en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 481 subscribers, ranking 15 940 in the News & Media category and 10 072 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 481 subscribers.

According to the latest data from 30 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -219 over the last 30 days and by -6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.80%. Within the first 24 hours after publication, content typically collects 6.61% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 224 views. Within the first day, a publication typically gains 825 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 01 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 481
Subscribers
-624 hours
-117 days
-21930 days
Posts Archive
🇷🇺 ယူကရိန်းနိုင်ငံ စစ်မျက်နှာတစ်နေရာတွင်ရှိသော ရုရှားစစ်တပ်၏ မြေအောက်ကွပ်ကဲမှုဌာနတစ်ခုအား ရုရှားရုပ်သံဌာနမှ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖြစ်သည်။ ဆက်သွယ်ရေးဥမင်လိုဏ်ခေါင်းများအတွင်း ပစ်ကပ်ကားတစ်စီးပင် မောင်းနှင်သွားလာနိုင်သည့်အပြင် အဆိုပါမြေအောက်ကွပ်ကဲမှုဌာနအဆောက်အအုံကို လေကြောင်းမှကြဲသည့်ဗုံးများနှင့် ဟိုင်းမားစ် (HIMARS) ဒုံးကျည်များ တိုက်ရိုက်ထိမှန်မှုကို ခံနိုင်ရည်ရှိစေရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ NOM

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြ
+3
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာနေ ကိုပိုက်အောင် (၂၂) နှစ်သည် ရန်တောင်ကျေးရွာမှ ညောင်ဇင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် ရန်တောင်ကျေးရွာအထွက်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလားတူ နံနက် ၁၀ နာရီခွဲအချိန်၌ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်နေ ဦးကျော်မင်းစိုး (၃၉) နှစ် မောင်းနှင်ပြီး ဦးစောတေးတေးဖိုး (၃၀) နှစ်နှင့် ကိုခန့်ဇင်နိုင် (၂၃) နှစ်တို့လိုက်ပါလာသည့် (၆) ဘီးကုန်တင်ယာဉ်သည် ကြက်စာများတင်ဆောင်၍ ထားဝယ်မြို့နယ်မှ သရက်ချောင်းမြို့နယ်ဘက်သို့ ထွက်ခွာလာစဉ် သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့အင်အား (စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်မင်းစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစောတေးတေးဖိုးနှင့် ကိုခန့်ဇင်နိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူ များအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM.World News
🇳🇱 🥸 "သံတမန်လား၊ ဒါမှမဟုတ် လျှို့ဝှက်သယ်ဆောင်သူလား? အီရန်မှာ နယ်သာလန်သံတမန်ရဲ့ Starlink ပစ္စည်းတွေ သိမ်းဆည်းခံရ" အီရန်နိုင်ငံ၊ အီမာမ်ခိုမေနီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နယ်သာလန် အဆင့်မြင့်သံတမန်တစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ Starlink စက်ပစ္စည်းတွေ၊ ဂြိုဟ်တုဖုန်းတွေနဲ့ အဆင့်မြင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေကို သိမ်းဆည်းရမိခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ 👉 အဆိုပါ သံတမန်ဟာ လေဆိပ်ရောက်ရှိချိန်မှာ ခရီးသည်အားလုံး ဖြတ်သန်းရမယ့် ပုံမှန် X-ray စစ်ဆေးမှုကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လေဆိပ်အာဏာပိုင်တွေက တည်ဆဲဥပဒေနဲ့ သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းတွေအရ အဲဒီခရီးဆောင်အိတ်ကို သိမ်းဆည်းစစ်ဆေးခဲ့တာပါ။ 🔎 စစ်ဆေးကြည့်တဲ့အခါမှာတော့ ကိုယ်ရေးကိုယ်တာသုံး အီလက်ထရွန်နစ်ပစ္စည်းတွေကို မတွေ့ရဘဲ နိုင်ငံတော်ရဲ့ ဆက်သွယ်ရေးကွန်ရက် ကို ကျော်ဖြတ်အသုံးပြုနိုင်တဲ့ ဂြိုလ်တုဆက်သွယ်ရေး ကိရိယာတွေကိုသာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီသံတမန်ဟာ သိမ်းဆည်းခံရတဲ့ အိတ်ကို ပြန်မတောင်းတော့ဘဲ မကြာခင်မှာပဲ နိုင်ငံအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တခြားနယ်သာလန်အရာရှိတစ်ဦးက အဆိုပါအိတ်ကို လာရောက်ထုတ်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဖြစ်ရပ်က ပိုမိုအငြင်းပွားဖွယ် ဖြစ်လာခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ အီရန်အစိုးရက နိုင်ငံခြားစွက်ဖက်မှု၊ ဖျက်ဆီးရေးလုပ်ငန်းစဉ်တွေနဲ့ အရေးကြီးနေရာတွေကို ခွင့်ပြုချက်မဲ့ ဝင်ရောက်ကြည့်ရှုမှုတွေ (အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ဆောင်ချက်တွေ) ကို စိုးရိမ်တာကြောင့် GPS နဲ့ Starlink သုံးကိရိယာတွေအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်ထားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
+5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ NOM

