en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 379 subscribers, ranking 15 949 in the News & Media category and 10 127 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 379 subscribers.

According to the latest data from 12 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -219 over the last 30 days and by -14 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 8.12%. Within the first 24 hours after publication, content typically collects 5.53% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 005 views. Within the first day, a publication typically gains 684 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 14.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 13 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 379
Subscribers
-1424 hours
-587 days
-21930 days
Posts Archive
ပူတင်၏ရုရှားခရီးစဥ်ပြီးဆုံးပြီးရုရှားသို့ယနေ့ညပြန်လည်ထွက်ခွာသွားသည်။

Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM ဒီဇင်ဘာ ၅၊ ၂၀၂
ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM ဒီဇင်ဘာ ၅၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွေးအောင်နိုင် (၆၂) နှစ်သည် ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ပစ်ပေါက်ခြိမ်းခြောက်၍ အပြစ်မဲ့ပြည်သူများထံမှ နွားမလေးကောင်အားလုယက်ယူဆောင်သွား NOM ဒီဇင်ဘာ ၅၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာနေသူများဖြစ်ကြသည့် ဦးဆန်းဇော် (၃၃) နှစ်၊ ဦးဇော်မျိုးဝင်း (၃၅) နှစ်နှင့်ဦးစိုးထက်ဦး (၃၂) နှစ်တို့သည် ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ဦးဆန်းဇော်ပိုင်ဆိုင်သည့် နွားမ လေးကောင်အား ယာခင်းအနီးတွင် လွှတ်ကျောင်းထားခဲ့ရာ PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)ရောက်လာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ နွားမလေးကောင်အားလုယက် ယူဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဘာကီနာဖာဆိုနိုင်ငံတွင်စသ်အစိုးရကသေဒဏ်ပြန်လည်သတ်မှတ် NOM ဘာကီနာဖာဆိုနိုင်ငံရှိ ဗိုလ်ကြီးအီဗရာဟင်တာရာအို ၏ စစ်အစိုးရသည် သေဒဏ်ပြ
ဘာကီနာဖာဆိုနိုင်ငံတွင်စသ်အစိုးရကသေဒဏ်ပြန်လည်သတ်မှတ် NOM ဘာကီနာဖာဆိုနိုင်ငံရှိ ဗိုလ်ကြီးအီဗရာဟင်တာရာအို ၏ စစ်အစိုးရသည် သေဒဏ်ပြန်လည်အသက်သွင်းခဲ့ပြီး ' နိုင်ငံတော်သစ္စာဖောက်မှု'၊'အကြမ်းဖက်မှု' နှင့် 'လျှို့ဝှက်ချက်ခိုးယူမှု' တို့အတွက် ပြစ်ဒဏ်အဖြစ် ရေနှစ်သတ်သည့် ပြစ်မှုဆိုင်ရာအမိန့်သစ်တစ်ရပ်ကို အတည်ပြုခဲ့သည်။

ဝင့်သိင်္ဂီထွန်းနှင့်မေထက်လူတို့၏သွင်းဂိုးများဖြင့်ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲစဥ်တွင်မြန်မာအသင်းကဖိလစ်ပိုင်အသင်းကို(၂-၁)ဖြင့်အနိုင်ရ (မြန်မာအသင်း၏ဂိုးသွင်းချက်များဗီဒီယို)

မုံရွာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက နေအိမ်မှ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၅၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဒေါ်တင်တင်သန်း (၆၇) နှစ် သည် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး ဒေါ်တင်တင်သန်းအား နေအိမ်အတွင်းရှိလက်ကိုင်ဖုန်းနှစ်လုံးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

