မြန်မာ စာတန်းထိုး ဇာတ်လမ်းတွဲများ🔮
Open in Telegram
1 524
Subscribers
No data24 hours
-17 days
-3430 days
Posts Archive
Catch Your Luck (2025)
My Merry Marriage ဇာတ်လမ်းတွဲပြီးနောက် ပြသမယ့်
Catch Your Luck
ဒီကားလေးကတော့ ပိုက်ဆံကို အလေးထားကြတဲ့ လူ ၃ယောက်ကို အခြေခံထားတဲ့ ဇာတ်အိမ်လေးပါ
ဟန်မူချောဆိုတဲ့ ဒယ်ဝန်းအဆောက်အဦးပိုင်ရှင်သူဌေးကြီးက လောကကြီးမှာ ပိုက်ဆံသာလျှင် နံပါတ် ၁လို့ ခံယူထားတဲ့ သူဌေးကြီးပေါ့၊ ပိုင်ဆိုင်တာတွေများပြားပေမယ့် မျက်လုံးထဲ ငွေမှငွေပဲ မြင်သူဖြစ်တယ်၊ ဝမ် ၁၀၀ လောက်ကိုတောင် သူများပေးရမှာနှမြောတဲ့ ဦးကပ်စေးနှဲဆိုလည်း မမှားဘူး ၊ အဲ့လိုငွေငွေငွေပဲ ဖြစ်နေရင်း နောက်ပိုင်း ကံဆိုးမှုတွေ ကြုံလာရတာပေါ့
ဟန်မူချောရဲ့ အထက်တန်းကျောင်းနေဖက် ဂင်ဒယ်ရှစ်က လက်ရှိမူချောအဆောက်အဦးတစ်ခုရဲ့ အိမ်ငှားဖြစ်တယ်၊ ကြက်ကြော်ဆိုင်ဖွင့်ထားတဲ့ ဒယ်ရှစ်က မူချောနဲ့မတူပဲ ပိုင်ဆိုင်မှုနည်းပါးပေမယ့် မိသားစုစိတ်ကြီးသူပေါ့
ဒါပေမဲ့ မူချောက ဆိုင်ငှားခကို တိုးတောင်းလာတဲ့အခါ ဒယ်ရှစ်တစ်ယောက် ဆိုင်ပိတ်ရမလိုပါ ဖြစ်လာရတယ်...
သူတို့ ၂ယောက်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချွဲထယ်ဂယူက အိမ်ခြံမြေအကျိုးဆောင်တစ်ခုရဲ့ သူဌေးတစ်ဦး
မူချောပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို သူ့ဆီအပ်နှံထားလို့ အမြဲကျေးဇူးတင်နေသူလေး၊ မိန်းမဆုံးသွားပြီးနောက် တစ်ယောက်တည်း သားဖြစ်သူကို ပျိုးထောင်လာရာက နှလုံးမကောင်းတဲ့သားအတွက် ခွဲစိတ်စရိတ်တွေ လိုအပ်လာတဲ့အခါ အကျပ်အတည်းတွေ ရှိလာတယ်
သူငယ်ချင်း သုံးယောက်ရဲ့ ငွေကြေးအကျပ်အတည်းတွေနဲ့ပတ်ပြီး ဘယ်လိုဖြေရှင်းပုံဖော်ရိုက်ကူးထားလဲဆိုတာကို
Happyနဲ့အတူတူ ကြည့်ကြရအောင်နော်။
အပိုင်း(၁၂၀)အထိပြသသွားမှာဖြစ်ပြီး
ဧပြီလ ၁၅ ရက်နေ့မှစပြီး Happy Channel မှ
ဘာသာပြန်တင်ဆက်ပေးသွားမှာမလို့
Channelလေးကိုjoinပေးကြပါဦးနော်...
