en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 466 subscribers, ranking 15 923 in the News & Media category and 10 081 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 466 subscribers.

According to the latest data from 02 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -216 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.95%. Within the first 24 hours after publication, content typically collects 6.72% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 241 views. Within the first day, a publication typically gains 838 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 03 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 466
Subscribers
-924 hours
-217 days
-21630 days
Posts Archive
Repost from NOM
အိန္ဒိယနိုင်ငံက ဆရာမတဦးဟာ ကျောင်းမတက်ဖူးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး သင်ယူရေးစင်တာပေါင်း ၈၀၀ ကျော်ကို တည်ဆောက်ကာ စနစ်တကျသင်ယူ
အိန္ဒိယနိုင်ငံက ဆရာမတဦးဟာ ကျောင်းမတက်ဖူးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး သင်ယူရေးစင်တာပေါင်း ၈၀၀ ကျော်ကို တည်ဆောက်ကာ စနစ်တကျသင်ယူနိုင်မှုတွေကို ဖန်တီးပေးခဲ့တာကြောင့် ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ Rouble Nagi လို့ အမည်ရတဲ့ ဒီဆရာမကို ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အစိုးရများ ထိပ်သီးအစည်းအဝေးမှာ မနေ့က ဆုပေးအပ်ခဲ့တာပါ။ Nagi က သူမရရှိခဲ့တဲ့ ဒီ ဆုကြေးငွေအားလုံးကို အခမဲ့အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် အင်စတီကျုတခု တည်ဆောက်ဖို့ အသုံးပြုသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီဆုအတွက် ကမ္ဘာတဝှမ်းက ဆရာ/ဆရာမပေါင်း ၁၀ ဦးကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီးမှ အကောင်းဆုံးကို ပြန်လည်ရွေးချယ်ခဲ့တာပါ။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီ သမ္မတ နှင့် ဇနီး တို့က (၇၉)နှစ်မြောက်ပြည် ထောင် စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီ သမ္မတ နှင့် ဇနီး တို့က (၇၉)နှစ်မြောက်ပြည် ထောင် စုနေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတည်ခင်းဧည့်ခံ NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲ ထားကြတယ် ဆိုတာ ငြိမ်းချမ်းရေး စကားဝိုင်းကို မြှင့်တင်နိုင်ဖို့ အတွက်ပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့်လည်း သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အပစ်အခတ် အရင် ရပ်တာလုပ်ပြီးမှ နိုင်ငံရေး ပရောဆက်ကို သွားခဲ့တာပါ။ ပထမဆုံး အနေနဲ့ တစ်နိုင်ငံလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေငြာတယ်။ ဒုတိယအဆင့်အနေနဲ့ လက်မှတ်ထိုးမယ့်အဖွဲ့တွေကို ကမ်းလှမ်းတယ်။ ဒီကတဆင့် NCA ဖြစ်လာခဲ့တာလို့ ပြောလို့ရတယ် ပေါ့။ ဒါနဲ့ပတ်သက်ပြီး ဦးအောင်မင်းတို့ ပြောကြားချက်ကို ကြည့်ရင် ပိုရှင်းပါတယ်။ ကျွန်တော်တို့ အပစ်အခတ်အရင်ရပ်နိုင်အောင်လုပ်တယ်။ သေနတ်သံတွေ စဲမှ ငြိမ်းချမ်းရေးစကားပြောလို့ရမှာပါဆိုပြီး လို့ ပြောခဲ့ကြတာပါ။ ခုလက်ရှိမှာ ကူမင်း သဘောတူညီချက်ကြောင့် အပစ်ရပ်ထားကြတယ်ဆိုပေမယ့် ဒီအပစ်အခတ်ရပ်တာကို ခုတုံးလုပ်ပြီး လူသစ်စုတာတွေ၊ အုပ်ချုပ်ရေး ယန္တရား ထူထောင်ကြဖို့ အပြင်းအထန်ကြိုးစားနေတာတွေ၊ နယ်မြေအသိအမှတ်ပြုခံထိုက်ဖို့ အားထည့် နေကြတာတွေက သိပ်တော့ အဆင်မပြေနေပါဘူး။ ပူပူနွေးနွေးတင်ပဲ MNDAA က ဆရာဖြစ်တဲ့ UWSA ဆီ တရားဝင်သွားတဲ့ခရီးဟာ သာမန်သာကြောင်း ၊ မာကြောင်း သွားပြောတာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲ ပြီးမြောက်သွားချိန်မှာ လုံခြုံရေးပိုင်းဆိုင်ရာတွေ ပိုပြီး အားထည့်ပြင်ဆင်ဖို့ လိုပြီလို့ပဲ တွေးပါတယ်။ ဆိုလိုတာက...နိုင်ငံရေးလည်ပတ်မှုဟာ အစိုးရသစ်ရဲ့ မူဝါဒနဲ့ သွားတော့မယ့်အချိန်၊ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ရေးအတွက် ဦးစားပေး ကာလ ရောက်လာပြီလို့ သုံးသပ်ပါတယ်။ အပစ်အခတ်ရပ်ထားတာဟာ နိုင်ငံရေးစကားဝိုင်းနဲ့ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ နိုင်ငံရေးအရ အသားရလိုမှု၊ ၂၀၀၈ ခြေဥကို ဆန့်ကျင်ပြီး ဥပဒေပါပြဌာန်းချက်တွေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်မှုတွေဟာ ငြိမ်းချမ်းရေးကို ရှေး‌ရှုတဲ့ လုပ်ရပ်တွေလို့ ဆိုနိုင်မယ် မထင်ပါဘူး။ လက်ရှိ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့ ဖြစ်စဉ်တွေ၊ မြစ်ကြီးနားမြို့ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှုနဲ့ မြစ်ကြီးနားတိုင်းစစ်ဌာနချုပ်ရဲ့ ကာကင်းဖြစ်တဲ့ ဝိုင်းမော်မြို့ကို သိမ်းဖို့ KIA က ကြိုးစားလာတဲ့ ကိစ္စတွေဟာ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှပဲ အဆင်ပြေနိုင်မယ့်ပုံ ရပါတယ်။ ----- ကြည့်ရတာ EAO တွေဆီမှာ အပစ်အခတ်ရပ်စဲချင်တဲ့ ဆန္ဒ ရှိပုံမရပါဘူး။ (နရီမိုး)

