en
Feedback
EAOs in Myanmar

EAOs in Myanmar

Open in Telegram

https://www.facebook.com/EAOs.Myanmar

Show more
Myanmar25 469The category is not specified
289
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
တရုတ်က နယ်စပ်မှာ လက်နက်အစစ်နဲ့ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်ဆိုတော့။ ကိုယ့်နိုင်ငံက သူတို့ကို အရင်ကရော၊ ယခုပါ ကျူးကျော်စရာ၊ ထိခိုက်စရာ ဘာအကြောင်းမျိုးမှမရှိတဲ့ အခြေအနေ။ mndaa တို့ tnla တို့ uswa တို့ လက်နက်ခဲယမ်းကုန်နေလို့ လေ့ကျင့်ပြပြီး ပေးတော့မယ်။ ကျေးဇူးတင်ပါတယ်လို့🖕

photo content

အခု ဒုက္ခိတဖြစ်သွားတဲ့ကောင်လေးတွေအားလုံးက အသက်ကရှိရင် ၂၀ ကျော်ပေါ့။ အခုတော့... မြင်တဲ့အတိုင်းပါပဲ။ အဲ့ပုံစံနဲ့ မြန်မာနိုင်ငံကိစ္စကြီး ပြီးသွားလို့ပြန်လာရင်တောင် ဒီကောင်လေးတွေက ပဒတ်တွေပါဆိုပြီး သက်ဆိုင်ရပ်ကွက်က နှာခေါင်းရှုံကြလိမ့်မယ်။ ဘဝမှာ ဒုက္ခိတလည်းဖြစ်ရတယ်၊ နာမည်လည်းသွားပြီး လူ့အသိုင်းအဝိုင်းက ဖယ်ကျဥ်ကြတော့မယ့်။ အကယ်၍ ကိုယ်နိုင်ငံထဲ ပြန်မလာလို့ ထိုင်းဘက်မှာ နေရင်လည်း ဟိုဆယ်လီကောင်တွေလို့ အလှူငွေတို့ ယူကျု့ဝင်ငွေတို့ ဘာမှမရှိတော့ တောင်းစားဖို့ပဲကျန်မယ်။ ကံဆိုးလို့ ဆယ်လီကောင်တွေကောင်မတွေနဲ့ဆုံရင် ဟိုကောင်တွေက တွဲရိုက်ပြီး မျောက်ပြဆန်တောင်း အကွက်ထဲရောက်သွားနိုင်တယ်။ အဓိကကျတာကတော့ သူတို့မိဘတွေပါပဲ။ မြှောက်ပေးကြတာကို ကိုယ့်သားသမီးတွေကို မထိန်းသိမ်းနိုင် မဆုံးမနိုင်ကြတော့ အကုန်လုံး ဒီဘဝတွေရောက်ကုန်ကြတာပဲ။ သူတို့ကိုမြှောက်ပေးတဲ့ ဆယ်လီတွေတိုင်းလိုက်ပြီး ကြည့်လိုက် ဘယ်နှစ်ယောက်များ ဒုက္ခရောက်တာ တွေ့လဲ။ တစ်ယောက်ချင်းလိုက်ကြည့်ပါ။ မြှောက်ပေးပြီး ပြည်ပမပြေးပဲ ပြည်တွင်းမှာ ခံဝန်ရေးပြီး နေတဲ့ ဆယ်လီတွေလည်း ကြည့်လိုက်ပါအုံးဗျာ။ အလုပ်တွေပြန်လုပ် ပွဲတွေတက်ပိုက်ဆံတွေရ၊ ပြည်ပပြေးတဲ့ဆယ်လီတွေလည်း နိုင်ငံခြားမှာအခြေချပြီး ဖန်ငွေတွေနဲ့ အေးဆေးပဲ။ ဘယ်သူတွေ ဒုက္ခရောက်ကုန်ကြလဲဆိုတော့ သူတို့ အသံတွေကို နားရောင်ပြီးတောထဲရောက်သွားကြတဲ့ အနာဂတ်ရဲ့ လူငယ်လေးတွေ အကုန်ဘဝပျက်ကြတာပါပဲ။ မိန်းခလေးတွေလည်း ဘဝတွေပျက်၊ ယောင်္ကျားလေးတွေလည်း ဒုက္ခိတတွေဖြစ်ကုန်ကြတာပဲ။ တိုင်းရင်းသား EAOs တွေဆီရောက်ပြီး နတ်ကရာ ကျီးမောတွေလည်းအများကြီးပါပဲ။ ဟိုကောင်တွေက တိုက်တော့ ပဒတ်တွေရှေ့ကထုတ် မြို့သိမ်းပြီးရင် ထောင်တော့သူတို့အလံ၊ တိုက်လို့ သေတဲ့ကောင်ကသေ မသေတဲ့ကောင်တွေကအခြားမြို့အတွက်ထပ်တိုက်စတေးခံပေါ့။ ဆိုတော့ နောက်ဆုံးမှာချင်နာကတော့ လက်ရှိတောထဲရောက်ပြီး ပြစ်မှုမရှိသေးတဲ့လူငယ်တွေအခွင့်ရလို့ရှိရင် အလင်းထပြန်ဝင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်မိသားစုအတွက်အချိန်ပြန်ပေးကြပါ ဘဝတွေကို တောထဲမှာ ဆယ်လီတွေ EAO တွေကောင်းစားဖို့ မရင်းကြပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။