https://t.me/meant_to_be_by_happy
https://t.me/meant_to_be_by_happy/1254
#Crd
#Lemon
+5
Resident Playbook (2025)
အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့
ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ်
လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့
ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။
ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီး
သိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။
Tele » https://t.me/+zeIK33S40xs4ZmJl
#Crd
#Lemon
+6
Crushology 101 (2025)
F4 2025 ဗားရှင်းလို့ လူပြောများနေတဲ့ ဒရမ်မာလေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။
Main Cast များအနေနဲ့ Hierarchy မှာ မပေါင်းဖက်လိုက်ရတဲ့ Roh Jeong-Eui နဲ့ Lee Chae-Min၊
လက်ရှိပြသနေတဲ့ Heesu in Class 2 ထဲက မင်းသား Jo Jun-Young၊ Cheer Up ထဲက 2nd lead လေး
Kim Hyun-jin နဲ့ Love Your Enemy ထဲက Hong Min-Gi တို့က ပါဝင်သရုပ်ဆောင်ထားကြပါ
Tele » https://t.me/+smes3WBIKGVjODg1
#Crd
#Lemon
+4
Way Back Love (2025)
အသက် ၂၄နှစ်အရွယ် ဂျောင်ဟီဝန်းဟာ အထက်တန်းကျောင်းမှ အချစ်ရဆုံး သူငယ်ချင်းဖြစ်သလို တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်များရှိနေကြတဲ့ ဂင်ရမ်အူရဲ့ သေဆုံးမှုကြောင့် အပြစ်တင်စိတ် ခံစားရနေပြီး မိမိဘဝနှင့် အသက်ကို လက်လျှော့ထားသူဖြစ်ပါတယ်။
သို့ပေမဲ့ ခြောက်နှစ်ကြာလွန်ပြီ တစ်ရက်မှာ ဂင်ရမ်အူဟာ အိမ်တံခါးဝမှာ သေမင်းအဖြစ်နဲ့ ရုတ်တရက်ကြီး ရောက်ချလာကာ သူမအသက်ရှင်ရန် တစ်ပတ်သာ ကျန်တော့ကြောင်း ပြောလာပါတော့တယ်။
ရမ်အူဆုံးသွားပြီးတည်းက ရပ်တန့်သွားတဲ့ ဟီဝန်းရဲ့အချိန်တွေကို ကျန်ရှိတဲ့တစ်ပတ်တာကာလမှာ ဘယ်လိုအတူတူကုန်ဆုံးကျမလဲ
ဂင်ရမ်အူရဲ့ တကယ်သေဆုံးသွားရတဲ့အကြောင်းအရင်းကဘာလဲ
နှစ်ဦးသားနောက်ဆုံးအချိန်မှာ ခံစားချက်တွေကိုဖွင့်ဟနိုင်ခဲ့မှာလား စသည်တို့ကို ရသမျိုးစုံဖြင့်ရင်ခုန်စွာ ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။
Tele Link » https://t.me/+ef3OlghEnSI5MTdl
#Crd
#Lemon
+4
Hyper Knife (2025)
အပိုင်း (၁ မှ ၈) စ/ဆုံး
Tele Link » https://t.me/+29X4GJ-L4EwwMDE1
#Crd
#Lemon
+2
Business as Usual (2025)
အသက်၃၀အရွယ် ရုံးဝန်ထမ်း ဂင်မင်ဂျွန်းက အမြဲတမ်း ပုံသေအချိန်ထဲမှာပဲ လှုပ်ရှားနေရတာကြောင့် ဘဝရဲ့တစ်စုံတစ်ခုကို ပျောက်ဆုံးနေသလို ခံစားနေရပါတယ်.အသက်ကြီးလာလေ စိတ်ဖိအား ပိုခံစားလာရလေဖြစ်ပြီး ဘဝတိုးတက်မှုမရှိတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ၈နှစ်လောက် ဝေးကွာခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်သူဂျင်ဟွမ်က ရုံးလုပ်ဖော်ကိုင်ဖက်အဖြစ် ရောက်ရှိလာတဲ့အခါ
ဂျင်ဟွမ်က အရင်လို ဆွဲဆောင်မှုရှိပြီး ယုံကြည်ချက်အပြည့်ရှိပေမဲ့ မင်ဂျွန်းကတော့ လမ်းခွဲပြီးကတည်းက သူ့ကိုယ်သူ တိုးတက်မှုမရှိဘူးလို့ ခံစားနေရပြီး အတိတ်က နာကျင်မှုတွေကို မေ့ပစ်ဖို့ အလုပ်ထဲစိတ်နှစ်ရင်း တိုးတက်ဖို့ကြိုးစားနေခဲ့ပါတယ်
ဂျင်ဟွမ်ကတော့ မင်ဂျွန်းနဲ့ နှစ်ကိုယ်တူအချစ်ကိုပြန်အစပျိုးချင်နေပြီး အရင်ကဇာတ်လမ်းလေးကို ပြန်ဆက်နိုင်ဖို့ကြံစည်နေခဲ့တာပါ. အချစ်ဦးလိုဖြစ်တည်ခဲ့ကြတဲ့ မင်ဂျွန်းနဲ့ဂျင်ဟွမ်ရဲ့ အချစ်ရေးက ဘာတွေဆက်ဖြစ်လာမလဲ..
