မြန်မာ စာတန်းထိုး ဇာတ်လမ်းတွဲများ🔮
Open in Telegram
1 524
Subscribers
No data24 hours
-17 days
-3430 days
Posts Archive
Repost from SoulKingdom Movies
+2
သမီးကြားတယ် ဖေဖေ
不说话的爱 MuMu 2025 ရုပ်ရှင်
ချစ်ခြင်းမေတ္တာဟာ လူကိုကြံ့ခိုင်သန်မာစေတယ် လောကကြီးကို နားလည်လက်ခံနိုင်လာစေတယ်ရုပ်ရှင်အညွှန်း ဒီရုပ်ရှင်လေးဟာတော့ မေတ္တာသရုပ်ဖော် ကြည်နူးနှစ်သိမ့်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ အသက်ငယ်ငယ်နဲ့နားမကြားကြရှာတဲ့ ရှောင်မာနဲ့ရှောင်ကျင့်တို့ဇနီးမောင်နှံဟာ သမီးလေးမုမုမွေးလာတဲ့အခါမှာ မျှော်လင့်ချက်တစ်ခုသာရှိခဲ့ပါတယ်..... သူတို့ရဲ့သမီးလေးဟာ သာမန်လူတွေလိုပဲ ကျန်းမာသန်စွမ်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာနိုင်စေဖို့ပါ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မုမုဟာကျောင်းနေရမယ့်အရွယ်ရောက်တဲ့အထိ စကားမပြောနိုင်သေးပါဘူး သူတို့ဇနီးမောင်နှံဟာ သမီးလေးမုမုကို စကားပြောလာနိုင်စေရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အချည်းနှီးသာဖြစ်ခဲ့ပါတယ်...... သူ့ရဲ့သမီးဟာ သူတို့လိုမျိုး မသန်စွမ်းကလေးဖြစ်လာမှာကို ရှောင်မာဟာ လုံးဝလက်သင့်မခံနိုင်ခဲ့ပါဘူး။ ဒီ့အတွက်ကြောင့်လည်း သူ့နဲ့ရှောင်ကျင့်တို့ဟာ မကြာခဏအချင်းများကြရပါတယ် ဒါပေမဲ့ သူတို့နှစ်ယောက်လုံးမှတ်ထင်ထားသလိုမဟုတ်ဘဲ မုမုရဲ့ စကားမပြောရခြင်းအကြောင်းအရင်းမှန်ကတော့....... #ReviewByDD #不说话的爱 #SoulKingdom #SoulKingdomMovie #MuMu
+3
Queen's House (2025)
လက်စားချေရင်း လောင်မြိုက်ရတဲ့ ဇာတ်လမ်းရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်
Seo Joon Young, Ham Eun Jung, Park Yoon Jae., Lee ga Ryeong တို့ အဓိကပါဝင်ထားတဲ့
ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းဖတ်ရန်
https://t.me/c/1508286133/328
Channel Join Link
https://t.me/+smes3WBIKGVjODg1
#Lemon
Shark 2 : The Storm (2025)
2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကို
ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။
ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး
Kim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။
Channel Join Link
https://t.me/+heqgt_hLtoAzZTVl
အညွှန်းဖတ်ရန်
https://t.me/c/1576451930/233
#Lemon
+5
Second Shot at Love (2025)
ဟန်ဂွန်းဂျူ(Sooyoung) က ထိပ်တန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကျွမ်းကျင် ကားပြင်သူတစ်ဦးဖြစ်ပါတယ်။
အလုပ်မှာလည်းတော်သလို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး စားပွဲများမကြာခဏသွားလေ့ရှိတဲ့ အရက်ဂျိုးတစ်ဦးပေါ့ ..
တစ်နေ့မှာတော့ ဆိုးလ်ကနာမည်ကြီးတက္ကသိုလ် တစ်ခုမှာ အထူးကုအဖြစ်လုပ်ကိုင်နေတဲ့ သူငယ်ချင်းတစ်ဖြစ်လှည့် အချစ်ဦး ဆောအွီဂျွန်း (Gong Myung)က အကြောင်းတစ်ခုခုကြောင့် ဂွန်းဂျူရှိရာ မွေးရပ်မြေကို ပြန်ရောက်
လာပါတော့တယ်။ အွီဂျွန်းကတော့ ဂွန်းဂျူနဲ့ မတူဘဲ အရက်မကြိုက်သူတစ်ဦးဖြစ်ပါတယ် ..
