en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 412 subscribers, ranking 15 966 in the News & Media category and 10 118 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 412 subscribers.

According to the latest data from 08 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -223 over the last 30 days and by -13 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.65%. Within the first 24 hours after publication, content typically collects 6.02% reactions from the total number of subscribers.
  • Post reach: On average, each post receives 950 views. Within the first day, a publication typically gains 747 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 09 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 412
Subscribers
-1324 hours
-677 days
-22330 days
Posts Archive
ပြည်ကြီးတံခွန်မြို့နယ် KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲ ဓါးပြတိုက်ခံရ NOM၊မတ်၁၃၊၂၀၂၆ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက် ၁၃၄နဲ့ ၁၃၅ ကြား ရန်ကုန် - မန္တလေးလမ်းမပေါ် အမှတ် ၄၂ KBZ ဘဏ်ခွဲ(စက်မှုပန်းခြံ)အားမတ် ၁၃ ရက်နေ့ ည​နေ ၃ နာရီ ၁၅ မိနစ်ကဓားပြတိုက်သွား ကြောင်းသိရသည်။ အဆိုပါဓားပြနှစ်ဦးသည်Scopyiအမဲရောင်နှင့်ဂျင်းဘောင်းဘီ အပြာရောင် အကျီးဖလံထည် ဝတ်ထားကာသေနတ်နှစ်လက်ဖြင့်ခြိမ်းခြောက်ပြီးဆာလာအိတ် နှစ် အိတ် ဖြင့် ငွေများယူဆောင်သွားကြောင်း သိရသည်။ အဆိုပါဘဏ်သည်၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ၁၂ နာရီကလည်းငွေကျပ် သိန်းတထောင့်ရှစ်ရာ နီးပါး ဓားပြတိုက်ခံရဘူး‌ကြောင်းသိရသည်။

အစ္စရေးနိုင်ငံတွင် ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထား အစ္စရေးနိုင်ငံ၊ ဘတ်ရမ်း Bat Yam မြို့ရှိ
+1
အစ္စရေးနိုင်ငံတွင် ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင် ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထား အစ္စရေးနိုင်ငံ၊ ဘတ်ရမ်း Bat Yam မြို့ရှိ အများပြည်သူသုံး ဗုံးခိုကျင်းတစ်ခုအတွင်း တရားမဝင်ပြည့်တန်ဆာဂေဟာတစ်ခု ဖွင့်လှစ်ထားကြောင်း အာဏာပိုင်များက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ သတိပေးအချက်ပေးသံများ မြည်လာသည့်အချိန်တိုင်း အဆိုပါ ဗုံးခိုကျင်းတံခါးမှာ ထပ်ခါတလဲလဲ ပိတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာတွင် နိုင်ငံခြားသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ NOM

နိုင်ငံပေါင်းချုပ်အသင်းကြီးထက်သိက္ခာပိုမဲ့တဲ့ကုလသမဂ္ဂ NOM ဒုတိယကမ္ဘာစစ်မစတင်မီနာဇီဂျာမနီသည်နိုင်ငံပေါင်းချုပ်အသင်းကြီးကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်မထင်ပဲတစ်နိုင်ငံပြီးတစ်နိုင်ငံကျူးကျော်သိမ်းပိုက်ရာမှဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွါးခဲ့သည်။နိုင်ငံပေါင်းချုပ်အသင်းကြီးသည်နာဇီဂျာမနီသောင်းကျန်းသမျှကိုမတားဆီးနိုင်ပဲငုတ်တုတ်ထိုင်ကြည့်ခဲ့ရသည်။ ယခုလည်းအမေရိကန်သည်သူနှင့်မည်သို့မှလည်းမပတ်သက်၊သူ့နိုင်ငံကိုလည်းခြိမ်းခြောက်နိုင်စွမ်းမရှိသောအချုပ်အချာအာဏာပိုင်အီရန်ကိုဆွေးနွေးပွဲကျင်းပနေစဉ်အလစ်ချောင်းပြီးစတင်တိုက်ခိုက်ခဲ့သည်။နာဇီဂျာမနီထက်ဆိုးသည်မှာအမေရိကန်နှင့်အစ္စရေးသည်စစ်ရေးပစ်မှတ်မဟုတ် သောစာသင်ကျောင်းများ၊ကျန်းမာရေးအဆောက်အဦများ၊လူနေရပ်ကွက်များ၊စွမ်းအင်အခြေခံအဆောက်အအုံများကိုပါရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းဖြစ်သည်။ထိုသို့တိုက်ခိုက်လာသည့်အတွက်အီရန်ကလည်းသူ့နိုင်ငံပတ်လည်အရှေ့အလယ်ပိုင်းနိုင်ငံများရှိအမေရိကန်စစ်စခန်းများကိုလက်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။ကုလသမဂ္ဂကချမှတ်ထားသောနိုင်ငံတကာဥပဒေများကိုချိုးဖောက်ပြီးအမေရိကန်ကအီရန်ကိုတိုက်ခိုက်စဉ်ကအ အကြီးများသဖွယ်ပါးစပ်ပိတ်နေသောကုလသမဂ္ဂလုံခြုံရေးကောင်စီသည်အီရန်ကအရှေ့အလယ်ပိုင်းရှိအမေရိကန်စစ်စခန်းများကိုတိုက်သည့်အချိန်ရောက်မှအီရန်ကိုပြစ်တင်ရှုံ့ချကြောင်းကြေညာလိုက်ခြင်းဖြင့်ကုလသမဂ္ဂ၏မျက်နှာကြီးရာဟင်းဖတ်ပါဘက်လိုက်သည့်အမူအကျင့်က်ုတကမ္ဘာလုံးကသိရှိသွားပြီဖြစ်သလိုကုလသမဂ္ဂသည်ကမ္ဘာ့အ ရေးအရာများတွင်အာဏာမရှိပဲအင်အားကြီးနိုင်ငံတို့အလိုကျကြေညာပေးနေသောဂုဏိသိက္ခာမဲ့သည်အဖွဲ့အစည်းဟုကမ္ဘာကသတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်သည်။

ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသောလက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့ မတ် ၁၃၊ ၂၀၂၆
ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြတ်တောက်သွားသောလက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့ မတ် ၁၃၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၃၀၀)ဆံ့ ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ပြတ်တောက်ထိခိုက်သွားသည့် ဝဲလက်မကို ‌ယာဘက်ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အဖွဲ့မှ ကျွမ်းကျင်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကံကြီးရွာမှ ဦးသန့်ဇင်ဦး အသက် (၃၃)နှစ်သည် ရိတ်ခြွေစက်ပြင်နေစဉ် မူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်မိသဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် မြန်အောင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွှဲပြောင်းခဲ့ကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့သည်။ ထိုနောက် ပြတ်တောက်ထိခိုက်သွားသော ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အစားထိုး ရွေ့ပြောင်းခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သည့်အဖွဲ့က မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ ခွဲစိတ်ကုသပြီး (၈)ရက်မြောက်နေ့ မတ် ၁၂ ရက်မှာပင် အစားထိုးလက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေမှာရှိကြောင်း သိရသည်။ ပြတ်တောက်သွားသည့်လက်အား ‌ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသမှုကို ပထမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ NOM

ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်ကို ဘောလုံးကစားခွင့် ခြောက်လနှင့် ငွေဒဏ်ကျပ်သိန်း ၃၀ ချမှတ် NOM၊မတ်၁၃၊၂၀၂၆ ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် သန်လျင်မြို့ရှိ သီဟဒီပကွင်း၌ မတ် ၁၀ ရက်ကကျင်းပခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းတို့ပွဲစဥ်တွင်ပွဲ ကြည့်စင်ပေါ်ရှိ ပရိသတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိ လက်ရောက်ထိပါးခဲ့သည့်အတွက်ဘောလုံးကစားခွင့် ခြောက်လနှင့် ငွေဒဏ်ကျပ်သိန်း ၃၀ ချမှတ် လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကိုကျော်လွန်၍ ပြုမူလုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေး မူပြဌာန်းချက်များအရ အရေး ယူခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလားတူ အဆိုပါ ပွဲစဉ်ကိုကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်၊ပြိုင်ပွဲကြီးကြပ်နှင့်ဒိုင်ကြီးကြပ်တို့ကိုလည်းအနီးကပ်ဆုံး ပြိုင်ပွဲ သုံးပွဲကို တာဝန်ချထားခြင်းမပြုရန် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို BWM အကြမ်းဖက် အဖွဲ့က ၁၀၇ မမ ရှော့တိုက် ဒုံး ၁၈ လုံးဖြင့် ပစ
တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို BWM အကြမ်းဖက် အဖွဲ့က ၁၀၇ မမ ရှော့တိုက် ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုကာ ဝါဒဖြန့်ချိလျက်ရှိ မတ် ၁၃၊ ၂၀၂၆ NOM

