en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 496 subscribers, ranking 15 903 in the News & Media category and 10 062 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 496 subscribers.

According to the latest data from 28 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -221 over the last 30 days and by 14 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.54%. Within the first 24 hours after publication, content typically collects 6.70% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 192 views. Within the first day, a publication typically gains 837 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 29 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 496
Subscribers
+1424 hours
-97 days
-22130 days
Posts Archive
ဟော်မုဇ် ရေလက်ကြားကို စစ်မက်ဇုန်အဖြစ် အီရန်က သတ်မှတ်လိုက်ကြောင်း သတိပေးချက်ကို လျစ်လျူရှုခဲ့သည့် ရေနံတင်သင်္ဘော (၁၀) စီးထက်မန
ဟော်မုဇ် ရေလက်ကြားကို စစ်မက်ဇုန်အဖြစ် အီရန်က သတ်မှတ်လိုက်ကြောင်း သတိပေးချက်ကို လျစ်လျူရှုခဲ့သည့် ရေနံတင်သင်္ဘော (၁၀) စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်အရာရှိကြီးတစ်ဦးကို ကိုးကား၍ မီဟာ သတင်းဌာနက ဖော်ပြခဲ့သည်။ NOM

ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟုဆို ပေါ်လီတီကို မဂ္ဂဇင်း၏ ဖော်ပြချက်အရ ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟု ဆိုသည်။ ဂလိုဘယ်လစ် (Globalists) များ နှင့် အမေရိကန် ဒီမိုကရက်တစ်ပါတီတို့သည် ယခုအခြေအနေကို များစွာ ဝမ်းမြောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် ၎င်းတို့အတွက် အဖိုးတန်သော အခွင့်အရေးတစ်ရပ်ကို လက်ဆောင်အဖြစ် ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ အီရန်နှင့် ဖြစ်ပွားနေသော ယခုပဋိပက္ခသည် ရီပတ်ဘလီကန်ပါတီအတွက် ၂၀၂၆ ခုနှစ် နှင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲများတွင် အရေးနိမ့်သွားစေနိုင်သည့် အကြောင်းရင်း ဖြစ်လာနိုင်သည်။ ထို့ကြောင့် ထရမ့်နှင့် သူ၏ နောက်လိုက်များသည် ၎င်းတို့၏ မူလစီမံကိန်းများ ကျရှုံးသွားသည်ကို ဝန်မခံလိုကြဘဲ အခြေအနေကို ပိုမိုစွန့်စားရသည့် လုပ်ရပ်များဖြင့် တုံ့ပြန်လာနိုင်သည်။ ၎င်းတို့သည် မိမိတို့ရည်မှန်းချက် အထမြောက်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလာနိုင်ဖွယ်ရှိသည်။ တစ်ဖက်တွင်လည်း အီရန်သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် "ဟစ်ဇ်ဘိုလာ" အဖွဲ့သည်လည်း ဟိုင်ဖာ မြို့ကို ပစ်ခတ်ပြီးနောက် ယခုအခါ အစ္စရေးမြောက်ပိုင်းနှင့် ဂိုလန်ကုန်းမြင့် ဒေသများကိုပါ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ NOM

တပ်မတော်အရာရှိကြီးများအပြောင်းအလဲ(၃) NOM မတ် ၄၊ ၂၀၂၆ တပ်မ(၅၅)တပ်မမှူးအားစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊အ နောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိိုတြိဂံတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အထူးစစ်ဆင်ရေးအဖွဲ့မှူးအဖြစ်လည်းကောင်းပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။ NOM

ပါကစ္စတန်-အာဖဂန်စစ်ပွဲလည်းအရှိန်ကောင်းနေ NOM ခြောက်ရက်အတွင်းဝင်ရောက်လာသည့်ပါကစ္စတန်နှင့်အာဖဂန်တာလီဘန်တို့၏စစ်ပွဲသည်နယ်စပ်တစ်လ
ပါကစ္စတန်-အာဖဂန်စစ်ပွဲလည်းအရှိန်ကောင်းနေ NOM ခြောက်ရက်အတွင်းဝင်ရောက်လာသည့်ပါကစ္စတန်နှင့်အာဖဂန်တာလီဘန်တို့၏စစ်ပွဲသည်နယ်စပ်တစ်လျောက်တိုက်ပွဲများပြင်းထန်နေသလိုပါကစ္စတန်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့်အာဖဂန်၄၅ဦးသေဆုံးပြီးဖြစ်သည်။