"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပ
+1
"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
+2
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ NOM

🇵🇰🎯 "ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာ ပက်တွန်ခွာ ဒေသမှာ မော်တော်ယာဉ်တစ်စီးကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအတွင်း စီနီယာရဲအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းနဲ့ အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။" NOM

ပခုက္ကူမြို့နယ်တွင် PDF အချို့အလင်းဝင် ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီးတွင်ရှိသည့် PDF နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်အစောပိုင်း၌ လက်နက်များယူဆောင်၍ မြို့ပေါ်ရှိလုံခြုံရေးတပ်ဖွဲ့များထံ အလင်းဝင်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညအချိန်ကလည်း PDF အချင်းချင်းဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် PDF သုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ထွက်ပြေးသွားပြီး လုံခြုံရေးတပ်ဖွဲ့များထံ အလင်းဝင်သွားခဲ့သည်။ NOM

ဖေဖော်ဝါရီလ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျာမန်လွှတ်တော်အမတ်မိုက်ကယ်ဂါလာက ဟန်ဂေရီနှင့် စလိုဗက်ကီးယားဝန်ကြီးချုပ်များအား ရ
+4
ဖေဖော်ဝါရီလ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျာမန်လွှတ်တော်အမတ်မိုက်ကယ်ဂါလာက ဟန်ဂေရီနှင့် စလိုဗက်ကီးယားဝန်ကြီးချုပ်များအား ရှက်ဖွယ်ရာဟု ခေါ်ဆိုခဲ့ပြီး ၎င်းတို့၏အပြုအမူသည် ဥရောပသမိုင်းတွင် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်သူများ၊ ရုရှားလိုလားသူများအဖြစ် မှတ်သားခံရလိမ့်မည်ဟု ပြောကြားလိုက်သည်။(ဓါတ်ပုံ) ၂။မက္ကဆီကိုလူဆိုးဂိုဏ်းCJNG ကအစိုးရကိုစစ်ကြေညာပြီးနောက်တိုက်ပွဲများဖြစ်ပွားနေရာနိုင်ငံအနောက်ပိုင်းတွင်လူဆိုးဂိုဏ်းကကားများကိုမီးတင်ရှို့လျက်ရှိသည်။(ဗီဒီယို) ၃။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလက်ဘနွန်နိုင်ငံရှိအမေရိကန်အမှုထမ်းများကိုလက်ဘနွန်မှထွက်ခွာရန်နှင့်နိုင်ငံသားများလက်ဘနွန်သို့ခရီးမသွားရန်အမိန့်ထုတ်လိုက်သည်။(ဓါတ်ပုံ) ၄။မက္ကဆီကိုမီဒီယာများကCJNGလူဆိုးဂိုဏ်းခေါင်းဆောင်အယ်လ်မန်ချို၏ရုပ်အလောင်းပုံကိုထုတ်ဖော်ပြသလိုက်သည်။(ဓါတ်ပုံ) ၅။ ဆိုမာလီနိုင်ငံသည်ပါကစ္စတန်ထံမှဒေါ်လာသန်း၉၀၀တန်ဖိုးရှိJF-17တိုက်လေယာဥ်၂၄စီးဝယ်ယူရန်ဆွေးနွေးနေသည်။ဆိုမာလီတွင်၁၉၉၁ခုနှစ်ကစပြီးအတောင်ပျံတပ်လေယာဥ်များမရှိခဲ့ပေ။(ဓါတ်ပုံ)

ချမ်းအေးသာစံမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒ
+2
ချမ်းအေးသာစံမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။ ဦးစွာ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နေရပ်စွန့်ခွာပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လှူဒါန်းထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများ စုစုပေါင်း ၂,၈၉၀ တို့အား တစ်ဦးလျှင် ၁၂ ပြည်အိတ်တစ်အိတ်နှုန်းပေးအပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။ NOM

"ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ယိုးငူကျေးရွာရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်" ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ယိုးငူကျေးရွာရှိ AA အကြမ်းဖက်သမားများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်၌ တပ်မတော်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA အကြမ်းဖက်သမားများသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်းသိရသည်။ NOM