သဗ္ဗသုခ အလုံးစုံအခမဲ့နာရေးကူညီမှုအသင်းမှ Ambulance ကားအခက်ခဲကြောင့်ကူညီမှုများအား ခေတ္တရပ်နား NOM၊ဒီဇင်ဘာ၅၊၂၀၂၅ နေပြည်တော် ပု
သဗ္ဗသုခ အလုံးစုံအခမဲ့နာရေးကူညီမှုအသင်းမှ Ambulance ကားအခက်ခဲကြောင့်ကူညီမှုများအား ခေတ္တရပ်နား NOM၊ဒီဇင်ဘာ၅၊၂၀၂၅ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရှိသဗ္ဗသုခ အလုံးစုံအခမဲ့ နာရေးကူညီမှုအသင်းမှ Ambulance ကားအခက်ခဲကြောင့်ကူညီမှုများအား ယမန်နေ့(ဒီဇင်ဘာ၄ရက်)နေ့မှစပြီးခေတ္တနားထားမည်ဖြစ်ကြောင်းကိုအသင်း၏ လူမှုကွန်ယက်တွင်အသိ ပေးထားကြောင်းသိရသည်။ ယခုလိုအသင်းကြီးယာယီရပ်နားရခြင်းမှာဒီဇင်ဘာ၃ ရက်ညပိုင်းတွင် မကွေးတိုင်းအတွင်း မြို့နယ် နှစ်ခု သို့လူနာသွားရောက်ပို့ဆောင် ပြီးအပြန်ခရီးနေပြည်တော် ကံပြားမကွေးလမ်းပိုင်း မြို့သစ်မြို့နယ် ဘော့ကျေးရွာ မိုင်တိုင်၃၆/၃ တွင်ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့သောကြောင့်အသင်းပိုင်မော်တော်ယာဉ် (သဗ္ဗသုခ-၃ ၊သဗ္ဗသုခ-၆) Ambulance နှစ်စီးမှာကြီးမားစွာသော ပျက်ဆီးထိခိုက် မှုကြောင့် အသင်းတွင် လူနာသီးသန့်တင်ယာဉ် မရှိတော့သည့်အတွက် လူနာတင်ယာဉ်အကူအညီများအားယာယီရပ်နားခဲ့ကြောင်းသိရသည်။ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ယာဉ်ပေါ်ပါ အသင်းမှ စေတနာ့ဝန်ထမ်း နှစ်ဦးနှင့် အသင်းဥက္ကဌ တို့သည် အသက်အန္တရာယ် မစိုးရိမ်ရ သောထိခိုက်မှုများလည်းရ ရှိထားပြီး ဆေးကုသမှုခံယူနေကြောင်းသိရသည်။

အက်တာနက်ဝန်ဆောင်မှုပြုပြင်ခြင်းလုပ်ငန်းများ ဒီဇင်ဘာ ကုန်မှသာပြီးစီးမည်ဟုထုတ်ပြန် NOM၊ဒီဇင်ဘာ၅၊၂၀၂၅ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထား သည့် UMO ပင်လယ်ရေအောက် ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းပြုပြင်ခြင်းမှာ ဒီဇင်ဘာလကုန်ခန့်မှသာပြီးစီးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ  စင်ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ် ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်း ပြတ်တောက် မှုကြောင့် အင်တာနက်ဝန် ဆောင် မှု ရယူအသုံးပြုထားသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Internet Service Provider (ISP) များ၏ အင်တာနက်ဝန်ဆောင် မှုများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ဒီဇင်ဘာလကုန်ခန့်မှသာ အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ရောက်မည်ဖြစ်ကြောင်း လက်ရှိအင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်း များ ထပ်မံတိုးမြှင့် ချိတ်ဆက် အသုံးပြုထားခြင်းကြောင့် အင်တာနက်ဝန်ဆောင် မှုများအထိုက် အ လျောက် ပြန်လည်ကောင်းမွန်နေကြောင်းသိရသည်။

+1
ဒီဇင်ဘာလ၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အင်ဒိုနီးရှားနိုင်ငံဆုမတြားကျွန်းအနောက်ဖက်တွင်ရေလွှမ်းမိုးမှု​ကြောင့်သေဆုံးသူ၈၃၆ဦးအထိမြင့်တက်လာပြီးရာပေါင်းများစွာပျောက်ဆုံးဆဲဖြစ်သည်။(ဗီဒီယို) ၂။လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းယူကရိန်းစစ်ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်မည်ဟုအမေရိကန်ဒုသမ္မတကပြောသည်။ ၃။အစ္စရေးကိုပါဝင်ခွင့် ပေးသောကြောင့် အိုင်ယာလန်၊ စပိန်၊ နယ်သာလန်တို့က ယူရိုဗီးရှင်းသီချင်းပြိုင်ပွဲ၂၀၂၆ ကိုသပိတ်မှောက်ကြမည်။ ၄။ယူအေအီးနိုင်ငံကပံ့ပိုးထားသောကြေးစားစစ်တပ်ကယီမင်ရှိဆော်ဒီထောက်ပံ့ထားသည့်အစိုးရတပ်များထိန်းချုပ်ထားသည့်ရေနံမြေများကိုသိမ်းပိုက်လိုက်သည်။ ၅။ယူကရိန်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်ယူကရိန်းလွှတ် တော် ဒုဥက္ကဌ အန်နာစကိုရိုဟော့ကိုဒေါ်လာနှစ်သိန်းခွဲလာဘ်စားမှုဖြင့်စစ်ဆေးလျက်ရှိသည်။(ဓါတ်ပုံ)