Tele - https://t.me/+lhLce2YptT1kMTk9
#Crd
#Lemon
အသိပေးကြေငြာခြင်း
---------------------------------
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ရသည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မီးသတ်ယာဉ်များဖြင့် ဥဩဆွဲ ဂါရဝပြုမည်ဖြစ်ပါသောကြောင့် မိဘပြည်သူများ ထိတ်လန့်မှုများ မဖြစ်ပွားစေရေး ကြိုတင်အသိပေးကြေငြာအပ်ပါသည်။
မိဘပြည်သူများအနေဖြင့် ဥဩဆွဲနေစဉ်အတွင်း ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွှတ်ဂါရဝပြုပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
#crd
#strawberry🍓
The Divorce Insurance (2025)
Lee Dong-wook, Lee Joo-Bin, Lee Kwang soo နဲ့ Lee Da-Hee တို့ပါဝင်ထားတဲ့ Rom-Com drama အသစ်လေးထွက်ရှိလာပါပြီ
https://t.me/+Qba-s_wCInY5ZmM1
#strawberry🍓
ဖုန်းလိုင်းမရှိဘဲစာပို့လို့ရမဲ့ app လေးတွေတင်ပေးထားပါတယ်
ငလျင်ကြောင့်တစ်ခုခုဖြစ်လို့ လိုင်းပြတ်ရင် မိသားစုတွေဆက်သွယ်လို့ရအောင်ထည့်ထားကြပါ အရင် အာဏာသိမ်းတုံး ဒီ App များအသုံးပြုလို့ရတယ် အခုလဲ လိုင်းအဆင်ပြေတဲ့သူများ down ထားဖို့ပြောချင်တာပါ ဖုန်းလိုင်းမရှိဘဲစာပို့လို့ရမဲ့ app လေးတွေတင်ပေးထားပါတယ်ဧကရီ WeChat , AI Deepeek ,ChatGPT, China Google Geminiကိုမေးထားတာပါ စကိုင်းဘက်က လိုင်းမမိတဲ့သူတွေ အဆင်ပြေချောမွေ့ကြပါစေ တခြားမြို့နယ် လိုင်းမမိတဲ့သူများလဲ အသုံးပြုလို့ရပါတယ်ရှင့်
ဒီ App တွေက *Local Network (Wi-Fi/Bluetooth) သုံးပြီး အင်တာနက်မလိုဘဲ** စာပို့လို့ရပါတယ်
📲 လိုင်းမရှိပဲ အဆက်အသွယ်လုပ်လို့ရတဲ့ App များ*
1. *FireChat* (ဖိုင်းချတ်)
- အင်တာနက်မလိုဘဲ* Wi-Fi/Bluetooth သုံးပြီး *Messaging & Group Chat* လုပ်လို့ရ
- အုပ်စုဖွဲ့စကားပြောလို့ရ* (Local Network ပေါ်မူတည်)
- iOS/Android*နှစ်မျိုးလုံးရှိ
2. Bridgefy* (ဘရစ်ချ်ဖိုင်း)*
- Bluetooth/Wi-Fi Direct*သုံးပြီး *Offline Messaging* ပို့လို့ရ
- ပွဲတွေ၊ ခရီးသွားတဲ့အခါ*အင်တာနက်မရှိရင် အဆင်ပြေ
- Encrypted Chat* လည်းရှိ (လုံခြုံမှုရှိ)
3. Briar* (ဘရိုင်ယာ)*
- P2P (Peer-to-Peer) Messaging* – အင်တာနက်မလိုဘဲ *Bluetooth/Wi-Fi* ကနေချိတ်ဆက်နိုင်
- *Encrypted & Privacy-Focused* (လုံခြုံမှုအပြည့်)
- *Android Only* (iOS မရှိသေး)
4.Signal Offline Mode* (ဆစ်ဂနယ်)*
- *Wi-Fi Direct* သုံးပြီး *Local Network ပေါ်မှာ* စာပို့လို့ရ
- *End-to-End Encrypted* (လုံခြုံ)
5. *Nearby Share (Android) / AirDrop (iPhone)*
- Android** ဆိုရင် *Google Nearby Share* (Wi-Fi/Bluetooth သုံး)
- *iPhone* ဆိုရင် *AirDrop**(Bluetooth/Wi-Fi သုံး)
- ဖိုင်တွေကို Offline မျှဝေလို့ရ
6. *Zello Walkie Talkie**(ဇယ်လို)*
- *Walkie-Talkie Mode* – Wi-Fi/ဒေတာမရှိဘဲ *Local Network* ပေါ်မှာ အသံချက်လို့ရ
- အုပ်စုနဲ့ဆက်သွယ်ချင်ရင် အဆင်ပြေ
📌 ဘယ်လိုအခြေအနေတွေအတွက် အဆင်ပြေလဲ?*
✔ အင်တာနက်မရတဲ့ခရီးတွေမှာ* (တောင်တက်, သင်္ဘောခရီး)