Repost from NOM.World News
🇯🇵 ဂျပန်နိုင်ငံသား ခရီးသွားအဖွဲ့တစ်ဖွဲ့ဟာ အစ္စရေးနိုင်ငံသားတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ဝတ်စုံတွေကို ဆင်တူဝတ်ဆင်ပြီး "အစ္စရေးလူမျိုးများ ထာဝရရှင်သန်ပါစေ" (Am Yisrael Chai) ဆိုတဲ့ သီချင်းကို သီဆိုကာ အစ္စရေးက သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံကို ထောက်ခံအားပေးခြင်းဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ ဂျပန်ခရစ်ယာန် "မာကူယာ" ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြတယ်လို့ သိရပါတယ်။ NOM

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ဖလမ်းချင်းပဒပ်ကင် ၁ လောင်း၊ မိုင်းများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ။ မှိုင်းဝေ NOM
+3
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ဖလမ်းချင်းပဒပ်ကင် ၁ လောင်း၊ မိုင်းများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ။ မှိုင်းဝေ NOM

"ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုအဖြစ် ကရင်ပြည်နယ်က ဘားအံမြို့ရရှိ" ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်
+1
"ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုအဖြစ် ကရင်ပြည်နယ်က ဘားအံမြို့ရရှိ" ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကိုရရှိခဲ့ပြီး အဆိုပါဆုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့သည်။ NOM

Repost from NOM.World News
တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လက်ရှိအခြေအနေ ကို "အင်အားသုံး၍ သို့မဟုတ် အကျပ်ကိုင်၍" ပြောင်းလဲရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်နေကြောင်း တာကာအီချီက သောကြာနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။ "ဒုတိယကမ္ဘာစစ်ပြီးနောက် အပြင်းထန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ကျမတို့ ရင်ဆိုင် နေရတာကြောင့် ကျမတို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ငြိမ်းချမ်းတဲ့ လူမှုဘဝကို ကာကွယ်ဖို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်" ဟု တာကာအီချီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နှင့် ဆက်ဆံနေရသည့် ဂျပန်ကုမ္ပဏီများသည် ခွင့်ပြုချက်ရယူရာတွင် ကြန့်ကြာမှုများဖြင့် ရင်ဆိုင် နေရပြီဖြစ်ကြောင်း Nagoya University of Foreign Studies မှ ဂျပန်-တရုတ် ဆက်ဆံရေး ဂုဏ်ထူးဆောင် ပါမောက္ခ နိုရီယုကီ ကာဝါမူရာက ပြောသည်။ "ဒီနေ့ ကြေညာချက်ကြောင့် လုပ်ငန်းစဉ်တွေက ဒီထက်ပိုပြီး တင်းကျပ်လာလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ကာဝါမူရာက AFP သို့ ပြောကြားခဲ့သည်။ NOM

