en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 491 subscribers, ranking 15 995 in the News & Media category and 10 066 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 491 subscribers.

According to the latest data from 25 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -245 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 10.08%. Within the first 24 hours after publication, content typically collects 5.41% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 259 views. Within the first day, a publication typically gains 676 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 26 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 491
Subscribers
-724 hours
-427 days
-24530 days
Posts Archive
photo content

photo content

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ် NOM၊မတ်၁၉၊၂၀၂၆ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ် လိုက်ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။ ယနေ့မတ် ၁၉ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ငွေဒဏ် ကျပ်ငါးသိန်းလည်း ချမှတ်ခံရကြောင်း သိရသည်။ ပြည်တွင်းရွှေစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဒုဥက္ကဌ(၁)နှင့် အတွင်းရေးမှူးတို့ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ချာလီကာ့ခ်ကိုလုပ်ကြံမှုနောက်တွင်အစ္စျရးရှိနေ NOM အမေရိကန်ကွန်ဆာဗေးတစ်နိုင်ငံရေးသုံးသပ်သူချာလီကာ့ခ်ကိုယူတားတက္ကသိုလ်တွင်ဟောပြောစဉ်လုပ်ကြံသတ်ဖြတ်မှု၏နောက်ကွယ်၌အစ္စရေးရှိကြောင်း၊အဘယ်ကြောင့်ဆိုသော်ချာလီကာ့ခ်သည်အစ္စရေးအတွက်အမေရိကန်ကအီရန်ကိုတိုက်ခိုက်မည်ကိုအစဉ်တစ်စိုက်ကန့် ကွက်နေသောကြောင့်ဟုအလုပ်မှနှုတ်ထွက်သွား သောအမေရိကန်၏တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲဂျိုးကင့်ကရုပ်သံအင်တာဗျူးတွင်ပြောလိုက်သည်။

photo content

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်အလွန်အရေးကြီးဟု ယာယီသမ္မတပြော သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည
+6
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်အလွန်အရေးကြီးဟု ယာယီသမ္မတပြော သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှသည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။ ယနေ့ မတ် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့သို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှ သဝဏ်လွှာပေးပို့ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

ဥပဒေပြုရေးမဏ္ဍိုင်သည် လွတ်တော်၏ အဓိကတာဝန် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ ဌဦးခင်ရီပြော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးမ
ဥပဒေပြုရေးမဏ္ဍိုင်သည် လွတ်တော်၏ အဓိကတာဝန် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ ဌဦးခင်ရီပြော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မတ် ၁၆ ရက် နံနက်ပိုင်းက စတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အချုပ်အခြာမဏ္ဍိုင် (၃) ရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်ဟာ လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီကပြောသည်။ ထို့ပြင် နိုင်ငံတော်အာဏာမဏ္ဍိုင် (၃) ရပ်ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရမည်ဖြစ်ကာ ပြည်သူကိုကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်ရမည်ဟု ပြောသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်တင်ပြခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ကိုလည်းဆောင်ရွက်ကြရမည်ဟုပြောသည်။ NOM

ဥပဒေပြုရေးမဏ္ဍိုင်သည် လွတ်တော်၏အဓိကတာဝန် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးခင်ရီပြော NOM ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏အဓိကတာဝန်ဖြစ်သည်ဟု ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌဦးခင်ရီက မတ် ၁၆ ရက်နံနက်ပိုင်းကစတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အချုပ်အ ခြာမဏ္ဍိုင်(၃)ရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်ဟာ လွှတ် တော်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။ ထို့ပြင် နိုင်ငံတော်အာဏာမဏ္ဍိုင်(၃)ရပ်ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုရမည်ဖြစ်ကာ ပြည်သူကိုကိုယ် စားပြုခြင်းကိုလည်းဆောင်ရွက်ရမည်ဟု ပြောသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်တင်ပြခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ကိုလည်းဆောင် ရွက်ကြရမည်ဟု ပြောသည်။

photo content

အီရန်ရဲ့ ဒုံးကျည်ထိမှန်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ (Riyadh
+2
အီရန်ရဲ့ ဒုံးကျည်ထိမှန်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ (Riyadh) ရှိ ARAMCO ရေနံချက်စက်ရုံနဲ့မျက်နှာချင်းဆိုင်က စက်မှုဇုန်နယ်မြေမှာ မီးလောင်မှုကြီးတွေ ဖြစ်ပွား။ NOM

