en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 418 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 418 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 418
Subscribers
-924 hours
-317 days
-13630 days
Posts Archive
ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခအတွက် သင်္ဘောကပ္ပတိန်များ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းအထိ ဘေးအန္တရာယ်ကြေး ရရှိနေ အီရန်နိုင်ငံက
ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခအတွက် သင်္ဘောကပ္ပတိန်များ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းအထိ ဘေးအန္တရာယ်ကြေး ရရှိနေ အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ရာ ရေလက်ကြားဖြတ်သန်းသွားလာရေးသည် အလွန်အန္တရာယ်များလာသောကြောင့် သင်္ဘောပိုင်ရှင်များအနေဖြင့် သင်္ဘောသားများ ခရီးစဉ်လိုက်ပါရန် သဘောတူညီမှုရရှိစေရေးအတွက် မကြုံစဖူး များပြားလှသော ဆုကြေးငွေများ ပေးအပ်နေရကြောင်း Financial Times (FT) သတင်းတွင် ဖော်ပြထားသည်။ ရေနံတင်သင်္ဘော ကပ္ပတိန်များသည် ယခုအခါ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းနှင့် ညီမျှသော ပုံမှန်လုပ်ခအပြင် ဟော်မုဇ်ရေလက်ကြားကို တစ်ကြိမ်ဖြတ်သန်းတိုင်း ခရီးစဉ်ကြေး ဒေါ်လာ ၅၀,၀၀၀ ထပ်ဆောင်းရရှိနေကြောင်း သိရသည်။ သာမန်သင်္ဘောသားများသည် ရေလက်ကြားဖြတ်သန်းချိန်အတွင်း ၎င်းတို့၏ မူလလစာထက် ၄ ဆမှ ၆ ဆအထိ ပိုမိုရရှိကြသည်။ သင်္ဘောသားများသည် ညဘက်တွင်သာ အဓိက ခရီးနှင်ခြင်းနှင့် GPS လမ်းကြောင်းပြစနစ်များကို ပိတ်ထားခြင်းစသည့် အပိုဆောင်း ဘေးကင်းရေး သတိပြုမှုများကို ပြုလုပ်နေကြသည်။ လက်ရှိတွင် ရေနံတင်သင်္ဘော အနည်းငယ်မျှသာ အဆိုပါရေလက်ကြားကို ပုံမှန်ပြေးဆွဲနေပြီး အောက်တိုဘာ ၄ ရက်တွင် ရေလက်ကြားဖြတ်သန်းမှုမှာ ၁၃ စီးအထိ ကျဆင်းသွားခဲ့သည် (လွန်ခဲ့သောတစ်ပတ်က ၂၄ စီးရှိခဲ့သည်)။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း (IMO) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း သင်္ဘော စုစုပေါင်း ၉၃ စီး တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၂၄ ဦး သေဆုံးခဲ့သည်။ ရေနံတင်သင်္ဘော ငှားရမ်းခနှုန်းထားများမှာ လွန်ခဲ့သောနှစ်က တစ်ရက်လျှင် ဒေါ်လာ ၂၀,၀၀၀ မှ ၅၀,၀၀၀ ကြားသာ ရှိခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ဒေါ်လာ ၁.၃ သန်းအထိ ခုန်တက်သွားခဲ့သည်။ စူပါရေနံတင်သင်္ဘောကြီး (Supertanker) တစ်စီး၏ တစ်ခေါက်စာ အာမခံကြေးမှာ ဒေါ်လာ သန်း ၂၀ အထိ ရှိနိုင်သည်။
07 Oct, 08:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းမျ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ တက်ရောက်ကြသည်။
07 Oct, 08:00

+4
ယနေ့တွင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဂျက်ဒါ (Jeddah) မြို့အပါအဝင် ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အာရမ်ကို (ARAMCO) ရေနံကုမ္ပဏီ​၏ စက်ရုံ/ရေနံစိမ်းသိုလှောင်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
07 Oct, 08:00

ဖားကန့်တွင် လမ်းပြုပြင်ရေးအစည်းအဝေးကို KIA/ PDF အကြမ်းဖက်အဖွဲ့က အသေခံဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သဖြင့် လူ ၂ ဦးသေဆုံး အောက်တိုဘာ ၇၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စုပေါင်းရုံး၌ ပျက်စီးနေသည့် ဖားကန့်လမ်း ပြုပြင်ရေးအတွက် ယနေ့ အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် အစည်းအဝေးပြုလုပ်နေစဉ် KIA/PDF အကြမ်းဖက်အဖွဲ့က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင်နှင့် ဈေးရောင်းနေသည့် အထမ်းသမားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီတာဝန်ခံများ၊ ဆီနှင့် ဆန်လုပ်ငန်းရှင်များ၊ အခြားလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများက လမ်းပြုပြင်ရေးကိစ္စ ဆွေးနွေးနေချိန် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ပထမ အသေခံဒရုန်းမှာ အစည်းအဝေးခန်းမအပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခန်းမအပြင်၌ရှိနေသည့် KNDPC ကုမ္ပဏီတာဝန်ခံ ဦးဇော်အောင်မှာ သေဆုံးခဲ့သည်။ ဒုတိယ အသေခံဒရုန်းမှာ စုပေါင်းရုံး၏ ဂုံးအောက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဈေးရောင်းနေသည့် အထမ်းသမားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။
07 Oct, 07:55