Repost from NOM.World News
🇨🇳🔥🇯🇵 "ဂျပန်နှင့် တင်းမာမှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် တရုတ် က ကုန်သွယ်ရေးကန့်သတ်ချက် များတိုးမြှင့်" ဂျပန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျသွားစေခဲ့သည့် လပေါင်းများစွာကြာ နှစ်နိုင်ငံအငြင်းပွားမှုကို ပိုမို အရှိန်မြှင့်သည့်အနေဖြင့် တရုတ်နိုင်ငံက ဂျပန်ကုမ္ပဏီ ၄၀ အပေါ် ပို့ကုန်ကန့်သတ်ချက်များကို အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ထုတ်ပြန်လိုက်သည်။ အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကြားအငြင်းပွားမှုမှာ ထိုင်ဝမ်အပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ဂျပန်က စစ်ရေးအရ ကြားဝင်ဆောင်ရွက်နိုင်သည်ဟု ဝန်ကြီးချုပ် စာနာအေးတာကာအီချီ က နိုဝင်ဘာလတွင် ပြောကြားခဲ့သည့် မှတ်ချက်ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့တွင် ကြေညာခဲ့သည့် အစီအမံများ၌ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် "dual-use" (နှစ်မျိုးသုံး) ပစ္စည်းများကို ဂျပန်အဖွဲ့အစည်း ၂၀ ထံ တင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ယင်းတို့တွင် Mitsubishi Heavy Industries ၏ လက်အောက်ခံကုမ္ပဏီ ၅ ခုနှင့် ဂျပန်အာကာသအေဂျင်စီတို့ ပါဝင်သည်။ ထို့အပြင် တရုတ်စီးပွားရေးဝန်ကြီးဌာနသည် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Subaru အပါအဝင် အခြားသော ဂျပန်အဖွဲ့အစည်း ၂၀ ကို "စောင့်ကြည့်စာရင်း" ထဲသို့ ထည့်သွင်းလိုက်ပြီး စစ်ရေးအတွက် အသုံးပြုနိုင်သည့် ပို့ကုန်ပစ္စည်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည်ဟု ဆိုသည်။ "အထက်ပါ အစီအမံများသည် ဂျပန်၏ ပြန်လည်စစ်အင်အားချဲ့ထွင်မှု နှင့် နျူကလီးယား ရည်မှန်းချက် များကို ဟန့်တားရန် ရည်ရွယ်ခြင်းဖြစ်ပြီး လုံးဝတရားဝင်ကာ ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနှင့်ညီညွတ်ပါသည်" ဟု စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းကပင် "ရိုးသားပြီး ဥပဒေလိုက်နာသော ဂျပန်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စရာမရှိပါ" ဟု ဖြည့်စွက်ပြောကြားထားသည်။ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့အနေဖြင့် ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာပြီးနောက် "သင့်လျော်သော အစီအမံများကို ဆောင်ရွက်သွားမည်" ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက ကန့်ကွက်လွှာ တင်သွင်းထားကြောင်း Mainichi Shimbun သတင်းစာတွင် ဖော်ပြထားသည်။ ထိုင်ဝမ်နှင့်ပတ်သက်၍ တာကာအီချီ၏ မှတ်ချက်များသည် ပေကျင်းအစိုးရကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ အထင်ရှားဆုံး အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံသားများအား ဂျပန်သို့ မသွားရောက်ရန် သတိပေးပြီးနောက် ဇန်နဝါရီလတွင် ဂျပန်သို့ တရုတ်ခရီးသွား ဝင်ရောက်မှု ၆၁ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အိုကီနာဝါအနီး နိုင်ငံတကာရေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ Liaoning လေယာဉ်တင်သင်္ဘောမှ J-15 ဂျက်လေယာဉ်များသည် ဂျပန်လေယာဉ်များကို ရေဒါဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ချိန်ရွယ် (Lock-on) ခဲ့ကြောင်း ဂျပန်ဘက်က ဆိုသည်။ တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာ တင်သွင်းမှုများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဂျပန်နိုင်ငံရှိ နောက်ဆုံးကျန်ရှိနေသော ပန်ဒါနှစ်ကောင်ကိုလည်း ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ရသည်။ လွန်ခဲ့သည့်လကလည်း တရုတ်နိုင်ငံသည် စစ်ဘက်တွင် အသုံးပြုနိုင်ခြေရှိသော ပစ္စည်းများအတွက် ဂျပန်သို့ ပို့ကုန်ထိန်းချုပ်မှုများကို တင်းကျပ်မည်ဟု ကြေညာခဲ့သည်။ ယင်းက တရုတ်၏ "dual-use" စာရင်းဝင် အရေးကြီး မြေရှားသတ္တု (rare-earth minerals) များ ထောက်ပံ့မှုကို ပေကျင်းက ဖြတ်တောက်နိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ "ရှယ်ယာဈေးကွက်များ ထိုးကျခြင်း" ယခုနောက်ဆုံး ထုတ်ပြန်ချက်သည် သင်္ဘောကျင်းနှင့် လေကြောင်းအာကာသလုပ်ငန်းများ အပါအဝင် ဂျပန်စက်မှုလုပ်ငန်းကြီး အများအပြားကို ပစ်မှတ်ထားခြင်းဖြစ်သည်။ တိုကျိုစတော့ဈေးကွက်တွင် Kawasaki Heavy Industries ၏ ရှယ်ယာဈေး ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး Mitsubishi Heavy Industries က ၄ ရာခိုင်နှုန်းခန့်နှင့် IHI ကုမ္ပဏီမှာမူ ၇ ရာခိုင်နှုန်းနီးပါးအထိ ထိုးကျသွားခဲ့သည်။ စာရင်းတွင် ပါဝင်သော ကုမ္ပဏီအများစုမှာ ဂျပန်စစ်တပ်အတွက် သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်နေသည့် ကာကွယ်ရေးလုပ်ငန်းများ ဖြစ်ကြသည်။ ဂျပန်နိုင်ငံသည် ၎င်း၏ တင်းကျပ်သော ငြိမ်းချမ်းရေးဝါဒီ ရပ်တည်ချက်ကို စွန့်လွှတ်ကာ "တန်ပြန်တိုက်ခိုက်နိုင်စွမ်း" ရရှိရန်နှင့် သေစေနိုင်သော ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများကို လျှော့ချရန် ကြိုးပမ်းနေသည်။ တာကာအီချီ အစိုးရသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည် များကို မြှင့်တင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွက် ယန်း ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ) တန်ဖိုးရှိ စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။