တပ်မတော်အရာရှိကြီးများအပြောင်းအလဲ NOM၊မတ်၄၊၂၀၂၆ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကိုအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိိုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်လည်းကောင်းပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။

တပ်မတော်အရာရှိကြီးများအပြောင်းအလဲစတင် NOM၊မတ်၄၊၂၀၂၆ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ်ခန့်အပ်လိုက်ပြီးတပ်မတော်လေ့ကျင့်ရေးအရာရှီချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်အားစစ်ဖက်ျရးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။

🫡 🇮🇷 ပြည်သူများကို ဘေးလွှတ်ရာသို့ရွှေ့ပေးနိုင်မှသာ သူလည်းဘေးလွှတ်ရာသို့ရွှေ့မည်ဟု အီရန်ခေါင်းဆောင်ကြီးခါမေနီ က ပြောကြားခဲ့ ဗီဒီယိုဖိုင်ထဲက အီရန်ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ခေါင်းဆောင်ကြီး ခါမေနီနဲ့ပတ်သက်ပြီးခုလိုပြောကြားခဲ့ပါတယ်- "တကယ်တော့ အယာတိုလာ ခါမေနီဟာ သူ့ရဲ့ရုံးခန်းမှာ နေ့စဉ်ရှိနေခဲ့တာပါ။ လုံခြုံရေးအဖွဲ့က သူ့ကို လက်ရှိရုံးခန်းကနေ တခြားမြို့တစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ သူက ငြင်းဆိုခဲ့ပါတယ်။ သူက "အကယ်၍ သင်တို့အနေနဲ့ အီရန်ပြည်သူ သန်း ၉၀ လုံးကို တခြားမြို့တွေဆီ ပြောင်းရွှေ့ပေးနိုင်မယ်ဆိုမှ ကျွန်ုပ်လည်း ပြောင်းရွှေ့ပါ့မယ်" လို့ ပြောခဲ့ပါတယ်။ ဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ နောက်ပြီး သူ့အတွက် ဘေးကင်းလုံခြုံတဲ့ မြေအောက်ခန်းတစ်ခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းတဲ့အခါမှာလည်း "အကယ်၍ အီရန်ပြည်သူ သန်း ၉၀ လုံးအတွက် မြေအောက်ခန်းတွေ ဆောက်ပေးနိုင်မယ်ဆိုရင် ကျွန်ုပ်လည်း ပြည်သူတွေပြီးမှ အဲဒီမှာ နေပါ့မယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ရုံးခန်းနဲ့ နေအိမ်မှာပဲ ဆက်လက်ရှိနေခဲ့တာပါ။ အဲဒီနောက် မနက်ပိုင်းမှာတော့ ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေက သူ့ရဲ့ရုံးခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သူနဲ့အတူ ဇနီးဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ တူတော်မောင်အချို့ သေဆုံးသွားခဲ့ရပါတယ်" NOM

ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းအတွင်း အီရန်နိုင်ငံထုတ် ရှာဟစ်-၁၃၆ အသေခံဒရုန်းတစ်စင်း အောင်မြင်စွာ ထိမှန်ပေါက်ကွဲမှုဖြစ်ပွား NOM