အဲဒီနောက်မှာတော့ ရပ်ကွက်ထဲက ဆိုင်တွေဆီကပါ အဘန်းခံရလိုက်ရတဲ့ အရက်မရှိရင်မနေနိုင်ဘူးဆိုတဲ့ ဂွန်းဂျူဟာ အရက်ဖြတ်ပေးဖို့အတွက် အွီဂျွန်းကို တောင်းဆိုလာပါတော့တယ် .. ။
ဂွန်းဂျူသာမန်ဘဝပြန်ရောက်အောင် ဘယ်လိုကူညီပေးမလဲ၊ အွီဂျွန်းကရော ဘာကြောင့်ပြန်ရောက်လာတာလဲ စတာတွေကို သုတ ရသရောပြီး ရယ်မောရင်း အမောပြေကြည့်ရူခံစားနိုင်မဲ့ Rom Com ကားကောင်းလေးဖြစ်ပါတယ်။
https://t.me/+rE5z4vMSWGMxODI1
#Lemon
+2
The Match (2025)
ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ ကလေးသရုပ်ဆောင် Kim Kang Hoonတို့
အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝ
နောင်တမရစေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင် Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။
Channel Join Link
https://t.me/+rAVAPF4rcQU4MDQ1
https://t.me/c/2646664430/27
#Lemon
+4
You Are the Apple of My Eye (2025)
IMDb... 7.4
နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။
တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့j
လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့
ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။
https://t.me/CMKmovies6
#Lemon
+4
Tastefully Yours (2025)
ဟန်ဘုမ်းအူကတော့ တောင်ကိုးရီးယား နံပါတ်တစ် စားသောက်ကုန်ကုမ္မဏီ'ဟန်ဆန်း' ရဲ့ ဒါရိုက်တာဖြစ်ပြီး ဆိုးလ်မှာလည်း ကြယ်တစ်ပွင့်ရ fine dining စားသောက်ဆိုင်
ဖွင့်ထားပါတယ်။ ကြယ်သုံးပွင့်ရစားသောက်ဆိုင်ဖြစ်ဖို့အတွက် တခြားနာမည်ကြီးဆိုင်တွေကချက်ပြုတ်နည်းကို ခိုးယူဖို့လည်း တွန့်ဆုတ်မနေတတ်သူပါ။
မိုယွန်းဂျူကတော့ အရသာအပေါ် အစွဲအလမ်းကြီးတဲ့ ပါရမီရှင် စားဖိုမှူးဖြစ်ပြီး ဂျွန်ဂျူမှာ fine dining စားသောက်ဆိုင် 'ဂျောင်ဂျယ်' ကို ဦးစီးနေတဲ့သူဌေးဆိုလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ယွန်းဂျူက အကောင်းဆုံးသော ပါဝင်ပစ္စည်းတွေကိုမှအသုံးပြုမယ်ဆိုတဲ့ ခံယူချက်မျိုးရှိတာကြောင့် သူ့စားသောက်ဆိုင်လေးက တစ်စ တစ်စချင်းစီယိမ်းယိုင်စပြုလာတဲ့အတွက် ယွန်းဂျူတစ်ယောက်လည်း စိတ်ပျက်အားလျော့နေတာပေါ့။
အဲဒီအချိန်မှာပဲ ဘုမ်းအူက ယွန်းဂျူရဲ့ ချက်ပြုတ်နည်းကို ရယူဖို့အတွက် ဂျောင်ဂျယ်စားသောက်ဆိုင်ကိုလွှဲပြောင်းဝယ်ယူဖို့ စီစဉ်ပါတော့တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး ဂျောင်ဂျယ်စားသောက်ဆိုင်လေးကို အတူတူလက်တွဲဦးစီးဖြစ်သွားတဲ့အခါမှာတော့
https://t.me/+N_Q1pKhs29M4MDA9
+3