photo content

ဟိုဘက်ကမ်းမှာ ကွန်ဒိုတွေ လုံးချင်းတွေနဲ့နေ၊ ပြီးရင် မျက်ရည်ချူဖို့ အလှူခံဖို့ ဒီဘက်ကိုကူး၊ သနား ကမားရုပ်လေးတွေလုပ်ပြီး ဓာတ်ဖမ်း ပို့စ်တင် ခွက်ခေါက်။ ညနေကြတော့ ဟိုဘက်ကမ်းပြန်ကူး စားသောက် ပျော်ပါး။ ပြောတာ တစ်ကယ်ဟုတ် မဟုတ် လင်းလင်းလက်ထဲက tripod က သက်သေပဲ။ ထိုင်း-မြန်မာ နယ်စပ်ဆိုတာ မြဝတီလိုမြို့မှာတောင် ချောင်းခြားတယ်ဆိုတာ အဲ့ချောင်းထဲလမ်းလျှောက် ဖြတ်ကူးလို့ရတယ်။ မြို့မဟုတ်တဲ့ တောစပ်တွေဆိုရင် ရေက ခြေမျက်စ် လောက်ထိပဲ မြုပ်တာ။ ဒါကြောင့်လည်း သူပုန်အားလုံး နယ်စပ်မှာပဲခွထိုင်ပြီးစခန်းချနေကြတာ။ ဒီဘက်က တပ်ကလာရင် အကုန်ဟိုဘက်ကမ်းကို ပြေးကြတာကြီးပဲ။ ထိုင်းကလည်း ပိုက်ဆံရနေတာကိုး လက်ခံမှာပေါ့။ မသိတဲ့သူတွေကတော့ ဆောက် ထင်တွေကြီးနေကြတာပေါ့။ နယ်စပ်မှာ ဒုက္ခခံနေရတယ်တို့ ဘာတို့ပေါ့။ မြတ်အောင် (zero) လို ကောင်တောင် ကားတစ်စီးနဲ့ ဆိုင်ကယ်၊ ကားဝယ်ရောင်းလုပ်နေပြီ။ ဆယ်လီတို့ ဆယ်တစ်လီတို့ကတော့ ပြောမနေနဲ့ပေါ့ဗျာ။ အကုန် အေးဆေးပဲ။ အခုပြည်သူအတော်များများသိလာလို့ ဆယ်လီတို့ နုကြည်က လေးလိုင်းဝန်ကြီးတို့ မဲဆောက်ဘကမှာ မနေကြတော့ဘူး။ ချင်းမိုင်ဘက်ကိုပြောင်းကုန်ကြပြီ။ တော်လှန်ရေးကြီးပြီးသွားမှာ စစ်တပ်ထက် ဒီဆယ်လီတွေ နုကြည်အဖွဲ့တွေက ပိုတောင်ကြောက်သေးတယ်။ ဒါကြောင့်လဲ နည်းမျိုးစုံနဲ့ လိုင်းပေါ်မှာ ​လှော်နေကြတာပေါ့။ ပြည်သူတွေ "အ" သရွေ့ ဆယ်လီတွေက သာယာလေပဲ။ စစ်အာဏာရှင်ကိုမ​ကြိုက်တာနဲ့ ကိုယ့်အသက်တွေပေးရမှာတန်လားစဥ်းစားကြ။ ဒီဆယ်လီတွေကြတော့ သေ နတ်ကိုင်ပြ ပျောက်ကြားဝတ်ပြပြီးတော့ ဘယ်တိုက်ပွဲမှ မပါပဲ အလှူခံစားနေကြတာသ်ဘို့ပါ။ ဒါကိုမှ ဆက်ပြီး "အ" ချင်ကြသေးရင်တော့ သဘောပဲဗျို့။ အမြင်မတော်လို့ ဝင်ဖော်လိုက်ရတယ်။

photo content
+2

ကဲ အညာသားတစ်ကောင်လည်း ဘယ်လောက်ခိုင်သွားပြီလဲတော့မသိ သို့မဟုတ် တတိယနိုင်ငံသွားဖို့ ကတ်ပဲရသွားပြီလားမသိ။ နှုတ်ထွက်ပါသည်တဲ့ဗျ။ လွယ်လိုက်တာ။ လူတွေကို သ တ်ဖို့ လှုံဆော်တယ်။ ပြီးတော့ ထောက်ပို့လုပ်ပြီး အလှူခံတယ်။ ဘယ်ကလှူတယ် ဘယ်လောက်ရတယ် ဘယ်သူမှမသိဘူး။ အခုတော့ ကျားဖြူစစ်ကြောင်းကနေ နှုတ်ထွက်ပါတယ်ဆိုပြီး လက်ရေးလေးနဲ့ တာ့တာပြသွားပါပြီ။ ဒီတော်လှန်ရေးမှာ လည်တဲ့သူတွေက မွတ်နေအောင် လည်သလို၊ ပြောသမျှယုံပြီး အသက်တွေရင်းသွားကြရတဲ့ ဗမာငတုံးတွေလည်း အသက်ပျောက်သွားကြတာ ဘယ်လောက်တောင်များနေပြီလဲမသိ။ အားလုံးဝဋ်ကြွေးရှိလို့ လာဆပ်ကြတယ်လို့ပဲစ်တ်ကို ဖြေလိုက်တယ်။ တစ်ဖက်မှာလည်း အောက်ခြေစစ်သည်တွေပေးရတဲ့ အသက်တွေမနည်းဘူး။ တစ်ဖက်မှာကြည့်ရင်လည်း လူငယ်လေးတွေ EAO တွေအတွက် မြှောက်ပေးတိုင်းလိုက်လုပ်လို့ ပေးလိုက်ရတဲ့ အသက်တွေ မနည်းကြဘူး။ နှစ်ဖက်လုံး ဘယ်သူသေသေ ဗမာတွေကြီးသေတာ ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်လဲ။ အဲ့အပေါ်မှာ လည်တဲ့သူတွေ ဆယ်လီတွေကတော့ အချိန်တန် အလုပ်မလုပ်ရပဲ တော်ကီတစ်ပေါက်နဲ့ လိုင်းပေါ် R ချောင်ရင်းနဲ့ တော်လှန်ရေးခေါင်းစဥ် အောက်မှာ ချမ်းသာသွားကြတာကြီးပဲ။ စစ်အာဏာရှင်ကိုမကြိုက်တာနဲ့ EAO တွေ အသုံးချခံဖြစ်နေရတာလည်း အတော်လေးရင်နာရတယ်။ အားလုံးက ကံစီမံရာအတိုင်းပဲ။ ဘယ်တတ်နိုင်မလဲ။ ဆိုတော့ နောက်ဆုံးပြောချင်တာက ကိုယ့်အခြေအနေ ကိုယ်မြင်အောင်ကြည့်ပါ။ လုပ်စားသွားကြတဲ့ သူတွေကို မြင်အောင်ကြည့်ပါ။ ကိုယ့်အသက်ကို ကိုယ်နှမြောပါ။ အသက်ကို ဥာဏ်စောင့်တတ်ပါစေ။