ရှမ်းပြည်နယ်အတွင်း စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ မတ် ၄၊ ၂၀၂၆ ရှမ်းပြည်နယ
ရှမ်းပြည်နယ်အတွင်း စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ မတ် ၄၊ ၂၀၂၆ ရှမ်းပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်နိုင်သည့်ကောလဟာလများကြောင့် တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်းစသည့် မြို့များ၌ ရှိသည့် စက်သုံးဆီများအား အလုအယက်ဝယ်ယူခဲ့ကြသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းထံမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စနစ်တကျ စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းက စက်သုံးဆီအရောင်းဆိုင်များအတွက် အပတ်စဉ် PO တွေ ပုံမှန်ရရှိနေပြီး ၊ မတ်လ(၃)ရက်နေ့တွင် ဆီသယ်ဘောက်ဆာယာဉ် ၁၄ စီးအထိ ရောက်ရှိပြီး ကလော၊ အောင်ပန်း၊ တောင်ကြီးမြို့များတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အရှေ့အလယ်ပိုင်းဒေသက ဖြစ်စဉ်များကြောင့်လည်းကောင်း၊ မီဒီယာအချို့ရဲ့ ကောလဟာလ သတင်း ဖော်ပြမှုတွေအရ လည်းကောင်း စက်သုံးဆီ ပြတ်လပ်မှာကို စိတ်ပူပြီး၊ ဝယ်ယူသိုလှောင်ကြသည့်အတွက် အချို့ဆိုင်များတွင် စက်သုံးဆီပြတ်မသွားရအောင် ထိန်း၍ ရောင်းပေးနေခဲ့ရပါ‌ကြောင်း၊ ပုံမှန်ရောင်းနေကျထက် ‌‌ရောင်းအား နှစ်ဆကျော် သုံးဆလောက် တိုးရောင်းရသည့် အတွက် စက်သုံးဆီဆိုင်အချို့ ဆီပြတ်မလိုဖြစ်၍ မတ်လ (၃) ရက်နေ့ ညနေပိုင်းတွင် သီလဝါမှ ဆီကားများ ရောက်ရှိလာသည့်အတွက် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့များ၌ ဆီပြတ်တောက် မသွားနိုင်ပါကြောင်း၊ လိုအပ်ပါက ပုံမှန် Normal Po အပြင်၊ Urgent Po တွေပါပေးပြီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ စိုးရိမ်ရန်မလိုအပ်ကြောင်း၊ နွေရာသီအချိန်ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အတွက် စက်သုံးဆီများကို မလိုလားအပ်ဘဲ အိမ်များတွင် မသိုလှောင်ထားကြရန် လိုအပ်ကြောင်း သိရှိရသည်။ NOM

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြိုနယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း (၁) ဖွင့်ပွဲကျင်းပ မတ် ၃၊ ၂၀၂၆ (၆၄) နှစ်မ
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြိုနယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း (၁) ဖွင့်ပွဲကျင်းပ မတ် ၃၊ ၂၀၂၆ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း (၁) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါကုန်ထုတ်လမ်းသစ်ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာရှိ အိမ်ခြေ ၃၅၈ အိမ်၊ လူဦးရေ ၁၅၀၈ ဦးနှင့် စိုက်ပျိုးမြေ ၂၅၂ ဧကကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။ NOM

🗳 အီရန်အပေါ် သမ္မတ ထရမ့်၏ စစ်ရေးဆိုင်ရာလုပ်ဆောင်ချက်များကို ကန့်သတ်ရန် ဒီမိုကရက်တစ်ပါတီက တင်သွင်းထားသည့် "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်" (War Powers Resolution) ကို အထက်လွှတ်တော်တွင် ယနေ့ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီဘက်က ယင်းကို ပယ်ချလိမ့်မည်ဟု မျှော်လင့်ရသည်။ NOM

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ "Sberbank" ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ "Sberbank" ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ မတ် ၃၊ ၂၀၂၆ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုများအတွက် ငွေပေးချေမှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ငွေကြေးလွှဲပြောင်းမှုနည်းလမ်းများနှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ NOM