လန်ဒန်နှင့် ပဲရစ်တို့က ကိယက်ဗ် (ယူကရိန်း) ထံ နျူကလီးယားဗုံး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင် နေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရ
လန်ဒန်နှင့် ပဲရစ်တို့က ကိယက်ဗ် (ယူကရိန်း) ထံ နျူကလီးယားဗုံး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင် နေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (SVR) က ဆိုသည်။ ရည်ရွယ်ချက်မှာ ယူကရိန်းအနေဖြင့် နျူကလီးယားလက်နက် သို့မဟုတ် "ညစ်ပတ်သောဗုံး" (Dirty Bomb) ကို ပိုင်ဆိုင်စေခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သာသာယာယာရှိစေရန်နှင့် အသာစီးရရန်အတွက် အသုံးချရန်ဖြစ်သည်။ ၎င်းတို့သည် ယူကရိန်း၏ ကိုယ်ပိုင်တီထွင်ဖန်တီးမှုဖြစ်ကြောင်း ပုံပေါ်စေရန်အတွက် လိုအပ်သော အစိတ်အပိုင်းများနှင့် နည်းပညာများကို လွှဲပြောင်းပေးရန် စီစဉ်နေကြခြင်းဖြစ်သည်။ Dirty Bomb (ညစ်ပတ်သောဗုံး) ဆိုတာ ဘာလဲ? Dirty Bomb ဆိုတာဟာ သာမန်ယမ်းပေါက်ကွဲစေတတ်တဲ့ပစ္စည်း (ဥပမာ- ဒိုင်းနမိုက်) နဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ရောနှောထားတဲ့ လက်နက်ဖြစ်ပါတယ်။ ဗုံးထဲမှာရှိတဲ့ သာမန်ယမ်းတွေ ပေါက်ကွဲတဲ့အခါ ၎င်းနဲ့အတူပါတဲ့ ရေဒီယိုသတ္တိကြွ အမှုန်အမွှားတွေဟာ လေထဲကို ပျံ့နှံ့သွားပါတယ်။ ၎င်းဟာ နျူကလီးယားဗုံးလိုမျိုး မြို့တစ်မြို့လုံးကို ပြာကျသွားစေမယ့် အပူရှိန်နဲ့ ပေါက်ကွဲအား ပြင်းထန်မှုမျိုး မရှိပါဘူး။ ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့ ဧရိယာတစ်ဝိုက်မှာရှိတဲ့ လူတွေ၊ အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွ အဆိပ်သင့်စေတာ ဖြစ်ပါတယ်။ NOM

မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ထွက်လာသည့်ရဲကား စခန်းအဝမှာတင် မိုင်းခွဲတိုက်ခိုက်ခံရဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ဖေ
မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ထွက်လာသည့်ရဲကား စခန်းအဝမှာတင် မိုင်းခွဲတိုက်ခိုက်ခံရဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ NOM

photo content

ကျိုက်ထိုမြို့တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၂၄၊၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာရှိ ရာဘာမှိုင်းခံရုံ တွင်ယနေ့(ဖေဖော်ဝါရီ၂၄ရက်) နံနက်၁၁နာရီ ၃၅မိနစ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာရှိ ရာဘာမှိုင်းခံရုံမီးလောင်မှုမှာလက်ရှိ မီးလောင်အကြောင်းရင် မသိရသေးသော်လည်းလက်ရှိ မီးထိန်းနိုင်ပြီး အပြီးသတ်မီးငြှိမ်းသတ်မှုမှာမွန်လွဲ ၂နာရီထိ ဆက်လက်ငြှိမ်းသတ်နေကြောင်းသိရသည်။ "အခုလက်ရှိမှာတော့ကျွန်တော်တွေလုပ်ငန်းဆောင်ရွက်မှုတွေဘဲရှိပါသေးတယ် မီးလောင်မှုဖြစ်စဉ်တော့ မစစ်ဆေးရသေးပါဘူး အပြီးသတ်မီးငြိမ်းရေကို ဆောင်ရွက်ပါတယ် လူထိခိုက်မှု၊ သေဆုံမှုတော့မရှိပါဘူး"ဟု ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးမှူးရုံမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ကျိုက္ကသာနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်လွဲ၁နာရီ ၈မိနစ်တွင်မီးထိန်း နိုင်ခဲ့ကြောင်းသိရသည်။