မြန်မာ စာတန်းထိုး ဇာတ်လမ်းတွဲများ🔮
Open in Telegram
1 524
Subscribers
No data24 hours
-17 days
-3430 days
Posts Archive
The Art Of Negotiation (2025)
Lee JeHoon ရဲ့ ကားသစ်လေး ထွက်ရှိလို့လာပါပြီ
Sanin လုပ်ငန်းစု M&A အဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်းတရားတွေကြောင့် ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်
ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေပေမဲ့ တကယ့်အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Saninလုပ်ငန်းစုက ဝမ် 11 ထရီလီယံ အကြွေးတင်ပြီး ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ် Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲ့စည်းပြီးအန္တရာယ်များတဲ့ အကြီးစားညှိနှိုင်းရေးလောကထဲကို ဝင်ရောက်ဖို့အတွက် အတော်ဆုံး စေ့စပ်ညှိနှိုင်းသူတွေကို စုစည်းလိုက်ပါတော့တယ်
နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား "ညှိနှိုင်းရေးနတ်ဘုရား" ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာ
Channel Join link 👇🏻https://t.me/+M12DFfVjsxllYmI1
ကြည့်ရန် link 👇🏻
https://t.me/c/1759689548/90
#Crd
#light
+1
Blue Birthday (2021)
မြန်မာစာတန်းထိုး HD (စ-ဆုံး)
https://t.me/+2WSBz70HK_RlNDA1
#light
When Life Gives You Tangerines (2025)
ဂျယ်ဂျူကျွန်း ၁၉၅၀ ခုနှစ်မှာ မွေးကြတဲ့ ကက်ကက်လန်အောင်ပုန်ကန်တဲ့ ကောင်မလေးနဲ့ တရိုးတစ်သမတ်တည်း ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း။
Ae Sun ဆိုတဲ့ ကောင်မလေးဟာ အိမ်က ငွေကြေးမပြည့်စုံလို့ ကျောင်းမထားပေးနိုင်ပေမဲ့ စာအုပ်တွေကို ချစ်မြတ်နိုးတတ်ပါတယ်။ အိပ်မက်ကလည်း ကဗျာဆရာမဖြစ်ဖို့ပါတဲ့။ တစ်ခုခုဆို ပြောရဲဆိုရဲရှိပြီး ခံစားချက်တွေကို ထိမ်မချိန်ထားတဲ့ ဒီကောင်မလေးရဲ့ သူငယ်ချင်းဖြစ်သူ....
Gwan Sik ဆိုတဲ့ကောင်လေးကတော့ စကားနည်းပြီး ဇွဲလုံ့လကြီးတဲ့လူစားမျိုးပါ။ ရိုမန့်စ်ဆိုရင် ချိုနဲ့လားလို့ မေးလောက်တဲ့အထိ အချစ်ရေးရာဘက်မှာဘာမှမသိတဲ့ သူဟာ သူ့နှလုံးသားထဲမှာ Ae Sun တစ်ယောက်တည်းကိုသာသိမ်းထားတာပါ။ Ae Sun အတွက်ဆို အရာအားလုံး ပါဝင်အားဖြည့်ပေးတတ်တဲ့လူပေါ့။
ဒီလို သူတို့နှစ်ဦးရဲ့ ငယ်ရွယ်ချိန် စွန့်စားခန်းတွေကို ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ အချစ်တော်မင်းသားမင်းသမီးတွေဖြစ်တဲ့ IU ရယ် Park Go Gum ပါဝင်တဲ့ကားဖြစ်ဖို့ မပြသခင်ကတည်းက ပရိသတ်စောင့်မျှော်မှုနှုန်းတွေ မြင့်နေတဲ့ကားဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုကြည့်ရင် ဒီအာရုံနောက်တဲ့လောကမှာ ခဏတာစိတ်အပန်းဖြေဖို့ ဒီကားကိုညွှန်းလိုက်ပါတယ်။ မကြာခင် အတူတူစောင့်ကြည့်ကြမယ်နော်။
Channel Join link 👇🏻
https://t.me/+Vq7nQ1MHAfFmOGE9
#Crd
#light
ဆောင်းဟေကျိုရဲ့ နာမည်ကြီး Dark Nun ကားက ဒီနေ့ညရမှာတဲ့နော်
- ရတာနဲ့တန်းကြည့်ချင်ရင် အောက်ကလင့်ကိုနှိပ်ထားကြပါဗျို့
https://t.me/leehanni2025/187?single
#Crd
#light
+4
Salut d'Amour (2015)
https://t.me/CMKmovies4/58
#strawberry🍓
+3
Heart Stain (2025)
*******
အပိုင်း (၁ မှ ၈) စ/ဆုံး
ယခုတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Korea BL အမျိုးအစား အချစ် romance ဇာတ်လမ်း
ဖြစ်တဲ့ Heart Stain ဆိုတဲ့ ကျောင်းသားကားဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်
သရုပ်ဆောင်တွေအနေနဲ့ idol BXB အဖွဲ့ထဲက Ha Min, This is the Moment ကားထဲကမင်းသား
Kang Yeon Jae, ဒီကားနဲ့မှ debut တဲ့ မင်းသား Kim Ji O တို့အဓိက ပါဝင်ထားပါတယ်
အထက်တန်းကျောင်းသားဖြစ်တဲ့ ဝူဟျွန်း(Ji O) ဟာသူ့အတန်းပိုင်ဆရာဖြစ်သူကို သဘောကျနေတဲ့သူတစ်ယောက်ဖြစ်ပြီး .. သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုအကြောင်းကိုသူငယ်ချင်းဖြစ်သူ ဘတ်ဒိုဟာ(Ha Min)သိသွားကာသူ့ကို ကဲ့ရဲ့မှာကိုကြောက်နေသူပါ ..