ရှမ်းတွေက ပအို့ဝ်တွေကို လုံးဝကို မကြိုက်ဘူး။ ဘယ်လောက်တောင်မကြိုက်လဲဆိုရင် သူတို့ဝတ်စုံလိုလိုက်ဝတ်လို့ ​နောက်ဆုံး အရောင်ကို မဲနယ်ရောင် ဝတ်ပါဆိုပြီးသတ်မှတ်ပေးခဲ့ရတယ်အထိ ရှမ်းတွေက မကြိုက်တာ။ ရှမ်းတွေရဲ့ ဟိုတုန်းက နာမည်တွေက ခွန်နဲ့စကြတာပဲ။ ငယ်ငယ်သင်ဖူးတယ်မလား ခွန်ဆန်လောနဲ့ နန်းဦးပြင် ဆိုတဲ့ရှမ်းပုံပြင်တောင်ရှိခဲ့တယ်။ ပအို့ဝ်တွေက သူတို့နာမည်မှာလည်း ရှမ်းပြည်နယ်မှာ အခြေချတော့ ခွန်ဆိုတဲ့နာမည် ပေးကြလို့ ရှမ်းတွေက ခွန်မပေးတော့ပဲ နောက်ပိုင်းမှာ စိုင်းဆိုပြီး နာမည်ရှေ့မှာ ပေးလာကြတယ်။ ကျွန်တော်ပြောချင်တာက ရှမ်းနဲ့ပအို့ဝ်ကို ရန်တိုက်ပေးတာမဟုတ်ဘူး။ သမိုင်းကြောင်းအနည်းငယ်ကို ပြောပြတာပါ။ ပြောချင်တာက အခုမှ လာမှာပါ သေချာဖတ်ပါ။ ရှမ်းပြည်နယ်ဆိုတာ မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် အထဲမှာ ဧရိယာအကြီးဆုံးပါ။ နောက်ပြီးတော့ တိုင်းရင်းသားအမျိုးအစားပေါင်းစုံအများဆုံးရှိတဲ့ ပြည်နယ်ကြီးပါ။ မြန်မာနိုင်ငံက တိုင်းရင်းသား၁၃၅မျိုးမှာ ၃ပုံ၁ပုံလောက် တိုင်းရင်းသားလူမျိုးစုံနေထိုင်တဲ့ဒေသကြီးပါ။ အခေါအဝေါ်ရ ရှမ်းပြည်နယ်လို့ တပ်ထားတဲ့အတွက် ရှမ်းတွေဟာ သူတို့ပြည်နယ်မှာ အခြားသော ဗမာအပါအဝင်တိုင်းရင်းသားတွေကလာပြီး နေထိုင်ကြတယ်လို့ သူတို့ကသတ်မှတ်ထားကြတယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ်နှင့် ရှမ်းလူမျိုးအတွက်ဆိုပြီး ရှမ်းလက်နက်ကိုင်ဖွဲ့တာ နှစ်ဖွဲ့ကြီးတောင်ရှိတယ်။ RCSS နဲ့ SSPP ဆိုပြီး ရှမ်းလက်နက်ကိုင်ကြီးပေါ့။ ဒီနေရာမှာ သူတို့အကြောင်းအသေးစိတ်မပြောလိုပါ။ လိုရင်းပြောရရင်တော့ ရှမ်းလက်နက်ကိုင်ကြီး၂ဖွဲ့က ပအို့ဝ်တွေကို သူတို့ဒေသကိုချဲ့မှာစိုးလို့ မ​ကြိုက်ဘူး ဆိုပေမယ့် တရုတ်အနွယ်ဝင်တွေ အခု လားရှိုးတို့ ကွမ်လုံတို့ကို ဝင်တိုက်ပြီး နေရာယူအပိုင်စီးထားတာကြတော့ အသံမထွက်ရဲဘူး။ ပြီးတော့ နောင်ချို သီပေါ ကျောက်မဲကို ပလောင်တွေ ဝင်ပြီးနေရာယူထားတာကြတော့လည်း အသံတောင်မထွက်ရဲကြဘူး။ တပ်မတော်က အချုပ်အခြာအတွက် တပ်ရင်းတပ်ဖွဲ့တွေတိုးရင် မ​ကြိုက်ဘူး။ တိုက်ကြတယ်။ ပြောလိုက်ရင်လည်း ရှမ်းပြည်နယ်အတွက်ဆိုတာကြီးပဲ။ အခု MNDAA တို့ TNLA တို့က ရှမ်းပြည်နယ်ထဲက ရှမ်းမြို့တွေကိုသိမ်းတော့ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြီးက အမြီးကုတ်နေလေရဲ့ဗျာ။ ရှမ်းပြည်နယ်မှာ ရှမ်းလက်နက်ကိုင်ကြီးနှစ်ဖွဲ့ရှိနေပြီး တရုတ်သားတပည့်တွေ အခုလိုလုပ်နေကြတာ သူတို့တွေ တွေးကြည့်ရင် အတော်ရှက်ဖို့ကောင်းနေပြီ။ ဘာပဲပြောပြော ပအို့ဝ်တွေက အခုချိန်အထိ သူတို့ကို သတ်မှတ်ပေးတဲ့ ဒေသမှာပဲနေတယ်။ သူတို့ဒေသကို မကျူးကျော်ရအောင် သူတို့လူမျိုး သူတို့လူငယ်တွေကာကွယ်ဖို့ ဆန္ဒပြုပြီး ကာကွယ်ရေးတွေမှာပါဝင်ကြတယ်။ မြင်ရ တွေ့ရ ကြားရတာ အင်မတန်မှ လေးစားချီးကျူးရမယ့်လူမျိုးပါ။ ဒါမှတိုင်းပြည်ချစ်စိတ်ရှိတဲ့လူမျိုး၊ ဒါမှကိုယ်ဒေသကို တစ်ကယ်ချစ်စိတ်ရှိတဲ့လူမျိုးပါ။ ကျွန်တော်ကတော့ ပအို့ဝ်လူမျိုးတွေကို တစ်ကယ်လေးစားတယ်။ ရှမ်းပြည်နယ်ကို သုံးပိုင်းခွဲပြောရင် ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းရှေ့ဆိုပြီးခွဲပြောလို့ရတယ်။ အဓိက မြိုဲ့ကြီး၃မြို့ဆိုရင် တောင်ကြီး၊ လားရှိူးနဲ့ ကျိုင်းတုံမြို့။ အဲ့သုံးမြို့မှာ အခု ရှမ်းတွေရဲ့ လားရှိုးမြို့ကြီးတော့ တရုတ်လက်ထဲပါသွားခဲ့ပြီ။ ခုနပြောတဲ့ ဘယ်ရှမ်းလက်နက်ကိုင်မှ အသံမထွက်ရဲတာ အတော်လေးရှက်စရာပါဗျာ။ သူတို့တာ အခုဗီဒီယိုထဲက ပအို့ဝ်တွေလို ကိုယ့်ဒေသကိုကာကွယ်ဖို့စိတ်ဓာတ်လေးများရှိခဲ့ရင်လို့တွေ့မိလို့ ပအို့ဝ်လူမျိုးတွေကိုလေးစားလို့ ဒီဗီဒီယိုလေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။ ပအို့ဝ်တိုင်းရင်းသားများ တရားသောစစ်အောင်မြင်ပါစေ...👏👏👏