✔ ပွဲတွေ, စုဝေးမှုတွေမှာ* (Wi-Fi/Bluetooth ချိတ်ပြီး Chat)
✔ သဘာဝဘေးအန္တရာယ်ဖြစ်ရင်* (လိုင်းပြတ်နေချိန်)
*⚠ သတိထားရန်*
-*အကွာအဝေး*– Bluetooth (10-100m), Wi-Fi Direct (~200m) အထိသာ အလုပ်လုပ်တယ်
- *အသုံးပြုသူများမှ*အဆင်ပြေမယ် (ဥပမာ - အုပ်စုထဲက လူတိုင်း *Bridgefy* သွင်းထားမှ ဆက်သွယ်လို့ရ)
ဒီ App တွေကို *ကြိုတင်ဒေါင်းလုဒ်ဆွဲထားဖို့* လိုပါတယ်။ *အရေးပေါ်အခြေအနေအတွက်** အထူးအသုံးဝင်ပါတယ်! 📡🔌
Bridgefy App
Firechat App
Briar App
Serval mesh App
Offline walkie-talkie Apps
Signal App
Zallo App
#crd_to_owner_with_respect
Repost from 𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗖𝗶𝗻𝗲𝗺𝗮
+3
အာလူးဌာနကို နောက်ခံထားတဲ့ အူတက်အောင်ခွီနေရမယ့် ဒရမ်မာလေး ❤️❤️
Potato Lab ( 2025 ) အပိုင်း ၇+၈ 🦋
https://t.me/BC_K_Movie/231
https://t.me/BC_K_Movie/231
ဇာတ်လမ်းသစ်တစ်ပုဒ်ဖြစ်ပြီးတော့ Lee Sun Bin က အာလူးကို အရမ်းကြိုက်တဲ့ သုတေသီ Kim Mi Kyeong အဖြစ် ပါဝင်မှာဖြစ်ပြီး Kang Tae Oh က အမြတ်အစွန်းရရှိရေးအတွက် မည်သည့်အရာကိုမျှ မထောက်ထားတဲ့ ( ချစ်စရာကောင်းတဲ့)အရင်းရှင် So Baek Ho အဖြစ် ပါဝင်မည်ဖြစ်ပါတယ်
⚡️ BURMESE CHANNEL ⚡️
Heo's Diner (2025)
https://t.me/+H2Z-Fqa85Cc3ZWE1
#strawberry🍓
School ( 2021 )
Channel အရင် Join ပါ ⬇️ ⬇️ ⬇️
https://t.me/+OnSXZZaACCYyMTll
ဇာတ်လမ်းတွဲ Link ⬇️ ⬇️ ⬇️
https://t.me/c/1897286566/2537
Credit : Channelmyanmar
+7
Villain Everywhere (2025)
Channel Join link 👇🏻
https://t.me/mdan24624
အညွှန်းဖတ်ရန် link 👇🏻
https://t.me/mdan24624/47
https://t.me/mdan24624/48
#light
+4
Secret: Untold Melody (2025)
၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင် "Secret"ကို Remake အနေနဲ့ ပြန်လည်ဖန်တီးထားပြီး EXO D.O., Won Jin-Ah နဲ့ Shin Ye Eun တို့ အဓိက ပါဝင်ထားတဲ့နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။
ယူဂျွန်း (D.O.)ကတော့ နိုင်ငံခြားမှာ စန္ဒရား ပြိုင်ပွဲ ဝင်ပြိုင်ရင်းကနေ လက်ကောက်ဝတ်ကျန်းမာရေး အခြေအနေကြောင့် ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့တဲ့သူပါ
ကိုရီးယားက ဂီတ တက္ကသိုလ် တစ်ခုကို ရောက်ရှိလာတဲ့နေ့မှာပဲ ယူဂျောင်အာ (Won Jin Ah)ဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရင်း ဂျောင်အာရဲ့ စန္ဒရား တီးသံကို သဘောကျသွားခဲ့ပြီးယူဂျွန်းနဲ့ ဂျောင်အာတို့ဟာ အတူသွား အတူလာ သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်
သူငယ်ချင်း အဖြစ်ကနေ ခံစားချက်တွေ နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကြားမှာ ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခု တည်ရှိနေတယ်ဆိုတာကို ယူဂျွန်းက ရိပ်စားမိသွားတဲ့အခါမှာတော့..နက်ရှိုင်းလာတဲ့ ဒီ ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ တည်ရှိနေတာလဲ...