ဒါပေမဲ့လည်းအထင်နဲ့လွဲမှားစွာဒိုဟာဘက်ကနေသူတို့နှစ်ယောက် အထက်တန်းပြီးသည်အထိ
တွဲကြည့်ဖို့တောင်းဆိုလာတဲ့အခါ ဆရာဖြစ်သူအပေါ်ထားရှိတဲ့စိတ်သဘောထားတွေကို ရုတ်သိမ်းဖို့ကြိုးစားနေတဲ့ဝူဟျွန်းတစ်ယောက် ဒိုဟာရဲ့တောင်းဆိုမှုကိုလက်ခံသွားမလား .. ဝူဟျွန်းရဲ့အချစ်ရေးကရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို BL ဇာတ်လမ်းတွဲကြိုက်သူတွေရဲ့အကြိုက်ဖြစ်စေမဲ့ Heart Stain ဆိုတဲ့ဇာတ်လမ်းတွဲလေးထဲမှာကြည့်ရှုခံစားလိုက်ပါဦးနော်
https://t.me/+r7wjqY-nYTE0YzI1
#crd
#strawberry🍓
The Potato Lab (2025)
တောင်ကြားထဲက အာလူးသုတေသနစင်တာမှာ ဇာတ်အိမ်တည်ထားတဲ့ အာလူးတွေနဲ့ ဝန်းရံထားတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။
Kim Mi Gyeong (Lee Sun-bin) ဟာ အာလူးသုတေသနအင်တစီကျုက လုပ်သက် ၁၂ နှစ်ရှိ အာလူးသုတေသီဖြစ်ပါတယ်။ ရပ်ကွက်ထဲကလူတွေအတွက်တော့ သူက အာလူးအရူးပေါ့။ သူ့ကို စကားစတာနဲ့ ပါးစပ်ကနေ ဇီဝဗေဒအသုံးအနှုန်းတွေကို ပြောတတ်တာ သူ့ရဲ့ထူးခြားချက်ကလေးပါ။ "Mi Gyeong" လို့ခေါ်တဲ့ အာလူးကို ဖန်တီးဖို့ လျှို့ဝှက်ပရောဂျက်မှာ လုပ်ကိုင်နေတဲ့ အချိန် သူနဲ့ လုံးဝ မအပ်စပ်တဲ့ အထက်လူကြီး သူ့သုတေသနရုံးကို ပြောင်းလာပါတယ်။
So Baek Ho (Kang Tae-oh) ကတော့ ဒါရိုက်တာအသစ်အဖြစ် အာလူးသုတေသနအင်တစီကျုမှာ ခန့်အပ်ခံရတဲ့လူပါ။ အချစ်ဝတ္တုစာအုပ်အဖုံးက ဇာတ်ကောင်တွေနဲ့တောင် နှိုင်းရလောက်အောင် သူ့မှာ သေစေတဲ့အပြုံး, ချိုသာတဲ့အသံ, နတ်ဘုရားလားမှတ်ရတဲ့ မျက်နှာရှိပါတယ်။ သူ့ရဲ့ အသွင်အပြင်က ဒီလိုဆိုပေမဲ့ အမြဲတမ်းတစ်ယောက်တည်းနေပြီး ခေါ်စရာပြောစရာသူငယ်ချင်းမရှိတဲ့ သင်းကွဲတစ်ယောက်ပါ။
အာလူးပဲ သိတဲ့ကောင်မလေးနဲ့ လူမှုဆက်ဆံရေးသိပ်နားမလည်တဲ့ ကောင်လေး သူတို့နှစ်ယောက် ထစ်ခနဲရှိ တကျက်ကျက်ငြင်းခုံပါတော့တယ်။ ဒီလိုငြင်းရင်းခုန်ရင်း တွယ်တာရင်းငြိစွန်းရင်း သူတို့ကြားက ဆက်ဆံရေးဒီထက် ပိုလာနိုင်မလား ဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ဒရာမတစ်ပုဒ်ပဲဖြစ်ပါတယ်။
ဒီထဲမှာတော့ Boyhood ဇာတ်လမ်းက မင်းသမီး Lee Sun-bin နဲ့ Extraordinary Attorney Woo က မင်းသား Kang Tae-oh တို့က အဓိကဇာတ်ဆောင်ဖြင့်ပါဝင်ထားပါတယ်။ ဟာသမြောက်ပြီး ရိုတဲ့ဒရာမာတွေကြိုက်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားမို့ အတူတူ စီးမြောကြမယ်နော်။
+1
Partners for Justice S1 (2018)
https://t.me/joinchat/1Gs5QZbj8yoyYTA1
Partners For Justice S2 (2019)
https://t.me/joinchat/QH8N0SkCvJM2ZTA1
#crd
Partners for Justice S1 (2018)
https://t.me/joinchat/1Gs5QZbj8yoyYTA1
Partners For Justice S2 (2019)
https://t.me/joinchat/QH8N0SkCvJM2ZTA1
#crd