photo content
+2

#အင်အား 💪💪💪 တိုင်းပြည်တစ်ပြည်မှာ နံပါတ်(၁) အဓိကကျတာက စစ်သည်အင်အားပါ။ ရပ်ကွက်ထဲမှာ လမ်းထဲမှာ မိသားစုများတဲ့ အိမ်ဆို တော်ယုံဘယ်သူမှ မထိရဲဘူး။ အဲ့မှာမှညီအစ်ကိုကြီး များတဲ့အိမ်ဆို တစ်ရပ်ကွက်လုံးကော တစ်လမ်းလုံးကကော ဘယ်သူမှ ယှဥ်မဖြစ်ရဲဘူး။ အခု တပ်မတော်မှာ အဓိကလိုအပ်နေတာကလည်း စစ်သည်အင်အားပါပဲ။ လက်ရှိအင်အားမရှိလို့လားဆိုတော့ မရှိတာမဟုတ်ဘူး။ မစုစည်းနိုင်လို့ အခုလို ဟိုနားဝင်ဆောင့်ခံရ ဒီနားဝင်ဆောင့်ခံရနဲ့အပွန်းအပဲ့ခံနေရတာဖြစ်တယ်။ အဲ့သည့်ရဲ့နောက်ဆက်တွဲက ခဏခဏ အထိအခိုက်များလာတော့ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ အခြားစစ်သည်တွေမှာလည်း အနည်းနဲ့အများ စိတ်ထိခိုက်မှု စိုးရိမ်မှုတွေရှိလာကြတယ်။ ဒါကြောင့်လည်း အချို့စစ်သည်တွေ ဘက်ပြောင်းသွားတာမျိုးတွေ ဖြစ်လာရတာပေါ့။ ဘက်ပြောင်းသွားတဲ့သူမှာ အပြစ်မရှိဘူး။ ရှိနေတဲ့ အင်အားကို တစ်စုတစ်စည်းထဲ မထားပဲ မလိုအပ်တဲ့ အဝေးနေရာတွေမှာ ၅၀ ၁၀၀ စီလောက် ဖြန့်ထားတဲ့ ခေါင်းဆောင်တွေမှာသာအပြစ်ရှိပါတယ်။ လတ်တလောအဝေးကြီးမကြည့်နဲ့ အညာဘက်က ကန့်ဘလူနဲ့ အခုပုံထဲက ပအို့ဝ်ဒေသဘက်ကိုကြည့် သူတို့ဒေသတိုင်းမှယ အင်အားသောင်းကျော်ရှိကြတယ်။ အဲ့တော့ ဘယ်သူပုန်မှ အဲ့ဒေသတွေကို ကွကိုယ်ဆြာကြီးလုပ်ပြီး သွားမဆောင့်ရဲ့ဘူး။ သွားဆောင့်လိုက်ရင်လည်း သူပုန်ဖင်ဆုတ်သွားမယ် 😂😂😂 အခု သူပုန်တွေဘက်က ဗျူဟာကြည့်ရင်လည်း ၅၀ ၁၀၀လောက်ရှိတဲ့ တပ်ရင်းတွေကို အင်အားထောင်ဂဏန်းနဲ့ ဝင်ဆောင့်သွားတာကြီးပဲ။ အဲ့တာနဲ့ပဲ ခံနေရတာကြီးပဲ။ ပိုဆိုးတာက အဲ့လိုဝင်လုံးတဲ့အချိန် စစ်ကူ၊ ပစ်ကူ မရတဲ့စခန်းတွေအကုန်ကျတာပဲ။ လူနည်းနည်းနဲ့ ခံချပြီး မကျခဲ့တဲ့ ချောင်းနှစ်ခွလိုစခန်းမျိုးတွေကြည့်လိုက်။ အနည်းဆုံး လေကြောင်း ပစ်ကူပေးနိုင်တယ်။ စစ်ကူအချိန်မှီ ရောက်သွားလို့ အောင်ပွဲခံခဲ့ကြရတာကြီးပဲ။ အခု ပသစတွေခေါ်တယ်။ တစ်သုတ်သင်တန်းဆင်းတိုင်း ဟိုနားနည်းနည်း ဒီနားနည်းနည်းပို့နေတာထက် ဘယ်ဒေသကို ဘယ်နေရာကို အလုံးအရင်းနဲ့ဝင်ပြီး ပြန်ဆောင့်မယ်ဆိုတာမျိုးလုပ်သင့်တယ်။ အခုက ဟိုနည်းနည်း ဒီနည်းနည်းနဲ့ မစွတ်မပွတ်နဲ့ ပြီးရင် ပို့လိုက်တဲ့ ပသစတွေက ခံစစ်တွေနဲ့ စပြီး အတွေ့အကြုံမရှိသေးတော့ အတော်ရုန်းရတယ်။ သူပုန်စခန်းတစ်ခုခုကို အင်အားထောင်ချီနဲ့ မူလစစ်သည်တွေနဲ့ အတူတိုက်ခိုက်နိုင်ရင် သူတို့ပထမအတွေ့အကြုံမှာ အောင်စိတ်တွေကိန်းအောင်းလာမယ်။ ပိုပြီးရဲရင့်လာကြမယ်။ အဲ့တော့ မိမိတို့အနေနဲ့ မူလစစ်သည်အင်အားကို စုစည်းပြီး နောက်ထပ်တိုးလာမယ် ပသစတွေကိုပါ ပေါင်းစပ်ပြီး လက်ရှိဖြစ်ပွာနေတဲ့ ဒေသတွေကနေ စတင်ကိုင်တွယ်မယ့် နယ်မြေရွေးချယ်ပြီး တိုက်သင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့် အင်အားရှိနေရင် ဘယ်သူပုန်မှ လာပြီး ဖင်မယားရဲတာ လက်ရှိ ကန့်ဘလူနဲ့ ပအို့ဝ်ဒေသက သက်သေပါပဲလို့ တင်ပြလိုက်ပါတယ်။ တရားသောစစ် အောင်မြင်ပါစေ...💪💪💪