သူတို့ရဲ့ ချစ်ခြင်းတွေ ပေါင်းစပ်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦး
https://t.me/CMKmovies4/71
#crd
#strawberry🍓
Secret Relationships (2025)
********
အပိုင်း ၁ မှ ၆ အထိ
CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ လေးပွင့်ဆိုင်ဇာတ်လမ်းလေးအဖြစ် ထူးထူးခြားခြား ကြည့်ရှုရမဲ့ BL Drama လေးပဲ ဖြစ်ပါတယ်...
Main Cast တွေအနေနဲ့ကတော့ Boy Group WEi ရဲ့ အဖွဲ့ဝင် Kim Jun-Seo နဲ့အတူ Cha Sun-Hyung , Cha Jung-Woo , Kim Ho-Young တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်...
ဇာတ်လမ်းအကျဉ်း
--------------
ဂျောင်ဒါအွန် (Kim Jun-Seo) ဟာဆိုရင် သူဌေးသားလေးလို နုနယ်ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ဉာဏ်ရည်ပါ ပြည့်စုံတဲ့အတွက်
သူ့ပတ်ဝန်းကျင်ကသူတွေအားလုံးရဲ့ အားကျခြင်းကို ခံနေရသူပါ...ဒါပေမဲ့ လက်တွေ့မှာတော့ ဒါအွန်ဟာ အကြွေးတွေပဲရှိတဲ့ မိဘတွေနဲ့ ညီမငယ်လေးကို
တာဝန်ယူထားရတဲ့ သနားစရာကောင်လေးပဲဖြစ်ပါတယ်...အဲဒီလို ဒါအွန် ပင်ပန်းခက်ခဲချိန်တိုင်း မှီခိုခဲ့ရတဲ့သူကတော့ ရှင်းဂျယ်မင်း (Kim Ho-Young)ပါ...
ဟိုယောင်းက ဒါအွန်အထက်တန်းကျောင်းတုန်းကလည်း အခမဲ့ ဂိုက်သင်ပေးဖူးပြီး ဒါအွန် တစ်ဖက်သတ် ကြိတ်သဘောကျနေရသူပဲ ဖြစ်ပါတယ်...
လက်ရှိမှာတော့ ဒါအွန်ဟာ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရရှိထားပြီး အယ်ဘီဆောက်လုပ်ရေးမှာ အလုပ်ဝင်နေပြီဖြစ်ပါတယ်...ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့
ဂျူဆောင်းဟျွန်း (Cha Sun-Hyung) နဲ့ အစက ပဋိပက္ခအနည်းငယ် ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ဆောင်းဟျွန်းက ဒါအွန်အပေါ် စိတ်ယိမ်းယိုင်စပြုလာပြီး
သူ့ခံစားချက်တွေကို ဒါအွန်သိအောင် ဖွင့်ပြောဖို့ ကြိုးပမ်းလာပါတော့တယ်...တစ်ဖက်မှာလည်း ဒါအွန်ရဲ့ အသိအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဂင်ဆူဟျွန်း (Cha Jung-Woo)က
နိုင်ငံခြားပညာတော်သင်သွားရာမှ ပြန်ရောက်လာပြီး ဒါအွန်အနားကို ချဉ်းကပ်စပြုလာတဲ့အခါမှာတော့...
သူတို့လေးဦးကြားက ရှုပ်ထွေးလွန်းလှတဲ့ လေးပွင့်ဆိုင်အချစ်တော်ပုံလေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့
ဒရမ်မာလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြဖို့ ညွှန်းဆိုလိုက်ပါရစေ...
Tele - https://t.me/+0yDtvayxR1Q1N2Y1
#crd
#strawberry
