en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 464 subscribers, ranking 15 923 in the News & Media category and 10 081 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 464 subscribers.

According to the latest data from 02 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -216 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.95%. Within the first 24 hours after publication, content typically collects 6.72% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 241 views. Within the first day, a publication typically gains 838 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 03 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 464
Subscribers
-924 hours
-217 days
-21630 days
Posts Archive
ဂွမ်မော်ပြောခဲ့သမျှကို ပြန်သုံးသပ်ကြည့်ရင်..တစ်ဖွဲ့ချင်းလုပ်ဆောင်တာထက် အုပ်စုလိုက် (K3C+NUG) ပုံစံနဲ့ အစိုးရဆီကနေ နိုင်ငံရေး
ဂွမ်မော်ပြောခဲ့သမျှကို ပြန်သုံးသပ်ကြည့်ရင်..တစ်ဖွဲ့ချင်းလုပ်ဆောင်တာထက် အုပ်စုလိုက် (K3C+NUG) ပုံစံနဲ့ အစိုးရဆီကနေ နိုင်ငံရေး လိုက်လျောမှု ကြီးကြီးမားမား ဖြစ်အောင် “တွန်းယူ”လိုက်တယ်လို့ပဲ မြင်တယ်။ ကရင်ပြည်နယ်မှာ ကျားဖြန့်အမှုနဲ့ လူတော မတိုးတဲ့ KNU အနေနဲ့လည်း ဦးဆောင်သူနေရာမှာ KIA ကို နေရာပေးလိုက်ပုံလည်း ရတယ်။ အဆိုးဆုံးကတော့ ခွဲထွက်ခွင့်အထိပါ တပ်မတော်ကို စိန်ခေါ်လာတဲ့ အချက်ပဲ။ ----- KNU ဆိုတာက...နဂိုကတည်းက နွေဦးတော်လှန်ရေးဆိုတဲ့ အရေးအခင်း ပေါ်ပေါက် လာချိန်မှာ ၅၀၅ သမားတွေကိုလက်ခံပြီး လက်နက်ပွဲစား/လူကုန်ကူးခဲ့တာတွေလည်း လုပ်ခဲ့တော့...NUG နဲ့ နီးစပ်မှုရှိသွားတာကလည်း သိပ်တော့ မဆန်းဘူး။ ဒါပေမယ့် နိုင်ငံရေးသိက္ခာအရ ဒီလောက် ပုတ်စော်နံနေပြီး အခွံ သပ်သပ်ပဲ ကျန်တော့တဲ့ NUG ကို “နိုင်ငံရေးစကားပွဲ”ထဲ ထည့်ချင်တဲ့ပုံစံက ၂၀၀၈ ခြေဥကို သွေဖယ်ပြီး လိုချင်တဲ့ အသွင် သစ် အခင်းအကျင်းရနိုင်ဖို့ NUG ကို နိုင်ငံရေးအရ ဓားစာခံ လုပ်တယ်လို့ပဲ မြင်တယ်။ ဒါမှမဟုတ် ဒေါ်နယ်ထရမ့်လက်မှတ်ထိုးလိုက်တဲ့ ဒေါ်လာ ၁၂၁ သန်းမျက်နှာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ------- ရွေးကောက်ပွဲ မလုပ်ခင်အချိန်ထိ၊ ခက်ခက်ခဲခဲ အကြမ်းဖက်မှုတွေ ရှိခဲ့ချိန်ကတောင် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို လက်မခံခဲ့တဲ့ အစိုးရ/တပ်အနေနဲ့ NUG ကို လက်ခံပြီး ဆွေးနွေးဖို့ဆိုတာ ဖြစ်လာနိုင်မယ်တော့ မထင်ဘူး။ သတိပြုရမှာက အစိုးရသစ်ဖြစ်လာမယ့် ပါတီကလည်း ဒီ NUG ကသူတွေ ရက်ရက်စက်စက် သတ်ဖြတ် သွားတာကိုခံခဲ့ကြရတဲ့ ပါတီထောက်ခံ သူတွေ အများစုပဲဆိုတော့... ယေဘူယျ တွေးကြည့်ရင် ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းက အတော်လေးနည်းတယ်။ ------ အစိုးရဘက်ကကြည့်ရင် ...