မြန်မာ စာတန်းထိုး ဇာတ်လမ်းတွဲများ🔮
Open in Telegram
1 524
Subscribers
No data24 hours
-17 days
-3430 days
Posts Archive
"အာဇာနည်နေ့တို့မမေ့"
ဇူလိုင်လ ၁၉ရက် (၇၈)ကြိမ်မြောက်အာဇာနည်နေ့ကိုဂုဏ်ပြုလျက်ပါ
#strawberry🍓
+9
Head Over Heels (2025)
အထက်တန်းကျောင်းသူလေး ဘတ်ဆောင်းအာက အများအမြင်မှာတော့ သာမန်
အထက်တန်းကျောင်းသူလေးဆိုပေမဲ့ ညဘက်တွေမှာ နတ်ဆရာမအဖြစ်လုပ်ကိုင်လျက်ရှိတဲ့
ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်လေးပါ။ ဆောင်းအာက သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက်
ညဘက်အလုပ်လုပ်တဲ့အခါ မျက်နှာရဲ့ တချို့တစ်ဝက်ကို ဖုံးကွယ်ထားလေ့ရှိပါတယ်
နတ်သမီးလေးချွန်းဂျီလို့ နာမည်ကြီးပြီး အနာဂတ်အကြောင်း, ကံကြမ္မာအကြောင်း,
ကျန်းမာရေးနဲ့တခြားကိစ္စတွေကို လာမေးတဲ့သူတွေဆိုတာလည်းမပြတ်ပဲပေါ့
ဒီလိုနဲ့တစ်ညကျတော့ နတ်သမီးလေး ချွန်းဂျီ ဆီကို ဘယ်ဂယွန်းအူ နဲ့ အမေဖြစ်သူတို့
အကြားအမြင်မေးဖို့ ရောက်လာပါတော့တယ် နတ်ဆရာမလည်း လူထဲကလူဖြစ်တာကြောင့်
ချစ်တတ်တဲ့နှလုံးသားရှိတာပဲမို့ ဂယွန်းအူကို မြင်မြင်ချင်းချစ်မိသွားပါတယ်
ဒါပေမဲ့ ချစ်ရတဲ့ကောင်လေးရဲ့ကံကြမ္မာက မကြာခင်သေရတော့မဲ့ကံကြမ္မာဖြစ်နေသလို
နောက်တစ်နေ့ ကျောင်းတက်တော့လည်း ဂယွန်းအူက သူ့အတန်းကိုပြောင်းလာတဲ့
ကျောင်းပြောင်းကျောင်းသားသစ်ဖြစ်နေပြန်ပါတယ်
နတ်ဆရာမလေးလည်း ချစ်ရသူကို ကံကြမ္မာဆိုးကနေလွတ်မြောက်နိုင်အောင် ကူညီကယ်တင်ပေးဖို့ဆုံးဖြတ်လိုက်ရာကနေ ဘယ်လိုအလွဲတွေဖြစ်လာမလဲ
Channel Link https://t.me/+uxvuX23VCeZjOGZl
#Crd
#Lemon
Oh My Ghost Clients (2025)
**
သူမတူ တမူထူးခြားတဲ့ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက်
သရဲတစ္ဆေတွေရဲ့ အမှူတွေ လိုက်ဖြေရှင်းမဲ့ ရှေ့နေကားသစ်လေး လာပါပြီ ..
Cast တွေအနေနဲ့က Hospital Playlist က ဇာတ်လိုက်ကျော် မင်းသား
Jung Kyoung Ho , Twinkling Watermelon ကားထဲက မင်းသမီး Seol In A
Castaway Diva ကားထဲက မင်းသား Cha Hak Yeon တို့အပြင် နာမည်ကြီး
သရုပ်ဆောင်တွေပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ် ..
ဇာတ်လမ်းကတော့ နိုမူဂျင်းဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ်
ဖြေရှင်းပေးတဲ့ ရှေ့နေ့တစ်ယောက်ပါ။
ရှေ့နေဆိုပေမဲ့လည်း တရားမျှတခြင်းကို လက်ကိုင်မထား လူမှုဆက်ဆံရေးဗဟုသုတကင်းမဲ့ကာ
ဝမ်းရေးချောင်လည်ဖို့အတွက် ရှေ့နေ့အလုပ်ကို လုပ်ကိုင်နေသူပါ ..