First Love (2025)
အပိုင်းသစ် (၁)
အချစ်ဦးကို ရူးခဲ့ကြပြီးတော့ အချစ်ဦးဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် 2025 မှာ အချစ်ဦးကိုရီးယားဒရာမာလေးတစ်ခု ထပ်မံထွက်ရှိလို့လာပြန်ပါပြီ .. ။
ဖြူစင်တဲ့ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ကြရတဲ့ မတူညီတဲ့ အချစ်ပုံပြင်လေး ၆ ပုဒ်
အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပုံပြင်လေးတစ်ပုဒ်ချင်းစီတိုင်းဟာလည်း
ထူးခြားဆန်းကြယ်ပြီးတော့ ကြည့်ရှုသူ ပရိသတ်တို့ကိုယ်တိုင်ကပါ သူတို့ရဲ့အချစ်ပုံပြင်တွေနဲ့အတူ လိုက်ပါ ရင်ခုန်ပြီးလိပ်ပြာလေးတွေ ပျံရင်းနဲ့ မိမိရဲ့ငယ်စဉ်က အချစ်ဦးလေးကိုပါ ပြန်လည်
သတိရသွားစေမှာပဲဖြစ်ပါတယ်။
Cast တွေအကုန်လုံးကလည်း တက်သစ်စ သရုပ်ဆောင် ငယ်ငယ်ချောချောလေးတွေချည်းပဲဖြစ်ပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းသားကား Romance ဇာတ်လမ်းတွဲလေးကို ကြည့်ချင်သူတို့အတွက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်တာကြောင့် ကြည့်ရှူကြည့်ကြပါဦးနော်။
https://t.me/+YnlLrhuqFP9lNDA1
#Lemon
+5
Spring of Youth (2025)
Lovely Runner လို Vibe မျိုးနဲ့ ဒီနှစ်အတွက်
ကြည့်ရှုရမယ့် Spring of Youth လေးလာပါပြီ
ဆာဂရယ်ဆိုတဲ့ကောင်လေးက ကိုရီးယားရဲ့နာမည်အကြီးဆုံးတီးဝိုင်းအဖွဲ့ "The Crown"ရဲ့ အဖွဲ့ဝင်တစ်ဦးပါ ဒါပေမဲ့ အက်စီးဒန့်ဖြစ်ပြီးတော့ သူ့အေဂျင်စီရဲ့ စေခိုင်းချက်အရ ဟန်ဂျူတက္ကသိုလ်ကို တက်ဖို့ဖြစ်လာပါတယ်
ဂင်ဘုံးဆိုတဲ့ ကောင်မလေးကတော့ ငယ်ငယ်တည်းက Ivy league ကိုသွားချင်ခဲ့ပေမဲ့ အမေဖြစ်သူသေဆုံးပြီးနောက်မှာ အခြေအနေအရ ဟန်ဂျူတက္ကသိုလ်ကိုပဲ တက်ခဲ့ရပါတယ်
ဆောထယ်ယန်းဆိုတဲ့ကောင်လေးကတော့ ဂီတကိုစိတ်ဝင်စားပေမဲ့ ဖခင်ဖြစ်သူရဲ့အလိုအရ ဟန်ဂျူဆေးတက္ကသိုလ်ကို တက်ခဲ့ရပါတယ်
ဒီသုံးယောက် တက္ကသိုလ်မှာ အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားမလဲ ဘယ်သူနဲ့ ဘယ်သူက ချစ်ကြိုးသွယ်သွားမလဲဆိုတာကို ကျောင်းသားကားလေးမို့ ရင်တဖိုဖိုနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်နော်
Channel join link
#Lemon
ပျောက်ဆုံးနေသော သခင်လေး - SM Drama
မင်းသား Lee JeWook ရဲ့ ကမ်းဘတ်ဒရမ်မာလေးလာပြီနော်
Joseon နောက်ဆုံးခေတ်… အနုပညာကုန်သွယ်မှုကနေ ငွေရတိုးလာတဲ့ မိသားစုတစ်ခု…
ဒါပေမယ့် တစ်နေ့မှာပဲ တစ်ခုခု မမှန်တာဖြစ်လာတဲ့အခါ.... ဆယ်နှစ်ကျော်ပျောက်နေခဲ့တဲ့ Hong Rang ပြန်လာပေမယ့် သူ့ငယ်ဘဝကို လုံးဝမမှတ်မိတော့ပါဘူး
