာ "အစ္စရေးနိုင်ငံမှ ကြိုဆိုပါသည်" ဟု ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူများအနက် အမျိုးသမီးတစ်ဦးက "ပါလက်စတိုင်း လွတ်မြောက်ရမည်" ဟု ကြွေးကြော်ခဲ့ပြီးနောက် ရဲအရာရှိတစ်ဦး၏ ဖိနင်းချုပ်ကိုင်ခြင်းကို ခံခဲ့ရကြောင်းသိရသည်။ NOM

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသားစားရိပ်သာ၌ သင်တန်းနည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မှူး၊ အရာရှိကြီးများသည် တပ်မိသားစုနှင့်ထိတွေ့ရန်လိုသကဲ့သို့ ပြည်သူလူထုနှင့်လည်း အပြုသဘောဆောင်သည့် ထိတွေ့မှုရှိရန်လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများသည် မိမိတပ်မိသားစုများနှင့် ထိတွေ့မှုများပင်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်လုပ်ဆောင်ရန်လိုကြောင်း။ တပ်မှူးများအနေဖြင့် မိမိတပ်ရှိ အရာရှိ၊ စစ်သည်များ ပြည်သူအပေါ် ထိတွေ့ဆက်ဆံရာတွင် ပြည်သူလူထု၏ အထင်အမြင်လွဲမှားစေနိုင်သည့် ကိစ္စရပ်များမဖြစ်အောင် ထိန်းသိမ်းကြပ်မတ်သွားရန်လိုကြောင်း၊ ပြည်သူနှင့်ထိတွေ့ဆက်ဆံရာတွင် ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ပြည်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ ပြုမူဆက်ဆံရန် အလေးထားမှာကြားလိုကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိအောင်လုပ်ရန်၊ စွမ်းရည်ရှိအောင်လုပ်ရန်၊ လက်အောက်မှ မိမိအပေါ် ယုံကြည်မှုရှိအောင်လုပ်ဆောင်ရန်နှင့် မိမိတပ်မတော်အပေါ် ယုံကြည်မှုရှိအောင် လုပ်ဆောင်ရန်လိုကြောင်း၊ တပ်မှူးများအနေဖြင့် မိမိတို့၏ခေါင်းဆောင်မှုအောက်တွင် လက်အောက်မှအားလုံးကို လိုက်ပါဆောင်ရွက်လာစေရေးအတွက် အုပ်ချုပ် မှုညီညွတ်မျှတအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Commander သည် အမုန်းခံရမည်၊ ပြောစရာရှိကပြောရမည်၊ အရေးယူစရာရှိကယူရမည်၊ ချီးမြှင့်စရာရှိကချီးမြှင့်ရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လက်အောက်၏ အခြေအနေအမှန်ကို သိရှိရန်လိုကြောင်း။ စစ်ရေးစွမ်းရည်ထက်မြက်ရေးအတွက် လေ့ကျင့်ရေးကို အလေးထားဆောင်ရွက်ပေးရန်နှင့် Format ပုံစံ၊ Drill ပုံစံများပေါ်တွင်အခြေခံကာ ခေါင်းဆောင်လုပ်သူ၏ဉာဏ်ဖြင့် တိုက်ပွဲပုံစံကိုဖော်သွားရန် လိုသလိုလက်အောက်သို့ အမြဲတမ်းသင်ကြားပေးနေရန်လိုကြောင်း၊ အခြေခံလေ့ကျင့်ရေးမှစကာ စစ်ရေးစစ်ရာနှင့်ပတ်သက်၍ သင်ကြားမှုတွင် Format, Drill, Concept စသည်တို့ကို အခြေခံရအောင် သင်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ကျင့်သားရအောင် လုပ်ပေးလိုက်သည့်အတွက် ယင်းတို့ကိုအခြေခံ၍ စစ်မြေပြင်တွင် လက်တွေ့အခြေအနေနှင့်ကိုက်ညီသည့် လုပ်ဆောင်မှုများဖြင့် ဒွန်တွဲလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်ရှိသည့်တပ်မတော်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ပင်ဖြစ်ပြီး တိုက်စွမ်းရည်ရှိရန် တပ်မှူးများက မိမိ၏တပ်ကိုလေ့ကျင့် ပေးနေရန်လိုကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် လူတစ်ဦးချင်းစွမ်းရည်များ ထက်မြက်ရန်၊ လက်နက်စွမ်းရည်များရှိရန်နှင့် လေ့ကျင့်သားပြည့်ဝရမည့်အပြင် စစ်နည်းဗျူဟာများကိုလည်း မှန်မှန်ကန်ကန် ကျင့်သုံးတတ်ရန်လိုကြောင်း၊ စွမ်းရည်ရှိသည့်တပ်မတော်တွင် စစ်ရေးစွမ်းရည်ပြည့်ဝသည့် တပ်မတော်သားကောင်းတစ်ယောက်ဖြစ်စေရန် အလေ့အကျင့်ကောင်းများရှိရမည့်အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိရန်လိုအပ်ကြောင်း။ မိမိတွင်ရှိသည့် လူ၊ ပစ္စည်း၊ မိမိသင်ကြားရသည့်စစ်ပညာ၊ လက်ဝယ်တွင်ရှိသည့် နည်းပညာများကိုကောင်းစွာအသုံးချပြီး စွမ်းရည်ထက်မြက် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ရှိသည့်စစ်လက်နက်ပစ္စည်းများကို ထိရောက်စွာအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်တွင် လေ့ကျင့်ရေးသည် အဓိကကျသည်ကိုတွေ့ရပြီး စစ်ရေးစွမ်းရည်ထက်မြက်၍ တိုက်ပွဲတိုင်း အောင်မြင်ရေးအတွက် လေ့ကျင့်ရေးကို ဖိဖိစီးစီးလုပ်ရန်လိုကြောင်း၊ အလားတူ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်ပညာနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် အမြဲမပြတ်လေ့လာရန်လိုအပ်ပြီး ခေတ်မီတိုးတပက်လာသည့် စစ်လက်နက်များ၊ ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအား လေ့လာဆည်းပူးသွား ကြရန်လိုအပ်ကြောင်း။ သင်တန်းသားများအနေဖြင့် အဆင့်နှင့်လျော်ညီအောင်နေထိုင်၍ ရိုးသားစွာကြိုးစားမှုဖြင့် ယှဉ်ပြိုင်သွားရန်မှာကြားလိုကြောင်း၊ သင်တန်းသားတိုင်း နံပါတ်တစ်ဖြစ်မလာနိုင်သော်လည်း နံပါတ်တစ်ဖြစ်ခွင့် အားလုံးတွင်ရှိကြောင်း၊ ထို့ကြောင့် ထူးချွန်၊ သာမန်အထက်၊ သာမန်အမြင့်၊ သာမန်သတ်မှတ်ထားသဖြင့် မိမိတို့၏ ကြိုးစားအားထုတ်မှုအလိုက် သတ်မှတ်အဆင့်ကိုရရှိမည်ဖြစ်ပြီး နည်းပြများအနေဖြင့်လည်း တော်တည့် မှန်ကန်၍ ညီညွတ်မျှတစွာ အုပ်ချုပ်သင်ကြားပေးရန်လိုကြောင်း၊ အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ ပင်ကိုယ်အရည်အချင်းနှင့် စိတ်ဓာတ်ကိုမြင်အောင်ကြည့်၍ အကဲဖြတ်ကာ မှန်ကန်သောအဆင့်သတ်မှတ်ပေးနိုင်ရန်လိုကြောင်းဖြင့် မှာကြားသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံရေးတာဝန်များကို ရှေ့တန်းစစ်မျက်နှာတွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုကြောင့် စစ်ဆင်ရေးထူးချွန်မှုဖြင့် တဆင့်မြှင့်ရာထူးဖြင့် ဂုဏ်ပြုခံရပြီး သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည့် သင်တန်းသားအရာရှိကြီး ၂ ဦးအား ချီးကျူးဂုဏ်ပြုစကားပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား မေ ၂၀၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကလောမြို့ရှိနယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်ဌာနချုပ်၏ တပ်တည်ဆောက်ရေးလုပ်ငန်းတွင်ဖြစ်စေ၊ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ ဦးစီးဦးဆောင်ပေးရသော တပ်မှူးများအပေါ်မူတည်၍ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း၊ အလားတူတပ်စိတ်၊ တပ်စု၊ တပ်ခွဲအဆင့်တိုင်းတွင်း ဦးစီးဦးဆောင်ပေးရသော ခေါင်းဆောင်အပေါ်မူတည်၍ အရည်အသွေးနှင့်စွမ်းဆောင်မှုကွာခြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှုသည် အရေးကြီးပြီး ခေါင်းဆောင်မှု အင်္ဂါရပ်နှင့် ပြည့်စုံနေရန်လိုကြောင်း၊ ထို့အပြင် ခေါင်းဆောင်သည် စည်းရုံးရေးမှူးကောင်း တစ်ယောက်ဖြစ်ရန်လိုပြီး မိမိလက်အောက်မှ ယုံကြည်မှုအပြည့်ဖြင့် လိုက်ပါလာအောင် စွမ်းဆောင်နိုင်ရန်လိုကြောင်း။ တပ်မှူးများသည် အုပ်ချုပ်ရေးအပိုင်းမှ လူမှုရေးကဏ္ဍများတွင် ဖခင်စိတ်ဓာတ်၊ ညီအစ်ကိုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုသော်လည်း