တစ်ရက်မှာတော့ မူဂျင်းဟာ YouTuber တစ်ယောက်နဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ရင်း
အသက်အန္တရာယ်နဲ့ကြုံခဲ့ရပါတယ် ..
အဲဒီနောက်ပိုင်းကစပြီး မူဂျင်းဟာ ထူးဆန်းစွာနဲ့ သရဲတစ္ဆေတွေ မြင်တွေ့လာရပြီး သရဲတွေ
အကူအညီတောင်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ် ။
မူဂျင်းတစ်ယောက် ဘာလို့ သရဲတွေ မြင်တွေ့လာရတာလဲ ..
ပေါ့ပေါ့တန်တန် ရှေ့နေကနေ ရှေ့နေကောင်းတစ်ယောက်အဖြစ် ပြောင်းလဲလာမှာလား ..
ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ..
https://t.me/+9j4nlf1qNDE1YzRl
#crd
#strawberry🍓
Our Movie (2025)
***
အပိုင်းသစ် (၁)
Our Movie ဆိုတဲ့ Title အတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထဲမှာ အချိန်ခဏတာလေးဆိုရင်တောင်မှ
ဇာတ်လိုက်တွေအဖြစ် နေထိုင်သွားကြမဲ့သူတို့....
K Drama ချစ်သူတိုင်း သိကြတဲ့ My Dearest ထဲမှ မင်းသား Nam Koong Min နဲ့
Vincenzo ထဲမှ မင်းသမီး Jeon Yeo Bin တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့
Romance, Life , Melodrama အမျိုးအစား ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
Lee Je-Ha (Nam Koong Min) ဟာ ရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ အဖေဖြစ်သူရဲ့
ခြေရာကို နင်းပြီး ရုပ်ရှင်ဒါရိုက်တာဖြစ်လာသူတစ်ဦးပါ။
သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Genius” ဆိုတဲ့ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးရဲ့
အာရုံစိုက်မှုတွေကို ရရှိခဲ့သူဖြစ်သော်ငြား အောင်မြင်မှုတွေဟာ ကောက်ရိုးမီးလိုမျိုး
ဟုန်းကနဲတောက်ပြီး ဒုတိယအကြိမ် ပြန်လည်တောက်ပလာဖို့အတွက် ခက်ခဲနေသူလည်းဖြစ်ပါတယ်။
ထိုအချိန်ကနေစပြီးတော့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှ မလုပ်ခဲ့ဘဲ နောက်ငါးနှစ်ကြာတဲ့အခါကျမှ
ဒုတိယအကြိမ်အဖြစ်... “အသက်ရှင်ဖို့အတွက် အချိန်ကန့်သတ်ခံထားရတဲ့သူရဲ့ အချစ်ဇာတ်လမ်း”အကြောင်းကို
ရုပ်ရှင်ရိုက်ကူးဖို့အတွက် စတင်ပြင်ဆင်ပါတော့တယ်။
ရုပ်ရှင်အတွက် အချက်အလက်တွေကို ရှာဖွေစုဆောင်းမှုပြုလုပ်နေတဲ့အချိန်မှာ...
Lee Da-Eum (Jeon Yeo Bin) လို့ခေါ်တဲ့ ကုသလို့မရနိုင်တဲ့ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတဲ့
မိန်းကလေးတစ်ယောက်နဲ့ စတင်ဆုံစည်းရပါတော့တယ်။
ဘယ်အချိန်ထိပဲ အသက်ရှင်ကျန်ရတော့မလဲမသိပေမဲ့ အမြဲတက်ကြွနေကာ ရုပ်ရှင်မင်းသမီးဖြစ်ဖို့
စိတ်အားထက်သန်နေတဲ့ Da-Eum ဟာ Je-Ha ရဲ့ ရုပ်ရှင်အတွက် ဇာတ်လမ်းအကြံဉာဏ်တွေပေးရင်း
နှစ်ယောက်အတူ ရုပ်ရှင်ကို ဖန်တီးဖို့အတွက် ဖြစ်လာပါတော့တယ်။
ဘယ်အချိန် သေဆုံးရတော့မလဲ မသိနိုင်သူနဲ့ Carrer ပိုင်းနဲ့ပက်သက်ပြီး ဝန်ထုပ်တစ်ခုကို ထမ်းထားရသူတို့...
ကိုယ်စီ ဒဏ်ရာတွေ နာကျင်မှုတွေ ကြားထဲကနေ သူတို့ရဲ့ ရုပ်ရှင်လေးကို ဘယ်လိုဖန်တီးသွားကြမလဲ...