၁၉လမ်းရွှေဇင်ရွှေဆိုင်ဓါးပြတိုက်ခံရ NOM၊ဒီဇင်ဘာ၅၊၂၀၂၅ ကျောက်တံတားခရိုင်၊လသာမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလလမ်း၊အမှတ် (၆၈၉)
၁၉လမ်းရွှေဇင်ရွှေဆိုင်ဓါးပြတိုက်ခံရ NOM၊ဒီဇင်ဘာ၅၊၂၀၂၅ ကျောက်တံတားခရိုင်၊လသာမြို့နယ်၊အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလလမ်း၊အမှတ် (၆၈၉)၊မြေညီထပ် ရွှေဇင်ရွှေဆိုင် ရှေ့လမ်းမပေါ်တွင်ဒီဇင် ဘာလ၅ရက်နံနက် ၉း၁၀နာရီအချိန်၌ကားပေါ်မှ ပစ္စည်များ ချနေစဉ် အမျိုးသားလူငယ် (၂)ဦးမှ ဆိုင်ကယ်ဖြင့်ရောက် လာပြီးသေနတ်ပြကာရွှေထုပ်(၁)ထုပ်(စီစစ်ဆဲ)နှင့် ငွေကျပ်သိန်းတစ်‌ထောင်ပါငွေထုပ်(၁)ထုပ်အား လုယူသွားကြောင်းသိရသည်။

Repost from NOM
ဂျာမနီအရှေ့ပိုင်းက Burg မြို့မှာ ပို့ဆောင်ရေးထရပ်ကားတစီးပေါ်က ဂျာမနီစစ်တပ်အတွက် ပေးပို့မယ့် ကျည်ဆန်တွေ ခိုးယူခံခဲ့ရပါတယ်။ ဘယ်
ဂျာမနီအရှေ့ပိုင်းက Burg မြို့မှာ ပို့ဆောင်ရေးထရပ်ကားတစီးပေါ်က ဂျာမနီစစ်တပ်အတွက် ပေးပို့မယ့် ကျည်ဆန်တွေ ခိုးယူခံခဲ့ရပါတယ်။ ဘယ်လောက်အထိ ခိုးယူခံရလဲဆိုတာကို တိတိကျကျ မပြောခဲ့ပေမယ့် သတင်းရင်းမြစ်တွေကတော့ ကျည်ဆန်ပေါင်း ၂၀၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အရပ်ဘက်သယ်ပို့ကုမ္ပဏီရဲ့ ယာဉ်မောင်းဟာ နိုဝင်ဘာ ၂၅ ရက်နေ့က သူတည်းခိုရာ ဟိုတယ်နဲ့အနီးက ကားပါကင်တခုမှာ ကားကိုထားခဲ့ပြီးနောက် ခိုးယူခံခဲ့ရတာပါ။ ဒီနောက် Clausewitz တပ်စခန်းဆီ ပို့ဆောင်ပေးခဲ့ပြီးနောက် ကျည်ဆန်တွေ ပျောက်ဆုံးတာကို သိရှိခဲ့ရတာပါ။ ပစ္စတိုကျည်ဆန်ကျည် ၁၀၀၀၀၊ ချေမှုန်းရေးရိုင်ဖယ်တွေအတွက် အသုံးပြုတဲ့ ကျည်ဆည် ၉၉၀၀၀ နဲ့ မီးခိုးဗုံးတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ NOM