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲပြုလုပ် မတ် ၄၊ ၂၀၂၆ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၏ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခ ဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)မှ ပါမောက္ခ (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာသဇင်ခိုင်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာ မျိုးသန်းနှင့် ဆေးတက္ကသိုလ် (မကွေး) မှ ပါမောက္ခ/ ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာအောင်တို့ပါဝင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) (ငြိမ်း) ပါမောက္ခဒေါက်တာ ခင်သီတာသွင်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဒေါက်တာ ယဉ်ယဉ်မွန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့် ကျောက်ကပ်ဆေးကု) ဒေါက်တာကျော်ကျော်မျိုးတို့ ပါဝင်သော ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခ ဒေါက်တာ ကြည်ကြည်စန်းတို့ပါဝင်သော မေ့ဆေးပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (ရောဂါဗေဒ) ပါမောက္ခဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ (အဏုဇီဝ) ဒေါက်တာ ခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး(သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့ ပါဝင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့၊ သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ (ဓာတ်မှန်) ပါမောက္ခဒေါက်တာခိုင်ရွှေဝါ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ (ဓာတ်မှန်) ပါမောက္ခဒေါက်တာသဇင်သန်းတို့ ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ သူနာပြုအုပ် ဒေါ်ဝုန်ဆွင်းကျင်း၊ တာဝန်ခံသူနာပြုကြီး ဒေါ်မွန်ရည်ရည်ထွန်း၊ သူနာပြုကြီး ဒေါ်ခင်ထားဝင်း၊ ဒေါ်သက်ဆု၊ ဒေါ်အေးအေးမော်တို့ ဦးဆောင်သော ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသ ဆောင်သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။ ပုံမှန်ဆက်လက်ဆောင်ရွက် ယခုကဲ့သို့ ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်သဖြင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ ပုံမှန်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ NOM

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ထားသည့် လူနာများအား ကြည့်ရှုအားပေး မတ် ၃၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းကာ ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေးနှင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်ခဲ့သည်။ ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အခြေအနေနှင့် လူနာများ၏ ကျန်းမာရေးအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို လစဉ်အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် မှာကြားသည်။ ခွဲစိတ်ချိန် ခြောက်နာရီခွဲ ကြာမြင့် စတုတ္ထအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇမ္ဗူသီရိမြို့နယ် အသက် (၄၅) နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီးနှင့် ကျောက်ကပ်အလှူရှင် သားတော်စပ်သူ အသက် (၂၀)နှစ်ရှိ အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ခြောက်နာရီခွဲကြာမြင့်ခဲ့သည်။ ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပျော်ဘွယ်မြို့နယ်နေ အသက် (၃၄) နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသားနှင့် ကျောက်ကပ်အလှူရှင် အစ်မတော်စပ်သူ အသက် (၃၆) နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ငါးနာရီ ကြာမြင့်ခဲ့သည်။ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင် လေးဦးတို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာများအား အထူးကြပ်မတ်ကုသဆောင်တွင်လည်းကောင်း၊ ကျောက်ကပ်အလှူရှင်များအား ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသဌာနတွင်လည်းကောင်း ထားရှိကာ လိုအပ်သောကုသမှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျော
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ထားသည့် လူနာများအား ကြည့်ရှုအားပေး

အမေရိကန် အထက်လွှတ်တော်အမတ် အဲလစ်ဇဘတ် ဝါရင် (Elizabeth Warren) က အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အဆင့် အစည်းအဝေးတစ်ခုအပြီးမှာ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို အခုလို ပြောကြားသွားတာဖြစ်ပါတယ် - "ကျွန်မ အီရန်နဲ့ပတ်သက်တဲ့ လျှို့ဝှက်အဆင့် ရှင်းလင်းပွဲတစ်ခုကနေ အခုလေးတင် ထွက်လာတာပါ။ ကျွန်မတစ်ခုပဲ ပြောနိုင်ပါတယ်။ အခြေအနေက သင်တို့ထင်ထားတာထက် အများကြီး ပိုဆိုးပါတယ်။ သင်တို့ စိုးရိမ်နေကြတာဟာ တကယ်လည်း စိုးရိမ်စရာကောင်းလို့ပါ။ ထရမ့်အစိုးရမှာ အီရန်နဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိပါဘူး။ ဒီအကျိုးအမြတ်မရှိတဲ့ စစ်ပွဲဟာ မုသားတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး ကျွန်မတို့နိုင်ငံအပေါ် ဘယ်လိုမျိုး အရေးပေါ် ခြိမ်းခြောက်မှုမှမရှိဘဲနဲ့ စတင်ခဲ့တာပါ။ ဒေါ်နယ်ထရမ့်ဟာ အခုထိ ဒီစစ်ပွဲအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုမှ မပေးနိုင်သေးသလို စစ်ပွဲကို ဘယ်လို အဆုံးသတ်မလဲဆိုတဲ့ အစီအစဉ်လည်း သူ့မှာ မရှိပါဘူး။ သင်တို့အများစုလိုပဲ ကျွန်မ တကယ်ကို ဒေါသထွက်မိပါတယ်။ ဒေါ်နယ်ထရမ့် လုပ်ဆောင်နေတဲ့ အရာတွေအပေါ် ကျွန်မ ဒေါသထွက်သလို ဒီမလိုအပ်ဘဲဖြစ်နေတဲ့ ပဋိပက္ခကြားမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ကျွန်မတတ်နိုင်သမျှ ဆက်လက် ကြိုးစားသွားပါမယ်။" NOM