မူဝါဒ ပြတ်သားဖို့ ကသာ အဓိက ဖြစ်လာပါပြီ။ KIA ဟာ အစိုးရက လက်မခံတဲ့ NUG ကို တိုင်းရင်းသား EAO Role နဲ့ တတန်းတည်း တန်းညှိပေးတဲ့အပြင် ဒို့တာဝန်အရေး ၃ ပါ ဖြစ်တဲ့ ခွဲထွက်ခွင့်တွေတောင် ထုတ်ပြောလာတာက သာမန်အခြေအနေမျိုးတော့ မဟုတ်‌ဘူး။ အရင်တပ်မတော် ခေတ်တုန်းကတော့ သောင်းကျန်းသူအမြစ်ဖြတ်ချေမှုန်းရေးဆိုတဲ့ မူဝါဒတွေ ရှိခဲ့ဖူးတယ်။ ခုလည်း “ညှိနှိုင်းမှာလား/တိုက်မှာလား” ဆိုတဲ့ ယတိပြတ်မူဝါဒမျိုး ရှိမှ အဆင်ပြေမယ့် သဘောပါပဲ။ ဒီဘက်ခေတ်မှာတော့ အပိုထပ်ဆောင်းရှိလာတာက “သံတမန်ရေး”ပေါ့လေ။ မဟုတ်လည်း ညှိနှိုင်းရင်းနဲ့ တိုက်နေရင်လည်း ရတာပါပဲ။နောက်တစ်ခုဟာ BGF စနစ်ဟာ တော်သင့်ရုံ သစ္စာစောင့်သိမှု မရှိရင် လက်ရှိ KNA လိုပဲ ပြဿနာ ထပ်ဖြစ်လာမှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံရေးဆိုတာ “အပေး၊ အယူ”ကိုပဲ အခြေခံ ကြတာပါပဲ။ ဒါပေမယ့် ဖက်ဒရယ်သဘော အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တာပဲဖြစ်ဖြစ်၊ သယံဇာတ ခွဲဝေတာပဲဖြစ်ဖြစ် “EAOs vs အစိုးရ” ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မဖြစ်စေချင်ဘူး။ ဒါဆို အနာဂတ်မှာ လက်နက်ကိုင်ကြတဲ့ အစုအဖွဲ့တွေ တစ်ခုပြီးတစ်ခု ပေါ် လာပါလိမ့်မယ်။ အစိုးရကလည်း ဘာပေးနိုင်တယ်။ EAO ဘက်ကလည်းလိုချင်တာရရင် လက်နက်စွန့်၊ အာဏာရချင်ရင် နိုင်ငံရေးပါတီထောင် ..ဒီလိုပဲ သွားသင့်တယ်လို့ မြင်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ဖက်ဒရယ်မှာ ဘယ်နိုင်ငံ ကများ ဗဟိုထက် အားကောင်းတဲ့ ပြည်နယ်၊ ပရှိလို့လဲ။ ဒီတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေကနေပဲ သွားဖို့လိုပါတယ်။ ------ လာမယ့် အစိုးရသစ်ဘက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ပြင်ဆင်ထားတဲ့ အချက်တွေရှိမှာပါ။ အဓိက ကတော့ လူထု လိုအပ်ချက်ဆိုတဲ့ အခြေခံ ဆန္ဒနဲ့ ကင်းကွာ မသွားကြဖို့ပါပဲ။ ခုလက်ရှိ ဂွမ်မော်ရဲ့ ပြောစကားအရဆိုရင် ဗန်းမော်ဟာ လိုအပ်လို့ကို တိုက်နေတာလို့ ဆိုသလို ခွဲထွက်ခွင့်အထိပါ ထုတ်ပြောလာတာ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦနဲ့ မြို့ပျက်စီးတာတွေ၊ ပြည်သူ့နေအိမ် ပျက်စီးတာတွေနဲ့ ပြည်သူတွေ စစ်ရှောင်ထွက်ပြေးရတာတွေ သိပ် ဂရုစိုက်ဟန် မရှိပါဘူး။ အနာဂတ်မှာ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး(၃)ပါးအပြင်... “ပြည်သူ့ဘဝလုံခြုံအေးချမ်းမှု မပျက်စီးရေး” ဆိုတဲ့ အချက်ကလည်း ခေတ်ကာလအရ ထပ်ဆောင်းတာဝန်တစ်ခု ဖြစ်လာမလား စောင့်ကြည့်ရတော့မှာပဲ။ ----- ဘာပဲဖြစ်ဖြစ်... KIA ဘက်က .ဒို့တာဝန်အရေး ၃ ပါးကိုတော့ ဗြောင်ကျကျ စိန်ခေါ်လာပြီလို့ပဲ ပြောရတော့မှာပါ။ (နရီမိုး)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Netanyahu) ဟာ အီရန်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာအောင် အမေရိကန်ကို တိုက်တွန်းဖို့အတွက် အခုအခါမှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။ News Of Myanmar NOM