မန္တလေးတွင် PDF ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွ
+9
မန္တလေးတွင် PDF  ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၄၅၃) ဦးနှင့် အမျိုးသမီး (၅၃) ဦး၊ စုစုပေါင်း ၅၀၆ ဦးတို့သည် သေနတ် ၇၈ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် အဆမတန် ပိုမိုများပြ
အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် အဆမတန် ပိုမိုများပြားနေ ဂျာမနီအခြေစိုက် အမေရိကန်သူနာပြုတစ်ဦးက အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် 'အဆမတန် ပိုမိုများပြားနေတယ်' လို့ AF Post သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သေဆုံးမှုနှုန်းထားတွေကို AF Post အနေဖြင့် အတည်မပြုနိုင်သေးပေမဲ့ ဒဏ်ရာရရှိသူ ရာနဲ့ချီရှိနေကြောင်း သတင်းရရှိထားပြီး အမေရိကန်က ကိန်းဂဏန်းတွေကို တမင် 'ဖုံးကွယ်' ထားတာကြောင့်မျိုး မဟုတ်ဘဲ သတင်းစီးဆင်းမှုအတွင်းမှာ အဆိုပါ လူပေါင်းရာနဲ့ချီတဲ့ အရေအတွက်ဟာ လူအများသတိမထားမိဘဲ (ဒါမှမဟုတ်) သတင်းတွေထဲမှာ ထင်ထင်ရှားရှားမပါဘဲ လွတ်ထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ NOM

အဘူဒါဘီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အဘူဒါဘီရှိ ဟပ်ရှ်ရှန် Habshan ဓာတ်ငွေ့လုပ်ငန်းစုနဲ့ Bab ကွင်းက ဓာတ်ငွေ့အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ NOM

ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ဘာဘေးဒိုးစနိုင်ငံ (Barbados) အလံလွှင့်ထူထားပြီး ရေနံတန်ချိန် ၁၆၀,၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောကြီးကို ဟန့်တားခဲ့ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းခဲ့ပါတယ်။ NOM

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ်ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဂျပန်အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက 'အီရန်ကိုတော့ ရှုတ်ချပြီး အမေရိကန်နဲ့ အစ္စရေးကိုကျ ဘာလို့မရှုတ်ချတာလဲ' လို့ မေးမြန်းတဲ့အခါ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 'ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မကြာခင်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဖို့ရှိလို့ပါ။ ဒါပါပဲ။' — အဲဒီနောက် သူမဟာ ပုခုံးတွန့်ပြပြီး စင်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။ 🤦‍♂️ NOM

🚨- လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကစပြီး အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် အိုမန်ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိုမန်ရေနံညွှန်းကိန်း (Oman oil index) ဟာ ကမ္ဘာ့အကြီးဆုံး ရေနံဝယ်ယူသူတွေထံ ရောင်းချတဲ့ ရေနံစိမ်းအမျိုးအစား (Heavy crude oil) အတွက် အဓိကစံနှုန်းတစ်ခုဖြစ်ပြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရေနံချက်စက်ရုံ အတော်များများဟာ ဒီညွှန်းကိန်းကို အခြေခံပြီး သတ်မှတ်အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်ပါတယ်။ NOM

အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် စတော့ဈေးကွက်များ ထိုးဆင်းသွားခဲ့ပြီး၊ လွန်ခဲ့
အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် စတော့ဈေးကွက်များ ထိုးဆင်းသွားခဲ့ပြီး၊ လွန်ခဲ့သည့် နာရီပိုင်းအတွင်းမှာပင် စုစုပေါင်း ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံ ခန့် ဆုံးရှုံးသွားခဲ့သည်။ NOM

+1
လွန်ခဲ့သော နာရီအနည်းငယ်က ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့ရည် (gas condensate) စက်ရုံ တည်ရှိရာ ကာတာနိုင်ငံ၏ ရက်စ်လာဖန် (Ras Laffan) စက်မှုဇုန်နှင့် လာဖန် ရေနံချက်စက်ရုံတို့ကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံး ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ အီရန်အစိုးရနှင့် နီးစပ်သော သတင်းဌာနက ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ရက်စ်လာဖန် စက်မှုဇုန်အတွင်းရှိ အဓိက သန့်စင်ထုတ်လုပ်ရေး ယူနစ်တစ်ခု တိုက်ရိုက်ထိမှန်ထားသည်ကို တွေ့ရသည်။ အဆိုပါ နေရာမှ မည်းနက်သော မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို ဂြိုဟ်တုမှ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ရက်စ်လာဖန်သည် ကာတာ၏ အဓိက စွမ်းအင်ဗဟိုချက်ဖြစ်ပါသည်။ လက်ရှိ တိုက်ခိုက်မှုကြောင့် စက်ရုံ၏ အစိတ်အပိုင်း အတော်များများတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်းသတင်းများကဆိုသည်။ အီရန်ဘက်က ၎င်းတို့၏ တောင်ပိုင်းပါ့စ် (South Pars) ဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရမှုအတွက် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" (Eye for an Eye) မူဝါဒဖြင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ NOM

အီရန်ဒုံးကျည်တစ်စင်းသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ ၎င်း၏ပစ်မှတ်ကို ထိမှန်ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး တောင်ပိုင်းပါ့စ် (Southern Pars) သဘာဝဓာတ်ငွေ့လုပ်ငန်းစုကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ အီရန်သည် အာရပ်နိုင်ငံများရှိ အမေရိကန် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်သည်။ NOM