မြန်မာရာဇဝင်မှာ စစ်သူကြီးတယောက်ရှိခဲ့တယ်။ သူ့ထက် အင်အားများတဲ့ ရန်သူနဲ့ ရင်ဆိုင် ကချိန်မှာ စစ်ပွဲနိုင်ပြီဆိုပြီး ဘုရင့်ဆီ အထေ
မြန်မာရာဇဝင်မှာ စစ်သူကြီးတယောက်ရှိခဲ့တယ်။ သူ့ထက် အင်အားများတဲ့ ရန်သူနဲ့ ရင်ဆိုင် ကချိန်မှာ စစ်ပွဲနိုင်ပြီဆိုပြီး ဘုရင့်ဆီ အထောက်တော်နဲ့ သတင်းပို့တယ်။ ဒီတော့ အထောက်တော်က မနိုင်ရင် အရှင်စစ်သူကြီး အရေးယူခံရမှာပေါ့လို့ လျောက်တော့ စစ်သူကြီးက မနိုင်ရင် ငါ သေပြီဖြစ်လို့ အရေးယူစရာ လူမရှိတော့ပေ။ နိုင်ရင်တော့ ထူးပြောစရာ မရှိတော့လို့ အမိန့်ရှိတယ်တဲ့။ စိတ်ဓါတ် ပြတ်သားခိုင်ကြည်တဲ့လူမို့ စစ်ပွဲလည်း အနိုင်ရခဲ့ပါတယ်။ Hints အထက်က အရေးယူခံရမှာ ကြောက်ပြီး လုပ်ရဲကိုင်ရဲ မရှိတဲ့ စစ်သူကြီးများ သိစေရန် #VOS✍

ပေါက်ဖော်က ဝမ်းယိလာပြီး ပြန်သွားတယ်။ မန်းလေးတိုက်မယ်၊ ပြင်ဦးလွင်တိုက်မယ်ဆိုတဲ့ MNDAA ဦးဆောင်တဲ့ မျောက်၃ကောင်အဖွဲ့ ငြိမ်သွားတယ်။ ငြိမ်သွားတာက ဆက်မလုပ်တာမဟုတ်ဘူး။ နစကနဲ့ ပေါက်ဖော်နဲ့ အပေးအယူညှိနေတုန်းလို့မြင်တယ်။ တစ်ဖက်မှာ ယန်ကီးတွေက ဘကုန်းကိုကိုင်လှုပ်ပြလိုက်တာ ပေါက်ဖော်ရဲ့ မူလပင်လယ်ထွက်ပေါက် လမ်းကြောင်းရှင်းတဲ့အပိုင်းတန့်သွားတယ်။ ချက်ချင်းဆိုသလို ရှေ့မှာ ပေါက်ဖော်အထူးကိုယ်စားလှယ်လာပြီးမကြာဘူး ဝမ်ယိကိုယ်တိုင် ဆင်းလာရတယ်။ အားယားနေလို့လာတာမဟုတ်။ တရုတ်တွေပလန်တော့ချိန်းပြီး သို့သော်ခက်တာက သူ့တပည့်မျောက်သုံးကောင်က ကျားဖြန့်ကိစ္စနဲ့ ခေါင်းစဥ်တပ်ပြီး လောက်ကိုင်ကိုတိုက်တာနဲ့မပြီး လာရှိုးအထိပါဆင်းလာတော့ ပေါက်ဖော်ဘက်က လက်လွန်ကြက်သွန်ဖြစ်နေပြီ။ ယန်ကီးက ဘကုန်းရဲ့ စိန့်မာတင်ကျွန်းမှာ ယန်ကီး အခြေစိုက်ရေတပ်ကိစ္စကို ဟာစိနာကဖွလိုက်တော့ ပေါက်ဖော်မူလပလန်တွေ အကြပ်ရိုက်ကုန်တယ်။ ဒါကြောင့် ပလန်B ချိန်းဖို့ စီစဥ်ထားပြီးလို့ နစကကို ချက်ချင်းလာတွေတာ။ သူဖြစ်နိုင်မယ့် ပင်လယ်ကို ထွက်ပေါက်ရမယ့်လမ်းက ရန်ကုန် သီလဝါဘက်ပဲ ရှိတော့တယ်။ သူ့ရဲ့ တောင်တရုတ်ပင်လယ်ကလည်း ဖိလစ်ပိုင်တို့နဲ့ တိုင်ပတ်နေတော့။ ပေါက်ဖော်ရဲ့ အဓိက ထွက်ရမယ့် ထွက်ပေါက် မြန်မာတစ်ခုပဲရှိတော့တယ်။ ဒါကြောင့်လည်း တောမီးလောင် တောကြောင်မဟုတ်တဲ့ တောမျောက်မွှေးပြီး လက်ခမောင်းခပ်ခိုင်းတာပဲ။ အခုတော့ စိန့်မာတင်နဲ့ ဒစ်လည်ပြီ။ အဲ့တော့ နောက်ဆုံးက ရန်ကုန်သီလဝါကလွှဲရင် သူ့မှာအခြားရွေးချယ်စရာမရှိပြီ။ ဒါ့ကြောင့် နစကကို အချိုလောင်း သကာရည်စမ်းပြီးလာကျွေးတာ။ အဲ့တော့ ရှမ်းမြောက်မှာ လက်လွန်ထားတဲ့ လားရှိုးတို့ ကွမ်လုံတို့ကနေ သူ့မျောက်တွေကိုတော့ သူပြန်ခွာခိုင်းလို့မရလောက်ဘူး။ သူပြောလဲ မျောက်တွေက အခုဆိုလိုက်နာမှာမဟုတ်ဘူး။ အဲ့တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် မျောက်တွေကို ပြန်ဆော်မယ့် နစကကို ဘာတွေပြန်ပြီး ထောက်ပံ့မလည်းမသိရသေး။ နည်းပညာမြင့် ဒရုန်းတေကိုမျောက်တွေကိုပေးပြီး တိုက်ခိုင်းတယ်။ အာဆီယံမှာ ဒရုန်းရန်ကာကွယ်ရေး သင်တန်းပေးတော့ မြန်မာကို နိုင်ငံရေး အကြောင်းပြပြီးချန်ထားခဲ့တယ်။ အရာအားလုံးက တိုက်ဆိုင်တာမရှိဘူး။ နိုင်ငံရေးသမားတွေ ပြောသလို နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာမရှိဘူး။ အဲ့တော့ သူဆုံးဖြတ်ရမှာက သူ့ထွက်ပေါက်အတွက် နစကနဲ့ပေါင်းမလား။ သို့မဟုတ် ​မျောက်သုံးကောင် + UWSA နဲ့ပေါင်းမလား။ လက်ရှိတော့ နစက ကာကွယ်ရေးဝန်ကြီးတော့ ရုရှားပွဲကိုသွားခဲ့တယ်။ ဘာနည်းပညာတွေပြန်ပြီးပါလာမယ်တော့မသိ။ ပွဲတွေကတော့ အတော်လေးကြည့်ကောင်းအုံးမယ့်ပွဲစဥ်တွေလာအုံးမှာပါ။ တစ်ဖက်က ယန်ကီးထောက်ပံ့တဲ့ NUG လက်နက်ကိုင်နဲ့ ကရင်လက်နက်ကိုင်၊ ကရင်နီလက်နက်ကိုင်နဲ့ KIA တို့ကလည်း ပြန်လှုပ်လာတာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာပြည်ကြီး ကံကောင်းပါစေလို့ ဆုတောင်းပေးနိုင်သည်မှ အခြားမရှိပြီ။ @EAOs_Myanmar