နိုင်ငံတကာကာတွန်းပညာရှင်များကအမေရိကန်သည်အစ္စရေးအလိုကျအီရန်ကိုတိုက်ခိုက်နေသည်ကိုသရုပ်ဖော်ထားသောကာတွန်းများ
+3
နိုင်ငံတကာကာတွန်းပညာရှင်များကအမေရိကန်သည်အစ္စရေးအလိုကျအီရန်ကိုတိုက်ခိုက်နေသည်ကိုသရုပ်ဖော်ထားသောကာတွန်းများ

အမေရိကန်နှင့်အစ္စရေးကအီရန်ကိုကျူးကျော်တိုက်ခိုက်ခြင်းသည်နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဟုဥပဒေပညာရှင်များပြော NOM လက်ရှိ နိုင်ငံတကာ ဥပဒေပညာရှင်များ၏ သုံးသပ်ချက်အရ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံကို စစ်ရေးအရ ချေမှုန်းတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတစ်ခုဖြစ်သည်။ ဤသုံးသပ်ချက်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ မိမိခံစစ်အခွင့်အရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် နိုင်ငံတကာ သံတမန်ရေး ကျင့်ဝတ်များကို အခြေခံထားခြင်းဖြစ်သည်။ အဓိက ဥပဒေရေးရာ ချိုးဖောက်မှုများ · ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ ၂(၄) ကို ချိုးဖောက်ခြင်း - ဤပုဒ်မသည် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေပိုင်နက်နှင့် နိုင်ငံရေး လွတ်လပ်မှုကို ဆန့်ကျင်သော အင်အားသုံးခြင်းကို တားမြစ်ထားသည် ။ ပစ်မှတ်နိုင်ငံ (အီရန်) သည် မည်သည့် လက်နက်ကိုင် ခြိမ်းခြောက်မှုမှ မပြုလုပ်ထားသောကြောင့် အဆိုပါ တိုက်ခိုက်မှုသည် ဤအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည် ။ · မိမိခံစစ် (Self-Defence) အတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်း - ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ ၅၁ အရ နိုင်ငံတစ်နိုင်ငံသည် လက်နက်ကိုင် ချေမှုန်းခြင်းခံရမှသာ မိမိခံစစ်ဆင်နွှဲပိုင်ခွင့်ရှိသည် ။ · ကြိုတင်ကာကွယ်သော စစ်ဆင်နွှဲခြင်း (Preventive War) သည် နိုင်ငံတကာဥပဒေတွင် အခြေအမြစ်မရှိပေ ။ · မျှော်မှန်းချေမှုန်းခြင်း (Anticipatory Self-Defence) ပင်လျှင် ခြိမ်းခြောက်မှုမှာ "ချက်ချင်း၊ လွှမ်းမိုးနိုင်၍ အခြားရွေးချယ်စရာ မရှိသော" အခြေအနေမျိုးတွင်သာ အကျုံးဝင်သည် (Caroline Doctrine) ။ · အီရန်သည် မည်သည့် ချက်ချင်းခြိမ်းခြောက်မှုမှ မပြုလုပ်ထားဘဲ၊ တိုက်ခိုက်ခံရချိန်တွင် ၎င်း၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် တက်ကြွစွာ ဆွေးနွေးညှိနှိုင်းနေချိန်ဖြစ်သည် ။ ထို့ကြောင့် မိမိခံစစ်ဟူသော အကြောင်းပြချက်သည် ခိုင်လုံမှုမရှိပေ ။ · သံတမန်ရေး ညှိနှိုင်းမှုအတွင်း တိုက်ခိုက်ခြင်း - ဂျီနီဗာတွင် အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲများ ပြုလုပ်နေဆဲ နာရီပိုင်းအလိုတွင် စတင်တိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ ၂(၂) ပါ ရိုးသားစွာ ဆောင်ရွက်ရမည့် သဘောတရား (principle of good faith) ကို ဖောက်ဖျက်ရာရောက်သည် ။ · အစိုးရဖြုတ်ချရေး ရည်မှန်းချက် - အမေရိကန်နှင့် အစ္စရေး ခေါင်းဆောင်များက အီရန်၏ "အစိုးရကို သိမ်းပိုက်ရန်" နှင့် "စစ်အုပ်စု ဖယ်ရှားရေး" စသည့် ရည်ရွယ်ချက်များ ထုတ်ဖော်ပြောဆိုခဲ့သည် ။ အင်အားသုံး၍ အစိုးရဖြုတ်ချခြင်းသည် နိုင်ငံအချုပ်အခြာအာဏာနှင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည် ။ · နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေ ချိုးဖောက်မှု - တိုက်ခိုက်မှုများအတွင်း မီနပ်ဘ် (Minab) မြို့ရှိ ကျောင်းတစ်ကျောင်း ပစ်မှတ်ထားခံရပြီး ကလေးငယ် အနည်းဆုံး ၁၆၅ ဦး သေဆုံးခဲ့ရသည် ။ အများစုမှာ အသက် ၇ နှစ်မှ ၁၂ နှစ်ကြား မိန်းကလေးငယ်များဖြစ်သည် ။ထို့အပြင်တီဟီရန်မြို့တော်ရှိဂန္ဓီဆေးရုံကိုတိုက်ခိုက်ခြင်း၊သမိုင်းဝင်ပြတိုက်ကိုဗုံးကြဲခြင်းတို့သည် အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် အချိုးအစားမမျှတသော အင်အားသုံးခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေကို ဖောက်ဖျက်ရာရောက်သည် ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ၏ သုံးသပ်ချက် · ဘင် ဆောလ် (Ben Saul) - ဆစ်ဒနီတက္ကသိုလ်မှ နိုင်ငံတကာဥပဒေ ပါမောက္ခနှင့် ကုလသမဂ္ဂ အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်က အဆိုပါ တိုက်ခိုက်မှုသည် "တရားမဝင် လက်နက်ကိုင် ချေမှုန်းခြင်း" ဖြစ်ပြီး "နိုင်ငံတကာ ရာဇဝတ်မှုဖြစ်သော ကျူးကျော်ခြင်း (crime of aggression) နှင့် ကိုက်ညီသည်" ဟု ပြောကြားခဲ့သည် ။ · အီမလီ ခရောဖို့ဒ် (Emily Crawford) - ဆစ်ဒနီတက္ကသိုလ်မှ နိုင်ငံတကာဥပဒေ ပါမောက္ခက အဆိုပါ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် အညီဖြစ်ရန် "ခပ်ဝေးဝေး မရှိသေး" ဟု သုံးသပ်ခဲ့သည် ။ · မာကို မီလန်နိုဗစ် (Marko Milanovic) - ရီးဒင်း (Reading) တက္ကသိုလ်မှ နိုင်ငံတကာဥပဒေ ပါမောက္ခက "တိုက်ခိုက်မှုများသည် ရှင်းလင်းစွာ တရားမဝင်ပါ" ဟု ပြောကြားခဲ့သည် ။ · နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) - ဤတိုက်ခိုက်မှုကို "ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း" အဖြစ် ရှုတ်ချခဲ့သည် ။ အချုပ်အားဖြင့် လက်ရှိ နိုင်ငံတကာ ဥပဒေပညာရှင်အများစု၏ သဘောထားမှာ အမေရိကန်နှင့် အစ္စရေး၏ အီရန်ကို တိုက်ခိုက်မှုသည် တရားဝင်သော မိမိခံစစ်အတွက် လိုအပ်ချက်များနှင့် မကိုက်ညီဘဲ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အင်အားသုံးခြင်းဆိုင်ရာ တားမြစ်ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။

လားရှိုး (၄-၃-၂၀၂၆) ဒီနေ့မနက် နားမခေါ်ဆီဆိုင်တန်းဘက် ဆီတန်းနေကြတာ မုခ်ဦးအထိရောက်နေပြီ ရှမ်းပြည်နယ်သတင်းစုံ