Repost from NOM
Donbas ဒေသကနေ ယူကရိန်းတပ်တွေ အပြီးတိုင်ဆုတ်ခွာရမယ်လို့ ပူတင်က သတိပေးလိုက်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ရုရှားက အင်အားသုံးပြီး
Donbas ဒေသကနေ ယူကရိန်းတပ်တွေ အပြီးတိုင်ဆုတ်ခွာရမယ်လို့ ပူတင်က သတိပေးလိုက်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ရုရှားက အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူကရိန်းအနေနဲ့ ဆုတ်ခွာမလား၊ ရုရှားတိုက်ခိုက်တာကို ရင်ဆိုင်မလား ကြိုက်ရာရွေးဆိုတဲ့ သဘောမျိုးကို ပူတင်က ပြောဆိုခဲ့တာပါ။ ယူကရိန်းဟာ Donbas ဒေသရဲ့ ၁၅% ခန့်ကို ထိန်းချုပ်ထားပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးကတော့ နယ်မြေလွှဲပြောင်းပေးဖို့ကို အရင်ကတည်းက ငြင်းဆိုထားခဲ့ပါတယ်။ NOM

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦး‌ သေဆုံး၊တစ်ဦးဒါဏ်ရာရ NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၁၅၃/၃)နှင့် (၁၅၃/၄)ကြားတွင်ယနေ့ည‌ နေ၆း၄၅နာရီခန့်ကမော်လမြိုင်မှ ပဲခူးသို့ မောင်းနှင်းလာသည့် MITSUBISHI CANTER (၆)ဘီးယာဉ်သည် လမ်းဘေးတွင်ရပ်ထားသည့် NISSAN DISEL(၁၂)ဘီးယာဉ်အား အရှိန်လွန်ပြီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီ‌ရေးအသင်းမှသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် MITSUBISHI CANTER (၆)ဘီးယာဉ်၏ ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)နှင့် NISSAN DISEL(၁၂)ဘီးယာဉ်၏ ယာဉ်အကူ အမျိုးသားတစ်ဦး သေဆုံးကာ အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းက သထုံခရိုင်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိ NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်) နှင့် ငရုတ်သီး (အစို) များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း သက်ဆိုင် ရာမှ သိရှိရကြောင်း၊ အဆိုပါဖြစ်စဉ်အား စိစစ်ရာတွင် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး(အစို) များကို မြဝတီနယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီတစ်ခုတို့က တင်ပို့ခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းကြောင့် ထပ်မံပြီး ငရုတ်သီးတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် မတင်ပို့မီ ငရုတ်သီးနမူနာများကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ခရီးသွားအရပ်သားမော်တော်ယာဉ်တစ်စီးအားတားဆီးကာ မော်တော်ယာဉ်တစ်စီး၊ ငွေနှင့် ရွှေထည်ပစ္စည်းများအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၁၇ သိန်းခန့်အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင် NOM ဒီဇင်ဘာ ၄၊ ၂၀၂၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အရှေ့စုရပ်ကွက်နေ ဒေါ်အေးအေးခိုင် (၅၃) နှစ်သည် မိခင် ဖြစ်သူ ဒေါ်ခင်မြင့် (၇၅) နှစ်၊ ဟိုပင်မြို့၊ မြကျွန်းသာရပ်ကွက်နေ ညီမဝမ်းကွဲဖြစ်သူ ဒေါ်ငြိမ်းငြိမ်းအိ (၃၀) နှစ်တို့နှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အခိိန်၌ မြစ်ကြီးနားမြို့သို့ နန်းမား-ဟိုပင်လမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် လက်ပံတန်းကျေးရွာအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦးခန့်က မော်တော်ယာဉ်အား တားဆီး ရပ်တန့်ခိုင်းကာ ၎င်းတို့သုံးဦးအား ယာဉ်ပေါ်မှ ဆင်းခိုင်း၍ ယာဉ်ပေါ်ပါလာသည့်ငွေကျပ်သိန်း ၃၀၀ ခန့်၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၁ ကွင်း၊ ရွှေလက်စွပ် ၁ ကွင်း၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၁၇ သိန်းခန့်အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