Jae I ကတော့ ငယ်ငယ်ကတည်းက သူနဲ့ နီးစပ်ခဲ့တာထြစ်ပြီး ဉာဏ်ရှိပေမယ့် မတည်မငြိမ်တဲ့သူ… မိထွေးရဲ့ နှိပ်စက်မှုနဲ့ ဖခင်ရဲ့ အာရုံမစိုက်မှုကြားမှာ နေထိုင်ရသူဖြစိပါတယ်
Hong Rang ပျောက်သွားချိန်ကတည်းက Jae I အတွက် ဘဝဟာ အပြောင်းအလဲကြီးဖြစ်ခဲ့ရပါတယ်
အခု Hong Rang ပြန်လာတဲ့အခါ.... ဒါပေမယ့် သူဟာ တကယ်ပဲ ဘယ်သူဖြစ်နေမလဲ?? Hong Rang အစစ်လား အတုလား
Translated by SM Drama
Channel Join Link 👇🏻
https://t.me/+Bhp9HK1VY6MwOGRl
#Lemon
+5
Something Is Not Right (2025)
ဒိုဘာ၀ူးနဲ့ ဂျီဟွန်းတိုဟာ ငယ်ငယ်ကတည်းက ချစ်ခင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပေမယ့် ဂျီဟွန်းအပေါ် ဘာ၀ူးရဲ့ခံစားချက်ကတော့ သာမာန်မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဘာ၀ူးဟာ ဂျီဟွန်းကို အဆက်အသွယ်ဖြတ်ဖိုကြိုးစားခဲ့ပြီးတော့ ဘာမှမသိတဲ့ ဂျီဟွန်းကတော့ အမှားလုပ်မိထားတယ်ထင်ကာ သူတိုသူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးပြန်ပြေလည်ဖို အတက်နိုင်ဆုံးကြိုးစားပါတော့တယ်။
နောက်ဆုံးမှာတော့ ဘာဝူးဟာ သူ့ခံစားချက်ကိုဖွင့်ပြောခဲ့ပြီး နှစ်ယောက်သား ခဏတာဆက်ဆံရေးနဲ့ရှေ့ဆက်ဖိုကြိုးစားခဲ့ချိန်မှာတော့...? သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးက အရင်လိုပဲအဆင်ပြေလာပါ့မလား။ ခဏတာဆက်ဆံရေးအချိန်တွင်းမှာကော နှစ်ယောက်သားရဲ့ခံစားချက်တွေပြောင်းလဲသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါ။
Country: South Korea
Type: Drama
Episodes: 8
Aired: Apr 16, 2025 - May 8, 2025
Aired On: Wednesday, Thursday
Score: N/A (scored by 0 users)
Ranked: #47295
Popularity: #6273
Content Rating: 15+ - Teens 15 or older
Channel Join Link 👇🏻
https://t.me/BLChannel6
#Lemon
To Get Her (2025)
Dating show တွေဆို ပါဝင်ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ အတူတူ စိတ်လှုပ်ရှား၊ ရင်ခုန်၊ ဝမ်းနည်း၊ ပျော်ရွှင်ခံစားတတ်ကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၅ ခုနှစ်မှာ ထူးထူးခြားခြား LGBTQ+ အသိုင်းအဝိုင်းထဲက Lesbian တစ်နည်းအားဖြင့် GL Dating show ကို Happy ကနေ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။
ဒီရှိုးကတော့ ၂၀၂၂ ခုနှစ်တုန်းက ထွက်ဖူးခဲ့တဲ့ BL dating show ဖြစ်တဲ့ His Man လိုပဲ ဒီတစ်ခါမှာလည်း လှပပြီး ဆက်စီကျတဲ့ ကောင်မလေးတွေကို တစ်အိမ်ထဲမှာ နေခိုင်းမှာပါ။ ကောင်မလေးတွေဟာ အချင်းချင်းအကြောင်း သိအောင် လုပ်ကြရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးအောင် နေကြပြီးတော့ နောက်ဆုံးမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ လက်တွဲဖော် ဘယ်သူဖြစ်မလဲဆိုတာကို ရှာကြရမှာပါ။