နွားထိုးကြီးမြို့နယ်၊ ဌက်ပျောအိုင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သာ
နွားထိုးကြီးမြို့နယ်၊ ဌက်ပျောအိုင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဌက်ပျောအိုင်ကျေးရွာနေ ဦးဖိုးဇော် (၄၈ နှစ်) သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ အဆိုပါကျေးရွာ​၏ အနောက်တောင်ဘက်ရှိတောအတွင်း၌ တိုက်ပွဲရှောင်နေထိုင်လျက်ရှိရာမှ ကျေးရွာအတွင်းသို့ ၎င်းပိုင် နွားများနှင့်အတူ ပြန်လည်ဝင်ရောက်လာစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲခဲဲ့မှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။ News Of Myanmar NOM

"တရုတ် မိုက်ဇာဗစ်ရှင်း ဂြိုလ်တုကရိုက်ကူးခဲ့တဲ့ ဂျော်ဒန်နိုင်ငံ မူဝါဖတ် ဆာလ်တီ လေတပ်စခန်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းများ"
+1
"တရုတ် မိုက်ဇာဗစ်ရှင်း ဂြိုလ်တုကရိုက်ကူးခဲ့တဲ့ ဂျော်ဒန်နိုင်ငံ မူဝါဖတ် ဆာလ်တီ လေတပ်စခန်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းများ" တရုတ်နိုင်ငံရဲ့ MizarVision ဂြိုဟ်တုဟာ ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ E/A-18G အမျိုးအစား အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်တွေနဲ့ MQ-9 ဒရုန်းတွေ ပါဝင်ပါတယ်။ အဆိုပါပုံအချို့ကို တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိတဲ့ပုံတွေကိုတော့ အီရန်နိုင်ငံထံ အချိန်နဲ့တပြေးညီမျှဝေပေးနေတယ်လို့ဆိုပါတယ်။ News Of Myanmar NOM

ကောလင်းဧရိယာမှာတော့ သောင်းကျန်းသူ KIA/AA/PDF အဖွဲ့တွေက အသေခံ ဒရုန်းတွေ အသုံးပြုလာကြတယ်။ လက်ရှိက မြေပြင်တိုက်ပွဲဆိုတာထက် နည်းပ
ကောလင်းဧရိယာမှာတော့ သောင်းကျန်းသူ KIA/AA/PDF အဖွဲ့တွေက အသေခံ ဒရုန်းတွေ အသုံးပြုလာကြတယ်။ လက်ရှိက မြေပြင်တိုက်ပွဲဆိုတာထက် နည်းပညာတိုက်ပွဲက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာတယ်။ တပ်မတော်ကတော့ အကြမ်းဖက် ဒရုန်းတွေကို ဖမ်းယူနိုင်ဆဲပါ။ Credit: U Kyaw Soe Oo

Repost from NOM
အီလွန်မက်စ်ဟာ လပေါ်မှာ self-growing city တခုကို တည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က သူ့ရဲ့ အာကာသနဲ့
အီလွန်မက်စ်ဟာ လပေါ်မှာ self-growing city တခုကို တည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က သူ့ရဲ့ အာကာသနဲ့ ဉာဏ်ရည်တုကုမ္ပဏီ Space X က လာမယ့် ၁၀ နှစ်အတွင်း လပေါ်မှာ မြို့တမြို့တည်ဆောက်ဖို့ မျှော်လင့်ထားတယ်ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ X မှာ မက်စ်က “မသိသေးတဲ့ သူတွေအတွက် ကျနော်ပြောတာပါ၊ Space X က လပေါ်မှာ မြို့တမြို့တည်ဆောက်ဖို့ အာရုံစိုက်နေပါတယ်၊ ၁၀ နှစ်အတွင်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် နှစ် ၂၀ ကျော်လည်း ကြာနိုင်ပါတယ်” ရေးသားခဲ့ပါတယ်။ News Of Myanmar NOM

သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၀၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဖေ
သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၀၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၆ နာ ရီ ၃၀ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်တွင် အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင် မောင် မောင်းနှင်ပြီး ဇော်မျိုးဆွေ လိုက်ပါလာသည့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီ ၃၀ မိနစ်အချိန်၌ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင် သူ ဦးသန်းမောင် နှင့် ဦးကျော်ဇောလှ တို့အား တာမွေမြို့နယ်၊ (၁၆၅) လမ်းထောင့်တွင် လက်ကိုင်ဖုန်း ၂ လုံးတို့နှင့် လည်းကောင်း၊ ည ၈ နာရီ ၃၀ မိနစ်အချိန်၌ အောင်ကိုကို (ခ) အောင်လေး (ခ) ကျော်မောင်မောင် ငှားရမ်းနေထိုင်သည့် ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကိုကို(ခ)အောင်လေး (ခ) ကျော်မောင်မောင် (၃၀) နှစ်၊ ဇော်မျိုးဆွေ (၃၇) နှစ်၊ ဦးသန်းမောင် (၅၉) နှစ် နှင့် ဦးကျော်ဇောလှ (၆၄) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ကနေဒါနိုင်ငံ၊ British Columbia အထက်တန်းကျောင်းနဲ့ နေအိမ်တလုံးမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၉ ဦ
ကနေဒါနိုင်ငံ၊ British Columbia အထက်တန်းကျောင်းနဲ့ နေအိမ်တလုံးမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၉ ဦး သေဆုံးခဲ့တယ်လို့ ကနေဒါရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ :၂၀ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၆ ဦး နေရာမှာတင် သေဆုံးခဲ့ကာ အခြားသူတဦးကလည်း ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံသယရှိသူ သေနတ်သမားကိုလည်း ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ နေအိမ်တခုမှာလည်း အခြားသူ နှစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဆိုပါ ကျောင်းမှာ ၇ တန်းကနေ ၁၂ တန်းအထိ ကျောင်းသားပေါင်း ၁၇၅ ဦးအထိ တက်ရောက်နေတယ်လို့ ပြည်နယ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ News Of Myanmar NOM

ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေးဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်
+1
ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတင်းပေးဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ ဦးအောင်ကိုကို (၃၁) နှစ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ မသော်တာစန်း (၁၉) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်ရောက် လာပြီး "သတင်းပေးများ" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးအောင်ကိုကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မသော်တာစန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

🇮🇷 အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ချီ (Araghchi) က အီရန်ပြည်သူတွေအနေနဲ့ အမေရိကန်ပြည်သူတွေအပေါ် တစ်စုံတစ်ရာ ပြဿနာမရှိသော်လည်း အမေရိကန်အစိုးရ၏ မောက်မာသော မူဝါဒများကိုမူ သဘောမတူ လက်မခံကြောင်း ပြောကြားခဲ့သည်။ ဝါရှင်တန်အနေဖြင့် လွန်ခဲ့သော ၄၇ နှစ်က အဓိကမဟာမိတ်တစ်ဦးကို အစ္စလာမ်မစ်တော်လှန်ရေးအပေါ် ရန်လိုသောသဘောထား ရှိနေခဲ့ခြင်းဖြစ်ကြောင်းလည်း သူက ထပ်လောင်းပြောဆိုခဲ့သည်။ News Of Myanmar NOM