photo content

မြင်းခြံ ပသစ တွေ ဘာလို့ အောင်မြင်မှု ရလည်းဆိုတော့ အဓိကအချက်က ‌စိတ်ဓာတ်ပြင်းပြမှု အားကောင်းနေကြတာပဲ။ တပ်အရွှေ့အပြောင်းတွေမှာ စိတ်ကြိုက်စစ်ကစားနိုင်တယ်။  Formal ဆန်မနေဘူး။ အဝတ်အစားကအစ လွတ်လပ်နေတယ်။ အဓိက Survival ဖြစ်ဖို့ပဲ ဦးစားပေးထားတယ်။ စားရေးသောက်ရေးအတွက်လည်း ဝန်ပိနေတာ မရှိဘူး။ ဒီတော့  စစ်ကို စစ်နဲ့တူအောင် တိုက်နိုင်တာ တွေ့ရတယ်။ --- တပ်အနေနဲ့ ဒီလို ပသစ တွေကို အကျိုးရှိအောင် သုံးဖို့ လိုအပ်တယ်။ ရုရှားလို နိုင်ငံကြီးမှာတောင် တရားဝင်လုပ်မရတဲ့ ကိစ္စတွေအတွက် ဝဂ္ဂါနာလို ကြေးစားအဖွဲ့အစည်းတွေ ရှိကြတယ်။ လိုအပ်တဲ့ Support တွေ အကုန်ထောက်ပံ့တယ်။ သယ်ယူပို့ဆောင်ရေးအတွက်လည်း ကိုယ်တွေဆီမှာ လိုင်စင်မဲ့တွေ ဖမ်းထားတာ ရှိမှာပဲ။ ပေးသုံးသင့်ရင် ပေးသုံးကြည့်ရမယ်။ ကိုယ့်ဘက်ရှိနေတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချနိုင်အောင်  ကြိုးစားသင့်တယ်။ -- တကယ်လို့ လက်နက်တွေအတွက် စိတ်မချရရင် လည်း တပ်ရင်းတချို့လောက်နဲ့ တွဲထားပြီးအတူတူ စစ်ဆင်ရေး လုပ်လို့ရနိုင်တယ်။ ဒေသန္တရ စစ်ရေးအမိန့်တွေ ထုတ်ပြန်ပြီး တရားဝင် လက်နက်တွေ ပေးအပ်နိုင်အောင် စီစဉ်ကြည့်သင့်တယ်။ လောက်ကိုင်က သိမ်းဆည်းခံရတဲ့ MA တွေကို မန်း PDF တွေဆီတောင် ရောက်နေတဲ့အခြေအနေမျိုး တဖက်က ထုတ်ပြထားပြီးပြီပဲ။ ကိုယ်တွေ ပသစ တွေကိုလည်း လက်နက်၊ခဲယမ်းအပြည့် တပ်ဆင်ပြီး အလယ်ပိုင်းဒေသမှာ PDF ရှင်းလင်းရေး စစ်ဆင်ရေးတွေ စသင့်တယ်လို့ မြင်မိတယ်။ ပသစ တွေဟာ နယ်မြေခံဖြစ်လို့ လမ်းကြောင်း အဝင်အထွက် ပိုသိနိုင်တယ်။ ဒီလိုဆို တပ်အတွက် အထိအခိုက်နည်းနိုင်သလို အင်အားအရလည်း ထု ရှိသလို ဖြစ်လာလိမ့်မယ်။ (နရီမိုး)

ဟိုခုန် ဒီခုန် စောစလုံးနဲ့နောက်လိုက်အချို့တော့ ကရင်ဂွင်ထဲမှာ နေလို့မရတော့ပါဘူး။ အကြောင်းရင်းက အလှူငွေတွေ ဘုံးတာရယ်၊ ပဒတ်မလေးအ
ဟိုခုန် ဒီခုန် စောစလုံးနဲ့နောက်လိုက်အချို့တော့ ကရင်ဂွင်ထဲမှာ နေလို့မရတော့ပါဘူး။ အကြောင်းရင်းက အလှူငွေတွေ ဘုံးတာရယ်၊ ပဒတ်မလေးအချို့ကို ခြေတော်တင်ပြီး အပျောက်ရှင်းတာတွေရောကိစ္စနဲ့ KNU တမဟ(၄)က ဗျင်းမယ်ကြားလို့ တနင်္သါရီ ဘက်ကို ပြေးပါပြီ။ အရင် သူ့ကိုဆရာတင်ပြီး ကိုးကွယ်တဲ့ ပဒတ်ရာကျော်လည်း ကုန်သလောက်ဖြစ်သွားပါပြီ။ အခုအင်အားဆယ်ဂဏန်းလောက်ရယ် လနအချို့တွေနဲ့ ဒိုးသွားပါပြီ။ ထားဝယ်ဘက်ကိိုဒိုးမှာပါ။ လမ်းကအဖွဲ့တွေ သတိထားကြပါ။ အဲ့ဘက်ခြမ်းက ပဒတ်တွေတော့ ဘုရားတထားကြပေတော့။ DKBA ထဲမှာလည်း နာမည်ကောင်းမကျန်ခဲ့သလို့ ကော်သုလေးရောက်တော့လဲ နာမည်ပျက်အောင် လုပ်နေလို့ နယ်ဒါးမြမောင်းထုတ်ခဲ့တာ။ အခုတော့ တနင်္သါရီဘက်ကို ​ရှောင်ရင်းနဲ့ အင်အားပြန်စုပါလိမ့်မယ်။ ပြီးရင် ဆက်ကြေးကောက် ဓားမြတိုက်နဲ့ အလှူခံလာပါမယ်။ @EAOs_Myanmar 🇲🇲