Dating show တွေရဲ့ ထုံးစံအတိုင်း ရင်ခုန်စွာနဲ့ နှစ်ဦးကြားက အချစ်တွေ ပေါက်ဖွားလာတာကိုလည်း အသည်းယားစွာ စောင့်ကြည့်ကြရမှာပါ။ ဘယ်သူတွေက နောက်ဆုံးမှာ လက်တွဲဖော်ဖြစ်သွားကြမလဲဆိုတာကို Happy မှာ စောင့်ကြည့်လိုက်ကြစို့နော်။
The Haunted Palace (2025)
ပိုစတာနဲ့တင် K Drama ဖန်တွေရဲ့ ကြည့်ချင်စိတ်ကို အပြင်းအထန်လှုပ်ခတ်သွားစေခဲ့တဲ့ နန်းတွင်းသရဲဇာတ်လမ်းလေး လာပါပြီ
ဇာတ်လမ်းအကျဥ်း
Yun Gap ဟာ နန်းတော်ထဲမှာ အလုပ်လုပ်တဲ့ နန်းတော်အရာရှိတစ်ဦးဖြစ်ပြီး နာမည်သတင်းကောင်းနဲ့ ရုပ်ရည်ချောမောတဲ့သူတစ်ဦးပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အီမိုဂီလို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ ဝင်ပူးခြင်းကို ခံလိုက်ရပါတော့တယ်။
ဖန်ထည်ပညာရှင်မလေး Yeo Ri ဟာ ထူးခြားတဲ့စွမ်းရည်နဲ့ မွေးဖွားလာတဲ့ နတ်ဆရာမကံကြမ္မာရှင်ဖြစ်ပေမဲ့ နတ်ဆရာမအလုပ်ကို မလုပ်ဘဲ သာမန်ဘဝနဲ့ပဲနေထိုင်ချင်သူပါ။
Yeo Ri ရဲ့ အချစ်ဦးဖြစ်သူ Yun Gap ကိုယ်ထဲ ဝင်ပူးသွားတဲ့ အီမိုဂီခေါ် သတ္တဝါကြီးဟာ တကယ်တော့ ကောင်းကင်ကို တက်လှမ်းဖို့အတွက် Yeo Ri ရဲ့ ခန္ဓာကိုယ်ကို လိုအပ်နေခြင်းဖြစ်ပြီး Yeo Ri ဟာ အီမိုဂီကို နှိမ်နင်းဖို့အတွက် အင်အားကြီး မိန်းမသရဲတစ္ဆေတွေပြည့်နှက်နေတဲ့ နန်းတော်ထဲကို ဝင်လာပါတော့တယ်။
တော်ဝင်မိသားစုကို မကျေမနပ်ဖြစ်နေတဲ့ အင်အားကြီး မိန်းမသရဲတွေကြောင့်ထူးဆန်းကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ နန်းတော်ထဲမှာ Yeo Ri နဲ့ Yun Gap တို့ ဘယ်လိုနှိမ်နင်းတိုက်ခိုက်သွားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်
🎬 https://t.me/+ERReeFw6_gszYTRl
#Crd
#Lemon
Heavenly Ever After (2025)
သာမန်အချစ်ဇာတ်လမ်းတွေနဲ့ နည်းနည်းလေး ကွဲထွက်နေတဲ့ စိတ်ကူးယှဉ်အချစ်ဒရာမာတစ်ပုဒ်ကို ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
Kim Hae Suk (Kim Hye Ja) ဆိုတဲ့ အသက်ရှစ်ဆယ်ကျော် အမျိုးသမီးက သူမရဲ့ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းဖြစ်သူ Ko Nak-Joon(Son Suk Ku) နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ပါတယ်။ ချစ်ရတဲ့ သူမယောကျ်ား မဆုံးခင် နောက်ဆုံးအချိန်မှာ “မင်းက အသက်နှစ်ဆယ်တုန်းကလည်း လှခဲ့တယ်၊ လေးဆယ်တုန်းကလည်း လှခဲ့တယ် အခုချိန်မှာတော့ မင်းက အလှဆုံးပဲ" လို့ သူ့ကို ပြောသွားတဲ့ စကားတစ်ခွန်းကြောင့်....