မသိရှိနိုင်တဲ့ မနက်ဖြန်ဆိုတာကို ကျော်လွန်ပြီး အချစ်တွေက ဘယ်လိုပေါက်ဖွားလာကြမလဲဆိုတာကို
တစ်ရှူးဆောင်ရင်း ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားကြည့်ကြပါဦးနော်
Tele Link » https://t.me/+at7v6EA_-7gyYTY9
#crd
#strawberry🍓
+2
အပိုင်း (၁)နဲ့တင် လူကြိုက်များနေတဲ့ နန်းတွင်းကားလေး
🎬 The First Night With The Duke
Channel Join Link
အညွှန်း
https://t.me/c/1809433556/194
ကြည့်ရန်
https://t.me/c/1809433556/195
#Lemon
“ အချစ်ဦး ”
9 Years Of You (2025)
တစ်ခါတုန်းက မိမိကိုယ်မိမိထက်တောင် ပိုနားလည်ပြီ နီးစပ်တဲ့သူငယ်ချင်းတွေ friend zone ထဲကနေရုန်းထွက်ဖို့ကြိုးစားနေကြတဲ့ နပ်ဒေဝ်နဲ့ ရန် တို့ကြားက
အတားအဆီးအမျိုးမျိုးနဲ့ သူတို့နှစ်ဦးကြားက ဘဝတလျှောက် သင်ယူမှုများကို
အပိုင်းတစ်ပိုင်းစီတိုင်းမှာ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာအဖြစ်ကို အပိုင်း ၉ ခုတိတိ
မတည်မငြိမ်ဖြစ်နေတဲ့ ကိုးနှစ်ကြာတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Ash Channel မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ
( ဇာတ်လမ်းအကျဉ်းကို Phway Laung မှရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - Riichi
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
Channel Join Link
https://t.me/ashchannel02
ကြည့်ရန်
https://t.me/ashchannel02/24612
#Crd
#Lemon
" ဖီးနစ်ရဲ့သက်တော်စောင့် "
The Big Gun 3 (2025)
“နမ်ဖေ့” အဖြစ် -Chap Varakorn
“ချုမ်ဖွန်” အဖြစ် - Gam Yanissa
ဒေါင်ရတ်ရွာကို အေးအေးချမ်းချမ်းဖြစ်အောင် သတ္တိခဲဖီးနစ်မလေး “ကမ်နမ်စီယာ” (ခေါ်) “နမ်ဖေ့” အုပ်ချုပ်နေတဲ့ကာလမှာ သံမျက်နှာဖုံးစွပ် ဓားပြတွေဦးဆောင်ပြီး ငွေသားဘတ်သန်း ၁ ရာကို လုယူမှုဖြစ်သွားခဲ့ပါတယ်။
ဒေါင်ရတ်ရွာကိုရာထူးပြောင်းရွှေ့လာတဲ့ အရာရှိလေး “ချုမ်ဖွန်” ဟာ သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီး ဒေါင်ရတ်ရွာမှာတာဝန်ထမ်းဆောင်ရင်း ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူအကြောင်းစုံစမ်းဖို့ပြန်လာခဲ့ရင်းက ဘတ်သန်း ၁ ရာ ဓားပြတိုက်မှုကိုဝင်ရောက်ကူညီဖြေရှင်းခဲ့ရာမှာတော့ ရွာဇော်လေး “နမ်ဖေ့” နဲ့ အရာရှိလေး “ချုမ်ဖွန်” ရဲ့ စွန့်စားခန်းတွေကို သေနတ်ကျည်ဆံတွေကြားထဲစီးမြောကြည့်ရှုသွားရမှာဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို နှင်းနှင်း မှရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - MOMO
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
Channel Join link 👇🏻
https://t.me/ashchannel031
#Crd
#Lemon
+6
The Old Woman with the Knife (2025)
IMDb... 6.8
ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့
ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။
ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊
မင်းသား Kim Mu Yeol၊ မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေး Shin Si Ahတို့က အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့
လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့ အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။
အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ရှိနေပြန်ပါတယ်။
ဝါရင့် လူသတ်သမား အဘွားကြီးနဲ့ လူသတ်သမား ပေါက်စလေးတို့ကြားမှာ ဘယ်လို အကြောင်းတရားတွေ ပေါ်ပေါက်လာမလဲဆိုတာနဲ့ နောက်ယောင်ခံ လိုက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။
Tele Link » https://t.me/CMKmovies6/39
Our Unwritten Seoul (2025)
အမြွှာညီအစ်မ Yoo Mi Ji နဲ့ Yoo Mi Rae တို့ဟာ မျက်နှာတူတာကလွဲလို့ အရာရာမှာ ကွဲပြားကြပါတယ်။ အမြွှာနှစ်ယောက်ထဲက အမြွှာညီမ Yoo Mi Ji ဟာ ကွင်းပြင်အားကစားသမားတစ်ဦးအဖြစ် အလားအလာရှိပြီးတော့ တိုတောင်းတဲ့ အောင်မြင်မှုကို အဆုံးသတ်ခဲ့ပြီး လက်ရှိမှာတော့ လွတ်လပ်စွာ နေထိုင်လျက်ရှိပါတယ်။ တစ်ဖက်မှာတော့ အမြွှာအစ်မဖြစ်တဲ့ Yoo Mi Rae ဟာ ကျောင်းသူဘဝကတည်းက အထက်တန်းကျကျ ဘဝကို လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ အများပိုင်ကော်ပိုရေးရှင်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ ပြီးပြည့်စုံတဲ့ ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာမှာ တူညီပေမယ့် မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြတဲ့ အမြွှာညီအစ်မနှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်နေရဖို့ ဖြစ်သွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း Lee Ho Su ကတော့ ခန့်ညားပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ဟန်ပန်မျိုးနဲ့ ခပ်ချေချေ ရှေ့နေကတော့ Lee Ho Su ဆိုတဲ့ အမျိုးသားပါ။ သူဟာ အပြင်ပန်းမှာ အပြစ်အနာအဆာမရှိ၊ ခြောက်ပစ်ကင်းသဲလဲစင်တဲ့ ပုံစံမျိုးကို ပိုင်ဆိုင်ထားပေမယ့် လက်တွေ့မှာတော့ သာမန်ဘဝလေးမှာ နေထိုင်နိုင်ဖို့ တခြားသူတွေထက်ကို ပိုကြိုးစားနေရပါတယ်။ အတိတ်မှာ ထုတ်ပြောလို့မရတဲ့ တစ်စုံတစ်ရာကို တွေ့ကြုံပြီးနောက်မှာတော့ ခံစားချက်အစစ်အမှန်ကို ဖော်မပြဘဲနဲ့ အေးချမ်းတဲ့ဘဝမှာ နေထိုင်တာဆိုလည်း မမှားပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ Ho Su ရဲ့နှလုံးသားကို လှုပ်ခါသွားစေမယ့် မထင်မှတ်ထားသောတွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲလေးကိုတော့ မေလရောက်တိုင်း လွမ်းနေရအောင် ပရိသတ်ကြီးကို လုပ်နိုင်ခဲ့တဲ့ Youth of May ဇာတ်လမ်းတွဲလေးရဲ့ screenwriter ဖြစ်တဲ့ Lee Kang ကပဲ ရေးသားပေးထားတာဖြစ်ပြီး မင်းသမီး Park Bo Young က အမြွှာညီအစ်မအဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး မင်းသား Park Jin Young ကတော့ အေးတိအေးစက် ရှေ့နေတစ်ဦးအဖြစ် ပါဝင်ထားပါတယ်။ ဒါဆိုရင် အမြွှာညီအစ်မနှစ်ဦးရဲ့ ဇာတ်ကြောင်းလေးကို အတူတူ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ကြစို့နော်။
Channel Join Link
https://t.me/+E9xmX_8D5QJkZTVl
ကြည့်ရန်
https://t.me/c/2149766319/218
#Lemon
Repost from SoulKingdom Movies
သမီးကြားတယ် ဖေဖေ [480p]
(不说话的爱)
MuMu 2025 Movie ရုပ်ရှင်
soulkingdom.net
Repost from SoulKingdom Movies
သမီးကြားတယ် ဖေဖေ [720p]
(不说话的爱)
MuMu 2025 Movie ရုပ်ရှင်
soulkingdom.net
Repost from SoulKingdom Movies
သမီးကြားတယ် ဖေဖေ [1080p]
(不说话的爱)
MuMu 2025 Movie ရုပ်ရှင်
soulkingdom.net