လုံခြုံရေးနှင့် စစ်ဆင်ရေးအပိုင်းများတွင် Commender စိတ်ဓာတ်ဖြင့် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဖြစ်၍ မှန်ကန်စွာပိုင်းခြားတတ်ရန်လိုကြောင်း၊ အဓိကကျသော ခေါင်းဆောင်များ၊ အရာရှိများမှ တပ်များကို မှန်ကန်စွာဦးဆောင်မှုပေးပါက တပ်တွင်းစည်းလုံးညီညွတ်မှု တိုးတက်လာမည်ဖြစ်ကြောင်း။ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တပ်မှူးများသည် တရားစီရင်ခွင့် အခွင့်အာဏာရှိသူများဖြစ်၍ စစ်ဘက်တရားစီရင်မှုအပိုင်းကို မှန်ကန်သောဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အရာရှိများနှင့်ပတ်သက်၍ Commander အဆင့်ဆင့်က ထိန်းသိမ်းပေးရန်လိုပြီးညီအစ်ကိုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း၊ Guardian စနစ်၊ စိတ်ဓာတ်ဖြင့် အထက်အောက်ထိန်းသိမ်းမှုဖြင့် သွားရမည်ဖြစ်ပြီး ကောင်းမွန်သောအစဉ်အလာကောင်းများဖြင့် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဦး၊ ရေး၊ ထောက် လုပ်ငန်းများကို Check, Recheck, Couter Check ဖြင့် လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလစ်ဟင်းမှုမရှိစေဘဲ တပ်များ၏ စွမ်းရည်တိုးတက်လာမည်ဖြစ်ကြောင်း။ အုပ်ချုပ်ရေးစွမ်းရည်ကျဆင်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များပါကျဆင်းပြီး စည်းကမ်းမရှိလျှင် စည်းရုံးရေးလည်း ကျဆင်းနိုင်၍ အုပ်ချုပ်ရေးစွမ်းရည်တွင်ပါဝင်သည့် စစ်စည်းကမ်းလိုက်နာမှုအပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းများတွင် ခေါင်းဆောင်များက သေချာစွာကြပ်မတ်ပေးရန်လိုကြောင်း။ ခေါင်းဆောင်ကောင်းများဖြစ်ရန် အတွေးအခေါ်ကောင်းမွန်ရမည်ဖြစ်ပြီး အတွေးအခေါ်ကောင်းမွန်ရန် အသိပညာ၊ အတတ်ပညာပြည့်ဝ၍ ဖတ်ရှုလေ့လာမှုကို မပြတ်ပြုလုပ်နေရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရန်လိုပြီး သဘောထားပြည့်ဝစွာဖြင့် မြော်မြင်ဆုံးဖြတ်တတ်ရန်လိုကြောင်း၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်အောက်ကိုအမြဲတမ်းကြည့်ရှု၍ ဆုံးမပဲ့ပြင် ပြောကြားပေးနေရန်လိုကြောင်း။ ခေါင်းဆောင်မှုနှင့်ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့်ဦးဆောင်မှုနှင့်လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ အခြေခံဖြစ်သည့် တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးတစ်ဦးသည် တစ်ဖက်တွင် စစ်တိုက်သည့်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သော်လည်း စစ်တိုက်တတ်ရုံဖြင့် မပြီးသေးဘဲ တပ်ကိုကောင်းစွာအုပ်ချုပ်ကွပ်ကဲတတ်ရန်လည်း လိုအပ်ကြောင်း၊ အဓိကကျသည်မှာ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူများအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှုများစွာရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင်ရမည့်အချက်ပင်ဖြစ်ကြောင်း။

ကယားပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား မေလ ၂၀ ရက်
+9
ကယားပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား မေလ ၂၀ ရက်နေ့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဂုဏ်ပြုကြိုဆို။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်
+9
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး မေ ၂၀၊ ၂၀၂၆