+2
အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသ၊ အာဘေးလ်ပြည်နယ်ရှိ ဘာဇာနီမိသားစု ပိုင်ဆိုင်သည့် လာနက်ဇ် Lanaaz ရေနံကုမ္ပဏီတွင် မီးလောင်မှုဖြစ်ပွားပြီး မီးခိုးလုံးများ အလိပ်လိုက် တက်နေသည်ကို တွေ့ရသည်။ အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လိုအပ်သော လောင်စာဆီ တစ်စိတ်တစ်ပိုင်းကို အဆိုပါ ရေနံချက်စက်ရုံမှ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ NOM

ဂျပန်ဝန်ကြီးချုပ် တာကာအိချိ က ဟော်မုဇ် ရေလက်ကြားရှိ မိုင်းများအား ဖယ်ရှားရှင်းလင်းရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်မည်
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ က ဟော်မုဇ် ရေလက်ကြားရှိ မိုင်းများအား ဖယ်ရှားရှင်းလင်းရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ NOM

Photohub အပလီကေးရှင်းသည်လိမ်ညာရန်၊မိမိကိုယ် ရေးအချက်အလက်များကိုခိုးယူရန်၊ခြိမ်းခြောက်ငွေညှစ်ရန်ပြုလုပ်ထားသဖြင့် photohub link
Photohub အပလီကေးရှင်းသည်လိမ်ညာရန်၊မိမိကိုယ် ရေးအချက်အလက်များကိုခိုးယူရန်၊ခြိမ်းခြောက်ငွေညှစ်ရန်ပြုလုပ်ထားသဖြင့် photohub link ကိုလုံဇးဝမနှိပ်ရန်သက်ဆိုင်ရာမှသတိပေးထားသည်။

+3
အစ္စရေးနိုင်ငံ၊ ဇာဇီယာမြို့သို့ နောက်ထပ် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့သည်။ အစ္စရေးသတင်းဌာနများ၏ အဆိုအရ အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူဦးရေမှာ ၆၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။ NOM

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၉၄၆ ဦးရှိ NOM
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄,၉၄၆ ဦးရှိ NOM

အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေးဗဟိုဌာနကို ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ NOM
+3
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေးဗဟိုဌာနကို ဒရုန်းဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ NOM

ဗာဂျီးနီးယားပြည်နယ်၊ Old Dominion တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီး Brandon Shah
ဗာဂျီးနီးယားပြည်နယ်၊ Old Dominion တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူမှာ ဒုတိယဗိုလ်မှူးကြီး Brandon Shah ဖြစ်သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် သံသယရှိသူအဖြစ် Mohamed Jalloh ကို ဖမ်းဆီးခဲ့သည်။

အမေရိကန်နှင့်အစ္စရေးကအီရန်စာသင်ကျောင်းများအပေါ်ယုတ်မာစွာဗုံးကြဲတိုက်ခိုက်သဖြင့်ကလေးငယ်များသေဆုံးသည့်အပေါ်တီဟီရန်ရှိကုလရုံးရှေ
အမေရိကန်နှင့်အစ္စရေးကအီရန်စာသင်ကျောင်းများအပေါ်ယုတ်မာစွာဗုံးကြဲတိုက်ခိုက်သဖြင့်ကလေးငယ်များသေဆုံးသည့်အပေါ်တီဟီရန်ရှိကုလရုံးရှေ့တွင်ကလေးများဆန္ဒပြ

အမေရိကန်နှင့်အစ္စရေးတို့ကအီရန်စာသင်ကျောင်းများက်ုယုတ်မာစွာဗုံးကြဲတိုက်ခိုက်နေခြင်းအပေါ်တီဟီရန်ရှိကုလရုံးရှေ့တွင်ကလေးငယ်များဆန
+1
အမေရိကန်နှင့်အစ္စရေးတို့ကအီရန်စာသင်ကျောင်းများက်ုယုတ်မာစွာဗုံးကြဲတိုက်ခိုက်နေခြင်းအပေါ်တီဟီရန်ရှိကုလရုံးရှေ့တွင်ကလေးငယ်များဆန္ဒပြ

ဆော်ဒီရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုအား အီရန်ကတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် အမေရိကန်စစ်ဘက်ဆိုင်ရာအမှုထမ်း ၁၉ ဦးထိ
ဆော်ဒီရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုအား အီရန်ကတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် အမေရိကန်စစ်ဘက်ဆိုင်ရာအမှုထမ်း ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ NOM