🇹🇼 ❌ 🇺🇸"ထိုင်ဝမ်​၏ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု​၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်သို့ပြောင်းရွှေ့ရန်မှာ လက်တွေ့မကျကြောင်း ထိုင
🇹🇼 ❌ 🇺🇸"ထိုင်ဝမ်​၏ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု​၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်သို့ပြောင်းရွှေ့ရန်မှာ လက်တွေ့မကျကြောင်း ထိုင်ဝမ်ဒုတိယဝန်ကြီးချုပ်ပြော" ထိုင်ဝမ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်မှု စွမ်းရည်၏ ၄၀ ရာခိုင်နှုန်းကို အမေရိကန်သို့ ပြောင်းရွှေ့ရန် အကြံပြုချက်မှာ လက်တွေ့မကျကြောင်း ထိုင်ဝမ်အာဏာပိုင်များက တုံ့ပြန်ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုအတွင်း ချစ်ပ် (Chip) ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ရန် အမေရိကန်အရာရှိများ၏ တောင်းဆိုချက်အပေါ် ဒုတိယဝန်ကြီးချုပ် ချန်လီဂျုန်း (Chen Li-june) က အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက် တာသတင်းတွင် ဖော်ပြထားသည်။ ဆယ်စုနှစ်များစွာကြာ တည်ဆောက်ခဲ့ရသော ထိုင်ဝမ်၏ ဆီမီးကွန်ဒတ်တာ ဂေဟစနစ်သည် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြေခံအဆောက်အအုံများအရ အခြားနိုင် ငံတစ်ခုသို့ အလွယ်တကူ "ရွှေ့ပြောင်း" ရန် မဖြစ်နိုင်ကြောင်း ဝါရှင်တန်သို့ အသိပေးထားပြီးဖြစ်သည်ဟု ချန်က ဆိုသည်။ "ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ" ဟု သူမက ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့က စီတီအက်စ် ရုပ်သံလိုင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အလေးပေး ပြောကြားခဲ့သည်။ News Of Myanmar NOM

🇺🇦 🔘 "အသက်ကြီးပိုင်းတွေလည်း စစ်ထဲသွားကြတော့မယ်" လူပြက် ဇလန်းစကီးဟာ "အသက် ၆၀ ကျော် အမျိုးသားတွေ" ကို ယူကရိန်းတပ်မတော်မှာ တရားဝင်စစ်မှုထမ်းဖို့ စာချုပ်ချုပ်ဆိုခွင့်ပြုတဲ့ အမိန့်ဒီကရီတစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ News Of Myanmar NOM

🇺🇸 🛳 သမ္မတ ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ် ချထားရန် စဉ်းစားနေကြောင်း အက်ဆီယို့စ် သတင်းဌာနက ဖော်ပြသည်။ News Of Myanmar NOM

💥💥💥 🇮🇷🇦🇫 အီရန်နိုင်ငံသည် အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားများနိုင်ငံ (တာလီဘန်) ကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတော့မည်။ News Of Myanmar NOM

🇺🇸 ⚔️ 🇮🇷 "အီရန်အနေဖြင့် နျူကလီးယားလက်နက်တွေရော ပဲထိန်းဒုံးကျည်တွေပါ ပိုင်ဆိုင်ခွင့်ရှိမှာမဟုတ်ဘူး ဆိုပြီး ထရမ့်ကပြော" သမ္မတ ထရမ့် - "အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေရော၊ ပဲ့ထိန်းဒုံးကျည်တွေကိုပါ ပိုင်ဆိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။" သတင်းထောက် - "အခု သမ္မတကြီး ပြောနေတာက အီရန်အနေနဲ့ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို စွန့်လွှတ်ရမယ်လို့ ဆိုလိုတာလားခင်ဗျာ။" သမ္မတ ထရမ့် - "ဟုတ်ပါတယ်။ နောက်ပြီး သူတို့မှာ နျူကလီးယားလက်နက်တွေလည်း ရှိလို့မရပါဘူး။" News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ရှိ ပြခန်းများအား သွားရောက်ကြည့်ရှုအားပေး ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ News Of Myanmar NOM

ပုံများရလို့ ထပ်မံဖော်ပြပါသည်။ (လေးကေ့ကော်) လေးကေ့ကော်ဒေသ၊ ဘုရားညီနောင်ကုန်းရှိ ရန်သူအခြေပြုနေရာအား တပ်မတော်စစ်ကြောင်းက ဝင်ရေ
+8
ပုံများရလို့ ထပ်မံဖော်ပြပါသည်။ (လေးကေ့ကော်) လေးကေ့ကော်ဒေသ၊ ဘုရားညီနောင်ကုန်းရှိ ရန်သူအခြေပြုနေရာအား တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စခန်းကုန်းအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ - (၁) အကြမ်းဖက် KNU/PDF ၄ လောင်း (၂) လက်နက်မျိုးစုံ ၄ လက် - MA-1 သေနတ် ၂ လက် - M-4 သေနတ် ၁ လက် - RPG လောင်ချာ ၁ လက် (၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၇ တောင့် (၄) လက်ပစ်ဗုံး/မိုင်း/ဗုံးသီးများ (၅) ဆသရမြောင်းများ (၆) ဘန်ကာ ၁၀ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ တိုက်ပွဲသတင်းစုံ NOM