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ​၏ မြန်မာနိုင်ငံ ခရီစဉ်အတွင် မြန်မာက ဘာတွေ ရလိုက်သလဲ? "နစက အစိုးရကို US ဒေါ်လာ (၃ ဘီလီယံ)အတ
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ​၏ မြန်မာနိုင်ငံ ခရီစဉ်အတွင် မြန်မာက ဘာတွေ ရလိုက်သလဲ? "နစက အစိုးရကို US ဒေါ်လာ (၃ ဘီလီယံ)အတိုးမဲ့ ချေးပြီး ကူညီမယ်ဆိုတာတွေလည်း ကြားရတယ်ပေါ့နော်။ မြန်မာတွေရဲ့ နစ်နာ ဆုံးရှုံးမှုကို သူချွေးသိပ်ချင်တာလည်း ပါလိမ့်မယ်။ နောက်တစ်ခုကလည်း မြန်မာအစိုးရနဲ့ အတူ အကျိုးတူ ပူးပေါင်းချင်တယ် ဆိုတာတွေလည်း ပါလာတယ်ပေါ့နော်။ စိတ်ဆိုး ဒေါသထွက်နေတဲ့ မြန်မာအစိုးရကို ချွေးသိပ်ဖို့ရယ် ပြီးခဲ့တာတွေကို မေ့ဖျောက်ဖို့ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မေ့ဖျောက်လိုက်ဖို့ ပြောခဲ့တာတွေလည်း ရှိတယ်။ " ဟု ကိုထွဋ်မြတ်သူက ပြောထားပါတယ်။ မည်သို့ပင် ဆိုစေ ယခုတစ်ခေါက် ဝမ်ယိ​၏ ခရီစဉ်သည် မြန်မာအတွက် အကျိုးအမြတ် အများကြီးရလိုက်ပြီး သွေးထွက်သံယိုတွေ နည်းပါးစွား ပြီးဆုံးသွားလိမ့်မယ်လို့ ထင်ရပါသည်။ အဓိကပြောသွားတဲ့ထဲမှာ အောက်ကအချက်က လာတဲ့ ခရီးစဥ်မှာ အဓိက #အသက် ပဲ... "EAOsတွေရဲ့ မြို့ရွာတွေကို တိုက်ခိုက်မှုကိုလည်း တစ်ရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဆန့်ကျင်ကြောင်း ပြောကြားသွားခဲ့သည်။ ယင်း စကားသည် EAOsတွေအဖို့ အရှိုက်ထိစေသော စကားလုံး ဖြစ်ခဲ့ပါသည်။" ✍ #မောင်ချိန်ခွင် ⚖