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်အတွင်းသ
+3
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်အတွင်းသို့ FPV suicide droneများဖြင့် တိုက်ခိုက်မှုအား ဟန့်တားနိုင်ခဲ့ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ဆင်ခြင်တုံတရား ကင်းမဲ့ စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ် ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာ ရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနား လေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်း နှင့် အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် လူ၊ အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်း ပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုတ် ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ အဖျက်အမှောက် လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်သမားများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီ
+2
KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ FPV Suicide Drone (အသေခံဒရုန်း) များဖြင့်တိုက်ခိုက်မှုအား ဟန့်တားနိုင်ခဲ့ News Of Myanmar NOM

တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲ
တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ ဦးကျော်စန်း (၄၅) နှစ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

"ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်" NOM ဖ
+2
"ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်" NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာနေ ဦးဝင်းထိုက်ဦး (၄၂) သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းထိုက်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ကြောင်းသိရသည်။ "ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေသေည့် နေအိမ်အား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် အပြစ် မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ" NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေသည့်နေအိမ်သို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ PDF အကြမ်းဖက်သမားများ ရောက်လာပြီး သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ် သွားခဲ့သဖြင့် မင်္ဂလာဆောင်ပွဲတွင် ရောက်ရှိနေသူများအနက် ပတ္တမြားတောင်ကျေးရွာနေ ဦးမိုးဆန်း (၄၅) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာနေ ဦးထွန်း (ခ) ထွန်းထွန်းဦး (၄၅) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများအားဝက်ထီးကန်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက် ဖေဖော်ဝါရီလ ၁၂၊ ၂၀၂၆ News Of Myanmar NOM
ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက် ဖေဖော်ဝါရီလ ၁၂၊ ၂၀၂၆ News Of Myanmar NOM

နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရ
နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ထင်းခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင် ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ် ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ကုန်းစုံကျေးရွာနေ ဦးကျော်သန်းဦး (၃၇) နှစ်သည် ကျေးရွာ၏မြောက်ဘက်ရှိ လမ်းဘေးတွင် ထင်းခုတ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ပြင်သစ်နိုင်ငံ၊ Grenoble မှာ မြောက်အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ စုဖွဲ့ထားတဲ့ ဂိုဏ်းတခုက နေ့ခင်းကြောင်တောင်အချိန်မှာပဲ ကားတစီးအတွင်းကနေ ခရီးဆောင်သေတ္တာတွေကို လုယက်နေခဲ့တာလို့ သိရပါတယ်။ X မှာ ပျံ့နှံ့လာတာ့ ဗီဒီယိုဖိုင်ဖြစ်ပြီး ဥရောပတလွှားမှာ ဒီလိုမျိုးမြင်ကွင်းတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။ News Of Myanmar NOM

+2
ဖေဖော်ဝါရီလ၁၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်အစ္စလမ်မစ်တော်လှန်ရေး၄၇နှစ်မြောက်အောင်ပွဲအခမ်းအနားကိုတီဟီရန်မြို့တော်အဇာဒီရင်ပြင်တွင်ယမန်နေ့ညကကျင်းပခဲ့သည်။(ဗီဒီယို) ၂။ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ တမ်ဘလာရစ်ချ် မြို့တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး ယင်းတွင် သေနတ်သမားလည်းပါဝင်ခဲ့သည်။လူ၂၅ဦးထက်မနည်းဒဏ်ရာရခဲ့သည်။ ၃။ကုလသမဂ္ဂ၏ငွေရေးအခက်အခဲကြောင့်လက်ဘနွန်ရှိကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အများစုသည်၂၀၂၇ခုနှစ်၊နှစ်လယ်တွင်ပြန်လည်ဆုတ်ခွာမည်။(ဓါတ်ပုံ) ၄။ရုရှားပြည်ပထောက်လှမ်းရေးကအနောက်အုပ်စုသည်၂၀၃၀ခုနှစ်ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲဖြင့်အချိန်ကိုက်ပြီးလူထုဆူပူမှုဖြစ်စေရန်နှင့်စစ်တပ်မှအာဏာသိမ်းရန်လုပ်ဆောင်နေကြောင်းကြေညာသည်။ ၅။အမေရိကန်ဒုတိယလေယာဥ်တင်သင်္ဘောဂျောချ့်အိတ်ချ်ဒဗလျူဘုရှ်သည်အရှေ့အလယ်ပိုင်းသို့သွားရောက်ပူးပေါင်းရန်ပြင်ဆင်လျက်ရှိသည်။(ဓါတ်ပုံ)

🇷🇺🇨🇳🇧🇾🇮🇷🛬 ကုန်တင်လေယာဉ်များသည် ရုရှားနှင့် တရုတ်နိုင်ငံတို့မှသာမက ဘီလာရုစ်နိုင်ငံမှလည်း အီရန်နိုင်ငံသို့ ဆက်တိုက်ဆို
🇷🇺🇨🇳🇧🇾🇮🇷🛬 ကုန်တင်လေယာဉ်များသည် ရုရှားနှင့် တရုတ်နိုင်ငံတို့မှသာမက ဘီလာရုစ်နိုင်ငံမှလည်း အီရန်နိုင်ငံသို့ ဆက်တိုက်ဆိုသလို ဆိုက်ရောက်လျက်ရှိသည်။ 🇧🇾အထူးသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဘီလာရုစ်နိုင်ငံပိုင် TransAVIAexport Airlines လေကြောင်းလိုင်းမှ Boeing 747 လေယာဉ်တစ်စင်းသည် မင့်စ်ခ်မြို့ (Minsk) မှ တာဘရစ်ဇ်မြို့ (Tabriz) သို့ ဆိုက်ရောက်လာခဲ့သည်။ News Of Myanmar NOM