+1
ပြင်သစ်တွင်ကျောင်းသားများဆန္ဒပြမှုပိုမိုဆိုးလာ NOM
07 Oct, 06:22
02 Nov, ~07:24

PDF အများအပြား လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် အောက်တိုဘာ ၇၊ ၂၀၂၆ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အရှေ့ပိုင်းတိုင်းစ
+9
PDF အများအပြား လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင် အောက်တိုဘာ ၇၊ ၂၀၂၆ ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ကျား (၄၄) ဦး၊ မ (၄) ဦး စုစုပေါင်း ၄၈ ဦးသည် လက်နက် ( ၃ ) လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၆ ခု၊ ကျည် ၂၅၁ တောင့်နှင့်အတူအလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာသည့် PDF လူငယ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။
07 Oct, 04:29

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား   မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ–မလေးရှား နှစ်နိုင်ငံစီးပွားရေး ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။   အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
07 Oct, 04:23

ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ ရောက်ရှိ ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို(ရုပ်သံမှတ်တမ်း)
07 Oct, 04:22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit)အဖြစ်  á€šá€”္အ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လေဆိပ်၌ မလေးရှားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်။
07 Oct, 04:22

တမူးမြို့အနီး ဗဟိုပြု၍ အင်အား ၃.၈အဆင့်ရှိ မြေငလျင် လှုပ်ခတ် NOM စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၏ အရှေ့မြောက်ဘက်တွင်ယနေ့(အောက်တိုဘာလ ၇ ရက်) နံက်ပိုင်းတွင် အင်အား ပမာဏ ၃.၈(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်းမိုးလေ ဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ မြေငလျင်သည် အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၉) မိနစ်၊ (၂၀) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တမူးမြို့၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့်အကွာ)၊အနက် (၁၁၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃.၈ (M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
07 Oct, 03:25
02 Nov, ~07:24

ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀) ပြည့် ရာပြည့် ဖွင့်လှစ် NOM၊အောက်တိုဘာ၇၊၂၀၂၆ သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀)ပြည့်
ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀) ပြည့် ရာပြည့် ဖွင့်လှစ် NOM၊အောက်တိုဘာ၇၊၂၀၂၆ သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀)ပြည့် ရာပြည့် ဖွင့်လှစ်ခြင်းအခမ်းအနားကိုယနေ့နံနက်၉နာရီခွဲရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့၌ကျင်းပရာရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးအောင်နိုင်သူတက်ရောက်ဖွင့်လှစ်ပေးပြီးပြသရောင်းချထားသောဆိုင်ခန်းများ၊ဗိုလ်ချုပ်အောင်ဆန်းဈေး နှစ်(၁၀၀)ပြည့်မှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုသည်။ ဈေးပွဲတော်ကြီးတွင် ဆိုင်ခန်းပေါင်း၁၁၁ ခန်းပါဝင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ဆိုင်ခန်း ၃၂ ခန်း ပါဝင်မည်ဖြစ်ကာ ပိုးထည်၊ ချည်ထည်၊ လက်ဖက်၊ဒေသထွက်ကုန်ပစ္စည်းများနှင့် နိဗ္ဗာန်ကုန်များစုံလင်စွာရောင်းချသွားမည်ဖြစ်ပြီး‌အောက်တိုဘာ၁၁ရက်အထိ‌ဖွင့်လှစ်‌ေရာင်းချသွားမည်ဖြစ်‌ ကြောင်းသိရသည်။
07 Oct, 02:23

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်ရောက်ရှိရာ
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို NOM၊အောက်တိုဘာ၇၊၂၀၂၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရာ ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် ခန့်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြသည်။ထိုသို့ ရောက်ရှိရာတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ  ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိက်လှဲ နွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
07 Oct, 01:52
07 Oct, ~04:22

ပြင်သစ်တွင် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား NOM ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကတစ်ဖက်ကျောင်းသားများကတစ်ဖက်လမ်းပေါ်ထွက် ရုန်းရင်းဆန်ခတ် ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ပြင်သစ်နိုင်ငံရှိ ကျောင်းသူ/သားများနှင့် တက္ကသိုလ်ကျောင်းသားများသည် ဆရာ/မ လုံလောက်မှု မရှိခြင်း၊ စာသင်ခန်းများ ကျပ်ညပ်လွန်းခြင်း၊ သင်ခန်းစာ ဝန်ထုတ်ဝန်ပိုး ကြီးမားခြင်းနှင့် ပညာရေးဌာနများ၏ ယိုယွင်းနေသော အခြေအနေများကြား ပညာသင်ကြားရေး အခြေအနေများ ပိုမိုကောင်းမွန်လာစေရေးအတွက် မကျေနပ်ချက်များ ထုတ်ဖော် ဆန္ဒပြနေကြသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သည်။ စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများသည် နောက်ပိုင်းတွင် ဆူပူသောင်းကျန်းမှုများအဖြစ် ကူးပြောင်းသွားခဲ့ပြီး ယခုအခါ ရဲတပ်ဖွဲ့နှင့် တိုက်ရိုက် ရင်ဆိုင်တွေ့ဆုံ ပဋိပက္ခဖြစ်ပွားသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
06 Oct, 13:22

ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့ ၅ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက် အောက်တိုဘာ ၆၊ ၂၀၂၆ မြန်မာနို
+8
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့ ၅ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက် အောက်တိုဘာ ၆၊ ၂၀၂၆ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၅ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ၅ နှစ်မြောက်အထိမ်းအမှတ် Recreation Center ဖွင့်လှစ်ခြင်း၊ အထိမ်းအမှတ်ဗီဒီယိုကြည့်ရှုခြင်း၊ ပြခန်းများ၊ ဆိုင်ခန်းများနှင့် ရှာဖွေကယ်ဆယ်ရေးရေယာဉ်များအား လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရေကြောင်းအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှောင်ခိုမှုများ တားဆီးရေးတို့အပါအဝင် သတ်မှတ်တာဝန်များကို ထမ်းဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာဘာသာစကားနှင့် ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်အောင် လေ့ကျင့်သင်ယူရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းရန်နှင့် မြန်မာ့ပင်လယ်ပြင်ကို လုံခြုံ၊ တည်ငြိမ်၊ သန့်ရှင်းပြီး ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်ဖြစ်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ မြန်မာ့ပင်လယ်ရေကြောင်းအကျိုးစီးပွား၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် အဏ္ဏဝါဂေဟစနစ်၊ သယံဇာတများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လည်း မှာကြားခဲ့သည်။ ထို့နောက် ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်နှင့် စွမ်းရည်များအပေါ် ဆောင်ရွက်နေမှုများကို ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားရေးအတွက် သင်တန်းများစေလွှတ်ပေးရန်၊ တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို နားလည်သိရှိစေရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ယင်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်း မိသားစုများ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
06 Oct, 12:16

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာဒ် လေဆိပ်ကို ယီမင်မှ ဟူသီများပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များ ယနေ့နံနက်အစောပိုင်းက တိုက်ရိုက် ထိမှန်ခဲ့သည်။
06 Oct, 12:15

+1
မနေ့က ဘာဘ်အယ်လ်မန်ဒက်ဖရွန် (Bab Al-Mandab front) တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် ရတ်စ်အယ်လ်အာရာ (Ras Al-Arah) သို့ ထွက်ပြေးသွားခဲ့သည့် ဆော်ဒီကျောထောက်နောက်ခံ PLC စစ်တပ်၏ ယာဉ်များနှင့် စစ်သည်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ဟူသီအဖွဲ့က ထုတ်ပြန်ထားသည်။
06 Oct, 12:07

လားရှိုးမြို့၊ နယ်မြေ(၄)သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ
+5
လားရှိုးမြို့၊ နယ်မြေ(၄)သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ အောက်တိုဘာ ၆၊ ၂၀၂၆
06 Oct, 11:17

ဗြိတိန် ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် လိင်ကုန်သည်အပ်စတိန်းအကြောင်းဖော်ထုတ်သူ ကိုယ့်ကိုကိုယ်သတ်သေ ​​NOM ဗြိတိန် ဘဏ်လုပ်ငန်းရှင်ဟေ
ဗြိတိန် ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် လိင်ကုန်သည်အပ်စတိန်းအကြောင်းဖော်ထုတ်သူ ကိုယ့်ကိုကိုယ်သတ်သေ ​​NOM ဗြိတိန် ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် လိင်ကုန်သည်သူဌေးကြီးအပ်စတိန်း၏မသမာမှုကို ဖော်ထုတ်သူဆိုင်မွန် အန်ဒရီးရှ် အသက် (၅၇) နှစ်သည် မိမိကိုယ်ကို သတ်သေသွားခဲ့သည်။ ​ အန်ဒရီးရှ်သည် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဟားဝါဒ် လတ်နစ်ခ် နှင့် လိင်ကုန်သည်ဂျက်ဖရီ အပ်စတိန်းတို့အကြား လွန်ခဲ့သော အတိတ်က ပတ်သက်ဆက်နွှယ်မှုများကို ဖော်ထုတ်ခဲ့သူဖြစ်ပြီး၊ ထိုအထဲတွင် စီမံကိန်းတစ်ခုနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်က အပြန်အလှန် ပေးပို့ခဲ့သော အီးမေးလ် အထောက်အထားများလည်း ပါဝင်ခဲ့သည်။
06 Oct, 11:03

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကေ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
06 Oct, 07:14

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်။ မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်။ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး နှင့်နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။
06 Oct, 07:13