+1
ဒီဇင်ဘာလ၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ခန်ယူနစ်မြို့ရှိပါလက်စတိုင်းဒုက္ခသည်များနေထိုင်ရာစစ်ဘေးရှောင်စခန်းကိုအစ္စရေးကလေကြောင်းမှတိုက်ခိုက်သဖြင့်ငါးဦးသေဆုံးပြီးအများအပြားဒဏ်ရာရသည်။(ဗီဒီယို) ၂။အမေရိကန်၏ဖိအားပေးမှုကြောင့်အီရတ်သည်ယီမင်ရှိအန်တာလူယာအဖွဲ့နှင့်လက်ဘနွန်ရှိဟဇ်ဘိုလာတို့ကိုအကြမ်းဖက်အဖြစ်ကြေညာလိုက်သည်။ ၃။တရားစွဲဆိုခံထားရသောအမေရိကန်အမျိုးသားလုံခြုံရေးပုဂ္ဂိုလ်ဟောင်းဂျွန်ဘိုလ်တန်ကထရမ့်ှယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်ကိုရီပတ်ဘလီကန်ပါတီဝင်များကန့်ကွက်ရန်တိုက်တွန်းလိုက်သည်။ ၄။အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘေနာမာရီယားလမ်းတစ်လျှောက် ပြင်းထန်သည့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးသွားခဲ့သည်။(ဗီဒီယို) ၅။ရုရှားသမ္မတပူတင်သည်အိန္ဒိယသို့တရားဝင်ချစ်ကြည်ရေးခရီးအတွက်ရောက်ရှိလာသည်။

စဉ့်ကိုင်မြို့နယ်တွင်အိမ်စီးကားနှင့် မီးရထားတိုက်မှုကြောင့် လူသုံးဦးသေဆုံး NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခ
စဉ့်ကိုင်မြို့နယ်တွင်အိမ်စီးကားနှင့် မီးရထားတိုက်မှုကြောင့် လူသုံးဦးသေဆုံး NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်ပတ်တားရွာအနီးတွင် ဒီဇင်ဘာ၃ရက်နံနက်၈နာရီကအိမ်စီးကားနှင့် မီးရထားတိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့‌ကြောင်းသိရသည်။ ဖြစ်စဉ်မှာအိမ်စီးကားကရထားလမ်း‌ပေါ်အတက်တွင်တိုက်မိကာယာဥ်‌ပေါ်ပါငါးဦးမှာ သုံးဦး သေဆုံးခဲ့၍နှစ်ဦးဒါဏ်ရရှိကာစဥ့်ကိုင်မြို့နယ်ဒေသခံပြည်သူများကကယ်ဆယ်‌ဆောင်ရွက်‌ပေးခဲ့ကြသည်။ သေဆုံးသူများနှင့်ဒါဏ်ရာရရှိသူများကိုစဉ့်ကိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပုသိမ်မြို့နယ်ပြည်သူ့ပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးမြင့်ဌေး ကွယ်လွန် NOM၊ဒီဇင်ဘာ၄၊၂၀၂၅ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်
ပုသိမ်မြို့နယ်ပြည်သူ့ပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးမြင့်ဌေး ကွယ်လွန် NOM၊ဒီဇင်ဘာ၄၊၂၀၂၅ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ပြည်သူ့ပါတီ တိုင်းဒေသကြီးFPTP ကိုယ်စား လှယ်လောင်း ဦးမြင့်ဌေးသည် ယမန်နေ့ဒီဇင်ဘာ၃ရက်နေ့ည၁၀နာရီ၂၀မိနစ်တွင် ၉၆ပါးသောဖြင့်ကွယ်လွန် သွားကြောင်း ပြည်သူ့ပါတီမှအသိပေးထားသည်။ ဦးမြင့်ဌေးသည်ပုသိမ်ထ-၁ ကျောင်း သားဟောင်းတစ်ဦးဖြစ် သည့်အပြင် ပုသိိမ်မြို့ရှိပဒုမ္မာလူမှုဖွံဖြိုးတိုးတက်ရေးအသင်းတွင်ဥက္ကဌဖြစ်ပြီးလက်ရှိတွင်လည်းလာမည့် ၂၀၂၅ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်ပြည်သူ့ပါတီမှတိုင်းဒေသကြီး FPTP ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံရန် မဲဆွယ်မှုများလည်းပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်းသိရသည်။