“ ရှမ်း မြောက် သူ ပုန် တွေ နဲ့ ဆက် စပ် ပြီး ( ၁ ) “ ရှမ်း မြောက် က proxy စစ် ရဲ့ နောက် ကွယ် က ထိုင် ဝမ် ဆို တဲ့ ယူ ဆ ချက် တွေ ရှိ နေ တယ် ။ ဘာ လို့ ဘေး နား ကပ် နေ တဲ့ ပြည် မ ကြီး က တ ရုတ် တွေ မ ဖြစ် ရ တာ လဲ ။ ထူး ဆန်း တဲ့ အ ယူ အ ဆ တစ် ခု လို ဖြစ် နေ တယ် ။ ထိုင် ဝမ် တ ရုတ် တွေ မြန် မာ တ ရုတ် နယ် စပ် မှာ လာ လှုတ် ရှား နေ တာ ကို ပြည် မ ကြီး တ ရုတ် က ထိုင် ကြည့် နေ မယ် ဆို ရင် တော့ မ သိ ပါ ။ ထိုင် ဝမ် တ ရုတ် က လည်း တ ရုတ် ပြည် ဖက် ခေါင်း မ လှည့် ဘဲ မြန် မာ နိုင် ငံ ကို သာ ပျက် စီး အောင် လုပ် နေ တာ လည်း တ မျိုး ဖြစ် နေ တယ် ။ လက် ရှိ မြောက် သုံး ဖွဲ့ သိမ်း ထား တဲ့ နေ ရာ တွေ က တ ရုတ် ပိုက် လိုင်း လမ်း ကြောင်း တ လျှောက် ဖြစ် နေ တော့ တ ရုတ် အ ကျိုး အ များ ကြီး ရ နေ တယ် ။ တ ရုတ် အ ဆင် ပြေ အောင် ထိုင် ဝမ် က ဝင် လုပ် ပေး တာ လား ။ နောက် တစ် ခု က ၁၀၂၇ စ တော့ ဒ ရုန်း ကာ ကွယ် ရေး လေ့ ကျင့် ခန်း ကို တ ရုတ် က အာ ဆီ ယံ နိုင် ငံ တွေ ခေါ် ပြီး လေ့ ကျင့် တယ် မြန် မာ မ ပါ ဘူး ။ တ ရုတ် ဖြစ် ဒ ရုန်း တွေ နဲ့ တိုက် ခိုက် ခံ နေ ရ တဲ့ အိမ် နီး ချင်း အာ ဆီ ယံ နိုင် ငံ မြန် မာ ကို ဘာ လို့ ချန် ထား ခဲ့ တာ လဲ ။ နယ် စပ် သူ ပုန် တွေ ကို တ ရုတ် က မ ထောက် ပံ့ ရင် ထိုင် ဝမ် က ထောက် ပံ့ လိမ့် မယ် လို့ ကိုယ် စ ရေး ခဲ့ တာ ပါ ။ တ ရုတ် အ ကျိုး ရှိ သွား အောင် ထိုင် ဝမ် က လုပ် ပေး မယ် လို့ တော့ မ ရေး ခဲ့ ဖူး ဘူး ။ အ ခု ရှမ်း မြောက် လား ရှိုး အ ပါ အ ဝင် မြို့ တွေ ကို သိမ်း နေ တာ တ ရုတ် အ ကျိုး ရ နေ တာ ဆို တာ လောက် တော့ လူ တိုင်း သိ တယ် ။ တ ရုတ် အ ကျိုး စီး ပွါး ဖြစ် တဲ့ ပိုက် လိုင်း နဲ့ ကျောက် ဖြူ စီ မံ ကိန်း တို့ တ ရုတ် လက် ဝေ ခံ သူ ပုန် တွေ လက် အောက် ရောက် သွား တာ လည်း မြန် မာ တစ် နိုင် ငံ လုံး သိ တယ် ။ အဲ့ လို တ ရုတ် အ ကျိုး အ မြတ် ရ သွား အောင် နောက် ကွယ် က သူ ပုန် တွေ ကို ပံ့ ပိုး ပေး နေ တာ တ ရုတ် ကိုယ် တိုင် မ ဟုတ် ဘဲ ရန် ဖက် ထိုင် ဝမ် တွေ ဆို တာ နည်း နည်း လွဲ နေ သ လို ပဲ ။ အဲ့ ဒီ logic ကို တ ချို့ လက် ကိုင် ထား တယ် ။ လွဲ နေ တဲ့ အ ယူ အ ဆ ကို လက် ကိုင် ခံ ယူ ပြီး တွေး တဲ့ ရ လဒ် မှန် ပါ့ မ လား ။ မ မှန် နိုင် တဲ့ အ ဖြေ နောက် လိုက် ပြီး အ ကောင် အ ထည် ဖော် ရင် အောင် မြင် ပါ့ မ လား ။ ကျား ဖြန့် ခေါင်း စဉ် ပေး ပြီး မြန် မာ နိုင် ငံ ထဲ ထိ ဝင် ပါ ခဲ့ တာ တ ရုတ် ပါ ။ မ ကြာ ခင် နေ့ က ပဲ တ ရုတ် ရဲ ကား ကိုး စီး ဆို လား တန့် ယန်း ထိ မောင်း ဝင် လာ ပြီး ဝ က အိုက် ဟော့ တို့ ကို လာ ရှာ တယ် လို့ ဖတ် လိုက် ရ သေး တယ် ။ ထိုင် ဝမ် ကြီး စိုး ထား တဲ့ နယ် ထဲ တ ရုတ် အဲ့ လို ဝင် လို့ ရ ပါ့ မ လား ။ ရှမ်း ပြည် မြောက် ပိုင်း ကို တ ရုတ် တို့ စိတ် ကြိုက် ဝင် ချင် သ လို ဝင် ထွက် ချင် သ လို ထွက် လို့ ရ သွား ပြီ ။ အဲ့ လို ဖြစ် အောင် ထိုင် ဝမ် က လုပ် ပေး တာ ဆို ရင် တ ရုတ် က ထိုင် ဝမ် ကို သိမ်း ဖို့ တောင် မ လို တော့ ဘူး ထိုင် ရှိ ခိုး နေ သင့် တယ် ။ တစ် ခု သ တိ ထား ရ မှာ က ဘ င်္ဂ လား ဒေ့ရှ် က ဟာ စီ နာ ပြုတ် ကျ တာ အ မေ ရိ ကန် ကြောင့် လို့ ဟာ စီ နာ ကိုယ် တိုင် ဝန် ခံ ထား တာ ရယ် ၊ စိန့် မာ တင် ကျွန်း မှာ အ မေ ရိ ကန် စစ် စ ခန်း ဆောက် ချင် တာ ရယ် တွေ ထည့် တွေး ရင် မြောက် သုံး ဖွဲ့ ကိ စ္စ မှာ အ မေ ရိ ကန် ပါ နေ ပြီ လို့ တော့ တွေး လို့ ရ တယ် ။ တ ရုတ် နဲ့ အ မေ ရိ ကန် ကို မြောက် သုံး ဖွဲ့ ခွ က စား နေ ပြီ လို့ တော့ ရေး ဖူး တယ် ။ အ မေ ရိ ကန် က မြောက် ပိုင်း ရှမ်း ပြည် ကို ထိုင် ဝမ် ကို လွှတ် ပြီး က စား မှာ ထက် ကိုယ် တိုင် စီ မံ ဖို့ ပို များ တယ် ။ ထိုင် ဝမ် တွေ တ ရုတ် နယ် စပ် မှာ ကူ မင် တန် တွေ လို လာ လှုတ် ရှား မှာ ကို တ ရုတ် လက် ခံ မှာ မ ဟုတ် ဘူး ။ မြောက် သုံး ဖွဲ့ နောက် မှာ ထိုင် ဝမ် ရှိ တာ ဆို ရင် မြန် မာ အ စိုး ရ နဲ့ တ ရုတ် အ ပြည့် အ ဝ ပူး ပေါင်း လိမ့် မယ် ။ မြောက် သုံး ဖွဲ့ ကို ထိုင် ဝမ် က နောက် ကွယ် က ပံ့ ပိုး ပေး နေ တာ ဆို ရင် တ ရုတ် နိုင် ငံ ထဲ က မြောက် သုံး ဖွဲ့ ရဲ့ အ ကောင့် တွေ ပိတ် လိုက် တာ မျိုး လုပ် လိမ့် မယ် ။ မြောက် သုံး ဖွဲ့ ခေါင်း ဆောင် တွေ တ ရုတ် ပြည် ထဲ ဝင် တာ နဲ့ ဖမ်း လိုက် တာ မျိုး လည်း လုပ် လို့ ရ တယ် ။ မြောက် ပိုင်း ရှမ်း ပြည် မှာ တ ရုတ် မ ဟုတ် ဘဲ ထိုင် ဝမ် လှုတ် ရှား နေ တယ် ဆို တာ ဟုတ် ချင် လည်း ဟုတ် မှာ ပေါ့ ။ ကိုယ် တော့ သ ဘော မ တူ ဘူး ။ အ မေ ရိ ကန် ဆို လက် ခံ နိုင် သေး တယ် ။ တ ရုတ် ဆို တာ နဲ့ တ ရုတ် သ မ္မ တ ရှီ ကျင်း ဖျဉ် ကိုယ် တိုင် ညွှန် ကြား နေ တယ် လို့ တွေး ရင် တော့ မ သိ ဘူး ။ proxy ဆို တာ ကို မ မေ့ ဖို့ ပြော နေ တာ ။ တ ရုတ် မုန်း ဖို့ ပြော တာ မ ဟုတ် ပါ ဘူး လက် သည် အ စစ် ကို မ မြင် ဘဲ လမ်း လွဲ နေ မှာ စိုး တယ် ။ သေ ချာ တာ တစ် ခု က တော့ မြန် မာ နိုင် ငံ မှာ တ ရုတ် နဲ့ အ မေ ရိ ကန် တို့ က စား ကြ တော့ မယ် ဆို တာ ပဲ ။ ပြင် ဆင် ထား ကြ ပေါ့ ။ ( ဆက် ပါ အုံး မယ် ) မိုး တင့် ဆွေ ( ရန် ကုန် တ က္က သိုလ် ) ၁၁ ၊ ၈ ၊ ၂၀၂၄

ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုတာ ဒါ့ကြောင့်ကိုးးး
ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ဆိုတာ ဒါ့ကြောင့်ကိုးးး

photo content