🇮🇱 ⚔️ 🇮🇷 အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နိုင်ငံနှင့် ပတ်သက်၍ အမေရိကန်နှင့် နျူကလီးယားသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးပြီးသည့်တိုင်အောင် အစ္စရေးအနေဖြင့် အီရန်အပေါ် "စစ်ရေးအရ လွတ်လပ်စွာ အရေးယူဆောင်ရွက်ခွင့်" ပေးရန် သမ္မတ ထရမ့်ထံ တောင်းဆိုသွားမည်ဖြစ်သည်။ News Of Myanmar NOM

လိုင်ဇာကိုပြာချချိန်တန်ပြီ မြန်မာနိုင်ငံတွင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့သစ်များမွေးထုတ်ပြီးတစ်နိုင်ငံလုံးကိုမီးဟုန်းဟုန်းတောက်အောင်လုပ်ဆောင်နေသောKIAကိုအစိုးရကအဘယ်ကြောင့်သဘောထားကြီးနေရသနည်းဟုပြည်သူများကြားမေးခွန်းများမေးနေကြပြီဖြစ်သည်။ KIAသည်NCAကိုသူတို့၏ကျည်ကါသဖွယ်သုံးနေသည်မှအပအမှန်တကယ်ငြိမ်းချမ်းရေးရယူလိုသည့်စိတ်ထားမရှိသည်ကိုလက်နက်မစွန့်ပဲသူတို့အရေးမသာလျင်NCA ကိုအသုံးချ၊သူတို့အရေးသာလျင်NCAဆိုအဖက်မလုပ်သောကလိန်ကကျစ်အကြမ်းဖက် အဖွဲ့အစည်းသာဖြစ်သည်။တိုင်းရင်းသားအရေးဟုအရေခြုံထားသော်လည်းကချင်တိုင်းရင်းသားများကိုစစ်ပွဲများအတွင်းအသေခံခိုင်းပြီးထိပ်ပိုင်းမှလူတစ်စုကစီးပွါးရှာနေသည့်ဓားပြအဖွဲ့ကြီးသာဖြစ်သည်။ KIA လက်ချက်ဖြင့်ပြာကျခဲ့သောအညာမှမြို့ရွာများ၊ရှမ်းနီတိုင်းရင်းသားတို့၏မြို့ရွာများ၊ပညာရေးဖြင့်ဝေးနေရသူများစွာရှိသော်လည်း KIAထိန်းချုပ်နယ်မြေများတွင်စာသင်ကျောင်းများလည်းဖွင့်ဆဲ၊သူပုန်မြို့တော်လိုင်ဇာလည်းစည်ကါးဆဲဖြစ်သည်။သူတို့ထောက်ခံပါသည်ဆိုသော NLDအစိုးရလက်ထက်မှာပင်ပြည်ထောင်စုမှခွဲမထွက်ဟုမပြောနိုင်ဟုပင်ပြောရဲသောKIAကိုအဘယ်ကြောင့်ယခုထိသည်းခံနေသနည်းဆိုသည်မှာပြည်သူများကမေးနေသည့်မေးခွန်းဖြစ်သည်။ယခုလည်းပမာမခန့်NUGပါမှNCA ဆွေးနွေးမည်ဟုပြောလာပြန်သည်။တပ်မတော်ကအကြိမ်ကြိမ်မောင်မောင်ခေါ်ပါလျက်မထူးသည့် KIAအကြမ်းဖက်တို့ကိုအောင်ကျော်ဟုခေါ်ရန်အချိန်ကျနေပြီဖြစ်သည်။တပ်မတော်ခေါင်းဆောင်များသည်မိမိတို့ထက်ပိုသိပိုတတ်သူများဖြစ်ရာKIAကိုမည်သို့ဦးနှိမ်မည်က်ုပြည်သူများကစော့င့်ကြည့်နေ ကြောင်းအသိပေးတင်ပြလိုက်ရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ရှိ ပြခန်းများအား သွားရောက်ကြည့်ရှုအားပေး ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ News Of Myanmar NOM