🚨 Breaking အီရတ်နိုင်ငံတွင် အမေရိကန်စစ်တပ်မှ လောင်စာဖြည့်လေယာဉ်တစ်စီးပျက်ကျ၊ လေယာဉ်အမှုထမ်းအားလုံးသေဆုံး အမေရိကန် ဗဟိုစစ်ဌာန
🚨 Breaking အီရတ်နိုင်ငံတွင် အမေရိကန်စစ်တပ်မှ လောင်စာဖြည့်လေယာဉ်တစ်စီးပျက်ကျ၊ လေယာဉ်အမှုထမ်းအားလုံးသေဆုံး အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်- အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ၎င်းတို့၏ ကေစီ-၁၃၅ (KC-135) ဝေဟင်သုံး လောင်စာဖြည့်လေယာဉ်တစ်စီး အီရတ်နိုင်ငံတွင် ပျက်ကျခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အဆိုပါလေယာဉ်သည် အခြားလေယာဉ်တစ်စီးနှင့် မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျန်လေယာဉ်တစ်စီးမှာမူ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရတ်လက်နက်ကိုင်အဖွဲ့များ၏ ပြောကြားချက်- PMU နှင့် ဆက်နွှယ်နေသော အီရတ်မီဒီယာများကမူ အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ "မတော်တဆမှု" ဆိုသော ပြောကြားချက်ကို ငြင်းဆိုထားပြီး အဆိုပါ ကေစီ-၁၃၅ လေယာဉ်ကို အီရတ်တော်လှန်ရေးအင်အားစုများက ပစ်ချခဲ့ခြင်းဖြစ်ကြောင်းဖော်ပြနေကြသည်။ စီဘီအက်စ် သတင်းထောက်၏ ဖော်ပြချက်- စီဘီအက်စ် CBS သတင်းဌာနမှ သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ အခြားသော ကေစီ-၁၃၅ လေယာဉ်တစ်စီးမှာလည်း ထိမှန်မှုရှိခဲ့သော်လည်း အစ္စရေးနိုင်ငံတွင် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ သတင်းထောက်သည် ဖိအားပေးမှုများကြောင့် ၎င်း၏ လူမှုကွန်ရက်ပေါ်ရှိ ရေးသားချက်ကို နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချခဲ့ရသည်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အတည်ပြုချက်- အီရန်နိုင်ငံ ခါတမ် အယ်လ်-အန်ဘီယာ Khatam al-Anbiya လက်နက်ကိုင်တပ်ဖွဲ့ က အမေရိကန်လေတပ်မှ ကေစီ-၁၃၅ လောင်စာဖြည့်လေယာဉ်ကို အီရတ်အနောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါရှိသည့် အမှုထမ်းအားလုံး သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ NOM

🚨Breaking အီရတ်နိုင်ငံရှိ ပြင်သစ်-ပက်ရှ်မာဂါ ပူးတွဲစစ်အခြေစိုက်စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သား ၅
🚨Breaking အီရတ်နိုင်ငံရှိ ပြင်သစ်-ပက်ရှ်မာဂါ ပူးတွဲစစ်အခြေစိုက်စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သား ၅ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံး ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အီရတ်နိုင်ငံမြောက်ပိုင်း၊ အာဘေးလ် (Erbil) မြို့ရှိ ပြင်သစ်-ပက်ရှ်မာဂါ (French-Peshmerga) ပူးတွဲစစ်အခြေစိုက်စခန်းဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပြင်သစ်စစ်သည် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အီရတ်နိုင်ငံအတွင်းရှိ ခုခံတော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ အာဘေးလ်စစ်အခြေစိုက်စခန်းအတွင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသည့် ပြင်သစ်စစ်သည်များအနက် ၁ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ NOM

အီရန်ဘောလုံးအသင်းကို ထရမ့် သတိပေး "အီရန်အမျိုးသားဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ ကြိုဆိုပါတယ်
အီရန်ဘောလုံးအသင်းကို ထရမ့် သတိပေး "အီရန်အမျိုးသားဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဘေးကင်းလုံခြုံရေးအတွက် သူတို့ ဒီပြိုင်ပွဲမှာ ရှိနေတာဟာ သင့်တော်တယ်လို့ ကျွန်တော် တကယ်ပဲ မယုံကြည်ပါဘူး။" NOM

အီရတ်နိုင်ငံ မြောက်ပိုင်း၊ မာ့ခ်ျမူးရ် (Makhmur) ခရိုင်ရှိ အီရတ်စစ်တပ်၏ စစ်ဌာနချုပ်တစ်ခုကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရသည့် ရုပ်သံ ဗီဒီယို NOM