🇮🇷⚔️🇺🇸 ဒေသတွင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ဒုတိယတစ်စင်း ထပ်မံစေလွှတ်ခြင်းကို အီရန်ဘက်က "စစ်ပွဲဆီသို့ ဦးတည်သည့် ခြေလှမ်းတစ်ရပ်" အဖြစ် ရှုမြင်မည်ဖြစ်ပြီး၊ ၎င်းလုပ်ဆောင်ချက်သည် လက်ရှိပြုလုပ်နေသော ညှိနှိုင်းမှုများကို ထိခိုက်ပျက်ပြားစေလိမ့်မည် ဖြစ်သည်။ - (အီရန်) News Of Myanmar NOM

စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန် နိုင်ငံ့သား
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသတစ်ဝိုက်ရှိ AA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီ ရယူနိုင်ခဲ့သော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ ဘင်ခရာနှင့် ပန်းဖွားအကများ၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ဒါက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံးပြီး ထုတ်ပြန်ချက်ဖြစ်ပါတယ် "ကျွန်ုပ်သည် အစ္စရေးဝန်ကြီးချ
ဒါက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံးပြီး ထုတ်ပြန်ချက်ဖြစ်ပါတယ် "ကျွန်ုပ်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ သူ၏ ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အလွန်ကောင်းမွန်သော တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပြီး ကျွန်ုပ်တို့ နှစ်နိုင်ငံအကြားရှိ ကြီးမားလှသော ဆက်ဆံရေးမှာလည်း ဆက်လက် တည်ရှိနေပါသည်။ သဘောတူညီချက်တစ်ခု ရနိုင်၊ မရနိုင်ဆိုသည်ကို သိရှိနိုင်ရန် အီရန် နှင့် ညှိနှိုင်းမှုများ ဆက်လက်လုပ် ဆောင်ရန် ကျွန်ုပ်ဘက်မှ တောင်းဆိုခဲ့သည်မှအပ အခြားအတည်ပြုနိုင်သည့် ဆုံးဖြတ်ချက် တစ်စုံတစ် ရာ မရရှိသေးပါ။ အကယ်၍ သဘောတူညီချက် ရရှိနိုင်ပါက ၎င်းမှာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း ဝန်ကြီးချုပ်အား ကျွန်ုပ် အသိပေးခဲ့သည်။ အကယ်၍ မရရှိနိုင်ပါက မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်ကမူ အီရန်သည် သဘောတူညီချက် မယူဘဲနေခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် အမေရိကန်တို့​၏ Midnight Hammer စစ်ဆင်ရေးဒဏ်ကိုခံခဲ့ရသည် - ၎င်း (အီရန်) မှာ သူတို့အတွက် အဆင်မပြေခဲ့ပါ။ ယခုတစ်ကြိမ်တွင်မူ သူတို့အနေဖြင့် ပိုမို ကျိုးကြောင်းဆီလျော်ပြီး တာဝန်ယူမှုရှိလာလိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် ဂါဇာဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတခွင်တွင် ရရှိနေသော ကြီးမားသည့် တိုးတက်မှုများအကြောင်းကိုလည်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် အမှန်တကယ်ပင် ငြိမ်းချမ်းရေး ရရှိနေပြီ ဖြစ်သည်။ ဤကိစ္စကို အလေးထား ဂရုစိုက် ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။" သမ္မတ ဒေါ်နယ် ဂျေ ထရမ့် News Of Myanmar NOM

ရန်ကုန်ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်‌ေလးရက်တိုင် ကျင်းပမည် NOM၊ဖေဖော်ဝါရီ ၁၂ ၊၂၀၂၆ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အ
ရန်ကုန်ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်‌ေလးရက်တိုင် ကျင်းပမည် NOM၊ဖေဖော်ဝါရီ ၁၂ ၊၂၀၂၆ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာသည့်ဧည့်သည်‌တော်များသည် ခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်ထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်း နှင့် MSME ဈေးရောင်းခန်းများ စုစုပေါင်း ၃၅၀ပါဝင်ကြောင်း သိရသည်။