သူမ ကွယ်လွန်သွားတဲ့အခါ ကောင်းကင်ဘုံကိုရောက်တော့ ဘယ်အရွယ်နဲ့ ကောင်ကင်းဘုံမှာ စံချင်လဲလို့မေးတဲ့အခါ အခုအရွယ် အသက် ၈၀ အတိုင်းပဲစံချင်တယ်လို့ ဖြေခဲ့ပါတယ်။ ဒါပေမဲ့ သူမ မသိလိုက်သည်မှာ သူမယောကျ်ားအပြင် တခြားကောင်းကင်ဘုံကလူတိုင်းက လူငယ်ပုံစံအတိုင်းပဲ စံကြတယ်ဆိုတာပါပဲ။ ဒီတော့ Hae Suk တစ်ယောက် ခင်ပွန်းဖြစ်သူကို အသက် ၃၀ အရွယ်ပုံစံနဲ့ ကောင်းကင်ဘုံမှာ ပြန်တွေ့ခဲ့ရပါတယ်။
ဒီနေရာမှာ သူမဘဝရဲ့ နောက်ထပ်အခန်းဆက် စတင်လာပြီး အသက် ၈၀ အရွယ်ပုံစံရှိတဲ့ Hae Suk တစ်ယောက် အသက် ၃၀ အရွယ် လူငယ်ပုံစံအဖြစ် နေနေတဲ့ သူမယောကျ်ား Nak-Joon နဲ့ လိုက်လျောညီထွေနေဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ရမလဲ...။
ကောင်းကင်ဘုံမှာ ပြန်လည်ဆုံဆည်းကြတဲ့ ချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို လှပစွာဖော်ကျူးထားတဲ့ ဒရာမာမို့ အချစ်ကားတွေကြိုက်သူများ လက်လွတ်မတမ်းစောင့်ကြည့်သင့်ပါတယ်။
🎬 https://t.me/+DVRWRDKb8TU3MTI1
#Crd
#Lemon
Weak Hero Class Season 2
https://t.me/+ocad92JC-uc5YWVl
#Lemon
+4
Last Meal Universe (2025)
ကမ္ဘာမြေကို ဖြိုဖျက်ပြီး အဝေးပြေးလမ်းမဖောက်ရမဲ့ အထူးတာဝန်ရှိသူ မြို့ပြအင်ဂျင်နီယာ Shun။
အလုပ်ရဲ့ပထမနေ့မှာ Chondan ဖွင့်ထားတဲ့ ထိုင်းစားသောက်ဆိုင်တစ်ခုမှာ သွားစားခဲ့ရာမှ Shunတစ်ယောက် အိမ်ချက်ဟင်းလက်ရာများကို အကြိုက်တွေ့သွားခဲ့ပါတယ်။
Chondanရဲ့ အရသာရှိတဲ့အစားစာတွေ ချက်ပြုတ်ပေးမဲ့ဆိုတဲ့ကတိနဲ့ သိမ်းသွင်းခံလိုက်ရပြီး Shunက ကမ္ဘာကြီးကို အဆုံးသတ်မဲ့အစီအစဉ်ကို လျှို့ဝှက်ရပ်ဆိုင်းထားခဲ့ပါတယ်။
သူ့ဟင်းချက်လက်ရာတွေကို ငြီးငွေ့သွားတဲ့အခါမှ မူလတာဝန်ကိုပြန်သွားနိုင်မှာဆိုပေမဲ့ Shunတစ်ယောက် အလွယ်တကူငြီးငွေ့သွားမလား။ အဲ့လိုမဟုတ်ဘဲ Chondanနဲ့ ဆက်ဆံရေးက ရှေ့ဆက်သွားမလားဆိုတာကို မတ်လ ၂ရက်နေ့ကစပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကျွန်တော်တို့ BLSFLIX က ဘာသာပြန်တင်ဆက်ပေးမှာမို့ စောင့်မျှော်ကြည့်ရှူပေးပါဦး။
https://t.me/blsflix_channel3
https://t.me/blsflix_channel3/19794
#Crd
#Lemon