🇮🇷🇺🇸⛴အီရန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း ဖိအားပေးမှု မြှင့်တင်ရန် အတွက် အနောက်အာရှသို့ ဒုတိယမြောက် လေယာဉ်တင်သ
🇮🇷🇺🇸⛴အီရန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း ဖိအားပေးမှု မြှင့်တင်ရန် အတွက် အနောက်အာရှသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုစေလွှတ်ရန် ပင်တဂွန်စစ်ဌာနချုပ်က ပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။ သို့သော်လည်း သမ္မတ ထရမ့်အနေဖြင့် တရားဝင်အမိန့်ကို လက်မှတ် ရေးထိုးခြင်း မရှိသေးဘဲ လာမည့် နာရီပိုင်းအတွင်း ဆုံးဖြတ်ချက် ချမှတ်ဖွယ်ရှိသည်။ အဆိုပါ စေလွှတ်ရန်အတွက် အလားအလာအရှိဆုံးမှာ USS George H.W. Bush သင်္ဘောဖြစ်ပြီး အကယ်၍ စေလွှတ်ဖြစ်ခဲ့ပါက လက်ရှိရှိနေသော USS Abraham Lincoln နှင့် ပူးပေါင်းမည်ဖြစ်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ်၊ မတ်လနောက်ပိုင်း ထိုဒေသအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်း တစ်ပြိုင်နက်တည်း ပထမဆုံးအကြိမ် လှုပ်ရှားမှုလည်း ဖြစ်လာမည်ဖြစ်သည်။ News Of Myanmar NOM

သမ္မတ ထရမ့်သည် အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများထ
သမ္မတ ထရမ့်သည် အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများထံမှ ဦးစားပေးဝယ်ယူရန် အမေရိကန် စစ်ဌာန (Department of War) ကို ညွှန်ကြားသည့် အမိန့်ဒီကရီတစ်ရပ်အား လက်မှတ်ရေးထိုးလိုက်သည်။ News Of Myanmar NOM

အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက် (USMCA) မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် (Trump) စဉ်းစားနေကြောင်း Bloomberg ဖော
အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက် (USMCA) မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် (Trump) စဉ်းစားနေကြောင်း Bloomberg ဖော်ပြ သမ္မတ ထရမ့်ဟာ အဆိုပါ ကုန်သွယ်ရေးစာချုပ်ကနေ သူ ဘာကြောင့် "နုတ်မထွက်သင့်သလဲ" ဆိုတာကို အိမ်ဖြူတော် တာဝန်ရှိသူတွေကို သီးသန့် မေးမြန်းနေပါတယ်။ ဒီကုန်သွယ်ရေးစာချုပ်ဟာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင်မှာ မဖြစ်မနေ ပြန်လည်သုံးသပ်ရမယ့် သတ်မှတ်ချက်ရှိနေပါတယ်။ News Of Myanmar NOM

Repost from NOM
ကျူးဘားမှာ အစိုးရအပြောင်းအလဲဖြစ်လာဖို့အတွက် ရေနံထောက်ပံ့မှုကို ပိတ်ဆို့ဖို့ ထရမ့်က စဉ်းစားနေချိန်မှာ ရုရှားက လူသားချင်းစာနာထေ
ကျူးဘားမှာ အစိုးရအပြောင်းအလဲဖြစ်လာဖို့အတွက် ရေနံထောက်ပံ့မှုကို ပိတ်ဆို့ဖို့ ထရမ့်က စဉ်းစားနေချိန်မှာ ရုရှားက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကျူးဘားကို ရေနံထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ တင်းကျပ်လာမှုကြောင့် ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုက ပြင်းထန်လာပြီး ရုရှားဘက်က ဒီလိုမျိုး ကူညီမယ်လို့ ပြောဆိုခဲ့ကာ မကြာခင် တင်ပို့နိုင်မယ်လို့ ကျူးဘားဆိုင်ရာ ရုရှားသံရုံးက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM